“စကားအဆိပ်သင့်ခဲ့လို့ နိဂုံးမလှခဲ့တဲ့ မြန်မာ ရာဇဝင်ထဲက မင်းခွေးချေး”

“စကားအဆိပ်သင့်ခဲ့လို့ နိဂုံးမလှခဲ့တဲ့ မြန်မာ ရာဇဝင်ထဲက မင်းခွေးချေး”

 

 

 

ရာဇဝင်မှာ ဟင်းခွက် သုံးရာမပြည့်ရင် မစားတဲ့ဘုရင် တပါးရှိတယ်။ ငယ်အမည်မင်းခွေးချေး ၊တရုတ်ပြေးမင်းလို့ ခေါ်တဲ့ နရသီဟပတေ့။

သူက ဘုရင်မဖြစ်ခင်တုန်းက ရာဇသင်္ကြန် အမတ်ကြီးကို ဆည်းကပ်လို့ နေရာကောင်းရအောင်လုပ်တယ်။နောက်တော့ အမတ်ကြီး ၏ အ ကူအညီကြောင့် ဘုရင်ဖြစ်တယ်။

ဘုရင်ဖြစ်တော့ ပျော်ပါးမူးယစ်နေပီး သူကောင်းပြူ ရမယ့်ကိစ္စ တွေ မေ့လျော့နေတယ်။

ဒါနဲ့ တနေ့တော့ ရာဇသင်္ကြန် အမတ်ကြီးဟာ လွှတ်တော်တတ်တဲ့အခါ ကွမ်းကလပ် ကို အပဲ့အစုတ်ဖြင့် ကိုင်လာပါလေရော
ဒီအရာကို ဘုရင်က မြင်တော့ အဘိုး ဘယ့်နှယ့်ကြောင့် ကွမ်းကလပ် အပဲ့နဲ့လာရသတုန်း ၊အမတ်ကြီး၏ အနေအထားနဲ့ဆို ရွှေကလပ်တောင် ရှိနေရမယ်မို့လားဆိုတော့

အ မတ်ကြီးက …

မှန်လှပါ ယခုတလော ပန်းပွတ်သည်များ ကောင်းစားနေ၍ ပန်းပွတ်မည့်သူ မရှိကြောင်းပါလို့ ဖြေလိုက်တော့ ဘုရင်က ချက်ခြင်းသိတယ် ။

သူ့ အမေဟာ ပန်းပွတ် သည် (ပန်းပု) မျိူးရိုး ဖြစ်နေတာကိုး။
မျိူးရိုး ကို ထိပါး၍ စော်ကြား ခြင်းကြောင့် ဘုရင်က အ မျက် ထွက်လေ ပြီးမေးသတဲ့။

အမတ်ကြီး ဘုရား ထီးတင်လျှင် ဘာလို သလည်း ဆိုတော့ ငြမ်းလို ပါတယ်လို့ဖြေ ပါသတဲ့ဒါဆို ရင် အခု ဘုရားလည်းပြီးပြီ ထီးလည်း ပြီးပြီငြမ်း ဖျက်ယုံ ပေါ့ လို့ဆိုပြီး အမတ်ကြီးရာဇသင်္ကြန် ကို ဒလသို့နယ်နှင် ပို့လိုက်ပါလေရော။

( ဒါဟာ ကိုယ်နဲ့သင့် တော်၏ မသင့်တော်၏ ပြောသင့် မပြောသင့် မကြည့် အချိန်အခါ မကြည့် လိုခြင်စိတ် ဒေါသစိတ်ကြောက့် ဖြစ်ရတဲ့ ဒုက္ခတခုပေါ့)နရသီဟပတေ့မှာ သားတော် ၃ ပါးရှိတယ်။ အဲ့အထဲက ၂ ပါးကို ဝက်လက်ဟင်းချက်ပြီးအမြဲပေးတယ်။

သီဟသူ ဆိုတဲ့သားကို တော့ ခြေ ထောက်ပဲပေးတယ်။ သီဟသူရဲ့အမေက စားတော်ကဲကို လာတ်ထိုးပီး ဝက်လက်ကို ရစေတယ်။ဒါကိုဘုရင်က သိတော့ ဟဲ့ဝက်လက်ခိုးမသား လို့ လူ ပုံအလယ်မှာ ခေါ်တယ်။

မိဖုရား ရှင်မောက် ( သီဟသူရဲ့မိခင်) ကိုလည်း ဝက်လက် ခိုးမရယ်လို့ခေါ်တယ်။ဒါကို သီဟသူက စိတ်အနာကြီးနာလေတော့တယ်။သီဟသူ ဟာ ပြည်မြို့စား ရာထူး ရထားတာပါ။

တခါတော့ တရုတ်တွေ ဝင်လာပီးတိုက်လို့ နရသီဟ ဟာ ပုသိမ် အထိ ဆင်းပြေးရတာကြောင့် တရုတ်ပြေးမင်းလို့ခေါ်ပါတယ်။

တရုတ်ရန်က အေးတော့ နန်းတော်ကိူ ပြန်အလာ လမ်းမှာ သားတော်သီဟသူ ရှိတဲ့ ပြည်မြို့ ကိုဝင်တယ်။

သီဟသူက ဖောင်တော် အကြီးစားနဲ့ ကြိုလင့်တယ် သို့သော် သူကြိုဆိုတာက ဒီလိုပါ။

ဖောင်ပေါ်မှာက သူသတ်ကြီးတွေ တင်ထားပါတယ် ဓါးတွေ လှံတွေနဲ့ အပြည့်အအစုံခင်းလို့ပါ။ဖခင်ကြိုက်တဲ့ဟင်းခွက်တွေ လည်းစီမံ လို့ ထားပါသတဲ့နရသီဟ ဟာ ဖောင်ပေါ်အတတ်မှာ ဒါတွေကို မြင်ပါပီ။

သီဟသူက ဖခမည်းတော် သုံးဆောင်ပါ။သို့သော် ….ဟင်းခွက်တိုင်း မှာအဆိပ် ခပ်ထားပါတယ်တဲ့။တကယ် လို့မစားခဲ့ရင်လည်း ဟောဟိုက သူသတ်ကြီးတွေက သတ်မှာပဲ လို့ဆိုတယ်။

နရသီဟ ပတေ့ဟာ ဒုက္ခအကြီးအကျယ်ရောက်ပါပြီ။ဒီတော့ မိဖုရားကို တိုင်ပင်လေတော့ သွေးသံရဲရဲသေမယ့်အတူ အဆိပ်စားသေသင့်တယ်လို့ ပြောတော့ အဆိပ်ပါ တဲ့ဟင်းခွက်ကို သိသိကြီးနဲ့စားပါသတဲ့..။

သေအံ့ဆဲဆဲ မှာ သူဟာ ဆုတခု တောင်းပါတယ်။ဘဝဆက်တိုင်း လူဖြစ်ရကား သား ယောက်ကျားလေး မမွေးရပါလို၏တဲ့ ။ဒါဟာ နရသီဟပတေ့ ကြီးရဲ့ ဝက်လက်ခိုးမသား ရယ်လို့ ခေါ်လိုက်တဲ့ စကားကြောင့် အသတ်ခံရတာပါ။

ရာဇသင်္ကြန်တုန်းက ဘုရားပြီးငြမ်းဖျက်လို့ ရာဇဝင်တွင်တဲ့စကားနဲ့ ဒလ ကို ပို့တယ်။အခု သု့အလှည့်မှာ ဝက်လက်ခိုး လို့ပြောမိလို့ အဆိပ်ပါတဲ့ ထမင်းဟင်း စားပီးသေရတယ်။

ဒါကြောင့် …

ငါထင်တယ် ငါတတ်တယ် ငါသိတယ် ငါပြောရင် ဆိုတဲ့လူတွေ စကားကို ငါ့မှန်တယ်လို့ ငါအမှန်ပြောတာလို့ ထင်ပီးပြောတတ်တဲ့သူ တွေအတွက် သတိထားစရာပေါ့။

ကိုယ်က မှန်တယ်ထင်ပြီးပြောလိုက်တဲ့စကားတွေဟာ တခြားတယောက်ရင်ထဲမှာ အဆိပ် ဖြစ်သွားတတ်ပါတယ်။

 

Credit

 

Zawgyi

“စကားအဆိပ္သင့္ခဲ့လို႔ နိဂုံးမလွခဲ့တဲ့ ျမန္မာ ရာဇဝင္ထဲက မင္းေခြးေခ်း”

 

 

 

ရာဇဝင္မွာ ဟင္းခြက္ သုံးရာမျပည့္ရင္ မစားတဲ့ဘုရင္ တပါးရွိတယ္။ ငယ္အမည္မင္းေခြးေခ်း ၊တ႐ုတ္ေျပးမင္းလို႔ ေခၚတဲ့ နရသီဟပေတ့။

သူက ဘုရင္မျဖစ္ခင္တုန္းက ရာဇသၾကၤန္ အမတ္ႀကီးကို ဆည္းကပ္လို႔ ေနရာေကာင္းရေအာင္လုပ္တယ္။ေနာက္ေတာ့ အမတ္ႀကီး ၏ အ ကူအညီေၾကာင့္ ဘုရင္ျဖစ္တယ္။

ဘုရင္ျဖစ္ေတာ့ ေပ်ာ္ပါးမူးယစ္ေနပီး သူေကာင္းျပဴ ရမယ့္ကိစၥ ေတြ ေမ့ေလ်ာ့ေနတယ္။

ဒါနဲ႕ တေန႕ေတာ့ ရာဇသၾကၤန္ အမတ္ႀကီးဟာ လႊတ္ေတာ္တတ္တဲ့အခါ ကြမ္းကလပ္ ကို အပဲ့အစုတ္ျဖင့္ ကိုင္လာပါေလေရာ
ဒီအရာကို ဘုရင္က ျမင္ေတာ့ အဘိုး ဘယ့္ႏွယ့္ေၾကာင့္ ကြမ္းကလပ္ အပဲ့နဲ႕လာရသတုန္း ၊အမတ္ႀကီး၏ အေနအထားနဲ႕ဆို ေ႐ႊကလပ္ေတာင္ ရွိေနရမယ္မို႔လားဆိုေတာ့

အ မတ္ႀကီးက …

မွန္လွပါ ယခုတေလာ ပန္းပြတ္သည္မ်ား ေကာင္းစားေန၍ ပန္းပြတ္မည့္သူ မရွိေၾကာင္းပါလို႔ ေျဖလိုက္ေတာ့ ဘုရင္က ခ်က္ျခင္းသိတယ္ ။

သူ႕ အေမဟာ ပန္းပြတ္ သည္ (ပန္းပု) မ်ိဴးရိုး ျဖစ္ေနတာကိုး။
မ်ိဴးရိုး ကို ထိပါး၍ ေစာ္ၾကား ျခင္းေၾကာင့္ ဘုရင္က အ မ်က္ ထြက္ေလ ၿပီးေမးသတဲ့။

အမတ္ႀကီး ဘုရား ထီးတင္လွ်င္ ဘာလို သလည္း ဆိုေတာ့ ျငမ္းလို ပါတယ္လို႔ေျဖ ပါသတဲ့ဒါဆို ရင္ အခု ဘုရားလည္းၿပီးၿပီ ထီးလည္း ၿပီးၿပီျငမ္း ဖ်က္ယုံ ေပါ့ လို႔ဆိုၿပီး အမတ္ႀကီးရာဇသၾကၤန္ ကို ဒလသို႔နယ္ႏွင္ ပို႔လိုက္ပါေလေရာ။

( ဒါဟာ ကိုယ္နဲ႕သင့္ ေတာ္၏ မသင့္ေတာ္၏ ေျပာသင့္ မေျပာသင့္ မၾကည့္ အခ်ိန္အခါ မၾကည့္ လိုျခင္စိတ္ ေဒါသစိတ္ေၾကာက့္ ျဖစ္ရတဲ့ ဒုကၡတခုေပါ့)နရသီဟပေတ့မွာ သားေတာ္ ၃ ပါးရွိတယ္။ အဲ့အထဲက ၂ ပါးကို ဝက္လက္ဟင္းခ်က္ၿပီးအၿမဲေပးတယ္။

သီဟသူ ဆိုတဲ့သားကို ေတာ့ ေျခ ေထာက္ပဲေပးတယ္။ သီဟသူရဲ႕အေမက စားေတာ္ကဲကို လာတ္ထိုးပီး ဝက္လက္ကို ရေစတယ္။ဒါကိုဘုရင္က သိေတာ့ ဟဲ့ဝက္လက္ခိုးမသား လို႔ လူ ပုံအလယ္မွာ ေခၚတယ္။

မိဖုရား ရွင္ေမာက္ ( သီဟသူရဲ႕မိခင္) ကိုလည္း ဝက္လက္ ခိုးမရယ္လို႔ေခၚတယ္။ဒါကို သီဟသူက စိတ္အနာႀကီးနာေလေတာ့တယ္။သီဟသူ ဟာ ျပည္ၿမိဳ႕စား ရာထူး ရထားတာပါ။

တခါေတာ့ တ႐ုတ္ေတြ ဝင္လာပီးတိုက္လို႔ နရသီဟ ဟာ ပုသိမ္ အထိ ဆင္းေျပးရတာေၾကာင့္ တ႐ုတ္ေျပးမင္းလို႔ေခၚပါတယ္။

တ႐ုတ္ရန္က ေအးေတာ့ နန္းေတာ္ကိူ ျပန္အလာ လမ္းမွာ သားေတာ္သီဟသူ ရွိတဲ့ ျပည္ၿမိဳ႕ ကိုဝင္တယ္။

သီဟသူက ေဖာင္ေတာ္ အႀကီးစားနဲ႕ ႀကိဳလင့္တယ္ သို႔ေသာ္ သူႀကိဳဆိုတာက ဒီလိုပါ။

ေဖာင္ေပၚမွာက သူသတ္ႀကီးေတြ တင္ထားပါတယ္ ဓါးေတြ လွံေတြနဲ႕ အျပည့္အအစုံခင္းလို႔ပါ။ဖခင္ႀကိဳက္တဲ့ဟင္းခြက္ေတြ လည္းစီမံ လို႔ ထားပါသတဲ့နရသီဟ ဟာ ေဖာင္ေပၚအတတ္မွာ ဒါေတြကို ျမင္ပါပီ။

သီဟသူက ဖခမည္းေတာ္ သုံးေဆာင္ပါ။သို႔ေသာ္ ….ဟင္းခြက္တိုင္း မွာအဆိပ္ ခပ္ထားပါတယ္တဲ့။တကယ္ လို႔မစားခဲ့ရင္လည္း ေဟာဟိုက သူသတ္ႀကီးေတြက သတ္မွာပဲ လို႔ဆိုတယ္။

နရသီဟ ပေတ့ဟာ ဒုကၡအႀကီးအက်ယ္ေရာက္ပါၿပီ။ဒီေတာ့ မိဖုရားကို တိုင္ပင္ေလေတာ့ ေသြးသံရဲရဲေသမယ့္အတူ အဆိပ္စားေသသင့္တယ္လို႔ ေျပာေတာ့ အဆိပ္ပါ တဲ့ဟင္းခြက္ကို သိသိႀကီးနဲ႕စားပါသတဲ့..။

ေသအံ့ဆဲဆဲ မွာ သူဟာ ဆုတခု ေတာင္းပါတယ္။ဘဝဆက္တိုင္း လူျဖစ္ရကား သား ေယာက္က်ားေလး မေမြးရပါလို၏တဲ့ ။ဒါဟာ နရသီဟပေတ့ ႀကီးရဲ႕ ဝက္လက္ခိုးမသား ရယ္လို႔ ေခၚလိုက္တဲ့ စကားေၾကာင့္ အသတ္ခံရတာပါ။

ရာဇသၾကၤန္တုန္းက ဘုရားၿပီးျငမ္းဖ်က္လို႔ ရာဇဝင္တြင္တဲ့စကားနဲ႕ ဒလ ကို ပို႔တယ္။အခု သု႔အလွည့္မွာ ဝက္လက္ခိုး လို႔ေျပာမိလို႔ အဆိပ္ပါတဲ့ ထမင္းဟင္း စားပီးေသရတယ္။

ဒါေၾကာင့္ …

ငါထင္တယ္ ငါတတ္တယ္ ငါသိတယ္ ငါေျပာရင္ ဆိုတဲ့လူေတြ စကားကို ငါ့မွန္တယ္လို႔ ငါအမွန္ေျပာတာလို႔ ထင္ပီးေျပာတတ္တဲ့သူ ေတြအတြက္ သတိထားစရာေပါ့။

ကိုယ္က မွန္တယ္ထင္ၿပီးေျပာလိုက္တဲ့စကားေတြဟာ တျခားတေယာက္ရင္ထဲမွာ အဆိပ္ ျဖစ္သြားတတ္ပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *