မြန်မာ့အရေးတော်ပုံ အောင်မြင်စေချင်တဲ့ တောင်ကိုရီးယားတို့ရဲ့စေတနာ

တောင်ကိုရီးယားမှာ တစ်နှစ်တစ်ခါပဲတီးတဲ့ နိုင်ငံံ့ခေါင်းလောင်းကြီးဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက် ( ဒီနေ့ ) နေ့လယ် ၁၂ နာရီ တိတိမှာ မြန်မာ့တော် လှန်ရေးသမား တွေအတွက် ၁၂ ချက်မြည်ဟီးခဲ့ပါပြီ။..

အရေးတော်ပုံအောင်မည် မြန်မာ့အရေးတော်ပုံအောင်မြင်စေဖို့ တောင်ကိုရီးယား အစိုးရက သူတို့ အလွန် အလေးအမြတ်တန်ဖိုးထားတဲ့ နှစ်သစ်ကူးခေါင်းလောင်းကြီးထိုးပြီး ဆုတောင်း ခွင့် ပြု လိုက်တာပါ။

ခြေလှမ်းအသစ်နဲ့ အောင်မြင်စေလိုတဲ့..တောင်ကိုရီးယားရဲ့စေတနာဖြစ်ပါတယ်..။သူတို့သေချာရှင်းပြမှ အတော့်ကိုကျေးဇူးတင်ပြီး အံ့ဩသွားမိတယ်။

ဒီလောက် အရေးကြီးတဲ့ အလုပ်လို့လည်း မသိခဲ့ဘူး ။ ဆုတောင်းမယ်ဆိုတော့ ရိုးရိုး formal အဝတ်အစားပဲ..ဝတ်သွားမိတာ အတော့်ကို အားနာသွားမိပါတယ်။ဒီခေါင်းလောင်းကြီးကို ကျမတို့လို နိုင်ငံခြားသားတွေအနေနဲ့ ဒီလို တီးခွင့်ရဖို့ ခက်ခဲလှပါတယ်။ခေါင်းလော င်းကြီး ရှိတဲ့နေရာက လူတိုင်းတက်ခွင့်မရတဲ့နေရာဖြစ်ပါတယ်။….

တောင်ကိုရီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ နိုင်ငံ့ခေါင်းလောင်းကြီးဖြစ်ပါတယ်။ဒီနေ့ နေ့လယ်၁၂နာရီမှာခေါင်း လောင်းကြီး တီးပါတော့မယ်လို့ကြေညာသံကြား ရပြီး ၁၂ ချက်တီးခွင့်ရခဲ့တာပါ။..

နောက် အပတ် အင်္ဂါနေ့မှာလည်း ဆန္ဒပြ ဆုတောင်းပွဲထပ်လုပ်ပေးမယ်လို့ဆိုပါတယ်။ ခေါင်လောင်းသံကြီး ဟိန်းထွက်လာတော့ ဝမ်းနည်း ဝမ်းသာ မျက်ရည် တွေစီး ကျ လာတယ်။ အရေးတော်ပုံအောင်မြင်မယ့် ခံစားချက်မျိုး..။

ခေါင်လောင်းကြီးထိုးပြီးတော့ ဆုတောင်းရပါတယ်။နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေနဲ့မြန်မာ ပြည်သူပြည်သားတွေ ကိုယ်စားအရေးတော်ပုံအော င်မြင်ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့ပါတယ်။

ဒီခေါင်းလောင်းကြီးကို တီးခွင့် ရတဲ့သူတွေ ကို တောင်ကိုရီးယားရဲ့ Seoul Metropolitan Government က ကျမနဲ့ မစုမြတ်ကို သမိုင်းဝင် လက်မှတ် ပေးပါတယ်။ တောင် ကိုရီး ယားရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခုက မြန်မာ့အရေးဖြစ်ခဲ့ပါပြီ။..တောင်ကိုရီးယားရောက် မြန်မာတို့ တီးတဲ့ ခေါင်းလောင်း သံကြီးကို တစ်ကမ္ဘာ လုံးက ကြား စေသော်..။ ✊ အရေးတော်ပုံအောင်ရမည်။ ✊

မရွှေမိုး-ကိုရီးယား April 9th,2021

Likes:
0 0
Views:
627
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *