လဲချားမိဖုရားကြီး(သို့)သမိုင်းတွင် တိမ်မြုပ်သွားခဲ့သော ရှမ်းမိဖုရားကြီး

လဲချားမိဖုရားကြီး(သို့)သမိုင်းတွင် တိမ်မြုပ်သွားခဲ့သော ရှမ်းမိဖုရားကြီး

 

 

လဲချားမြို့ဟာ ရှမ်းပြည်နယ် ရဲ့ အလယ်ဗဟိုတည့်တည့်မှာတည်ရှိပြီး မြို့တော်ကြီးကို နမ့်တိန်းချောင်းဟာ မြောက်မှတောင်သို့ ဖြတ်သန်းပြီးစီးဆင်းသွားခဲ့ရာ မြို့တော်ကြီးဟာ သဘာဝအလှတရားများနဲ့ပြီးပြည့်စုံတဲ့မြို့တော်ကြီးဖြစ်ခဲ့ပါတယ်။

သက္ကရာဇ် ၉၄၆ခုနှစ်ကစလို့ စော်ဘွားကြီး ခွန်ဆန်မြတ်နိုးဟာ ယခုလဲချားမြို့တော်အရပ်မှာ မြို့တည်ပြီး အုပ်ချုပ်ခဲ့ရာမှအစပြု၍ စော်ဘွားပေါင်း ၂၂ဆက်အထိအုပ်ချုပ်သွားခဲ့ကြရပါတယ်။

နောက်ပြီး အင်္ဂလိပ်ခေတ်ရောက်တဲ့အခါမှာလည်း ရှမ်းစော်ဘွားများအနက် လဲချားစော်ဘွားကြီးဟာ အဦးဆုံး သော အင်္ဂလိပ်သစ္စာတော်ခံဖြစ်ခဲ့လို့ ဝိတိုရိယဘုရင်မကြီးမှ လဲချားမြို့နဲ့ မန္တလေးမြို့တော်ကြီးကို လမ်းမကြီးဖောက်လုပ်ပေးခဲ့တဲ့အထိ ချီးမြှင့်ခဲ့ဖူးပါတယ်။

လဲချားမြို့ဟာ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုရာ ပင်လုံမြို့ရဲ့ မြောက်ဘက်ဒေသ ကပ်လျက်မှာတည်ရှိနေခဲ့ပြီး ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကလည်း လဲချားမြို့ရဲ့ နောက်ဆုံးသော စော်ဘွားကြီး စဝ်နွံဟာ ပါဝင် လက်မှတ်ရေးထိုး ခဲ့ပါတယ်။

 

အခုလို သမိုင်းဝင်မှတ်တမ်းများနဲ့ပြည့်စုံခဲ့တဲ့ လဲချားမြို့တော်ကြီးမှကုန်းဘောင်ခေတ်တွင် သမီးတော်တပါးကို အမရပူရနန်းတော်ကြီးသို့ သမီးကညာအဖြစ် ဆက်သခဲ့ပါတယ်။

ထိုသမီးတော်လေးကို မင်းတုန်းမင်းကြီးဟာ နန်းတက်ပြီး၂နှစ်အကြာ ၁၂၁၆ခုနှစ်မှာ “သီရိသင်္ဂါမဟေ”ဘွဲ့ပေးအပ်ခဲ့ပြီး မိဖုရားမြှောက်ခဲ့လို့ ဒုတိယအဆင့်မဟေဘွဲ့ခံ မိဖုရားကြီး ဖြစ်လာခဲ့ပါတယ်။ လဲချားစော်ဘွားကြီးရဲ့ သမီးတော်ဖြစ်လို့ လဲချားမိဖုရားကြီးရယ်လို့လဲ နာမည်တွင် ခဲ့ပါတယ်။

လဲချားမိဖုရားကြီးဟာ သားသမီးသုံးပါးထွန်းကားခဲ့ပေမယ့် သားတော်လေးတစ်ပါးသာ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။ မိဖုရားကြီးဟာ မင်းတုန်းမင်းကြီးလက်ထက်မှာ အခြားသော မိဖုရားများနဲ့ ဆက်ဆံရေးအဆင်ပြေခဲ့ပြီး မည်သူနဲ့မျှလဲ ရန်ငြိုး အာဃာတရှိခဲ့ဟန်မတူပါဘူး။

ဒါကြောင့် မင်းတုန်းဘုရင်ကြီး မကျန်းမမာဖြစ်တဲ့အခါမှာ လဲချားမိဖုရားကြီးဟာ သားတော်ကိုမွေးဖွားခဲ့သူမိဖုရားတစ်ပါးဖြစ်ခဲ့ပေမယ့် မင်းတုန်းဘုရင်ကြီးရဲ့အချစ်တော် မိဖုရားငါးပါးနဲ့အတူ နတ်ရွာစံကံကုန်ချိန်အထိ အနီးကပ်ပြုစုခစားခဲ့ရပါတယ်။

မင်းတုန်းမင်းကြီးကို အနီးကပ်ခစားခဲ့ရသူ မိဖုရားကြီးတွေကတော့

* တောင်ဆောင်တော်မိဖုရားကြီး(ဒီမိဖုရားကြီးဟာ ဆင်ဖြူမရှင်မိဖုရားရဲ့ ဘက်တော်သားမိဖုရားကြီးဖြစ်ခဲ့သလို ဆင်ဖြူမရှင်ရဲ့ သူငယ်ချင်းတစ်ဦးဆိုရင်လဲမမှားပါဘူး)

*စိန်တုံးမိဖုရားကြီး(ဒီမိဖုရားကြီးကတော့ မင်းတုန်းမင်းရဲ့နှမတော်ဖြစ်ပြီး ဘုရင့်အချစ်တော် နန်းဆွယ် မိဖုရားကြီးလဲဖြစ်ပါတယ်)၊

 

*သရစိမ်းမိဖုရားကြီး(ဒီမိဖုရားကြီး ဟာ ရုပ်ရည်အချောမောဆုံးနဲ့ ဘုရင်အချစ်ဆုံးမိဖုရားကြီးပါ)၊

*သနဇရစ်မိဖုရားကြီး (၃ရက်ခြားတစ်ခါအထိ ဘုရင်နဲ့အတူအိပ်စက်ခဲ့ရတဲ့ အချစ်တော်မိဖုရားကြီးပါ)၊

*လက်ပံစဉ်မိဖုရားကြီး(အင်္ဂလိပ်ကိုတော်လှန်ခဲ့သူမြင်စိုင်းမင်းသားရဲ့မယ်တော်ဖြစ်ပြီး၊ မောင်အငယ်ဆုံးဖြစ်သူ ဦးဖော့မှာ အနောက်ဆောင်၌မိန်းမစိုးချုပ် ဖြစ်ခဲ့ပါတယ်)။

လဲချားမိဖုရားကြီးဟာ သီပေါမင်းလက်ထက် မှာ အခြားသော မိဖုရားများနည်းတူ အနောက်ပိုင်းဆောင်မှာ နေထိုင်ခဲ့ရပြီး ပါတော်မူသည့်အခါတွင် ညောင်ရွှေစော်ဘွား ဆာစောမောင်၏ အကူအညီနှင့် သားမယ်တော်နှစ်ပါးဟာ ရှမ်းပြည်ကိုပြန်ခဲ့ကြပါတယ်။

အစအဦးမှာ မိဖုရားကြီးရဲ့ သားတော်ဖြစ်သူ ကိုယ်တော်ကြီးကို ဆာစောမောင်ဟာ ရုပ်ပြထား၍ ရှမ်းစော်ဘွားများအားစုရုံးကာ မန္တလေး နန်းတော်ကြီးအားပြန်လည်ရယူရန်ကြံစည်ခဲ့သော်လည်း လူအုပ်စုမညီမျှ၍အစုကွဲကာ မင်းသားငယ်သည်လည်း ရေဝန်းဆရာတော်နှင့်အတူ သာမိုင်းခမ်းအရပ်တွင်ပုန်းခိုနေခဲ့ရသည်။

ထိုအချိန်မှစ၍ လဲချားမိဖုရားကြီးနဲ့အတူ သားတော်ဟာလည်း သမိုင်းမှတ်တမ်းနဲ့ဝေးကွာလို့ အဆက်ပြတ်ခဲ့ရပါတော့တယ်။

(စာကြွင်း တက္ကသိုလ်အေးသန့်၏ “ကိုလိုနီခေတ်ဦး တော်လှန်ရေးသမိုင်းဝင်အာဇာနည်များ”စာအုပ်တွင် လဲချားမိဖုရား၏သားတော်သည် ကြည့်မြင်တိုင်မင်းသားအမည်ခံ၍ အင်္ဂလိပ်တို့အားတော်လှန်ခဲ့ရာမှ ရွာငံမြို့မြောက်ဘက် သရက်ခြံရွာတွင်အဖမ်းခံရကာ ထိုမှ ခေါင်းဖြတ်သတ်ခြင်းကိုခံခဲ့ရရှာသည်ဟုလည်းတွေ့ရှိရသည်)

ကိုးကား
ရတနာပုံနိဒါန်းနိဂုံး
ဒဂုန်ခင်ခင်လေး

ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)
မောရစ်ကောလစ်၏ ကမ္ဘောဇ နေဝင်ဘုရင်များ

Credit

 

Zawgyi

 

လဲခ်ားမိဖုရားႀကီး(သို႔)သမိုင္းတြင္ တိမ္ျမဳပ္သြားခဲ့ေသာ ရွမ္းမိဖုရားႀကီး

 

 

လဲခ်ားၿမိဳ႕ဟာ ရွမ္းျပည္နယ္ ရဲ႕ အလယ္ဗဟိုတည့္တည့္မွာတည္ရွိၿပီး ၿမိဳ႕ေတာ္ႀကီးကို နမ့္တိန္းေခ်ာင္းဟာ ေျမာက္မွေတာင္သို႔ ျဖတ္သန္းၿပီးစီးဆင္းသြားခဲ့ရာ ၿမိဳ႕ေတာ္ႀကီးဟာ သဘာဝအလွတရားမ်ားနဲ႕ၿပီးျပည့္စုံတဲ့ၿမိဳ႕ေတာ္ႀကီးျဖစ္ခဲ့ပါတယ္။

သကၠရာဇ္ ၉၄၆ခုႏွစ္ကစလို႔ ေစာ္ဘြားႀကီး ခြန္ဆန္ျမတ္နိုးဟာ ယခုလဲခ်ားၿမိဳ႕ေတာ္အရပ္မွာ ၿမိဳ႕တည္ၿပီး အုပ္ခ်ဳပ္ခဲ့ရာမွအစျပဳ၍ ေစာ္ဘြားေပါင္း ၂၂ဆက္အထိအုပ္ခ်ဳပ္သြားခဲ့ၾကရပါတယ္။

ေနာက္ၿပီး အဂၤလိပ္ေခတ္ေရာက္တဲ့အခါမွာလည္း ရွမ္းေစာ္ဘြားမ်ားအနက္ လဲခ်ားေစာ္ဘြားႀကီးဟာ အဦးဆုံး ေသာ အဂၤလိပ္သစၥာေတာ္ခံျဖစ္ခဲ့လို႔ ဝိတိုရိယဘုရင္မႀကီးမွ လဲခ်ားၿမိဳ႕နဲ႕ မႏၲေလးၿမိဳ႕ေတာ္ႀကီးကို လမ္းမႀကီးေဖာက္လုပ္ေပးခဲ့တဲ့အထိ ခ်ီးျမႇင့္ခဲ့ဖူးပါတယ္။

လဲခ်ားၿမိဳ႕ဟာ သမိုင္းဝင္ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုရာ ပင္လုံၿမိဳ႕ရဲ႕ ေျမာက္ဘက္ေဒသ ကပ္လ်က္မွာတည္ရွိေနခဲ့ၿပီး ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုစဥ္ကလည္း လဲခ်ားၿမိဳ႕ရဲ႕ ေနာက္ဆုံးေသာ ေစာ္ဘြားႀကီး စဝ္ႏြံဟာ ပါဝင္ လက္မွတ္ေရးထိုး ခဲ့ပါတယ္။

 

အခုလို သမိုင္းဝင္မွတ္တမ္းမ်ားနဲ႕ျပည့္စုံခဲ့တဲ့ လဲခ်ားၿမိဳ႕ေတာ္ႀကီးမွကုန္းေဘာင္ေခတ္တြင္ သမီးေတာ္တပါးကို အမရပူရနန္းေတာ္ႀကီးသို႔ သမီးကညာအျဖစ္ ဆက္သခဲ့ပါတယ္။

ထိုသမီးေတာ္ေလးကို မင္းတုန္းမင္းႀကီးဟာ နန္းတက္ၿပီး၂ႏွစ္အၾကာ ၁၂၁၆ခုႏွစ္မွာ “သီရိသဂၤါမေဟ”ဘြဲ႕ေပးအပ္ခဲ့ၿပီး မိဖုရားျမႇောက္ခဲ့လို႔ ဒုတိယအဆင့္မေဟဘြဲ႕ခံ မိဖုရားႀကီး ျဖစ္လာခဲ့ပါတယ္။ လဲခ်ားေစာ္ဘြားႀကီးရဲ႕ သမီးေတာ္ျဖစ္လို႔ လဲခ်ားမိဖုရားႀကီးရယ္လို႔လဲ နာမည္တြင္ ခဲ့ပါတယ္။

လဲခ်ားမိဖုရားႀကီးဟာ သားသမီးသုံးပါးထြန္းကားခဲ့ေပမယ့္ သားေတာ္ေလးတစ္ပါးသာ အဖတ္တင္က်န္ရစ္ခဲ့ပါတယ္။ မိဖုရားႀကီးဟာ မင္းတုန္းမင္းႀကီးလက္ထက္မွာ အျခားေသာ မိဖုရားမ်ားနဲ႕ ဆက္ဆံေရးအဆင္ေျပခဲ့ၿပီး မည္သူနဲ႕မွ်လဲ ရန္ၿငိဳး အာဃာတရွိခဲ့ဟန္မတူပါဘူး။

ဒါေၾကာင့္ မင္းတုန္းဘုရင္ႀကီး မက်န္းမမာျဖစ္တဲ့အခါမွာ လဲခ်ားမိဖုရားႀကီးဟာ သားေတာ္ကိုေမြးဖြားခဲ့သူမိဖုရားတစ္ပါးျဖစ္ခဲ့ေပမယ့္ မင္းတုန္းဘုရင္ႀကီးရဲ႕အခ်စ္ေတာ္ မိဖုရားငါးပါးနဲ႕အတူ နတ္႐ြာစံကံကုန္ခ်ိန္အထိ အနီးကပ္ျပဳစုခစားခဲ့ရပါတယ္။

မင္းတုန္းမင္းႀကီးကို အနီးကပ္ခစားခဲ့ရသူ မိဖုရားႀကီးေတြကေတာ့

* ေတာင္ေဆာင္ေတာ္မိဖုရားႀကီး(ဒီမိဖုရားႀကီးဟာ ဆင္ျဖဴမရွင္မိဖုရားရဲ႕ ဘက္ေတာ္သားမိဖုရားႀကီးျဖစ္ခဲ့သလို ဆင္ျဖဴမရွင္ရဲ႕ သူငယ္ခ်င္းတစ္ဦးဆိုရင္လဲမမွားပါဘူး)

*စိန္တုံးမိဖုရားႀကီး(ဒီမိဖုရားႀကီးကေတာ့ မင္းတုန္းမင္းရဲ႕ႏွမေတာ္ျဖစ္ၿပီး ဘုရင့္အခ်စ္ေတာ္ နန္းဆြယ္ မိဖုရားႀကီးလဲျဖစ္ပါတယ္)၊

 

*သရစိမ္းမိဖုရားႀကီး(ဒီမိဖုရားႀကီး ဟာ ႐ုပ္ရည္အေခ်ာေမာဆုံးနဲ႕ ဘုရင္အခ်စ္ဆုံးမိဖုရားႀကီးပါ)၊

*သနဇရစ္မိဖုရားႀကီး (၃ရက္ျခားတစ္ခါအထိ ဘုရင္နဲ႕အတူအိပ္စက္ခဲ့ရတဲ့ အခ်စ္ေတာ္မိဖုရားႀကီးပါ)၊

*လက္ပံစဥ္မိဖုရားႀကီး(အဂၤလိပ္ကိုေတာ္လွန္ခဲ့သူျမင္စိုင္းမင္းသားရဲ႕မယ္ေတာ္ျဖစ္ၿပီး၊ ေမာင္အငယ္ဆုံးျဖစ္သူ ဦးေဖာ့မွာ အေနာက္ေဆာင္၌မိန္းမစိုးခ်ဳပ္ ျဖစ္ခဲ့ပါတယ္)။

လဲခ်ားမိဖုရားႀကီးဟာ သီေပါမင္းလက္ထက္ မွာ အျခားေသာ မိဖုရားမ်ားနည္းတူ အေနာက္ပိုင္းေဆာင္မွာ ေနထိုင္ခဲ့ရၿပီး ပါေတာ္မူသည့္အခါတြင္ ေညာင္ေ႐ႊေစာ္ဘြား ဆာေစာေမာင္၏ အကူအညီႏွင့္ သားမယ္ေတာ္ႏွစ္ပါးဟာ ရွမ္းျပည္ကိုျပန္ခဲ့ၾကပါတယ္။

အစအဦးမွာ မိဖုရားႀကီးရဲ႕ သားေတာ္ျဖစ္သူ ကိုယ္ေတာ္ႀကီးကို ဆာေစာေမာင္ဟာ ႐ုပ္ျပထား၍ ရွမ္းေစာ္ဘြားမ်ားအားစု႐ုံးကာ မႏၲေလး နန္းေတာ္ႀကီးအားျပန္လည္ရယူရန္ႀကံစည္ခဲ့ေသာ္လည္း လူအုပ္စုမညီမွ်၍အစုကြဲကာ မင္းသားငယ္သည္လည္း ေရဝန္းဆရာေတာ္ႏွင့္အတူ သာမိုင္းခမ္းအရပ္တြင္ပုန္းခိုေနခဲ့ရသည္။

ထိုအခ်ိန္မွစ၍ လဲခ်ားမိဖုရားႀကီးနဲ႕အတူ သားေတာ္ဟာလည္း သမိုင္းမွတ္တမ္းနဲ႕ေဝးကြာလို႔ အဆက္ျပတ္ခဲ့ရပါေတာ့တယ္။

(စာႂကြင္း တကၠသိုလ္ေအးသန့္၏ “ကိုလိုနီေခတ္ဦး ေတာ္လွန္ေရးသမိုင္းဝင္အာဇာနည္မ်ား”စာအုပ္တြင္ လဲခ်ားမိဖုရား၏သားေတာ္သည္ ၾကည့္ျမင္တိုင္မင္းသားအမည္ခံ၍ အဂၤလိပ္တို႔အားေတာ္လွန္ခဲ့ရာမွ ႐ြာငံၿမိဳ႕ေျမာက္ဘက္ သရက္ၿခံ႐ြာတြင္အဖမ္းခံရကာ ထိုမွ ေခါင္းျဖတ္သတ္ျခင္းကိုခံခဲ့ရရွာသည္ဟုလည္းေတြ႕ရွိရသည္)

ကိုးကား
ရတနာပုံနိဒါန္းနိဂုံး
ဒဂုန္ခင္ခင္ေလး

ကုန္းေဘာင္အလြန္
ေမာင္သန္းေဆြ (ထားဝယ္)
ေမာရစ္ေကာလစ္၏ ကေမာၻဇ ေနဝင္ဘုရင္မ်ား

Credit

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *