မြန်မာ့ အရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ကြေငြာ ချက် ထွက် ပေါ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ကြေငြာချက်ထွက်လာပါပြီ။ထူးခြားချက်ကတော့ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးသဘောတူတာပါပဲ။

မူရင်းအဆိုပြုချက်ကို ရေးသားတာက ၊ဗြိတိန်နိုင်ငံဖြစ်သလို၊ဗြိတိန်အမြဲတမ်း သံအမတ်ကြီးရဲ့ အသုံးအနှုန်းများဟာ ပြင်းထန်တယ်လို့ တရုတ်သံအမတ်က ကန့်ကွက်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ နောက်ထပ်အဆင့် များစွာတိုးမြှင့် အရေးယူသွားမယ်ဆိုတဲ့ စကားရပ်ကိုတရုတ်က ပြင်ဆင်ပေးဖို့တောင်းဆိုခဲ့လို့ တိုးမြှင့်အရေးယူသွားမယ် ဆိုတဲ့စကားရပ်ကို လုံခြုံရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုကို အနီးကပ်စောင့်ကြည့် မှတ်တမ်းတင်သွားမယ်လို့ ပြင်ဆင်ပေးခဲ့ပါတယ်

ရုရှားကတော့ စစ်တပ်ရောပြည်သူပါ အကြမ်းမဖက်ကြဖို့ နှစ်ဖက်လုံးကို စောင့်ကြည့်သွားမယ်ဆိုတာ ထည့်သွင်းစေခဲ့ပါတယ်သို့တစေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒုတိယကြေညာချက်လို့ခေါ်ဆိုရမယ့် သည်နေ့ထုတ်ပြန်ချက်မှာ

၁။ထိရောက်ထူးခြားသည့် ဆောင်ရွက်ချက်များ အမြန်လုပ်ဆောင်ရန် ၂။နိုင်ငံစုံ စုပေါင်းအားနဲ့ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ရန် ၃။မြန်မာပြည်အဖက်ဖက်က ယို ယွင်း နေမှုကို ဝိုင်းဝန်းကာကွယ်ရန် ဆိုတဲ့အချက်တွေ ထည့်သွင်းနိုင်ခဲ့ပါတယ်

ယနေ့မြန်မာစံတော်ချိန် ညဆယ်နာရီခန့်မှာ ကြေညာချက် အပြည့်အစုံထုတ်ပြန်ပါလိမ့်မယ်ကမ္ဘာ့နိုင်ငံအသီးသီးကတော့ ဒီလို ၁၅ နိုင်ငံ သဘောတူကြေညာချက် ထုတ်ပြန်နိုင်လို့ အားရကျေနပ်ကြပါတယ်ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နဲ့ အဖွဲ့ကတော့ လာမယ့်တနင်္လာနေ့ကစလို့ အာဆီယံနိုင်ငံများဆီ ခရီးစပါတော့မယ်

credit

Likes:
0 0
Views:
722
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *