သမိုင်းထဲက မြန်မာမံမီ (သို့) အမေရိကန်ရောက် ပုဂံခေတ်မှ မင်းသားသီဟသူ၏ ရုပ်အလောင်း

သမိုင်းထဲက မြန်မာမံမီ (သို့) အမေရိကန်ရောက် ပုဂံခေတ်မှ မင်းသားသီဟသူ၏ ရုပ်အလောင်း

 

 

ဒီအကြောင်းကို ကျွန်တော်အလယ်တန်း ကျောင်သားဘဝတုန်းက မဂ္ဂဇင်း စာအုပ် တစ်အုပ်မှာ ဖတ်ဖူးကတည်းက နှမြောခြင်းကြီးစွာ ဖြစ်မိတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်က မင်းသားတစ်ပါးကို မျက်မြင် တွေ့ရဖို့ဆိုတာ ယနေ့ခေတ်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ ကိစ္စ … ဒါပေမယ့် မြန်မာတွေမှာ ဒီအခွင့်အရေး ရှိနေတယ်။

သို့သော် သမိုင်းထဲက မြန်မာမင်းသားရဲ့ အလောင်းကို မြန်မာတွေ ကြည့်ရှု့ခွင့် မရဘဲ အမေရိကန်က ကြည့်ရှု့ခွင့် ရနေတယ်။

ယနေ့ခေတ်လို အနေအထားမျိုးမှာ သံတမန်နည်းနဲ့ပဲ ဖြစ်ဖြစ် ၊အခြားနည်းနဲ့ပဲ ဖြစ်ဖြစ် မြန်မာတွေ အနေနဲ အမေရိကန်ဆီက ပြန်တောင်းသင့်တယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်၏ အကူအညီကို နိုင်ငံတော် အစိုးရက လက်ခံပြီး၊ ကြိုးပမ်းခဲ့ရာတွင် အမေရိကန် ပညာသည်များကိုလည်းအသုံးပြုခဲ့ရလေသည်။

ထိုပညာသည်အဖွဲ့တွင် ရှေးဟောင်းပစ္စည်း ရှာဖွေ တူးဖော်ရေးဆိုင်ရာ ပါရဂူကြီး တစ်ဦးလည်း ပါဝင်ခဲ့သည်။ ယင်းပါရဂူကြီးသည် ၁၉၅၀ ပြည်နှစ်နှင့် ၁၉၅၃ ခုနှစ်များအကြားတွင် ရှေးဒလမြို့ဟောင်း၊ တွံတေး တောကြီးတန်း ဌက်အော်စန်းတောထဲတွင် ရှေးဟောင်း သုတေသနများ ပြုလုပ်ခဲ့သည်။

ရှေးဒလမြို့ဟောင်း နေရာကို တိုင်းထွာရန်ထက် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်၏ သချိုင်းဂူကို ရှာဖွေရန် အားသန်ခဲ့သည်။ ယင်းသို့ သုတေသန ပြုစဉ် ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခု ပြုလုပ်ခဲ့သည်။

ပါရဂူကြီး သည် ပုဂံအိမ်ရှေ့မင်းသား သီဟသူ၏ အလောင်းကို ရာဝင် စဉ့်အိုးကြီးထဲတွင် မပုပ်မသိုးအောင် ဆေးရည် ဆီစိမ်ထားသည်ကို တွေ့လိုက်ရသည်။

သို့နှင့် ပါရဂူကြီး အမေရိကန်နိုင်ငံသို့ အပြန်တွက် ယင်းသီဟသူ၏ အလောင်း စိမ်ထား သည့် ရာဝင်အိုးကြီးကို မကွဲမရှစေပဲ ကောက်ရိုးကြိုးခွေများ ပတ်လျှက် သစ်သားဝက်ခြံ သေတ္တာထဲ ထည့်ပြီး သင်္ဘောပေါ်သို့ တင်ဆောင်သွားလေသည်။

ထိုရာဝင်အိုးကြီးအား အလုပ်သမားများ ထမ်းယူပြီး သင်္ဘောကုန်းပတ်ပေါ် သို့ တင်ဆောင်သည်ကို ဒလ မြို့သူမြို့သား အတော်များများ မျက်မြင် ကိုယ်တွေ့ မြင်လိုက်ကြရသည်။

ယင်းအိုးကြီး ကို သင်္ဘောပေါ် သယ်ဆောင်စဉ် အကောက်တော်ဌာနမှ ဖွင့်ကြည့် စစ်ဆေးခွင့် မရှိသည့်အတွက် စဉ်းစားစရာပင် အချက်တစ်ချက် ဖြစ်နေသည်။

 

နှစ်ပေါင်း ၇၀ဝ ကျော်ခန့်က ပုဂံပြည့်ရှင် မင်းတြား၏ သားတော် သီဟသူ၏ အလောင်း ကို ရာဝင်အိုးနှင့် ဆီစိမ်ထားရာမှ အမေရိကန် စီးပွားရေး ပါရဂူ တစ်ဦးက ၁၉၅၀ – ၁၉၅၃ နှစ်အကြား တူးဖော်ကာ အမေရိကန် နိုင်ငံသို့ သယ်ဆောင်သွား၍ ပြတိုက်တစ်ခုတွင် ထားရှိကြောင်း ….စသဖြင့် အကျယ်တဝင့်ရေးသားဖော်ပြထားသည်။

၎င်းရာဝင်အိုးကြီး ကို သယ်ဆောင်သွားစဉ် ကိုယ်တွေ့မျက်မြင် ကြုံလိုက်ရသော မြန်မာအမျိုးသား တစ်ဦးသည် အမေရိကန်သို့ တိုက်တိုက် ဆိုင်ဆိုင် ဝင်ရောက်ကြည့်ရှုမိသည်။

ပြတိုက်တွင် ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်း ပစ္စည်းများဖြင့် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားရှိလေသည်။ ပြတိုက်၏ တစ်ခုသော နေရာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရာဝင် စဉ့်အိုးကြီး ကို တွေ့ရပြီး စဉ့်အိုးကြီး ယှဉ်လျက်နှင့် ကျောက်စားပွဲရှည်ကြီးပေါ်တွင် လေလုံ မှန်ခေါင်းတစ်ခုရှိပြီး မှန်ခေါင်းထဲတွင် ဆီစိမ်ထားသော အသက် ၂၀ ပင် မပြည့်သေးသော လုလင်ပျိုအလောင်း ကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။

 

မှန်ခေါင်းတွင် မင်းသားသီဟသူ ၊ ပုဂံခေတ် မြန်မာနိုင်ငံ ၁၂၅၄ အေဒီ ဟူသော ကမ္မည်းစာတန်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည် ကို တွေ့ရသဖြင့် အလောင်း၏ ရုပ်လက္ခဏာ ကို အနီးကပ် လေ့လာကြည့်ရာ ၊ သျှောင်တစောင်းထုံး၊

နှုတ်ခမ်းမွေးရေးရေးကိုယ်လုံးကိုယ်ပေါက် ထောင်ထောင် မောင်းမောင်း ၊ အသားဝါ ၊ ခြင်္သေ့ရုပ်များ ဖော်ထားသော ငွေခြည်ဖောက် မည်းပုဆိုးနှင့် ထိုင်မသိမ်းအင်္ကျီ ၊ ရွှေဆင်မြန်းထား၍ ပိုးပဝါ ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ကို တွေ့ရလေသည်။

ပါးရိုးများ ထလောက်အောင် အံကြိတ်ထားသည့် မျက်နှာအသွင် မျက်လုံးများမှာ ကား ပြူးကြောင်လျှက် ရှိလေသည်။

ယင်းမြန်မာ အမျိုးသား နှင့် အမေရိကန် ပါရဂူကြီးတို့ သီဟသူအလောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ပါရဂူကြီးက ၎င်းမင်းသား အလောင်းကို နှစ်ပေါင်း ၇၀ဝ ရာမှ စ၍ ယနေ့တိုင် မပုပ်မသိုး၊ မပျက်မစီး ၊နောင်လည်း နှစ်ပေါင်းရာနှင့် ထောင်နှင့် ချီ၍ တာရှည်ခံဦးမည် ဖြစ်လေရာ ၊ မြန်မာ့နည်းဖြင့် ဆေးရည် စိမ်ထားပုံမှာ မှတ်သားစရာ အချက် တစ်ရပ်ပင် ဖြစ်ကြောင်း ချီးကျုးသည်။

တစ်ဖန် နောင်လူကြီးမင်းတို့ နိုင်ငံတွင် ထိုက်ထိုက်တန်တန် ပြတိုက်ကြီး တည်ဆောက်ပြီး သောအခါ ယင်းသီဟသူ အလောင်းကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပေးသွားသည်။

သီဟသူ၏ အလောင်းနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှ ရာဇဝင်သုတေသီများ ရှေးဟောင်း သုတေသီများ ၊ သုတေသနပြုလုပ် ရန် စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု ယူဆမိပါသည်။ ။

(မင်းသားသီဟသူဟာ ပုဂံ ဥဇနာမင်းရဲ့ သားတော်ဖြစ်ပြီး အမျက်ဒေါသကြီးမှုကြောင့် အမတ်များရဲ့ အဆုံး စီရင်ခြင်းကို ခံခဲ့ရသူပါ။ ဒီအကြောင်းကို ရေးခဲ့သူဟာ သတင်းစာ ဆရာကြီး ဦးသိန်းမောင် ဖြစ်ပါတယ်။ တိုင်းသိပြည်သိ သတင်းစာ ဆရာကြီးတစ်ဦးအနေနဲ့ မဟုတ်တာကိုတော့ ရေးမည်မထင်ပါ။

ရာဇသင်္ကြန် အမတ်ကြီးက တွံတေးတောကြီးတန်း တနေရာမှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး ကွမ်းတံတွေး မင်းသားလို့ အမည်တွင်တဲ့သီဟသူ မင်းသားကို မျှားခေါ်ခဲ့ပြီးဆင်ကျုံးထဲမှာ သတ်ခဲ့တာလို့ သိရ၏။

သတ်ရတဲ့ အကြောင်းရင်းကတော့ ညီလာခံတစ်ခုမှာမင်းသား သီဟသူ လာမယ့်လမ်းမှာ အမတ်ကြီး ရာဇသင်္ကြန်က ပိတ်နေလို့ အမတ်ကြီးကို ကွမ်းတံတွေး နဲ့ ထွေးလိုက်ပါတယ်။

လူပုံအလယ်မှာ ကြီးစွာသော အရှက်ရသွားတဲ့ အမတ်ကြီးက နားကျည်းစွာ အငြိုးအတေးထားပြီး သီဟသူ မင်းသားရဲ့ ညီဖြစ်သူ မင်းခွေးချေးမင်းသား (နရသီဟပတေ့) ကအမတ်ကြီးကို ဘုရင်ဖြစ်ခွင့် အကူအညီ တောင်းရာမှ ဥပါယ်တံမျှယ်နဲ့ တွံတေး တောကြီးတန်းဘက်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး ဆင်ကျုံးထဲမှာ အသတ်ခံခဲ့ရတဲ့ သီဟသူ မင်းသားပါ။

ဒါပေမယ့် ဆိုးတာတစ်ခုကတော့ ဆရာကြီးရဲ့စာထဲမှာ မင်းသားသီဟသူရဲ့ မံမီဟာ အမေရိကန် ဘယ်မြို့ ၊ ဘယ်ပြတိုက် ဆိုတာကို ဖော်ပြထားခြင်း မရှိတာပါပဲ ။

ဖော်ပြထားခဲ့ရင်တော့ တစ်ခတ်တစ်ခါက မြန်မာတို့ရဲ့ဆေးရည်စိမ်မှု အတတ်ကို လေ့လာခွင့်ရကြမှာပါ ၊ တတ်ကျွမ်း နားလည်သူများအနေဖြင့် မှတ်တမ်းများကို ရှာဖွေပြီး ဖော်ထုတ်သင့်ပါတယ်…။ ။

 

Credit

 

Zawgyi

 

သမိုင္းထဲက ျမန္မာမံမီ (သို႔) အေမရိကန္ေရာက္ ပုဂံေခတ္မွ မင္းသားသီဟသူ၏ ႐ုပ္အေလာင္း

 

 

ဒီအေၾကာင္းကို ကြၽန္ေတာ္အလယ္တန္း ေက်ာင္သားဘဝတုန္းက မဂၢဇင္း စာအုပ္ တစ္အုပ္မွာ ဖတ္ဖူးကတည္းက ႏွေျမာျခင္းႀကီးစြာ ျဖစ္မိတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀၀ ေက်ာ္က မင္းသားတစ္ပါးကို မ်က္ျမင္ ေတြ႕ရဖို႔ဆိုတာ ယေန႕ေခတ္မွာ ဘယ္လိုမွ မျဖစ္နိုင္ေတာ့တဲ့ ကိစၥ … ဒါေပမယ့္ ျမန္မာေတြမွာ ဒီအခြင့္အေရး ရွိေနတယ္။

သို႔ေသာ္ သမိုင္းထဲက ျမန္မာမင္းသားရဲ႕ အေလာင္းကို ျမန္မာေတြ ၾကည့္ရႈ႕ခြင့္ မရဘဲ အေမရိကန္က ၾကည့္ရႈ႕ခြင့္ ရေနတယ္။

ယေန႕ေခတ္လို အေနအထားမ်ိဳးမွာ သံတမန္နည္းနဲ႕ပဲ ျဖစ္ျဖစ္ ၊အျခားနည္းနဲ႕ပဲ ျဖစ္ျဖစ္ ျမန္မာေတြ အေနနဲ အေမရိကန္ဆီက ျပန္ေတာင္းသင့္တယ္။

ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ႀကီး ျပန္လည္ ထူေထာင္ေရးအတြက္ အေမရိကန္၏ အကူအညီကို နိုင္ငံေတာ္ အစိုးရက လက္ခံၿပီး၊ ႀကိဳးပမ္းခဲ့ရာတြင္ အေမရိကန္ ပညာသည္မ်ားကိုလည္းအသုံးျပဳခဲ့ရေလသည္။

ထိုပညာသည္အဖြဲ႕တြင္ ေရွးေဟာင္းပစၥည္း ရွာေဖြ တူးေဖာ္ေရးဆိုင္ရာ ပါရဂူႀကီး တစ္ဦးလည္း ပါဝင္ခဲ့သည္။ ယင္းပါရဂူႀကီးသည္ ၁၉၅၀ ျပည္ႏွစ္ႏွင့္ ၁၉၅၃ ခုႏွစ္မ်ားအၾကားတြင္ ေရွးဒလၿမိဳ႕ေဟာင္း၊ တြံေတး ေတာႀကီးတန္း ဌက္ေအာ္စန္းေတာထဲတြင္ ေရွးေဟာင္း သုေတသနမ်ား ျပဳလုပ္ခဲ့သည္။

ေရွးဒလၿမိဳ႕ေဟာင္း ေနရာကို တိုင္းထြာရန္ထက္ ပညာရွိအမတ္ႀကီး ရာဇသၾကၤန္၏ သခ်ိဳင္းဂူကို ရွာေဖြရန္ အားသန္ခဲ့သည္။ ယင္းသို႔ သုေတသန ျပဳစဥ္ ထူးျခားသည့္ ရွာေဖြေတြ႕ရွိခ်က္တစ္ခု ျပဳလုပ္ခဲ့သည္။

ပါရဂူႀကီး သည္ ပုဂံအိမ္ေရွ႕မင္းသား သီဟသူ၏ အေလာင္းကို ရာဝင္ စဥ့္အိုးႀကီးထဲတြင္ မပုပ္မသိုးေအာင္ ေဆးရည္ ဆီစိမ္ထားသည္ကို ေတြ႕လိုက္ရသည္။

သို႔ႏွင့္ ပါရဂူႀကီး အေမရိကန္နိုင္ငံသို႔ အျပန္တြက္ ယင္းသီဟသူ၏ အေလာင္း စိမ္ထား သည့္ ရာဝင္အိုးႀကီးကို မကြဲမရွေစပဲ ေကာက္ရိုးႀကိဳးေခြမ်ား ပတ္လွ်က္ သစ္သားဝက္ၿခံ ေသတၱာထဲ ထည့္ၿပီး သေဘၤာေပၚသို႔ တင္ေဆာင္သြားေလသည္။

ထိုရာဝင္အိုးႀကီးအား အလုပ္သမားမ်ား ထမ္းယူၿပီး သေဘၤာကုန္းပတ္ေပၚ သို႔ တင္ေဆာင္သည္ကို ဒလ ၿမိဳ႕သူၿမိဳ႕သား အေတာ္မ်ားမ်ား မ်က္ျမင္ ကိုယ္ေတြ႕ ျမင္လိုက္ၾကရသည္။

ယင္းအိုးႀကီး ကို သေဘၤာေပၚ သယ္ေဆာင္စဥ္ အေကာက္ေတာ္ဌာနမွ ဖြင့္ၾကည့္ စစ္ေဆးခြင့္ မရွိသည့္အတြက္ စဥ္းစားစရာပင္ အခ်က္တစ္ခ်က္ ျဖစ္ေနသည္။

 

ႏွစ္ေပါင္း ၇၀ဝ ေက်ာ္ခန့္က ပုဂံျပည့္ရွင္ မင္းၾတား၏ သားေတာ္ သီဟသူ၏ အေလာင္း ကို ရာဝင္အိုးႏွင့္ ဆီစိမ္ထားရာမွ အေမရိကန္ စီးပြားေရး ပါရဂူ တစ္ဦးက ၁၉၅၀ – ၁၉၅၃ ႏွစ္အၾကား တူးေဖာ္ကာ အေမရိကန္ နိုင္ငံသို႔ သယ္ေဆာင္သြား၍ ျပတိုက္တစ္ခုတြင္ ထားရွိေၾကာင္း ….စသျဖင့္ အက်ယ္တဝင့္ေရးသားေဖာ္ျပထားသည္။

၎ရာဝင္အိုးႀကီး ကို သယ္ေဆာင္သြားစဥ္ ကိုယ္ေတြ႕မ်က္ျမင္ ႀကဳံလိုက္ရေသာ ျမန္မာအမ်ိဳးသား တစ္ဦးသည္ အေမရိကန္သို႔ တိုက္တိုက္ ဆိုင္ဆိုင္ ဝင္ေရာက္ၾကည့္ရႈမိသည္။

ျပတိုက္တြင္ ကမာၻအရပ္ရပ္မွ ေရွးေဟာင္း ပစၥည္းမ်ားျဖင့္ သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားရွိေလသည္။ ျပတိုက္၏ တစ္ခုေသာ ေနရာတြင္ ျမန္မာနိုင္ငံမွ သယ္ေဆာင္လာေသာ ရာဝင္ စဥ့္အိုးႀကီး ကို ေတြ႕ရၿပီး စဥ့္အိုးႀကီး ယွဥ္လ်က္ႏွင့္ ေက်ာက္စားပြဲရွည္ႀကီးေပၚတြင္ ေလလုံ မွန္ေခါင္းတစ္ခုရွိၿပီး မွန္ေခါင္းထဲတြင္ ဆီစိမ္ထားေသာ အသက္ ၂၀ ပင္ မျပည့္ေသးေသာ လုလင္ပ်ိဳအေလာင္း ကို ထင္ထင္ရွားရွား ေတြ႕ျမင္လိုက္ရသည္။

 

မွန္ေခါင္းတြင္ မင္းသားသီဟသူ ၊ ပုဂံေခတ္ ျမန္မာနိုင္ငံ ၁၂၅၄ ေအဒီ ဟူေသာ ကမၼည္းစာတန္း အဂၤလိပ္ဘာသာျဖင့္ ေရးထိုးထားသည္ ကို ေတြ႕ရသျဖင့္ အေလာင္း၏ ႐ုပ္လကၡဏာ ကို အနီးကပ္ ေလ့လာၾကည့္ရာ ၊ ေသွ်ာင္တေစာင္းထုံး၊

ႏႈတ္ခမ္းေမြးေရးေရးကိုယ္လုံးကိုယ္ေပါက္ ေထာင္ေထာင္ ေမာင္းေမာင္း ၊ အသားဝါ ၊ ျခေသၤ့႐ုပ္မ်ား ေဖာ္ထားေသာ ေငြျခည္ေဖာက္ မည္းပုဆိုးႏွင့္ ထိုင္မသိမ္းအကၤ်ီ ၊ ေ႐ႊဆင္ျမန္းထား၍ ပိုးပဝါ ကို လက္တြင္ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္ ကို ေတြ႕ရေလသည္။

ပါးရိုးမ်ား ထေလာက္ေအာင္ အံႀကိတ္ထားသည့္ မ်က္ႏွာအသြင္ မ်က္လုံးမ်ားမွာ ကား ျပဴးေၾကာင္လွ်က္ ရွိေလသည္။

ယင္းျမန္မာ အမ်ိဳးသား ႏွင့္ အေမရိကန္ ပါရဂူႀကီးတို႔ သီဟသူအေလာင္းႏွင့္ ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ ပါရဂူႀကီးက ၎မင္းသား အေလာင္းကို ႏွစ္ေပါင္း ၇၀ဝ ရာမွ စ၍ ယေန႕တိုင္ မပုပ္မသိုး၊ မပ်က္မစီး ၊ေနာင္လည္း ႏွစ္ေပါင္းရာႏွင့္ ေထာင္ႏွင့္ ခ်ီ၍ တာရွည္ခံဦးမည္ ျဖစ္ေလရာ ၊ ျမန္မာ့နည္းျဖင့္ ေဆးရည္ စိမ္ထားပုံမွာ မွတ္သားစရာ အခ်က္ တစ္ရပ္ပင္ ျဖစ္ေၾကာင္း ခ်ီးက်ဳးသည္။

တစ္ဖန္ ေနာင္လူႀကီးမင္းတို႔ နိုင္ငံတြင္ ထိုက္ထိုက္တန္တန္ ျပတိုက္ႀကီး တည္ေဆာက္ၿပီး ေသာအခါ ယင္းသီဟသူ အေလာင္းကို ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ကတိေပးသြားသည္။

သီဟသူ၏ အေလာင္းႏွင့္ ပတ္သက္၍ ကြၽန္ေတာ္တို႔ နိုင္ငံမွ ရာဇဝင္သုေတသီမ်ား ေရွးေဟာင္း သုေတသီမ်ား ၊ သုေတသနျပဳလုပ္ ရန္ စိတ္ဝင္စားဖြယ္ ေကာင္းလွသည္ဟု ယူဆမိပါသည္။ ။

(မင္းသားသီဟသူဟာ ပုဂံ ဥဇနာမင္းရဲ႕ သားေတာ္ျဖစ္ၿပီး အမ်က္ေဒါသႀကီးမႈေၾကာင့္ အမတ္မ်ားရဲ႕ အဆုံး စီရင္ျခင္းကို ခံခဲ့ရသူပါ။ ဒီအေၾကာင္းကို ေရးခဲ့သူဟာ သတင္းစာ ဆရာႀကီး ဦးသိန္းေမာင္ ျဖစ္ပါတယ္။ တိုင္းသိျပည္သိ သတင္းစာ ဆရာႀကီးတစ္ဦးအေနနဲ႕ မဟုတ္တာကိုေတာ့ ေရးမည္မထင္ပါ။

ရာဇသၾကၤန္ အမတ္ႀကီးက တြံေတးေတာႀကီးတန္း တေနရာမွာ ဆင္ျဖဴေတာ္ ေပၚတယ္ဆိုၿပီး ကြမ္းတံေတြး မင္းသားလို႔ အမည္တြင္တဲ့သီဟသူ မင္းသားကို မွ်ားေခၚခဲ့ၿပီးဆင္က်ဳံးထဲမွာ သတ္ခဲ့တာလို႔ သိရ၏။

သတ္ရတဲ့ အေၾကာင္းရင္းကေတာ့ ညီလာခံတစ္ခုမွာမင္းသား သီဟသူ လာမယ့္လမ္းမွာ အမတ္ႀကီး ရာဇသၾကၤန္က ပိတ္ေနလို႔ အမတ္ႀကီးကို ကြမ္းတံေတြး နဲ႕ ေထြးလိုက္ပါတယ္။

လူပုံအလယ္မွာ ႀကီးစြာေသာ အရွက္ရသြားတဲ့ အမတ္ႀကီးက နားက်ည္းစြာ အၿငိဳးအေတးထားၿပီး သီဟသူ မင္းသားရဲ႕ ညီျဖစ္သူ မင္းေခြးေခ်းမင္းသား (နရသီဟပေတ့) ကအမတ္ႀကီးကို ဘုရင္ျဖစ္ခြင့္ အကူအညီ ေတာင္းရာမွ ဥပါယ္တံမွ်ယ္နဲ႕ တြံေတး ေတာႀကီးတန္းဘက္မွာ ဆင္ျဖဴေတာ္ ေပၚတယ္ဆိုၿပီး ဆင္က်ဳံးထဲမွာ အသတ္ခံခဲ့ရတဲ့ သီဟသူ မင္းသားပါ။

ဒါေပမယ့္ ဆိုးတာတစ္ခုကေတာ့ ဆရာႀကီးရဲ႕စာထဲမွာ မင္းသားသီဟသူရဲ႕ မံမီဟာ အေမရိကန္ ဘယ္ၿမိဳ႕ ၊ ဘယ္ျပတိုက္ ဆိုတာကို ေဖာ္ျပထားျခင္း မရွိတာပါပဲ ။

ေဖာ္ျပထားခဲ့ရင္ေတာ့ တစ္ခတ္တစ္ခါက ျမန္မာတို႔ရဲ႕ေဆးရည္စိမ္မႈ အတတ္ကို ေလ့လာခြင့္ရၾကမွာပါ ၊ တတ္ကြၽမ္း နားလည္သူမ်ားအေနျဖင့္ မွတ္တမ္းမ်ားကို ရွာေဖြၿပီး ေဖာ္ထုတ္သင့္ပါတယ္…။ ။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *