ဆိုးလ်မြို့က ကျောင်းတွေမှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း သင်ပေးတော့မယ့် တောင်ကိုရီးယား

အခုတောင်ကိုရီးယား ဆိုးလ်မြို့ ကကျောင်းတွေ မှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း သင်ပေးတော့မယ်တဲ့။

မူလတန်း၊ အလယ် တန်းနဲ့အထက် တန်းကျောင်း သားတွေအတွက်မြန်မာစ.စ်တ.ပ်ရဲ့အ.ာဏ.ာသိ.မ်းမှုနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းကြတဲ့ မြန်မာ ပြည်သူတွေရဲ့အကြောင်းကို ဆွေးနွေးမယ့်အခွင့်အလမ်းပညာရေးပါ။

အခု အခွင့် အလမ်းပညာရေးကို ပုံမှန်သင်ရိုးညွှန်းတမ်းတွေမှာမဖော်ပြထားပေမယ့်လည်းလူမှုရေးပြဿနာတွေကိုသင်ကြားပေးမယ့် လှုပ်ရှားမှုမျိုးပါ။ မြန်မာနိုင်ငံအကြောင်းသင်ကြားပေးမယ့်ခေါင်းစဉ် ၅ ခုရှိမှာပါ-

၁.မြန်မာ နှင့် ကျွန်ုပ်၏ ဆက်သွယ်မှု၊

၂.မြန်မာနိုင်ငံရဲ့ ရဲရင့်သောနိုင်ငံသားများ

၃.နေ့စဉ်ဘဝမှာ ငြိမ်းချမ်းရေးကိုထိန်းသိမ်းခြင်း၊

၄. မြန်မာနိုင်ငံမှငြိမ်းချမ်းရေး၊

၅. မြန်မာ-ကိုရီးယား သွေးစည်းညီညွတ်မှုဖလှယ်ခြင်းဆိုတဲ့အကြောင်းအရာတွေပါဝင်မှာပါ။

တောင်ကိုရီးယား ကျောင်းသားတွေ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း သင်ကြားပေးရတဲ့ရည်ရွယ်ချက်ကအခု အခွင့်အလမ်း ပညာရေးကတဆင့် ကျောင်းသားလေးတွေ ရင့်ကျက်တဲ့နိုင်ငံသားတွေ ဖြစ် လာစေဖို့ပါ။

ဒါ့အပြင်ကျွန်ုပ်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းခြင်းက ကျွန်ုပ်တို့ရဲ့ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ အသိပညာကိုရရှိစေချင်လို့ပါတဲ့။ ကျေးဇူးပါ ယောက္ခမမြေရေ။

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။




Likes:
0 0
Views:
744
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *