ထမင်းကိုအိမ်ပြန်ပြီးမစားနိုင်တဲ့အတွက် အလှူရှင်တွေပေးတဲ့ ခေါက်ဆွဲပြုတ်ဇလုံဘေးမှာအားရပါးရစားနေကြတဲ့ လူငယ်လေးတွေရဲ့ ဗီဒီယို

မြန်မာနိုင်ငံက လူငယ်တွေ ကတော့လူထု လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့အချိန်ကစပြီး ယနေ့အချိန် အထိတိုင်အောင်ကိုယ့်နိုင်ငံ အတွက် ကြိုးစားအားထုတ်ပေးနေကြ တာဖြစ်ပါတယ် ။ လူငယ်တွေက နေ့စဉ်နေ့တိုင်း လမ်းပေါ်ကိုထွက်ပြီး မားမားမတ်မတ် ရပ်တည်ပေးသလို ရဲရင့်တဲ့စိတ်ဓာတ် နဲ့ ပြည်သူတွေ ကိုကာကွယ်ပေးနေ တာလည်းဖြစ်ပါတယ် ။

ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံကြတဲ့လူငယ်တွေက အိုင်ဒီယာ အသစ်အဆန်းတွေကို လည်းအမြဲတမ်းစဉ်စားကြပြီး နေ့ရောညပါ ဆန္ဒထုတ်ဖော် နေကြတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ကဆိုရင် လည်း တောင်ဒဂုံမြို့နယ်မှာလူစုခွဲ ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ ရတာကြောင့် ပြည်သူတစ်ချို့အသက်ဆုံးရှုံးသွားခဲ့ ရတာပဲ ဖြစ်ပါတယ် ။

အန္တရာယ် ရှိနေတဲ့ကြားကနေ ပြည်သူတွေ ကိုကာကွယ်ဖို့အတွက် အတူရှိပေးခဲ့တဲ့လူငယ်တွေကတော့ သူတို့ရဲ့နေအိမ်တွေကိုတောင် မပြန် နိုင်ဘဲ လမ်းပေါ်မှာနေခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ပြန်ပြီးထမင်းမစားနိုင်သေးတဲ့လူငယ်တွေအတွက်စေတနာရှင်တွေကလည်း ခေါက်ဆွဲ ပြုတ်တွေဇလုံကြီး နဲ့ထည့်ပြီးလှူခဲ့ကြတာဖြစ်ပါတယ် ။

တောင်ဒဂုံ မြို့နယ်က လူငယ်တွေကတော့ အလှူရှင် တွေလာပေးတဲ့ ခေါက်ဆွဲ ပြုတ်တွေကို ဝမ်းသာအားရ နဲ့ စားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ လူငယ်တွေကကိုယ့်နိုင်ငံ အတွက်တာဝန်ကျေပွန် နေကြတာဖြစ်ပြီးရှိတာလေးနဲ့ အဆင်ပြေသလို ဝိုင်းဖွဲ့စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကိုမှတ်တမ်းတင်ခဲ့တဲ့ ပြည်သူတစ်ဦးက “သူတို့ကို ကြည့်ရတာ ဘာစိတ်သောကမှ မရှိဘူးကျွန်တော်တို့သူတို့တွေ အတွက်လိုတာဖြည့်ပေးနိုင်ဖို့ ဆက်ကြိုးစားကြရမယ်” ဆိုပြီးပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်တစ်ခုကိုမျှဝေခဲ့တာဖြစ်ပါတယ် ။

Source & Video Credit-MM Load

Likes:
0 0
Views:
635
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *