လူငယ်တွေ ဦးဆောင်ထုတ်လွှင့်နေတဲ့ “ဖက်ဒရယ် FM”ကို အရေးယူမယ်လို့ အ.ာဏ.ာသိ.မ်းစ.စ်ကောင်စီကြေညာ

“ဖက်ဒရယ် FM”ကို အရေးယူမယ်လို့ စ.စ်ကောင်စီကြေညာ။ လူငယ်တွေဦးဆောင် ထုတ်လွှင့်နေတဲ့ FMရေဒီယိုလိုင်းတစ်ခု ဖြစ်တဲ့ “ဖက်ဒရယ် FM”ဟာတရားဝင် ခွင့် ပြု ချက်ယူပြီး

ထုတ်လွှင့်နေတဲ့အဖွဲ့အစည်း မဟုတ်တာကြောင့် အရေးယူမယ်လို့ အ.ာဏ.ာသိ.မ်းစ.စ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ကြေ ညာပါတယ်။ စ.စ်ကောင် စီ က အင်တာနက်တွေဖြ.တ်ပြီး သတင်းအေ.မ.ှာင်ချထားချိန်မှာ

ရေဒီယိုကိုသာ အားထားနားထောင်ရတော့မယ့်အချိန် ပြန်ရောက်လာတာမို့ မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုတ.ိုက်ပ.ွဲဝင်တဲ့သတင်းတွေကိုအဓိကထုတ် လွှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီရေဒီယိုလိုင်းကို

လူငယ်တွေက ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နည်းပညာပိုင်း ကျွမ်းကျင်သူတွေနဲ့ သတင်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပူးပေါင်းလုပ်ဆောင်နေကြတာလို့ ရေဒီယိုလိုင်း ဦးဆောင်တည်ထောင်သူတစ်ဦးက ပြောပါတယ်။

“ဖက်ဒရယ် FM” ရေဒီယိုလိုင်းကို မတ်လ ၂၇ရက်နေ့ကစပြီး ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးနေပြီး ၉၀.၂ မက်ဂါဟက်ဇ် (90.2 MHz)ကနေဖမ်း ယူနိုင်တယ်လို့ဆိုပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်

Likes:
0 0
Views:
808
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *