ရာမမင်းသား ဒဿဂီရိနှင့် မယ်သီတာ တို့ရဲ့အချစ်ဇာတ်လမ်း

ရာမမင်းသား ဒဿဂီရိနှင့် မယ်သီတာ တို့ရဲ့အချစ်ဇာတ်လမ်း

 

 

 

တခါက အယုဒ္ဓယပြည် ဒသရထမင်းကြီး၌ ကောသလ္လာ၊ ကေကေယီနှင့် သုမိတ္တာဟူ၍ မိဖုရားသုံးပါးရှိသည်တွင် ကောသလ္လာမှ ရာမ၊ ကေကေယီမှ ဘရတနှင့် သုမိတ္တာမှ လက္ခဏ နှင့် သတ္တုဃနဟူ၍ မင်းသားလေးပါး ဖွားမြင်ခဲ့ပါတယ်။

မင်းကြီးဟာ သားတော်ကြီးရာမမင်းသားအား အမြတ်နိုးဆုံးဖြစ်၍ လက္ခဏမင်းသားကလည်း နောင်တော်ရာမမင်းသားကိုပင် အချစ်ခင်ဆုံး ဖြစ်ပါတယ်။ သားတော်များ အရွယ်ရောက်တဲ့အခါမှာ ဝိဿမိတ္တရသေ့ကြီးမှ ရာမနှင့် လက္ခဏညီနောင်တို့အား ဝိဒေဟတိုင်း ဇနကမင်းကြီးထံ ခေါ်သွားရာ ဇနကမင်းကြီးသည် သမီးတော် သီတာဒေဝီမင်းသမီးအတွက် ကြင်ယာတော်ရွေးချယ်ရန် လေးတင်ပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။

လေးတင်ပွဲဝယ် ရာမမင်းသားမှ အနိုင်ရရှိပြီးနောက် သီတာဒေဝီမင်းသမီးကို ရရှိပြီး ပြည်တော်ပြန် လာကာ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြပါတယ်။

ဒသရထဘုရင်ကြီးလည်း အသက်ရွယ်ကြီးရင့်လာပြီ ဖြစ်တာကြောင့် သားတော်ရာမမင်းသားအား ထီးမွေနန်းမွေခံအဖြစ် ကြေငြာရန် စီစဉ်ခဲ့ပါတယ်။ သို့သော် ကေကေယီ မိဖုရားမှ သူမ၏သားတော် ဘရတသာလျှင် မင်းဖြစ်သည်ကို မြင်လိုသောကြောင့် တစ်ရံခါက မိမိအား ဒသရထမင်းကြီး ပေးအပ်ထားသည့် ဆုနှစ်ရပ်ကို တောင်းခံခဲ့ပါတယ်။

တောင်းခံခဲ့သော ဆုနှစ်ခုမှာ ဘရတမင်းသားကို အရိုက်အရာဆက်ခံ စေရန်နှင့် ရာမမင်းသားကို မင်းနေပြည်တော်မှ ၁၄ နှစ်ကြာ နှင်ထုတ်ထားရန်တို့ ဖြစ်ပါတယ်။ အခြားဆုများ တောင်းခံရန် ဘုရင်ကြီးမှာ မိန့်ကြားခဲ့သော်လည်း လက်မခံတာကြောင့် ရာမမင်းသားအားခေါ်၍ အကျိုးအကြောင်း ပြောပြရာ ရာမမင်းသားဟာ မိဘစကားကို နာခံသူ သားလိမ္မာလေး ဖြစ်တာကြောင့် ကြင်ယာတော် သီတာမင်းသမီး၊ ညီတော် လက္ခဏတို့နှင့်အတူ ဒဏ္ဍကတောသို့ အေးချမ်းစွာပင် ထွက်ခွာခဲ့ပါတယ်။

ခမည်းတော်မင်းကြီးလည်း သားစိတ်ကြောင့် နတ်ရွာစံခဲ့ပါတယ်။ ဘရတမင်းသားမှလည်း နောင်တော် ရာမကို ကျော်လွန်ပြီး ထီးနန်းမတက်လိုတာကြောင့် နောင်တော်ရာမမင်းသားအား လိုက်လံရှာဖွေရာ ဒဏ္ဍတောတွင် တွေ့ရှိခဲ့ပြီး မင်းနေပြည်တော်သို့ ပြန်လည် လိုက်ပါရန် ခေါ်ဆောင်ခဲ့ပါတယ်။

ရာမမင်းသားလည်း ညီတော်ဘရတ၏ သဘောထားကို သိရှိရသော်လည်း ပေးအပ်ထားသော ကတိအတိုင်း ခမည်းတော်၏ အမိန့်ကို နာခံလိုသောကြောင့် နေပြည်တော်သို့ ပြန်မလိုက်ဘဲ ခြေနင်းကိုသာ ညီတော်ထံအပ်နှင်းလိုက်ပါတယ်။ ဘရတမင်းသားလည်း နောင်တော်၏ ရွှေခြေနင်းကို ယူကာ ရာဇပလ္လင်ထက်တွင် တင်၍ နောင်တော်၏ ကိုယ်စားတိုင်းပြည်ကို မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ခဲ့ပါတယ်။

ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသားသည် ကြင်ယာတော်သီတာဒေဝီ၊ ညီတော်လက္ခဏတို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ရန်ဘေးကြောင့် တောတွင်းသို့ ခိုဝင်လာကြရာမှာ ရာမမင်းသားသည် ဘီလူးတို့ရန်ကို တွန်းလှန်တိုက်ထုတ်ပေးခဲ့ရပါတယ်။

ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက် ဖြင့် ပျက်စီးကြသည်ရှိသော် သုပ္ပနခါဘီလူးမသည် သီဟိုဠ်ကျွန်းသို့ကူး၍ မောင်တော်ဘီလူးမင်း ရာဝဏ (ဒဿ
ဂီရိ)ထံ တိုင်ကြားခဲ့ပါတယ်။ ဒဿဂီရိ ဘီလူးမင်းလည်း အမျက်ကြီးစွာဖြင့် ဂလဲ့စားစေချေရန် လိုက်လာပြီးနောက် မိမိ၏ နောက်ပါတစ်ဦးအား ရွှေသမင်အဖြစ် ဖန်ဆင်းကာ သီတာမင်းသမီးအား ထောင်ချောက်ဆင်ဖမ်းဆီးရန် ပြင်ဆင်ခဲ့ပါတယ်။

မင်းသမီးလည်း ရွှေသမင်ကို လိုချင်၍ မောင်တော်အား ပူဆာရာ ရာမမင်းသားသည် ညီတော်လက္ခဏမင်းသားနှင့်အတူ ရွှေသမင်း ဖမ်းရန် တောတွင်းသို့ထွက်ခဲ့ပါတယ်။ ထိုအချိန်တွင် ဒဿဂီရိ ဘီလူးမင်းသည် ရသေ့အသွင်အယောင်ဆောင်ပြီး သီတာဒေဝီအား ရထားပျံကိုစီးနှင်းကာ ကောင်းကင်ခရီးမှ ခိုးပြေးခဲ့ပါတယ်။

သီဟိုဠ်သို့ ရောက်လျှင် ဒဿဂီရိ ဘီလူးမင်းသည် သီတာ၏ မေတ္တာကို တောင်းခံသော်လည်း မရသဖြင့် အကျဉ်းချထားခဲ့ပါတယ်။ ရာမမင်းသား ညီနောင်တို့လည်း ရွှေသမင်ကို လိုက်၍မရဘဲ ပြန်လာတဲ့အချိန်တွင် သီတာမင်းသမီးအား ပျောက်ဆုံးနေသည်ကို သိရှိခဲ့ပြီး မင်းသမီးအား အရှာထွက်ခဲ့ကြပါတယ်။

လမ်းတွင် ခေါင်းပြတ်ဘီလူးတစ်ကောင်နှင့် တွေ့ရှိခဲ့ပြီး သုဂ္ဂီဝ(သုဂြိတ်) မည်သော မျောက်မင်းနှင့် မိတ်ဖွဲ့ပြီး ရှာဖွေရန် အကြံပေးခဲ့သဖြင့် ရာမနှင့်လက္ခဏတို့လည်း ဆက်လက်ထွက်ခွာခဲ့ပါတယ်။

ရာမမင်းသားသည် သုဂ္ဂီဝနှင့် တွေ့ဆုံခဲ့ပြီးနောက် သုဂ္ဂီဝက မိမိမှာ ကြင်ယာနှင့်တကွ ထီးနန်းကိုပါ ညီဖြစ်သူဗာလီ၏ လုယက်ခြင်း ခံရကြောင်း ပြောပြကာ မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ အဲ့ဒီ့နောက်မှာ ရာမမင်းသားနှင့် ညီတော်တို့ဟာ ဗာလီအား တိုက်ခိုက်ပြီးသော် သုဂ္ဂီဝအား ထီးနန်းပြန်လည်ရယူပေးခဲ့ကြပါတယ်။

သုဂ္ဂီဝတွင်ရှိသော မျောက်များအနက် ဉာဏ်အရှိဆုံးနှင့် စိတ်အချရဆုံးသောမျောက်ကား ဟာနုမာအမည်ရှိသော မျောက်ဖြစ်ပြီး ရာမမင်းသားတို့အတွက် သီတာမင်းသမီးကို ကယ်တင်မည့် ခရီးစဉ်ကိုလိုက်ပါရန် ထည့်ပေးလိုက်ပါတယ်။ ဟာနုမာမျောက်မင်းလည်း သီတာမင်းသမီး ရှိရာ အရပ်ကို စုံစမ်းသိရှိပြီးနောက်တွင် မျောက်တပ်တို့နှင့်အတူ လင်္ကာဒီပကျွန်းသို့ ချီတက်ခဲ့ကြပါတယ်။

ဟာနုမာသည် မဟိန္ဒတောင်သို့ တက်ကာ ဝေဟင်ခရီးဖြင့် လေးရက်တိုင်တိုင် ခရီးဆက်ပြီးနောက်တွင် လင်္ကာကျွန်းသို့ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် ဒဿဂီရိ ဘီလူးမင်း၏ နန်းတော်သို့ တိတ်တဆိတ် ထောက်လှမ်းခဲ့ပြီးနောက် သီတာဒေဝီ မင်းသမီး ရှိရာနေရာကို သိရှိခဲ့ပြီး သီတာဒေဝီ၏ စကားလက်ဆောင်ကို ရာမမင်းသားထံ ပြန်ကြားပေးခဲ့ပါတယ်။

ရာမမင်းသားလည်း သီတာဒေဝီမင်းသမီးအားပြန်လည်ရယူရန် မျောက်စစ်တပ်ကြီး နှင့်အတူ ချီတက်လာခဲ့ကြပါတယ်။ ထိုအခါ ရာဝဏ၏ ညီတော်ဗီဘီသနက သီတာအား ရာမမင်း၏လက်သို့ ပြန်လည်အပ်နှင်းရန် အကြံပေးလေသည်။

ဒဿဂီရိ ဘီလူးမင်း၏ စစ်တပ်နှင့် စစ်မက်ခင်ခဲ့ပြီးနောက်တွင် ဒဿဂီရိ ဘီလူးမင်းကို အနိုင်ရရှိခဲ့ပြီး သီတာဒေဝီမင်းသမီးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာမမင်းသားဟာ သီတာဒေဝီမိဖုရားအား မယုံကြည်ခဲ့တာကြောင့် ကြင်ယာတော်အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။

 

သီတာဒေဝီဟာ သူ၏သစ္စာတရားကို သက်သေပြလိုတာကြောင့် မီးပုံအတွင်းသို့ ခုန်ဆင်းရာမှာ မီးလောင်ခြင်း မရှိတာကြောင့် ရာမမင်းသားမှ ကြင်ယာတော်အဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ရာမမင်းသားလည်း သီတာဒေဝီမင်းသမီးနှင့်အတူ တိုင်းပြည်သို့ ပြန်ခဲ့ပြီးနောက် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်မင်းပြုခဲ့ကြပါတော့တယ်။

 

Credit

 

Zawgyi

ရာမမင္းသား ဒႆဂီရိႏွင့္ မယ္သီတာ တို႔ရဲ႕အခ်စ္ဇာတ္လမ္း

 

 

တခါက အယုဒၶယျပည္ ဒသရထမင္းႀကီး၌ ေကာသလႅာ၊ ေကေကယီႏွင့္ သုမိတၱာဟူ၍ မိဖုရားသုံးပါးရွိသည္တြင္ ေကာသလႅာမွ ရာမ၊ ေကေကယီမွ ဘရတႏွင့္ သုမိတၱာမွ လကၡဏ ႏွင့္ သတၱဳဃနဟူ၍ မင္းသားေလးပါး ဖြားျမင္ခဲ့ပါတယ္။

မင္းႀကီးဟာ သားေတာ္ႀကီးရာမမင္းသားအား အျမတ္နိုးဆုံးျဖစ္၍ လကၡဏမင္းသားကလည္း ေနာင္ေတာ္ရာမမင္းသားကိုပင္ အခ်စ္ခင္ဆုံး ျဖစ္ပါတယ္။ သားေတာ္မ်ား အ႐ြယ္ေရာက္တဲ့အခါမွာ ဝိႆမိတၱရေသ့ႀကီးမွ ရာမႏွင့္ လကၡဏညီေနာင္တို႔အား ဝိေဒဟတိုင္း ဇနကမင္းႀကီးထံ ေခၚသြားရာ ဇနကမင္းႀကီးသည္ သမီးေတာ္ သီတာေဒဝီမင္းသမီးအတြက္ ၾကင္ယာေတာ္ေ႐ြးခ်ယ္ရန္ ေလးတင္ပြဲ က်င္းပေနခ်ိန္ ျဖစ္ပါတယ္။

ေလးတင္ပြဲဝယ္ ရာမမင္းသားမွ အနိုင္ရရွိၿပီးေနာက္ သီတာေဒဝီမင္းသမီးကို ရရွိၿပီး ျပည္ေတာ္ျပန္ လာကာ ေပ်ာ္႐ႊင္စြာ ေပါင္းသင္းေနထိုင္ၾကပါတယ္။

ဒသရထဘုရင္ႀကီးလည္း အသက္႐ြယ္ႀကီးရင့္လာၿပီ ျဖစ္တာေၾကာင့္ သားေတာ္ရာမမင္းသားအား ထီးေမြနန္းေမြခံအျဖစ္ ေၾကျငာရန္ စီစဥ္ခဲ့ပါတယ္။ သို႔ေသာ္ ေကေကယီ မိဖုရားမွ သူမ၏သားေတာ္ ဘရတသာလွ်င္ မင္းျဖစ္သည္ကို ျမင္လိုေသာေၾကာင့္ တစ္ရံခါက မိမိအား ဒသရထမင္းႀကီး ေပးအပ္ထားသည့္ ဆုႏွစ္ရပ္ကို ေတာင္းခံခဲ့ပါတယ္။

ေတာင္းခံခဲ့ေသာ ဆုႏွစ္ခုမွာ ဘရတမင္းသားကို အရိုက္အရာဆက္ခံ ေစရန္ႏွင့္ ရာမမင္းသားကို မင္းေနျပည္ေတာ္မွ ၁၄ ႏွစ္ၾကာ ႏွင္ထုတ္ထားရန္တို႔ ျဖစ္ပါတယ္။ အျခားဆုမ်ား ေတာင္းခံရန္ ဘုရင္ႀကီးမွာ မိန့္ၾကားခဲ့ေသာ္လည္း လက္မခံတာေၾကာင့္ ရာမမင္းသားအားေခၚ၍ အက်ိဳးအေၾကာင္း ေျပာျပရာ ရာမမင္းသားဟာ မိဘစကားကို နာခံသူ သားလိမၼာေလး ျဖစ္တာေၾကာင့္ ၾကင္ယာေတာ္ သီတာမင္းသမီး၊ ညီေတာ္ လကၡဏတို႔ႏွင့္အတူ ဒ႑ကေတာသို႔ ေအးခ်မ္းစြာပင္ ထြက္ခြာခဲ့ပါတယ္။

ခမည္းေတာ္မင္းႀကီးလည္း သားစိတ္ေၾကာင့္ နတ္႐ြာစံခဲ့ပါတယ္။ ဘရတမင္းသားမွလည္း ေနာင္ေတာ္ ရာမကို ေက်ာ္လြန္ၿပီး ထီးနန္းမတက္လိုတာေၾကာင့္ ေနာင္ေတာ္ရာမမင္းသားအား လိုက္လံရွာေဖြရာ ဒ႑ေတာတြင္ ေတြ႕ရွိခဲ့ၿပီး မင္းေနျပည္ေတာ္သို႔ ျပန္လည္ လိုက္ပါရန္ ေခၚေဆာင္ခဲ့ပါတယ္။

ရာမမင္းသားလည္း ညီေတာ္ဘရတ၏ သေဘာထားကို သိရွိရေသာ္လည္း ေပးအပ္ထားေသာ ကတိအတိုင္း ခမည္းေတာ္၏ အမိန့္ကို နာခံလိုေသာေၾကာင့္ ေနျပည္ေတာ္သို႔ ျပန္မလိုက္ဘဲ ေျခနင္းကိုသာ ညီေတာ္ထံအပ္ႏွင္းလိုက္ပါတယ္။ ဘရတမင္းသားလည္း ေနာင္ေတာ္၏ ေ႐ႊေျခနင္းကို ယူကာ ရာဇပလႅင္ထက္တြင္ တင္၍ ေနာင္ေတာ္၏ ကိုယ္စားတိုင္းျပည္ကို မင္းက်င့္တရားႏွင့္အညီ အုပ္ခ်ဳပ္ခဲ့ပါတယ္။

ဒ႑က ေတာတြင္းဝယ္ ရာမမင္းသားသည္ ၾကင္ယာေတာ္သီတာေဒဝီ၊ ညီေတာ္လကၡဏတို႔ႏွင့္အတူ ေနထိုင္စဥ္ ဘီလူးတို႔၏ရန္ေဘးေၾကာင့္ ေတာတြင္းသို႔ ခိုဝင္လာၾကရာမွာ ရာမမင္းသားသည္ ဘီလူးတို႔ရန္ကို တြန္းလွန္တိုက္ထုတ္ေပးခဲ့ရပါတယ္။

ခရဘီလူးႏွင့္တကြ စစ္သည္ေတာ္တို႔သည္ ရာမမင္းသား၏ လက္ခ်က္ ျဖင့္ ပ်က္စီးၾကသည္ရွိေသာ္ သုပၸနခါဘီလူးမသည္ သီဟိုဠ္ကြၽန္းသို႔ကူး၍ ေမာင္ေတာ္ဘီလူးမင္း ရာဝဏ (ဒႆ
ဂီရိ)ထံ တိုင္ၾကားခဲ့ပါတယ္။ ဒႆဂီရိ ဘီလူးမင္းလည္း အမ်က္ႀကီးစြာျဖင့္ ဂလဲ့စားေစေခ်ရန္ လိုက္လာၿပီးေနာက္ မိမိ၏ ေနာက္ပါတစ္ဦးအား ေ႐ႊသမင္အျဖစ္ ဖန္ဆင္းကာ သီတာမင္းသမီးအား ေထာင္ေခ်ာက္ဆင္ဖမ္းဆီးရန္ ျပင္ဆင္ခဲ့ပါတယ္။

မင္းသမီးလည္း ေ႐ႊသမင္ကို လိုခ်င္၍ ေမာင္ေတာ္အား ပူဆာရာ ရာမမင္းသားသည္ ညီေတာ္လကၡဏမင္းသားႏွင့္အတူ ေ႐ႊသမင္း ဖမ္းရန္ ေတာတြင္းသို႔ထြက္ခဲ့ပါတယ္။ ထိုအခ်ိန္တြင္ ဒႆဂီရိ ဘီလူးမင္းသည္ ရေသ့အသြင္အေယာင္ေဆာင္ၿပီး သီတာေဒဝီအား ရထားပ်ံကိုစီးႏွင္းကာ ေကာင္းကင္ခရီးမွ ခိုးေျပးခဲ့ပါတယ္။

သီဟိုဠ္သို႔ ေရာက္လွ်င္ ဒႆဂီရိ ဘီလူးမင္းသည္ သီတာ၏ ေမတၱာကို ေတာင္းခံေသာ္လည္း မရသျဖင့္ အက်ဥ္းခ်ထားခဲ့ပါတယ္။ ရာမမင္းသား ညီေနာင္တို႔လည္း ေ႐ႊသမင္ကို လိုက္၍မရဘဲ ျပန္လာတဲ့အခ်ိန္တြင္ သီတာမင္းသမီးအား ေပ်ာက္ဆုံးေနသည္ကို သိရွိခဲ့ၿပီး မင္းသမီးအား အရွာထြက္ခဲ့ၾကပါတယ္။

လမ္းတြင္ ေခါင္းျပတ္ဘီလူးတစ္ေကာင္ႏွင့္ ေတြ႕ရွိခဲ့ၿပီး သုဂၢီဝ(သုၿဂိတ္) မည္ေသာ ေမ်ာက္မင္းႏွင့္ မိတ္ဖြဲ႕ၿပီး ရွာေဖြရန္ အႀကံေပးခဲ့သျဖင့္ ရာမႏွင့္လကၡဏတို႔လည္း ဆက္လက္ထြက္ခြာခဲ့ပါတယ္။

ရာမမင္းသားသည္ သုဂၢီဝႏွင့္ ေတြ႕ဆုံခဲ့ၿပီးေနာက္ သုဂၢီဝက မိမိမွာ ၾကင္ယာႏွင့္တကြ ထီးနန္းကိုပါ ညီျဖစ္သူဗာလီ၏ လုယက္ျခင္း ခံရေၾကာင္း ေျပာျပကာ မဟာမိတ္ဖြဲ႕ခဲ့ၾကပါတယ္။ အဲ့ဒီ့ေနာက္မွာ ရာမမင္းသားႏွင့္ ညီေတာ္တို႔ဟာ ဗာလီအား တိုက္ခိုက္ၿပီးေသာ္ သုဂၢီဝအား ထီးနန္းျပန္လည္ရယူေပးခဲ့ၾကပါတယ္။

သုဂၢီဝတြင္ရွိေသာ ေမ်ာက္မ်ားအနက္ ဉာဏ္အရွိဆုံးႏွင့္ စိတ္အခ်ရဆုံးေသာေမ်ာက္ကား ဟာႏုမာအမည္ရွိေသာ ေမ်ာက္ျဖစ္ၿပီး ရာမမင္းသားတို႔အတြက္ သီတာမင္းသမီးကို ကယ္တင္မည့္ ခရီးစဥ္ကိုလိုက္ပါရန္ ထည့္ေပးလိုက္ပါတယ္။ ဟာႏုမာေမ်ာက္မင္းလည္း သီတာမင္းသမီး ရွိရာ အရပ္ကို စုံစမ္းသိရွိၿပီးေနာက္တြင္ ေမ်ာက္တပ္တို႔ႏွင့္အတူ လကၤာဒီပကြၽန္းသို႔ ခ်ီတက္ခဲ့ၾကပါတယ္။

ဟာႏုမာသည္ မဟိႏၵေတာင္သို႔ တက္ကာ ေဝဟင္ခရီးျဖင့္ ေလးရက္တိုင္တိုင္ ခရီးဆက္ၿပီးေနာက္တြင္ လကၤာကြၽန္းသို႔ ေရာက္ရွိခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ဒႆဂီရိ ဘီလူးမင္း၏ နန္းေတာ္သို႔ တိတ္တဆိတ္ ေထာက္လွမ္းခဲ့ၿပီးေနာက္ သီတာေဒဝီ မင္းသမီး ရွိရာေနရာကို သိရွိခဲ့ၿပီး သီတာေဒဝီ၏ စကားလက္ေဆာင္ကို ရာမမင္းသားထံ ျပန္ၾကားေပးခဲ့ပါတယ္။

ရာမမင္းသားလည္း သီတာေဒဝီမင္းသမီးအားျပန္လည္ရယူရန္ ေမ်ာက္စစ္တပ္ႀကီး ႏွင့္အတူ ခ်ီတက္လာခဲ့ၾကပါတယ္။ ထိုအခါ ရာဝဏ၏ ညီေတာ္ဗီဘီသနက သီတာအား ရာမမင္း၏လက္သို႔ ျပန္လည္အပ္ႏွင္းရန္ အႀကံေပးေလသည္။

ဒႆဂီရိ ဘီလူးမင္း၏ စစ္တပ္ႏွင့္ စစ္မက္ခင္ခဲ့ၿပီးေနာက္တြင္ ဒႆဂီရိ ဘီလူးမင္းကို အနိုင္ရရွိခဲ့ၿပီး သီတာေဒဝီမင္းသမီးကို ကယ္တင္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ရာမမင္းသားဟာ သီတာေဒဝီမိဖုရားအား မယုံၾကည္ခဲ့တာေၾကာင့္ ၾကင္ယာေတာ္အျဖစ္ အသိအမွတ္မျပဳခဲ့ပါဘူး။

 

သီတာေဒဝီဟာ သူ၏သစၥာတရားကို သက္ေသျပလိုတာေၾကာင့္ မီးပုံအတြင္းသို႔ ခုန္ဆင္းရာမွာ မီးေလာင္ျခင္း မရွိတာေၾကာင့္ ရာမမင္းသားမွ ၾကင္ယာေတာ္အျဖစ္ ျပန္လည္သိမ္းပိုက္ခဲ့ပါတယ္။ ရာမမင္းသားလည္း သီတာေဒဝီမင္းသမီးႏွင့္အတူ တိုင္းျပည္သို႔ ျပန္ခဲ့ၿပီးေနာက္ မင္းက်င့္တရားႏွင့္အညီ အုပ္ခ်ဳပ္မင္းျပဳခဲ့ၾကပါေတာ့တယ္။

 

Credit

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *