လူသိနည်းသော မြန်မာ့ဒဏ္ဏာရီလာ သတ္တဝါ ( သို့ ) ငေါင်း

လူသိနည်းသော မြန်မာ့ဒဏ္ဏာရီလာ သတ္တဝါ ( သို့ ) ငေါင်း

 

 

 

‘ငေါင်း’ သည် မြန်မာ့သမိုင်း မှတ်တမ်းများတွင် ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် လူတူသတ္တဝါတစ်မျိုးဖြစ်သည်။ ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာ ပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကို ဖမ်းလိုလျှင် ပိုက်၊ကျော့ စသည့်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။

ဂနန်းဘာသာစကားဖြင့် စောက်ကွန်း (ခြေတစ်ချောင်း အကောင်) ဟု ခေါ်သည်။ ရှေးမြန်မာ့ တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေး ဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ ငေါင်းရိုးတို့လည်း အပါအဝင် ဖြစ်သည်ကို တွေ့ရသည်။ တိမ်သလ္လာပျောက် မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုး ပါဝင်သည်။

‘ သွင်ပြင်လက္ခဏာ ‘

ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင်အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီး ပါရှိသည်။ သစ်ပင်များ အထက်သို့ လူတစ်ရပ်ကျော် ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာ ရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာ ရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာ အိပ်စက်တတ်သည်။

 

အချို့အရပ်များတွင် အတောင် မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာ ဆိုသည်။ ဖနောင့် ပြောင်းပြန် လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုး ကွဲပြားစွာ ဆိုကြပြန်သည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” ဟုပင် ရှေးစကားပုံ ရှိသည်။

‘ အထောက်အထား ‘

ငေါင်းနှင့် ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းဆက် ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူ ဖြစ်သည်။

အဆိုပါ ဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္နရာ အသေခြောက်၊ နဂါးဂဠုန် အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖို ကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူ ရရှိသည်။

တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံ ရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟု ဆိုသည်။

ငေါင်းသတ္တဝါသည် ကိုယ်ခန္ဓာပြားချပ်၏။ လက်နှစ်ဖက်ပါကာ လက်မောင်းများ ထွားကြိုင်း၏။ အရပ် ငါးပေတစ်လက်မခန့် ရှိသည်။ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာ ပါ၏။ ခြေဖဝါးသည် အနောက်ဘက်သို့ လှည့်နေပြီး ဖနှောင့်သည် အရှေ့တွင် ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏။ နဖူးသည် ခြောက်လက်မကျော် ကျယ်၍ပြောင်၏။ မေးကောက်သည်။

ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ၊ အမောက်ပမာ အရိုးကြီး ပါရှိသည်။ သစ်ပင် ထူထပ်သော တောနက်ကြီးများတွင် နေထိုင်တတ်သည်။ သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်း သွားလာတတ်၏ဟု လေ့လာ တွေ့ရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲ မဟုတ်ပါ။ အတောင် မပါရှိပါ။

ငေါင်းကောင်သည် လူနှင့်တူသော သတ္တဝါ ဖြစ်ပြီး ဆံပင် အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကို ဆံစု (ဆံတု) လုပ်ပါက ဆံပင်ကောင်းသည်ဟု အယူရှိသဖြင့် ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ ဆံပင်ကို ဆံစု(ဆံတု) လုပ်ကြလေ့ ရှိပါသည်။ ၎င်းသတ္တဝါသည် ခြေတဆစ် လက်တဆစ်သာ ရှိသောကြောင့် လူကဲ့သို့ ကွေး၍ မရချေ။ သို့သော် အလွန်အပြေးသန်သည်။

ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံး ဖြစ်သည့် ခွေးပင် လိုက်၍ မမှီနိုင်ပေ။ ၎င်းတို့ကို ဖမ်းဆီးရန်မှာ ၎င်းတို့ ကျက်စားရာ ပါတ်ဝန်းကျင် တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်) များကို ခင်းထားရပြီး ဖက်ခင်းထားသည့် တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကို နင်းမိကာ ခြေချော်၍ တောင်အောက်သို့ လိမ့်ကျသွားတတ်ပါသည်။

ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရပါသည်။ ၎င်းငေါင်းကောင်သည် လဲကျရာမှ ထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ် ဆွဲယူပြီးထကြရသည်။ ၎င်းတို့ လဲကျရာမှ မထနိုင်မှီ အမိဖမ်းရသည်။

ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက် ရွာများတွင် ငေါင်းကို တွေ့ဖူးကြသည် ဆိုသည်။ နောက်ဆုံးတွေ့ခဲ့သည့် မှတ်တမ်းမှာ ၁၉၅၅ တွင် ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်သည် သစ်ခွဲကြောင်းတွင် လက်ညပ်နေသော ငေါင်းတစ်ကောင်အား ဖမ်းဆီးခဲ့မှု ဖြစ်သည်။ ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားသည် ဆိုသည်။

သူတို့ကို ယဉ်ပါးအောင် မွေး၍ မရချေ။ အုပ်စုဖွဲ့ နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်မှာ လူ (၁၀)နှစ်သား အရွယ်ခန့် ရှိသည်။ ငေါင်း … ငေါင်း ဟု အော်မြည်တတ်သဖြင့် ငေါင်းဟု ခေါ်ရခြင်းဖြစ်သည်။

ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြား တွေ့ရတတ်ပြီး ယခုအခါမှာတော့ မရှိသလောက်ကို ရှားသွားပြီ ဖြစ်ပါသည်။ သူတို့၏ အရိုးကို ဆေးတံရိုးလုပ်ပြီး သောက်လျှင် သွားခိုင်သည်ဟု ရှေးလူကြီးများက ဆိုကြသည်။

အချုပ်အားဖြင့် ဆိုသော် ငေါင်းသည် လူမဟုတ် နာနာဘာဝ မဟုတ်သလို ငှက်လည်း မဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဌာန် ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုး ဖြစ်ပြီး အမျိုးတုံး ရှားပါးသည်ဟုပင် သတ်မှတ်ပေရတော့မည်။

အောက်က ပုံများကတော့ ငေါင်းဟုသတ်မှတ်နိုင်တဲ့ ဖန်တီးထားသော ပုံရိပ်များပဲ ဖြစ်ပါတယ်။

 

Credit

 

Zawgyi

 

လူသိနည္းေသာ ျမန္မာ့ဒဏၰာရီလာ သတၱဝါ ( သို႔ ) ေငါင္း

 

 

‘ေငါင္း’ သည္ ျမန္မာ့သမိုင္း မွတ္တမ္းမ်ားတြင္ ပါေသာ ဒ႑ာရီဆန္ဆန္ ထူးဆန္းသည့္ လူတူသတၱဝါတစ္မ်ိဳးျဖစ္သည္။ ေငါင္းသတၱဝါသည္ ယုံတမ္းစကား (ဝါ) နာနာဘာဝတို႔၏ ႐ုပ္ေဆာင္ခ်က္ ျဖစ္သည္ဟု ယုံၾကည္ထားၾကသည္။

ငုံးလို ၾကက္လို သတၱဝါျဖစ္ၿပီး ေျခတစ္ေခ်ာင္းသာ ပါကာ လူႏွင့္ ဆင္တူသည္ဟု ဆိုသည္။ ေတာတြင္းတြင္ ေငါင္းကို ဖမ္းလိုလွ်င္ ပိုက္၊ေက်ာ့ စသည့္နည္းမ်ားျဖင့္ ဖမ္းမရေပ။ ငွက္ေပ်ာဖက္ခင္း၍ ေထာင္ထားၿပီး ေခ်ာ္လဲသြားမွ ဖမ္းနိုင္သည္ဟု ဆိုၾကသည္။

ဂနန္းဘာသာစကားျဖင့္ ေစာက္ကြန္း (ေျခတစ္ေခ်ာင္း အေကာင္) ဟု ေခၚသည္။ ေရွးျမန္မာ့ တိုင္းရင္းေဆးနည္းမ်ားတြင္ ထိပ္ကပ္နာေပ်ာက္ေဆး ေဖာ္ဆပ္သည့္ေနရာတြင္ ေဒါင္းရိုး၊ ေငါင္းရိုးတို႔လည္း အပါအဝင္ ျဖစ္သည္ကို ေတြ႕ရသည္။ တိမ္သလႅာေပ်ာက္ မ်က္စဥ္းေဆးတြင္လည္း ေငါင္းရိုး ပါဝင္သည္။

‘ သြင္ျပင္လကၡဏာ ‘

ေငါင္းသည္ ေျခတစ္ေခ်ာင္းေထာက္၍ လမ္းေလွ်ာက္တတ္သည္။ ဦးေခါင္းေနာက္ ေနာက္ေစ့ေနရာတြင္ေအာက္ခ်င္းငွက္ကဲ့သို႔ အခြၽန္အတက္ႀကီး ပါရွိသည္။ သစ္ပင္မ်ား အထက္သို႔ လူတစ္ရပ္ေက်ာ္ ခုန္၍ အဆိုပါ အခြၽန္အတက္ႀကီးျဖင့္ ေပါက္ကာ ၾကာၾကာ ရပ္တည္ေနနိုင္သည္။ ေျခတစ္ေခ်ာင္းသာ ရွိေသာ္လည္း အေျပးအလြန္ျမန္သည္။ ဒူးဆစ္ေကြးမရေပ။ သစ္ပင္ကို မွီကာ အိပ္စက္တတ္သည္။

 

အခ်ိဳ႕အရပ္မ်ားတြင္ အေတာင္ မပါဘဲ၊ လက္သာပါေၾကာင္း ထူးျခားစြာ ဆိုသည္။ ဖေနာင့္ ေျပာင္းျပန္ လွည့္ေနသည့္ အေနအထားရွိၿပီး လက္ေမာင္းမ်ား သန္မာသည္။ ခႏၶာကိုယ္ျပားခ်ပ္သည္ စသည္ျဖင့္ အမ်ိဳးမ်ိဳး ကြဲျပားစြာ ဆိုၾကျပန္သည္။ “ေငါင္းေျခတစ္ေခ်ာင္း မစားေကာင္း” ဟုပင္ ေရွးစကားပုံ ရွိသည္။

‘ အေထာက္အထား ‘

ေငါင္းႏွင့္ ပက္သက္ၿပီး အခိုင္လုံဆုံးေသာ အေထာက္အထားမွာ ကုန္းေဘာင္မင္းဆက္ ေ႐ႊတိုက္တြင္ ထားရွိသည့္ ေ႐ႊနန္းစဥ္ လက္သုံးပုရပိုက္ျဖဴ ျဖစ္သည္။

အဆိုပါ ေဆးေရးပုရပိုက္တြင္ လူေမ်ာက္ငေ႐ႊေမာင္၊ ကိႏၷရာ အေသေျခာက္၊ နဂါးဂဠုန္ အေသေျခာက္၊ ေရသူမ၊ နဂါးငါးေကာင္၊ ကြၽန္းဖို ကြၽန္းမပင္ စသည္အေၾကာင္းအရာတို႔ႏွင့္ အတူ လူေငါင္းပုံမ်ားပါ ပါဝင္သည္။ ဘိုးေတာ္ဘုရားလက္ထက္က ေတာင္ငူၿမိဳ႕ ျမတ္ေစာညီေနာင္ ဘုရားမွ ဖမ္းယူ ရရွိသည္။

ေတာင္ငူၿမိဳ႕ဝန္မွ ဆက္သသည့္ အဆိုပါ ေငါင္းတြင္ လက္ႏွစ္ဖက္၊ ေျခတစ္ဖက္ ပါဝင္သည္။ လက္ႏွစ္ဖက္ကို အေတာင္မ်ားသဖြယ္ ေဘးႏွစ္ဖက္သို႔ ျဖန႔္ကားထားသည္။ အမ်ိဳးသမီးမ်က္ႏွာႏွင့္ ဆင္တူေသာ မ်က္ႏွာပုံစံ ရွိသည္။ ဆံပင္တိုၿပီး အသံမွာ ငွက္သံကဲ့သို႔ ျဖစ္သည္။ အသားမစားဟု ဆိုသည္။

ေငါင္းသတၱဝါသည္ ကိုယ္ခႏၶာျပားခ်ပ္၏။ လက္ႏွစ္ဖက္ပါကာ လက္ေမာင္းမ်ား ထြားႀကိဳင္း၏။ အရပ္ ငါးေပတစ္လက္မခန႔္ ရွိသည္။ ဒူးဆစ္မရွိ။ ေျခတစ္ေခ်ာင္းသာ ပါ၏။ ေျခဖဝါးသည္ အေနာက္ဘက္သို႔ လွည့္ေနၿပီး ဖေႏွာင့္သည္ အေရွ႕တြင္ ရွိသည္။ ခါးတစ္ဆစ္ ေျခမ်က္စိ တစ္ဆစ္ ႏွစ္ဆစ္သာပါ၏။ နဖူးသည္ ေျခာက္လက္မေက်ာ္ က်ယ္၍ေျပာင္၏။ ေမးေကာက္သည္။

ေခါင္းေနာက္ေစ့တြင္ ေပါက္ခြၽန္းပမာ၊ အေမာက္ပမာ အရိုးႀကီး ပါရွိသည္။ သစ္ပင္ ထူထပ္ေသာ ေတာနက္ႀကီးမ်ားတြင္ ေနထိုင္တတ္သည္။ သစ္ပင္တစ္ပင္မွ တစ္ပင္ ကူးေျပာင္း သြားလာတတ္၏ဟု ေလ့လာ ေတြ႕ရွိခ်က္အား ကခ်င္ျပည္နယ္ နန္းမြန္႐ြာ အမတ္ေဟာင္းတစ္ဦးမွ ေရးသားဖူးေၾကာင္း ငွက္အမ်ိဳးအႏြယ္လဲ မဟုတ္ပါ။ အေတာင္ မပါရွိပါ။

ေငါင္းေကာင္သည္ လူႏွင့္တူေသာ သတၱဝါ ျဖစ္ၿပီး ဆံပင္ အလြန္ေကာင္းသည္။ ေငါင္း၏ဆံပင္ကို ဆံစု (ဆံတု) လုပ္ပါက ဆံပင္ေကာင္းသည္ဟု အယူရွိသျဖင့္ ေရွးေခတ္ အမ်ိဳးသမီးမ်ား ေငါင္း၏ ဆံပင္ကို ဆံစု(ဆံတု) လုပ္ၾကေလ့ ရွိပါသည္။ ၎သတၱဝါသည္ ေျခတဆစ္ လက္တဆစ္သာ ရွိေသာေၾကာင့္ လူကဲ့သို႔ ေကြး၍ မရေခ်။ သို႔ေသာ္ အလြန္အေျပးသန္သည္။

ကမာၻေပၚတြင္ အေျပးအသန္ဆုံး ျဖစ္သည့္ ေခြးပင္ လိုက္၍ မမွီနိုင္ေပ။ ၎တို႔ကို ဖမ္းဆီးရန္မွာ ၎တို႔ က်က္စားရာ ပါတ္ဝန္းက်င္ ေတာင္ေစာင္းတေနရာတြင္ ဝါးဖက္(ဝါးပိုးဖက္) မ်ားကို ခင္းထားရၿပီး ဖက္ခင္းထားသည့္ ေတာင္ေစာင္းဘက္သို႔ ၎တို႔ကို ေမာင္းႏွင္လိုက္သည့္အခါ ၎တို႔သည္ ဖက္မ်ားကို နင္းမိကာ ေျခေခ်ာ္၍ ေတာင္ေအာက္သို႔ လိမ့္က်သြားတတ္ပါသည္။

ထိုအခါမ်ိဳးမွာ ေတာင္ေအာက္မွေစာင့္၍ ဖမ္းရပါသည္။ ၎ေငါင္းေကာင္သည္ လဲက်ရာမွ ထလိုလွ်င္ သစ္ပင္ငယ္ေလးမ်ားရွိရာသို႔ လူးလွိမ့္ၿပီး ထိုသစ္ပင္ငယ္ေလးမ်ားကို ကိုင္တြယ္ ဆြဲယူၿပီးထၾကရသည္။ ၎တို႔ လဲက်ရာမွ မထနိုင္မွီ အမိဖမ္းရသည္။

ဟုမၼလင္း၊ ဗန္းေမာ္၊ ဝိုင္းေမာ္၊ မိုးေကာင္းၿမိဳ႕ အနီးတဝိုက္ ႐ြာမ်ားတြင္ ေငါင္းကို ေတြ႕ဖူးၾကသည္ ဆိုသည္။ ေနာက္ဆုံးေတြ႕ခဲ့သည့္ မွတ္တမ္းမွာ ၁၉၅၅ တြင္ ကခ်င္ျပည္နယ္ ကဝါးပြန္း႐ြာမွ ႐ြာသား ဝဂ်စ္ခန္သည္ သစ္ခြဲေၾကာင္းတြင္ လက္ညပ္ေနေသာ ေငါင္းတစ္ေကာင္အား ဖမ္းဆီးခဲ့မႈ ျဖစ္သည္။ ဆယ္ေလာ္႐ြာရဲစခန္းတြင္ တစ္ညထားၿပီး ေနာက္ေန႕တြင္ ေသဆုံးသြားသည္ ဆိုသည္။

သူတို႔ကို ယဥ္ပါးေအာင္ ေမြး၍ မရေခ်။ အုပ္စုဖြဲ႕ ေနထိုင္တတ္ၾကၿပီး အႀကီးဆုံးအေကာင္မွာ လူ (၁၀)ႏွစ္သား အ႐ြယ္ခန႔္ ရွိသည္။ ေငါင္း … ေငါင္း ဟု ေအာ္ျမည္တတ္သျဖင့္ ေငါင္းဟု ေခၚရျခင္းျဖစ္သည္။

ေရွးအခါက ေဒါနေတာင္တန္းတြင္ အမ်ားအျပား ေတြ႕ရတတ္ၿပီး ယခုအခါမွာေတာ့ မရွိသေလာက္ကို ရွားသြားၿပီ ျဖစ္ပါသည္။ သူတို႔၏ အရိုးကို ေဆးတံရိုးလုပ္ၿပီး ေသာက္လွ်င္ သြားခိုင္သည္ဟု ေရွးလူႀကီးမ်ားက ဆိုၾကသည္။

အခ်ဳပ္အားျဖင့္ ဆိုေသာ္ ေငါင္းသည္ လူမဟုတ္ နာနာဘာဝ မဟုတ္သလို ငွက္လည္း မဟုတ္ေပ။ လက္ႏွင့္ေခါင္း သဏၭာန္ ပါဝင္ၿပီး ထူးဆန္းသည့္ သတၱဝါဆန္းတစ္မ်ိဳး ျဖစ္ၿပီး အမ်ိဳးတုံး ရွားပါးသည္ဟုပင္ သတ္မွတ္ေပရေတာ့မည္။

ေအာက္က ပုံမ်ားကေတာ့ ေငါင္းဟုသတ္မွတ္နိုင္တဲ့ ဖန္တီးထားေသာ ပုံရိပ္မ်ားပဲ ျဖစ္ပါတယ္။

 

Credit

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *