ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ မြန်မာနိုင်ငံသား တွေကို ဝေဟင်ကရော မြေပြင်ကပါ စောင့်ရှောက် ပေးခဲ့တဲ့ လန်ဒန်ကရဲတွေအကြောင်းပြောလာတဲ့ ပြည်သူတစ်ဦး

အခုချိန်မှာတော့ ပြည်ပမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကိုယ့်နိုင်ငံအတွက် သူတို့ခွန်အားရှိသလောက် ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။ရောက်ရာနေရာကနေ တတ်နိုင်သလောက် ဆန္ဒဖော်ထုတ်..

ပေးနေကြတဲ့ သူတို့က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေကြတာ ဖြစ်ပါတယ် ။ ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံသားတွေရဲ့လူထုလှုပ် ရှားမှုပုံရိပ်တွေကလည်းလူမှုကွန်ယက်မျက်နှာတွေ..

ထက်မှာ ပျံ့နှံနေတာ ဖြစ်ပါတယ်။အခုလည်း လန်ဒန်မှာနေထိုင်တဲ့ ပြည်သူတစ်ယောက်က မြန်မာနိုင်ငံအတွက် ဆန္ဒထုတ်ဖော်ရင်းနဲ့ ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည်ပြောပြထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလ(၃)ရက်..

နေ့က လန်ဒန်မြို့မှာရှိတဲ့ မြန်မာပြည်သူတွေက လူထုလှုပ်ရှားမှုပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။မြန်မာပြည်သူတွေကိုတော့ လန်ဒန်မြို့မှာရှိတဲ့ ရဲတွေကလည်း ဝေဟင်ကရော မြေပြင်ကပါ စောင့်ရှောက်မှုတွေ..

ပေးခဲ့တာ ဖြစ်ပါတယ် ။လန်ဒန်မြို့မှာရှိတဲ့ရဲတွေက မြန်မာပြည်သူတွေအတွက် Helicopter နဲ့လိုက်ကြည့်ပြီး လမ်းရှင်းပေးခဲ့သလို မီးပွိုင့်တွေရောက်ရင်လည်း လမ်းပိတ်ပေးခဲ့တာ ဖြစ်ပါတယ် ။ မြင်းတပ်တွေနဲ့ပါ..

လိုက်စောင့်ရှောက်ပေးခဲ့တဲ့ လန်ဒန်ကရဲတွေကို ပြည်ပရောက်မြန်မာတွေကလည်း ကျေးဇူးတင်စကားပြောခဲ့ကြတာဖြစ်ပါတယ် ။လန်ဒန်ရဲ တွေကလည်း ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပြီးမြန်မာပြည်သူတွေအတွက်..အားပေးစကားပါပြောပေးခဲ့ကြတာဖြစ်ပါတယ် ။ လန်ဒန် ရောက် မြန်မာတွေရဲ့ လူထုလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။..

Likes:
0 0
Views:
659
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *