ဆင်ကြီးသာ ​အားကုန်သုံးပြီး ရုန်းလိုက်ရင် ​ဆင်ကြီး လွတ်မြောက်သွားမှာပါ။

ပုံထဲမှာ ဆင်ကြီးကို ချည်ထား​တဲ့ ကြိုး​နဲ့ ချည်တိုင်ဟာ ယိုင်​နဲ့​နဲ့လေးပါ။ ဆင်ကြီးသာ ​အားကုန်သုံးပြီး ရုန်းလိုက်ရင် ​ဆင်ကြီး လွတ်မြောက်သွားမှာပါ။ ဒါ​ပေမယ့် ဆင်ကြီးဟာ ကြိုးကို ဖြတ်ပြီး ရုန်းထွက်ဖို့ မကြိုးစားဘူး။ .ဘာ့​​ကြောင့်လဲ။ .

ဆင်ကြီးဟာ ​အရွယ်ငယ်ငယ် ဆင်သေးသေးလေးဘဝမှာလည်း ဒီချည်တိုင်လေး​နဲ့ပဲ ​အချည်​ခံထား​ခဲ့ရတာ။ အဲဒီ​အချိန်တုန်းက​​တော့ ဆင်လေးဟာ လွတ်မြောက်ချင်လို့ ကြိုးစားပြီး ရုန်း​ကန်​ခဲ့တယ်။ . ဒါ​ပေမယ့် အဲဒီ​အချိန်က ဆင်လေးဟာ အ​​ကောင်ငယ်တယ်။

သူ့အင်​အား​နဲ့ လွတ်အောင် မရုန်းနိုင်​ခဲ့ရှာဘူး။ ​အကြိမ်ကြိမ်ကြိုးစား​ခဲ့တယ်။ ​အကြိမ်ကြိမ် လက်လျှော့​အရှုံးပေး​ခဲ့ရတယ်။ .ဒီလို​နဲ့ ဆင်ကြီးဟာ ​အရွယ်ရောက်လို့ အင်​အား ပိုကြီးမားလာတယ်။

ဒါ​ပေမယ့် “ရုန်းလည်း မလွတ်ပါဘူး” ဆို​တဲ့ ယုံကြည်ချက်က ​အရိုးစွဲ​နေပြီ။ ဆင်​ရဲ့ စိတ်ကို နားလည်​တဲ့ ဆင်ထိန်း​တွေဟာ ဆင်ကြီး ကြီးလာ​ပေ​မယ့် ချည်တိုင်​နဲ့ ကြိုးကို​​တော့ ​အရင်က​အတိုင်း ခပ်သေးသေးပဲ ဆက်သုံးတယ်။

​အရွယ်ရောက်လာ​တဲ့ ဆင်ကြီးဟာ ​အားကုန်သုံးပြီး ရုန်းလိုက်ရင် လွတ်နိုင်ပါ​ရဲ့နဲ့ “ရုန်းလည်း လွတ်မှာမဟုတ်ပါဘူး” ဆို​တဲ့ ယုံကြည်ချက်​​ကြောင့် မရုန်းဖြစ်​​တော့ဘူး။. ​​

အမရာတို့ မြန်မာပြည်သူ​တွေ​အ​နေ​နဲ့လည်း ဆင်ကြီးလို ဖြစ်မသွားဖို့ လိုပါတယ်။ ပြိုင်တူရုန်းရင် စစ်အာဏာရှင်လက်​​အောက်က​နေ လွတ်နိုင်ပါတယ်။ ​မလွတ်နိုင်ဘူးလို့ ထင်ပြီး မရုန်းမိရင်​​တော့ ဆင်ကြီးလို တစ်သက်လုံး ​အကျဥ်းကျ​နေပြီး သူများခိုင်းတာ ​အနိုင်ကျင့် တာကို ​ခံ​နေရ​​တော့မှာပါ။ . ​အားလုံး ပြိုင်တူ ရုန်းထွက်ကြစို့။ ​အရေး​​တော်ပုံ အောင်ရမည်။

crd-

Likes:
0 0
Views:
842
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *