ဘုရားရှင် အား တစ်ကြိမ် ဦးချရုံဖြင့် နတ်ပြည်သို့ရောက်ခဲ့ရသော အဘွားအို…

“ဘုရားရှင် အား တစ်ကြိမ် ဦးချရုံဖြင့် နတ်ပြည်သို့ရောက်ခဲ့ရသော အဘွားအို……..ဖတ်ပြီးရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ”

တစ်ခါတော့…ဘုရားရှင် ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလ တင်းကုပ် မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွား အိုတစ် ယောက် ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။

စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်းမ ရှိတဲ့အတွက်ငရဲ လည်းကျမယ်တဲ့။ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်

အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။မြတ်စွာဘုရား ရှင် ကလည်း အဘွား အို ရှေ့ ဆက် သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။

ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး ရပ်နေတယ်။ဒီအခါမှာ…အရှင်မောဂ္ဂလာန်က ဂါထာနှစ်ဂါထာနဲ့ ဘုရားရှင်ကိုရှိခိုးဖို့ အဘွားအိုကို တိုက်တွန်းပါတယ်။

စဏ္ဍာလီဒါယိကာမကြီး…အခြံအရံ အကျော်စောရှိတော်မူသောဂေါတမမြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုးလော့။အမြတ်ဆုံးဣသိ ဖြစ်တော် မူသော မြတ်စွာဘုရား သည် သင့်ကိုသာလျှင် ချီးမြှောက်တော်မူခြင်းငှာ ရပ်တည်တော်မူ၏။

တာဒိဂုဏ်(လောကဓံနှင့် ကြုံသော်လည်းတုန် လူပ်ခြင်းမ ရှိ သည်းခံနိုင်ခြင်း)နှင့် ပြည့်စုံတော်မူသောပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေလော့ လျှင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့။

သင်၏ အသက်သည် အလွန်တိုတောင်းလှ၏” တဲ့။အရှင်မောဂ္ဂလာန်က ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာဂုဏ်တွေကိုလည်း ဟောပြပါတယ်။သူတစ်ခဏအတွင်းသေရ တော့မ ယ်ဆိုတာကိုလည်း တန်ခိုးနဲ့ မြင်အောင် ပြလိုက်ပါတယ်။

အဲဒီတော့မှ အဘွားအိုဟာ…ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ ဦးချရှိခိုးပါတယ်။ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးတော့ အဘွားအိုဟာ သူ့အတွက် တစ်ပင်တစ်ပန်းကြွလာတဲ့ ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ လက်အုပ်ချီပြီးကြည်ညိုနေပါတယ်။

ဒီလောက်ဆိုရင် နတ်ပြည်ရောက်ဖို့လုံလောက်ပြီဆိုတာကို သိသွားတဲ့ ဘုရားရှင်ဟာသံဃာများနဲ့ အတူ ရာဇဂြိုဟ်မြို့ထဲသို့ ဆွမ်းခံကြွသွားတော်မူပါတယ်။ဘုရားရှင် ကြွ ပြီး ခဏအတွင်းမှာပဲသားဇောကြောင့် ဒေါသဖြစ်နေတဲ့ နွားမတစ်ကောင်အတင်းဝင်ဝှေ့လို့ အဘွားအိုဟာ သေပွဲဝင်ရရှာပါတယ်။

ဒါပေမဲ့…သေခါနီး ဘုရားရှင်ကို ရှိခိုးတဲ့ကုသိုလ်ကြောင့် လူရဲ့ အသက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်း အသက်ရှည် တဲ့တာဝတိံသာနတ်ဘုံကို ရောက် သွားပါတယ်။နတ်ဘုံ ရောက်ရောက်ခြင်း ငါ ဘာကုသိုလ် ကြောင့် ရောက်ရတာလဲ”လို့ ပြန်ဆင်ခြင်ကြည့်လိုက်တော့ ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့်ဆိုတာ သူ သိသွားတယ်တဲ့။

သူ ဒီလိုရှိခိုးဖြစ်အောင် တိုက်တွန်းဟောကြားပေးတဲ့အရှင်မောဂ္ဂလာန်ရှိရာကို သူ့ဗိမာန်ကြီးပါ သယ်ဆောင်ရောက် လာပြီးကျေးဇူး တင်စကားလျှောက်ထားပါတယ်။ ( ဝိမာနဝတ္ထုပါဠိတော်၊ စဏ္ဍာလီဝိမာနဝတ္ထု )

ဒီသာဓကကိုထောက်ပြီး…သေခါနီးဘုရားရှင်ကို တစ်ခဏတာ ကြည်ညိုရှိခိုးတဲ့ကုသိုလ်လေးတောင် ဒီလောက်ကောင်းကျိုးတွေ ပေးသေးရင်သူတော်ကောင်းတို့လို နေ့စဉ်ကြည်ညိုရှိခိုးနေကြတဲ့သူတွေဆို ဘယ်လောက်ထိများ ကောင်းကျိုးတွေရလိုက်မလဲ ? တွေးပြီးတော့ရတနာသုံးပါးကိုကြည်ညိုကိုးကွယ်ပူဇော်ကြပါလို့တိုက် တွန်းရင်း……

Credit to အရှင်ဇဝန – မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်မှ

Likes:
0 0
Views:
628
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *