“မင်းတုန်းမင်းနှင့်ပဲကြီးဟင်း”
————
မင်းတုန်းမင်းတရားကြီး သက်တော်၆၅နှစ်ရှိလာချိန်တွင် ချူချာလာသည်၊တစ်ခါတစ်ရံမေ့လဲတော့မလိုပင် ဖြစ်လာသည်။ထို့ကြောင့် ဂျာမနီမှ ဆရာဝန်များ၊မြန်မာတိုင်းရင်းသမားတော်များနှင့် ကြပ်မတ်ကုသနေရသည်။ဆရာဝန်များ၊သမားတော်များသည် စားတော်ဝန်အား မတည့်သောအစားအသောက်များ၊ရာသီစာမဟုတ်သည်များကို ပွဲတော်စာ မချက်ရန်မှာကြားထားသည်။
တစ်နေ့တွင် မင်းတုန်းမင်းကြီးသည် ပဲကြီးဟင်းစားချင်စိတ် ဖြစ်လေသည်။ထို့ကြောင့် စားတော်ဝန်အား ချက်ရန် ညွှန်ကြားသည်။သမားတော်ကြီးများက ခွင့်မပြု။ထို့ကြောင့် စားတော်ဝန်ကလည်း ချက်မပေး။သို့သော် မင်းတုန်းမင်း သည် မစားရမနေနိုင်။မှန်နန်းဆောင် တစ်နေရာတွင် မောင်းမငယ်တစ်ပါးအား ပဲကြီးဟင်း တိုးတိုးတိတ်တိတ်ချက်စေသည်။ပဲကြီးဟင်းလည်း အနံသင်းလာ၊ပဲလည်း နူးလာသောအခါ အတွင်းဆောင်တွင်စံမြန်းနေသော မင်းတုန်းမင်းသည် မနေနိုင်မထိုင်နိုင် ပို၍ဖြစ်လာလေသည်။
မင်းတုန်းမင်းခမျာ ကံမကောင်းရှာပါ။ဘယ်က အနံ့ရလာသလဲမသိ #စားတော်ဝန်ဦးခဲသည် တောင်ဝှေးကြီးနှင့်ရောက်လာသည်။စားတော်ဝန်အားမြင်သောအခါ မောင်းမငယ်သည် ဟင်းအိုးကိုထား၍ ပြေးလေတော့သည်။ဦးခဲသည် ဟင်းအိုးအားသေချာကြည့်ကာ ဟင်းအိုးအလည်တည့်တည့်ကို တောင်ဝှေးဖြင့် ဆောင့်ကာထိုးခွဲလိုက်ပြီး “မတည့်တာကိုမှ ပွဲတော်တည်ချင်ရန်ကော”ဟု အသံခပ်ကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။အတွင်းဆောင်တွင် စံနေသောမင်းတုန်းမင်းသည် ကြားပေမယ့် မသိချင်ယောင်သာဆောင်နေရတော့သည်။
စားတော်ဝန်ဦးခဲ
စားတော်ဝန်ဦးခဲသည် ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းလက်ထက် စားတော်ဝန် ဖြစ်သည်။ သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက် စားတော်ဝန်၏ အမည်ကို မသိရှိရပေ။ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်တွင်မူ စားတော်ဝန်ဦးခဲမှာ အမည်ထင်ရှားခဲ့သည်။ ဦးခဲသည် မဟာမင်းလှရွှေတောင်ဘွဲ့ခံ စားတော်ဝန်ဖြစ်ပြီး မင်းတုန်းမင်း၊ မိဖုရားကြီး စကြာဒေဝီ နှင့် သားတော် သမီးတော်များအတွက် အစား အသောက်များကို စီမံချက်ပြုတ်ရသူဖြစ်သည်။
စားတော်ဝန်ဦးခဲ၏ လက်အောက်တွင် အစ္စလာမ်ဘာသာဝင် မုန့်တော်ခေါင်း မင်းဦးရွက်ဆိုသူက အမှုထမ်းခဲ့ရ၏။ စားတော်ဝန် ဦးခဲမှာ မင်းတုန်းမင်းနှင့် ရုပ်ချင်းအတော်ဆင်သူ ဖြစ်သည်။ ၁၈၅၅ ခုနှစ်က အသာဖယ်ရာ ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အမရပူရနေပြေည်တော်သို့ လာရောက်စဉ် စားတော်ဝန်ဦးခဲအား မင်းတုန်းမင်းအမှတ်ဖြင့် မှားယွင်းအရိုအသေပြုခဲ့ဖူးသည်။ နန်းတွင်းသူ နန်းတွင်းသားများကလည်း ဦးခဲအား မင်းတုန်းမင်းနှင့် မကြာခဏ မှားယွင်းတတ်ကြသည်။ သို့ဖြင့် ကင်းဝန်မင်းကြီးက စားတော်ကဲ ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေး တစ်ချောင်းကိုင်ထားရန် အမိန့်တော်ချမှတ်ခဲ့၏။
ဦးခဲသည် ရေစကြိုနယ်သားဖြစ်ပြီး ရေစကြိုခုံတော် ဦးမှိုင်းက နန်းတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဦးခဲသည် မင်းတုန်းမင်း နန်းတက်စကပင်အမှုထမ်းခဲ့သည်။မင်းတုန်းမင်းက သူ့အား ရေစကြိုလေးရွာစား အဖြစ်ချီးမြှင်ခဲ့ပြီး မဟာမင်းလှရွှေတောင်ဘွဲ့ကို ပေးအပ်ခဲ့သည်။ ၁၆ ဇန်နဝါရီ ၁၈၇၃ ရက်စွဲပါ အမိန့်တော်တွင် စားတော်ဝန်ဦးခဲအား ယခင်မင်းတုန်း တောင်စဉ်ခုနှစ်ရိုင်ဝန်ကို ပေးအပ်ထားသည့် တောင်ဘက်ကိုးခရိုင် ဆည်ရေသောက်လယ်များကို ထပ်မံပေးသနားခဲ့ကြောင်း ဖော်ပြပါရှိသည်။
ဘုရင့်ပွဲတော်အုပ်များ အတွက် တာဝန်ယူ စီမံ ချက်ပြုတ်ရသည်။ ဦးခဲသည် မင်းတုန်းမင်းထက် အသက် အနည်းငယ် ကြီးသော်လည်း အဂါင်္ရုပ်မှ စ၍ အသံနေ အသံထား ကိုယ်လုံးကိုယ်ထည်သွားပုံလာပုံ စသည်တို့မှာ ဘုရင်မင်းတရားကြီးနှင့်ခွဲမရအောင် တူသည်ဟု ဆိုသည်။ ဦးခဲအား ဘုရင်နှင့် တူလွန်း၍ နန်းတော်သူများပင် အမှတ်မှား တတ်ကြသည်။ ဘုရင်နှင့် အဝေးမှ ကြည့်ခွဲရသည် ရှိသော် ဦးခဲ ဝတ်ဆင်သော အဝတ်တန်ဆာကို ကြည့်၍သာ ခွဲခြားနိုင်သည်။
ကင်းဝန်မင်းကြီးက ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေးတစ်ချောင်း ကိုင်ထားရန် အမိန့်ချခဲ့သည်။ အင်္ဂလိပ် သံအမတ်
မေဂျာဖယ်ယာသည်AD 1855 ခုက မင်းတုန်းမင်းအား အမရပူရမြို့ တွင် ဖူးမြှော်ခွင့်ရသဖြင့်ရွှေ မျက်နှာတော်ကို မှတ်မိနေသည်။ ရတနာပုံရွှေမြို့ တော်သို့ ပြောင်းလာပြီးနောက်AD 1863 လောက်တွင် မေဂျ ာဖယ်ရာနှင့်သံအဖွဲ့ ရောက်ရှိလာပြီး မင်းတရားကြီးကို ဖူမြော်ရန် ဇေတဝန်ဆောင်တွင် စောင့်စိုင်း နေကြရာ ဦးခဲသည် ရုတ်တရက် ရောက်လာပြီး ဇေတဝန်ဆောင်ဘက်သို့ ကွေ့ချိုးလိုက်ရာတွင် ဖယ်ယာတို့လူစုသည် ဘုရင်မင်းမြတ် ကြွလာသည် အထင်နှင့် အားလုံးတစ်ပြိုင်နက်အရိုအသေပြုကြသည်။
ထို့နောက်မှ ဧည့်ခံနေသော ဝန်ထောက်တော်က ဦးခဲအားပြုံးရယ်ပြီး နုတ်ဆက်သည်တွင် ဖယ်ယာတို့လူစု လူမှားမှန်း သိလာကြသည်။ ဦးခဲသည် AD 1869 ခုတွင် ရေစကြိုမြို့ အောင်မြေသာယာကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်
crd :winhlaingoo