ဘင်္ဂလားပင်လယ်အော်တွင် အာဏာသိမ်းစစ်တပ်က စစ်ရေးလေ့ကျင့်မည်

စစ်တပ်သည် အာဏာသိမ်းပြီးနောက် စစ်ရေးလေ့ကျင့်ရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ရခိုင်ပင်လယ်ပြင်တွင်လည်း ဖေဖော်ဝါရီ ၁၉ ကမှ အမြှောက်ပစ် လေ့ကျင့်ပစ်ခတ်ခဲ့သည်။

QUAD အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်သစ်ရေတပ် ပူးပေါင်း၍ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မည့်အချိန်တွင် အာဏာသိမ်း မြန်မာစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဧပြီ ၄ မှ ၁၁ အတွင်း ဝေဟင်၊ ရေပြင်နှင့် ရေအောက် စမ်းသပ်ပစ်ခတ်မှုနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု စစ်တပ်က ယနေ့ (ဧပြီ ၄) တွင် ထုတ်ပြန်သည်။

အာရှတိုက်၏ နေတိုးနိုင်ငံများအဖွဲ့ဟု နှိုင်းယှဉ်ခေါ်ဝေါ်သော QUAD (Quadrilateral Security Dialogue) မှ အမေရိကန်၊ အိန္ဒိယ ၊ ဂျပန်နှင့် သြစတြေးလျ မဟာမိတ်လေးနိုင်ငံမှ ရေတပ်များနှင့် ပြင်သစ်နိုင်ငံမှ ရေတပ်များ ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဧပြီ ၅ မှ ၇ ရက်အထိ သုံးရက်ကြာ စစ်ရေးလေ့ကျင့်ကြမည် ဖြစ်သည်။

တရုတ်၏ စိန်ခေါ်မှုကို တန်ပြန်ရေးအတွက် အင်ဒို-ပစိဖိတ်ရေကြောင်းလုံခြုံရေးကို အထက်ပါနိုင်ငံများက တိုးမြှင့်လုပ်ဆောင်ခြင်း ဖြစ်သည်။ထိုသို့ အင်အားကြီးနိုင်ငံများ ပူးပေါင်း၍ မြန်မာနိုင်ငံအနီးရှိ ဘင်္ဂလားပင်လယ်အော်တွင် စစ်ရေးလေ့ကျင့်မည့် အချိန်တွင် အာဏာသိမ်းစစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှုဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ဘေးအန္တရာယ်မရှိစေရန် သတ်မှတ်ထားသော ဧရိယာ ၁၅ မိုင်ပတ်လည်တွင် သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ရပ်နားခြင်းမပြုရန်၊ လေယာဉ်များမှာ ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် အစရှိသဖြင့် ထုတ်ပြန်ကြေညာထားသည်။

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် QUAD လေးနိုင်ငံက အပြင်းအထန်ကန့်ကွက်ထားပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိ ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းမည်ဟု သဘောထားထုတ်ပြန်ထားသည်။ အဆိုပါ QUAD အဖွဲ့ဝင် ငါးနိုင်ငံ စစ်ရေးလေ့ကျင့်မှုနှင့် အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှု ဆက်စပ်မှုရှိမရှိ မသိရသေးပေ။

စစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ကလည်း တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် ရေတပ်သင်္ဘောတစ်စင်း ဖြတ်သန်းမောင်း နှင်သည့် အချိန်နှင့်တိုက်ဆိုင်စွာရခိုင်ဒေသပင်လယ်ပြင်တွင် စစ်တပ်ကအမြှောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည်ဟု ကြေညာခဲ့ သည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် ဖေဖော်ဝါရီ ၁၉ ၌ တပ်မတော်က လေ့ကျင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Crd to Myanmar Now

Likes:
0 0
Views:
949
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *