မြင်ကွန်း၊မြင်းခုန်တိုင်နှင့်လက် မရွံငပိုက်ကြီး

မြင်ကွန်း၊မြင်းခုန်တိုင်နှင့်လက်မရွံငပိုက်ကြီး

 

 

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။

၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလ၀)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို ဥပါယ်နှင့် လုပ်ကြံခဲ့ကြသည်။

ကနောင်မင်းသားကြီးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့ပါသည်။

မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို ၀င်ရောက်ခိုလှုံသွားခဲ့သည်။ကုန်းဘောင်မင်းဆက်တည်ထောင်သည့် အလောင်းမင်းတရားကြီးက

`ငါ့သားကြီးများ အစဉ်အတိုင်း မင်းပြုရစ်´ဟု မှာကြားခဲ့သည့်အတိုင်း သားတော်ကြီး နောင်တော်ကြီးမင်း ကွယ်လွန်အနိစ္စရောက်သည့်အခါ ညီတော် မြေဒူးမင်း(ဆင်ဖြူရှင်)က ထီးနန်းအမွေဆက်ခံသည်။

မြေဒူးမင်းက ဖခင်မှာကြားသည့်အတိုင်း မလုပ်ဘဲ သားတော် စဥ့်ကူးမင်းကို အိမ်ရှေ့အရာပေးသည်။ စဥ့်ကူးမင်းနေပြည်တော်မရှိခိုက် ဖောင်းကားစား မောင်မောင်က ထီးနန်းလုသည်။ဖောင်းကားစား မောင်မောင်ကို ဘိုးတော်ဘုရား (ဗဒုံမင်း)ကမှူးမတ်များအကူအညီဖြင့် တိုက်ခိုက်အောင်နိုင်ပြီး ထီးနန်းသိမ်းပိုက်သည်။

ဘိုးတော်ဘုရားသည် ထီးနန်းကိုလုပ်ကြံစဉ် ညီတော် ပင်းတလဲမင်းကို အိမ်ရှေ့စံထားမည်ဟု ကတိထားခဲ့သော်လည်း နန်းတက်သောအခါ သားတော်ကိုသာ အိမ်ရှေ့စံထားသည်။ သို့သော် သားတော်အိမ်ရှေ့စံ ကွယ်လွန်သဖြင့် မြေးတော် ဘကြီးတော်(စစ်ကိုင်းမင်း)ကို ဆက်လက်အိမ်ရှေ့စံထားသည်။

စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက ပုန်ကန်ပြီး နန်းတက်သည်။ သာယာ၀တီမင်း၏ ထီးနန်းအမွေကို သားတော် ပုဂံမင်းက ဆက်ခံသည်။ ပုဂံမင်းကို မင်းတုန်းမင်းနှင့် ကနောင်မင်းသားက တော်လှန်ကာ မင်းတုန်းမင်း နန်းတက်သည်။ မင်းတုန်းမင်းသည် ဆင်ဖြူရှင်မင်းက စပြီးပျက်ခဲ့သောအစဉ်အလာကို ပြန်လည်ပြုပြင်ခဲ့သည်။

သားတော်များကို ထားပြီး ညီနောင်ကနောင်မင်းကို အိမ်ရှေ့စံ အဆောင်အယောင်များ အပ်နှင်းသည်။ ထိုအချက်သည် သားတော်များဖြစ်သော မြင်ကွန်းမင်းသားညီနောင်က မကျေနပ်သော အကြောင်းတစ်ချက် ဖြစ်ပေသည်။

အိမ်ရှေ့စံ ကနောင်မင်းသား၏ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်နေမှုကို နယ်ချဲ့အင်္ဂလိပ်တို့က မလိုလားကာ မြင်ကွန်းမင်းသားညီနောင်များအား သွေးထိုးပေးခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်ပေသည်။မြင်ကွန်းမင်းသားသည် မိမိ၏ အထွေထွေ မကျေနပ်မှုကို အကောင်အထည်ဖော်ရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့် တိုင်ပင်သည်။

ခမည်းတော်နှင့် ဘထွေးတော်တို့ကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။ ထိုအကြံအစည်ကို ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ် များက အားပေးအားမြှောက်ပြုသည်။

နိုင်ငံတော် ခေတ်မီရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက် နေသော ကနောင်မင်းသားမရှိလျှင် ခေတ်မီရေးလုပ်ငန်းများ ရပ်စဲကုန်လိမ့်မည်ဟု အင်္ဂလိပ်တို့က တွေးထင်ယုံကြည်ကြပုံပေါ်သည်။

စရိုက်ကြမ်းပြီး မိမိလုပ်ကိုင်ချင်ပြီဆိုလျှင် မည်သည့်အရေးကိုမျှ မငဲ့ကွက်၊ မည်သူ့မျက်နှာကိုမှ မထောက်သော မြင်ကွန်းမင်းသားသည် ထီးနန်းစည်းစိမ် လုယူရေးအတွက် လူယုံများကို စုသည်။

စာပေပညာရှင်၊ ဗေဒင်ပညာရှင် ဖြစ်သော စလေဦးပုညက အခါတော်ပေးသည်။မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ဦးပုည တွက်ချက်ပေးသော အခါတော်အတိုင်း လှုပ်ရှားရန် ပြင်ဆင်ကြသည်။

(ပထမဆုံးလုပ်ကြံရန် ဦးပုညထံ အခါတောင်း၍ ကြိုးစားကြရာ၌ မင်းတုန်းမင်းတရား လယ်ထွန်မင်္ဂလာဆင်းချိန်တွင် လုပ်ကြံရန် ဖြစ်သည်။ သို့သော် စစ်အင်္ဂါလေးပါးနှင့် ဘုရင်ကို ဝိုင်းရံထားကာ ကြွမြန်းသောကြောင့် လုပ်ကြံရန် မအောင်မြင်ခဲ့ကြောင်း သိရှိရပေသည်။)

ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်၀န်ကြီးဦးမှို၊ ပခန်း၀န်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓအခွန်ကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။

မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဉ်နေသည်။

မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်၀န် ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်းရေကိုင်၊ ရွှေထီးဆောင်း၊ ဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်းတော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။

နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်း တွင် လက်မရွံငပိုက်ကြီး၊ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။

ဦးပုည သတ်မှတ်ပေးသော မွန်းတက်ချိန် အခါတော်သို့ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်သည်။ မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။

မြင်းခုန်တိုင်မင်းသားက အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ
`ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။

ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။သို့သော် စံနန်းတော်၀င်းအတွင်း ဓားကိုင်၍၀င်လာသော မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို သတိပြုမိလေသည်။

မိမိကိုယ်တိုင်ပင်လျှင် လွှတ်တော်တက်ရာ၌ ဓားလှံ၊ သေနတ်များကို စံနန်းတော်အပြင် အုတ်ဇရပ်၌ နောက်လိုက်နောက်ပါ များနှင့်အတူ ထားခဲ့ရပါလျက် မြင်ကွန်းမင်းသားက ဓားကိုင်ပြီး စံနန်းတော်၀င်းအတွင်း ဝင်လာပုံမှာ မရိုးသားဟု အိမ်ရှေ့စံ ကနောင်မင်းသားချက်ခြင်းစဉ်းစားမိသွားသည်။

မင်းသားညီနောင်တို့နောက်မှ နောက်လိုက်များ ပါလာသည်ကလည်း မသင်္ကာစရာ ဖြစ်၏။ထိုအချိန်တွင် မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို ရိပ်စားမိသဖြင့် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်၀န်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်ဖြင့်အသက်ဆုံးရသွားလေသည်။

ဦးမှို၏ အဖြစ်ကို တွေ့မြင်လိုက်ရသော ဖိနပ်တော်သား ဦးကရင်က `ရန်သူတော်ပါဘုရား၊ သတိထားပါဘုရား´ဟု အော်ဟစ်သတိပေးသည်။ ကနောင်မင်းသားသည် တူတော်မောင်မင်းသားများလုပ်ကြံမည့် အစီအစဉ်ကို သိသွားသည်။ ထို့ကြောင့် လွှတ်တော်ပေါ်သို့ ပြေးတက်၏။

အိမ်ရှေ့စံ ကနောင်မင်းသားသည် ရန်ကိုရှောင်ရန် ကြိုးစားရင်း လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။ ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ဦးခေါင်းကိုဓါးဖြင့်ပိုင်းဖြတ်ယူလိုက်သည်။

ထို့နောက် ‘အောင်ပြီ အောင်ပြီ’ ဟု ဟစ်အော်ခဲ့သည်နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်ချင်သော အိမ်ရှေ့စံ ကနောင်မင်းသားသည် မလောက်လေး မလောက်စား မင်းသားငယ်များ၏ လက်ချက်ဖြင့် ကျဆုံးရလေသည်။

ပုန်ကန်သူတို့သည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်သော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းက ခေါ်သည့်ဟန် လိမ်ညာခေါ်ယူကာ စံနန်းတော် လက်ယာ၀င်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။

 

ထိုအရေးအခင်းတွင် အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်၀န်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။ လောင်းရှည်မြို့စားဝန်ကြီး၊ လက်ဝဲ၀င်းမှူး၊ မြေဒူးမြို့စား စသူတို့ ဒဏ်ရာရကြသည်။ ပခန်းဝန်ကြီး ဦးရန်ဝေး အပါအ၀င် မှူးမတ်အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။

မြင်ကွန်း မြင်းခုန်တိုင်ညီနောင်တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်း၀င်ကြသည်။အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။ သို့သော်အားချင်းမမျှ ခုခံသူတို့ အထိအခိုက် အကျအနာများသည်။

အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို ဓားများဖြင့်မိုးကာ ခြိမ်းခြောက်၍ သစ္စာခံစေသည်။
(သူရဲ၀န် `ရွှေပြည့်ရန်အောင်မြင်း၀န် သတိုးမင်းကြီး မဟာသမိန်ဘေဖြတ်စ´)ကိုလည်း ၎င်းနည်းအတိုင်း သစ္စာခံစေရာ သစ္စာမခံငြင်းဆန်သဖြင့် ငဖြူသီးကပင် လုပ်ကြံလိုက်ရာ စံနန်းတော်ပေါ်တွင် ကျဆုံးရ၏။

သူရဲ၀န်၏ ကျောက်စီဓားကို ငဖြူသီးက ရလေသည်။ဗောင်းတော်ဆောင်မာရဘင် တံခါးကိုဖျက်၍ အတင်းဝင်ရောက်လုပ်ကြံကြသဖြင့် တံခါးမှ စောင့်ရှောက်ခုခံသူ တောင်ထားဝယ်ဗိုလ်သည် ရန်သူ့လက်ချက်ဖြင့် ကျဆုံးရလေသည်။

 

မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာသောအခါ မင်းတုန်းမင်းအနီး ခစားနေသော ကင်း၀န်မဟာမင်းလှဇေယျသူမှ `ခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှဆီး၍ကာကွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။မင်းတုန်းမင်းလည်း လုပ်ကြံခံရမည့်ဆဲဆဲ လွတ်မြောက်ခဲ့၍ အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ဝင်ရန်ကြိုးစားသည်။

ဝင်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက ဘုရင်ကိုလုပ်ကြံရန် တာ၀န်ပေးထားသော (ရွှေဓားဗိုလ် လက်မရွံငပိုက်ကြီး)နှင့် တွေ့သည်။ မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသောလက်မရွံငပိုက်ကြီးကို တွေ့သည်နှင့်`ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု ခပ်ထန်ထန်အမိန့်ပေးလိုက်သည်။

ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် တုန်လှုပ်သွားပြီးသူ၏မင်းတုန်းမင်းကိုလုပ်ကြံသတ်ဖြတ်ရန်တာ၀န်ကို မေ့လျော့သွားသည်။ထို့နောက်သူလုပ်ကြံရမည့် မင်းတုန်းမင်းကို ကျောထက်မှာချီပိုးပြီး နန်းတော်ဆီသို့ ခတ်သုတ်သုတ်လျှောက်ပြီးပို့ဆောင်လေတော့သည်။မိဖုရားခေါင်ကြီးကို ကုလားပျိုသေနတ်စာရေး (မောင်ခြုံ)က ချီပိုးပြီး ပို့ခဲ့ရသည်။

မက္ခရာမင်းသားမှာ နောက်လိုက်နောက်ပါများနှင့် အတူ ဖခင်မင်းတရားကို ကာကွယ်ပြီးလိုက်သည်။ လမ်းခရီးတွင်အနောက်ဝန်ဦးတက်တူကို မြင်းနှင့်တွေ့သည်။ မင်းတုန်းမင်းသည် ထိုမြင်းပေါ်သို့ပြောင်းစီးပြီး ခရီးဆက်ကာ နန်းတော်သို့ မြို့တော်မြောက်ဘက် ပန်းဦးတံတားမှ ဘေးကင်းစွာ ၀င်နိုင်ခဲ့သည်။၀န်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။

မင်းတုန်းမင်း ရွှေနန်းတော်သို့ ၀င်ရောက်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။ စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး (ရွှေကျွန်းပိုင်ကျွန်းလွန်ခါမှ ပျိုတားနိုင်ရိုးလား) ဟူသော တပေါင်သီချင်းများကို ဟစ်အော်ကြွေးကြော်ရင်း ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ဝင်သည်။

 

မြို့အတွင်းသို့ရောက်သည်နှင့် ရွေးတော်ယူတံခါးမှ သစ်တပ်အတွင်းသို့ ၀င်ရန်အားထုတ်ကြသည်။ ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ် မောင်စို တပ်နှင့် ရင်ဆိုင်တိုက်ခိုက် သည်။သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။

မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက်လိုက် တပ်သားများက လွှတ်တော်ကို ၀င်စီးသည်။ လွှတ်တော်အတွင်းရှိနေသော မကွေးမြို့စား၀န်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ၀န်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊ အသည်၀န်ထောက်မင်းကြီး မဟာသီဟသူရ၊ ၀န်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။

မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။ တံခါးနီပေါက်လျှင် နန်းတော်သို့ရောက်ပြီ။ ထိုအခါ ရာဇပလ္လင်သည် မိမိတို့ လက်၀ယ်သို့ ရောက်မည်။

 

တံခါးနီမှနေ၍ မက္ခရာမင်းသားနှင့် ပခန်း၀န်ကြီးတို့ ဦးစီးသောတပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံသည်။ မြင်ကွန်းမင်းသားသည် မက္ခရာမင်းသားကို စည်းရုံးရန်ကြိုးစားသည်။

မက္ခရာမင်းသားက `ငါ့ဝမ်းထဲမှာ ခမည်းတော်ရဲ့ ထမင်းရှိတယ်´ ဟုဆိုကာ ပြန်လည်ခုခံသည်။ မြင်းခုန်တိုင်မင်းသားသည် နန်းတွင်းသို့ အလွယ်တကူမ၀င်နိုင်သဖြင့် လွှတ်တော်ကို မီးရှို့ရန် မြင်ကွန်းမင်းသားအား အကြံပေးသည်။

မြင်ကွန်းမင်းသားက နန်းတော်ထဲတွင် ၎င်းတို့၏ မယ်တော်ရှိနေ၍ ညီတော်၏ အကြံကိုလက်မခံပေ။ မင်းသားညီနောင်တို့သည် ပုရပိုက်တွင် မြို့နန်းတစ်ခြမ်းကို ရပြီ၊ ခမည်းတော်သဘောထားကို သိလိုသည်ဟု စာရေး၍ ပိုးနီပုဝါရစ်ပတ်ကာ တံခါးနီအတွင်းသို့ ပစ်ချသည်။

ထိုစာကို တံခါးနီအမှုထမ်း ငရေချမ်းက မင်းတုန်းမင်းထံ ပို့ဆက်သည်။မင်းတုန်းမင်းကိုယ်တော်တိုင်ဖတ်ပြီးလျှင် ‘ငါ့ကိုရန်မပြုနှင့်’ဟုပြန်စာရေးကာ ပုဝါနီရစ်ပတ်ပြီးလျှင် မြင်ကွန်းညီနောင်တို့၏ မိခင် တောင်ရွှေရေးမိဖုရားအား အပို့လွှတ်သည်။

မင်းသားညီနောင်တို့သည် စာကိုအရေးမထားဘဲ ဆက်လက်တိုက်ခိုက်သည်။ထိုစဉ် ကနောင်မင်းသား၏တပ်များက ကနောင်မင်းသားကွယ်လွန်သည်ကို မသိဘဲ ၎င်းတို့၏သခင်ကိုရှာရန် နန်းတော်သို့ ချီတက်လာကြသည်။

မြင်ကွန်းမင်းသား၏ တပ်များသည် ကနောင်မင်း၏ တပ်များလာသောအခါ ထွက်ပြေးကြရသည်။ အသာစီးရနေသော မြင်ကွန်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့်သွားကြသည်။

တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား လွှတ်၍ကယ်တင်ပေးလိုက်သော လက်မရွံ(ငပိုက်ကြီး)ကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်လေတော့သည်။

ထိုအချိန်(ငပိုက်ကြီး)သာမင်းတုန်းမင်းကိုလုပ်ကြံမှုအောင်မြင်ခဲ့လိုက်လျှင်ထိုအချိန်မှစ၍မြန်မာ့နန်းတွင်းရေးသည်တမျိုးတဖုံအဖြေတမျိုးပြောင်းလဲသွားနိုင်သည်။

ထို့နောက်မြင်းကွန်းအုပ်စုသည်အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည်။

မင်းတုန်းမင်းတပ်တော်က နန်းတော်မှ နေ၍လည်းကောင်း၊ ကနောင်မင်းသားတပ်က သစ်တပ်အပြင်မှနေ၍လည်းကောင်း တိုက်ခိုက်သဖြင့် မြင်ကွန်းတပ်သည် ည သုံးချက်တီးကျော်အချိန်၊ မြို့တောင်ဘက် `ရန်နှိမ်´တံခါးမှ ဆုတ်ခွာကာ ဆိပ်ကမ်းရှိ ဘုရင်ပိုင်ရေနန်းစကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီးပြေးကြသည်။

လမ်းခရီးတွင် မြို့ရွာများကို တိုက်ခိုက်ကာ ရွှေငွေရတနာပစ္စည်းများကို သိမ်းယူသည်။ မြင်ကွန်းမင်းသားနှင့် အပေါင်းအပါတို့သည် မြင်းခြံတွင်လူစုကာ နေပြည်တော်ကို တိုက်ခိုက်ရန်ကြံသော်လည်း မအောင်မြင်။

မြင်ကွန်းမင်းသားတို့ကို ဖမ်းဆီးရန်အတွက် အတွင်း၀န် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို လက်နက်လူသူအပြည့်နှင့် မြနန်းစကြာ သင်္ဘောဖြင့် လိုက်စေသည်။

သို့သော် မြင်ကွန်းမင်းသားအဖွဲ့သည် အင်္ဂလိပ် အစိုးရပိုင်နယ်မြေထဲသို့ ဆုတ်ခွာသွားပြီး လွတ်မြောက်သွားခဲ့သည်။

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ဗြိတိသျှတို့ကြောင့်
ပင်လယ်ထွက်ပေါက် ပိတ်နေပြီဖြစ်သော ရတနာပုံနေပြည်တော်၏ ဂုဏ်သရေကို မှေးမှိန်စေခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။

အထူးသဖြင့် ကနောင်ကိုယ်တော်ကို မြင်ကွန်းညီနောင်က လုပ်ကြံလိုက်နိုင်ခြင်းကို ထိုခေတ်လူကြီးသူမများက “ဆင်ပြောင်ကြီးကို ဖြုတ်ကိုက်၍သေ”ဟု ပြောစမှတ်ပြုခဲ့ကြသည်။

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က ကနောင်မင်းသားကိုသတ်ဖြတ်ကာ အောင်ပြီ၊ အောင်ပြီ ဟု ကြွေးကြော်ခဲ့သော ၎င်းမင်းသားနှစ်ပါးသည် အမှန်တကယ်တွင်မူ ရတနာပုံနေပြည်တော်နှင့်အတူမြန်မာနိုင်ငံတော်ကြီးကိုပျက်စီးဆုံးရှုံးရာ လမ်းစသို့ ပို့ရာတွင် အောင်မြင်ကြောင်း ကြွေးကြော်လိုက်သကဲ့သို့ပင် ဖြစ်ပါတော့သည်။

 

Credit

Zawgyi

ျမင္ကြန္း၊ျမင္းခုန္တိုင္ႏွင့္လက္မ႐ြံငပိုက္ႀကီး

 

 

ျမင္ကြန္း ျမင္းခုန္တိုင္ အေရးအခင္းသည္ ရတနာပုံေခတ္ေႏွာင္းပိုင္းတြင္ ထင္ရွားေသာ နန္းတြင္းလုပ္ႀကံမႈႀကီး ျဖစ္သည္။

၁၈၆၆-ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္၊ ၾကာသပေတးေန႕တြင္ မင္းတုန္းဘုရင္ႏွင့္ ေတာင္ေ႐ႊေရးေဆာင္ မိဖုရားတို႔က ေမြးေသာ သားေတာ္ႀကီးမ်ားျဖစ္သည့္ ျမင္ကြန္းမင္းသား(သီလ၀)ႏွင့္ ျမင္းခုန္တိုင္မင္းသား (ဖိုးထင္) ႏွစ္ပါးက ဦးေဆာင္ၿပီး လႊတ္ေတာ္တြင္ စည္းေဝးေနေသာ အိမ္ေရွ႕စံ ကေနာင္မင္းသားႀကီးကို ဥပါယ္ႏွင့္ လုပ္ႀကံခဲ့ၾကသည္။

ကေနာင္မင္းသားႀကီးမွာ ပြဲခ်င္းၿပီး ကြယ္လြန္သြားသည္။ မင္းသားမ်ားသည္ ခမည္းေတာ္ျဖစ္ေသာ မင္းတုန္းဘုရင္ကိုပါ လုပ္ႀကံဖို႔ရာမွာ မေအာင္ျမင္ခဲ့ေပ။ ထို႔ေၾကာင့္ ဘုရင္ပိုင္ ေရနန္းစၾကၤာ သေဘၤာႏွင့္ ေအာက္ပိုင္း မလြန္အရပ္ကို စုန္ၿပီး ပုန္ကန္ခဲ့ပါသည္။

မၾကာခင္ အေရးနိမ့္သြားသည့္အတြက္ အဂၤလိပ္သိမ္းထားေသာ ျမန္မာျပည္ေအာက္ပိုင္းကို ၀င္ေရာက္ခိုလႈံသြားခဲ့သည္။ကုန္းေဘာင္မင္းဆက္တည္ေထာင္သည့္ အေလာင္းမင္းတရားႀကီးက

`ငါ့သားႀကီးမ်ား အစဥ္အတိုင္း မင္းျပဳရစ္´ဟု မွာၾကားခဲ့သည့္အတိုင္း သားေတာ္ႀကီး ေနာင္ေတာ္ႀကီးမင္း ကြယ္လြန္အနိစၥေရာက္သည့္အခါ ညီေတာ္ ေျမဒူးမင္း(ဆင္ျဖဴရွင္)က ထီးနန္းအေမြဆက္ခံသည္။

ေျမဒူးမင္းက ဖခင္မွာၾကားသည့္အတိုင္း မလုပ္ဘဲ သားေတာ္ စဥ့္ကူးမင္းကို အိမ္ေရွ႕အရာေပးသည္။ စဥ့္ကူးမင္းေနျပည္ေတာ္မရွိခိုက္ ေဖာင္းကားစား ေမာင္ေမာင္က ထီးနန္းလုသည္။ေဖာင္းကားစား ေမာင္ေမာင္ကို ဘိုးေတာ္ဘုရား (ဗဒုံမင္း)ကမႉးမတ္မ်ားအကူအညီျဖင့္ တိုက္ခိုက္ေအာင္နိုင္ၿပီး ထီးနန္းသိမ္းပိုက္သည္။

ဘိုးေတာ္ဘုရားသည္ ထီးနန္းကိုလုပ္ႀကံစဥ္ ညီေတာ္ ပင္းတလဲမင္းကို အိမ္ေရွ႕စံထားမည္ဟု ကတိထားခဲ့ေသာ္လည္း နန္းတက္ေသာအခါ သားေတာ္ကိုသာ အိမ္ေရွ႕စံထားသည္။ သို႔ေသာ္ သားေတာ္အိမ္ေရွ႕စံ ကြယ္လြန္သျဖင့္ ေျမးေတာ္ ဘႀကီးေတာ္(စစ္ကိုင္းမင္း)ကို ဆက္လက္အိမ္ေရွ႕စံထားသည္။

စစ္ကိုင္းမင္းကို ညီေတာ္ သာယာဝတီမင္းက ပုန္ကန္ၿပီး နန္းတက္သည္။ သာယာ၀တီမင္း၏ ထီးနန္းအေမြကို သားေတာ္ ပုဂံမင္းက ဆက္ခံသည္။ ပုဂံမင္းကို မင္းတုန္းမင္းႏွင့္ ကေနာင္မင္းသားက ေတာ္လွန္ကာ မင္းတုန္းမင္း နန္းတက္သည္။ မင္းတုန္းမင္းသည္ ဆင္ျဖဴရွင္မင္းက စၿပီးပ်က္ခဲ့ေသာအစဥ္အလာကို ျပန္လည္ျပဳျပင္ခဲ့သည္။

သားေတာ္မ်ားကို ထားၿပီး ညီေနာင္ကေနာင္မင္းကို အိမ္ေရွ႕စံ အေဆာင္အေယာင္မ်ား အပ္ႏွင္းသည္။ ထိုအခ်က္သည္ သားေတာ္မ်ားျဖစ္ေသာ ျမင္ကြန္းမင္းသားညီေနာင္က မေက်နပ္ေသာ အေၾကာင္းတစ္ခ်က္ ျဖစ္ေပသည္။

အိမ္ေရွ႕စံ ကေနာင္မင္းသား၏ နိုင္ငံေတာ္ကို ေခတ္မီလက္နက္နိုင္ငံ တည္ေဆာက္ေနမႈကို နယ္ခ်ဲ့အဂၤလိပ္တို႔က မလိုလားကာ ျမင္ကြန္းမင္းသားညီေနာင္မ်ားအား ေသြးထိုးေပးျခင္းသည္လည္း အေၾကာင္းတစ္ရပ္ ျဖစ္ေပသည္။ျမင္ကြန္းမင္းသားသည္ မိမိ၏ အေထြေထြ မေက်နပ္မႈကို အေကာင္အထည္ေဖာ္ရန္ ညီေတာ္ျမင္းခုန္တိုင္မင္းသားႏွင့္ တိုင္ပင္သည္။

ခမည္းေတာ္ႏွင့္ ဘေထြးေတာ္တို႔ကို ပုန္ကန္ၿပီး ထီးနန္းသိမ္းပိုက္ရန္ ႀကံစည္သည္။ ထိုအႀကံအစည္ကို ရတနာပုံေနျပည္ေတာ္ရွိ အဂၤလိပ္ကိုယ္စားလွယ္ မ်ားက အားေပးအားျမႇောက္ျပဳသည္။

နိုင္ငံေတာ္ ေခတ္မီေရးအတြက္ အားသြန္ခြန္စိုက္ ေဆာင္႐ြက္ ေနေသာ ကေနာင္မင္းသားမရွိလွ်င္ ေခတ္မီေရးလုပ္ငန္းမ်ား ရပ္စဲကုန္လိမ့္မည္ဟု အဂၤလိပ္တို႔က ေတြးထင္ယုံၾကည္ၾကပုံေပၚသည္။

စရိုက္ၾကမ္းၿပီး မိမိလုပ္ကိုင္ခ်င္ၿပီဆိုလွ်င္ မည္သည့္အေရးကိုမွ် မငဲ့ကြက္၊ မည္သူ႕မ်က္ႏွာကိုမွ မေထာက္ေသာ ျမင္ကြန္းမင္းသားသည္ ထီးနန္းစည္းစိမ္ လုယူေရးအတြက္ လူယုံမ်ားကို စုသည္။

စာေပပညာရွင္၊ ေဗဒင္ပညာရွင္ ျဖစ္ေသာ စေလဦးပုညက အခါေတာ္ေပးသည္။ျမင္ကြန္း ျမင္းခုန္တိုင္မင္းသားတို႔သည္ ဦးပုည တြက္ခ်က္ေပးေသာ အခါေတာ္အတိုင္း လႈပ္ရွားရန္ ျပင္ဆင္ၾကသည္။

(ပထမဆုံးလုပ္ႀကံရန္ ဦးပုညထံ အခါေတာင္း၍ ႀကိဳးစားၾကရာ၌ မင္းတုန္းမင္းတရား လယ္ထြန္မဂၤလာဆင္းခ်ိန္တြင္ လုပ္ႀကံရန္ ျဖစ္သည္။ သို႔ေသာ္ စစ္အဂၤါေလးပါးႏွင့္ ဘုရင္ကို ဝိုင္းရံထားကာ ႂကြျမန္းေသာေၾကာင့္ လုပ္ႀကံရန္ မေအာင္ျမင္ခဲ့ေၾကာင္း သိရွိရေပသည္။)

ခရစ္ႏွစ္ ၁၈၆၆-ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္၊ ၾကာသပေတးေန႕တြင္ ရတနာပုံေနျပည္ေတာ္ တစ္ခုလုံး အုံးအုံးကြၽတ္ကြၽတ္ ဆူညံသြားေစသည့္ အေရးအခင္းႀကီးေပၚလာသည္။ ထိုေန႕တြင္ အိမ္ေရွ႕စံ ကေနာင္မင္းသားသည္ ယာယီလႊတ္ေတာ္အနီးရွိ တဲႀကီးအတြင္း၌ ျမေတာင္၀န္ႀကီးဦးမွို၊ ပခန္း၀န္ႀကီး ဦးရန္ေဝး တို႔ႏွင့္အတူ သႆေမဓအခြန္ကိစၥမ်ားကို တိုင္ပင္ေဆြးေႏြးေနသည္။

မင္းတုန္းမင္းတရားႀကီးမွာ ေတာင္နန္းမေတာ္ မိဖုရားႏွင့္အတူ မဟာေလာကမာရဇိန္ ဘုရားပရိဝဏ္ေတာ္အတြင္း၌ ပါဠိပိဋကတ္ေတာ္မ်ား ေက်ာက္ထက္အကၡရာတင္ရာတြင္ ႀကီးၾကပ္ရန္ စီစဥ္ေနသည္။

မင္းတရားႏွင့္အတူ သားေတာ္မကၡရာမင္းသား၊ အေနာက္၀န္ ရပ္ေစာက္ၿမိဳ႕စား၊ လွိုင္းတက္ၿမိဳ႕စား၊ ဘုန္းေတာ္ျဖစ္ေသနတ္ဗိုလ္၊ ကိုယ္ရံေတာ္၊ စားေတာ္ကြမ္းေရကိုင္၊ ေ႐ႊထီးေဆာင္း၊ ဓားလက္စြဲ စသည့္ ေနာက္လိုက္ငါးဆယ္ခန့္တို႔ လိုက္ပါရန္ ပြဲေတာ္ေဆာင္မွ စံနန္းေတာ္အေနာက္တံခါးဆီသို႔ ထြက္လာၾကသည္။

နန္းေတာ္ဝင္းႏွင့္ ကပ္လ်က္ရွိ ျမင္ကြန္းမင္းသားဝင္း တြင္ လက္မ႐ြံငပိုက္ႀကီး၊ငျဖဴသီး၊ ေဇာ္ဂ်ီဗိုလ္ အစရွိေသာ ျမင္ကြန္း ျမင္းခုန္တိုင္မင္းသားတို႔၏ ေနာက္လိုက္ (၅၀)ခန့္မွာ အရက္ေသစာ ေသာက္စားရင္း ရဲေဆးတင္ေနၾကသည္။

ဦးပုည သတ္မွတ္ေပးေသာ မြန္းတက္ခ်ိန္ အခါေတာ္သို႔ေရာက္သည္ႏွင့္ ေတာင္ျပင္ေဟာ္ကုန္းဘက္တြင္ ေစာင့္ေနသူတို႔က မီးရွို႔အခ်က္ေပးသည္။ျမင္ကြန္း ျမင္းခုန္တိုင္မင္းသားတို႔သည္ ရန္ျဖစ္ေလဟန္ အကြက္ဆင္ၿပီး စံနန္းေတာ္အတြင္းသို႔ ေျပးဝင္သည္။ ျမင္ကြန္းမင္းသားသည္ ဓားကိုင္ကာ ခုတ္မည့္ဟန္ျဖင့္ ျမင္းခုန္တိုင္မင္းသားေနာက္မွ လိုက္သည္။

ျမင္းခုန္တိုင္မင္းသားက အသက္ေဘးမွ လြတ္ေအာင္ေျပးသည့္ဟန္ျဖင့္ ေျပးလာရင္း လႊတ္ေတာ္အနီးသို႔ ေရာက္သည့္အခါ
`ဘေထြးေတာ္ ကယ္ေတာ္မူပါ´ ဟု အသံကုန္ေအာ္သည္။

ကေနာင္မင္းသားသည္ မင္းသားညီေနာင္တို႔ ရန္ျဖစ္ေနၾကၿပီဟု မွတ္ထင္ၿပီး တားရန္ႀကိဳးစားသည္။သို႔ေသာ္ စံနန္းေတာ္၀င္းအတြင္း ဓားကိုင္၍၀င္လာေသာ ျမင္ကြန္းမင္းသား၏ မူမမွန္ပုံကို သတိျပဳမိေလသည္။

မိမိကိုယ္တိုင္ပင္လွ်င္ လႊတ္ေတာ္တက္ရာ၌ ဓားလွံ၊ ေသနတ္မ်ားကို စံနန္းေတာ္အျပင္ အုတ္ဇရပ္၌ ေနာက္လိုက္ေနာက္ပါ မ်ားႏွင့္အတူ ထားခဲ့ရပါလ်က္ ျမင္ကြန္းမင္းသားက ဓားကိုင္ၿပီး စံနန္းေတာ္၀င္းအတြင္း ဝင္လာပုံမွာ မရိုးသားဟု အိမ္ေရွ႕စံ ကေနာင္မင္းသားခ်က္ျခင္းစဥ္းစားမိသြားသည္။

မင္းသားညီေနာင္တို႔ေနာက္မွ ေနာက္လိုက္မ်ား ပါလာသည္ကလည္း မသကၤာစရာ ျဖစ္၏။ထိုအခ်ိန္တြင္ ျမင္ကြန္းမင္းသား၏ မူမမွန္ပုံကို ရိပ္စားမိသျဖင့္ စုံစမ္းရန္ ေရွ႕သို႔တိုးထြက္သြားေသာ ျမေတာင္၀န္ႀကီးဦးမွိုမွာ ပုန္ကန္သူတို႔၏ ဓားခ်က္ျဖင့္အသက္ဆုံးရသြားေလသည္။

ဦးမွို၏ အျဖစ္ကို ေတြ႕ျမင္လိုက္ရေသာ ဖိနပ္ေတာ္သား ဦးကရင္က `ရန္သူေတာ္ပါဘုရား၊ သတိထားပါဘုရား´ဟု ေအာ္ဟစ္သတိေပးသည္။ ကေနာင္မင္းသားသည္ တူေတာ္ေမာင္မင္းသားမ်ားလုပ္ႀကံမည့္ အစီအစဥ္ကို သိသြားသည္။ ထို႔ေၾကာင့္ လႊတ္ေတာ္ေပၚသို႔ ေျပးတက္၏။

အိမ္ေရွ႕စံ ကေနာင္မင္းသားသည္ ရန္ကိုေရွာင္ရန္ ႀကိဳးစားရင္း ေလွခါးအတက္တြင္ ျမင္ကြန္းဘက္ေတာ္သား ငျဖဴသီး မီလာၿပီး ဓားႏွင့္ခုတ္သျဖင့္ ေျခေထာက္ကို ဓားခ်က္ထိၿပီး လဲက်သည္။ ထိုအခ်ိန္မွာပင္ ျမင္းခုန္တိုင္မင္းသား ေရာက္လာကာ အိမ္ေရွ႕စံ ကေနာင္မင္းသား၏ ဦးေခါင္းကိုဓါးျဖင့္ပိုင္းျဖတ္ယူလိုက္သည္။

ထို႔ေနာက္ ‘ေအာင္ၿပီ ေအာင္ၿပီ’ ဟု ဟစ္ေအာ္ခဲ့သည္နိုင္ငံေတာ္ကို ေခတ္မီလက္နက္နိုင္ငံ တည္ေဆာက္ခ်င္ေသာ အိမ္ေရွ႕စံ ကေနာင္မင္းသားသည္ မေလာက္ေလး မေလာက္စား မင္းသားငယ္မ်ား၏ လက္ခ်က္ျဖင့္ က်ဆဳံးရေလသည္။

ပုန္ကန္သူတို႔သည္ ကေနာင္မင္းသား၏ ဘက္ေတာ္သားမ်ားျဖစ္ေသာ မလြန္မင္းသား၊ ျပင္စည္မင္းသား၊ စကုမင္းသားတို႔ကို အိမ္ေရွ႕မင္းက ေခၚသည့္ဟန္ လိမ္ညာေခၚယူကာ စံနန္းေတာ္ လက္ယာ၀င္း တံခါးအျပင္၌ လုပ္ႀကံသတ္ျဖတ္လိုက္ၾကသည္။

 

ထိုအေရးအခင္းတြင္ အိမ္ေရွ႕စံ ကေနာင္မင္းသား၊ ျမေတာင္ၿမိဳ႕စားေသနတ္၀န္ႀကီး၊ မလြန္မင္းသား၊ စကုမင္းသားနဲ႕ ျပင္စည္မင္းသားတို႔ က်ဆဳံးခဲ့ၾကသည္။ ေလာင္းရွည္ၿမိဳ႕စားဝန္ႀကီး၊ လက္ဝဲ၀င္းမႉး၊ ေျမဒူးၿမိဳ႕စား စသူတို႔ ဒဏ္ရာရၾကသည္။ ပခန္းဝန္ႀကီး ဦးရန္ေဝး အပါအ၀င္ မႉးမတ္အခ်ိဳ႕ ထြက္ေျပးလြတ္ေျမာက္ခဲ့ၾကသည္။

ျမင္ကြန္း ျမင္းခုန္တိုင္ညီေနာင္တို႔၏ ေနာက္လိုက္သားမ်ားသည္ တံခါးနီ နန္းေျမဘုံစံနန္းေတာ္ကို အတင္း၀င္ၾကသည္။အေရွ႕ဝင္းမႉး၊ ေတာင္ထားဝယ္ဗိုလ္၊ ကင္းဝန္မင္းႀကီးတို႔သည္ စံနန္းေတာ္သို႔က်ဴးေက်ာ္လာေသာ ျမင္ကြန္းမင္းသားတို႔အား ခုခံတိုက္ခိုက္သည္။ သို႔ေသာ္အားခ်င္းမမွ် ခုခံသူတို႔ အထိအခိုက္ အက်အနာမ်ားသည္။

အတြင္းဝန္ ေရနံေခ်ာင္းၿမိဳ႕စား မင္းႀကီး မဟာမင္းလွေက်ာ္ေခါင္ကို ဓားမ်ားျဖင့္မိုးကာ ၿခိမ္းေျခာက္၍ သစၥာခံေစသည္။
(သူရဲ၀န္ `ေ႐ႊျပည့္ရန္ေအာင္ျမင္း၀န္ သတိုးမင္းႀကီး မဟာသမိန္ေဘျဖတ္စ´)ကိုလည္း ၎နည္းအတိုင္း သစၥာခံေစရာ သစၥာမခံျငင္းဆန္သျဖင့္ ငျဖဴသီးကပင္ လုပ္ႀကံလိုက္ရာ စံနန္းေတာ္ေပၚတြင္ က်ဆဳံးရ၏။

သူရဲ၀န္၏ ေက်ာက္စီဓားကို ငျဖဴသီးက ရေလသည္။ေဗာင္းေတာ္ေဆာင္မာရဘင္ တံခါးကိုဖ်က္၍ အတင္းဝင္ေရာက္လုပ္ႀကံၾကသျဖင့္ တံခါးမွ ေစာင့္ေရွာက္ခုခံသူ ေတာင္ထားဝယ္ဗိုလ္သည္ ရန္သူ႕လက္ခ်က္ျဖင့္ က်ဆဳံးရေလသည္။

 

ျမင္းခုန္တိုင္မင္းသားသည္ မင္းတုန္းမင္းရွိရာ ယာယီနန္းေတာ္သို႔ အေျပးလာေသာအခါ မင္းတုန္းမင္းအနီး ခစားေနေသာ ကင္း၀န္မဟာမင္းလွေဇယ်သဴမွ `ခမည္းေတာ္ကို မလုပ္ႀကံသင့္ပါ ဘုရား´ဟုဆိုကာ ေရွ႕မွဆီး၍ကာကြယ္သျဖင့္ ျမင္းခုန္တိုင္မင္းသားလက္ခ်က္ျဖင့္ ကင္းဝန္မဟာမင္းလွေဇယ်သဴမွာလည္း က်ဆဳံးရေလသည္။မင္းတုန္းမင္းလည္း လုပ္ႀကံခံရမည့္ဆဲဆဲ လြတ္ေျမာက္ခဲ့၍ အခင္းျဖစ္သည္ဆိုသည္ႏွင့္ နန္းေတာ္သို႔ ဝင္ရန္ႀကိဳးစားသည္။

ဝင္းအျပင္သို႔အေရာက္တြင္ ျမင္ကြန္းမင္းသားက ဘုရင္ကိုလုပ္ႀကံရန္ တာ၀န္ေပးထားေသာ (ေ႐ႊဓားဗိုလ္ လက္မ႐ြံငပိုက္ႀကီး)ႏွင့္ ေတြ႕သည္။ မင္းတုန္းမင္းသည္ သူ႕အား လုပ္ႀကံရန္ေစာင့္ေနေသာလက္မ႐ြံငပိုက္ႀကီးကို ေတြ႕သည္ႏွင့္`ငပိုက္ႀကီး ငါ့ကိုပို႔စမ္း´ဟု ခပ္ထန္ထန္အမိန့္ေပးလိုက္သည္။

ငပိုက္ႀကီးသည္ မင္းတုန္းမင္း၏ အမိန့္ေပးသံကို ၾကားသည္ႏွင့္ တုန္လႈပ္သြားၿပီးသူ၏မင္းတုန္းမင္းကိုလုပ္ႀကံသတ္ျဖတ္ရန္တာ၀န္ကို ေမ့ေလ်ာ့သြားသည္။ထို႔ေနာက္သူလုပ္ႀကံရမည့္ မင္းတုန္းမင္းကို ေက်ာထက္မွာခ်ီပိုးၿပီး နန္းေတာ္ဆီသို႔ ခတ္သုတ္သုတ္ေလွ်ာက္ၿပီးပို႔ေဆာင္ေလေတာ့သည္။မိဖုရားေခါင္ႀကီးကို ကုလားပ်ိဳေသနတ္စာေရး (ေမာင္ၿခဳံ)က ခ်ီပိုးၿပီး ပို႔ခဲ့ရသည္။

မကၡရာမင္းသားမွာ ေနာက္လိုက္ေနာက္ပါမ်ားႏွင့္ အတူ ဖခင္မင္းတရားကို ကာကြယ္ၿပီးလိုက္သည္။ လမ္းခရီးတြင္အေနာက္ဝန္ဦးတက္တူကို ျမင္းႏွင့္ေတြ႕သည္။ မင္းတုန္းမင္းသည္ ထိုျမင္းေပၚသို႔ေျပာင္းစီးၿပီး ခရီးဆက္ကာ နန္းေတာ္သို႔ ၿမိဳ႕ေတာ္ေျမာက္ဘက္ ပန္းဦးတံတားမွ ေဘးကင္းစြာ ၀င္နိုင္ခဲ့သည္။၀န္ႀကီးဦးရန္ေဝးမွာလည္း တပ္ေတာ္ႏွင့္ ေတြ႕ၿပီး ေနာက္ကလိုက္ပါလာသည္။

မင္းတုန္းမင္း ေ႐ႊနန္းေတာ္သို႔ ၀င္ေရာက္သြားခ်ိန္တြင္ ျမင္ကြန္း ျမင္းခုန္တိုင္မင္းသားတို႔သည္ ယာယီနန္းေတာ္အတြင္း ေမႊေႏွာက္ၿပီး ခမည္းေတာ္ကို လိုက္လံရွာေဖြသည္။ စံနန္းေတာ္တြင္ မေတြ႕ရသည့္အခါ ေနာက္ေၾကာင္းျပန္လွည့္လာၿပီး (ေ႐ႊကြၽန္းပိုင္ကြၽန္းလြန္ခါမွ ပ်ိဳတားနိုင္ရိုးလား) ဟူေသာ တေပါင္သီခ်င္းမ်ားကို ဟစ္ေအာ္ေႂကြးေၾကာ္ရင္း ေ႐ႊၿမိဳ႕ေတာ္ ဦးထိပ္တံခါးမွ ၿမိဳ႕အတြင္းသို႔ ဝင္သည္။

 

ၿမိဳ႕အတြင္းသို႔ေရာက္သည္ႏွင့္ ေ႐ြးေတာ္ယူတံခါးမွ သစ္တပ္အတြင္းသို႔ ၀င္ရန္အားထုတ္ၾကသည္။ ေ႐ြးေတာ္ယူတံခါးတြင္ နတ္ရွင္ေ႐ြး ေသနတ္ဗိုလ္ ေမာင္စို တပ္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ သည္။ေသနတ္ဗိုလ္တပ္က ျမင္ကြန္းတပ္ကို မတားနိုင္သျဖင့္ ဆုတ္ခြာရာ ေ႐ြးေတာ္ယူတံခါး ပြင့္သြား၏။

ျမင္ကြန္းမင္းသား၏ အမိန့္ႏွင့္ ေနာက္လိုက္ တပ္သားမ်ားက လႊတ္ေတာ္ကို ၀င္စီးသည္။ လႊတ္ေတာ္အတြင္းရွိေနေသာ မေကြးၿမိဳ႕စား၀န္ႀကီး သတိုးမင္းႀကီး မဟာမင္းလွ သီဟသူ၊ ၀န္ေထာက္ေက်ာက္ရဲ ၿမိဳ႕စားမင္းႀကီး မင္းေခါင္သီဟသူ၊ အသည္၀န္ေထာက္မင္းႀကီး မဟာသီဟသူရ၊ ၀န္ႀကီးဦးၾကာႏုႏွင့္ မႉးမတ္မ်ား အဖမ္းခံၾကရသည္။

ျမင္ကြန္းမင္းသား၏ တပ္သည္ တံခါးနီကို စီးနိုင္ရန္ ႀကိဳးစားသည္။ တံခါးနီေပါက္လွ်င္ နန္းေတာ္သို႔ေရာက္ၿပီ။ ထိုအခါ ရာဇပလႅင္သည္ မိမိတို႔ လက္၀ယ္သို႔ ေရာက္မည္။

 

တံခါးနီမွေန၍ မကၡရာမင္းသားႏွင့္ ပခန္း၀န္ႀကီးတို႔ ဦးစီးေသာတပ္မ်ားက ႐ြပ္႐ြပ္ခြၽံခြၽံ ျပန္လည္ခုခံသည္။ ျမင္ကြန္းမင္းသားသည္ မကၡရာမင္းသားကို စည္း႐ုံးရန္ႀကိဳးစားသည္။

မကၡရာမင္းသားက `ငါ့ဝမ္းထဲမွာ ခမည္းေတာ္ရဲ႕ ထမင္းရွိတယ္´ ဟုဆိုကာ ျပန္လည္ခုခံသည္။ ျမင္းခုန္တိုင္မင္းသားသည္ နန္းတြင္းသို႔ အလြယ္တကူမ၀င္နိုင္သျဖင့္ လႊတ္ေတာ္ကို မီးရွို႔ရန္ ျမင္ကြန္းမင္းသားအား အႀကံေပးသည္။

ျမင္ကြန္းမင္းသားက နန္းေတာ္ထဲတြင္ ၎တို႔၏ မယ္ေတာ္ရွိေန၍ ညီေတာ္၏ အႀကံကိုလက္မခံေပ။ မင္းသားညီေနာင္တို႔သည္ ပုရပိုက္တြင္ ၿမိဳ႕နန္းတစ္ျခမ္းကို ရၿပီ၊ ခမည္းေတာ္သေဘာထားကို သိလိုသည္ဟု စာေရး၍ ပိုးနီပုဝါရစ္ပတ္ကာ တံခါးနီအတြင္းသို႔ ပစ္ခ်သည္။

ထိုစာကို တံခါးနီအမႈထမ္း ငေရခ်မ္းက မင္းတုန္းမင္းထံ ပို႔ဆက္သည္။မင္းတုန္းမင္းကိုယ္ေတာ္တိုင္ဖတ္ၿပီးလွ်င္ ‘ငါ့ကိုရန္မျပဳႏွင့္’ဟုျပန္စာေရးကာ ပုဝါနီရစ္ပတ္ၿပီးလွ်င္ ျမင္ကြန္းညီေနာင္တို႔၏ မိခင္ ေတာင္ေ႐ႊေရးမိဖုရားအား အပို႔လႊတ္သည္။

မင္းသားညီေနာင္တို႔သည္ စာကိုအေရးမထားဘဲ ဆက္လက္တိုက္ခိုက္သည္။ထိုစဥ္ ကေနာင္မင္းသား၏တပ္မ်ားက ကေနာင္မင္းသားကြယ္လြန္သည္ကို မသိဘဲ ၎တို႔၏သခင္ကိုရွာရန္ နန္းေတာ္သို႔ ခ်ီတက္လာၾကသည္။

ျမင္ကြန္းမင္းသား၏ တပ္မ်ားသည္ ကေနာင္မင္း၏ တပ္မ်ားလာေသာအခါ ထြက္ေျပးၾကရသည္။ အသာစီးရေနေသာ ျမင္ကြန္းမင္းသားတပ္မ်ားသည္ တခဏအတြင္းမွာပင္ အေရးနိမ့္သြားၾကသည္။

တိုက္ပြဲတြင္ ျမင္ကြန္းမင္းသားဘက္က အထိနာၿပီး အေနာက္႐ုံးဘက္တြင္ သြားေရာက္စု႐ုံးစဥ္ မင္းတုန္းမင္းအား လႊတ္၍ကယ္တင္ေပးလိုက္ေသာ လက္မ႐ြံ(ငပိုက္ႀကီး)ကို ေတြ႕သည္ႏွင့္ ျမင္ကြန္းမင္းသားက အဆုံးစီရင္လိုက္ေလေတာ့သည္။

ထိုအခ်ိန္(ငပိုက္ႀကီး)သာမင္းတုန္းမင္းကိုလုပ္ႀကံမႈေအာင္ျမင္ခဲ့လိုက္လွ်င္ထိုအခ်ိန္မွစ၍ျမန္မာ့နန္းတြင္းေရးသည္တမ်ိဳးတဖုံအေျဖတမ်ိဳးေျပာင္းလဲသြားနိုင္သည္။

ထို႔ေနာက္ျမင္းကြန္းအုပ္စုသည္အေနာက္႐ုံးမွေန၍ တစ္ညလုံး နန္းေတာ္သို႔ ေသနတ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခဲ့သည္။

မင္းတုန္းမင္းတပ္ေတာ္က နန္းေတာ္မွ ေန၍လည္းေကာင္း၊ ကေနာင္မင္းသားတပ္က သစ္တပ္အျပင္မွေန၍လည္းေကာင္း တိုက္ခိုက္သျဖင့္ ျမင္ကြန္းတပ္သည္ ည သုံးခ်က္တီးေက်ာ္အခ်ိန္၊ ၿမိဳ႕ေတာင္ဘက္ `ရန္ႏွိမ္´တံခါးမွ ဆုတ္ခြာကာ ဆိပ္ကမ္းရွိ ဘုရင္ပိုင္ေရနန္းစၾကာ သေဘၤာႏွင့္ ေအာက္ပိုင္း မလြန္အရပ္ကို စုန္ၿပီးေျပးၾကသည္။

လမ္းခရီးတြင္ ၿမိဳ႕႐ြာမ်ားကို တိုက္ခိုက္ကာ ေ႐ႊေငြရတနာပစၥည္းမ်ားကို သိမ္းယူသည္။ ျမင္ကြန္းမင္းသားႏွင့္ အေပါင္းအပါတို႔သည္ ျမင္းၿခံတြင္လူစုကာ ေနျပည္ေတာ္ကို တိုက္ခိုက္ရန္ႀကံေသာ္လည္း မေအာင္ျမင္။

ျမင္ကြန္းမင္းသားတို႔ကို ဖမ္းဆီးရန္အတြက္ အတြင္း၀န္ ေရနံေခ်ာင္းၿမိဳ႕စား မင္းႀကီး မဟာမင္းလွေက်ာ္ေခါင္ကို လက္နက္လူသူအျပည့္ႏွင့္ ျမနန္းစၾကာ သေဘၤာျဖင့္ လိုက္ေစသည္။

သို႔ေသာ္ ျမင္ကြန္းမင္းသားအဖြဲ႕သည္ အဂၤလိပ္ အစိုးရပိုင္နယ္ေျမထဲသို႔ ဆုတ္ခြာသြားၿပီး လြတ္ေျမာက္သြားခဲ့သည္။

ျမင္ကြန္း ျမင္းခုန္တိုင္ အေရးအခင္းသည္ ၿဗိတိသွ်တို႔ေၾကာင့္
ပင္လယ္ထြက္ေပါက္ ပိတ္ေနၿပီျဖစ္ေသာ ရတနာပုံေနျပည္ေတာ္၏ ဂုဏ္သေရကို ေမွးမွိန္ေစခဲ့ေသာ ျဖစ္ရပ္ျဖစ္ပါသည္။

အထူးသျဖင့္ ကေနာင္ကိုယ္ေတာ္ကို ျမင္ကြန္းညီေနာင္က လုပ္ႀကံလိုက္နိုင္ျခင္းကို ထိုေခတ္လူႀကီးသူမမ်ားက “ဆင္ေျပာင္ႀကီးကို ျဖဳတ္ကိုက္၍ေသ”ဟု ေျပာစမွတ္ျပဳခဲ့ၾကသည္။

၁၈၆၆ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႕က ကေနာင္မင္းသားကိုသတ္ျဖတ္ကာ ေအာင္ၿပီ၊ ေအာင္ၿပီ ဟု ေႂကြးေၾကာ္ခဲ့ေသာ ၎မင္းသားႏွစ္ပါးသည္ အမွန္တကယ္တြင္မူ ရတနာပုံေနျပည္ေတာ္ႏွင့္အတူျမန္မာနိုင္ငံေတာ္ႀကီးကိုပ်က္စီးဆုံးရႈံးရာ လမ္းစသို႔ ပို႔ရာတြင္ ေအာင္ျမင္ေၾကာင္း ေႂကြးေၾကာ္လိုက္သကဲ့သို႔ပင္ ျဖစ္ပါေတာ့သည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *