မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓား နှင့် သာသနာဖျက်ခဲ့ သူ သိုဟန်ဘွား အကြောင်း

မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓား နှင့် သာသနာဖျက်ခဲ့ သူ သိုဟန်ဘွား အကြောင်း

 

 

မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်း၀ နေ ပြည်တော် ကျရောက်ခဲ့သည်၊ ရှမ်းမင်း သိုဟန်ဘွားသည် ဗုဒ္ဓဘာသာ၀င်မဟုတ်ချေ၊ သို့ဖြစ်၍ သိုဟန်ဘွားသည် ရဟန်းသံဃာတော် တို့အား ရန်သူသဖွယ် ထင်မှတ်ထားခဲ့သည်၊

သူ့ထီးနန်း စည်းစိမ်ကို လုယူမည့်သူများ ဖြစ်သည်ဟုလည်း အမြဲတမ်းနှလုံးသွင်းထားခဲ့သည်၊ သူသည် မင်းဆိုး မင်းညစ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတဝှမ်းရှိ ကျောင်းကန်ဘုရားများမှ ကြေးးဆင်းတုတော်၊ ကြေးခေါင်းလောင်း၊ ကြေးစည် မှန်သမျှတို့ကို အတင်းသိမ်းပိုက်ကာ အမြောက်ကျည်ဆံ ကျိုရာတွင် အသုံးပြုခဲ့သည်၊

သိုဟန်ဘွားလက်ထက်တွင် ဗုဒ္ဓသာသနာတော်သည် တိမ်ဖုံးသည့့်လ ပမာ ညှိုးငယ် စွာရှိခဲ့တော့သည်၊

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဟန်းသံဃာများကို ရန်သူအဖြစ်အမြဲတမ်းမြင် နေသော သိုဟန်ဘွားသည် ရဟန်းတော် တို့အား အမြစ်ပြတ်ရှင်းလင်းပစ်ရန် ကြံစည်ခဲ့လေသည်။

ကြံစည်ပုံမှာ အင်းဝနေပြည်တော် တောင်ဖက်အရပ်ရှိ တောင်ဖလူလယ်ပြင်တွင် တဲပြင်ကန္နား ကြီးမားစွာထိုးပြီးလျှင် ‘အင်းဝနေပြည်တော် တစ်ဝှန်းရှိ ရဟန်းသံဃာတော်အားလုံးတို့အား ဖူးမြှော်ကန်တော့ ပြီး ဆွမ်းဆက်ကပ်လှူဒါန်းလိုပါသဖြင့် ကြွရောက်ကြပါရန်’ဟု လျှောက်ထားစေပြီး တောင်ဖလူ လယ်ပြင်ရှိ မဏ္ဏပ်၊ ကန္နား ထိုးထားရာသို့ ပင့်ခေါ်စေခဲ့ပါသည်၊

သံဃာတော်များ မကြွလာမီ ကြီးမား သော ဆင်တပ်၊ မြင်းတပ်၊ ခြေလျှင်တပ်တို့ကိုလည်း မဏ္ဏပ်ကို ဝိုင်းရံထားစေသည်၊ သံဃာတော်များ ကြွချီလာကြသောအခါ အချို့သံဃာတော်များက ဆွမ်းကျွေးပင့်တယ်ဆိုပြီး ဘာပြုလို့ စစ်တပ်ကြီးနဲ့ ဝိုင်းထားရတာလဲ ဟု အမေးတော်ရှိခဲ့ကြသည်။အဖြေက “စစ်အင်္ဂါလေးပါးဖြင့် ခင်းကျင်းပြီး ဂုဏ်ပြု ကြည်ညို ချင်လို့ပါဘုရား”ဟု အမတ်များက လျှောက်ထားကြသဖြင့် သံဃာတော်များမှာ သံသယကင်းစွာဖြင့် ဆက်ကပ်သော ဆွမ်းကို ဘုဉ်းပေးတော်မှုကြလေသည်။

သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ် သိုဟန်ဘွားသည် မူလကြိုတင်စီစဉ်ထားခဲ့သည့်အတိုင်း သူ့စစ်တပ်ကို သံဃာတော် များအား ဝိုင်း၀န်းသတ်ဖြတ်ရန် အမိန့်ပေးလိုက်လေသည်၊ အချက်ပေးအမိန့်သံ ရသည်နှင့်တပြိုင်နက် ဆင်တပ် မြင်းတပ် ခြေလျှင်တပ်တို့ဖြင့် သံဃာတော်များအား အတင်း၀င်ရောက် ထိုးခုတ်သတ်ဖြစ်ကြလေတော့သည်၊

ဆွမ်းကျွေးပွဲမှသည် လူသတ်ပွဲ မြေပြင်မှသည် သွေးပင်လယ်သို့ တမုဟုတ်ခြင်း ပြောင်းလဲသွားလေတော့သည်၊ ဆရာတော် သံဃာတော်တို့ ညည်းညူ အော်ဟစ်သံများ၊ ဒါးခုတ်သံ၊ လှံဖြင့်ထိုးသံ၊ သိုဟန်ဘွားနှင့် စစ်သားများ၏ အော်ဟစ်ကြိမ်းမောင်း ညာသံပေးသံတို့က ကွင်းပြင်တခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်၊ စုစုပေါင်း ပင့်သံဃာ (၇၀၀) ကျော်အနက် အနည်းငယ်မျှသာ လွတ်မြောက်ခဲ့ကြ လေတော့၏။

အသတ်ခံလိုက်ရသော ဆရာတော် သံဃာတော်များထဲတွင် နာမည်ကျော် “မဏိသာရမဉ္ဇူသာ” ခေါ်သည့် ဋီကာကျော်အဖွင့် ကျမ်းကြီးကို ပြုစုရေးသား တော်မူခဲ့သော ‘အရှင်အရိယဝံသ’ နှင့် အခြားသော မြန်မာ့ ခေတ်ဆန်းစာပေကို မိတ်ဆက်ပေးခဲ့ကြသော စာတတ်အကျော် ရဟန်းဆရာတော်များ ပါ၀င်သွားခဲ့ကြပါသည်၊ အော် … ရဟန်းကို အဟိတ် တိရိစ္ဆာန် တွေက သတ်လိုက်ကြ လေပြီတကား၊ သံဃာတော်များ အသတ်အဖြတ်ခံရသော သတင်းကြားကြရသော အင်းဝနေပြည်တော် တခုလုံးမှ ပြည်သူများသည် မျက်ရည်စိုရွှဲ ငိုပွဲဆင်ကြရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ။

ထိုကဲ့သို့ ပြည်သူ၊ပြည်သားတို့အဖို့ ခိုကိုးရာမဲ့ကာ ဘ၀တခုလုံး ကြိမ်မီးအုံး သကဲ့သို့ ဖြစ်နေရသည်ကို မကြည့်ရက် မရှုရက်နိုင် သူကား သိုဟန်ဘွား၏ လက်အောက်တွင် အမှုတော်ထမ်းနေ သည့် ရိုးသားဖြောင့်မတ် တည်ကြည်ပြီး စိတ်နှလုံးသား ကောင်းမွန်မြင့်မြတ်သော မင်းကြီးရန်နောင် ဆိုသူပင်ဖြစ်ပါ၏။မင်းကြီးရန်နောင်သည် မြန်မာတို့ဘက်မှ အကြီးအကဲတစ်ဦးဖြစ် သည့်အတွက် မြန်မာမူးမတ်များ၏ မကျေနပ်ချက်တို့ ကိုလည်း သိထားသူဖြစ်ပါ၍ ထို အခါအခွင့်ကိုသာ ငံ့လင့်နေသူပင် ဖြစ်တန်ရာတည်း။

 

‘တောင်ဖလူလယ်ပြင်နှင့်ယိမ်းနွဲ့ပါးဓား’

အင်း၀နန်းတော် မကျဆုံးမီက မြန်မာဘုရင်အဆက်ဆက်တို့ အသုံးပြုခဲ့သော ‘ယိမ်းနွဲ့ပါး’ အမည်ရှိ ဓားတစ်ချောင်းရှိခဲ့သည်၊ ထိုဓားကို မင်းကြီးရန်နောင်က သိမ်းဆည်းထားသည်။နန်းစဉ် သုံးဓား ဖြစ်သဖြင့် အထူးဝိသေသ ဂုဏ်ပုဒ်များနှင့်ပြည့်စုံ သောဓားလည်းဖြစ်သည်။

ဘယ်လိုပြည့်စုံ သလဲဆိုလျှင် မြင်းစီးနေသောသူကို ထို ဓားဖြင့် စလွယ်သိုင်း ခုတ်ပိုင်းလိုက်က မြင်းပေါ်က လူရော၊ မြင်းပါ ပြတ်ကျသည့်ဓားဖြစ်သည် ဆို သည့် ကောင်းခြင်း အင်္ဂါ ပြည့်စုံသော ဓားဖြစ်သည်။

တနေ့တွင် သိုဟန်ဘွားမင်းသည် ယာယီဓာတ်ကိန်းခန်းကျသည်ဟု ဆိုပြီး တောင်ဖလူလယ်ပြင် တွင် ယာယီတဲနန်းဆောက် စံနေသည်။ထိုအချိန်တွင် ရှမ်းရောမြန်မာ မူးမတ်များပါ လိုက်ပါခစား ကြမည်ဖြစ်ရာ မင်းကြီးရန်နောင်၏ လျှောက်ထားတင်ပြချက် အရ မည်သူမျှလက်နက် ကိုင်ဆောင်ခွင့် ပြုထားခြင်းမရှိချေ၊ လက်ချည်းသာ ၀င်ရောက်ခစား ကြရခြင်းဖြစ်သည်။

ထိုသို့ခစားကြရာတွင် မြန်မာမူးမတ်တို့၏ အကြီးအကဲ မင်းကြီးရန်နောင်က တောင်ဖလူလယ်ပြင် ယာယီတဲနန်း သဲပြင်များ အောက်တွင် နေရာများကို မှတ်သားထားပြီး ငှက်ကြီးတောင် ဓားရှည်များ၊ လှံများ မြုတ်ထားကြရန် လှို့ဝှက်ညွှန်ကြားထားပြီး နောက်တနေ့ ညီလာခံ၀င်ချိန်တွင် အချက်ပေးလိုက်သည်နှင့် တပြိုင်နက် အနီးဆုံးရန်သူကို အမြစ်ပြတ်သုတ်သင်ဖို့ အမိန့်ပေးထားလိုက်ပြီ ဖြစ်လေသည်။

နောက်တနေ့ ညီလာခံ၀င်ချိန်တွင် ရှမ်းနှင့်မြန်မာမူးမတ်များ ကိုယ့်နေရာကို အသီးသီး နေရာ ယူထိုင်လိုက်ကြပြီးနောက် မင်းကြီးရန်နောင်၏ အချက်ပေးသံကို ရင်ခုန်သံ တဒိန်းဒိန်းဖြင့် စောင့်စား နေခဲ့ကြသည်။ ထိုအချိန်သည် အိပ်မပျော်သောသူတို့ ညတာ လိုရှည်လွန်းလှပေစွ၊ မိမိတို့အကြံအစည် တချက်လွဲမှားသွားပါ လျှင် သိုဟန်ဘွားလို မင်းဆိုးမင်းညစ်၏ လက်တွင် အားလုံး မရှုမလှ အသက်ပျောက်ကြရမှာ မဟုတ်ပါ လား။

ညီလာခံ စပြီးနောက် မင်းကြီးရန်နောင်က သိုဟန်ဘွား စံနေသည့် ယာယီပလ္လင်နား သို့သွား မတ်တပ်ရပ်ကာ ပလ္လင်ရှေ့တွင် ရှိသော ရှေးနန်းစဉ်သုံး ဓားများ၏ရာဇ၀င်ကို ပြောပြလျက်ရှိပြီး အာရုံ၀င်စားအောင် ဖန်တီးကာ သိုဟန်ဘွားမင်း စိတ်၀င်စားမှန်း သိလာသောအခါ၊ ထိုနန်းစဉ်သုံး ဓားများထဲမှ “ယိမ်းနွဲ့ပါးဓား” ကိုကောက်ကိုင်ကာ “ကိုယ်တော်ဘုရား ဒီ ဓားဟာ ရှေးမြန်မာဘုရင်များ အစဉ်အဆက် အသုံးပြုခဲ့တဲ့ ဒါးဖြစ်ပါတယ်၊

သူ့အမည်က ယိမ်းနွဲ့ပါး လို့ခေါ်ပါတယ်၊ ဒီဓားဟာ ဘယ်လောက်များ ထက်သလဲ ဆိုရင် မြင်းပေါ်ကလူကို ခုတ်ချရင် လူကော မြင်းကော ပြတ်ကျအောင် ပိုင်းဖြတ်နိုင်တဲ့ ထက်မြက်တဲ့ ဓား ဖြစ်ပါတယ်ဘုရား” ဟု ပြောပြောဆိုဆို ဓားကို လက်နှစ်ဘက်နှင့် မိမိရရ ကိုင်ကာ ညာသန်ဖြစ် သည့်မင်းကြီးရန်နောင်က သိုဟန်ဘွား၏ ဘယ်ဘက်လည်တိုင်မှ ပိုင်းဖြတ်ချလိုက်ရာ လူကော သလွန်ပါ တိကနဲ ပြတ်ကျသွားလေတော့သည်။

မင်းကြီးရန်နောင်က စခုတ်လိုက်သည် နှင့်တပြိုင်နက် ကျန်သော မူးမတ်များကလည်း ယမန်နေ့ ကတည်းက မိမိတို့ထိုင်နေရာ အောက်တွင် အသီးသီးဝှက် မြုပ်ထားခဲ့ကြသော ဓားများကိုထုတ်ကာ အနီးဆုံးရန်သူ သိုဟန်ဘွားဘက်တော်သားများအား အမြစ်ပြတ်ချေမှုန်းလိုက်ကြရာ မင်းဆိုး မင်းညစ် သာသနာတော်ကို စော်ကားသူ၊ ရဟန်းသံဃာ ရာပေါင်းများစွာကိုသတ်ဖြတ်သူ သိုဟန်ဘွား၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးသည် နိဂုံးချုပ်ခဲ့ရလေသည်။

ပြည်မြို့စားမင်းကြီးရန်နောင်

မင်းကြီးရန်နောင်သည် မင်းဆိုးမင်းညစ်တစ်ပါးက ပြည်သူ ပြည်သားများအား မတရားနှိပ်စက် နေသည်ကို ဒါဏ်မခံနိုင် သဖြင့်သာ မြန်မာမူးမတ်များ၏ တောင်းဆိုချက်အရ ထ၍ တော်လှန်ရခြင်းဖြစ်သော်လည်း အာဏာကို လုံး၀မက်မောသူမဟုတ်ပါချေ၊ ထို့ကြောင့် မူးမတ်တို့လက်သို့ အာဏာကို အပ်ကာ သင့်တော်သောသူအား ထီးနန်းလွှဲအပ်ဖို့မှာကြားပြီး တောထွက်၍ အသက်ထက်ဆုံး ရဟန်းပြုသွားလေတော့သည်။

Credit

 

Zawgyi

 

 

မင္းႀကီးရန္ေနာင္၏ ယိမ္းႏြဲ႕ပါးဓား ႏွင့္ သာသနာဖ်က္ခဲ့ သူ သိုဟန္ဘြား အေၾကာင္း

 

 

ျမန္မာသကၠရာဇ္ ၈၈၈ ခုႏွစ္တြင္ ျမန္မာမင္းစစ္ရႈံး၍ ရွမ္းမင္း သိုဟန္ဘြားလက္သို႔ အင္း၀ ေန ျပည္ေတာ္ က်ေရာက္ခဲ့သည္၊ ရွမ္းမင္း သိုဟန္ဘြားသည္ ဗုဒၶဘာသာ၀င္မဟုတ္ေခ်၊ သို႔ျဖစ္၍ သိုဟန္ဘြားသည္ ရဟန္းသံဃာေတာ္ တို႔အား ရန္သူသဖြယ္ ထင္မွတ္ထားခဲ့သည္၊

သူ႕ထီးနန္း စည္းစိမ္ကို လုယူမည့္သူမ်ား ျဖစ္သည္ဟုလည္း အၿမဲတမ္းႏွလုံးသြင္းထားခဲ့သည္၊ သူသည္ မင္းဆိုး မင္းညစ္တစ္ပါး ျဖစ္သည့္အတြက္ နိုင္ငံတဝွမ္းရွိ ေက်ာင္းကန္ဘုရားမ်ားမွ ေၾကးးဆင္းတုေတာ္၊ ေၾကးေခါင္းေလာင္း၊ ေၾကးစည္ မွန္သမွ်တို႔ကို အတင္းသိမ္းပိုက္ကာ အေျမာက္က်ည္ဆံ က်ိဳရာတြင္ အသုံးျပဳခဲ့သည္၊

သိုဟန္ဘြားလက္ထက္တြင္ ဗုဒၶသာသနာေတာ္သည္ တိမ္ဖုံးသည့့္လ ပမာ ညွိုးငယ္ စြာရွိခဲ့ေတာ့သည္၊

အထက္တြင္ေဖၚျပခဲ့သည့္အတိုင္း ရဟန္းသံဃာမ်ားကို ရန္သူအျဖစ္အၿမဲတမ္းျမင္ ေနေသာ သိုဟန္ဘြားသည္ ရဟန္းေတာ္ တို႔အား အျမစ္ျပတ္ရွင္းလင္းပစ္ရန္ ႀကံစည္ခဲ့ေလသည္။

ႀကံစည္ပုံမွာ အင္းဝေနျပည္ေတာ္ ေတာင္ဖက္အရပ္ရွိ ေတာင္ဖလူလယ္ျပင္တြင္ တဲျပင္ကႏၷား ႀကီးမားစြာထိုးၿပီးလွ်င္ ‘အင္းဝေနျပည္ေတာ္ တစ္ဝွန္းရွိ ရဟန္းသံဃာေတာ္အားလုံးတို႔အား ဖူးျမႇော္ကန္ေတာ့ ၿပီး ဆြမ္းဆက္ကပ္လႉဒါန္းလိုပါသျဖင့္ ႂကြေရာက္ၾကပါရန္’ဟု ေလွ်ာက္ထားေစၿပီး ေတာင္ဖလူ လယ္ျပင္ရွိ မဏၰပ္၊ ကႏၷား ထိုးထားရာသို႔ ပင့္ေခၚေစခဲ့ပါသည္၊

သံဃာေတာ္မ်ား မႂကြလာမီ ႀကီးမား ေသာ ဆင္တပ္၊ ျမင္းတပ္၊ ေျခလွ်င္တပ္တို႔ကိုလည္း မဏၰပ္ကို ဝိုင္းရံထားေစသည္၊ သံဃာေတာ္မ်ား ႂကြခ်ီလာၾကေသာအခါ အခ်ိဳ႕သံဃာေတာ္မ်ားက ဆြမ္းေကြၽးပင့္တယ္ဆိုၿပီး ဘာျပဳလို႔ စစ္တပ္ႀကီးနဲ႕ ဝိုင္းထားရတာလဲ ဟု အေမးေတာ္ရွိခဲ့ၾကသည္။အေျဖက “စစ္အဂၤါေလးပါးျဖင့္ ခင္းက်င္းၿပီး ဂုဏ္ျပဳ ၾကည္ညို ခ်င္လို႔ပါဘုရား”ဟု အမတ္မ်ားက ေလွ်ာက္ထားၾကသျဖင့္ သံဃာေတာ္မ်ားမွာ သံသယကင္းစြာျဖင့္ ဆက္ကပ္ေသာ ဆြမ္းကို ဘုဥ္းေပးေတာ္မႈၾကေလသည္။

သံဃာေတာ္မ်ား ဆြမ္းဘုဥ္းေပးေနစဥ္ သိုဟန္ဘြားသည္ မူလႀကိဳတင္စီစဥ္ထားခဲ့သည့္အတိုင္း သူ႕စစ္တပ္ကို သံဃာေတာ္ မ်ားအား ဝိုင္း၀န္းသတ္ျဖတ္ရန္ အမိန့္ေပးလိုက္ေလသည္၊ အခ်က္ေပးအမိန့္သံ ရသည္ႏွင့္တၿပိဳင္နက္ ဆင္တပ္ ျမင္းတပ္ ေျခလွ်င္တပ္တို႔ျဖင့္ သံဃာေတာ္မ်ားအား အတင္း၀င္ေရာက္ ထိုးခုတ္သတ္ျဖစ္ၾကေလေတာ့သည္၊

ဆြမ္းေကြၽးပြဲမွသည္ လူသတ္ပြဲ ေျမျပင္မွသည္ ေသြးပင္လယ္သို႔ တမုဟုတ္ျခင္း ေျပာင္းလဲသြားေလေတာ့သည္၊ ဆရာေတာ္ သံဃာေတာ္တို႔ ညည္းၫူ ေအာ္ဟစ္သံမ်ား၊ ဒါးခုတ္သံ၊ လွံျဖင့္ထိုးသံ၊ သိုဟန္ဘြားႏွင့္ စစ္သားမ်ား၏ ေအာ္ဟစ္ႀကိမ္းေမာင္း ညာသံေပးသံတို႔က ကြင္းျပင္တခုလုံးကို ဖုံးလႊမ္းသြားေလေတာ့သည္၊ စုစုေပါင္း ပင့္သံဃာ (၇၀၀) ေက်ာ္အနက္ အနည္းငယ္မွ်သာ လြတ္ေျမာက္ခဲ့ၾက ေလေတာ့၏။

အသတ္ခံလိုက္ရေသာ ဆရာေတာ္ သံဃာေတာ္မ်ားထဲတြင္ နာမည္ေက်ာ္ “မဏိသာရမၪၨဴသာ” ေခၚသည့္ ဋီကာေက်ာ္အဖြင့္ က်မ္းႀကီးကို ျပဳစုေရးသား ေတာ္မူခဲ့ေသာ ‘အရွင္အရိယဝံသ’ ႏွင့္ အျခားေသာ ျမန္မာ့ ေခတ္ဆန္းစာေပကို မိတ္ဆက္ေပးခဲ့ၾကေသာ စာတတ္အေက်ာ္ ရဟန္းဆရာေတာ္မ်ား ပါ၀င္သြားခဲ့ၾကပါသည္၊ ေအာ္ … ရဟန္းကို အဟိတ္ တိရိစာၦန္ ေတြက သတ္လိုက္ၾက ေလၿပီတကား၊ သံဃာေတာ္မ်ား အသတ္အျဖတ္ခံရေသာ သတင္းၾကားၾကရေသာ အင္းဝေနျပည္ေတာ္ တခုလုံးမွ ျပည္သူမ်ားသည္ မ်က္ရည္စို႐ႊဲ ငိုပြဲဆင္ၾက႐ုံမွအပ ဘာမွမတတ္နိုင္ခဲ့ေပ။

ထိုကဲ့သို႔ ျပည္သူ၊ျပည္သားတို႔အဖို႔ ခိုကိုးရာမဲ့ကာ ဘ၀တခုလုံး ႀကိမ္မီးအုံး သကဲ့သို႔ ျဖစ္ေနရသည္ကို မၾကည့္ရက္ မရႈရက္နိုင္ သူကား သိုဟန္ဘြား၏ လက္ေအာက္တြင္ အမႈေတာ္ထမ္းေန သည့္ ရိုးသားေျဖာင့္မတ္ တည္ၾကည္ၿပီး စိတ္ႏွလုံးသား ေကာင္းမြန္ျမင့္ျမတ္ေသာ မင္းႀကီးရန္ေနာင္ ဆိုသူပင္ျဖစ္ပါ၏။မင္းႀကီးရန္ေနာင္သည္ ျမန္မာတို႔ဘက္မွ အႀကီးအကဲတစ္ဦးျဖစ္ သည့္အတြက္ ျမန္မာမူးမတ္မ်ား၏ မေက်နပ္ခ်က္တို႔ ကိုလည္း သိထားသူျဖစ္ပါ၍ ထို အခါအခြင့္ကိုသာ ငံ့လင့္ေနသူပင္ ျဖစ္တန္ရာတည္း။

 

‘ေတာင္ဖလူလယ္ျပင္ႏွင့္ယိမ္းႏြဲ႕ပါးဓား’

အင္း၀နန္းေတာ္ မက်ဆဳံးမီက ျမန္မာဘုရင္အဆက္ဆက္တို႔ အသုံးျပဳခဲ့ေသာ ‘ယိမ္းႏြဲ႕ပါး’ အမည္ရွိ ဓားတစ္ေခ်ာင္းရွိခဲ့သည္၊ ထိုဓားကို မင္းႀကီးရန္ေနာင္က သိမ္းဆည္းထားသည္။နန္းစဥ္ သုံးဓား ျဖစ္သျဖင့္ အထူးဝိေသသ ဂုဏ္ပုဒ္မ်ားႏွင့္ျပည့္စုံ ေသာဓားလည္းျဖစ္သည္။

ဘယ္လိုျပည့္စုံ သလဲဆိုလွ်င္ ျမင္းစီးေနေသာသူကို ထို ဓားျဖင့္ စလြယ္သိုင္း ခုတ္ပိုင္းလိုက္က ျမင္းေပၚက လူေရာ၊ ျမင္းပါ ျပတ္က်သည့္ဓားျဖစ္သည္ ဆို သည့္ ေကာင္းျခင္း အဂၤါ ျပည့္စုံေသာ ဓားျဖစ္သည္။

တေန႕တြင္ သိုဟန္ဘြားမင္းသည္ ယာယီဓာတ္ကိန္းခန္းက်သည္ဟု ဆိုၿပီး ေတာင္ဖလူလယ္ျပင္ တြင္ ယာယီတဲနန္းေဆာက္ စံေနသည္။ထိုအခ်ိန္တြင္ ရွမ္းေရာျမန္မာ မူးမတ္မ်ားပါ လိုက္ပါခစား ၾကမည္ျဖစ္ရာ မင္းႀကီးရန္ေနာင္၏ ေလွ်ာက္ထားတင္ျပခ်က္ အရ မည္သူမွ်လက္နက္ ကိုင္ေဆာင္ခြင့္ ျပဳထားျခင္းမရွိေခ်၊ လက္ခ်ည္းသာ ၀င္ေရာက္ခစား ၾကရျခင္းျဖစ္သည္။

ထိုသို႔ခစားၾကရာတြင္ ျမန္မာမူးမတ္တို႔၏ အႀကီးအကဲ မင္းႀကီးရန္ေနာင္က ေတာင္ဖလူလယ္ျပင္ ယာယီတဲနန္း သဲျပင္မ်ား ေအာက္တြင္ ေနရာမ်ားကို မွတ္သားထားၿပီး ငွက္ႀကီးေတာင္ ဓားရွည္မ်ား၊ လွံမ်ား ျမဳတ္ထားၾကရန္ လွို႔ဝွက္ၫႊန္ၾကားထားၿပီး ေနာက္တေန႕ ညီလာခံ၀င္ခ်ိန္တြင္ အခ်က္ေပးလိုက္သည္ႏွင့္ တၿပိဳင္နက္ အနီးဆုံးရန္သူကို အျမစ္ျပတ္သုတ္သင္ဖို႔ အမိန့္ေပးထားလိုက္ၿပီ ျဖစ္ေလသည္။

ေနာက္တေန႕ ညီလာခံ၀င္ခ်ိန္တြင္ ရွမ္းႏွင့္ျမန္မာမူးမတ္မ်ား ကိုယ့္ေနရာကို အသီးသီး ေနရာ ယူထိုင္လိုက္ၾကၿပီးေနာက္ မင္းႀကီးရန္ေနာင္၏ အခ်က္ေပးသံကို ရင္ခုန္သံ တဒိန္းဒိန္းျဖင့္ ေစာင့္စား ေနခဲ့ၾကသည္။ ထိုအခ်ိန္သည္ အိပ္မေပ်ာ္ေသာသူတို႔ ညတာ လိုရွည္လြန္းလွေပစြ၊ မိမိတို႔အႀကံအစည္ တခ်က္လြဲမွားသြားပါ လွ်င္ သိုဟန္ဘြားလို မင္းဆိုးမင္းညစ္၏ လက္တြင္ အားလုံး မရႈမလွ အသက္ေပ်ာက္ၾကရမွာ မဟုတ္ပါ လား။

ညီလာခံ စၿပီးေနာက္ မင္းႀကီးရန္ေနာင္က သိုဟန္ဘြား စံေနသည့္ ယာယီပလႅင္နား သို႔သြား မတ္တပ္ရပ္ကာ ပလႅင္ေရွ႕တြင္ ရွိေသာ ေရွးနန္းစဥ္သုံး ဓားမ်ား၏ရာဇ၀င္ကို ေျပာျပလ်က္ရွိၿပီး အာ႐ုံ၀င္စားေအာင္ ဖန္တီးကာ သိုဟန္ဘြားမင္း စိတ္၀င္စားမွန္း သိလာေသာအခါ၊ ထိုနန္းစဥ္သုံး ဓားမ်ားထဲမွ “ယိမ္းႏြဲ႕ပါးဓား” ကိုေကာက္ကိုင္ကာ “ကိုယ္ေတာ္ဘုရား ဒီ ဓားဟာ ေရွးျမန္မာဘုရင္မ်ား အစဥ္အဆက္ အသုံးျပဳခဲ့တဲ့ ဒါးျဖစ္ပါတယ္၊

သူ႕အမည္က ယိမ္းႏြဲ႕ပါး လို႔ေခၚပါတယ္၊ ဒီဓားဟာ ဘယ္ေလာက္မ်ား ထက္သလဲ ဆိုရင္ ျမင္းေပၚကလူကို ခုတ္ခ်ရင္ လူေကာ ျမင္းေကာ ျပတ္က်ေအာင္ ပိုင္းျဖတ္နိုင္တဲ့ ထက္ျမက္တဲ့ ဓား ျဖစ္ပါတယ္ဘုရား” ဟု ေျပာေျပာဆိုဆို ဓားကို လက္ႏွစ္ဘက္ႏွင့္ မိမိရရ ကိုင္ကာ ညာသန္ျဖစ္ သည့္မင္းႀကီးရန္ေနာင္က သိုဟန္ဘြား၏ ဘယ္ဘက္လည္တိုင္မွ ပိုင္းျဖတ္ခ်လိဳက္ရာ လူေကာ သလြန္ပါ တိကနဲ ျပတ္က်သြားေလေတာ့သည္။

မင္းႀကီးရန္ေနာင္က စခုတ္လိုက္သည္ ႏွင့္တၿပိဳင္နက္ က်န္ေသာ မူးမတ္မ်ားကလည္း ယမန္ေန႕ ကတည္းက မိမိတို႔ထိုင္ေနရာ ေအာက္တြင္ အသီးသီးဝွက္ ျမဳပ္ထားခဲ့ၾကေသာ ဓားမ်ားကိုထုတ္ကာ အနီးဆုံးရန္သူ သိုဟန္ဘြားဘက္ေတာ္သားမ်ားအား အျမစ္ျပတ္ေခ်မႈန္းလိုက္ၾကရာ မင္းဆိုး မင္းညစ္ သာသနာေတာ္ကို ေစာ္ကားသူ၊ ရဟန္းသံဃာ ရာေပါင္းမ်ားစြာကိုသတ္ျဖတ္သူ သိုဟန္ဘြား၏ ရက္စက္ၾကမ္းၾကဳတ္ေသာ အုပ္ခ်ဳပ္ေရးသည္ နိဂုံးခ်ဳပ္ခဲ့ရေလသည္။

ျပည္ၿမိဳ႕စားမင္းႀကီးရန္ေနာင္

မင္းႀကီးရန္ေနာင္သည္ မင္းဆိုးမင္းညစ္တစ္ပါးက ျပည္သူ ျပည္သားမ်ားအား မတရားႏွိပ္စက္ ေနသည္ကို ဒါဏ္မခံနိုင္ သျဖင့္သာ ျမန္မာမူးမတ္မ်ား၏ ေတာင္းဆိုခ်က္အရ ထ၍ ေတာ္လွန္ရျခင္းျဖစ္ေသာ္လည္း အာဏာကို လုံး၀မက္ေမာသူမဟုတ္ပါေခ်၊ ထို႔ေၾကာင့္ မူးမတ္တို႔လက္သို႔ အာဏာကို အပ္ကာ သင့္ေတာ္ေသာသူအား ထီးနန္းလႊဲအပ္ဖို႔မွာၾကားၿပီး ေတာထြက္၍ အသက္ထက္ဆုံး ရဟန္းျပဳသြားေလေတာ့သည္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *