” ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ “

” ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ “

 

 

 

၁၆၂၈ခုနှစ်တွင် ပေါ်တူဂီလူမျိုးသြဂတ်စတင်ဂိုဏ်းဝင် ဘရင်ဂျီ ဘုန်းကြီး ဆီဘတ်စလျှို မန်ရစ်(Sebastoao Manrique) သည် အသက်လေးဆယ်အတွင်း သြဂတ်စတင်ဂိုဏ်းခွဲရှိရာ ဘင်္ဂလားပြည်နယ်(ယခုကလကတ္တားမြို့အနီးရှိ) ဟူးဂလိမြို့သို့ သာသနာပြုစေလွှတ်ခံရသည်။

ယင်းမြို့မှ ၁၆၂၉ခုနှစ်စက်တင်ဘာလတွင် ထိုစဉ်က ရခိုင်ပြည် နယ်နိမိတ်အတွင်းရှိဒီယင်းဂါးမြို့ (လက်ရှိဘင်္ဂလားဒေ့ရ်ှနယ်မြေ)သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ဒီယင်းဂါးမြို့သည် ထိုအချိန်က ရခိုင်ဘုရင်၏ လက်အောက်ခံဘုရင်ခံချုပ်က
စီရင်အုပ်ချုပ်ရသော အနောက်မြောက်ဘက်နယ်စပ်မြိုဖြစ်သည်။

စစ်တကောင်းမြို့(လက်ရှိဘင်္ဂလားဒေ့ရှ်နယ်)သည်လည်း ရခိုင်ဘုရင်၏ ကိုယ်စားဘုရင်ခံချုပ်တစ်ပါးရုံးစိုက်ရာမြို့ဖြစ်သည်။

ထိုစဉ်က ရခိုင်ပြည်ကို သီရိသုဓမ္မရာဇာမင်း အုပ်ချုပ်၍မြောက်ဦးမြို့တော်တွင်ထီးနန်းစိုက်ထူသည်။မြန်မာပြည်အင်းဝမြို့တော်၌ အနောက်ဘက်လွန်မင်းထီးနန်းစိုးစံနေချိန်ဖြစ်သည်။ဘုန်တော်ကြီးမန်ရစ် ရောက်ရှိလာသော ဒီယင်းဂါးမြို့ကို ရခိုင်ဘုရင်ကပေါ်တူဂီတို့အား ဆိပ်ကမ်းမြို့အဖြစ် အသုံးချနိုင်ရန် ခေတ္တငှားရမ်းထားသောမြို့ဖြစ်သော်လည်း ပေါ်တူဂီတို့မှာအရောင်းအဝယ်မကောင်းသဖြင့် ပင်လယ်ဓါးပြများဖြစ်ကုန်ကြလေသည်။

သို့သော် ရခိုင်ဘုရင်ကသူတို့အားမသိကျွံပြုလျှက် အနောက်ဘက်မှ မဂိုအင်ပါယာ(အန္ဒိယရှိမွတ်ဆလင်မင်းဆက်)ရန်ကို အကာအကွယ်ရစေဖို့နှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် လက်သပ်မွေးကာ အမှု့တော်ထမ်းရွက်စေသည်။

ပေါ်တူဂီတို့သည် အန္ဒိယနယ်အနှံ့(မဂိုအင်ပါယာအတွင်း)ဝင်ရောက်ကာ ဒေသခံများကိုဖမ်းဆီးလျှက် ကျွန်ကုန်ကူးခြင်း လုယက်တိုက်ခိုက်ခြင်းစသောဒုစရိူက်မှု့များကိုပင် ရခိုင်ဘုရင်ကအားပေးအားမြှောက်ပြုထားလေသည်။

 

အဘယ့်ကြောင့်ဆိုသော် အရှေ့ဘက်သို့တရွေ့ရွေ့နယ်ချဲ့နေသော မဂိုဘုရင်၏အင်အားကိုနေ့စဉ်နှင့်အမျှ စိုးရိမ်နေရသောကြောင့် အတားအဆီးဖြစ်စေတော့ဟူသောသဘောဖြင့် ယင်းသို့အားပေး
နေရခြင်းဖြစ်လေသည်။ဒီယင်းဂါးမြို့တွင် မန်းရစ်၏သာသနာပြုလုပ်ငန်းများဆောင်ရွက်နေစဉ် အနီးဆုံးမြို့ဖြစ်သော စစ်တကောင်းမြို့ဝန် ရခိုင်ဘုရင်၏ညီတစ်ဝမ်းကွဲတော်သူ ကွယ်လွန်သွားရာ ၎င်း၏နေရာတွင် အမတ်ကြီးတစ်ဦးအားမြို့ဝန်အဖြစ်ခန့်အပ်ခဲ့၏။

ထိုမြို့ဝန်သည် ပေါ်တူဂီလူမျိုးများအား များစွာမလိုလားမနှစ်သက်ပေ။ထိုမြို့ဝန်က ဒီယင်းဂါးမြို့ရှိပေါ်တူဂီလူမျိုးးများသည် မဂိုဘုရင်နှင့်အဆက်အဆံပြုလျှက်စစ်တကောင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရန်ကြံစည်ကြိုးပမ်းနေကြောင်း ရခိုင်ဘုရင်အထင်မှားစေရန်လိမ်လည်၍ စာရေးတိုင်ကြားသည်။

ရခိုင်ဘုရင်သီရိသုဓမ္မလည်း ပေါ်တူဂီတွေကိုစုံစမ်းစစ်ဆေးခြင်းမပြုပဲ မြို့ဝန်လျှောက်တင်ချက်က်ို ယုံကြည်ကာချက်ချင်းပင် တိုက်လှေကြီးငါးရာပါဝင်သောရေတပ်ကို ဖွဲ့စည်းစေပြီးဒီယင်းဂါးမြို့သို့စစ်ချီရန်အတွက်ရေတပ်ဗိုလ်ချုပ်ကိုဦးဆောင်စေကမြောက်ဦးမြို့တော်မှ ထွက်ခွာလာခဲ့သည်။

သို့သော်ပင်လယ်ပြင်၌မိုးသက် လေပြင်းများကျရောက်နေသဖြင့် ဦးရစ်တောင်အကောက် ခွန်စခန်း၌ ရာသီဥတုတည်ငြိမ်လာသည်အထိ ကျောက်ချစောင့်ဆိုင်းနေကြသည်။ယင်းသတင်းကိုမြောက်ဦးရှိ ဘုရင့်အမြောက်တပ်မှပေါ်တူဂီလူမျိုးများက ဒီယင်းဂါးမြို့ရှိ စစ်ဗိုလ်တီတာအိုထံံ စာရေးအကြောင်းကြားခဲ့သည်။

ယင်းသတင်းကိုရလျှင်ရချင်း တီတာအိုက ဘုန်းတော်ကြီးမန်းရစ်နှင့်တွေ့ဆုံကာ စစ်တကောင်းမြို့ဝန်သစ်(ဘုရင်ခံ)၏ လိမ်လည်တင်လျှောက်ချက်များကိုမဟုတ်မှန်ကြောင်း ပေါ်တူဂီစစ်သားများလည်းဘုရင့်အမှု့တော်ကိုသစ္စာရှိစွာထိန်းသိမ်းစောင့်ရှောက်နေကြောင်းကို ရခိုင်ဘုရင်အားကိုယ်တိုင်တွေ့ဆုံလျှောက်တင်ရန်တိုင်ပင်ကာ မန်းရစ်နှင့်တီတာအိုတို့နှစ်ဦးလုံး ရခိုင်ရေတပ်ကြီးချီတက်မလာခင် ကုန်းလမ်းခရီးမှ အမြန်ဆုံး ရခိုင်သို့သွားရောက်ရန်ပြင်ဆင်ကြလေသည်။

ဤသို့ဖြင့်ရခိုင်ဘုရင်အားဆက်သရန်လက်ဆောင်ပဏ္ဍာများကိုသေတ္တာများဖြင့်ထည့်ပြီးဆင်နှစ်စီးနှင့်အတူ မန်းရစ်နှင့်တီတာအိုတို့၏ အစေခံများကျွန်များလမ်းပြများတို့ ရာသီဥတုပြင်းထန်ဆိုးဝါးနေချိန်၌ပင် တောလမ်းခရီးအတိုင်း ဒီယင်းဂါးမြို့မှ ရခိုင်
ပြည်မြောက်ဦးမြို့အထိ ခက်ခဲပင်ပမ်းစွာအလျင်အမြန်ထွက်ခွာလာခဲ့ပါသည်။

မိုင်တစ်ရာ့ငါးဆယ်ကျော်ခန့်ဝေးကွာသောခရီးကို ရခိုင်ဘုရင့်လက်အောက်ခံစစ်တကောင်းမြို့ ပဲရုံမြို့(Peroem ပီရွမ်)စသည့်မြို့များကိုဖြတ်ကျော်ကာ မိုးထဲလေထဲတွင်မြစ်ချောင်းများတောတောင်လျှိုမြောင်များကိုဖြတ်သန်းကာခရီးနှင်ခဲ့ရာ ရခိုင်ဘုရင့်ရေတပ်စစ်ပြင်နေသည့် ဦးရစ်တောင်စခန်းသို့ရောက်ရှိခဲ့လေသည်။

ရခိုင်ပြည်သည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်အလွန်ရှေးကျသောအခါကပင် ထွန်းကားခဲ့လေသည်။ထူးခြားမှတ်သားဖွယ်ကောင်းသည့်အချက်မှာ ဂေါတမမြတ်စွာဘုရားသခင်သက်တော်ထင်ရှားရှိစဉ်ကပင်ဘုရားရှင်၏ကိုယ်စားအဖြစ်သွန်းလုပ်တော်မူခဲ့ပြီးဘုရားကိုယ်တော်တိုင်အသက်သွင်းပေးခဲ့သောမဟာမုနိ ရုပ်ပွားတော်ကြီး(မြန်မာတို့ကမဟာမြတ်မုနိဟု ခေါ်ကြ၏)တစ်ဆူ တည်ရှိနေခြင်းပင်ဖြစ်သည်။

မဟာမုနိရုပ်ပွားတော်ကြီးမှာ ရခိုင်ပြည်ဓညဝတီနေပြည်တော်ပထမမြို့တည် စန္ဒသူရိယဘုရင်လက်ထက်တွင် မြတ်စွားဘုရားသခင်ကိုယ်တော်တိုင်ကြွရောက်မူစဉ် ဘုရားရှင်၏ကိုယ်ပွားတော်အဖြစ်သွန်းလုပ်ပူဇော်ကာ ဘုရားရှင်ကိုယ်တိုင်အသက်
သွင်းပေးခဲ့ကြောင်းယုံကြည်သည့်အားလျော်စွာဗုဒ္ဓဘာသာဝင်တို့မှီခိုအားထားရာအဖြစ်သာမကနိုင်ငံကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပေးနေသည့် တိုင်းပြည်၏ အရေးအကြီးဆုံးရတနာတစ်ပါးအဖြစ်လည်း ကြည်ညိုစွာယူဆထားကြသည်။

ခရစ်သက္ကရာဇ် ၉၅၇တွင်ရခိုင်ပြည်သို့ မွန်ဂိုလွိုက်အနွယ်ဝင်လူမျိုးတစ်မျိုး ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ထိုလူမျိုးများကား အလွန်ရှေးကျသောမြန်မာလူမျိုးများပင်ဖြစ်တော့သည်။အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးတို့ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေးကျသော မြန်မာစကားအတိုင်းဖြစ်နေသောကြောင့်တည်း။

ခရစ်၁၁ရာစုအတွင်းတွင် ထေရဝါဒဗုဒ္ဓဘာသာသည်မြန်မာလူမ်ျိုးတိုအနှသ်သက်အယုံကြည်ဆုံးဘာသာအဖြစ် ပုဂံပြည်တွင်အကြီးအကျဟ်စည်ပင်ထွန်းကားခဲ့ရာ ခရစ်နှစ် ၁၀၆၀ ခန့်တွင်ပုဂံမှမြန်မာတို့ရခိုင်ပြည်အထိ တိုးချဲ့ပိုင်စိုးခဲ့ဖူးသည်။ပုဂံဘုရင်တို့သည်မဟာမုနိရုပ်ပွားတော်ကြီးကို ကြည်ညိုလွန်းသဖြင့်ပင့်ဆောင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မရသဖြင့် မဟာမုနိဘုရားကြီးကိုဖူးမျှော်ပြီးပြန်ကြရလေသည်။

ထိုအချိန်မှ မန်းရစ်တို့ရောက်ရှိချိန်အထိ နှစ်ပေါင်းခြောက်ရာကျော်ကာလမှာ ရခိုင်ပြည်သည်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံအဖြစ် မြန်မာဘုရင်တို့သြဇာအာဏာမှသီးခြားကင်းလွတ်စွာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည်အဖြစ်တည်တံ့လာခဲ့ပေသည်။မြောက်ဦး
နန်းဆက်ကို ၁၄၃၀မှစတင်ခဲ့ပြီး၁၅၃၀ပြည့်နှစ်ရခိုင်ဘုရင် မင်းဘင်လက်ထက်တွင် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတစ်လျှောက်အခြေတကျတည်ရှိခဲ့သည်။

ထိုမင်းလက်ထက်မှာပင် ပေါ်တူဂီလူမျိုးတို့သည်ဘုရင့်ကိုယ်ရံတော်သေနတ်ကိုင်တပ်သားများအဖြစ်အမှု့ထမ်းခဲ့ကြပြီး နိုင်ငံတော်ကိုလည်းစစ်တကောင်းမြို့အထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့သည်။သို့ဖြင့်မန်းရစ်တ်ို့လူစုသည် ဦးရစ်တောင်ရှိ ရေတပ်ဗိုလ်ချုပ်ထံသို့အလျင်အမြန်တွေ့ဆုံခွင့်တောင်းကာ မိမိတို့လာရောက်ခဲ့သောအကြောင်းရင်းကိုပွင့်လင်းစွာပြောပြလေသည်ထိုအခါရေတပ်ဗိုလ်ချုပ်ကြီးက”ဘုန်းကြီးယခုပြောပြတာတွေကိုဘာမှယုံမှားစရာမရှိပါဘူး။

ကျွုန်ုပ်ကိုယ်တိုင်လည်းပေါ်တူဂီတွေသစ္စာဖောက်လိမ့်မယ်လို့နည်း
နည်းမှ သံသယမဖြစ်မိပါဘူး။အမှန်တော့ယခုရေတပ်ကိုပင်မုတ်သုန်အင်အားလျော့နည်းချိန်အထိစောင့်ဆိုင်းနေတာမဟုတ်ပါဘူးအသင်တို့ပင်ဒီလမ်းဒီခရီးကိုအခုလိုလာရောက်နိုင်သေးလျှင် ကျွန်ုပ်တို့အဖို့ဘယ်လမ်းဘယ်ခရီးဘယ်လိုရာသီကမီတားဆီးမထားနိုင်ဘူးဆိုတာရိပ်မိမှာပါဝအမှန်တော့ဒီသတင်းကို မသင်္ကာလို့ အချက်အလက်အခိုင်အလုံသိနိုင်စေဖို့အချိန်ဆွဲစောင့်ဆိုင်းနေခဲ့တာပါ။

အလားတူပင်ဘုန်းကြီးကိုရွှေနန်းတော်ကြီးကလည်းလက်ခံတွေ့ဆုံမှာမလွဲပါဘူး။ကျွန်ုပ်၏ယောက်ဖတော်ကိုစာရေးသားပေးပို့ကာ ခြေမြန်စေလွှတ်ပြီးဘုရင်မင်းမြတ်ထံအဆက်အသွယ်ရအောင်ပြုလုပ်ပေးပါမည်။ဘုရင်မင်းမြတ်လည်းယခုမြောက်ဦးရွှေမြို့တော်၌မရှိပါမဟာမုနိဘုရားကိုအဖူးမြော်သွားနေပါသည်။အဲ့ဒီကိုလိုက်သွားလျှင်တွေ့နိုင်ပါလိမ့်မည်။သင်တို့နှင့်အတူကျွန်ုပ်
၏ဗိုလ်ကြီးကိုလည်း အကူအညီထည့်လိုက်ပါဦးမည်”ဟုပြောလေသည်။

သူတို့လူစုကိုဦးရစ်တောင်အနီး စပါးလယ်ကွင်းထဲရှိ ယာယီတဲစခန်းတွင်တည်းခိုစေသည်။ရေတပ်စခန်းမှာကုလားတန်မြစ်ကမ်းပေါ်၌ရှိပြီး သင်္ဘောတပ်ကြီးမှာ ပင်လယ်ကမ်းခြေ၌ ကျောက်ချထားလေသည်။ယာယီစခန်းဖြစ်သော်လည်း စစ်တန်းလျားတို့မှာ ဝါးတိုင် ထန်းလက်မိုး ဝါးထရံကာလျက် သပ်ရပ်သန့်ရှင်း
ကြပြီးအားလုံးအသစ်စက်စက်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အကြီးဆုံးတဲတွင်ရေတပ်ဗိုလ်ချုပ်နေထိုင်သည်။

ပင်လယ်ကမ်းခြေမှ တောင်တန်းများအထိခြောက်မိုင်ခန့်ကွာဝေးရာကျယ်ပြန့်သောမြေအပြင်တစ်လျှောက်လုံးစပါးခင်းများဖြင့်စိမ်းစိုနေလေသည်။ရခိုင်ပြည်သည်မေယုမြစ် ကုလားတန်မြစ် လည်မျိုမြစ်တို့မှနုန်းအနယ်အနှစ်များကျ၍ ဖြစ်ပေါ်လာသောမြေနုကျွန်းပေါ်အရပ်ဖြစ်သောကြောင့် မြေသြဇာထက်သန်ကောင်းမွန်လှသည်။မြစ်သုံးစင်းလုံးရခိုင်ရိုးမတောင်တန်းများမှမြစ်ဖျားခံကာ ဘင်္ဂလာပင်လယ်ထဲသို့ကျောချင်းကပ်စီး
ဝင်ကြသည်။

သို့ဖြစ်၍ ရခိုင်ပြည်လူဦးရေထက် ထွက်ရှိသောဆန်စပါးကများစွာပိုလျှံနေတော့သည်။ထို့ကြောင့်လယ်ယာစိုက်ပျိုးရေးအလုပ်ကြမ်းလုပ်ကိုင်ရန် ပေါ်တူဂီတို့က အန္ဒိယမှဖမ်းဆီးရလာသော သုံ့ပန့်များကိုရခိုင်တွင်ရောင်းချသည်။အန္ဒိယနှင့်နယ်ချင်းစပ်နေသော်လည်းကုလားအငွေ့အသက်ကင်းလွတ်သောတိုင်းပြည်တစ်ခုဖြစ်နေသည်မှာလည်း အံ့သြစရာကောင်းလှသည်။

မွန်ဂ်ိုလီယန်းအမျိုးအနွယ်မှဆင်းသက်လာပြီး ဘာသာစကားယဉ်ကျေးမှု့သီးခြားဟန်တည်ရှိသည်။ဤသို့ဖြင့်နှစ်ရက်ကြာဦးရစ်တောင်စခန်းတွင်တည်းခိုခဲ့ပြီးနောက်နေ့မနက်စောစောတွင် မန်းရစ်နှင့်အဖွဲ့သည်မဟာမုနိရုပ်ပွားတော်ရှိရာ မြောက်ဦးမြို့အနောက်မြောက်ယွန်းမိုင်လေးဆယ်ခန့်ကွာဝေးသော သင်္သကရိုက်ဘာသာဖြင့် ဆီရိဂုတ္တ( ပါဠိ-သီရိဂုတ္တ)တောင်သို့ ရေကြောင်းဖြင့် ခရီးဆက်ခဲ့လေသည်။

ရေကြောင်းခရီးတွင် မန်းရစ်နှင့်ကပ္ပတိန်တီဘာအို၎င်းတို့အစေခံများနှင့်လက်ဆောင်ပဏ္ဍာအပါအဝင်ဝန်စည်စလယ်အားလုံးကို ရခိုင်ရေတပ်ဗိုလ်ကြပ်မတ်သောလှေတော်သုံးစင်းဖြင့် သယ်ယူကာ ကုလားတန်မြစ်ကိုဆန်တက်ခဲ့ပြီးနောက် သေမာနဒီ(သားရေချောင်း)ချောင်းငယ်တစ်ခုသို့ကွေ့ဝင်ခဲ့ကြရလေသည်။ချောင်း
ကမ်းပါးနှစ်ဖက်မှသစ်ပင်ကြီးများမှာလွန်စွာမြင့်မားသန်စွမ်းပေရကားတစ်ဖက်နှင့်တစ်ဖက်ထိယှက်လုခမန်းချောင်းကို အုပ်မိုးထားသောစိမ်းလန်းသောတောအုပ်ကြီးများတည်ရှိလေသည်။

မျောက်များဥဒေါင်းငှက်များနှင့် တရွေ့ရွေ့သွားနေသောကြံ့သတ္တဝါကြီးများမှစ၍ ဘာသာဘာဝပျော်ပါးနေသောကျေးးငှက်တိရိစ္ဆာန်မျိုးစုံလင်စွာတွေ့ရလေသည်။ဒုတိယနေ့တွင် လူနေအိမ် ခြေအသင့်အတင့်ရှိသောရွာငယ်များဟိုတစ်စုသည်တစ်စုကို စပါးခင်းကြီးများအကြားတွေ့ရ၏။သူတို့သည် ရွာတစ်ရွာတွင်ခေတ္တစခန်းချပြီးနံနက်စာစားသောက်ကြသည်။

အစားအစာတို့မှာမမျှော်လင့်နိုင်လောက်အောင်စျေးပေါသဖြင့်တအံံ့တသြဖြစ်ကြကုန်၏။ငွေဒင်္ဂါးတစ်ပြားပေးလျှင် ကြက်အကောင်သုံးဆယ်ခန့်ရရှိပြီး တစ်ပဲနိပေးလျှင်ကြက်ဥဒါဇင်များစွာရနိုင်ပေသည်။ထိုနေ့မွန်းတိမ်းတွင် သေမာနဒီ(ရှေးကသရေ
မြစ်ဟုခေါ်၍ယခုအခါသားရေချောင်းဟုတွင်သည်)မြစ်ကြောင်းအတိုင်းဆန်တက်ရာ မဟာမုနိဘုရားကြီးမရောက်မီ သုံးမိုင်ခန့်အလိုလောက်တွင် မြစ်ကြောင်းကို ဘုရင့်လှေတပ်ကြီးပိတ်ဆို့နေသဖြင့်ဆက်လက်ဆန်တက်ခြင်းမပြုန်ိုင်သောကြောင့်ရပ်တန့်လိုက်ရသည်။

 

ယင်းအခြေအနေကြောင့် အတူပါလာသောရေတပ်ဗိုလ်က ဗိုလ်ချုပ်ကြီး၏ယောက်ဖထံသို့အကြောင်းကြားရန်ကုန်းပေါ်တက်သွားလေသည်။နောက်နေ့မနက်တွင်ရေတပ်ဗိုလ်နှင့်အတူဗိုလ်ချုပ်ကြီး၏ယောက်ဖအပါအဝင်အရာရှိကြီးများလိုက်ပါလာကြကာ မန်းရစ်နှင့်တွေ့ဆုံပြီး “ညကပင်ဗိုလ်ချုပ်ကြီးရဲ့အစီရင်ခံစာကိုဘုရင်မင်းမြတ်ထံဆက်သလိုက်ပြီဖြစ်ကြောင်း ဘုရင်ကလည်းစာကိုဖတ်ရှု့တော်မူပြီး နောက်ထပ်အမိန့်မရမချင်း ရေတပ်ကို
ဒီယင်းဂါးသို့ချီတက်ခြင်းမပြုရန်အမိန့်ထုတ်ပြန်လိုက်ကြောင်း” ပြောပြလေသည်။

ထိုညတွင် ဘုရင့်ကိုယ်ရံတော်တပ်မှ ဆာမူရိုင်းခေါ်ဂျပန်သူရဲကောင်းတပ်တစ်တပ်ပါဝင်လေရာထိုတပ်မှ ဂျပန်စစ်ဗိုလ်တစ်ယောက်ခေါင်းဆောင်သောဂျပန်စစ်သားများက မန်း
ရစ်ထံသို့လာရောက်ဂါရဝပြုကြသည်။ယင်းဂျပန်စစ်သားများမှာကက်သလစ်ဘာသာ ဝင်ခရစ်ယာန်များဖြစ်၏။ဂျက်ဆူအစ်သာသနာပြုစိန့်ဖရန်စစ်ဇေဗီးယားသည် ဂျပန်ပြည်၌သာသနာပြုရာအလွန်အောင်မြင်ခဲ့သည်။

၁၆၁၂ခုနှစ်တွင်ဂျပန်ပြည်ကိုကြီးစိုးသော ရှိုးဂန်းအိယေယာစု ခေါ် မှုးမတ်များက ခရစ်ယာန်သာသနာပြုများကိုမသင်္ကာသဖြင့်အချို့ကိုဖမ်းဆီးသတ်ဖြတ်ကာ ကျန်အချို့ကိုဂျပန်လူမျိုးခရစ်ယာန်တိုင်းရင်းသားများနှင့်အတူ တိုင်းပြည်မှနှင်ထုတ်ခဲ့လေရာ ဂျပန်ခရစ်ယာန်များတွင် သစ္စာရှိခြင်းရဲရင့်ခြင်းနှင့်သူမတူအောင်စွမ်းသော ဓားသမားဆာမူရိုင်းများပါဝင်ကြရာယင်းတို့ ရောက်ရှိရာအန္ဒိယအနီးတဝိုက်တိုင်းပြည်ရှင်ဘုရင်တို့ထံဝင်ရောက်အမှု့ထမ်းကြ၏။

ယိုးဒယားပြည် ဟံသာဝတီ(ပဲခူး)နှင့်ရခိုင်ဘုရင်တို့၏ကိုယ်ရံ တော်တပ်များတွင် ဂျပန်ဓါးလွတ်ကိုင်ဆာမူရိုင်သူရဲကောင်းတပ်များ ရှိနေခဲ့ကြသည်။ယခုမန်းရစ်ထံလာရောက်တွေ့ဆုံသော ဂျပန်ကိုယ်ရံတော်တပ်မှာ ရခိုင်ဘုရင်သီရိသုဓမ္မမင်း နှစ်စဉ်ကြွရောက်မြဲ မဟာမုနိဘုရားဖူးလိုက်ပါလာကြရသောကိုယ်ရံတော် တပ်ဖြစ်၏။၎င်းတို့တွင်ယူနီဖေါင်းစစ်ဝတ်စုံအပြည့်ဝတ်လျှက် ခါးပတ်ကြိုးတွင်ဓါးရှည်နှစ်လက်ချိတ်ကာ သူတို့၏တ်ိုက်လှေကို မန်းရစ်တို့လှေနှင့် ယှဉ်ဆိုက်ကပ်ပြီး အမြှောက်သေနတ်များပစ်
ဖောက်၍ အလေးပြုကြသည်။

ထို့နောက်ဂျပန်စစ်ဗိုလ်သည် မန်းရစ်တို့လှေပေါ်သို့တက်၍ ဘုန်းကြီးမန်းရစ်ရှေ့တွင်ဒူးထောက်လျှက်မိမိအမည်မှာ လီယွန်ဒိုနို
ခေါ်ကြောင်း လီယွန်မှာခရစ်ယာန်အမည်ဖြစ်ပြီး ဒွန်န်ိုမှာလူကြီးလူကောင်းဟုအဓိပ္ပါယ်ရသောဂျပန်အမည်ဖြစ်ကြောင်း သူတို့အမှု့ထမ်းကာလ ၇နှစ်တာအတွင်းမည်သည့်ခရစ်ယာန်ဘုန်းကြီးမှ မရောက်လာခဲ့ဖူးကြောင်းသူတို့ဝတ်ပြုရန်ဘုရားရှိခိုးကျောင်းလည်းမရှိကြောင်း ဘုရင်မင်းမြတ်ထံအတန်တန်လျှောက်ထားခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ယခုဘုန်းတော်ကြီးမန်းရစ်ရောက်ရှိလာသဖြင့် အထူးကြည်ညိုကာဝမ်းမြောက်မိကြောင်း ဖြစ်နိုင်လျှင်ဘုရင်မင်းမြတ်နှင့်တွေ့ဆုံသောအခါ ဘုရားရှိခိုးကျောင်းဆောပ်လုပ်ခွင့်တောင်းဆိုပေးပါရန်အကြောင်းတို့ကိုပြောကြားလေသည်။

ဤသို့ဘုန်းတော်ကြီးမန်းရစ်နှင့်ဂျပန်စစ်ဗိုလ်တို့တွေ့ဆုံနေစဉ် အစေခံအချို့ပြေးလာပြီး အိမ်တော်ဝန်မင်းကြွလာကြောင်း ပြောကြားလေသည်။အမှန်ပင်ဝန်မင်းသည် အခမ်းအနားဖြင့်ကြွလာသည်ကိုလူတိုင်းအာရုံစိုက်နေကြလေ၏။ကြီးမားထွားကျိုင်းသောဆင်ကြီးတစ်ကောင်ပေါ်ရှိ ရွှေချထားသောဖောင်းကားထဲတွင်ထိုင်လျှက် အနီးတွင်ရေတပ်ဗိုလ်ချုပ်၏ယောက်လည်းကပ်လျက်ပါလာသည်။

ထိုဆင်ကြီးကိုအစောင့်တပ်သားလေးဆယ်ခန့် ဝန်းရံလိုက်ပါကြပြီး နောက်တွင် ဆေးတံကိုင်သူ ကွမ်းအစ်ပိုက်သူ ဆေးလိပ်ညှိရန် ရဲရဲနီသောမီးသွေးအိုးသယ်သူ အဖျော်ယမကာကရားရွက်သူ ရေအင်တုံရွက်သူ လုလင်ခြောက်ဦးနှင့် လူပျိုတော်သားအချို့ လိုက်ပါလာကြ၏။ဆင်ပေါ်မှ အိမ်တော်ဝန်ဆင်းသက်တော်မူ၍
လှေပေါ်သို့ကြွရောက်လာပြီး လှေဦးဖုံပေါ်သို့ဝင်ထိုင်၍ “အကျွန်ုပ်တို့ ဘဝရှင်မင်းတရားကြီးက အကျွန်ုပ်ကို သင်တို့အားကြိုဆိုရန်စေလွှတ်လိုက်ပါတယ်”ဟုပြောကြားသည်။

မန်ရစ်ကလည်းအရိုအသေပြုလျှက် “ရွှေနန်းရှင်၏ မဟာဂရုဏာတရားကြီးမားတော်မူလှပါတယ်”ဟုပြန်လည်ပြောဆိုသည်။နေပူပြင်းလှသဖြင့် ဆင်တော်ကိုပြန်လွှတ်ကာ ရေကြောင်းမှသွားရန် အိမ်တော်ဝန်ကပြောကြားသည်။မကြာမီလူနှစ်ဆယ့်လေးယောက်လှော်ခတ်ရသောအလွန်လှပသည့်လှေတော်တစ်စင်း ယှဉ်၍ကပ်လာလေသည်။လှေဦးတွင် ပန်းခက်ပန်းရွက်များနှင့် ကခုန်နေသောလူရုပ်ပုံများထွင်းထုထားပေသည်။

လှေတော်သားများအလယ်တွင်ထိုင်ကြ၏။လှေပဲ့ပိုင်းမှာအစိမ်းနှင့်ရွှေရောင်ဆေးများသုတ်ထားသော အမိုးတွင် နေကာအဖီများထုတ်ထား၍ ပြတင်းပေါက်တို့ကို ကြက်သွေးနှင့်အဝါရောင်ခန်းဆီးများချိတ်ဆွဲထားလေသည်။အိမ်တော်ဝန်နှင့်ဆွေးနွေးနေစဉ်ဂျပန်ဆာမူရိုင်းစစ်ဗိုလ်မှာကမ်းပါးတွင်ရိုသေစွာရပ်စောင့်နေ
ရှာသည်ကို မန်းရစ်တို့ ဝန်မင်းလှေတော်ပေါ်ကူးပြောင်းတက်ရောက်နေစဉ်မြင်လိုက်သဖြင့် အတူခေါ်သွားရန်သင့်မည်ဟုတွေးကာ ဗိုလ်ချုပ်၏ယောက်ဖအားကန့်ကွက်ရန်ရှိ မရှိမေးမြန်းသည် ဂျပန်စစ်ဗိုလ်မှာ ရာထူးအဆင့်အတန်းနိမ့်ကျသဖြင့် သဘောမတူ
ချေ။သို့သော် အိမ်တော်ဝန်က ကြားသောအခါ လိုက်ပါခွင့်ပြုသဖြင့် အစေခံတစ်ယောက်အားအခေါ်လွှတ်လိုက်သည်။

 

ဂျပန်ဗိုလ်လည်းလှေပေါ်သို့တက်လာပြီး ဘုရင့်ထံဝင်ရောက်ခွင့်ကြုံသဖြင့် ဝမ်းမြောက်ကျေးဇူးတင်ကာ ဝန်မင်းအား လက်နှစ်ဖက်ယှက်ကာဦးတင်အလေးပြုလိုက်လေသည်။သူတို့သည် ဤနည်းအားဖြင့်သုံးမိုင်ခန့် ကွာဝေးသောခရီးကို မြစ်ကမ်းနှစ်ဘက်တွင်ဆိုက်ကပ်ထားသော လှေတပ်ကြီးနှင့် ယာယီတဲနန်းများနှင့် ဖောင်တော်များအကြားဆန်တက်ခဲ့လေသည်။ယင်းသို့ လှော်ခတ်သွားရသည်မှာ အီတလီနိုင်ငံဗင်းနစ်မြို့၏တူးမြောင်းများတွင် နှစ်စဉ်ကျင်းပသည့်ဂါလာပွဲတော်နေ့တွင် သွားကြရသည်နှင့်တူလှပေသည်။

နောက်ဆုံးတွင်သူတို့သည် လူအများအပြားစောင့်ကြည့်နေသော ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ကြပြီးနောက်ဝန်မင်း၏ အစောင့်တပ်သားများက လူအုပ်ကြီးကိုဖယ်ရှား၍ သွားလမ်းရှင်းပေးသည့်အတိုင်း ကုန်းပေါ်သို့တက်ခဲ့ကြသည်။ဆိပ်ကမ်းပြင်ဘက်တွင် ဆင်တော်ဝေါတော်များအသင့်စောင့်ဆိုင်းနေကြသည်။သူတို့ကို အိမ်တော်ဝန်က သူ၏နေအိမ်သို့ခေါ်ဆောင်သွားပြီးနေ့လယ်စာ
ကျွေးမွေးဧည့်ခံ၏ ဟင်းခွက်ပေါင်းတစ်ရာခန့်တွင်စားနေကျအသားဟင်းလျာများအပြင် မြွေသားကင်ကြွက်သားကြော်စသည့်ထူးဆန်းထွေပြားသောဟင်းလျာများလည်းပါရှိသည်။

ထို့နောက် မြို့ဝန်က ထိုနေ့တွင် ဘုရင်မင်းမြတ်ဥပုသ်ဆောင်ဝင်နေသဖြင့်တွေ့ခွင့်မရသေးကြောင်းပြော၏ လဆန်းရက်တွင်တွေ့ဆုံခွင့်ပေးမည်ဖြစ်ကြောင်းပြောပြပြီး သူတို့တည်းခိုရန်
စီမံထားသောသံတဲသို့ခေါ်ဆောင်ခဲ့လေသည်။ထိုနေ့ကား ၁၆၃၀ ပြည့်နှစ်ဇူလိုင်လ ၂၆ရက်နေ့ဖြစ်လေသည်။

စာကိုး။ Maurice Collis ရေး The land of
the great image အား ဦးလှဒင်
မြန်မာပြန်ဆိုသော”ရတနာရွှေမြေ”
စာအုပ်မှ ထုတ်နှုတ်ဖော်ပြပြီး သမိုင်း
ဆိုင်ရာအချက်အလက်အချို့ကို ဦးကုလား၏ မဟာရာဇဝင်ကြီး(တတိယတွဲ)
မှ ရယူပါသည်။

 

Credit

 

Zawgyi

 

” ေရွးေခတ္ ရခိုင္ ျပည္ (သို႔) ရတနာေ႐ႊေျမ “

 

 

၁၆၂၈ခုႏွစ္တြင္ ေပၚတူဂီလူမ်ိဳးၾသဂတ္စတင္ဂိုဏ္းဝင္ ဘရင္ဂ်ီ ဘုန္းႀကီး ဆီဘတ္စလွ်ို မန္ရစ္(Sebastoao Manrique) သည္ အသက္ေလးဆယ္အတြင္း ၾသဂတ္စတင္ဂိုဏ္းခြဲရွိရာ ဘဂၤလားျပည္နယ္(ယခုကလကတၱားၿမိဳ႕အနီးရွိ) ဟူးဂလိၿမိဳ႕သို႔ သာသနာျပဳေစလႊတ္ခံရသည္။

ယင္းၿမိဳ႕မွ ၁၆၂၉ခုႏွစ္စက္တင္ဘာလတြင္ ထိုစဥ္က ရခိုင္ျပည္ နယ္နိမိတ္အတြင္းရွိဒီယင္းဂါးၿမိဳ႕ (လက္ရွိဘဂၤလားေဒ့ရ္ွနယ္ေျမ)သို႔ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ရသည္။ဒီယင္းဂါးၿမိဳ႕သည္ ထိုအခ်ိန္က ရခိုင္ဘုရင္၏ လက္ေအာက္ခံဘုရင္ခံခ်ဳပ္က
စီရင္အုပ္ခ်ဳပ္ရေသာ အေနာက္ေျမာက္ဘက္နယ္စပ္ၿမိဳျဖစ္သည္။

စစ္တေကာင္းၿမိဳ႕(လက္ရွိဘဂၤလားေဒ့ရွ္နယ္)သည္လည္း ရခိုင္ဘုရင္၏ ကိုယ္စားဘုရင္ခံခ်ဳပ္တစ္ပါး႐ုံးစိုက္ရာၿမိဳ႕ျဖစ္သည္။

ထိုစဥ္က ရခိုင္ျပည္ကို သီရိသုဓမၼရာဇာမင္း အုပ္ခ်ဳပ္၍ေျမာက္ဦးၿမိဳ႕ေတာ္တြင္ထီးနန္းစိုက္ထူသည္။ျမန္မာျပည္အင္းဝၿမိဳ႕ေတာ္၌ အေနာက္ဘက္လြန္မင္းထီးနန္းစိုးစံေနခ်ိန္ျဖစ္သည္။ဘုန္ေတာ္ႀကီးမန္ရစ္ ေရာက္ရွိလာေသာ ဒီယင္းဂါးၿမိဳ႕ကို ရခိုင္ဘုရင္ကေပၚတူဂီတို႔အား ဆိပ္ကမ္းၿမိဳ႕အျဖစ္ အသုံးခ်နိဳင္ရန္ ေခတၱငွားရမ္းထားေသာၿမိဳ႕ျဖစ္ေသာ္လည္း ေပၚတူဂီတို႔မွာအေရာင္းအဝယ္မေကာင္းသျဖင့္ ပင္လယ္ဓါးျပမ်ားျဖစ္ကုန္ၾကေလသည္။

သို႔ေသာ္ ရခိုင္ဘုရင္ကသူတို႔အားမသိကြၽံျပဳလွ်က္ အေနာက္ဘက္မွ မဂိုအင္ပါယာ(အႏၵိယရွိမြတ္ဆလင္မင္းဆက္)ရန္ကို အကာအကြယ္ရေစဖို႔ႏွင့္ နယ္စပ္ေဒသလုံၿခဳံေရးအတြက္ လက္သပ္ေမြးကာ အမႈ႕ေတာ္ထမ္း႐ြက္ေစသည္။

ေပၚတူဂီတို႔သည္ အႏၵိယနယ္အႏွံ႕(မဂိုအင္ပါယာအတြင္း)ဝင္ေရာက္ကာ ေဒသခံမ်ားကိုဖမ္းဆီးလွ်က္ ကြၽန္ကုန္ကူးျခင္း လုယက္တိုက္ခိုက္ျခင္းစေသာဒုစရိူက္မႈ႕မ်ားကိုပင္ ရခိုင္ဘုရင္ကအားေပးအားျမႇောက္ျပဳထားေလသည္။

 

အဘယ့္ေၾကာင့္ဆိုေသာ္ အေရွ႕ဘက္သို႔တေ႐ြ႕ေ႐ြ႕နယ္ခ်ဲ့ေနေသာ မဂိုဘုရင္၏အင္အားကိုေန႕စဥ္ႏွင့္အမွ် စိုးရိမ္ေနရေသာေၾကာင့္ အတားအဆီးျဖစ္ေစေတာ့ဟူေသာသေဘာျဖင့္ ယင္းသို႔အားေပး
ေနရျခင္းျဖစ္ေလသည္။ဒီယင္းဂါးၿမိဳ႕တြင္ မန္းရစ္၏သာသနာျပဳလုပ္ငန္းမ်ားေဆာင္႐ြက္ေနစဥ္ အနီးဆုံးၿမိဳ႕ျဖစ္ေသာ စစ္တေကာင္းၿမိဳ႕ဝန္ ရခိုင္ဘုရင္၏ညီတစ္ဝမ္းကြဲေတာ္သူ ကြယ္လြန္သြားရာ ၎၏ေနရာတြင္ အမတ္ႀကီးတစ္ဦးအားၿမိဳ႕ဝန္အျဖစ္ခန့္အပ္ခဲ့၏။

ထိုၿမိဳ႕ဝန္သည္ ေပၚတူဂီလူမ်ိဳးမ်ားအား မ်ားစြာမလိုလားမႏွစ္သက္ေပ။ထိုၿမိဳ႕ဝန္က ဒီယင္းဂါးၿမိဳ႕ရွိေပၚတူဂီလူမ်ိဳးးမ်ားသည္ မဂိုဘုရင္ႏွင့္အဆက္အဆံျပဳလွ်က္စစ္တေကာင္းၿမိဳ႕ကို ဝင္ေရာက္သိမ္းပိုက္ရန္ႀကံစည္ႀကိဳးပမ္းေနေၾကာင္း ရခိုင္ဘုရင္အထင္မွားေစရန္လိမ္လည္၍ စာေရးတိုင္ၾကားသည္။

ရခိုင္ဘုရင္သီရိသုဓမၼလည္း ေပၚတူဂီေတြကိုစုံစမ္းစစ္ေဆးျခင္းမျပဳပဲ ၿမိဳ႕ဝန္ေလွ်ာက္တင္ခ်က္က္ို ယုံၾကည္ကာခ်က္ခ်င္းပင္ တိုက္ေလွႀကီးငါးရာပါဝင္ေသာေရတပ္ကို ဖြဲ႕စည္းေစၿပီးဒီယင္းဂါးၿမိဳ႕သို႔စစ္ခ်ီရန္အတြက္ေရတပ္ဗိုလ္ခ်ဳပ္ကိုဦးေဆာင္ေစကေျမာက္ဦးၿမိဳ႕ေတာ္မွ ထြက္ခြာလာခဲ့သည္။

သို႔ေသာ္ပင္လယ္ျပင္၌မိုးသက္ ေလျပင္းမ်ားက်ေရာက္ေနသျဖင့္ ဦးရစ္ေတာင္အေကာက္ ခြန္စခန္း၌ ရာသီဥတုတည္ၿငိမ္လာသည္အထိ ေက်ာက္ခ်ေစာင့္ဆိုင္းေနၾကသည္။ယင္းသတင္းကိုေျမာက္ဦးရွိ ဘုရင့္အေျမာက္တပ္မွေပၚတူဂီလူမ်ိဳးမ်ားက ဒီယင္းဂါးၿမိဳ႕ရွိ စစ္ဗိုလ္တီတာအိုထံံ စာေရးအေၾကာင္းၾကားခဲ့သည္။

ယင္းသတင္းကိုရလွ်င္ရခ်င္း တီတာအိုက ဘုန္းေတာ္ႀကီးမန္းရစ္ႏွင့္ေတြ႕ဆုံကာ စစ္တေကာင္းၿမိဳ႕ဝန္သစ္(ဘုရင္ခံ)၏ လိမ္လည္တင္ေလွ်ာက္ခ်က္မ်ားကိုမဟုတ္မွန္ေၾကာင္း ေပၚတူဂီစစ္သားမ်ားလည္းဘုရင့္အမႈ႕ေတာ္ကိုသစၥာရွိစြာထိန္းသိမ္းေစာင့္ေရွာက္ေနေၾကာင္းကို ရခိုင္ဘုရင္အားကိုယ္တိုင္ေတြ႕ဆုံေလွ်ာက္တင္ရန္တိုင္ပင္ကာ မန္းရစ္ႏွင့္တီတာအိုတို႔ႏွစ္ဦးလုံး ရခိုင္ေရတပ္ႀကီးခ်ီတက္မလာခင္ ကုန္းလမ္းခရီးမွ အျမန္ဆုံး ရခိုင္သို႔သြားေရာက္ရန္ျပင္ဆင္ၾကေလသည္။

ဤသို႔ျဖင့္ရခိုင္ဘုရင္အားဆက္သရန္လက္ေဆာင္ပ႑ာမ်ားကိုေသတၱာမ်ားျဖင့္ထည့္ၿပီးဆင္ႏွစ္စီးႏွင့္အတူ မန္းရစ္ႏွင့္တီတာအိုတို႔၏ အေစခံမ်ားကြၽန္မ်ားလမ္းျပမ်ားတို႔ ရာသီဥတုျပင္းထန္ဆိုးဝါးေနခ်ိန္၌ပင္ ေတာလမ္းခရီးအတိုင္း ဒီယင္းဂါးၿမိဳ႕မွ ရခိုင္
ျပည္ေျမာက္ဦးၿမိဳ႕အထိ ခက္ခဲပင္ပမ္းစြာအလ်င္အျမန္ထြက္ခြာလာခဲ့ပါသည္။

မိုင္တစ္ရာ့ငါးဆယ္ေက်ာ္ခန့္ေဝးကြာေသာခရီးကို ရခိုင္ဘုရင့္လက္ေအာက္ခံစစ္တေကာင္းၿမိဳ႕ ပဲ႐ုံၿမိဳ႕(Peroem ပီ႐ြမ္)စသည့္ၿမိဳ႕မ်ားကိုျဖတ္ေက်ာ္ကာ မိုးထဲေလထဲတြင္ျမစ္ေခ်ာင္းမ်ားေတာေတာင္လွ်ိုေျမာင္မ်ားကိုျဖတ္သန္းကာခရီးႏွင္ခဲ့ရာ ရခိုင္ဘုရင့္ေရတပ္စစ္ျပင္ေနသည့္ ဦးရစ္ေတာင္စခန္းသို႔ေရာက္ရွိခဲ့ေလသည္။

ရခိုင္ျပည္သည္ ဗုဒၶဘာသာနိုင္ငံအျဖစ္အလြန္ေရွးက်ေသာအခါကပင္ ထြန္းကားခဲ့ေလသည္။ထူးျခားမွတ္သားဖြယ္ေကာင္းသည့္အခ်က္မွာ ေဂါတမျမတ္စြာဘုရားသခင္သက္ေတာ္ထင္ရွားရွိစဥ္ကပင္ဘုရားရွင္၏ကိုယ္စားအျဖစ္သြန္းလုပ္ေတာ္မူခဲ့ၿပီးဘုရားကိုယ္ေတာ္တိုင္အသက္သြင္းေပးခဲ့ေသာမဟာမုနိ ႐ုပ္ပြားေတာ္ႀကီး(ျမန္မာတို႔ကမဟာျမတ္မုနိဟု ေခၚၾက၏)တစ္ဆူ တည္ရွိေနျခင္းပင္ျဖစ္သည္။

မဟာမုနိ႐ုပ္ပြားေတာ္ႀကီးမွာ ရခိုင္ျပည္ဓညဝတီေနျပည္ေတာ္ပထမၿမိဳ႕တည္ စႏၵသူရိယဘုရင္လက္ထက္တြင္ ျမတ္စြားဘုရားသခင္ကိုယ္ေတာ္တိုင္ႂကြေရာက္မူစဥ္ ဘုရားရွင္၏ကိုယ္ပြားေတာ္အျဖစ္သြန္းလုပ္ပူေဇာ္ကာ ဘုရားရွင္ကိုယ္တိုင္အသက္
သြင္းေပးခဲ့ေၾကာင္းယုံၾကည္သည့္အားေလ်ာ္စြာဗုဒၶဘာသာဝင္တို႔မွီခိုအားထားရာအျဖစ္သာမကနိုင္ငံကိုလုံၿခဳံေအာင္ကာကြယ္ေစာင့္ေရွာက္ေပးေနသည့္ တိုင္းျပည္၏ အေရးအႀကီးဆုံးရတနာတစ္ပါးအျဖစ္လည္း ၾကည္ညိုစြာယူဆထားၾကသည္။

ခရစ္သကၠရာဇ္ ၉၅၇တြင္ရခိုင္ျပည္သို႔ မြန္ဂိုလြိုက္အႏြယ္ဝင္လူမ်ိဳးတစ္မ်ိဳး ဝင္ေရာက္တိုက္ခိုက္ခဲ့ဖူးသည္။ထိုလူမ်ိဳးမ်ားကား အလြန္ေရွးက်ေသာျမန္မာလူမ်ိဳးမ်ားပင္ျဖစ္ေတာ့သည္။အဘယ့္ေၾကာင့္ဆိုေသာ္ ရခိုင္လူမ်ိဳးတို႔ယေန႕ေျပာဆိုေနေသာ စကားသည္ အလြန္ေရွးက်ေသာ ျမန္မာစကားအတိုင္းျဖစ္ေနေသာေၾကာင့္တည္း။

ခရစ္၁၁ရာစုအတြင္းတြင္ ေထရဝါဒဗုဒၶဘာသာသည္ျမန္မာလူမ္်ိဳးတိုအႏွသ္သက္အယုံၾကည္ဆုံးဘာသာအျဖစ္ ပုဂံျပည္တြင္အႀကီးအက်ဟ္စည္ပင္ထြန္းကားခဲ့ရာ ခရစ္ႏွစ္ ၁၀၆၀ ခန့္တြင္ပုဂံမွျမန္မာတို႔ရခိုင္ျပည္အထိ တိုးခ်ဲ့ပိုင္စိုးခဲ့ဖူးသည္။ပုဂံဘုရင္တို႔သည္မဟာမုနိ႐ုပ္ပြားေတာ္ႀကီးကို ၾကည္ညိုလြန္းသျဖင့္ပင့္ေဆာင္ရန္အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္း မရသျဖင့္ မဟာမုနိဘုရားႀကီးကိုဖူးေမွ်ာ္ၿပီးျပန္ၾကရေလသည္။

ထိုအခ်ိန္မွ မန္းရစ္တို႔ေရာက္ရွိခ်ိန္အထိ ႏွစ္ေပါင္းေျခာက္ရာေက်ာ္ကာလမွာ ရခိုင္ျပည္သည္ေထရဝါဒဗုဒၶဘာသာနိုင္ငံအျဖစ္ ျမန္မာဘုရင္တို႔ၾသဇာအာဏာမွသီးျခားကင္းလြတ္စြာ ကိုယ့္မင္းကိုယ့္ခ်င္းတိုင္းျပည္အျဖစ္တည္တံ့လာခဲ့ေပသည္။ေျမာက္ဦး
နန္းဆက္ကို ၁၄၃၀မွစတင္ခဲ့ၿပီး၁၅၃၀ျပည့္ႏွစ္ရခိုင္ဘုရင္ မင္းဘင္လက္ထက္တြင္ ဘဂၤလားပင္လယ္ေအာ္ကမ္းေျခတစ္ေလွ်ာက္အေျခတက်တည္ရွိခဲ့သည္။

ထိုမင္းလက္ထက္မွာပင္ ေပၚတူဂီလူမ်ိဳးတို႔သည္ဘုရင့္ကိုယ္ရံေတာ္ေသနတ္ကိုင္တပ္သားမ်ားအျဖစ္အမႈ႕ထမ္းခဲ့ၾကၿပီး နိုင္ငံေတာ္ကိုလည္းစစ္တေကာင္းၿမိဳ႕အထိနယ္ပယ္ခ်ဲ့ထြင္နိုင္ခဲ့သည္။သို႔ျဖင့္မန္းရစ္တ္ို႔လူစုသည္ ဦးရစ္ေတာင္ရွိ ေရတပ္ဗိုလ္ခ်ဳပ္ထံသို႔အလ်င္အျမန္ေတြ႕ဆုံခြင့္ေတာင္းကာ မိမိတို႔လာေရာက္ခဲ့ေသာအေၾကာင္းရင္းကိုပြင့္လင္းစြာေျပာျပေလသည္ထိုအခါေရတပ္ဗိုလ္ခ်ဳပ္ႀကီးက”ဘုန္းႀကီးယခုေျပာျပတာေတြကိုဘာမွယုံမွားစရာမရွိပါဘူး။

ကြၽုန္ုပ္ကိုယ္တိုင္လည္းေပၚတူဂီေတြသစၥာေဖာက္လိမ့္မယ္လို႔နည္း
နည္းမွ သံသယမျဖစ္မိပါဘူး။အမွန္ေတာ့ယခုေရတပ္ကိုပင္မုတ္သုန္အင္အားေလ်ာ့နည္းခ်ိန္အထိေစာင့္ဆိုင္းေနတာမဟုတ္ပါဘူးအသင္တို႔ပင္ဒီလမ္းဒီခရီးကိုအခုလိုလာေရာက္နိုင္ေသးလွ်င္ ကြၽန္ုပ္တို႔အဖို႔ဘယ္လမ္းဘယ္ခရီးဘယ္လိုရာသီကမီတားဆီးမထားနိုင္ဘူးဆိုတာရိပ္မိမွာပါဝအမွန္ေတာ့ဒီသတင္းကို မသကၤာလို႔ အခ်က္အလက္အခိုင္အလုံသိနိုင္ေစဖို႔အခ်ိန္ဆြဲေစာင့္ဆိုင္းေနခဲ့တာပါ။

အလားတူပင္ဘုန္းႀကီးကိုေ႐ႊနန္းေတာ္ႀကီးကလည္းလက္ခံေတြ႕ဆုံမွာမလြဲပါဘူး။ကြၽန္ုပ္၏ေယာက္ဖေတာ္ကိုစာေရးသားေပးပို႔ကာ ေျချမန္ေစလႊတ္ၿပီးဘုရင္မင္းျမတ္ထံအဆက္အသြယ္ရေအာင္ျပဳလုပ္ေပးပါမည္။ဘုရင္မင္းျမတ္လည္းယခုေျမာက္ဦးေ႐ႊၿမိဳ႕ေတာ္၌မရွိပါမဟာမုနိဘုရားကိုအဖူးေျမာ္သြားေနပါသည္။အဲ့ဒီကိုလိုက္သြားလွ်င္ေတြ႕နိုင္ပါလိမ့္မည္။သင္တို႔ႏွင့္အတူကြၽန္ုပ္
၏ဗိုလ္ႀကီးကိုလည္း အကူအညီထည့္လိုက္ပါဦးမည္”ဟုေျပာေလသည္။

သူတို႔လူစုကိုဦးရစ္ေတာင္အနီး စပါးလယ္ကြင္းထဲရွိ ယာယီတဲစခန္းတြင္တည္းခိုေစသည္။ေရတပ္စခန္းမွာကုလားတန္ျမစ္ကမ္းေပၚ၌ရွိၿပီး သေဘၤာတပ္ႀကီးမွာ ပင္လယ္ကမ္းေျခ၌ ေက်ာက္ခ်ထားေလသည္။ယာယီစခန္းျဖစ္ေသာ္လည္း စစ္တန္းလ်ားတို႔မွာ ဝါးတိုင္ ထန္းလက္မိုး ဝါးထရံကာလ်က္ သပ္ရပ္သန့္ရွင္း
ၾကၿပီးအားလုံးအသစ္စက္စက္ေဆာက္လုပ္ထားျခင္းျဖစ္ၿပီး အႀကီးဆုံးတဲတြင္ေရတပ္ဗိုလ္ခ်ဳပ္ေနထိုင္သည္။

ပင္လယ္ကမ္းေျခမွ ေတာင္တန္းမ်ားအထိေျခာက္မိုင္ခန့္ကြာေဝးရာက်ယ္ျပန့္ေသာေျမအျပင္တစ္ေလွ်ာက္လုံးစပါးခင္းမ်ားျဖင့္စိမ္းစိုေနေလသည္။ရခိုင္ျပည္သည္ေမယုျမစ္ ကုလားတန္ျမစ္ လည္မ်ိဳျမစ္တို႔မွႏုန္းအနယ္အႏွစ္မ်ားက်၍ ျဖစ္ေပၚလာေသာေျမႏုကြၽန္းေပၚအရပ္ျဖစ္ေသာေၾကာင့္ ေျမၾသဇာထက္သန္ေကာင္းမြန္လွသည္။ျမစ္သုံးစင္းလုံးရခိုင္ရိုးမေတာင္တန္းမ်ားမွျမစ္ဖ်ားခံကာ ဘဂၤလာပင္လယ္ထဲသို႔ေက်ာခ်င္းကပ္စီး
ဝင္ၾကသည္။

သို႔ျဖစ္၍ ရခိုင္ျပည္လူဦးေရထက္ ထြက္ရွိေသာဆန္စပါးကမ်ားစြာပိုလွ်ံေနေတာ့သည္။ထို႔ေၾကာင့္လယ္ယာစိုက္ပ်ိဳးေရးအလုပ္ၾကမ္းလုပ္ကိုင္ရန္ ေပၚတူဂီတို႔က အႏၵိယမွဖမ္းဆီးရလာေသာ သုံ႕ပန့္မ်ားကိုရခိုင္တြင္ေရာင္းခ်သည္။အႏၵိယႏွင့္နယ္ခ်င္းစပ္ေနေသာ္လည္းကုလားအေငြ႕အသက္ကင္းလြတ္ေသာတိုင္းျပည္တစ္ခုျဖစ္ေနသည္မွာလည္း အံ့ၾသစရာေကာင္းလွသည္။

မြန္ဂ္ိုလီယန္းအမ်ိဳးအႏြယ္မွဆင္းသက္လာၿပီး ဘာသာစကားယဥ္ေက်းမႈ႕သီးျခားဟန္တည္ရွိသည္။ဤသို႔ျဖင့္ႏွစ္ရက္ၾကာဦးရစ္ေတာင္စခန္းတြင္တည္းခိုခဲ့ၿပီးေနာက္ေန႕မနက္ေစာေစာတြင္ မန္းရစ္ႏွင့္အဖြဲ႕သည္မဟာမုနိ႐ုပ္ပြားေတာ္ရွိရာ ေျမာက္ဦးၿမိဳ႕အေနာက္ေျမာက္ယြန္းမိုင္ေလးဆယ္ခန့္ကြာေဝးေသာ သသၤကရိုက္ဘာသာျဖင့္ ဆီရိဂုတၱ( ပါဠိ-သီရိဂုတၱ)ေတာင္သို႔ ေရေၾကာင္းျဖင့္ ခရီးဆက္ခဲ့ေလသည္။

ေရေၾကာင္းခရီးတြင္ မန္းရစ္ႏွင့္ကပၸတိန္တီဘာအို၎တို႔အေစခံမ်ားႏွင့္လက္ေဆာင္ပ႑ာအပါအဝင္ဝန္စည္စလယ္အားလုံးကို ရခိုင္ေရတပ္ဗိုလ္ၾကပ္မတ္ေသာေလွေတာ္သုံးစင္းျဖင့္ သယ္ယူကာ ကုလားတန္ျမစ္ကိုဆန္တက္ခဲ့ၿပီးေနာက္ ေသမာနဒီ(သားေရေခ်ာင္း)ေခ်ာင္းငယ္တစ္ခုသို႔ေကြ႕ဝင္ခဲ့ၾကရေလသည္။ေခ်ာင္း
ကမ္းပါးႏွစ္ဖက္မွသစ္ပင္ႀကီးမ်ားမွာလြန္စြာျမင့္မားသန္စြမ္းေပရကားတစ္ဖက္ႏွင့္တစ္ဖက္ထိယွက္လုခမန္းေခ်ာင္းကို အုပ္မိုးထားေသာစိမ္းလန္းေသာေတာအုပ္ႀကီးမ်ားတည္ရွိေလသည္။

ေမ်ာက္မ်ားဥေဒါင္းငွက္မ်ားႏွင့္ တေ႐ြ႕ေ႐ြ႕သြားေနေသာႀကံ့သတၱဝါႀကီးမ်ားမွစ၍ ဘာသာဘာဝေပ်ာ္ပါးေနေသာေက်းးငွက္တိရိစာၦန္မ်ိဳးစုံလင္စြာေတြ႕ရေလသည္။ဒုတိယေန႕တြင္ လူေနအိမ္ ေျခအသင့္အတင့္ရွိေသာ႐ြာငယ္မ်ားဟိုတစ္စုသည္တစ္စုကို စပါးခင္းႀကီးမ်ားအၾကားေတြ႕ရ၏။သူတို႔သည္ ႐ြာတစ္႐ြာတြင္ေခတၱစခန္းခ်ၿပီးနံနက္စာစားေသာက္ၾကသည္။

အစားအစာတို႔မွာမေမွ်ာ္လင့္နိုင္ေလာက္ေအာင္ေစ်းေပါသျဖင့္တအံံ့တၾသျဖစ္ၾကကုန္၏။ေငြဒဂၤါးတစ္ျပားေပးလွ်င္ ၾကက္အေကာင္သုံးဆယ္ခန့္ရရွိၿပီး တစ္ပဲနိေပးလွ်င္ၾကက္ဥဒါဇင္မ်ားစြာရနိုင္ေပသည္။ထိုေန႕မြန္းတိမ္းတြင္ ေသမာနဒီ(ေရွးကသေရ
ျမစ္ဟုေခၚ၍ယခုအခါသားေရေခ်ာင္းဟုတြင္သည္)ျမစ္ေၾကာင္းအတိုင္းဆန္တက္ရာ မဟာမုနိဘုရားႀကီးမေရာက္မီ သုံးမိုင္ခန့္အလိုေလာက္တြင္ ျမစ္ေၾကာင္းကို ဘုရင့္ေလွတပ္ႀကီးပိတ္ဆို႔ေနသျဖင့္ဆက္လက္ဆန္တက္ျခင္းမျပဳန္ိုင္ေသာေၾကာင့္ရပ္တန့္လိုက္ရသည္။

 

ယင္းအေျခအေနေၾကာင့္ အတူပါလာေသာေရတပ္ဗိုလ္က ဗိုလ္ခ်ဳပ္ႀကီး၏ေယာက္ဖထံသို႔အေၾကာင္းၾကားရန္ကုန္းေပၚတက္သြားေလသည္။ေနာက္ေန႕မနက္တြင္ေရတပ္ဗိုလ္ႏွင့္အတူဗိုလ္ခ်ဳပ္ႀကီး၏ေယာက္ဖအပါအဝင္အရာရွိႀကီးမ်ားလိုက္ပါလာၾကကာ မန္းရစ္ႏွင့္ေတြ႕ဆုံၿပီး “ညကပင္ဗိုလ္ခ်ဳပ္ႀကီးရဲ႕အစီရင္ခံစာကိုဘုရင္မင္းျမတ္ထံဆက္သလိုက္ၿပီျဖစ္ေၾကာင္း ဘုရင္ကလည္းစာကိုဖတ္ရႈ႕ေတာ္မူၿပီး ေနာက္ထပ္အမိန့္မရမခ်င္း ေရတပ္ကို
ဒီယင္းဂါးသို႔ခ်ီတက္ျခင္းမျပဳရန္အမိန့္ထုတ္ျပန္လိုက္ေၾကာင္း” ေျပာျပေလသည္။

ထိုညတြင္ ဘုရင့္ကိုယ္ရံေတာ္တပ္မွ ဆာမူရိုင္းေခၚဂ်ပန္သူရဲေကာင္းတပ္တစ္တပ္ပါဝင္ေလရာထိုတပ္မွ ဂ်ပန္စစ္ဗိုလ္တစ္ေယာက္ေခါင္းေဆာင္ေသာဂ်ပန္စစ္သားမ်ားက မန္း
ရစ္ထံသို႔လာေရာက္ဂါရဝျပဳၾကသည္။ယင္းဂ်ပန္စစ္သားမ်ားမွာကက္သလစ္ဘာသာ ဝင္ခရစ္ယာန္မ်ားျဖစ္၏။ဂ်က္ဆူအစ္သာသနာျပဳစိန့္ဖရန္စစ္ေဇဗီးယားသည္ ဂ်ပန္ျပည္၌သာသနာျပဳရာအလြန္ေအာင္ျမင္ခဲ့သည္။

၁၆၁၂ခုႏွစ္တြင္ဂ်ပန္ျပည္ကိုႀကီးစိုးေသာ ရွိုးဂန္းအိေယယာစု ေခၚ မႈးမတ္မ်ားက ခရစ္ယာန္သာသနာျပဳမ်ားကိုမသကၤာသျဖင့္အခ်ိဳ႕ကိုဖမ္းဆီးသတ္ျဖတ္ကာ က်န္အခ်ိဳ႕ကိုဂ်ပန္လူမ်ိဳးခရစ္ယာန္တိုင္းရင္းသားမ်ားႏွင့္အတူ တိုင္းျပည္မွႏွင္ထုတ္ခဲ့ေလရာ ဂ်ပန္ခရစ္ယာန္မ်ားတြင္ သစၥာရွိျခင္းရဲရင့္ျခင္းႏွင့္သူမတူေအာင္စြမ္းေသာ ဓားသမားဆာမူရိုင္းမ်ားပါဝင္ၾကရာယင္းတို႔ ေရာက္ရွိရာအႏၵိယအနီးတဝိုက္တိုင္းျပည္ရွင္ဘုရင္တို႔ထံဝင္ေရာက္အမႈ႕ထမ္းၾက၏။

ယိုးဒယားျပည္ ဟံသာဝတီ(ပဲခူး)ႏွင့္ရခိုင္ဘုရင္တို႔၏ကိုယ္ရံ ေတာ္တပ္မ်ားတြင္ ဂ်ပန္ဓါးလြတ္ကိုင္ဆာမူရိုင္သူရဲေကာင္းတပ္မ်ား ရွိေနခဲ့ၾကသည္။ယခုမန္းရစ္ထံလာေရာက္ေတြ႕ဆုံေသာ ဂ်ပန္ကိုယ္ရံေတာ္တပ္မွာ ရခိုင္ဘုရင္သီရိသုဓမၼမင္း ႏွစ္စဥ္ႂကြေရာက္ၿမဲ မဟာမုနိဘုရားဖူးလိုက္ပါလာၾကရေသာကိုယ္ရံေတာ္ တပ္ျဖစ္၏။၎တို႔တြင္ယူနီေဖါင္းစစ္ဝတ္စုံအျပည့္ဝတ္လွ်က္ ခါးပတ္ႀကိဳးတြင္ဓါးရွည္ႏွစ္လက္ခ်ိတ္ကာ သူတို႔၏တ္ိုက္ေလွကို မန္းရစ္တို႔ေလွႏွင့္ ယွဥ္ဆိုက္ကပ္ၿပီး အျမႇောက္ေသနတ္မ်ားပစ္
ေဖာက္၍ အေလးျပဳၾကသည္။

ထို႔ေနာက္ဂ်ပန္စစ္ဗိုလ္သည္ မန္းရစ္တို႔ေလွေပၚသို႔တက္၍ ဘုန္းႀကီးမန္းရစ္ေရွ႕တြင္ဒူးေထာက္လွ်က္မိမိအမည္မွာ လီယြန္ဒိုနို
ေခၚေၾကာင္း လီယြန္မွာခရစ္ယာန္အမည္ျဖစ္ၿပီး ဒြန္န္ိုမွာလူႀကီးလူေကာင္းဟုအဓိပၸါယ္ရေသာဂ်ပန္အမည္ျဖစ္ေၾကာင္း သူတို႔အမႈ႕ထမ္းကာလ ၇ႏွစ္တာအတြင္းမည္သည့္ခရစ္ယာန္ဘုန္းႀကီးမွ မေရာက္လာခဲ့ဖူးေၾကာင္းသူတို႔ဝတ္ျပဳရန္ဘုရားရွိခိုးေက်ာင္းလည္းမရွိေၾကာင္း ဘုရင္မင္းျမတ္ထံအတန္တန္ေလွ်ာက္ထားခဲ့ေသာ္လည္း ခြင့္ျပဳခ်က္မရခဲ့ေၾကာင္း ယခုဘုန္းေတာ္ႀကီးမန္းရစ္ေရာက္ရွိလာသျဖင့္ အထူးၾကည္ညိုကာဝမ္းေျမာက္မိေၾကာင္း ျဖစ္နိုင္လွ်င္ဘုရင္မင္းျမတ္ႏွင့္ေတြ႕ဆုံေသာအခါ ဘုရားရွိခိုးေက်ာင္းေဆာပ္လုပ္ခြင့္ေတာင္းဆိုေပးပါရန္အေၾကာင္းတို႔ကိုေျပာၾကားေလသည္။

ဤသို႔ဘုန္းေတာ္ႀကီးမန္းရစ္ႏွင့္ဂ်ပန္စစ္ဗိုလ္တို႔ေတြ႕ဆုံေနစဥ္ အေစခံအခ်ိဳ႕ေျပးလာၿပီး အိမ္ေတာ္ဝန္မင္းႂကြလာေၾကာင္း ေျပာၾကားေလသည္။အမွန္ပင္ဝန္မင္းသည္ အခမ္းအနားျဖင့္ႂကြလာသည္ကိုလူတိုင္းအာ႐ုံစိုက္ေနၾကေလ၏။ႀကီးမားထြားက်ိဳင္းေသာဆင္ႀကီးတစ္ေကာင္ေပၚရွိ ေ႐ႊခ်ထားေသာေဖာင္းကားထဲတြင္ထိုင္လွ်က္ အနီးတြင္ေရတပ္ဗိုလ္ခ်ဳပ္၏ေယာက္လည္းကပ္လ်က္ပါလာသည္။

ထိုဆင္ႀကီးကိုအေစာင့္တပ္သားေလးဆယ္ခန့္ ဝန္းရံလိုက္ပါၾကၿပီး ေနာက္တြင္ ေဆးတံကိုင္သူ ကြမ္းအစ္ပိုက္သူ ေဆးလိပ္ညွိရန္ ရဲရဲနီေသာမီးေသြးအိုးသယ္သူ အေဖ်ာ္ယမကာကရား႐ြက္သူ ေရအင္တုံ႐ြက္သူ လုလင္ေျခာက္ဦးႏွင့္ လူပ်ိဳေတာ္သားအခ်ိဳ႕ လိုက္ပါလာၾက၏။ဆင္ေပၚမွ အိမ္ေတာ္ဝန္ဆင္းသက္ေတာ္မူ၍
ေလွေပၚသို႔ႂကြေရာက္လာၿပီး ေလွဦးဖုံေပၚသို႔ဝင္ထိုင္၍ “အကြၽန္ုပ္တို႔ ဘဝရွင္မင္းတရားႀကီးက အကြၽန္ုပ္ကို သင္တို႔အားႀကိဳဆိုရန္ေစလႊတ္လိုက္ပါတယ္”ဟုေျပာၾကားသည္။

မန္ရစ္ကလည္းအရိုအေသျပဳလွ်က္ “ေ႐ႊနန္းရွင္၏ မဟာဂ႐ုဏာတရားႀကီးမားေတာ္မူလွပါတယ္”ဟုျပန္လည္ေျပာဆိုသည္။ေနပူျပင္းလွသျဖင့္ ဆင္ေတာ္ကိုျပန္လႊတ္ကာ ေရေၾကာင္းမွသြားရန္ အိမ္ေတာ္ဝန္ကေျပာၾကားသည္။မၾကာမီလူႏွစ္ဆယ့္ေလးေယာက္ေလွာ္ခတ္ရေသာအလြန္လွပသည့္ေလွေတာ္တစ္စင္း ယွဥ္၍ကပ္လာေလသည္။ေလွဦးတြင္ ပန္းခက္ပန္း႐ြက္မ်ားႏွင့္ ကခုန္ေနေသာလူ႐ုပ္ပုံမ်ားထြင္းထုထားေပသည္။

ေလွေတာ္သားမ်ားအလယ္တြင္ထိုင္ၾက၏။ေလွပဲ့ပိုင္းမွာအစိမ္းႏွင့္ေ႐ႊေရာင္ေဆးမ်ားသုတ္ထားေသာ အမိုးတြင္ ေနကာအဖီမ်ားထုတ္ထား၍ ျပတင္းေပါက္တို႔ကို ၾကက္ေသြးႏွင့္အဝါေရာင္ခန္းဆီးမ်ားခ်ိတ္ဆြဲထားေလသည္။အိမ္ေတာ္ဝန္ႏွင့္ေဆြးေႏြးေနစဥ္ဂ်ပန္ဆာမူရိုင္းစစ္ဗိုလ္မွာကမ္းပါးတြင္ရိုေသစြာရပ္ေစာင့္ေန
ရွာသည္ကို မန္းရစ္တို႔ ဝန္မင္းေလွေတာ္ေပၚကူးေျပာင္းတက္ေရာက္ေနစဥ္ျမင္လိုက္သျဖင့္ အတူေခၚသြားရန္သင့္မည္ဟုေတြးကာ ဗိုလ္ခ်ဳပ္၏ေယာက္ဖအားကန့္ကြက္ရန္ရွိ မရွိေမးျမန္းသည္ ဂ်ပန္စစ္ဗိုလ္မွာ ရာထူးအဆင့္အတန္းနိမ့္က်သျဖင့္ သေဘာမတူ
ေခ်။သို႔ေသာ္ အိမ္ေတာ္ဝန္က ၾကားေသာအခါ လိုက္ပါခြင့္ျပဳသျဖင့္ အေစခံတစ္ေယာက္အားအေခၚလႊတ္လိုက္သည္။

 

ဂ်ပန္ဗိုလ္လည္းေလွေပၚသို႔တက္လာၿပီး ဘုရင့္ထံဝင္ေရာက္ခြင့္ႀကဳံသျဖင့္ ဝမ္းေျမာက္ေက်းဇူးတင္ကာ ဝန္မင္းအား လက္ႏွစ္ဖက္ယွက္ကာဦးတင္အေလးျပဳလိုက္ေလသည္။သူတို႔သည္ ဤနည္းအားျဖင့္သုံးမိုင္ခန့္ ကြာေဝးေသာခရီးကို ျမစ္ကမ္းႏွစ္ဘက္တြင္ဆိုက္ကပ္ထားေသာ ေလွတပ္ႀကီးႏွင့္ ယာယီတဲနန္းမ်ားႏွင့္ ေဖာင္ေတာ္မ်ားအၾကားဆန္တက္ခဲ့ေလသည္။ယင္းသို႔ ေလွာ္ခတ္သြားရသည္မွာ အီတလီနိုင္ငံဗင္းနစ္ၿမိဳ႕၏တူးေျမာင္းမ်ားတြင္ ႏွစ္စဥ္က်င္းပသည့္ဂါလာပြဲေတာ္ေန႕တြင္ သြားၾကရသည္ႏွင့္တူလွေပသည္။

ေနာက္ဆုံးတြင္သူတို႔သည္ လူအမ်ားအျပားေစာင့္ၾကည့္ေနေသာ ဆိပ္ကမ္းသို႔ဆိုက္ကပ္ခဲ့ၾကၿပီးေနာက္ဝန္မင္း၏ အေစာင့္တပ္သားမ်ားက လူအုပ္ႀကီးကိုဖယ္ရွား၍ သြားလမ္းရွင္းေပးသည့္အတိုင္း ကုန္းေပၚသို႔တက္ခဲ့ၾကသည္။ဆိပ္ကမ္းျပင္ဘက္တြင္ ဆင္ေတာ္ေဝါေတာ္မ်ားအသင့္ေစာင့္ဆိုင္းေနၾကသည္။သူတို႔ကို အိမ္ေတာ္ဝန္က သူ၏ေနအိမ္သို႔ေခၚေဆာင္သြားၿပီးေန႕လယ္စာ
ေကြၽးေမြးဧည့္ခံ၏ ဟင္းခြက္ေပါင္းတစ္ရာခန့္တြင္စားေနက်အသားဟင္းလ်ာမ်ားအျပင္ ေႁမြသားကင္ႂကြက္သားေၾကာ္စသည့္ထူးဆန္းေထြျပားေသာဟင္းလ်ာမ်ားလည္းပါရွိသည္။

ထို႔ေနာက္ ၿမိဳ႕ဝန္က ထိုေန႕တြင္ ဘုရင္မင္းျမတ္ဥပုသ္ေဆာင္ဝင္ေနသျဖင့္ေတြ႕ခြင့္မရေသးေၾကာင္းေျပာ၏ လဆန္းရက္တြင္ေတြ႕ဆုံခြင့္ေပးမည္ျဖစ္ေၾကာင္းေျပာျပၿပီး သူတို႔တည္းခိုရန္
စီမံထားေသာသံတဲသို႔ေခၚေဆာင္ခဲ့ေလသည္။ထိုေန႕ကား ၁၆၃၀ ျပည့္ႏွစ္ဇူလိုင္လ ၂၆ရက္ေန႕ျဖစ္ေလသည္။

စာကိုး။ Maurice Collis ေရး The land of
the great image အား ဦးလွဒင္
ျမန္မာျပန္ဆိုေသာ”ရတနာေ႐ႊေျမ”
စာအုပ္မွ ထုတ္ႏႈတ္ေဖာ္ျပၿပီး သမိုင္း
ဆိုင္ရာအခ်က္အလက္အခ်ိဳ႕ကို ဦးကုလား၏ မဟာရာဇဝင္ႀကီး(တတိယတြဲ)
မွ ရယူပါသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *