တ ခေတ် တ ခါက ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်ခဲ့တဲ့ “မြန်မာ့ ငွေထည်လုပ်ငန်း ” အကြောင်း

တခေတ်တခါက ကမ္ဘာ့ထိပ်တန်းမှာ ရပ်တည်ခဲ့တဲ့ “မြန်မာ့ ငွေထည်လုပ်ငန်း ” အကြောင်း

 

 

 

ငွေထည်လုပ်ငန်း

မြန်မာတို့၏ ငွေထည်လုပ်ငန်းသည် ဂုဏ်ယူဖွယ်ရာ ဖြစ်သော မြန်မာ့လက်မှုပညာတရပ် ဖြစ်၏။ ထိုလက်မှု ပညာကို မြန်မာ့အသုံးအဆောင်ဖြစ်သော ကွမ်းအစ်၊ ထုံးဗူး၊ ဖလား၊ ဆွမ်းအုပ်၊ ဓားရိုး စသည်တို့ကို ပြုလုပ်ရာ၌ အသုံး ပြုကြသည်။

ငွေထည်လုပ်ငန်းမှာ ပထမကမ္ဘာစစ် မဖြစ်မီအခါ ကပင်ကျော် စောခဲ့၏။ ထိုခေတ်က နယူးဒေလီမြို့၌ ကျင်းပ သော ပြပွဲများတွင် မြန်မာငွေထည်လက်ရာများသည် ထိပ်တန်း ၌ တည်ရှိခဲ့သည်။

မြန်မာငွေထည်လုပ်ငန်း၌ လက်ရာနှစ်မျိုးရှိသည်။ ယင်းတို့ မှာ ရန်ကုန်နှင့် သရက်မြို့လက်ရာများ ဖြစ်ကြသည်။ ရန်ကုန် လက်ရာမမှာ စေ့သပ်သေချာသော်လည်း ရိုး၏။ သရက် မြို့ လက်ရာမှာ စိတ်ကူးဆန်းကြယ်၏။

ရန်ကုန်နှင့် သရက်မြို့များ အပြင် မန္တလေးသည်လည်း ငွေထည်လုပ်ငန်း၌ ထင်ရှားသောမြို့ ဖြစ်သည်။ ရှမ်းလူမျိုးများလုပ်သော ငွေထည်များမှာ လက်ရာ တစ်ဘာသာကွဲပြား၍ နှစ်ခြိုက်ဖွယ်ရာရှိ၏။ မြန်မာငွေထည် လက်ရာများကို ဥရောပတိုက်သားများက အထူးပင်နှစ်သက်ကြ သဖြင့် အမြတ်တနိုး ဝယ်ယူတတ်ကြ၏။

ငွေထည်ပစ္စည်းများ လုပ်ကိုင်သည့် ငွေထည်လုပ်ငန်းကို မြန်မာနိုင်ငံတွင် မည့်သည့် အချိန်ကာလက စတင်ပြုလုပ်လာ သည်၊ ငွေထည်လုပ်ငန်း နည်းစနစ်များကို မည်သို့ရရှိလာသည် တို့ကိုမူ အတိအကျ မသိရပေ။

သို့သော် မှန်နန်းရာဇဝင်၌ အနော်ရထာမင်းလက်ထက်တွင် သထုံပြည်မှ မွေတော်မြတ်နှင့် ပိဋကတ်တော်တို့ကို ပင့်ဆောင်လာခဲ့ရာတွင် ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရန်၊ ပန်းတော့၊ ပန်းတိမ် စသည်တို့ကိုလည်း ဆောင် ယူတော်မူခဲ့သည်ဟု တွေ့ရသည်။

ယင်းသို့ မြန်မာ သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး၊ ပုဂံမြို့လေးထောင့်ကန်အရပ်၊ လေးမျက်နှာ ဘုရားကျောက်စာနှင့် ၆ဝ၃ ခုနှစ်ထိုး၊ ပုဂံမြို့ အရှေ့တောင် ယွန်းမြောက် ကူနီဘုရားကျောက်စာတို့က ပိုမို ထင်ရှားစေသည်။

 

လေးမျက်နှာဘုရားကျောက်စာတွင် ‘ရှုယ်စမခန်၊ ငုယ် စမခန်၊ ရှုယ်ပေါက် ၂၊ ငုယ်ပေါက် ၂၊ ရှုယ်တန်ဆောင်၊ ငုယ် တန်ဆောင်’ဟူ၍၎င်း၊ ‘ရှုယ် ၃ဝ သွန်သော ရှုယ်ပုရှာ ၁ ခု၊ ငုယ် ၅ဝ သွန်သော ငုယ်ပုရှာ ၁ ခု’ဟူ၍၎င်း၊ ‘ရှုယ်ထီ ငုယ်ထီအိုဝ်လေဆောင်းဧအ်’ဟူ၍၎င်း တွေ့ရပြီး ဂူနီဘုရား ကျောက်စာတွင် မိဖုရားဖွားစော၏ အလှူ စာရင်း၌ ‘ရှုယ်သပိတ် ငုယ်သပိတ်’ဟု တွေ့ရသည်။

 

ယင်းတို့ ပုဂံခေတ်အခါက ပန်းထိမ်များရှိခြင်း၊ လှူဖွယ်ပစ္စည်းများတွင် ငွေစမခန်၊ ငွေပေါက်ပေါက်၊ ငွေတန်ဆောင်း၊ ငွေဘုရား၊ငွေထီး၊ ငွေသပိတ် စသည်တို့ကို ပြုလုပ်လှူဒါန်းခြင်း စသော အမှတ် အသားများကို ထောက်ရှုခြင်းဖြင့် ပုဂံခေတ်ကပင် ငွေထည် လုပ်ငန်းမှာ တိုးတက်ထွန်းကားနေပြီဟု ယူဆရသည်။

ထိုထက်စောသော အချိန်ကာလမှ အထောက်အထားကို ရှာဖွေရာ၌ သရေခေတ္တရာခေတ်၏ ငွေထည်လုပ်ငန်းကို တွေ့ရ ၏။ ၁၉၂၆ ခုနှစ်၌ မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှ သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ) ခင်ဘားကုန်းတွင် တူးဖော် တွေ့ရှိသည့် ပစ္စည်းများထဲ၌ ငွေထည်ပစ္စည်းများလည်း ပါဝင် လေသည်။

ထိုပစ္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း တစ် ထောင့် နှစ်ရာက ဌာပနာထားဟန်တူသည်။ ယင်းငွေထည် ပစ္စည်းများကား ဘေးပတ်လည်တွင် တင်ပလ္လင်ခွေဘုရား ရုပ် ပွားလေးဆူကို ရုပ်ကြွထုလုပ်ထား၍ အလယ်တည့်တည့်မှ ဗောဓိပင် ပေါက်ဟန်ပြုလုပ်လျက် ဘုရားလေးဆူကြားတွင် မတ်ရပ်ရဟန္တာများကို ထည့်သွင်းရုပ်လုံးဖော်ထားသည့် ခေါင်း ပွငွေကြုတ်၊ လေးဖက်တွင် ဘုရားရုပ်ပွားလေးဆူပုံကို ရုပ်လုံး ဖော်ထားသည့် လေးထောင့်ငွေကြုတ်၊ ဒွာရပါလက(တံခါး စောင့်) ရုပ်ထုလုပ်ထားသော ငွေထည်ပစ္စည်းတို့ ဖြစ်သည်။

ဤငွေထည်ပစ္စည်းများသည် ထိုခေတ်၏ ငွေထည်လုပ်ငန်း၌ ကျွမ်းကျင်မှုကို ဖော်ပြလျက် ရှိသည်။ ထိုကြောင့် ငွေထည် လုပ်ငန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝ ကျော် သရေခေတ္တ ရာခေတ်လောက်ကပင် ပေါ်ပေါက်ရှိနှင့်နေလျက် ငွေထည် ပစ္စည်းများကိုလည်း ကျနကောင်းမွန်သေသပ်စွာ သရုပ်ဖော် နိုင်ပြီဟု မှန်းဆရ၏။

သို့သော် ငွေထည်ပစ္စည်းများကို ရှေး မြန်မာမင်းများ ရှိစဉ်အခါက လူတိုင်း အသုံးပြုခွင့် မရချေ။ ရွှေထည်၊ ငွေထည် အဆောင်အယောင်များကို ဘုရင့်ဆွေတော် မျိုးတော်နှင့် ဂုဏ်ထူး ရာထူးအလိုက် ဘုရင်၏ ခွင့်ပြုချက် ရရှိသူများသာ လျှင် အသုံးပြုကြရလေသည်။ နှောင်းခေတ်၌ကား ပစ္စည်းဥစ္စာ ကြွယ်ဝသူတို့က ငွေဖလား၊ ငွေကွမ်းအစ်၊ ငွေထုံး ဗူးစသည့် ငွေထည်အသုံးအဆောင်များကို ဝယ်ယူထားလေ့ရှိကြသည်။

သို့သော် ထိုငွေထည်ပစ္စည်းများကို နေ့စဉ် အသုံးမပြုဘဲ ပွဲလမ်းသဘင်၊ အလှူ၊ မင်္ဂလာအခမ်းအနားများ၌သာ အသုံးချ တတ်ကြသည်။ ယင်းသို့ အများသုံး ပစ္စည်းများဖြစ်လာသည့် အတွက် ထိုလုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့၏။ ငွေထည်လုပ်ငန်းတွင် ငွေထည်ပစ္စည်းများကို အရုပ်များ၊ ပန်းခက်ပန်းနွယ်များဖြင့် ရုပ်လုံးဖော်ကာ ထွင်းလုပ်ထားခြင်း သည် ငွေထည်လုပ်ငန်း၏ အသက်ဟု ဆိုရပေမည်။

ငွေထည် ပစ္စည်းတွင် ပန်းခက်ပန်းနွယ်၊ ဇာတ်နိပါတ်ရုပ်ပုံများကို ပစ္စည်း အလိုက် ထုလုပ်ထားတတ်၏။ အများအားဖြင့် ငွေဖလားကြီး များ၌ ဇာတ်ကြီးဆယ်ဖွဲ့မှ အခန်းများ၊ ငါးရာ့ငါးဆယ် နိပါတ် တော်လာ ရုပ်ပုံများ၊ ၁၂ ရာသီစက် အမှတ်အသားများ၊ ပန်းပုံ များကို သရုပ်ဖော်ကာ ရုပ်ကြွများအဖြစ် ထုလုပ်ထားတတ် သည်။

 

ငွေထည်လုပ်ငန်းတွင် ပညာရှင်၏ ပညာစွမ်း၊ လက်ရာ စွမ်းကို ဆုံးဖြတ်ရာ၌ ငွေထည်ပစ္စည်း၏ ပုံပန်းသရုပ်ဖော်ထား သော ပန်းခက်ပန်းနွယ် ရုပ်ပုံများကို အနုစိတ်နိုင်နင်းခြင်း၊ သရုပ်ပေါ်အောင် ဖော်နိုင်ခြင်းနှင့် ရုပ်လုံးဖော်နိုင်ခြင်းတို့ကို ကြည့်ရှု ဆုံးဖြတ်တတ်ကြသည်။

ထိုကြောင့် ရှေးအခါက ငွေ ဖလားကြီးတွင် ပတ်လည်အပြည့်မျှ ပန်းခက် ပန်းနွယ်၊ ခြူး ကနုတ်၊ ယိုးဒယားပန်းများ၊ ရုပ်လုံးများဖြင့် လက်စွမ်းပြ ထားတတ်သည်။

တစ်ခါတစ်ရံ ငွေဖလားကြီး၏အပေါ်ပိုင်းတွင် သဇင်ခွေ၊ ကုလားပန်း၊ ခြူးတက်များကို ပေါင်းစပ်လျက် အလယ်ပိုင်း၌ ဇာတ်နိပါတ်လာ ရုပ်ပုံများကို သရုပ်ဖော်၍ ဖလား၏ အောက်ခြေတွင် မှော်ရွက်များဖြင့် လက်စွမ်းပြ တတ်၏။

ယင်းသို့ သရုပ်ဖော်ရာတွင် ပညာရှင်၏ ဉာာဏ်စွမ်း လက်စွမ်းအလိုက် တစ်ဦးနှင့်တစ်ဦး တစ်ခုနှင့်တစ်ခု မတူ၊ ထူးခြားချက်များ ရှိတတ်သည်။

ထိုငွေထည်လုပ်ငန်းမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်း လှ၏။ ငွေထည်ပစ္စည်းများလုပ်ရာတွင် လုပ်မည့်ပစ္စည်းအတန်း အစားအလိုက် ဘော်ခေါ်မည့် အကောင်းဆုံးငွေ ၉၉ ဒသမ ၅၊ ၉၄ ဒသမ ၅၊ ၈၉ ဒသမ ၅ စသည့် ရာခိုင်နှုန်းပါရှိသည့် ငွေများတွင် ကြေးနီအကောင်းစား အနည်းငယ်ထည့်၍ လုပ်ကိုင် တတ်ကြသည်။

ဘော်ချည်းသက်သက်ဖြင့် ပြုလုပ်သော ငွေ ထည်များမှာ အလွန်ပျော့ပျောင်းသဖြင့် သုံးစွဲရာတွင် အထိ အခိုက်မခံတတ်ချေ။ ထိုကြောင့် သုံးစွဲရာ၌ ခိုင်ခံ့ရန် ကြေးနီ ထည့်ရခြင်း ဖြစ်၏။ ဘော်ငွေကို ကြေးနီနှင့်အတူ မြန်မာဖြစ် မြေလုံ သို့မဟုတ် နိုင်ငံခြားဖြစ် ချော်လုံတို့တွင်ထည့်၍ မီးသွေး ဖုံးကာ၊ အသားမာမီးသွေး နှစ်အုပ်၊ သုံးအုပ်မျှဖြင့် ဖို၌ မီးပြင်း ထိုးပေးရသည်။

 

မီးသွေးတစ်အုပ်လျှင် ၁၅ မိနစ်ခန့်ကြာရာ မိနစ် ၃ဝ မှ ၄၅ မိနစ်အတွင်းတွင် လုံတွင်းရှိငွေမှာ အရည် ပျော်လာလေသည်။ ထိုငွေရည် ကြည်လင်စေရန် ဇာဝက်သာ အနည်းငယ် ထည့်ပေးရ၏။ ငွေရည်ကြည်လင်လာသောအခါ ပူအောင်မီးကင်၍ ရေနံဆီ၊ ဖယောင်း၊ တစ်ခုခုဖြင့် အနည်းငယ် သုတ်ထားသောအဝ ၈ လက်မမှ ၁ဝ လက်မအတွင်းရှိ သံဒယ် ပက်ထဲသို့ ငွေရည်ကိုလောင်းထည့်လိုက်လျှင် ငွေခဲ၊ ငွေခွက် ဖြစ်လာသည်။

 

ထိုငွေခဲငွေခွက်ကို ည|ပ်ဖြင့်ယူ၍ သံပေတုံး ပေါ်တွင်တင်ကာ အလိုရှိရာ ပုံသဏ္ဌာန် အရွယ်အစားရရှိအောင် တူအမျိုးမျိုးဖြင့် ခတ်ခြင်း၊ မီးဖုတ်ခြင်းတို့ကို အကြိမ်ပေါင်းများ စွာ ပြုရ၏။ ထိုသို့ တူခတ်ခြင်းဖြင့် အလိုရှိရာပစ္စည်းဖြစ်အောင် လုပ်ရလေသည်။ ယင်းသို့ လုပ်ပြီးသည့်ပစ္စည်းကို အဖြူထည်ဟု ခေါ်၏။

အဖြူထည်လုပ်သည့် ငွေပန်းတိမ်ထည်ကို အဖြူထည် ဆရာဟု ခေါ်သည်။ အဖြူထည်ကို ကျင်လည်စွာ လုပ်နိုင်ရန် ၂ နှစ်မှ ၃ နှစ်အထိ သင်ကြားရသည်။ ထိုအဖြူထည်ပစ္စည်းကို ပန်း၊ အရုပ်များထုလုပ်ရန် ပန်းထု ဆရာလက်သို့ အပ်ရ၏။ ပန်းထုဆရာမှာ အနုပညာဖြစ်၍ ကျင် လည်စွာ တတ်မြောက်ရန် ၃ နှစ်မှ ၅ နှစ်အထိ ဝီရိယကောင်း စွာ အားထုတ်သင်ကြားရသည်။

 

အဖြူထည်ကို ပန်းထုရန် အင်တွဲ တစ်ပိသာလျှင် ရေနံ ၂၅ ကျပ်သား၊ မြေနီ ၁၂ကျပ် သားတို့ဖြင့် ရောစပ်ကျိုချက်သည့် ချိပ်ရည်ဖြင့် အဖြူထည် ထဲသို့ လောင်း ထည့်လျက် လက်ကိုင်ရန် သစ်သားတစ်ခုကို စိုက်ထားရ၏။ လောင်းပြီး ၁ဝ နာရီခန့်အကြာတွင် ချိပ်ရည် အေးသွားလေသည်။ ထိုအခါ အလိုရှိသော ပန်းရွက်ပန်းကွက်၊ ဇာတ်ထုပ် ဇာတ်ကွက်များကို ခဲတံဖြင့် ရေးဆွဲရ၏။

စိတ်ကြိုက် ပုံများ ရေးဆွဲပြီးသောအခါ ပုံများ ပျက်မသွားစေရန် ကောက် ဆောင် ခေါ်သော အသေးဆုံး ဆောက်ကလေးများဖြင့် ဆောက် ကြောင်း ကောက်ရသည်။ ဆောက်ကြောင်းကောက်ပြီးလျှင် အတွင်းရှိ ချိပ်များကို မီးမြိုက်ကာ ထုတ်ပစ်ရ၏။ ထိုနောက် အထည် ပစ္စည်းအတွင်းဖက်မှ ကျည်ပွေ့ခေါ် ဆောက်များဖြင့် ဖောင်းကြွစေလိုသော ပန်းများ၊ အရုပ်များကို ထုရိုက်၍ ဖော် ပေးရသည်။

ယင်းသို့ပုံများကို ဖော်ပြီးသောအခါ အထည် ပစ္စည်းအတွင်းသို့ ချိပ်ရည်ကို တစ်ဖန် ထည့်ရပြန်သည်။ ချိပ်အေးသွားလျှင် ဆောက်အမျိုးမျိုးတို့ဖြင့် အရုပ်များ ပန်းများ ကို သဘာဝ ပေါ်အောင် အကြမ်းထုလုပ်ရ၏။ ပုံကြမ်းများ ဖော်ပြီးလျှင် ချိပ်ကို တစ်ဖန် ထုတ်ပစ်ရပြန်သည်။ ချိပ်ထုတ် ပြီးနောက် ငွေထည်ကို သံကောက်ပေါ်တင်လျက် တွန့်လိမ်နေ သော နေရာများကို ပြေပြစ်အောင် နင်းပြားခေါ် ဆောက်များ ဖြင့် ထုလုပ်ပေးရ၏။

ဤလုပ်ငန်းပြီးလျှင် နောက်ဆုံးအကြိမ် ချိပ်ရည်လောင်း၍ ထည့်ရပြန်သည်။ ဤအကြိမ်တွင် ပန်းထု ဆရာသည် စိတ်ကိုကြည်လင်စွာထားလျက် အာရုံစိုက်ကာ ပန်းများ၊ အရုပ်များကို အနုစိတ် ထုလုပ်ရသည်။ ယင်းသို့ နောက်ဆုံးအပြီးသတ် အနုစိတ်လျက် ပန်းကွက်ပန်းနွယ်၊ အရုပ် များကို သပ်ရပ် သေချာစွာ ဖော်ပြီးနောက် ချိပ်ကို ချွတ်လိုက် ရသည်။

ထိုသို့ ပန်းထုပြီးသော ပစ္စည်းကို အဖြူထည်ဆရာလက်သို့ တစ်ဖန် ပြန်လည် ပေးအပ်လိုက်ရ၏။ အဖြူထည်ဆရာက ငွေ ထည်ပစ္စည်းကို နောက်ဆုံးအရောင်တင်ပြီးအထိ လုပ်ကိုင်ရ သည်။ အဖြူထည်ဆရာသည် ပန်းထုပြီး ပစ္စည်းကို ပုံပန်း အချိုးအစား ကျနစေရန် ပြုပြင်ပေးခြင်း၊ ပန်းထုစဉ်ကဖြစ်သော အပေါက်အပြဲများကို ဖာထေးဂဟေဆော်ခြင်း၊ ချောမွှတ်အောင် တံစင်း၊ ကော်ဖတ်များဖြင့် တိုက်စားခြင်းတို့ကို ပြုလုပ်ရသည်။

ထိုသို့ အပြီးသတ်ဆောင်ရွက်ပြီးနောက် ပစ္စည်းကို အရောင်တင် ရလေသည်။ အရောင်တင်ရာ၌ ရှေးဦးစွာ ပစ္စည်းကို မီးဖုတ်၍ ကြေးသွားပွတ်တံနှင့်တိုက်လျက် ကျန်ရှိနေသော ချိပ်များကို စင်အောင်ဆေးရသည်။ ထိုနောက် တစ်ဖန် မီးနပ်အောင်ဖုတ်ပြီး လျှင် ကြေးနီအိုးဖြင့်ကျိုထားသော ကျောက်ချည် ရည်ထဲသို့ ထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂ဝ မျှကြာအောင်ပြုတ်ရ၏။

ဤသို့ ပြုတ်ခြင်းအားဖြင့် အညစ်အကြေးများ ကင်းစင်လျက် ဖြူဖွေးသော နဂိုငွေရောင်သို့ ပြောင်းလာသည်။ အကယ်၍ အရောင်ညစ်နေသေးလျှင် နောက်ထပ် နှစ်ကြိမ် သုံးကြိမ်မျှ ရှေးနည်းအတိုင်း မီးဖုတ်၍ ကျောက်ချဉ်ရည်ဖြင့် ပြုတ်ခြင်းဖြင့် လိုရာအရောင်အထိ ဖြစ်လာနိုင်သည်။

ကျောက်ချဉ်ရည်ကို အသုံးမပြုလိုသူများမှာမူ ကန့်စားငရဲမီးတစ်ဆကို ရေ ၁၅ ဆမှ အဆ ၂ဝ ထိရော၍ ကြွေသို့မဟုတ် စဉ့်သုတ်ခွက်ကြီးတစ်ခု တွင်ထည့်ကာ မီးဖုတ်ပြီး အထည်ကို ထိုအရည်တွင် တစ်နာရီ၊ နှစ်နာရီမျှ စိမ်ထားရ၏။

 

ယင်းသို့ စိမ်ခြင်းဖြင့် ကျောက်ချဉ် ရည်တွင် စိမ်သည့်နည်းတူ ငွေရောင်ကို ရရှိနိုင်သည်။ ကြိုက် ရောင်ရရှိလာသည့်အခါတွင် ကုလားကင်ပွန်းသီး ပြုတ်ရေနှင့် စပ်ထားသော ရေဖြင့် အထည်ကို ဆွတ်လျက် ကြေးသွား ပွတ်တံနှင့် တိုက်၍ပေးရသည်။ ထိုအခါ ငွေထည်မှာ တောက် ပြောင်၍ လာလေသည်။

မိလ္လာထည်

ငွေထည်လုပ်ငန်း၏ တစိတ်ဒေသဖြစ်သော မိလ္လာထည်လုပ်ငန်း ကို မြန်မာငွေပန်းထိမ်သည် အမြောက်အမြားပင် တတ်မြောက် ကြ၏။ သို့သော် မီးပူခံ၊ ကန့်ညော်ခံ၍ လုပ်ရသောကြောင့် အနည်းငယ်သာ လုပ်ကိုင်ကြသည်။

 

မိလ္လာထည်တွင် ရုပ်ပုံ ပန်းပုံများမှာ အမည်းခံလျက် ငွေကြောင်းလိုက်၍ ရေးသား ထားသကဲ့သို့ သဏ္ဌာန်ပေါ်ထွက်နေစေသည်။ မိလ္လာနှင့်လုပ် သော အထည်များမှာ ဖလား၊ ထုံးဗူး၊ ဓားရိုး စသည်များ ဖြစ်သည်။ မိလ္လာဖော်သည့်အခါ ခဲနှစ်ဆ၊ ငွေတဆ၊ ကြေးနီတစ်ဆ ရောစပ်၍ အရည်ဖြစ်အောင် မီးပြင်းထိုးလျက် သင့်လျော်ရုံ ကန့်ပစ်ရသည်။

မိလ္လာမြုပ်သည့်အခါ အထူလက် မသုံးပုံ တစ်ပုံ ခန့်ရှိ ငွေထည်ကို အပြားခတ်၍ ပန်းပုံရုပ်ပုံများကို ရေးသားထု လုပ်ပြီးနောက် ရုပ်လုံးထုပြီးသား နေရာများကို ချန်လှပ်ကာ ကျန်နေရာများကို နင်းချရသည်။ ဖော်ထားသော မိလ္လာကို မှုန့်မှုန့် ကြိတ်၍ လက်ချားနှင့်ရောလျက် နင်းချထားသော နေရာများတွင် လိုက်ထည့်ရသည်။

မိလ္လာမှုန့် ထည့်ပြီးလျှင် သံအိမ်တွင် ထည့်၍ မီးပြင်းထိုးရ၏။ ထိုအခါ အရည်ဝင်၍ မိလ္လာမြုပ်ပြီး ဖြစ်လေသည်။ ထိုနောက်မြုပ်ရာများကို ချော အောင် တံစင်း၊ ကော်ဖတ်၊ မီးသွေးမှုန့်နှင့် အဆင့်ဆင့် တိုက် ပွတ်၍ နောက်ဆုံးတွင် ငွေထည်ကို အရောင်တင်သကဲ့သို့ အရောင်တင်ရသည်။

ငွေထည်ပုံများ

ခေတ်အသီးသီး၌ ထွန်းကားခဲ့သော မြန်မာ့ငွေထည်လက်ရာများကို နမူနာမျှ ဖော်ပြလိုပေသည်။ ဤအကြောင်းရပ်နှင့် တွဲ၍ ပုံပေါင်း ၁၁ ပုံ ဖော်ပြထားသည်။ ယင်းတို့အနက် ပုံအမှတ် ၁ မှာ ၁၉၂၆ ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်း ခင်ဘားကုန်းမှ တူးဖော်တွေ့ရှိသော ဗောဓိပင် ပေါက်နေ ပုံသဏ္ဌာန်ရှိသည့် ငွေခေါင်းပွကြုတ်ဖြစ်သည်။ ဘေးပတ် လည်တွင် တင်ပလ္လင်ခွေ ဘုရားရုပ်ပွားတော် ရုပ်ကြွ လေးဆူထုလုပ်ထားသည်။

ဘုရားရုပ်ပွားတော် လေးဆူ၏ အကြားတွင် မတ်ရပ် ရဟန္တာများကို ရုပ်ကြွများ ပြုလုပ်လျက် ဘုရားဘွဲ့မည်များနှင့် ရဟန္တာဘွဲ့မည်များကို ပျူအက္ခရာဖြင့် ကမ္ပည်းထိုး ရေးထားသည်။ ဗောဓိပင်မှာ ပင်စည်တစ်ပိုင်းသာ ကျန်ရစ်သည်။

 

အကိုင်းအခက်များ ကြွေကျပျောက်ပျက်ကုန်ပြီ ဖြစ်၏။ ယင်းဗောဓိပင် ငွေကြုတ်မှာ သရေခေတ္တရာခေတ် လောက်က ပြုလုပ်သော လက်ရာဟု ယူဆရ၏။ ပုံအမှတ် ၂ မှာ ၁၈ နှင့် ၁၉ ရာစုအတွင်းက လက်ရာများ ဖြစ်၏။ ထိုပုံပါဖလားများကို အမှတ်စဉ်ပေးထားသည်။

အမှတ် (၁)နှင့် (၂) ဖလားများသည် ပုံတွင်ပါသော ဖလားများအားလုံး အနက် ရှေးအကျဆုံးဖြစ်သည်။ ထိုရှေးကျသော ဖလားနှစ်လုံး သည် ခရစ် ၁၇ဝဝ နှင့် ၁၈ဝဝ ပြည့်နှစ်အတွင်းက လုပ်ကိုင်ခဲ့ သည့် ဖလားများနှင့် လက်ရာချင်း စံနစ်ချင်း တူသည်။ ရုပ်ပုံ ပန်းပုံကောင်းစွာ မပေါ်သော်လည်း နှစ်မီးဖော်မှ ယခုကဲ့သို့ ဖြစ်အောင် လုပ်ကိုင်၍ ရနိုင်ရန် ရှိသည်။

 

အမှတ် (၃)၊ (၄)၊ (၅) ဖလားများမှာ ခရစ် ၁၈ဝဝ နှင့် ၁၉ဝဝ ပြည့်နှစ်အကြား လွန်ခဲ့သည့်နှစ်ပေါင်း ၁ဝဝ ခန့်လောက်က လုပ်ကိုင်ခဲ့သည်ဟု ယူဆရ၏။ ထိုဖလားများတွင် ရုပ်ပုံပန်းပုံများမှာ ပို၍ ပေါ် သော်လည်း တမီးတည်းဖော်သောကြောင့် အလွန်ကြမ်း၏။

အဆင်အပြင်မှာ အလွန်ကောင်းသည်။ အမှတ် (၆) နှင့် (၇) ဖလားများမှာ တစ်ခေတ်တည်းလုပ် ဖလားများဖြစ်၏။ တစ်ဆဲ့နှစ်ရာသီရုပ်များကို ထုလုပ်လျက် မြန်မာဘုရင်မင်းတို့ ဦးခေါင်းဆေးလျှော် သင်္ကြန်တော်ခေါ်သည့် အခါမျိုးတွင် သုံးသော ဖလားစနစ်ပုံမျိုးများ ဖြစ်သည်။ ထိုအချိန်က အကောင်းဆုံးသောဖလား ဖြစ်ဟန်တူသည်။ ပုံအမှတ် ၃ မှာ ဇာပေါက်ဖလားဖြစ်၏။

ထိုဇာပေါက်ဖလား ကို ၁၈၈၅ ခုနှစ်လောက်က ရန်ကုန်မြို့မှ ဦးရွှေရုံဆိုသူက စနစ် ထုတ် ထုလုပ်ခဲ့သည်။ ထိုဇာပေါက်ဖလားမှာ ထုလုပ်သမျှသော ဇာပေါက်ဖလားများအနက် အကောင်းဆုံးဖြစ်၏။ ပန်းပုံမှာ သဇင်နွယ်၊ ကုလားပန်း၊ ခြူးတက် သုံးမျိုးရောစပ်သော ပန်းပုံ ဖြစ်သည်။

ပန်းတစ်မျိုးတည်းနှင့် ရိုး၍မနေရန် ပန်း အမျိုးမျိုး ရောစပ်၍ ထုလုပ်နိုင်သော ပညာကို မြန်မာငွေပန်းထိမ်တို့သည် များစွာ နှစ်သက်ကြလေသည်။ ဖလားအောက်ပန်းမှာ မှော်လှည့် ၍ ရစ်သောပန်း ဖြစ်သည်။ ထိုပညာရှင် ဦးရွှေရုံမှာ ဗြိတိသျှ ခေတ် ဘုရင့်အင်ဂျင်နီယာတပ်အတွက် ထူးဆန်း ကောင်းမွန် သော အထည်တစ်ခုကို ထုလုပ်ပြီးနောက် မကြာမီ ၁၈၈၉ ခုနှစ်တွင် အနိစ္စရောက်လေသည်။

ပုံအမှတ် ၄ မှာ ၁၈၈၅ ခုနှစ်လောက်က ဦးဘိုးသက်ဆိုသူ လုပ်သော ငွေဆွမ်းအုပ်ပုံ ဖြစ်၏။ ဆွမ်းအုပ်ကို စေတီပုံမျိုး ပြုလုပ်ထားသည်။ ဤပုံဆွမ်းအုပ်မျိုးမှာ မြန်မာဘုရင်တို့ ဘုရား ဆွမ်းတော်တင်ရန်သုံးသော ပုံမျိုးဖြစ်လေသည်။ မြန်မာငွေထည် လုပ်ငန်းတွင် ပညာစွမ်းကိုပြနိုင်သော လက်ရာကောင်းတစ်ခု ဖြစ်သည်။

ပုံအမှတ် ၅ မှာ ၂ဝ ရာစုနှစ်အစလောက်တွင် ရွှေတံဆိပ် တော်ရ ပညာရှင် ဦးရင်မောင် ထုလုပ်သော ငွေဒေါင်းပေါင် (ငွေလင်ပန်းငယ်) ဖြစ်သည်။ ပုံအမှတ် ၆ မှာ ငွေထုံးဗူးနှင့် ငွေဖလားဖြစ်၍ ၁၉ဝ၂ ခုနှစ်တွင် ကျင်းပသော ပြည်နယ် အနုပညာပြိုင်ပွဲတွင် ဆုရ သောလက်ရာ ဖြစ်သည်။

ထိုပစ္စည်းနှစ်မျိုးလုံးသည် ရန်ကုန်မြို့ ပညာရှင်တို့၏ စေ့စပ် သေချာမှုကို ပြလေသည်။ ငွေထုံးဗူး တွင် ဖော်ထားသော သေးငယ်လှသည့် ရုပ်ပုံပန်းပုံများကို အခြား ဒေသမှ ပညာရှင်များပင် တတ်နိုင်စွမ်း မရှိအောင် အသေးစိတ် သေသပ်လှ၏။ ပုံအမှတ် ၇ သည် နယူးဒေလီမြို့တွင် ထိုခေတ်က ကျင်းပ သော ပြပွဲ၌ မြန်မာပြည်မှပေးပို့သော မြန်မာငွေထည် လက်ရာ များ ဖြစ်၏။

 

ထိုငွေထည်များမှာ ရာမဇာတ်မှ ဇာတ်ကောင်များ ဖြစ်သည်။ အောက်ဆုံးတန်းရှိ လက်ဝဲအစွန်ပုံမှာ ရာမရုပ်ဖြစ်၍ လက်ယာအစွန်ရှိ ငွေထည်ရုပ်မှာ သီတာရုပ်ဖြစ်သည်။ အလယ် ရုပ်သည် ရာမ၏အကြံပေး ဝါမီကီ ဖြစ်သည်။ အလယ်တန်းရှိ လကျာ်ဖက်ရုပ်မှာ သိန်းခိုပြည့်ရှင်ဒဿဂီရိဘီလူးရုပ်ဖြစ်၏။ လက်ဝဲရုပ်မှာ ဒဿဂီရိ၏ နှမဂမ္ဘီရုပ် ဖြစ်သည်။ ထိပ်ဆုံးပုံမှာ ဟနုမာန်မျောက်မင်းရုပ်ပုံ ဖြစ်သည်။ ငွေထည်ရုပ် အသီးသီးမှာ ဟန်မူရာ အသက်ပါ၍ လက်ရာကောင်းသည်ဟု ဆိုရ ပေမည်။

 

ပုံအမှတ် ၈ မှာ ၁၉ဝ၄ ခုနှစ်တွင် မန္တလေးမြို့မှ ဦးကြင် လုပ်သော ငွေဖလားပုံ ဖြစ်၏။ ဦးကြင်မှာ သရက်မြှို့လက်ရာ ဖြစ်သော ငွေထည်ပညာကို တတ်မြောက်သူ ဖြစ်ပေသည်။ ထိုခေတ်က လက်ရာကောင်းငွေထည် ဖြစ်သည်။

 

ပထမဆုရသောပုံအမှတ် ၉ မှာ ၁၉ဝ၄ ခုနှစ်တွင် ဦးရွှေဝ ထုလုပ်သည့် ငွေထည်ပစ္စည်းပုံ ဖြစ်သည်။ ယင်း၏ ပန်းပုံ၊ အရုပ်ပုံများသည် ပညာရှင်၏ လက်စွမ်းကို ဖော်ပြလျက် ရှိသည်။ ပုံအမှတ် ၁ဝ မှာ ငွေထည်လုပ်ငန်းနှင့် ငွေထည်လုပ်ငန်း၌ အကျုံးဝင်သော မိလ္လာထည်ကို ပြသည်။

ငွေအိမ်စွပ် ဓားမြေ|ာင် များသည် နယူးဒေလီမြို့ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ဆရာများ၏ တပည့်တို့ကို တောင်ငူနှင့် ရွှေကျင်မြို့များတွင် လုပ်သော လက်ရာများ ဖြစ်သည်။ အလယ်မှဓားကို ပဲခူးမြို့မှ ဦးဘိုးဇင် လုပ်၏။ ထိုဓားမြှောင်ရိုးမှာ ဆယ်စွယ်ရိုးဖြစ်၍ ဓားအိမ်မှာ သစ်သားအိမ်ဖြစ်၏။ ဓားအိမ်ကို ငွေဖြင့်ခွေ၍ မိလ္လာလုပ်ငန်း လက်ရာကောင်းကို အစွမ်းပြထားလေသည်။

ပုံအမှတ် ၁၁ မှာ ၁၉ ရာစုမှ ၂ဝ ရာစုအကူးတွင် ထင်ရှား ခဲ့သော မြန်မာငွေထည်ပညာရှင်များ၏ပုံ ဖြစ်သည်။ ထိုပညာ ရှင်များမှာ လက်ဝဲမှ လက်ယာသို့ အစဉ်အတိုင်းအားဖြင့် ဦးရင်မောင်(နယူးဒေလီမြို့ ရွှေတံဆိပ်ရ)၊ ဦးသူလှိုင်၊ဦးဘိုးကျော် (နယူးဒေလီမြို့ ကြေးတံဆိပ်ရ)၊ ဦးဘိုးမြင့်၊ ဦးဘိုးသက် (ဂျေပူးမြို့ ရွှေတံဆိပ်နှင့် ကာလကတ္တားမြို့ ငွေတံဆိပ်ရ)၊ ဦးဘိုးခင် (ဒေလီမြို့ ငွေတံဆိပ်ရ)၊ ဦးရွှေဝနှင့် ဦးဘိုးဇင်တို့ ဖြစ်ကြသည်။

credit

 

zawgyi

တေခတ္တခါက ကမာၻ႔ထိပ္တန္းမွာ ရပ္တည္ခဲ့တဲ့ “ျမန္မာ့ ေငြထည္လုပ္ငန္း ” အေၾကာင္း

 

 

ေငြထည္လုပ္ငန္း

ျမန္မာတို႔၏ ေငြထည္လုပ္ငန္းသည္ ဂုဏ္ယူဖြယ္ရာ ျဖစ္ေသာ ျမန္မာ့လက္မႈပညာတရပ္ ျဖစ္၏။ ထိုလက္မႈ ပညာကို ျမန္မာ့အသုံးအေဆာင္ျဖစ္ေသာ ကြမ္းအစ္၊ ထုံးဗူး၊ ဖလား၊ ဆြမ္းအုပ္၊ ဓားရိုး စသည္တို႔ကို ျပဳလုပ္ရာ၌ အသုံး ျပဳၾကသည္။

ေငြထည္လုပ္ငန္းမွာ ပထမကမာၻစစ္ မျဖစ္မီအခါ ကပင္ေက်ာ္ ေစာခဲ့၏။ ထိုေခတ္က နယူးေဒလီၿမိဳ႕၌ က်င္းပ ေသာ ျပပြဲမ်ားတြင္ ျမန္မာေငြထည္လက္ရာမ်ားသည္ ထိပ္တန္း ၌ တည္ရွိခဲ့သည္။

ျမန္မာေငြထည္လုပ္ငန္း၌ လက္ရာႏွစ္မ်ိဳးရွိသည္။ ယင္းတို႔ မွာ ရန္ကုန္ႏွင့္ သရက္ၿမိဳ႕လက္ရာမ်ား ျဖစ္ၾကသည္။ ရန္ကုန္ လက္ရာမမွာ ေစ့သပ္ေသခ်ာေသာ္လည္း ရိုး၏။ သရက္ ၿမိဳ႕ လက္ရာမွာ စိတ္ကူးဆန္းၾကယ္၏။

ရန္ကုန္ႏွင့္ သရက္ၿမိဳ႕မ်ား အျပင္ မႏၲေလးသည္လည္း ေငြထည္လုပ္ငန္း၌ ထင္ရွားေသာၿမိဳ႕ ျဖစ္သည္။ ရွမ္းလူမ်ိဳးမ်ားလုပ္ေသာ ေငြထည္မ်ားမွာ လက္ရာ တစ္ဘာသာကြဲျပား၍ ႏွစ္ၿခိဳက္ဖြယ္ရာရွိ၏။ ျမန္မာေငြထည္ လက္ရာမ်ားကို ဥေရာပတိုက္သားမ်ားက အထူးပင္ႏွစ္သက္ၾက သျဖင့္ အျမတ္တနိုး ဝယ္ယူတတ္ၾက၏။

ေငြထည္ပစၥည္းမ်ား လုပ္ကိုင္သည့္ ေငြထည္လုပ္ငန္းကို ျမန္မာနိုင္ငံတြင္ မည့္သည့္ အခ်ိန္ကာလက စတင္ျပဳလုပ္လာ သည္၊ ေငြထည္လုပ္ငန္း နည္းစနစ္မ်ားကို မည္သို႔ရရွိလာသည္ တို႔ကိုမူ အတိအက် မသိရေပ။

သို႔ေသာ္ မွန္နန္းရာဇဝင္၌ အေနာ္ရထာမင္းလက္ထက္တြင္ သထုံျပည္မွ ေမြေတာ္ျမတ္ႏွင့္ ပိဋကတ္ေတာ္တို႔ကို ပင့္ေဆာင္လာခဲ့ရာတြင္ ပန္းပု၊ ပန္းပြတ္၊ ပန္းခ်ီ၊ ပန္းရန္၊ ပန္းေတာ့၊ ပန္းတိမ္ စသည္တို႔ကိုလည္း ေဆာင္ ယူေတာ္မူခဲ့သည္ဟု ေတြ႕ရသည္။

ယင္းသို႔ ျမန္မာ သကၠရာဇ္ ၅၈၅ ခုႏွစ္ထိုး၊ ပုဂံၿမိဳ႕ေလးေထာင့္ကန္အရပ္၊ ေလးမ်က္ႏွာ ဘုရားေက်ာက္စာႏွင့္ ၆ဝ၃ ခုႏွစ္ထိုး၊ ပုဂံၿမိဳ႕ အေရွ႕ေတာင္ ယြန္းေျမာက္ ကူနီဘုရားေက်ာက္စာတို႔က ပိုမို ထင္ရွားေစသည္။

 

ေလးမ်က္ႏွာဘုရားေက်ာက္စာတြင္ ‘ရႈယ္စမခန္၊ ငုယ္ စမခန္၊ ရႈယ္ေပါက္ ၂၊ ငုယ္ေပါက္ ၂၊ ရႈယ္တန္ေဆာင္၊ ငုယ္ တန္ေဆာင္’ဟူ၍၎၊ ‘ရႈယ္ ၃ဝ သြန္ေသာ ရႈယ္ပုရွာ ၁ ခု၊ ငုယ္ ၅ဝ သြန္ေသာ ငုယ္ပုရွာ ၁ ခု’ဟူ၍၎၊ ‘ရႈယ္ထီ ငုယ္ထီအိုဝ္ေလေဆာင္းဧအ္’ဟူ၍၎ ေတြ႕ရၿပီး ဂူနီဘုရား ေက်ာက္စာတြင္ မိဖုရားဖြားေစာ၏ အလႉ စာရင္း၌ ‘ရႈယ္သပိတ္ ငုယ္သပိတ္’ဟု ေတြ႕ရသည္။

 

ယင္းတို႔ ပုဂံေခတ္အခါက ပန္းထိမ္မ်ားရွိျခင္း၊ လႉဖြယ္ပစၥည္းမ်ားတြင္ ေငြစမခန္၊ ေငြေပါက္ေပါက္၊ ေငြတန္ေဆာင္း၊ ေငြဘုရား၊ေငြထီး၊ ေငြသပိတ္ စသည္တို႔ကို ျပဳလုပ္လႉဒါန္းျခင္း စေသာ အမွတ္ အသားမ်ားကို ေထာက္ရႈျခင္းျဖင့္ ပုဂံေခတ္ကပင္ ေငြထည္ လုပ္ငန္းမွာ တိုးတက္ထြန္းကားေနၿပီဟု ယူဆရသည္။

ထိုထက္ေစာေသာ အခ်ိန္ကာလမွ အေထာက္အထားကို ရွာေဖြရာ၌ သေရေခတၱရာေခတ္၏ ေငြထည္လုပ္ငန္းကို ေတြ႕ရ ၏။ ၁၉၂၆ ခုႏွစ္၌ ျမန္မာနိုင္ငံ ကမၸည္းေက်ာက္စာဌာနမွ သေရေခတၱရာၿမိဳ႕ေဟာင္း(ေမွာ္ဇာ) ခင္ဘားကုန္းတြင္ တူးေဖာ္ ေတြ႕ရွိသည့္ ပစၥည္းမ်ားထဲ၌ ေငြထည္ပစၥည္းမ်ားလည္း ပါဝင္ ေလသည္။

ထိုပစၥည္းမ်ားမွာ လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ ေထာင့္ ႏွစ္ရာက ဌာပနာထားဟန္တူသည္။ ယင္းေငြထည္ ပစၥည္းမ်ားကား ေဘးပတ္လည္တြင္ တင္ပလႅင္ေခြဘုရား ႐ုပ္ ပြားေလးဆူကို ႐ုပ္ႂကြထုလုပ္ထား၍ အလယ္တည့္တည့္မွ ေဗာဓိပင္ ေပါက္ဟန္ျပဳလုပ္လ်က္ ဘုရားေလးဆူၾကားတြင္ မတ္ရပ္ရဟႏၲာမ်ားကို ထည့္သြင္း႐ုပ္လုံးေဖာ္ထားသည့္ ေခါင္း ပြေငြၾကဳတ္၊ ေလးဖက္တြင္ ဘုရား႐ုပ္ပြားေလးဆူပုံကို ႐ုပ္လုံး ေဖာ္ထားသည့္ ေလးေထာင့္ေငြၾကဳတ္၊ ဒြာရပါလက(တံခါး ေစာင့္) ႐ုပ္ထုလုပ္ထားေသာ ေငြထည္ပစၥည္းတို႔ ျဖစ္သည္။

ဤေငြထည္ပစၥည္းမ်ားသည္ ထိုေခတ္၏ ေငြထည္လုပ္ငန္း၌ ကြၽမ္းက်င္မႈကို ေဖာ္ျပလ်က္ ရွိသည္။ ထိုေၾကာင့္ ေငြထည္ လုပ္ငန္းသည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၂ဝဝ ေက်ာ္ သေရေခတၱ ရာေခတ္ေလာက္ကပင္ ေပၚေပါက္ရွိႏွင့္ေနလ်က္ ေငြထည္ ပစၥည္းမ်ားကိုလည္း က်နေကာင္းမြန္ေသသပ္စြာ သ႐ုပ္ေဖာ္ နိုင္ၿပီဟု မွန္းဆရ၏။

သို႔ေသာ္ ေငြထည္ပစၥည္းမ်ားကို ေရွး ျမန္မာမင္းမ်ား ရွိစဥ္အခါက လူတိုင္း အသုံးျပဳခြင့္ မရေခ်။ ေ႐ႊထည္၊ ေငြထည္ အေဆာင္အေယာင္မ်ားကို ဘုရင့္ေဆြေတာ္ မ်ိဳးေတာ္ႏွင့္ ဂုဏ္ထူး ရာထူးအလိုက္ ဘုရင္၏ ခြင့္ျပဳခ်က္ ရရွိသူမ်ားသာ လွ်င္ အသုံးျပဳၾကရေလသည္။ ေႏွာင္းေခတ္၌ကား ပစၥည္းဥစၥာ ႂကြယ္ဝသူတို႔က ေငြဖလား၊ ေငြကြမ္းအစ္၊ ေငြထုံး ဗူးစသည့္ ေငြထည္အသုံးအေဆာင္မ်ားကို ဝယ္ယူထားေလ့ရွိၾကသည္။

သို႔ေသာ္ ထိုေငြထည္ပစၥည္းမ်ားကို ေန႕စဥ္ အသုံးမျပဳဘဲ ပြဲလမ္းသဘင္၊ အလႉ၊ မဂၤလာအခမ္းအနားမ်ား၌သာ အသုံးခ် တတ္ၾကသည္။ ယင္းသို႔ အမ်ားသုံး ပစၥည္းမ်ားျဖစ္လာသည့္ အတြက္ ထိုလုပ္ငန္းမွာ ဖြံ႕ၿဖိဳးလာခဲ့၏။ ေငြထည္လုပ္ငန္းတြင္ ေငြထည္ပစၥည္းမ်ားကို အ႐ုပ္မ်ား၊ ပန္းခက္ပန္းႏြယ္မ်ားျဖင့္ ႐ုပ္လုံးေဖာ္ကာ ထြင္းလုပ္ထားျခင္း သည္ ေငြထည္လုပ္ငန္း၏ အသက္ဟု ဆိုရေပမည္။

ေငြထည္ ပစၥည္းတြင္ ပန္းခက္ပန္းႏြယ္၊ ဇာတ္နိပါတ္႐ုပ္ပုံမ်ားကို ပစၥည္း အလိုက္ ထုလုပ္ထားတတ္၏။ အမ်ားအားျဖင့္ ေငြဖလားႀကီး မ်ား၌ ဇာတ္ႀကီးဆယ္ဖြဲ႕မွ အခန္းမ်ား၊ ငါးရာ့ငါးဆယ္ နိပါတ္ ေတာ္လာ ႐ုပ္ပုံမ်ား၊ ၁၂ ရာသီစက္ အမွတ္အသားမ်ား၊ ပန္းပုံ မ်ားကို သ႐ုပ္ေဖာ္ကာ ႐ုပ္ႂကြမ်ားအျဖစ္ ထုလုပ္ထားတတ္ သည္။

 

ေငြထည္လုပ္ငန္းတြင္ ပညာရွင္၏ ပညာစြမ္း၊ လက္ရာ စြမ္းကို ဆုံးျဖတ္ရာ၌ ေငြထည္ပစၥည္း၏ ပုံပန္းသ႐ုပ္ေဖာ္ထား ေသာ ပန္းခက္ပန္းႏြယ္ ႐ုပ္ပုံမ်ားကို အႏုစိတ္နိုင္နင္းျခင္း၊ သ႐ုပ္ေပၚေအာင္ ေဖာ္နိုင္ျခင္းႏွင့္ ႐ုပ္လုံးေဖာ္နိုင္ျခင္းတို႔ကို ၾကည့္ရႈ ဆုံးျဖတ္တတ္ၾကသည္။

ထိုေၾကာင့္ ေရွးအခါက ေငြ ဖလားႀကီးတြင္ ပတ္လည္အျပည့္မွ် ပန္းခက္ ပန္းႏြယ္၊ ျခဴး ကႏုတ္၊ ယိုးဒယားပန္းမ်ား၊ ႐ုပ္လုံးမ်ားျဖင့္ လက္စြမ္းျပ ထားတတ္သည္။

တစ္ခါတစ္ရံ ေငြဖလားႀကီး၏အေပၚပိုင္းတြင္ သဇင္ေခြ၊ ကုလားပန္း၊ ျခဴးတက္မ်ားကို ေပါင္းစပ္လ်က္ အလယ္ပိုင္း၌ ဇာတ္နိပါတ္လာ ႐ုပ္ပုံမ်ားကို သ႐ုပ္ေဖာ္၍ ဖလား၏ ေအာက္ေျခတြင္ ေမွာ္႐ြက္မ်ားျဖင့္ လက္စြမ္းျပ တတ္၏။

ယင္းသို႔ သ႐ုပ္ေဖာ္ရာတြင္ ပညာရွင္၏ ဉာာဏ္စြမ္း လက္စြမ္းအလိုက္ တစ္ဦးႏွင့္တစ္ဦး တစ္ခုႏွင့္တစ္ခု မတူ၊ ထူးျခားခ်က္မ်ား ရွိတတ္သည္။

ထိုေငြထည္လုပ္ငန္းမွာ မ်ားစြာ စိတ္ဝင္စားဖြယ္ ေကာင္း လွ၏။ ေငြထည္ပစၥည္းမ်ားလုပ္ရာတြင္ လုပ္မည့္ပစၥည္းအတန္း အစားအလိုက္ ေဘာ္ေခၚမည့္ အေကာင္းဆုံးေငြ ၉၉ ဒသမ ၅၊ ၉၄ ဒသမ ၅၊ ၈၉ ဒသမ ၅ စသည့္ ရာခိုင္ႏႈန္းပါရွိသည့္ ေငြမ်ားတြင္ ေၾကးနီအေကာင္းစား အနည္းငယ္ထည့္၍ လုပ္ကိုင္ တတ္ၾကသည္။

ေဘာ္ခ်ည္းသက္သက္ျဖင့္ ျပဳလုပ္ေသာ ေငြ ထည္မ်ားမွာ အလြန္ေပ်ာ့ေပ်ာင္းသျဖင့္ သုံးစြဲရာတြင္ အထိ အခိုက္မခံတတ္ေခ်။ ထိုေၾကာင့္ သုံးစြဲရာ၌ ခိုင္ခံ့ရန္ ေၾကးနီ ထည့္ရျခင္း ျဖစ္၏။ ေဘာ္ေငြကို ေၾကးနီႏွင့္အတူ ျမန္မာျဖစ္ ေျမလုံ သို႔မဟုတ္ နိုင္ငံျခားျဖစ္ ေခ်ာ္လုံတို႔တြင္ထည့္၍ မီးေသြး ဖုံးကာ၊ အသားမာမီးေသြး ႏွစ္အုပ္၊ သုံးအုပ္မွ်ျဖင့္ ဖို၌ မီးျပင္း ထိုးေပးရသည္။

 

မီးေသြးတစ္အုပ္လွ်င္ ၁၅ မိနစ္ခန႔္ၾကာရာ မိနစ္ ၃ဝ မွ ၄၅ မိနစ္အတြင္းတြင္ လုံတြင္းရွိေငြမွာ အရည္ ေပ်ာ္လာေလသည္။ ထိုေငြရည္ ၾကည္လင္ေစရန္ ဇာဝက္သာ အနည္းငယ္ ထည့္ေပးရ၏။ ေငြရည္ၾကည္လင္လာေသာအခါ ပူေအာင္မီးကင္၍ ေရနံဆီ၊ ဖေယာင္း၊ တစ္ခုခုျဖင့္ အနည္းငယ္ သုတ္ထားေသာအဝ ၈ လက္မမွ ၁ဝ လက္မအတြင္းရွိ သံဒယ္ ပက္ထဲသို႔ ေငြရည္ကိုေလာင္းထည့္လိုက္လွ်င္ ေငြခဲ၊ ေငြခြက္ ျဖစ္လာသည္။

 

ထိုေငြခဲေငြခြက္ကို ည|ပ္ျဖင့္ယူ၍ သံေပတုံး ေပၚတြင္တင္ကာ အလိုရွိရာ ပုံသဏၭာန္ အ႐ြယ္အစားရရွိေအာင္ တူအမ်ိဳးမ်ိဳးျဖင့္ ခတ္ျခင္း၊ မီးဖုတ္ျခင္းတို႔ကို အႀကိမ္ေပါင္းမ်ား စြာ ျပဳရ၏။ ထိုသို႔ တူခတ္ျခင္းျဖင့္ အလိုရွိရာပစၥည္းျဖစ္ေအာင္ လုပ္ရေလသည္။ ယင္းသို႔ လုပ္ၿပီးသည့္ပစၥည္းကို အျဖဴထည္ဟု ေခၚ၏။

အျဖဴထည္လုပ္သည့္ ေငြပန္းတိမ္ထည္ကို အျဖဴထည္ ဆရာဟု ေခၚသည္။ အျဖဴထည္ကို က်င္လည္စြာ လုပ္နိုင္ရန္ ၂ ႏွစ္မွ ၃ ႏွစ္အထိ သင္ၾကားရသည္။ ထိုအျဖဴထည္ပစၥည္းကို ပန္း၊ အ႐ုပ္မ်ားထုလုပ္ရန္ ပန္းထု ဆရာလက္သို႔ အပ္ရ၏။ ပန္းထုဆရာမွာ အႏုပညာျဖစ္၍ က်င္ လည္စြာ တတ္ေျမာက္ရန္ ၃ ႏွစ္မွ ၅ ႏွစ္အထိ ဝီရိယေကာင္း စြာ အားထုတ္သင္ၾကားရသည္။

 

အျဖဴထည္ကို ပန္းထုရန္ အင္တြဲ တစ္ပိသာလွ်င္ ေရနံ ၂၅ က်ပ္သား၊ ေျမနီ ၁၂က်ပ္ သားတို႔ျဖင့္ ေရာစပ္က်ိဳခ်က္သည့္ ခ်ိပ္ရည္ျဖင့္ အျဖဴထည္ ထဲသို႔ ေလာင္း ထည့္လ်က္ လက္ကိုင္ရန္ သစ္သားတစ္ခုကို စိုက္ထားရ၏။ ေလာင္းၿပီး ၁ဝ နာရီခန႔္အၾကာတြင္ ခ်ိပ္ရည္ ေအးသြားေလသည္။ ထိုအခါ အလိုရွိေသာ ပန္း႐ြက္ပန္းကြက္၊ ဇာတ္ထုပ္ ဇာတ္ကြက္မ်ားကို ခဲတံျဖင့္ ေရးဆြဲရ၏။

စိတ္ႀကိဳက္ ပုံမ်ား ေရးဆြဲၿပီးေသာအခါ ပုံမ်ား ပ်က္မသြားေစရန္ ေကာက္ ေဆာင္ ေခၚေသာ အေသးဆုံး ေဆာက္ကေလးမ်ားျဖင့္ ေဆာက္ ေၾကာင္း ေကာက္ရသည္။ ေဆာက္ေၾကာင္းေကာက္ၿပီးလွ်င္ အတြင္းရွိ ခ်ိပ္မ်ားကို မီးၿမိဳက္ကာ ထုတ္ပစ္ရ၏။ ထိုေနာက္ အထည္ ပစၥည္းအတြင္းဖက္မွ က်ည္ေပြ႕ေခၚ ေဆာက္မ်ားျဖင့္ ေဖာင္းႂကြေစလိုေသာ ပန္းမ်ား၊ အ႐ုပ္မ်ားကို ထုရိုက္၍ ေဖာ္ ေပးရသည္။

ယင္းသို႔ပုံမ်ားကို ေဖာ္ၿပီးေသာအခါ အထည္ ပစၥည္းအတြင္းသို႔ ခ်ိပ္ရည္ကို တစ္ဖန္ ထည့္ရျပန္သည္။ ခ်ိပ္ေအးသြားလွ်င္ ေဆာက္အမ်ိဳးမ်ိဳးတို႔ျဖင့္ အ႐ုပ္မ်ား ပန္းမ်ား ကို သဘာဝ ေပၚေအာင္ အၾကမ္းထုလုပ္ရ၏။ ပုံၾကမ္းမ်ား ေဖာ္ၿပီးလွ်င္ ခ်ိပ္ကို တစ္ဖန္ ထုတ္ပစ္ရျပန္သည္။ ခ်ိပ္ထုတ္ ၿပီးေနာက္ ေငြထည္ကို သံေကာက္ေပၚတင္လ်က္ တြန႔္လိမ္ေန ေသာ ေနရာမ်ားကို ေျပျပစ္ေအာင္ နင္းျပားေခၚ ေဆာက္မ်ား ျဖင့္ ထုလုပ္ေပးရ၏။

ဤလုပ္ငန္းၿပီးလွ်င္ ေနာက္ဆုံးအႀကိမ္ ခ်ိပ္ရည္ေလာင္း၍ ထည့္ရျပန္သည္။ ဤအႀကိမ္တြင္ ပန္းထု ဆရာသည္ စိတ္ကိုၾကည္လင္စြာထားလ်က္ အာ႐ုံစိုက္ကာ ပန္းမ်ား၊ အ႐ုပ္မ်ားကို အႏုစိတ္ ထုလုပ္ရသည္။ ယင္းသို႔ ေနာက္ဆုံးအၿပီးသတ္ အႏုစိတ္လ်က္ ပန္းကြက္ပန္းႏြယ္၊ အ႐ုပ္ မ်ားကို သပ္ရပ္ ေသခ်ာစြာ ေဖာ္ၿပီးေနာက္ ခ်ိပ္ကို ခြၽတ္လိုက္ ရသည္။

ထိုသို႔ ပန္းထုၿပီးေသာ ပစၥည္းကို အျဖဴထည္ဆရာလက္သို႔ တစ္ဖန္ ျပန္လည္ ေပးအပ္လိုက္ရ၏။ အျဖဴထည္ဆရာက ေငြ ထည္ပစၥည္းကို ေနာက္ဆုံးအေရာင္တင္ၿပီးအထိ လုပ္ကိုင္ရ သည္။ အျဖဴထည္ဆရာသည္ ပန္းထုၿပီး ပစၥည္းကို ပုံပန္း အခ်ိဳးအစား က်နေစရန္ ျပဳျပင္ေပးျခင္း၊ ပန္းထုစဥ္ကျဖစ္ေသာ အေပါက္အၿပဲမ်ားကို ဖာေထးဂေဟေဆာ္ျခင္း၊ ေခ်ာမႊတ္ေအာင္ တံစင္း၊ ေကာ္ဖတ္မ်ားျဖင့္ တိုက္စားျခင္းတို႔ကို ျပဳလုပ္ရသည္။

ထိုသို႔ အၿပီးသတ္ေဆာင္႐ြက္ၿပီးေနာက္ ပစၥည္းကို အေရာင္တင္ ရေလသည္။ အေရာင္တင္ရာ၌ ေရွးဦးစြာ ပစၥည္းကို မီးဖုတ္၍ ေၾကးသြားပြတ္တံႏွင့္တိုက္လ်က္ က်န္ရွိေနေသာ ခ်ိပ္မ်ားကို စင္ေအာင္ေဆးရသည္။ ထိုေနာက္ တစ္ဖန္ မီးနပ္ေအာင္ဖုတ္ၿပီး လွ်င္ ေၾကးနီအိုးျဖင့္က်ိဳထားေသာ ေက်ာက္ခ်ည္ ရည္ထဲသို႔ ထည့္ကာ ၁၅ မိနစ္၊ မိနစ္ ၂ဝ မွ်ၾကာေအာင္ျပဳတ္ရ၏။

ဤသို႔ ျပဳတ္ျခင္းအားျဖင့္ အညစ္အေၾကးမ်ား ကင္းစင္လ်က္ ျဖဴေဖြးေသာ နဂိုေငြေရာင္သို႔ ေျပာင္းလာသည္။ အကယ္၍ အေရာင္ညစ္ေနေသးလွ်င္ ေနာက္ထပ္ ႏွစ္ႀကိမ္ သုံးႀကိမ္မွ် ေရွးနည္းအတိုင္း မီးဖုတ္၍ ေက်ာက္ခ်ဥ္ရည္ျဖင့္ ျပဳတ္ျခင္းျဖင့္ လိုရာအေရာင္အထိ ျဖစ္လာနိုင္သည္။

ေက်ာက္ခ်ဥ္ရည္ကို အသုံးမျပဳလိုသူမ်ားမွာမူ ကန႔္စားငရဲမီးတစ္ဆကို ေရ ၁၅ ဆမွ အဆ ၂ဝ ထိေရာ၍ ေႂကြသို႔မဟုတ္ စဉ့္သုတ္ခြက္ႀကီးတစ္ခု တြင္ထည့္ကာ မီးဖုတ္ၿပီး အထည္ကို ထိုအရည္တြင္ တစ္နာရီ၊ ႏွစ္နာရီမွ် စိမ္ထားရ၏။

 

ယင္းသို႔ စိမ္ျခင္းျဖင့္ ေက်ာက္ခ်ဥ္ ရည္တြင္ စိမ္သည့္နည္းတူ ေငြေရာင္ကို ရရွိနိုင္သည္။ ႀကိဳက္ ေရာင္ရရွိလာသည့္အခါတြင္ ကုလားကင္ပြန္းသီး ျပဳတ္ေရႏွင့္ စပ္ထားေသာ ေရျဖင့္ အထည္ကို ဆြတ္လ်က္ ေၾကးသြား ပြတ္တံႏွင့္ တိုက္၍ေပးရသည္။ ထိုအခါ ေငြထည္မွာ ေတာက္ ေျပာင္၍ လာေလသည္။

မိလႅာထည္

ေငြထည္လုပ္ငန္း၏ တစိတ္ေဒသျဖစ္ေသာ မိလႅာထည္လုပ္ငန္း ကို ျမန္မာေငြပန္းထိမ္သည္ အေျမာက္အျမားပင္ တတ္ေျမာက္ ၾက၏။ သို႔ေသာ္ မီးပူခံ၊ ကန႔္ေညာ္ခံ၍ လုပ္ရေသာေၾကာင့္ အနည္းငယ္သာ လုပ္ကိုင္ၾကသည္။

 

မိလႅာထည္တြင္ ႐ုပ္ပုံ ပန္းပုံမ်ားမွာ အမည္းခံလ်က္ ေငြေၾကာင္းလိုက္၍ ေရးသား ထားသကဲ့သို႔ သဏၭာန္ေပၚထြက္ေနေစသည္။ မိလႅာႏွင့္လုပ္ ေသာ အထည္မ်ားမွာ ဖလား၊ ထုံးဗူး၊ ဓားရိုး စသည္မ်ား ျဖစ္သည္။ မိလႅာေဖာ္သည့္အခါ ခဲႏွစ္ဆ၊ ေငြတဆ၊ ေၾကးနီတစ္ဆ ေရာစပ္၍ အရည္ျဖစ္ေအာင္ မီးျပင္းထိုးလ်က္ သင့္ေလ်ာ္႐ုံ ကန႔္ပစ္ရသည္။

မိလႅာျမဳပ္သည့္အခါ အထူလက္ မသုံးပုံ တစ္ပုံ ခန႔္ရွိ ေငြထည္ကို အျပားခတ္၍ ပန္းပုံ႐ုပ္ပုံမ်ားကို ေရးသားထု လုပ္ၿပီးေနာက္ ႐ုပ္လုံးထုၿပီးသား ေနရာမ်ားကို ခ်န္လွပ္ကာ က်န္ေနရာမ်ားကို နင္းခ်ရသည္။ ေဖာ္ထားေသာ မိလႅာကို မႈန႔္မႈန႔္ ႀကိတ္၍ လက္ခ်ားႏွင့္ေရာလ်က္ နင္းခ်ထားေသာ ေနရာမ်ားတြင္ လိုက္ထည့္ရသည္။

မိလႅာမႈန႔္ ထည့္ၿပီးလွ်င္ သံအိမ္တြင္ ထည့္၍ မီးျပင္းထိုးရ၏။ ထိုအခါ အရည္ဝင္၍ မိလႅာျမဳပ္ၿပီး ျဖစ္ေလသည္။ ထိုေနာက္ျမဳပ္ရာမ်ားကို ေခ်ာ ေအာင္ တံစင္း၊ ေကာ္ဖတ္၊ မီးေသြးမႈန႔္ႏွင့္ အဆင့္ဆင့္ တိုက္ ပြတ္၍ ေနာက္ဆုံးတြင္ ေငြထည္ကို အေရာင္တင္သကဲ့သို႔ အေရာင္တင္ရသည္။

ေငြထည္ပုံမ်ား

ေခတ္အသီးသီး၌ ထြန္းကားခဲ့ေသာ ျမန္မာ့ေငြထည္လက္ရာမ်ားကို နမူနာမွ် ေဖာ္ျပလိုေပသည္။ ဤအေၾကာင္းရပ္ႏွင့္ တြဲ၍ ပုံေပါင္း ၁၁ ပုံ ေဖာ္ျပထားသည္။ ယင္းတို႔အနက္ ပုံအမွတ္ ၁ မွာ ၁၉၂၆ ခုႏွစ္တြင္ သေရေခတၱရာၿမိဳ႕ေဟာင္း ခင္ဘားကုန္းမွ တူးေဖာ္ေတြ႕ရွိေသာ ေဗာဓိပင္ ေပါက္ေန ပုံသဏၭာန္ရွိသည့္ ေငြေခါင္းပြၾကဳတ္ျဖစ္သည္။ ေဘးပတ္ လည္တြင္ တင္ပလႅင္ေခြ ဘုရား႐ုပ္ပြားေတာ္ ႐ုပ္ႂကြ ေလးဆူထုလုပ္ထားသည္။

ဘုရား႐ုပ္ပြားေတာ္ ေလးဆူ၏ အၾကားတြင္ မတ္ရပ္ ရဟႏၲာမ်ားကို ႐ုပ္ႂကြမ်ား ျပဳလုပ္လ်က္ ဘုရားဘြဲ႕မည္မ်ားႏွင့္ ရဟႏၲာဘြဲ႕မည္မ်ားကို ပ်ဴအကၡရာျဖင့္ ကမၸည္းထိုး ေရးထားသည္။ ေဗာဓိပင္မွာ ပင္စည္တစ္ပိုင္းသာ က်န္ရစ္သည္။

 

အကိုင္းအခက္မ်ား ေႂကြက်ေပ်ာက္ပ်က္ကုန္ၿပီ ျဖစ္၏။ ယင္းေဗာဓိပင္ ေငြၾကဳတ္မွာ သေရေခတၱရာေခတ္ ေလာက္က ျပဳလုပ္ေသာ လက္ရာဟု ယူဆရ၏။ ပုံအမွတ္ ၂ မွာ ၁၈ ႏွင့္ ၁၉ ရာစုအတြင္းက လက္ရာမ်ား ျဖစ္၏။ ထိုပုံပါဖလားမ်ားကို အမွတ္စဥ္ေပးထားသည္။

အမွတ္ (၁)ႏွင့္ (၂) ဖလားမ်ားသည္ ပုံတြင္ပါေသာ ဖလားမ်ားအားလုံး အနက္ ေရွးအက်ဆဳံးျဖစ္သည္။ ထိုေရွးက်ေသာ ဖလားႏွစ္လုံး သည္ ခရစ္ ၁၇ဝဝ ႏွင့္ ၁၈ဝဝ ျပည့္ႏွစ္အတြင္းက လုပ္ကိုင္ခဲ့ သည့္ ဖလားမ်ားႏွင့္ လက္ရာခ်င္း စံနစ္ခ်င္း တူသည္။ ႐ုပ္ပုံ ပန္းပုံေကာင္းစြာ မေပၚေသာ္လည္း ႏွစ္မီးေဖာ္မွ ယခုကဲ့သို႔ ျဖစ္ေအာင္ လုပ္ကိုင္၍ ရနိုင္ရန္ ရွိသည္။

 

အမွတ္ (၃)၊ (၄)၊ (၅) ဖလားမ်ားမွာ ခရစ္ ၁၈ဝဝ ႏွင့္ ၁၉ဝဝ ျပည့္ႏွစ္အၾကား လြန္ခဲ့သည့္ႏွစ္ေပါင္း ၁ဝဝ ခန႔္ေလာက္က လုပ္ကိုင္ခဲ့သည္ဟု ယူဆရ၏။ ထိုဖလားမ်ားတြင္ ႐ုပ္ပုံပန္းပုံမ်ားမွာ ပို၍ ေပၚ ေသာ္လည္း တမီးတည္းေဖာ္ေသာေၾကာင့္ အလြန္ၾကမ္း၏။

အဆင္အျပင္မွာ အလြန္ေကာင္းသည္။ အမွတ္ (၆) ႏွင့္ (၇) ဖလားမ်ားမွာ တစ္ေခတ္တည္းလုပ္ ဖလားမ်ားျဖစ္၏။ တစ္ဆဲ့ႏွစ္ရာသီ႐ုပ္မ်ားကို ထုလုပ္လ်က္ ျမန္မာဘုရင္မင္းတို႔ ဦးေခါင္းေဆးေလွ်ာ္ သၾကၤန္ေတာ္ေခၚသည့္ အခါမ်ိဳးတြင္ သုံးေသာ ဖလားစနစ္ပုံမ်ိဳးမ်ား ျဖစ္သည္။ ထိုအခ်ိန္က အေကာင္းဆုံးေသာဖလား ျဖစ္ဟန္တူသည္။ ပုံအမွတ္ ၃ မွာ ဇာေပါက္ဖလားျဖစ္၏။

ထိုဇာေပါက္ဖလား ကို ၁၈၈၅ ခုႏွစ္ေလာက္က ရန္ကုန္ၿမိဳ႕မွ ဦးေ႐ႊ႐ုံဆိုသူက စနစ္ ထုတ္ ထုလုပ္ခဲ့သည္။ ထိုဇာေပါက္ဖလားမွာ ထုလုပ္သမွ်ေသာ ဇာေပါက္ဖလားမ်ားအနက္ အေကာင္းဆုံးျဖစ္၏။ ပန္းပုံမွာ သဇင္ႏြယ္၊ ကုလားပန္း၊ ျခဴးတက္ သုံးမ်ိဳးေရာစပ္ေသာ ပန္းပုံ ျဖစ္သည္။

ပန္းတစ္မ်ိဳးတည္းႏွင့္ ရိုး၍မေနရန္ ပန္း အမ်ိဳးမ်ိဳး ေရာစပ္၍ ထုလုပ္နိုင္ေသာ ပညာကို ျမန္မာေငြပန္းထိမ္တို႔သည္ မ်ားစြာ ႏွစ္သက္ၾကေလသည္။ ဖလားေအာက္ပန္းမွာ ေမွာ္လွည့္ ၍ ရစ္ေသာပန္း ျဖစ္သည္။ ထိုပညာရွင္ ဦးေ႐ႊ႐ုံမွာ ၿဗိတိသွ် ေခတ္ ဘုရင့္အင္ဂ်င္နီယာတပ္အတြက္ ထူးဆန္း ေကာင္းမြန္ ေသာ အထည္တစ္ခုကို ထုလုပ္ၿပီးေနာက္ မၾကာမီ ၁၈၈၉ ခုႏွစ္တြင္ အနိစၥေရာက္ေလသည္။

ပုံအမွတ္ ၄ မွာ ၁၈၈၅ ခုႏွစ္ေလာက္က ဦးဘိုးသက္ဆိုသူ လုပ္ေသာ ေငြဆြမ္းအုပ္ပုံ ျဖစ္၏။ ဆြမ္းအုပ္ကို ေစတီပုံမ်ိဳး ျပဳလုပ္ထားသည္။ ဤပုံဆြမ္းအုပ္မ်ိဳးမွာ ျမန္မာဘုရင္တို႔ ဘုရား ဆြမ္းေတာ္တင္ရန္သုံးေသာ ပုံမ်ိဳးျဖစ္ေလသည္။ ျမန္မာေငြထည္ လုပ္ငန္းတြင္ ပညာစြမ္းကိုျပနိုင္ေသာ လက္ရာေကာင္းတစ္ခု ျဖစ္သည္။

ပုံအမွတ္ ၅ မွာ ၂ဝ ရာစုႏွစ္အစေလာက္တြင္ ေ႐ႊတံဆိပ္ ေတာ္ရ ပညာရွင္ ဦးရင္ေမာင္ ထုလုပ္ေသာ ေငြေဒါင္းေပါင္ (ေငြလင္ပန္းငယ္) ျဖစ္သည္။ ပုံအမွတ္ ၆ မွာ ေငြထုံးဗူးႏွင့္ ေငြဖလားျဖစ္၍ ၁၉ဝ၂ ခုႏွစ္တြင္ က်င္းပေသာ ျပည္နယ္ အႏုပညာၿပိဳင္ပြဲတြင္ ဆုရ ေသာလက္ရာ ျဖစ္သည္။

ထိုပစၥည္းႏွစ္မ်ိဳးလုံးသည္ ရန္ကုန္ၿမိဳ႕ ပညာရွင္တို႔၏ ေစ့စပ္ ေသခ်ာမႈကို ျပေလသည္။ ေငြထုံးဗူး တြင္ ေဖာ္ထားေသာ ေသးငယ္လွသည့္ ႐ုပ္ပုံပန္းပုံမ်ားကို အျခား ေဒသမွ ပညာရွင္မ်ားပင္ တတ္နိုင္စြမ္း မရွိေအာင္ အေသးစိတ္ ေသသပ္လွ၏။ ပုံအမွတ္ ၇ သည္ နယူးေဒလီၿမိဳ႕တြင္ ထိုေခတ္က က်င္းပ ေသာ ျပပြဲ၌ ျမန္မာျပည္မွေပးပို႔ေသာ ျမန္မာေငြထည္ လက္ရာ မ်ား ျဖစ္၏။

 

ထိုေငြထည္မ်ားမွာ ရာမဇာတ္မွ ဇာတ္ေကာင္မ်ား ျဖစ္သည္။ ေအာက္ဆုံးတန္းရွိ လက္ဝဲအစြန္ပုံမွာ ရာမ႐ုပ္ျဖစ္၍ လက္ယာအစြန္ရွိ ေငြထည္႐ုပ္မွာ သီတာ႐ုပ္ျဖစ္သည္။ အလယ္ ႐ုပ္သည္ ရာမ၏အႀကံေပး ဝါမီကီ ျဖစ္သည္။ အလယ္တန္းရွိ လက်ာ္ဖက္႐ုပ္မွာ သိန္းခိုျပည့္ရွင္ဒႆဂီရိဘီလူး႐ုပ္ျဖစ္၏။ လက္ဝဲ႐ုပ္မွာ ဒႆဂီရိ၏ ႏွမဂမၻီ႐ုပ္ ျဖစ္သည္။ ထိပ္ဆုံးပုံမွာ ဟႏုမာန္ေမ်ာက္မင္း႐ုပ္ပုံ ျဖစ္သည္။ ေငြထည္႐ုပ္ အသီးသီးမွာ ဟန္မူရာ အသက္ပါ၍ လက္ရာေကာင္းသည္ဟု ဆိုရ ေပမည္။

 

ပုံအမွတ္ ၈ မွာ ၁၉ဝ၄ ခုႏွစ္တြင္ မႏၲေလးၿမိဳ႕မွ ဦးၾကင္ လုပ္ေသာ ေငြဖလားပုံ ျဖစ္၏။ ဦးၾကင္မွာ သရက္ျမႇို႔လက္ရာ ျဖစ္ေသာ ေငြထည္ပညာကို တတ္ေျမာက္သူ ျဖစ္ေပသည္။ ထိုေခတ္က လက္ရာေကာင္းေငြထည္ ျဖစ္သည္။

 

ပထမဆုရေသာပုံအမွတ္ ၉ မွာ ၁၉ဝ၄ ခုႏွစ္တြင္ ဦးေ႐ႊဝ ထုလုပ္သည့္ ေငြထည္ပစၥည္းပုံ ျဖစ္သည္။ ယင္း၏ ပန္းပုံ၊ အ႐ုပ္ပုံမ်ားသည္ ပညာရွင္၏ လက္စြမ္းကို ေဖာ္ျပလ်က္ ရွိသည္။ ပုံအမွတ္ ၁ဝ မွာ ေငြထည္လုပ္ငန္းႏွင့္ ေငြထည္လုပ္ငန္း၌ အက်ဳံးဝင္ေသာ မိလႅာထည္ကို ျပသည္။

ေငြအိမ္စြပ္ ဓားေျမ|ာင္ မ်ားသည္ နယူးေဒလီၿမိဳ႕ၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ရ ဆရာမ်ား၏ တပည့္တို႔ကို ေတာင္ငူႏွင့္ ေ႐ႊက်င္ၿမိဳ႕မ်ားတြင္ လုပ္ေသာ လက္ရာမ်ား ျဖစ္သည္။ အလယ္မွဓားကို ပဲခူးၿမိဳ႕မွ ဦးဘိုးဇင္ လုပ္၏။ ထိုဓားျမႇောင္ရိုးမွာ ဆယ္စြယ္ရိုးျဖစ္၍ ဓားအိမ္မွာ သစ္သားအိမ္ျဖစ္၏။ ဓားအိမ္ကို ေငြျဖင့္ေခြ၍ မိလႅာလုပ္ငန္း လက္ရာေကာင္းကို အစြမ္းျပထားေလသည္။

ပုံအမွတ္ ၁၁ မွာ ၁၉ ရာစုမွ ၂ဝ ရာစုအကူးတြင္ ထင္ရွား ခဲ့ေသာ ျမန္မာေငြထည္ပညာရွင္မ်ား၏ပုံ ျဖစ္သည္။ ထိုပညာ ရွင္မ်ားမွာ လက္ဝဲမွ လက္ယာသို႔ အစဥ္အတိုင္းအားျဖင့္ ဦးရင္ေမာင္(နယူးေဒလီၿမိဳ႕ ေ႐ႊတံဆိပ္ရ)၊ ဦးသူလွိုင္၊ဦးဘိုးေက်ာ္ (နယူးေဒလီၿမိဳ႕ ေၾကးတံဆိပ္ရ)၊ ဦးဘိုးျမင့္၊ ဦးဘိုးသက္ (ေဂ်ပဴးၿမိဳ႕ ေ႐ႊတံဆိပ္ႏွင့္ ကာလကတၱားၿမိဳ႕ ေငြတံဆိပ္ရ)၊ ဦးဘိုးခင္ (ေဒလီၿမိဳ႕ ေငြတံဆိပ္ရ)၊ ဦးေ႐ႊဝႏွင့္ ဦးဘိုးဇင္တို႔ ျဖစ္ၾကသည္။

credit

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *