ဘိုးတော်ဘုရား (ငယ်နာမည်မောင်ဝိုင်း) ခေါ် ဗဒုံမင်းနှင့် ငယ်ကျွန်များဖြစ်သည့် ဦးပေါ်ဦး ကျော်ရွေး မြတ်ထင်တို့အကြောင်း

ဘိုးတော်ဘုရား (ငယ်နာမည်မောင်ဝိုင်း) ခေါ် ဗဒုံမင်းနှင့် ငယ်ကျွန်များဖြစ်သည့် ဦးပေါ်ဦး ကျော်ရွေး မြတ်ထင်တို့အကြောင်း

 

 

 

ဘိုးတော်ဘုရားဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ငယ်နာ မည်မှာ မောင်ဝိုင်း ဖြစ်သည်။သူကို မွေးစဉ် အင်းနေပြည်တော်ကို မွန် ဟံသာ၀တီများ ဝိုင်းရံနေသဖြင့် အလောင်းဘုရားမှ မောင်ဝိုင်းဟု အမည် မှည့်ထားလေ၏။

ဗဒုံမြို့ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟုလည်း မင်းအသိုင်း အဝိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရားသည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။

သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀နှင့် မထင်မရှား နေရလေ၏။

စစ်ကိုင်းတွင် နေထိုင်ရပြီး စဉ့်ကူးမင်းမှ သုံးစွဲရန် ငွေ လုံး၀ ပေးခြင်းမရှိပေ။ ထိုကြောင့် အိမ်တော်ထိန်း မောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင် တို့မှ စစ်ကိုင်းတွင် လိုက်ပါ နေထိုင်ပြီး လုပ်ကိုင်ကျွေးမွေး ကြသည်။

ကိုယ်လုပ်တော် တချို့လည်း စျေးရောင်းကြရသည်။ သမီးတော်များလည်း ရက်ကန်းရက်ရ၏။ ကျော်ရွေးက မန်ကျည်းရွက်နုများ ခူး၏။ ပေါ်ဦးက မန်ကျည်းရွက်နုများကို စျေးတွင် ရောင်းရ၏။

မြတ်ထင်ကမှာမူ အင်အားကြီးသဖြင့် ဗန်းမော် – ကောင်းတုံသို့ လှေထိုးလိုက်ကာ ဗဒုံမင်းသားကြီးတို့ မိသားစုကို ကျွေးမွေး ကြရလေသည်။

ဗဒုံမင်းသားကြီး၏ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းငင် လုပ်ရသည။ ဗဒုံမင်းသား ကိုယ်တိုင် ချည်ခင်များကို မဲနယ်ဆိုးပေးရ၏။ ဗဒုံမင်းသားကြီး၏ အိမ်တော်ထိန်း ၃ ဦးကို သားတော်၊သမီးတော်များမှ ချစ်ကြောက် ရိုသေကြ၏။

ဗဒုံမင်းသား ဘုရင်ဖြစ်သည့်တိုင် ယခင်ကအတိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောဖြင့်သာ ဆက်ဆံကြ၏။ အထူးသဖြင့် မြတ်ထင်က အလွန် အဆဲသန်၏။ စကားလုံးတိုင်း ဆဲသော စကားလုံး ပါ၏။

ထိုသို့ ၉ နှစ်ကြာအောင် အတူတကွ ရုန်းကန်ခဲ့ရသဖြင့် မိသားစုကဲ့သို့ ဖြစ်နေကြကုန်သည်။ ထို အိမ်တော်ထိန်း ၃ ဦးတွင် ပေါ်ဦးသည် အလွန်စကားတတ်သူ ဖြစ်ပြီး၊ ကျမ်းဂန် စာပေများလည်း နှံ့စပ်သဖြင့် ဗဒုံမင်းသား၏ အတိုင်အပင်ခံလည်း ဖြစ်သည်။ပေါ်ဦးသည် မိမိ၏သခင် ဗဒုံမင်းသားအတွက် အခွင့်အကောင်း ပေါ်တိုင်း အကြံကောင်းများလည်း ပေးတတ်၏။

မဟာသီဟသူရ စစ်ကိုင်းသို့ နယ်နှင်ဒဏ် ခံရသောအခါ သွားတွေ့ရန် အကြံပေး၏။ သို့သော် မဟာသီဟသူရကို ဗဒုံမင်းသားမှ မကြည်၊ မဟာသီဟသူရလည်း မကြည်သဖြင့် မတွေ့ဖြစ်ကြပေ။

ဖောင်းကားစား မောင်မောင် အင်း၀ထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်များကို နေပြည်တော်သို့ ပြန်လာရန် လာရောက် ခေါ် ယူသော အခါ ပေါ်ဦးမှ ဗဒုံမင်းသားကို သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး အခွင့်အလမ်း ဖြစ်ကြောင်း လျှောက်တင်ခဲ့၏။

ဗဒုံမင်းသားသည် အင်းဝနေပြည်တော်ရှိ အိမ်တော်တွင် အကျယ်ချုပ်ခံရစဉ် နေပြည်တော် တခုလုံး ဖောင်းကားစားမောင်မောင်၏ လူများ ရမ်းကားနေကြရာ ဘုရင်အာဏာ မလွှမ်းမိုးနိုင်သောကြောင့် နေပြည်တော်တခုလုံး ဖြစ်ချင်တိုင်း ဖြစ်နေတော့သည်။

ထိုကြောင့် ဗဒုံမင်းသားမှ ယခင်က အလောင်းမင်းတရား၏ သစ္စာခံများနှင့် ပူးပေါင်းကာ အင်း၀နန်းတော်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ဗဒုံမင်းသားမှ အင်း၀ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ချိန်တွင် သက်တော် ၃၈ ရှိနေပြီ ဖြစ်သည်။

ဘိုးတော်ဘုရားဟု အမည်တွင်ခြင်းမှာ ကုန်းဘောင်နှောင်း ဘုရင်များ၏ အဘိုး ဖြစ်သောကြောင့် ဖြစ်၏။ဘိုးတော်ဘုရား နန်းရလျှင် မိမိ၏ ငယ်ကျွန်များကို မြှောက်စားလေသည်။ ဦးပေါ်ဦးကို အတွင်း၀န်မင်း အပြင် ရန်ကုန်မြို့ကိုပါ အပိုင်စား ရလေသည်။ ဦးကျော်ရွေးကိုမူ မြေထဲမြို့ကို အပိုင်ပေးစားလေသည်။

မြတ်ထင်မှာမူ ဘိုးတော်ဘုရား အင်း၀ထီးနန်းကို မသိမ်းမီ ၁ နှစ်အလိုတွင် ပင်ပန်းဒဏ်ကို မခံနိုင်တော့သဖြင့် မိမိ၏ ရွာသို့ ပြန်ကာ ပဲစိုက်စားနေလေ၏။ဘိုးတော်ဘုရား အထွပ်အမြတ်တို့ ရောက်သော်အခါ မြတ်ထင် မသိရှိရပေ။ ဘိုးတော်ဘုရားမှာလည်း နန်းတွင်းရေး၊ သူပုန်အရေးကို ကိုင်တွယ်နေရသဖြင့် ငယ်ကျွန် မြတ်ထင်ကို သတိမရပေ။

ရွာတွင်လည်း ကိုယ့်၀မ်းရေးများကိုသာ လုံးပန်းနေကြသဖြင့် အင်းဝနေပြည်တော်တွင် ဖြစ်ပျက်သည်များကို မည်သူမှ ဂရုစိုက် မအားကြပေ။မြတ်ထင် အဆိုအရ တနေ့ တဲပေါ်တွင် နေ့ခင်း အိပ်ပျော်နေစဉ် ၀တ်ဖြူ စင်ကြယ် လူကြီးမှလာပြီး ” ဟဲ့ နင့်အရှင် အထွက်အမြတ် ရောက်နေပြီ၊ သွားတွေ့ချေ ” ဟု သုံးကြိမ် တိုင်အောင် အိပ်မက်ပေးရာ အင်း၀ နေပြည်တော်အထိ လာပြီး စုံစမ်းလေ၏။

ထိုအခါမှ အုပ်ချုပ်မင်းလုပ်နေသူမှာ ဗဒုံမင်းသား ဖြစ်ကြောင်း သိရသောအခါ အလွန်ပျော်ပြီး အတွင်းတော်သို့ အခစား၀င်ရန် ကြိုးစားလေသည်။ မြတ်ထင်သည် သာမန် တောသားပုံစံသာ ဖြစ်သဖြင့် တံခါးမှူးမှ မပေး၀င်ပေ။ ထို့ကြောင့် မြတ်ထင်မှ တံခါးမှူးကို သူ့အကျင့်အတိုင်း ဆဲဆိုနေလေ၏။

ထိုအချိန် အနီးအနားမှ ဖြတ်သွားသော နန်းတွင်းအပျိုတော်မှ မြတ်ထင်၏အသံကို သတိထားမိသဖြင့် လှမ်းကြည့်ရာ မြတ်ထင်ဖြစ်ကြောင်း သိရသဖြင့် မိဖုရားခေါင်ကြီး မယ်လွန်းမယ်ထံ ခေါ်ဆောင်သွားရလေ၏။

မိဖုရားခေါင် မယ်လွန်းမယ်လည်း မြတ်ထင် အခစား၀င်ကြောင်း သိရသောအခါ အတွင်းတော်မှ ရုတ်ခြည်း ထွက်တော်မူလာ၏။ ထိုအခါ မြတ်ထင်က သယ်လာသော ပဲစည်းကလေးတောင်းကို ချပြီး မိဖုရားခေါင်ကြီး၏ ခြေထောက်တော်ကို ပြေးဖက်ကာ ငိုလေသည်။ မိဖုရားလည်း ” ဟဲ့ သပေါက်မသား၊ အခုမှ လာတွေ့ ရသလား ” ဆိုပြီး ၀မ်းသာမျက်ရည် ဆို့လေ၏။

ထိုနောက် မိဖုရားခေါင်ကြီးမှ နန်းတော်အတွင်းသို့ ၀င်ကာ ညီလာခံ လုပ်နေသော ဘိုးတော်ဘုရားထံ အရိပ်အယောင် ပြလိုက်လေ၏။ ဘိုးတော်ဘုရား လည်း ညီလာခံကို စဲကာ အတွင်းဆောင်သို့ ကြွလေ၏။

အတွင်းဆောင်ရောက်သော် ဘယ်အရေးလဲ ဟု မေးရာ မိဖုရားခေါင်မှ မျက်နှာချ ရှိခိုးနေသော လူဆီကို လက်ညှိုးထိုးကာ “မောင်မောင်ဘုရား သည် အကောင်ကို သိတော်မူပါရဲ့လား” ဟု လျှောက်လေ၏။

ဘိုးတော်ဘုရားမှ ရှေ့သို့လှမ်းပြီး မိမိ၏ လက်သုံးတော် ဒေါင်းမွှေးဖြင့် ထိကာ မျှော်ဖူးစေဟု ဆိုလိုက်မှ မြတ်ထင်မှန်း သိသဖြင့်”ဟဲ့… ခွေးမသား၊ နင် ခုမှ လာတယ်လား။ နင် တယ်မိုက်တာကိုး ဟဲ့၊ နင် ရွာမှာ ဘာလုပ်နေလဲ ဟု မေးတော်မူလေ၏။

မြတ်ထင်လည်း ပဲခင်းစိုက်နေပါတယ်ဘုရား”ဟု ငိုလျက် ပြန်လျှောက် လေ၏။ ဘိုးတော်ဘုရားမှ” အေး အေး ကောင်းပြီ၊ နင့်ကို ငါ ကြည့်တော်မူမည်။ ယခု နင့်သားမယားများ စားသုံးရန် ငွေဆယ်ပိဿာ ယူသွားလေ” ဟု ချီးမြင့်လေ၏။

 

မြတ်ထင်လည်း ထိုငွေကိုယူကာ နေပြည်တော်တွင် မိမိ၏ မိတ်ဆွေတဦးမှ ဗိုလ်ကြီး ဖြစ်နေသည်ဟု သိရသဖြင့် သွားကာ ထို ဗိုလ်ကို ငွေများ ပေးလျက် ၃ ရက်အတွင်း ၀န်ကြီးအ၀တ်တန်ဆာများ ပြုလုပ်ပေးရန် ပြောပြီး နောက်လိုက်များလည်း လိုအပ်သလို ငှားပေးရန် ပြောလေ၏။ ထိုနောက် လွှတ်တော်သို့ သွားရောက်ကာ ၀န်ရှင်တော်မင်းများ ထိုင်သောနေရာတွင် ၀င်ထိုင်လေ၏။

နံနက် ငါးချက်တီးတွင် အစည်းအဝေး တက်ရန် လာကြကုန်သော အမတ်များလည်း မြင်သဖြင့် အံ့သြလေ၏။ လွှတ်တော်၀န်ရှင်တော် ဖြစ်သော ဦးပေါ်ဦးလည်း အဝေးမှ တွေ့၏။ သို့သော် မြတ်ထင်ကို ကြောက်သဖြင့် မြို့၀န် ဦးကျော်ရွေးကို ခေါ်ကာ ဘုရင့်ထံ အရင်၀င်ခစားကြလေ၏။

ဦးပေါ်ဦး။ ။ မှန်လှပါ၊ လွှတ်တော်၀န်ကြီး ၄ ပါး သာ ခန့်ထားမြဲ ဖြစ်ရာ ယခု ဘုန်းတော်ကြောင့် ၅ ပါး ဖြစ်နေပါသည် ဘုရား။

ဘုရင် ။ ။ ၀န်ကြီးတပါး ဘယ်က ပိုနေပြန် သလဲကွယ့်။

ဦးကျော်ရွေး ။ ။ မှန်လှပါ၊ မြတ်ထင်သည် လွှတ်တော်ပေါ် တက်ပြီး ၀န်ကြီး လုပ်နေပါသည် ဘုရား။

ဘုရင်။ ။ ဟေ.. ငါက သင်းကို ၀န်ကြီး မခန့်သေးပါဘူး။ သင်းကို ဆုတော်ငွေတော့ သနားတော် မူထားတယ်။ သင်းကို အတွင်းတော်ခေါ်ခဲ့ကြ။ဦးပေါ်ဦးတို့ ၃ ဦး အတွင်းတော်သို့ ပြန်လည်ရောက်ချိန်တွင် အရှင်နှစ်ပါးတို့ ပြုံးလျက် ရှိ၏။

ဘုရင်။ ။ ဟဲ့.. မြတ်ထင်၊ မောင်မင်းကို မည်သူက လွှတ်တော်၀န်ကြီး ခန့်ထားလို့လဲ။

မြတ်ထင်။ ။ မှန်ပါ၊ ခမည်းတော်ဘုရားကပဲ သူကောင်းပြုတော်မူမည်ဟု မိန့်ထားကြောင်းပါ။ ထိုနေ့ကမယ်မယ်ဘုရား အဆောင်မှာ မိန့်တော်မူသည်မှာ ကျော်ရွေးလည်း ၀န်ကြီး၊ ပေါ်ဦးလည်း၀န်ကြီး၊ နင်လည်း ၀န်ကြီးဖြစ်မှာပေါ့ဟု နာခံရပါတယ်။

ယခု ကျွန်တော်မျိုး ရှိနေသောကြောင့် ၀န်ကြိး ဖြစ်လာရပါကြောင်း ဘုရား၊ စစ်ကိုင်းဘက်မှာ ကျွန်တော်မျိုးက လှေထိုး လိုက်ကျွေးရပါသည် ဘုရား။ကျော်ရွေးမှာ သားတော်များ ထိန်းပြီး ရံခါ မန်းကျည်းရွက်နု ရောင်းပါသည် ဘုရား။၊

ပေါ်ဦးမှာကတော့ ဖင်ကျယ်လုပ်ပြီး မန်းကျည်းရွက် ရောင်းသလိုလို၊ ပဲလှော် ရောင်းသလိုလိုနှင့် အိမ်တော်မှာ ညာနေပါသည်ဘုရား။ထိုကြောင့် ပေါ်ဦးထက် အောက်မကျအောင် ဆုတော်ငွေနှင့် ၀န်ကြီးတန်ဆာများ ၀တ်ချုပ်ကာ ၀န်ကြီး ပြုပါသည်ဘုရား။

ထိုအခါ ဘိုးတော်ဘုရားနှင့် မိဖုရားခေါင်တို့မှာ အားရပါးရ ရယ်တော်မူလေသည်။ ထိုကြောင့် ငယ်ကျွန်တော် အတွက် ဘိုးတော်ဘုရားမှာ မှူးမတ်များနှင့် တိုင်ပင်ပြီး ၀န်ဌာနတခုကို မြတ်ထင်အတွက် ပြုလုပ်ပေးရလေ၏။ အက္ကပတ်မြင်း၀န် ခေါ်သော ၀န်ကြီးဌာန အသစ်တခုကို မြတ်ထင်အတွက် ဖန်တီးပေးလေသည်။

ထိုဌာနမှာ ယခုခေတ်ဆိုလျှင် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန ကဲ့သို့ ဖြစ်၏။ ယခု မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကျောင်းပရိဝုဏ် အတွင်းရှိ မြင်း၀န်တိုက် သည် ၀န်ကြီးဦးမြတ်ထင် လှူဒါန်း ထားခြင်း ဖြစ်၏။

မှတ်ချက်။ ။ စကားအသွားအလာ များကို ညိုမြ၏ ကုန်းဘောင်ခေတ်ရှာပုံတော် စာအုပ်မှ ကူးယူ တင်ပြပါသည်။

Credit

Zawgyi

 

ဘိုးေတာ္ဘုရား (ငယ္နာမည္ေမာင္ဝိုင္း) ေခၚ ဗဒုံမင္းႏွင့္ ငယ္ကြၽန္မ်ားျဖစ္သည့္ ဦးေပၚဦး ေက်ာ္ေ႐ြး ျမတ္ထင္တို႔အေၾကာင္း

ဘိုးေတာ္ဘုရားဟု နာမည္မေက်ာ္ခင္ ဘိုးေတာ္ဘုရား၏ငယ္နာ မည္မွာ ေမာင္ဝိုင္း ျဖစ္သည္။သူကို ေမြးစဥ္ အင္းေနျပည္ေတာ္ကို မြန္ ဟံသာ၀တီမ်ား ဝိုင္းရံေနသျဖင့္ အေလာင္းဘုရားမွ ေမာင္ဝိုင္းဟု အမည္ မွည့္ထားေလ၏။

ဗဒုံၿမိဳ႕ကို အပိုင္စားရၿပီး ဗဒုံမင္းသား ဟုလည္း မင္းအသိုင္း အဝိုင္းထဲတြင္ သိၾကကုန္၏။ ဘိုးေတာ္ဘုရားသည္ အေနအထိုင္ တတ္ေသာေၾကာင့္ ဆင္ျဖဴရွင္မင္း လက္ထက္တြင္ မင္းသားအေဆာင္အေယာင္တို႔ႏွင့္ ျမႇောက္စား ခံရ၏။

သို႔ေသာ္လည္း စဥ့္ကူးမင္း လက္ထက္တြင္ ရာထူးမ်ား သိမ္းခံရၿပီး ၉ ႏွစ္ တိုင္ေအာင္ အိမ္နိမ့္စံဘ၀ႏွင့္ မထင္မရွား ေနရေလ၏။

စစ္ကိုင္းတြင္ ေနထိုင္ရၿပီး စဥ့္ကူးမင္းမွ သုံးစြဲရန္ ေငြ လုံး၀ ေပးျခင္းမရွိေပ။ ထိုေၾကာင့္ အိမ္ေတာ္ထိန္း ေမာင္ေပၚဦး၊ ေမာင္ေက်ာ္ေ႐ြး၊ ေမာင္ျမတ္ထင္ တို႔မွ စစ္ကိုင္းတြင္ လိုက္ပါ ေနထိုင္ၿပီး လုပ္ကိုင္ေကြၽးေမြး ၾကသည္။

ကိုယ္လုပ္ေတာ္ တခ်ိဳ႕လည္း ေစ်းေရာင္းၾကရသည္။ သမီးေတာ္မ်ားလည္း ရက္ကန္းရက္ရ၏။ ေက်ာ္ေ႐ြးက မန္က်ည္း႐ြက္ႏုမ်ား ခူး၏။ ေပၚဦးက မန္က်ည္း႐ြက္ႏုမ်ားကို ေစ်းတြင္ ေရာင္းရ၏။

ျမတ္ထင္ကမွာမူ အင္အားႀကီးသျဖင့္ ဗန္းေမာ္ – ေကာင္းတုံသို႔ ေလွထိုးလိုက္ကာ ဗဒုံမင္းသားႀကီးတို႔ မိသားစုကို ေကြၽးေမြး ၾကရေလသည္။

ဗဒုံမင္းသားႀကီး၏ မိဖုရားေခါင္ မယ္လြန္းမယ္ ကိုယ္တိုင္ ဝါႀကိတ္၊ ဝါဖန္၊ ဗိုင္းငင္ လုပ္ရသည။ ဗဒုံမင္းသား ကိုယ္တိုင္ ခ်ည္ခင္မ်ားကို မဲနယ္ဆိုးေပးရ၏။ ဗဒုံမင္းသားႀကီး၏ အိမ္ေတာ္ထိန္း ၃ ဦးကို သားေတာ္၊သမီးေတာ္မ်ားမွ ခ်စ္ေၾကာက္ ရိုေသၾက၏။

ဗဒုံမင္းသား ဘုရင္ျဖစ္သည့္တိုင္ ယခင္ကအတိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ရယ္ေမာေမာျဖင့္သာ ဆက္ဆံၾက၏။ အထူးသျဖင့္ ျမတ္ထင္က အလြန္ အဆဲသန္၏။ စကားလုံးတိုင္း ဆဲေသာ စကားလုံး ပါ၏။

ထိုသို႔ ၉ ႏွစ္ၾကာေအာင္ အတူတကြ ႐ုန္းကန္ခဲ့ရသျဖင့္ မိသားစုကဲ့သို႔ ျဖစ္ေနၾကကုန္သည္။ ထို အိမ္ေတာ္ထိန္း ၃ ဦးတြင္ ေပၚဦးသည္ အလြန္စကားတတ္သူ ျဖစ္ၿပီး၊ က်မ္းဂန္ စာေပမ်ားလည္း ႏွံ႕စပ္သျဖင့္ ဗဒုံမင္းသား၏ အတိုင္အပင္ခံလည္း ျဖစ္သည္။ေပၚဦးသည္ မိမိ၏သခင္ ဗဒုံမင္းသားအတြက္ အခြင့္အေကာင္း ေပၚတိုင္း အႀကံေကာင္းမ်ားလည္း ေပးတတ္၏။

မဟာသီဟသူရ စစ္ကိုင္းသို႔ နယ္ႏွင္ဒဏ္ ခံရေသာအခါ သြားေတြ႕ရန္ အႀကံေပး၏။ သို႔ေသာ္ မဟာသီဟသူရကို ဗဒုံမင္းသားမွ မၾကည္၊ မဟာသီဟသူရလည္း မၾကည္သျဖင့္ မေတြ႕ျဖစ္ၾကေပ။

ေဖာင္းကားစား ေမာင္ေမာင္ အင္း၀ထီးနန္းကို သိမ္းပိုက္လိုက္ၿပီး ဦးရီးေတာ္မ်ားကို ေနျပည္ေတာ္သို႔ ျပန္လာရန္ လာေရာက္ ေခၚ ယူေသာ အခါ ေပၚဦးမွ ဗဒုံမင္းသားကို ေသလွ်င္ေျမႀကီး ရွင္လွ်င္ေ႐ႊထီး အခြင့္အလမ္း ျဖစ္ေၾကာင္း ေလွ်ာက္တင္ခဲ့၏။

ဗဒုံမင္းသားသည္ အင္းဝေနျပည္ေတာ္ရွိ အိမ္ေတာ္တြင္ အက်ယ္ခ်ဳပ္ခံရစဥ္ ေနျပည္ေတာ္ တခုလုံး ေဖာင္းကားစားေမာင္ေမာင္၏ လူမ်ား ရမ္းကားေနၾကရာ ဘုရင္အာဏာ မလႊမ္းမိုးနိုင္ေသာေၾကာင့္ ေနျပည္ေတာ္တခုလုံး ျဖစ္ခ်င္တိုင္း ျဖစ္ေနေတာ့သည္။

ထိုေၾကာင့္ ဗဒုံမင္းသားမွ ယခင္က အေလာင္းမင္းတရား၏ သစၥာခံမ်ားႏွင့္ ပူးေပါင္းကာ အင္း၀နန္းေတာ္ကို သိမ္းပိုက္နိုင္ျခင္း ျဖစ္သည္။ဗဒုံမင္းသားမွ အင္း၀ထီးနန္းကို ေအာင္ျမင္စြာ သိမ္းပိုက္နိုင္ခ်ိန္တြင္ သက္ေတာ္ ၃၈ ရွိေနၿပီ ျဖစ္သည္။

ဘိုးေတာ္ဘုရားဟု အမည္တြင္ျခင္းမွာ ကုန္းေဘာင္ေႏွာင္း ဘုရင္မ်ား၏ အဘိုး ျဖစ္ေသာေၾကာင့္ ျဖစ္၏။ဘိုးေတာ္ဘုရား နန္းရလွ်င္ မိမိ၏ ငယ္ကြၽန္မ်ားကို ျမႇောက္စားေလသည္။ ဦးေပၚဦးကို အတြင္း၀န္မင္း အျပင္ ရန္ကုန္ၿမိဳ႕ကိုပါ အပိုင္စား ရေလသည္။ ဦးေက်ာ္ေ႐ြးကိုမူ ေျမထဲၿမိဳ႕ကို အပိုင္ေပးစားေလသည္။

ျမတ္ထင္မွာမူ ဘိုးေတာ္ဘုရား အင္း၀ထီးနန္းကို မသိမ္းမီ ၁ ႏွစ္အလိုတြင္ ပင္ပန္းဒဏ္ကို မခံနိုင္ေတာ့သျဖင့္ မိမိ၏ ႐ြာသို႔ ျပန္ကာ ပဲစိုက္စားေနေလ၏။ဘိုးေတာ္ဘုရား အထြပ္အျမတ္တို႔ ေရာက္ေသာ္အခါ ျမတ္ထင္ မသိရွိရေပ။ ဘိုးေတာ္ဘုရားမွာလည္း နန္းတြင္းေရး၊ သူပုန္အေရးကို ကိုင္တြယ္ေနရသျဖင့္ ငယ္ကြၽန္ ျမတ္ထင္ကို သတိမရေပ။

႐ြာတြင္လည္း ကိုယ့္၀မ္းေရးမ်ားကိုသာ လုံးပန္းေနၾကသျဖင့္ အင္းဝေနျပည္ေတာ္တြင္ ျဖစ္ပ်က္သည္မ်ားကို မည္သူမွ ဂ႐ုစိုက္ မအားၾကေပ။ျမတ္ထင္ အဆိုအရ တေန႕ တဲေပၚတြင္ ေန႕ခင္း အိပ္ေပ်ာ္ေနစဥ္ ၀တ္ျဖဴ စင္ၾကယ္ လူႀကီးမွလာၿပီး ” ဟဲ့ နင့္အရွင္ အထြက္အျမတ္ ေရာက္ေနၿပီ၊ သြားေတြ႕ေခ် ” ဟု သုံးႀကိမ္ တိုင္ေအာင္ အိပ္မက္ေပးရာ အင္း၀ ေနျပည္ေတာ္အထိ လာၿပီး စုံစမ္းေလ၏။

ထိုအခါမွ အုပ္ခ်ဳပ္မင္းလုပ္ေနသူမွာ ဗဒုံမင္းသား ျဖစ္ေၾကာင္း သိရေသာအခါ အလြန္ေပ်ာ္ၿပီး အတြင္းေတာ္သို႔ အခစား၀င္ရန္ ႀကိဳးစားေလသည္။ ျမတ္ထင္သည္ သာမန္ ေတာသားပုံစံသာ ျဖစ္သျဖင့္ တံခါးမႉးမွ မေပး၀င္ေပ။ ထို႔ေၾကာင့္ ျမတ္ထင္မွ တံခါးမႉးကို သူ႕အက်င့္အတိုင္း ဆဲဆိုေနေလ၏။

ထိုအခ်ိန္ အနီးအနားမွ ျဖတ္သြားေသာ နန္းတြင္းအပ်ိဳေတာ္မွ ျမတ္ထင္၏အသံကို သတိထားမိသျဖင့္ လွမ္းၾကည့္ရာ ျမတ္ထင္ျဖစ္ေၾကာင္း သိရသျဖင့္ မိဖုရားေခါင္ႀကီး မယ္လြန္းမယ္ထံ ေခၚေဆာင္သြားရေလ၏။

မိဖုရားေခါင္ မယ္လြန္းမယ္လည္း ျမတ္ထင္ အခစား၀င္ေၾကာင္း သိရေသာအခါ အတြင္းေတာ္မွ ႐ုတ္ျခည္း ထြက္ေတာ္မူလာ၏။ ထိုအခါ ျမတ္ထင္က သယ္လာေသာ ပဲစည္းကေလးေတာင္းကို ခ်ၿပီး မိဖုရားေခါင္ႀကီး၏ ေျခေထာက္ေတာ္ကို ေျပးဖက္ကာ ငိုေလသည္။ မိဖုရားလည္း ” ဟဲ့ သေပါက္မသား၊ အခုမွ လာေတြ႕ ရသလား ” ဆိုၿပီး ၀မ္းသာမ်က္ရည္ ဆို႔ေလ၏။

ထိုေနာက္ မိဖုရားေခါင္ႀကီးမွ နန္းေတာ္အတြင္းသို႔ ၀င္ကာ ညီလာခံ လုပ္ေနေသာ ဘိုးေတာ္ဘုရားထံ အရိပ္အေယာင္ ျပလိုက္ေလ၏။ ဘိုးေတာ္ဘုရား လည္း ညီလာခံကို စဲကာ အတြင္းေဆာင္သို႔ ႂကြေလ၏။

အတြင္းေဆာင္ေရာက္ေသာ္ ဘယ္အေရးလဲ ဟု ေမးရာ မိဖုရားေခါင္မွ မ်က္ႏွာခ် ရွိခိုးေနေသာ လူဆီကို လက္ညွိုးထိုးကာ “ေမာင္ေမာင္ဘုရား သည္ အေကာင္ကို သိေတာ္မူပါရဲ႕လား” ဟု ေလွ်ာက္ေလ၏။

ဘိုးေတာ္ဘုရားမွ ေရွ႕သို႔လွမ္းၿပီး မိမိ၏ လက္သုံးေတာ္ ေဒါင္းေမႊးျဖင့္ ထိကာ ေမွ်ာ္ဖူးေစဟု ဆိုလိုက္မွ ျမတ္ထင္မွန္း သိသျဖင့္”ဟဲ့… ေခြးမသား၊ နင္ ခုမွ လာတယ္လား။ နင္ တယ္မိုက္တာကိုး ဟဲ့၊ နင္ ႐ြာမွာ ဘာလုပ္ေနလဲ ဟု ေမးေတာ္မူေလ၏။

ျမတ္ထင္လည္း ပဲခင္းစိုက္ေနပါတယ္ဘုရား”ဟု ငိုလ်က္ ျပန္ေလွ်ာက္ ေလ၏။ ဘိုးေတာ္ဘုရားမွ” ေအး ေအး ေကာင္းၿပီ၊ နင့္ကို ငါ ၾကည့္ေတာ္မူမည္။ ယခု နင့္သားမယားမ်ား စားသုံးရန္ ေငြဆယ္ပိႆာ ယူသြားေလ” ဟု ခ်ီးျမင့္ေလ၏။

 

ျမတ္ထင္လည္း ထိုေငြကိုယူကာ ေနျပည္ေတာ္တြင္ မိမိ၏ မိတ္ေဆြတဦးမွ ဗိုလ္ႀကီး ျဖစ္ေနသည္ဟု သိရသျဖင့္ သြားကာ ထို ဗိုလ္ကို ေငြမ်ား ေပးလ်က္ ၃ ရက္အတြင္း ၀န္ႀကီးအ၀တ္တန္ဆာမ်ား ျပဳလုပ္ေပးရန္ ေျပာၿပီး ေနာက္လိုက္မ်ားလည္း လိုအပ္သလို ငွားေပးရန္ ေျပာေလ၏။ ထိုေနာက္ လႊတ္ေတာ္သို႔ သြားေရာက္ကာ ၀န္ရွင္ေတာ္မင္းမ်ား ထိုင္ေသာေနရာတြင္ ၀င္ထိုင္ေလ၏။

နံနက္ ငါးခ်က္တီးတြင္ အစည္းအေဝး တက္ရန္ လာၾကကုန္ေသာ အမတ္မ်ားလည္း ျမင္သျဖင့္ အံ့ၾသေလ၏။ လႊတ္ေတာ္၀န္ရွင္ေတာ္ ျဖစ္ေသာ ဦးေပၚဦးလည္း အေဝးမွ ေတြ႕၏။ သို႔ေသာ္ ျမတ္ထင္ကို ေၾကာက္သျဖင့္ ၿမိဳ႕၀န္ ဦးေက်ာ္ေ႐ြးကို ေခၚကာ ဘုရင့္ထံ အရင္၀င္ခစားၾကေလ၏။

ဦးေပၚဦး။ ။ မွန္လွပါ၊ လႊတ္ေတာ္၀န္ႀကီး ၄ ပါး သာ ခန့္ထားၿမဲ ျဖစ္ရာ ယခု ဘုန္းေတာ္ေၾကာင့္ ၅ ပါး ျဖစ္ေနပါသည္ ဘုရား။

ဘုရင္ ။ ။ ၀န္ႀကီးတပါး ဘယ္က ပိုေနျပန္ သလဲကြယ့္။

ဦးေက်ာ္ေ႐ြး ။ ။ မွန္လွပါ၊ ျမတ္ထင္သည္ လႊတ္ေတာ္ေပၚ တက္ၿပီး ၀န္ႀကီး လုပ္ေနပါသည္ ဘုရား။

ဘုရင္။ ။ ေဟ.. ငါက သင္းကို ၀န္ႀကီး မခန့္ေသးပါဘူး။ သင္းကို ဆုေတာ္ေငြေတာ့ သနားေတာ္ မူထားတယ္။ သင္းကို အတြင္းေတာ္ေခၚခဲ့ၾက။ဦးေပၚဦးတို႔ ၃ ဦး အတြင္းေတာ္သို႔ ျပန္လည္ေရာက္ခ်ိန္တြင္ အရွင္ႏွစ္ပါးတို႔ ၿပဳံးလ်က္ ရွိ၏။

ဘုရင္။ ။ ဟဲ့.. ျမတ္ထင္၊ ေမာင္မင္းကို မည္သူက လႊတ္ေတာ္၀န္ႀကီး ခန့္ထားလို႔လဲ။

ျမတ္ထင္။ ။ မွန္ပါ၊ ခမည္းေတာ္ဘုရားကပဲ သူေကာင္းျပဳေတာ္မူမည္ဟု မိန့္ထားေၾကာင္းပါ။ ထိုေန႕ကမယ္မယ္ဘုရား အေဆာင္မွာ မိန့္ေတာ္မူသည္မွာ ေက်ာ္ေ႐ြးလည္း ၀န္ႀကီး၊ ေပၚဦးလည္း၀န္ႀကီး၊ နင္လည္း ၀န္ႀကီးျဖစ္မွာေပါ့ဟု နာခံရပါတယ္။

ယခု ကြၽန္ေတာ္မ်ိဳး ရွိေနေသာေၾကာင့္ ၀န္ႀကိး ျဖစ္လာရပါေၾကာင္း ဘုရား၊ စစ္ကိုင္းဘက္မွာ ကြၽန္ေတာ္မ်ိဳးက ေလွထိုး လိုက္ေကြၽးရပါသည္ ဘုရား။ေက်ာ္ေ႐ြးမွာ သားေတာ္မ်ား ထိန္းၿပီး ရံခါ မန္းက်ည္း႐ြက္ႏု ေရာင္းပါသည္ ဘုရား။၊

ေပၚဦးမွာကေတာ့ ဖင္က်ယ္လုပ္ၿပီး မန္းက်ည္း႐ြက္ ေရာင္းသလိုလို၊ ပဲေလွာ္ ေရာင္းသလိုလိုႏွင့္ အိမ္ေတာ္မွာ ညာေနပါသည္ဘုရား။ထိုေၾကာင့္ ေပၚဦးထက္ ေအာက္မက်ေအာင္ ဆုေတာ္ေငြႏွင့္ ၀န္ႀကီးတန္ဆာမ်ား ၀တ္ခ်ဳပ္ကာ ၀န္ႀကီး ျပဳပါသည္ဘုရား။

ထိုအခါ ဘိုးေတာ္ဘုရားႏွင့္ မိဖုရားေခါင္တို႔မွာ အားရပါးရ ရယ္ေတာ္မူေလသည္။ ထိုေၾကာင့္ ငယ္ကြၽန္ေတာ္ အတြက္ ဘိုးေတာ္ဘုရားမွာ မႉးမတ္မ်ားႏွင့္ တိုင္ပင္ၿပီး ၀န္ဌာနတခုကို ျမတ္ထင္အတြက္ ျပဳလုပ္ေပးရေလ၏။ အကၠပတ္ျမင္း၀န္ ေခၚေသာ ၀န္ႀကီးဌာန အသစ္တခုကို ျမတ္ထင္အတြက္ ဖန္တီးေပးေလသည္။

ထိုဌာနမွာ ယခုေခတ္ဆိုလွ်င္ သယ္ယူပို႔ေဆာင္ေရး ၀န္ႀကီးဌာန ကဲ့သို႔ ျဖစ္၏။ ယခု မႏၲေလး မဟာျမတ္မုနိ ႐ုပ္ပြားေတာ္ႀကီး ေက်ာင္းပရိဝုဏ္ အတြင္းရွိ ျမင္း၀န္တိုက္ သည္ ၀န္ႀကီးဦးျမတ္ထင္ လႉဒါန္း ထားျခင္း ျဖစ္၏။

မွတ္ခ်က္။ ။ စကားအသြားအလာ မ်ားကို ညိုျမ၏ ကုန္းေဘာင္ေခတ္ရွာပုံေတာ္ စာအုပ္မွ ကူးယူ တင္ျပပါသည္။

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *