စစ်ဘုရင် ရာဇဓိရာဇ်နှင့် သူ၏ ချစ်လှစွာသော မိဖုရားများ

စစ်ဘုရင် ရာဇဓိရာဇ်နှင့် သူ၏ ချစ်လှစွာသော မိဖုရားများ

 

 

 

ဟံသာဝတီဘုရင် ဗညားဦးသည် ခယ်မတော် မွေ့ဒေါကိုမိဖုရားမြှောက်ရာမှ ခရစ်နှစ်၁၃၆၈တွင် ဗသုံဗန်စက်(ခေါ်)ဗညာနွဲ့ (ခေါ်)ရာဇဓိရာဇ် ကိုဖွားမြင်ခဲ့သည်။ရာဇဓိရာဇ်သည် စစ်ရေး၊တိုက်ခိုက်ရေး၊ဆင်ရေး၊မြင်းရေး၌ အလွန်ကျွမ်းကျင်သူ မွန်ဘုရင်တစ်ပါးဖြစ်သည်။

မိမိကို ပုန်စားသော မြို့စားနယ်စားဘုရင်ခံများကို ပြန်လည် တိုက်ခိုက်ကာ အသက်ချမ်းသာပေးမြှောက်စာမြဲမြှောက်စားလေ့ရှိသော်လည်း သားအရင်းဖြစ်သူ ဘောလောအဲကျန်းတော
ကိုမူ သင်္ကာမကင်းဖြစ်သောကြောင့် ကွပ်မျက်စေသောဖခင် တစ်ဦးလည်းဖြစ်သည်။

စစ်သူရဲကောင်းများကိုမွေးမြူချစ်ခင်ချီးမြှောက်ရာတွင်လည်း သူမတူအောင်ထူးသောဘုရင်ဖြစ်သည်။ သူ၏အစွမ်းသတ္တိနှင့်စိတ်နေစိတ်ထားမှာ သမိုင်းတွင်ထူးခြားနေသူလည်းဖြစ်၏။
သက်ဦးဆံပိုင်ဘုရင်ဖြစ်သည့်အလျှောက် နန်းတွင်း၌
များစွာသော မိဖုရားမောင်းမမိဿံ ကိုယ်လုပ်တော်များ
လည်းရှိခဲ့သည်။

(၁)တလေမေဒါ

မွန်ဘုရင် ဗညားဦးနှင့်မိဖုရားတစ်ပါးတို့မှဖွားမြင်သော မင်းသမီးတလမေဒေါသည် ဗညာဦးနှင့်မိဖုရားမွေဒေါတို့မှ ဖွားမြင်သော ရာဇဓိရာဇ်တို့မှာ အဖေတူအမေကွဲ မောင်နှမတော်စပ်ခဲ့ကြသည်။အရွယ်ရောက်စအခါ ဖခင်ဗညားဦးက သဘောမတူသည့်ကြားထဲမှအဖေတူအမေကွဲနှမဝမ်းကွဲတော်စပ်သူ တလမေဒေမင်းသမီးလေးကိုအသက်၁၆နှစ်အရွယ်တွင်အတင်းအဓမ္မ ဆင်ဖြင့်တင်ပြေးကာ ခိုးယူပေါင်းသင်းခဲ့သည်။

ရာဇဓိရာဇ်သည် ရဲစွမ်းသတ္တိရှိသလို ကိုယ်စိတ်ကြမ်းတမ်းပြီး မိမိလုပ်ချင်သည့်အရာကို ဇွတ်လုပ်တတ်သောစရိုက်ရှိသူဖြစ်သည်။နောင်အခါ မိမိ၏ငယ်ပေါင်းနှမတော်မိဖုရားတလမေဒေါကို ဂရုမစိုက်၊မိမိကြိုက်ရာကိုသာ ဇွတ်တရွတ်ပြုမူတတ်သဖြင့် အိမ်ရှေ့စံမိဖုရားဘဝ၌ပင် များစွာစိတ်ဆင်းရဲခဲ့ရသည်။

ထို့အပြင်အမတ်ကြီး သမိန်ဇိတ်ဗြဲ၏ သမီးနှစ်ယောက်ဖြစ်
သော မယ်မျက်ရှု့နှင့် မယ်သဲဖွတ်တို့ညီအမကိုလည်း
မိဖုရားမြှောက်ခဲ့၏။ရာဇဓိရာဇ်သည်မင်းသားဘဝဖြင့် ဟံသာဝတီနေပြည်တော်မှ ဒဂုံသို့ခေတ္တခွာစဉ် အိမ်ရှေ့မိဖုရားတလမေဒေါကိုနန်းတွင်း၌ ထားရစ်ခဲ့ပြီး ဒဂုံတွင် တွေ့ဆုံသော လင်ရှိမယားဆီသည်မမွေမနိတ် နှင့် နဂ္ဂဒါရွာသူ မွေ့သင် ဆိုသောအရပ်သူနှစ်ဦးကို တပြိုင်နက်ပေါင်းသင်းနေခဲ့၏။

ဘုရင်အဖြစ် ထီးနန်းရရှိသောအခါ မွေမနိတ်ကိုပီယရာဇာဒေဝီဟူ၍လည်းကောင်း မွေ့သင်ကို တလသုဘဒ္ဒမာယာဘွဲ့ပေး၍ လည်းကောင်း မိဖုရားကြီးများအဖြစ်မြှောက်စားခဲ့သည်။

ရာဇဓိရာဇ်သည် ငယ်ပေါင်းမိဖုရားဖြစ်သူ နှမ တလမေဒေါကို အခြားတရားဝင်မိဖုရားကြီးများကဲ့သို့ ဦးစားပေးခြင်းမရှိခဲ့ပေ။
သို့သော် သူမ၏ငယ်ပေါင်းကြင်ဖော်ရာဇဓိရာဇ်ဆင်မြန်းပေးခဲ့သော လက်စွပ်ရတနာများကို အလွန်မြတ်နိုးရိုကျိုး
စွာဖြင့် ဆံထုံးထဲ၌ထည့်သွင်းဆင်မြန်းထုံးဖွဲ့လေ့ရှိသူဖြစ်၏။

နောင်အခါ ရာဇဓိရာဇ်က အမတ်ဒိန်ကို မိဖုရားတလမေဒေါထံလွှတ်ကာ လက်စွပ်ရတနာကို ပြန်တောင်းစေပြီး ဆီသည်မမိဖုရားကို ပေးအပ်ချီးမြှင့်ခဲ့လေသည်။အလွန် နှလုံးညှိုးချုံးကာကြေကွဲဝမ်းနည်းရသူ တလမေဒေါအပေါ်အမျက်တော်ရှိပြီးရာဇဓိရာဇ်က စည်းစိမ်ကျေးကျွန်များကိုပါ ပြန်လည်သိမ်းယူခံရလေသည်။

မိဖုရားတလမေဒေါခမျာ ကြင်ရာတော် ရာဇဓိရာဇ်၏ အမျိုးသမီးများကိစ္စနှင့်ပက်သက်၍ စိတ်ကြိုက်ထင်ရာစိုင်းနေသော ဒဏ်၊အမျိုးမျိုးသောရက်စက်မှု့တို့ကို ဆက်လက်မခံစားနိုင်တော့ အစာအဟာရလည်းမသုံးဆောင်တော့ပဲ ဘဝ၏ နာကျည်းခံစားချက်များ ခါးသည်းလွန်းရကာ နောက်ဆုံး မိမိအသက်ကိုအဆုံးစီရင်သွားလေတော့သည်။

ရာဇဓိရာဇ်ကား ၎င်းတလမေဒေါနှင့်ရရှိခဲ့သော(သားအရင်းဖြစ်သူဘောလောကျန်းတော)ကို အထိန်းတော်နှင်းအံကောင်းအား ထိန်းကျောင်းစေရန်အပ်နှံကာ သီးခြားအိမ်ဆောက်လုပ်နေစေသည်။ နောင်အခါ သားတော်ဘောလောကျန်းတောကို သစ္စာဖောက်ပုန်ကန်ရန်ကြံစည်သည်ဟု ယုံမှားသံသယဖြစ်ကာ ရာဇဓိရာဇ်ကသတ်စေသည်ကို မကြားမမြင်မသိသွားခြင်းကပင် တမလွန်ဘဝသို့ရောက်ရသူတလမေဒေါအတွက် ကံကောင်းပါသေးသည်။

(၂)” တလသုဒ္ဓမာယာ ( ခေါ်) မွေ့သင်မိဖုရား ”

ရာဇဓိရာဇ်မင်းသားဘဝဖြင့် ဒဂုံ၌ကောက်ယူခဲ့သောနဂ္ဂဒါရွာသူမွေ့သင် အား နန်းတတ်သောအခါ တလသုဒ္ဓမာယာဘွဲ့မည်ဖြင့် မိဖုရားအရာပေးသည်။ထိုမိဖုရား တလသုဒ္ဓမာယာမွေ့သင်မိဖုရားသည်အလွန်ချောမောလှပသူဖြစ်ပြီး ဘုရင်၏ မြတ်နိုးစုံမက်မှု့ကိုခံရကာနောင်အခါ သမိုင်းဝင်သာသနာပြုဘုရင်မကြီးဖြစ်လာမည့် ရှင်စောပု၏ မိခင်လည်းဖြစ်ပေသည်။

(၃)” မွေမနိတ် (ခေါ်) ပီယရာဇာဒေဝီ မိဖုရား ”

ရာဇဓိရာဇ်မင်းသားဘဝဖြင့် ဒဂုံမှကောက်ယူခဲ့သည့် မွေ့သင် နှင့် မွေမနိတ်တို့အနက် လင်ရှိမယာမွေမနိတ်သည် စကားအပြောအဆိုသာယာငြိမ့်ညောင်းပြီး အရပ်သူစျေးသည်ဘဝ သီချင်းဆို၍ အရပ်ထဲလှည့်လည်ကာ ဆီရောင်းသူဖြစ်သည်။အလွန်ရုပ်ရည်ချောမောလှပကာ စကားပြောလိမ္မာသူဖြစ်သဖြင့် ဘုရင်ဖြစ်သည့်အခါ ပီယရာဇာဒေဝီဘွဲ့ဖြင့် မိဘုရားခေါင်ကြီး
မြှောက်တင်ကာ နန်းသိမ်းပွဲခံယူခဲ့သည်အထိ ရာဇဓိရာဇ်၏အရေးပေးအလိုလိုက်အခံရဆုံးမိဖုရားဖြစ်လေသည်။

ရာဇဓိရာဇ်သည် ငယ်ပေါင်းနှမမိဖုရားတလမေဒေါ ထံမှသူပေးခဲ့သည့် လက်စွပ်၁၂ကွင်းကို မြတ်နိုးစွာဆံထုံး၌ထုံးနှောင်ထားရာမှ ယူဆောင်စေပြီး ထိုမိဖုရားမွေမနနိတ်ကို မျက်နှာလုပ်ကာပေးအပ် ချီးမြှောက်ခဲ့သည်။တလမေဒေါမှာထိုအပြုအမူအတွက် စိတ်နှလုံးကြေကွဲခဲ့ကာနောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရရှာသည်။

မည်သို့ပင် ဟံသာဝတီနန်းတွင်း၌ အခြားမိဖုရားများထက် ဘုရင့်အလိုလိုက်အရေးပေးခံရသော်လည်း ပီယရာဇာဒေဝီခေါ်မွေမနိတ်မိဖုရားသည် ရာဇဓိရာဇ်ထက်စောစီးစွာ လူ့လောကမှ
ထွက်ခွာသွားရပေသည်။

(၄)” ရှင် မိ နောက် မိ ဖု ရား ”

တစ်ကြိမ်တွင် မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ စစ်တိုက်
စဉ် ဆင်ပေါ်မှ ကျကျန်ရစ်ခဲ့သော မင်းရဲကျော်စွာနှင့်စောပြည့်ချမ်းသာတို့၏ မိခင်ရင်းအင်းဝမင်းခေါင်၏မိဖုရား ရှင်မိနောက်ကို ရာဇဓိရာဇ်ကကောက်ယူရရှိကာဟံသာဝတီသို့ ဆောင်ယူလျှက် သုံ့ပန်းမိဖုရားမြှောက်လိုက်ပြန်သည်။ မယား(၁၁)မျိုးတွင် စစ်တိုက်ရာမှဆောင်ယူလာသောမယားဟူ၍ လည်းအဆိုရှိ၏။ရှင်မိနောက်မှာ ထိုမယားမျိုးတွင်အပါအဝင်ဖြစ်ခဲ့ရလေသည်။

အင်းဝဘုရင်မင်းခေါင်၏ မိဖုရားရှင်မိနောက်သည်ရှမ်းအနွယ်ဝင်ဖြစ်၍ မိယာနောက်ဟုလည်းခေါ်ဆိုသည်။ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်သောမိဖုရားတစ်ဦးဖြစ်၏။- [ ] ဘုရင်မင်းခေါင်နှင့် သားတော်သုံးပါး သမီးတော်နှစ်ပါးထွန်းကားခဲ့သည်။

ဟံသာဝတီပြည့်ရှင်ရာဇဓိရာဇ်၏သားတော်ဘောလောကျန်းတော ဝင်စားသူအဖြစ်သတ်မှတ်ခံရသော မင်းရဲကျော်စွာ၏ မိခင်ဖြစ်သလို ရခိုင်ဘုရင်နော်ရထာထံသို့ ချစ်ကြည်ရေးမိဖုရားအဖြစ်ဆက်သခံရသော စောပြည့်ချမ်းသာမင်းသမီး၏ မယ်တော်လည်းဖြစ်သည်။

နောင်အခါ ရာဇဓိရာဇ်သည် ရခိုင်ပြည်ကိုသွားရောက်တိုက်ခိုက်အနိုင်ယူခဲ့ပြီး နော်ရထာကိုကွပ်မျက်ကာ မိဖုရားစောပြည့်ချမ်းသာကို လည်းဟံသာဝတီသို့ဆောင်ယူကာ မိဖုရားမြှောက်ခဲ့ပြန်သည်။

အချင်းချင်းစစ်ပြုသူ မွန်နှင့်မြန်မာဘုရင်နှစ်ပါး၏ မိဖုရားအဖြစ် ပေါင်းသင်းခဲ့ရရုံမျှမက မိမိသမီးရင်းစောပြည့်ချမ်းသာနှင့်အတူယှဉ်၍ မိဖုရားပြိုင်ဖြစ်ခဲ့ရရှာသူ ရှင်မိနောက်၏အဖြစ်မှာ သမိုင်းတွင်ထူးခြားနေတော့သည်။

ထို့အပြင်မရီးတော်ဖြစ်သောမင်းခေါင်၏ နှမတော်(သုပဘာဒေဝီ)မှာလည်း ရာဇဓိရာဇ်၏ မိဖုရားတစ်ပါးဖြစ်လေရာ သားအမိ ညီအမ အဒေါ်တူမ စသဖြင့် မျိုးဆွေရင်းချာများဖြစ်နေသည့်အပြင် သာမာန်အရပ်သူများ မှုးမတ်အမျိုးအနွယ် များနှင့် အခြာကိုယ်လုပ်တော်မောင်းမမိဿံများကြား ထိုမင်းမိဖုရားတို့ အချင်းချင်းဆက်ဆံရေးမှာများစွာအခက်အခဲကြုံရမည်ဖြစ်ပေသည်။

အင်းဝဘုရင်မင်းခေါင်နှင့် သားတော်မင်းရဲကျော်စွာတို့သည်လည်း ရာဇဓိရာဇ်လက်မှ မိမိမယ်တော်နှင့်နှမတို့ကို ပြန်လည်ရယူရန်တိုက်ပွဲဝင်ရင်း ဒလတိုက်ပွဲတွင်ကျဆုံးခဲ့ရလေသည်။
ဘုရင်မင်းခေါင်လည်း ၁၄၂၂ခုနှစ် သက်တော်၅၀အရွယ်၌ အနိစ္စရောက်တော်မူလေသည်။

ထိုအခါ စစ်ဘုရင်ရာဇဓိရာဇ်လည်း ဘုရင်မင်းခေါင်နတ်ရွာစံကြောင်းကြားလျှင် “ငါ့ညီတော် မင်းဖြစ်ကတည်းကငါနှင့်ရန်ဘက်ဖြစ်ကြရသည်။ယခုငါ့ညီတော်အနိစ္စတရားနောက်လိုက်ရလေပြီ ငါသာကြွင်းတော့၏။သင်္ခါရတရားသည် ငါတို့ကိုယ်၌ အတည်မရှိချေ။အနိစ္စပါတကား”ဟုတရားရတော်မူ၏။

ထိုမှစ၍ စစ်မှု့ကိုမစီရင်ဘုရား ပုထိုး ဂူ ကျောင်း ဇရပ်တ်ို့ကိုသာတည်ဆောက်လှူဒါန်းလျှက် ပိဋကတ်သုံးပုံကိုလည်း ရေးကူးပြုစုကာသာသနာတော်စီးပွားကိုဆောင်ရွက်ပြီး ဒါနသီလဘာဝနာပွားများကာ နောက်၂နှစ်အကြာအေဒီ ၁၄၂၁တွင်
မွန်ဘုရင် ရာဇဓိရာဇ်လည်း ဆင်ဖမ်းရာမှ ဒဏ်ရာရရှိကာအနာသည်းလျှက် နတ်ရွာစံခဲ့ရလေသည်။

စာကိုး။ နိုင်ပန်းလှမြန်မာပြန်ဆိုသည့်”ရာဇဓိ
ရာဇ်အရေးတော်ပုံကျမ်း”
ဦးကုလား “မဟာရာဇဝင်ကြီး ”
(ပတွဲ-ဒုတွဲ)
တင်သန်းယု’မြန်မာ့သမိုင်းမှ မဟေသီဒေဝီ ဧကရီများ”တို့မှ ထုတ်နှုတ်ဖော်
ပြပါသည်။

 

Credit

Zawgyi

 

စစ္ဘုရင္ ရာဇဓိရာဇ္ႏွင့္ သူ၏ ခ်စ္လွစြာေသာ မိဖုရားမ်ား

ဟံသာဝတီဘုရင္ ဗညားဦးသည္ ခယ္မေတာ္ ေမြ႕ေဒါကိုမိဖုရားျမႇောက္ရာမွ ခရစ္ႏွစ္၁၃၆၈တြင္ ဗသုံဗန္စက္(ေခၚ)ဗညာႏြဲ႕ (ေခၚ)ရာဇဓိရာဇ္ ကိုဖြားျမင္ခဲ့သည္။ရာဇဓိရာဇ္သည္ စစ္ေရး၊တိုက္ခိုက္ေရး၊ဆင္ေရး၊ျမင္းေရး၌ အလြန္ကြၽမ္းက်င္သူ မြန္ဘုရင္တစ္ပါးျဖစ္သည္။

မိမိကို ပုန္စားေသာ ၿမိဳ႕စားနယ္စားဘုရင္ခံမ်ားကို ျပန္လည္ တိုက္ခိုက္ကာ အသက္ခ်မ္းသာေပးျမႇောက္စာၿမဲျမႇောက္စားေလ့ရွိေသာ္လည္း သားအရင္းျဖစ္သူ ေဘာေလာအဲက်န္းေတာ
ကိုမူ သကၤာမကင္းျဖစ္ေသာေၾကာင့္ ကြပ္မ်က္ေစေသာဖခင္ တစ္ဦးလည္းျဖစ္သည္။

စစ္သူရဲေကာင္းမ်ားကိုေမြးျမဴခ်စ္ခင္ခ်ီးျမႇောက္ရာတြင္လည္း သူမတူေအာင္ထူးေသာဘုရင္ျဖစ္သည္။ သူ၏အစြမ္းသတၱိႏွင့္စိတ္ေနစိတ္ထားမွာ သမိုင္းတြင္ထူးျခားေနသူလည္းျဖစ္၏။
သက္ဦးဆံပိုင္ဘုရင္ျဖစ္သည့္အေလွ်ာက္ နန္းတြင္း၌
မ်ားစြာေသာ မိဖုရားေမာင္းမမိႆံ ကိုယ္လုပ္ေတာ္မ်ား
လည္းရွိခဲ့သည္။

(၁)တေလေမဒါ

မြန္ဘုရင္ ဗညားဦးႏွင့္မိဖုရားတစ္ပါးတို႔မွဖြားျမင္ေသာ မင္းသမီးတလေမေဒါသည္ ဗညာဦးႏွင့္မိဖုရားေမြေဒါတို႔မွ ဖြားျမင္ေသာ ရာဇဓိရာဇ္တို႔မွာ အေဖတူအေမကြဲ ေမာင္ႏွမေတာ္စပ္ခဲ့ၾကသည္။အ႐ြယ္ေရာက္စအခါ ဖခင္ဗညားဦးက သေဘာမတူသည့္ၾကားထဲမွအေဖတူအေမကြဲႏွမဝမ္းကြဲေတာ္စပ္သူ တလေမေဒမင္းသမီးေလးကိုအသက္၁၆ႏွစ္အ႐ြယ္တြင္အတင္းအဓမၼ ဆင္ျဖင့္တင္ေျပးကာ ခိုးယူေပါင္းသင္းခဲ့သည္။

ရာဇဓိရာဇ္သည္ ရဲစြမ္းသတၱိရွိသလို ကိုယ္စိတ္ၾကမ္းတမ္းၿပီး မိမိလုပ္ခ်င္သည့္အရာကို ဇြတ္လုပ္တတ္ေသာစရိုက္ရွိသူျဖစ္သည္။ေနာင္အခါ မိမိ၏ငယ္ေပါင္းႏွမေတာ္မိဖုရားတလေမေဒါကို ဂ႐ုမစိုက္၊မိမိႀကိဳက္ရာကိုသာ ဇြတ္တ႐ြတ္ျပဳမူတတ္သျဖင့္ အိမ္ေရွ႕စံမိဖုရားဘဝ၌ပင္ မ်ားစြာစိတ္ဆင္းရဲခဲ့ရသည္။

ထို႔အျပင္အမတ္ႀကီး သမိန္ဇိတ္ၿဗဲ၏ သမီးႏွစ္ေယာက္ျဖစ္
ေသာ မယ္မ်က္ရႈ႕ႏွင့္ မယ္သဲဖြတ္တို႔ညီအမကိုလည္း
မိဖုရားျမႇောက္ခဲ့၏။ရာဇဓိရာဇ္သည္မင္းသားဘဝျဖင့္ ဟံသာဝတီေနျပည္ေတာ္မွ ဒဂုံသို႔ေခတၱခြာစဥ္ အိမ္ေရွ႕မိဖုရားတလေမေဒါကိုနန္းတြင္း၌ ထားရစ္ခဲ့ၿပီး ဒဂုံတြင္ ေတြ႕ဆုံေသာ လင္ရွိမယားဆီသည္မေမြမနိတ္ ႏွင့္ နဂၢဒါ႐ြာသူ ေမြ႕သင္ ဆိုေသာအရပ္သူႏွစ္ဦးကို တၿပိဳင္နက္ေပါင္းသင္းေနခဲ့၏။

ဘုရင္အျဖစ္ ထီးနန္းရရွိေသာအခါ ေမြမနိတ္ကိုပီယရာဇာေဒဝီဟူ၍လည္းေကာင္း ေမြ႕သင္ကို တလသုဘဒၵမာယာဘြဲ႕ေပး၍ လည္းေကာင္း မိဖုရားႀကီးမ်ားအျဖစ္ျမႇောက္စားခဲ့သည္။

ရာဇဓိရာဇ္သည္ ငယ္ေပါင္းမိဖုရားျဖစ္သူ ႏွမ တလေမေဒါကို အျခားတရားဝင္မိဖုရားႀကီးမ်ားကဲ့သို႔ ဦးစားေပးျခင္းမရွိခဲ့ေပ။
သို႔ေသာ္ သူမ၏ငယ္ေပါင္းၾကင္ေဖာ္ရာဇဓိရာဇ္ဆင္ျမန္းေပးခဲ့ေသာ လက္စြပ္ရတနာမ်ားကို အလြန္ျမတ္နိုးရိုက်ိဳး
စြာျဖင့္ ဆံထုံးထဲ၌ထည့္သြင္းဆင္ျမန္းထုံးဖြဲ႕ေလ့ရွိသူျဖစ္၏။

ေနာင္အခါ ရာဇဓိရာဇ္က အမတ္ဒိန္ကို မိဖုရားတလေမေဒါထံလႊတ္ကာ လက္စြပ္ရတနာကို ျပန္ေတာင္းေစၿပီး ဆီသည္မမိဖုရားကို ေပးအပ္ခ်ီးျမႇင့္ခဲ့ေလသည္။အလြန္ ႏွလုံးညွိုးခ်ဳံးကာေၾကကြဲဝမ္းနည္းရသူ တလေမေဒါအေပၚအမ်က္ေတာ္ရွိၿပီးရာဇဓိရာဇ္က စည္းစိမ္ေက်းကြၽန္မ်ားကိုပါ ျပန္လည္သိမ္းယူခံရေလသည္။

မိဖုရားတလေမေဒါခမ်ာ ၾကင္ရာေတာ္ ရာဇဓိရာဇ္၏ အမ်ိဳးသမီးမ်ားကိစၥႏွင့္ပက္သက္၍ စိတ္ႀကိဳက္ထင္ရာစိုင္းေနေသာ ဒဏ္၊အမ်ိဳးမ်ိဳးေသာရက္စက္မႈ႕တို႔ကို ဆက္လက္မခံစားနိုင္ေတာ့ အစာအဟာရလည္းမသုံးေဆာင္ေတာ့ပဲ ဘဝ၏ နာက်ည္းခံစားခ်က္မ်ား ခါးသည္းလြန္းရကာ ေနာက္ဆုံး မိမိအသက္ကိုအဆုံးစီရင္သြားေလေတာ့သည္။

ရာဇဓိရာဇ္ကား ၎တလေမေဒါႏွင့္ရရွိခဲ့ေသာ(သားအရင္းျဖစ္သူေဘာေလာက်န္းေတာ)ကို အထိန္းေတာ္ႏွင္းအံေကာင္းအား ထိန္းေက်ာင္းေစရန္အပ္ႏွံကာ သီးျခားအိမ္ေဆာက္လုပ္ေနေစသည္။ ေနာင္အခါ သားေတာ္ေဘာေလာက်န္းေတာကို သစၥာေဖာက္ပုန္ကန္ရန္ႀကံစည္သည္ဟု ယုံမွားသံသယျဖစ္ကာ ရာဇဓိရာဇ္ကသတ္ေစသည္ကို မၾကားမျမင္မသိသြားျခင္းကပင္ တမလြန္ဘဝသို႔ေရာက္ရသူတလေမေဒါအတြက္ ကံေကာင္းပါေသးသည္။

(၂)” တလသုဒၶမာယာ ( ေခၚ) ေမြ႕သင္မိဖုရား ”

ရာဇဓိရာဇ္မင္းသားဘဝျဖင့္ ဒဂုံ၌ေကာက္ယူခဲ့ေသာနဂၢဒါ႐ြာသူေမြ႕သင္ အား နန္းတတ္ေသာအခါ တလသုဒၶမာယာဘြဲ႕မည္ျဖင့္ မိဖုရားအရာေပးသည္။ထိုမိဖုရား တလသုဒၶမာယာေမြ႕သင္မိဖုရားသည္အလြန္ေခ်ာေမာလွပသူျဖစ္ၿပီး ဘုရင္၏ ျမတ္နိုးစုံမက္မႈ႕ကိုခံရကာေနာင္အခါ သမိုင္းဝင္သာသနာျပဳဘုရင္မႀကီးျဖစ္လာမည့္ ရွင္ေစာပု၏ မိခင္လည္းျဖစ္ေပသည္။

(၃)” ေမြမနိတ္ (ေခၚ) ပီယရာဇာေဒဝီ မိဖုရား ”

ရာဇဓိရာဇ္မင္းသားဘဝျဖင့္ ဒဂုံမွေကာက္ယူခဲ့သည့္ ေမြ႕သင္ ႏွင့္ ေမြမနိတ္တို႔အနက္ လင္ရွိမယာေမြမနိတ္သည္ စကားအေျပာအဆိုသာယာၿငိမ့္ေညာင္းၿပီး အရပ္သူေစ်းသည္ဘဝ သီခ်င္းဆို၍ အရပ္ထဲလွည့္လည္ကာ ဆီေရာင္းသူျဖစ္သည္။အလြန္႐ုပ္ရည္ေခ်ာေမာလွပကာ စကားေျပာလိမၼာသူျဖစ္သျဖင့္ ဘုရင္ျဖစ္သည့္အခါ ပီယရာဇာေဒဝီဘြဲ႕ျဖင့္ မိဘုရားေခါင္ႀကီး
ျမႇောက္တင္ကာ နန္းသိမ္းပြဲခံယူခဲ့သည္အထိ ရာဇဓိရာဇ္၏အေရးေပးအလိုလိုက္အခံရဆုံးမိဖုရားျဖစ္ေလသည္။

ရာဇဓိရာဇ္သည္ ငယ္ေပါင္းႏွမမိဖုရားတလေမေဒါ ထံမွသူေပးခဲ့သည့္ လက္စြပ္၁၂ကြင္းကို ျမတ္နိုးစြာဆံထုံး၌ထုံးေႏွာင္ထားရာမွ ယူေဆာင္ေစၿပီး ထိုမိဖုရားေမြမနနိတ္ကို မ်က္ႏွာလုပ္ကာေပးအပ္ ခ်ီးျမႇောက္ခဲ့သည္။တလေမေဒါမွာထိုအျပဳအမူအတြက္ စိတ္ႏွလုံးေၾကကြဲခဲ့ကာေနာက္ဆုံး မိမိကိုယ္ကို အဆုံးစီရင္ခဲ့ရရွာသည္။

မည္သို႔ပင္ ဟံသာဝတီနန္းတြင္း၌ အျခားမိဖုရားမ်ားထက္ ဘုရင့္အလိုလိုက္အေရးေပးခံရေသာ္လည္း ပီယရာဇာေဒဝီေခၚေမြမနိတ္မိဖုရားသည္ ရာဇဓိရာဇ္ထက္ေစာစီးစြာ လူ႕ေလာကမွ
ထြက္ခြာသြားရေပသည္။

(၄)” ရွင္ မိ ေနာက္ မိ ဖု ရား ”

တစ္ႀကိမ္တြင္ မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔ စစ္တိုက္
စဥ္ ဆင္ေပၚမွ က်က်န္ရစ္ခဲ့ေသာ မင္းရဲေက်ာ္စြာႏွင့္ေစာျပည့္ခ်မ္းသာတို႔၏ မိခင္ရင္းအင္းဝမင္းေခါင္၏မိဖုရား ရွင္မိေနာက္ကို ရာဇဓိရာဇ္ကေကာက္ယူရရွိကာဟံသာဝတီသို႔ ေဆာင္ယူလွ်က္ သုံ႕ပန္းမိဖုရားျမႇောက္လိုက္ျပန္သည္။ မယား(၁၁)မ်ိဳးတြင္ စစ္တိုက္ရာမွေဆာင္ယူလာေသာမယားဟူ၍ လည္းအဆိုရွိ၏။ရွင္မိေနာက္မွာ ထိုမယားမ်ိဳးတြင္အပါအဝင္ျဖစ္ခဲ့ရေလသည္။

အင္းဝဘုရင္မင္းေခါင္၏ မိဖုရားရွင္မိေနာက္သည္ရွမ္းအႏြယ္ဝင္ျဖစ္၍ မိယာေနာက္ဟုလည္းေခၚဆိုသည္။႐ုပ္ဆင္းအဂၤါ လွပတင့္တယ္ေသာမိဖုရားတစ္ဦးျဖစ္၏။- [ ] ဘုရင္မင္းေခါင္ႏွင့္ သားေတာ္သုံးပါး သမီးေတာ္ႏွစ္ပါးထြန္းကားခဲ့သည္။

ဟံသာဝတီျပည့္ရွင္ရာဇဓိရာဇ္၏သားေတာ္ေဘာေလာက်န္းေတာ ဝင္စားသူအျဖစ္သတ္မွတ္ခံရေသာ မင္းရဲေက်ာ္စြာ၏ မိခင္ျဖစ္သလို ရခိုင္ဘုရင္ေနာ္ရထာထံသို႔ ခ်စ္ၾကည္ေရးမိဖုရားအျဖစ္ဆက္သခံရေသာ ေစာျပည့္ခ်မ္းသာမင္းသမီး၏ မယ္ေတာ္လည္းျဖစ္သည္။

ေနာင္အခါ ရာဇဓိရာဇ္သည္ ရခိုင္ျပည္ကိုသြားေရာက္တိုက္ခိုက္အနိုင္ယူခဲ့ၿပီး ေနာ္ရထာကိုကြပ္မ်က္ကာ မိဖုရားေစာျပည့္ခ်မ္းသာကို လည္းဟံသာဝတီသို႔ေဆာင္ယူကာ မိဖုရားျမႇောက္ခဲ့ျပန္သည္။

အခ်င္းခ်င္းစစ္ျပဳသူ မြန္ႏွင့္ျမန္မာဘုရင္ႏွစ္ပါး၏ မိဖုရားအျဖစ္ ေပါင္းသင္းခဲ့ရ႐ုံမွ်မက မိမိသမီးရင္းေစာျပည့္ခ်မ္းသာႏွင့္အတူယွဥ္၍ မိဖုရားၿပိဳင္ျဖစ္ခဲ့ရရွာသူ ရွင္မိေနာက္၏အျဖစ္မွာ သမိုင္းတြင္ထူးျခားေနေတာ့သည္။

ထို႔အျပင္မရီးေတာ္ျဖစ္ေသာမင္းေခါင္၏ ႏွမေတာ္(သုပဘာေဒဝီ)မွာလည္း ရာဇဓိရာဇ္၏ မိဖုရားတစ္ပါးျဖစ္ေလရာ သားအမိ ညီအမ အေဒၚတူမ စသျဖင့္ မ်ိဳးေဆြရင္းခ်ာမ်ားျဖစ္ေနသည့္အျပင္ သာမာန္အရပ္သူမ်ား မႈးမတ္အမ်ိဳးအႏြယ္ မ်ားႏွင့္ အျခာကိုယ္လုပ္ေတာ္ေမာင္းမမိႆံမ်ားၾကား ထိုမင္းမိဖုရားတို႔ အခ်င္းခ်င္းဆက္ဆံေရးမွာမ်ားစြာအခက္အခဲႀကဳံရမည္ျဖစ္ေပသည္။

အင္းဝဘုရင္မင္းေခါင္ႏွင့္ သားေတာ္မင္းရဲေက်ာ္စြာတို႔သည္လည္း ရာဇဓိရာဇ္လက္မွ မိမိမယ္ေတာ္ႏွင့္ႏွမတို႔ကို ျပန္လည္ရယူရန္တိုက္ပြဲဝင္ရင္း ဒလတိုက္ပြဲတြင္က်ဆဳံးခဲ့ရေလသည္။
ဘုရင္မင္းေခါင္လည္း ၁၄၂၂ခုႏွစ္ သက္ေတာ္၅၀အ႐ြယ္၌ အနိစၥေရာက္ေတာ္မူေလသည္။

ထိုအခါ စစ္ဘုရင္ရာဇဓိရာဇ္လည္း ဘုရင္မင္းေခါင္နတ္႐ြာစံေၾကာင္းၾကားလွ်င္ “ငါ့ညီေတာ္ မင္းျဖစ္ကတည္းကငါႏွင့္ရန္ဘက္ျဖစ္ၾကရသည္။ယခုငါ့ညီေတာ္အနိစၥတရားေနာက္လိုက္ရေလၿပီ ငါသာႂကြင္းေတာ့၏။သခၤါရတရားသည္ ငါတို႔ကိုယ္၌ အတည္မရွိေခ်။အနိစၥပါတကား”ဟုတရားရေတာ္မူ၏။

ထိုမွစ၍ စစ္မႈ႕ကိုမစီရင္ဘုရား ပုထိုး ဂူ ေက်ာင္း ဇရပ္တ္ို႔ကိုသာတည္ေဆာက္လႉဒါန္းလွ်က္ ပိဋကတ္သုံးပုံကိုလည္း ေရးကူးျပဳစုကာသာသနာေတာ္စီးပြားကိုေဆာင္႐ြက္ၿပီး ဒါနသီလဘာဝနာပြားမ်ားကာ ေနာက္၂ႏွစ္အၾကာေအဒီ ၁၄၂၁တြင္
မြန္ဘုရင္ ရာဇဓိရာဇ္လည္း ဆင္ဖမ္းရာမွ ဒဏ္ရာရရွိကာအနာသည္းလွ်က္ နတ္႐ြာစံခဲ့ရေလသည္။

စာကိုး။ နိုင္ပန္းလွျမန္မာျပန္ဆိုသည့္”ရာဇဓိ
ရာဇ္အေရးေတာ္ပုံက်မ္း”
ဦးကုလား “မဟာရာဇဝင္ႀကီး ”
(ပတြဲ-ဒုတြဲ)
တင္သန္းယု’ျမန္မာ့သမိုင္းမွ မေဟသီေဒဝီ ဧကရီမ်ား”တို႔မွ ထုတ္ႏႈတ္ေဖာ္
ျပပါသည္။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *