ရာဇဝင်ထဲက အရည်အချင်းနှင့်ပြည့်စုံသော မိဖုရားဖွားစော အကြောင်း

ရာဇဝင်ထဲက အရည်အချင်းနှင့်ပြည့်စုံသော မိဖုရားဖွားစော အကြောင်း

 

 

 

အရည်အချင်းနှင့် ပြည့်စုံသော မိဖုရားစော သို့မဟုတ် ဖွားစော မိဖုရားကား ပုဂံပြည်၌ ၆၁၂ ခုတွင် နန်းတက်သော ဥဇနာမင်းကြီး၏ မိဖုရားကြီး ဖြစ်သည်။ နောက် ၆၁၇ ခုတွင် နန်းတက်သော သားတော် နရသီဟပတေ့မင်းက ဆက်လက်၍ မိဖုရား မြှောက်သည်။

 

ဤ မိဖုရားစော၏ အကြောင်းကား ဤသိုတည်း။ ဆိတ်ထိန်းကမ်းဖြူ တောင်သူကြီး၏ သမီး မစောဖြစ်၏။ မတ်တတ် သွားတတ်စ အရွယ်က အဖ ယာထွန်ရာသို့ ယူသွား၍ သစ်ပင်အောက်၌ သိပ်ထားရာ အိပ်ပျော်နေလေ၏။ ထိုအခါ မြွေငန်းကြီးတစ်ကောင်သည် သူငယ်မကို မထိစေဘဲ ခွေပတ်၍ ဦးခေါင်းကို ပါးပျဉ်းဖြင့် မိုးလျက် နေလေ၏။ အဖ မြင်၍ အလျင်အမြန် ပြေးလာသော် မြွေကြီးသည် ခွာထွက်သွားလေ၏။

ထိုအကြောင်းကို ပညာရှိတို့ ကြားသော် ထိုသူငယ်မသည် အထင်အရှား ကောင်းစားလိမ့်မည်ဟုပြောကြလေ
၏။ သူငယ်မ၏ မိဘများလည်း အတန်အတန် ကြွယ်ဝကြသူတို့ဖြစ်၍ ထိုသူငယ်မကို ဝတ်စားတန်ဆာကောင်းစွာ ဆင်ယင်ကာ အထိန်းသည်တို့နှင့် ထားပေ၏။

၁၂ နှစ်ရွယ်သို့ရောက်သောအခါ ထိုသူငယ်မ စိုက်သော မြတ်လေးပင်ရုံတစ်ရုံတွင် ပုန်းညက် ၊ စံကား ၊ ချရား သုံးမျိုး ပွင့်လေသည်။ ပညာရှိတို့ကလည်း ဤသူငယ်မဧကန် မြင့်မြတ်သောသူ ဖြစ်လာလိမ့်မည်ဟု ဟောပြောကြပြန်၏။

ဥဇနာမင်းသည် နတ်တော်လ၌ မဟာဂီရိ နတ်မောင်နှမကို ပူဇော်ရန် ပုပ္ပါးတောင်သို့ တက်လာရာ ဆိတ်ထိန်းကမ်းဖြူရွာ၌ ပန်းတစ်ပင်မှ သုံးမျိုးပွင့်ကြောင်း ကြားရ၍ ရှုစားရန် ဝင်ရောက်လာလေ၏။ ထိုအခါ ပန်းသီတံနှင့် ပန်းစိုက်နေသော ထိုမိန်းမငယ်ကို မြင်လျှင် အဆင်းအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်သည်နှင့် ကောက်ယူတော်မူလေ၏။

ထိုသူငယ်မမှာ အပါးတော်ဝယ် အမြဲခစားရ၏။ တစ်ခါ၌ မင်းကြီး၏ ကျောကုန်းတော်ဝယ် ယားသည်ကို မည်သည့်နေရာတွင်ဟု မဆိုဘဲ အယားဖျောက်ဘိဟုသာ မိန့်တော်မူ၏။ သူငယ်မလည်း နေရာမလွဲ ချက်ချင်းဖျောက်ပေ၏။ ဤသို့ ဖျောက်ဖန်များသော် ” ဟယ် မောင်းမငယ် ယားသည့်နေရာကို မည်သည့်နေရာဟု မဆိုဘဲနှင့် အသို့သိသနည်း ” ဟု မေးတော်မူ၏။

” အရှင်မင်းကြီး မြတ်သောသူတို့၏ ကိုယ်တော်သည် အလွန်နူးညံ့၏။ ယားသောနေရာတွင် အရေးအကြောင်း ထင်နေတတ်၍ သိပါသည် ” ဟု လျှောက်၏။ ထိုအခါ မင်းကြီးသည် ဤသူငယ်မကား ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ပေသည်ဟု
မောင်းမလည်းမက မိဖုရားသို့လည်း မကျ ချီးမြှောက်ထား၍ သွားတော်မူရာ အမြဲခစားလိုက်ပါရ၏။

ဥဇနာမင်းကြီး နတ်ရွာစံ၍ သားတော် နရသီဟပတေ့ မင်းဖြစ်သောအခါ ထိုမိန်းမကို မိဖုရားမြှောက်၍ မိဖုရားစော ဟု ထင်ရှား လာလေ၏။ ဤနရသီဟပတေ့ကား အငြူအစူ အမျက်စောင်းမာန်ပြင်း၍ ကြမ်းတမ်း၏။ ဤမင်းကို မိဖုရားစောသာလျှင် ဖျောင်းဖျသွန်သင် စောင့်ရှောက်ရပုံတို့ကို ပြပေအံ့။ အမတ်ကြီး ရာဇသင်္ကြ ံကို ပြန်ခေါ်ရန် လျှောက်တင်ပုံ နရသီဟပတေ့မင်းတွင် ပညာရှိ အမတ်ကြီး ရာဇသင်္ကြ ံ ဟူ၍ ရှိ၏။

 

ထိုအမတ်ကြီးသည် ဤနရသီဟပတေ့ကို ထီးနန်းရရန် ကူညီစောင်မ၍ ပေးဖူး၏။ ဤကျေးဇူးကို မဆပ် ၊ မချီးမမြှောက် နေလေသဖြင့် အမတ်ကြီးက စိတ်နာ၍ မင်းကြီး၏ အမျိုးကို ထိခိုက်၍ ‘ ပန်းပွတ်သည်မြေး ‘ ဟု ခေါ်ဆိုလေ၏။ (မင်းကြီး၏ မယ်တော်မှာ မင်းမျိုးမဟုတ် ၊ မြစ်သာရွာ ပန်းပွတ်သည်၏ သမီး ဖြစ်လေသည်) ဤသို့ အမျိုးကို ထိခိုက်၍ ဆိုသည်ကို မင်းကြီးအမျက်ထွက်၍ ရာဇသင်္ကြ ံကို ရာထူးစည်းစိမ်မှ နုတ်ပြီးလျှင် အောက်အရပ် ဒလသို့ ပို့လိုက်လေ၏။

 

မင်းကြီးမှာလည်း တိုင်ပင်စရာ ပညာရှိ မရှိတော့သဖြင့် မှိုင်၍သာ နေရလေ၏။ ထိုအခါမှ မိဖုရားစောက ” အရှင်မင်းကြီး မှိုင်နေ၍ အကျိုးရှိမည် မဟုတ်ပါ။ ရှိသော အမတ် ၊ စစ်သူကြီး စသည်တို့နှင့် တိုင်ပင်စီမံတော် မူပါ။ သို့မဟုတ်လျှင်လည်း ပညာရှိ ရာဇသင်္ကြ ံ အမတ်ကြီးကို ပြန်ခေါ်၍ တိုင်ပင်စီမံတော်မူပါ။

နေ့ရက်ကြာလျှင် သူပုန်သူကန်တို့ ပိုမိုအားကြီးလာပါလိမ့်မည် ” ဟု လျှောက်လေ၏။ ဤအခါတွင်မှ မင်းကြီးသတိရ၍ အမတ်ကြီး ရာဇသင်္ကြ ံကို ပြန်၍ခေါ်ယူ သောင်းကျန်းရာတို့သို့ စေလွှတ်စီမံ ခန့်ခွဲစေသဖြင့် အရေးခပ်သိမ်း ပြီးငြိမ်းလေတော့သတည်း။ သရေပစ္စပတေ့အတွက် လျှောက်တင်ပုံသောင်းကျန်းရာ တစ်နေရာသို့ သရေပစ္စပတေ့ အမတ်ကို ကြီးမှူး၍ လွှတ်လိုက်၏။

အစီအမံ ညံ့သဖြင့် ညအခါ၌ စစ်လန့်၍ တပ်ပျက်လေသည်ကို မင်းကြီးကြားသော် ရန်သူနှင့်မတိုက်မီ တပ်ပျက်ရသလောဟု အမျက်ထွက်၍ သရေပစ္စပတေ့ကို သတ်မည်ရှိရာ အမတ်ကြီး ရာဇသင်္ကြ ံက ကယ်မ လျှောက်ပေးသောကြောင့် အသက်ချမ်းသာရလေ၏။

တစ်ခါ မင်းကြီးက အတွင်းသင်းမှူး ရာထူးကို အဘယ်သူအား ပေးသင့်သည်ကို မိဖုရားစောအား တိုင်ပင်၏။ မိဖုရားစောက ” အရှင်မင်းကြီး သရေပစ္စပတေ့သည် ကျွန်တော်ရင်း ဖြစ်၍ အမြဲယုံကြည် စိတ်ချရသူဖြစ်ပါသည်။ သေကောင်းလေပြီးမှ အသက်ကို ချမ်းသာပေးသော ကျေးဇူးတော်လည်း ကြီးလှပါသည်။

သို့ကြောင့် သရေပစ္စပတေ့ကို ခန့်ထားသင့်ပါသည် ” ဟု လျှောက်၏။ မင်းကြီးလည်း မိဖုရား၏ စကားကိုယူ၍ ထိုအတိုင်းပင် ခန့်ထားလိုက်လေသတည်း။ မောင်းမငယ် တစ်ယောက်အတွက် လျှောက်တင်ပုံ နရသီဟပတေ့ မင်းကြီးကား အနာရောဂါ ကင်း၏။ ချေသည် သမ်းသည်မျှ မရှိစဖူး ဖြစ်၍ ရှေ့တော်ဝယ် မချေ မသမ်းကြရ။

ချေသော် သမ်းသော် မျက်တော်မူ၏။ အခါတစ်ပါး၌ မောင်းမငယ် တစ်ယောက်သည် ရှေ့တော်တွင်ချေချင်သောကြောင့် မအောင့်နိုင်ပဲ မင်းကြီး မကြားစေရန် အိုးကြီးတစ်ခုတွင် မျက်နှာအပ်၍ ချေမိ၏။ အပြင်တွင် ချေသည်ထက် အသံပြင်းသွားလေ၏။ မင်းကြီး ကြားသိပြီး မေးမြန်းကာ အမျက်ထွက်မည်ရှိရာ မိဖုရားစောက ” အရှင်မင်းကြီး ချေခြင်း သမ်းခြင်းကား ၉၆ ပါး အနာမျိုးပင် ဖြစ်ပါသည်။

မင်းကြီးမှာသာ အနာကင်း၍ ချေခြင်း ၊ သမ်းခြင်း မရှိပါ။ လူအပေါင်းတို့ကား ချေခြင်း ၊ သမ်းခြင်း နှင့် မကင်းပါ။ မချုပ်တည်း နိုင်သောကြောင့်သာ ချေခြင်း ဖြစ်ပါသည် ” ဟု လျှောက်လေ၏။ ဤသို့ဖြစ်လျှင် ငါမသိ၍ ရှေးက အမျက်ထွက်မိခဲ့၏ဟု နောင်တရတော် မူလေ၏။

 

ခါးရမ်းသီး နရသီဟပတေ့မင်းကြီးသည် စက်တော်ခေါ်ရာမှ နိုးလျှင် ကိုင်မိသမျှနှင့် မောင်းမတို့ကို ပစ်ခတ်ရမှ စိတ်ပြေတတ်၏။ သို့ကြောင့်လည်း မိဖုရားစောသည် မင်းကြီး စက်တော်ခေါ်လျှင် အနီးအနား၌ လက်နက် စသော မာကျောသော အရာတို့ကို သိမ်းယူထား၍ လုံပနီသီး စသည်တို့ကို ထားလေ၏။

တစ်ခါ၌ စက်ရာက နိုးလျှင် အပါးဝယ် အသင့်ရှိသော လုံပနီသီးနှင့် မောင်းမငယ် တစ်ယောက်ကို ပစ်ခတ်လိုက်ရာ ခါးရောင်ရမ်း သွားလေ၏။ ထိုအခါမှ စ၍ လုံပနီသီးကို ‘ ခါးရမ်းသီး ‘ ၊ ‘ ခရမ်းသီး ‘ ဟု ခေါ်ဝေါ်ကြသည် ဟူ၏။
လောကဓံတရားကို လျှောက်တင်ပုံ သက္ကရာဇ် ၆၄၆ ခုတွင် တရုတ်များ ပုဂံကို ဝင်ရောက် တိုက်ခိုက်ကြရာ နရသီဟပတေ့ မခံနိုင်၍ အောက်ပြည် ပုသိမ်သို့ ပြေးရလေ၏။

ဤသို့ တရုတ်ရန်မှ ပြေးရသည်ကိုစွဲ၍ ‘ တရုတ်ပြေးမင်း ‘ ဟုလည်း ခေါ်ဝေါ်ကြလေသည်။ ဤမင်းသည် အလွန် အစားကြူး၏။ တစ်ခါတစ်ခါ ပွဲတော်တည်လျှင် ဟင်းခွက်သုံးရာပြည့်မှ တည်သော ဟူ၏။ ယခု ပြေးလွှားရစဉ်၌ ဟင်းခွက် တစ်ရာ့ငါးဆယ်သာ ရနိုင်သဖြင့် ထိုရသမျှနှင့် ဆက်သည်ကို ငါ ဆင်းရဲလှ၏ဟု ငိုသော ဟူ၏။

ဤအခါမှ မိဖုရားစောက ” အရှင်မင်းကြီး လောက၌ ဆင်းရဲခြင်း ချမ်းသားခြင်းကား မကင်းပါ။ စကြာဝတေး မန္ဓာတ်မင်း တို့ပင်လည်း ဆင်းရဲ ချမ်းသာနှင့် မကင်းနိုင်ပါ။ တရားဖြင့် ဖြေတော်မူပါ ” ဟု အကျိုးအကြောင်းပြသလျှောက်ထားမှ မင်းကြီး စိတ်သက်သာရာ ရလေသတည်း။

အထက်သို့ ဆန်တက်ရေးအတွက် လျှောက်တင်ပုံ မင်းကြီးသည် အထက် ပုဂံပြည်သို့ပြန်၍ ဆန်တက်သင့် မတက်သင့် မိဖုရားစောအား တိုင်ပင်၏။ မိဖုရားစောက ” အရှင်မင်းကြီး ပြည်ထဲရေးကို ထောက်သော် ဆန်တက်ရန် မသင့်သေးပါ။ အရှင်မင်းကြီးသည် အကွပ်အညှပ် ပြင်းသောကြောင့် ပြည်သူပြည်သားတို့ အရှင်မင်းကြီးထံ ပြန်၍ မဝင်ကြသေးပါ။

ပြည်သူမှူးမတ် အခြွေအရံ အင်အားမရှိဘဲ နေပြည်တော်သို့ ဝင်၍နေချေက ရန်သူအားကို ခံနိုင်မည် မဟုတ်ပါ။ အရှင် မင်းကြီးသည် ရှေးက အကျွန်ုပ် လျောက်ထားသည်ကို မနာယူခဲ့ပါ။ ‘ ပြည့်ဝမ်းကို မဖောက်ရာ ၊ ပြည့်ဦးကင်းကို မနှိမ်ရာ ၊ ပြည့်တံခွန်ကို မလှဲရာ။ ပြည့်မျက်စိကို မထုတ်ရာ ၊ ပြည့်စွယ်ကို မချိုးရာ ၊ ပြည့်မျက်နှာကို မဖျက်ရာ ၊ ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ ‘ ဟု အကျွန်ုပ် လျှောက်ခဲ့ပါသည်။ အရှင်မင်းကြီး မနာယူ၍ ယခုကဲ့သို့ ဒုက္ခတွေ့ရပါသည် ” ဟု လျှောက်၏။

 

မင်းကြီးက ထိုအကြောင်းကို မေးမြန်း၍ လျှောက်သည်ကား ” ပြည့်ကြီးဝမ်းနှင့်တူသော သူဌေးသူကြွယ်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာ၍ ပစ္စည်းဥစ္စာကို ယူခြင်း ၊ ၎င်းတို့ သေသောအခါ အမွေခံ သားသမီးရှိလျက် မင်းက သိမ်းယူခြင်းတို့သည် ပြည့်ဝမ်းကို ဖောက်သည်မည်၏။ ” ” ပြည့်ဦးကင်းနှင့် တူသော မှူးမတ်ကြီးတို့ကို မထောက်မချင့် သတ်ဖြတ်ခြင်းသည် ပြည့်ဦးကင်းကို နှိမ်သည် မည်၏။

” ” ပြည့်တံခွန်နှင့်တူသော ရသေ့ ရဟန်း သူတော်ကောင်း ပညာရှိတို့ကို မထောက်မချင့် မျက်တော်မူခြင်းသည် ပြည့်တံခွန်ကို လှဲသည် မည်၏။ ” ” ပြည့်မျက်စိနှင့်တူသော ပိဋကတ် ဗေဒင်တတ် ပညာရှိတို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်မျက်စိကို ထုတ်သည် မည်၏။ ” ” ပြည်၏ အစွယ်နှင့်တူသော မင်းညီမင်းသားတို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်စွယ်ကို ချိုးသည် မည်၏။

” ” ပြည့်မျက်နှာနှင့်တူသော သားပျို ၊ သမီးပျို ၊ သူ့မယားတို့ကို အနိုင်အထက် ယူခြင်းသည် ပြည့်မျက်နှာကို ဖျက်သည် မည်၏။ ” ” ပြည့်ခြေ ၊ ပြည့်လက်နှင့်တူသော သူရဲသူခက် စစ်သည်တို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်ခြေ ၊ ပြည့်လက်တို့ကို ဖြတ်သည် မည်၏ ” ဟူ၍ လျှောက်ပေ၏။ မင်းကြီးလည်း ရှင်မိဖုရား ရှေးက ဤကဲ့သို့ စုံလင်သေချာစွာ ငါ့ကို လျှောက်တင်ပါလျှင် ဤသို့ဖြစ်ရမည် မဟုတ်ဟု နောင်တ ရတော်မူ၏။

တစ်ဖန် မိဖုရားစောက ” အရှင်မင်းကြီး သားတော် ၊ ပြည်စား သီဟသူအား စားသုံးရန် ဝက်ပေါင် ပေးနေကျကို ဝက်လက် ရအောင် သီဟသူ၏ မယ်တော်က တိတ်တဆိတ် ကြံပေးဖူးသဖြင့် အရှင်မင်းကြီးက သီဟသူကို ‘ ဝက်လက်ခိုးမသား ‘ ဟု မကြာမကြာ ခေါ်သည်ကို သီဟသူ စိတ်နာနေပါသည်။ ယခု ဆန်တက်လျှင် ထိုပြည်စား သီဟသူက အရှင်မင်းကြီးကို ရန်ပြုပါလိမ့်မည် ” ဟု လျှောက်လေ၏။

” ရှင်မိဖုရား သင့်အစ်ကို (ပုသိမ်စား ဥဇနာ) က သတ်မည် ယူသွားရာ၌ ငါ ကယ်၍ အသက်လွတ်လေသည်။ အဘယ်မှာ ငါ့ကို ရန်ပြုအံ့နည်း ” ဟု မိန့်တော်မူ၏။ ထိုနောက် မိဖုရားစော၏ စကားကို နားမထောင်ဘဲ ဆန်တက်လေရာ ပြည်မြို့သို့ ရောက်လာ၏။ ထိုအခါ သားတော် ပြည်စား သီဟသူသည် မိဖုရားစော မြင်သည့်အတိုင်း ခမည်းတော်အား အဆိပ်ခတ်သော စားတော်ကို ဆက်လေ၏။

 

မစားနေသော် ဓား ၊ လှံ ၊ လက်နက်ဖြင့် သတ်မည်ပြုမှ မိဖုရားစောက ဤသို့ လျှောက်၏။ ” အရှင်မင်းကြီး ဓား ၊ လှံ ၊ လက်နက်ဖြင့် သွေးရဲသံရဲ ပြတ်သတ်၍သေရသည်ထက် အဆိပ်ကို စား၍ သေရသည်က မြတ်သေး၏ ” ဟု လျှောက်၏။ မင်းကြီးလည်း မိဖုရားစော၏ စကားကိုယူ၍ ” ငါသည် နိဗ္ဗာန်သို့ မရောက်မီအကြား ဖြစ်လေရာဘဝ၌ သားယောက်ျား မရသည် ဖြစ်စေသော် ” ဟု လက်စွပ်တော်ကို ရေစက်ချ၍ မိဖုရားစောအား အပ်ပြီးလျှင် စားတော်မူသောခဏ၌ အနိစ္စရောက်ရရှာလေ၏။

ရှမ်းညီနောင် သုံးဦးအား နန်းတင်ပေးပုံနရသီဟပတေ့မင်းကြီး နတ်ရွာစံပြီးနောက် သားတော် ဒလစား ကျော်စွာသည် ၆၄၈ ခုတွင် နန်းတက်၏။ ခမည်းတော် လက်ထက်က ကျွေးမွေးသူကောင်းပြုထားသူ အသင်္ခယာ ၊ ရာဇသင်္ကြ ံ ၊ သီဟသူ ရှမ်းညီနောင် သုံးယောက်အား မြို့စားပေး၍ ဆက်လက် ကြည့်ရှုထားတော်မူ၏။

ကျော်စွာ မင်းကား မိဖုရားစောကို အတိုင်အပင် မရှိ မချီးမမြှောက် နေဘိ၏။ ဤကို မိဖုရားစော စိတ်နာသည်နှင့် ထိုရှမ်းညီနောင် သုံးဦးနှင့် တိုင်ပင်ညီညွတ်ပြီးလျှင် မြင်းစိုင်းအရပ်၌ ဘုရား ၊ ဂူ ၊ ကျောင်း ကြီးကျယ်စွာ ဆောက်စေ၏။ ပြီးလျှင် မင်းကြီးအား သာဓုခေါ် ကြွတော်မူပါဟု ဖြားယောင်းခေါ်ယူ မြင်းစိုင်းသို့ ရောက်သောအခါ မင်းကြီးကို ဖမ်း၍ အတင်းခေါင်းရိတ် ၊ သင်္ကန်းဝတ်စေပြီးသော် ထိုကျောင်း၌ အစောင့်အရှောက်နှင့် ထားလေ၏။

ညီနောင်သုံးပါးတို့သည်လည်း မိမိတို့ စားရသော မြို့တို့တွင် အသီးသီး မင်းပြိုင်ပြုကြလေ၏။ ပုဂံတွင်ကား ကျော်စွာမင်း၏ သား စောနစ်ကို နန်းစောင့်မင်း မျှလောက်သာ ထားလေသတည်း။ ပင်းယတွင် နန်းဖွင့်မင်္ဂလာ စီမံပေးပုံ ရှမ်းညီနောင် သုံးဦးအနက် နောင်တော်နှစ်ဦး နတ်ရွာစံသဖြင့် ညီအနယ်ဆုံး သီဟသူသည် ပင်းယမြို့ကို ၆၇၄ ခုတွင် မင်းပြု၏။

မြို့နန်းတည်ပြီးလျှင် နန်းဖွင့် နန်းသိမ်း စသော အစီအရင်ကို နားမလည်ကြသည်နှင့် ပုဂံမိဖုရား ဖွားစောအား ပင့်ချီကြရလေ၏။ ဖွားစောက ” သင်တို့ ကောင်းစားသည်မှာ ကြာပြီ။ ယခုမှ ငါ့ကို သတိရသည် ” ဆို၍ မလိုက်ဘဲနေ၏။ နောက်အကြိမ်ကြိမ် တောင်းပန်လေမှ လိုက်လာခဲ့ပြီးလျှင် နန်းဖွင့်မင်္ဂလာ စသော မင်္ဂလာအခမ်းအနား အမျိုးမျိုး တို့ကို စီမံပေးရလေ၏။

ထိုအခမ်းအနားတို့မှာ ပုဂံမှာကဲ့သို့ပင် အလွန်ကြီးကျယ် စည်ကားလေသည်။ ဖွားစောက ” အသင်တို့ ဘုန်းကြီးပေစွ ” ဆို၍ အနော်ရထာ လက်ထက်ကပင်ရှိသော ရွှေသောက်ရေတင် နှင့် ရွှေခါးကြိုးကို ပေး၏။ သီဟသူကလည်း ကြီးစွာချီးမြှောက်ပေ၏။ ပထမ၌ ဆိတ်ထိန်းကမ်းဖြူရွာ တောင်သူကြီး သမီးငယ် မယ်စော ၊ ဒုတိယ ဥဇနာမင်းကြီးထံ၌ မောင်းမငယ် မိဖုရားမစော ၊ တတိယ နရသီဟပတေ့ လက်ထက်၌ မိဖုရားကြီး မိဖုရားစော ၊ စတုတ္ထ စောနစ်တို့ လက်ထက်၌ ဖွားစောဟု တွင်သည်။

(စောနစ်မှာ ကျော်စွာ၏ သား နရသီဟပတေ့၏ မြေး ဖြစ်သဖြင့် နရသီဟပတေ့နှင့်စပ်၍ အဖွားပင် တော်သည်။ သို့ကြောင့် ဖွားစော တွင်လေသည်။) ဤသို့ ပုဂံမင်း သုံးဆက် လေးဆက် အမြတ်တင်ခံ၍ အစီအရင်ကို ပေးနိုင်သော အဆင်းအင်္ဂါ အရည်အချင်းနှင့် ပြည့်စုံသော အထောင်မက အရောင်အဆင်းလှသော မိန်းမတို့ထက် အစိုးရသော မိဖုရားဖွားစော အကြောင်းကား ပြီး၏။

(မူကွဲမိဖုရားဖွားစော)

ကျောက်စာနှင့် တရုတ်ရာဇဝင်ထွက် မိဖုရားဖွားစော ပုဂံမင်းဆက်နောက်ပိုင်းတွင် စောဘွဲ့ခံ မိဖုရားအများ ပေါ်ပေါက်ခဲ့သည်ကို နှောင်းခေတ် ရာဇဝင်ဆရာတို့ ထွေးရှက် မှတ်မှားခဲ့ကြ၏။ ဤစာမူ၌ မိဖုရားဖွားစောကိုယ်တိုင် ရေးထိုးခဲ့သော ကျောက်စာပါ တိကျမှန်ကန်သော အချက်အလက်များကို တင်ပြထားသဖြင့် ရာဇဝင်သုတေသီများအဘို့ အသုံးဝင်မည့် သုတေသနတရပ် ဖြစ်ပေသည်။

ပုဂံကျောက်စာတို့တွင် စဝ်ဟု ပါရှိလျက် ယခုအခါတွင် စောဟု ရေးကြသော စကားလုံးသည် နနချောင် ရှမ်းတို့၏ ဘွဲ့အမည်တစ်ခုဖြစ်၍ ယင်းကို ပုဂံကျောက်စာပါ မင်းမိဖုရားအမည်များတွင် မကြာခဏ တွေ့ရသည်။ ပုဂံဆက် နောက်ပိုင်းတွင် စောဘွဲ့ခံ မိဖုရားအများ ပေါ်ပေါက်ခဲ့သည်ကို နှောင်းခေတ် ရာဇဝင်ဆရာတို့သည် ထွေးရှက် မှတ်မှားကြသည်။

တရုတ်ပြေးမင်း (တရုတ်ပိယ်မင်၊ မြန်မာ ၆၁၇-၆၄၉)၏ ကျော်စောထင်ရှားသော မိဖုရားကြီး ဖွားစောသည်ကား သက္ကရာဇ် ၆၅၂ ခုနှစ်၊ ၆၅၃ ခုနှစ်တို့တွင် ပုဂံပြည် မင်းနံသူအရပ်၌ စောလှဝန်းဘုရားကျောက်စာတို့ကို ရေးထိုးခဲ့သည့် သခင်ရာဇသူ ဖွားစော(သိင်ရစဖူဖွာစဝ်) ဖြစ်သည်။

ယင်း ကျောက်စာတို့ကို မြန်မာတိုင်းရင်း ကျောက်စာများ၊ တတိယထုပ်၊ ဓာတ်ပုံ ၂၇၂-၅ တို့တွင် ပြထားသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်၊ အတွဲ ၂၆၊ စာမျက်နှာ ၁၃၇-၈ တို့တွင်လည်း အချို့တဝက်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပုံနှိပ်ထားသည်။ ၎င်းတို့ အရအဆိုလျှင် မိဖုရားဖွားစောသည် ဇာတိအားဖြင့် တောင်သူကြီး သမီးမဟုတ်။ ပုဂံနန်းရိုး မင်းသမီးတစ်ပါး ဖြစ်သည်ကို သိရသည်။

ဖွားစော၏ အဖိုးမှာ ကျစွာမင်းကြီး(ကစွာမင်ကြီ၊ မြန်မာ ၅၉၇-၆၁၁) ဖြစ်သည်။ မင်းကြီးသည် ဖွားစောကို အလွန် ချစ်မြတ်နိုး၍ သမီးဟုခေါ်လေ့ရှိသည်။ အဖွားမှာ မင်းကြီး၏ မိဖုရားတပါးဖြစ်ရာ၏ဟု မှတ်ယူဘွယ်ရှိသော စောမင်းလှ (စဝ်မင်လှ)ဖြစ်သည်။ စောမင်းလှသည်လည်း ဖွာစောကို အလွန် ချစ်မြတ်နိုးသည်။

အမိမှာ ကျစွာမင်းကြီး၏ သမီးတော် တစ်ပါးဖြစ်၍ ဟန်လင်းသည်၏သား(မြေး) အမတ်သရေ (သရိယ်)နှင့် လက်ထပ်သည်။ အမတ်သရေသည် ကျစွာမင်းနှင့် ဥစ္စနာမင်းတို့၏ လက်ထက်တွင်၎င်း၊ တရုတ်ပြေးမင်းလက်ထက် စောစောပိုင်းတွင်၎င်း ထင်ရှားသည်။

သက္ကရာဇ် ၅၉၉ ခုနှစ်တွင် စောလှဝန်းဘုရားနှင့် ကျောင်းတို့ကို ဦးစွာ တည်သည်။ ဖွားစော၏ ညီမတစ်ယောက်ကား တြိလောကစနြ္ဒဟူ၍၎င်း၊ သုံးလူ့လ (သုံလူလ)ဟူ၍၎င်း တွင်၍ ဥစ္စာနာမင်း (မြန်မာ ၆၁၁-၇)၏ တောင်ဖြစ်သည် မိဖုရားကြီး ဖြစ်သည်။

(ကြာ သော် သုံလူလကို သမ္ဘူလဟု မှတ်မှားကြသည်။) တလမြို့ (တံတွေးမြို့)တွင် ဥစ္စနာမင်းတို့ လုပ်ကြံခံရပြီးနောက်၌ တရုတ်ပြေးမင်းဟု တွင်အံ့သော ပန်းပွတ်သည်မနှင့်ရသော သားတော်သည် ပုဂံထီးနန်းကို ဆက်ခံသည်။ ထိုမင်းသည် ငယ်ရွယ်သေးသည်ဖြစ်၍ မင်းအဖြစ်၌ တည်တံ့ခိုင်မြဲရန်အလို့ငှာ ဖွားစော၏အစ်မ ရတနာပုံကို နန်းတင်သည်။

အလွန်လည်း ချစ်မြတ်နိုးသည်။ နန်းတင်၍ ခုနစ်နှစ်အကြာ သက္ကရာဇ် ၆၂၄-ခုတွင် ရတနပုံ အနိစ္စရောက်လျှင် မင်ကြီးသည် မိဖုရားကိုရည်၍ မင်းနံသူအရပ်တွင် ကျောင်းနှင့်ကူတို့ကို တည်သည်။ ကူမှာ ယခုအခါ ငလူးဂူဟုတွင်သည်။ ရတနာပုံမရှိမှ ညီမတော် ဖွားစောကို နန်းတင်သည်ဟု ယူမှတ်ဖွယ်ရှိသည်။ ဖွားစောတွင် သားသမီးမရှိဟု ရာဇဝင်တို့ဆိုသည်ကား မမှန်။

တရုတ်ပြေးမင်းနှင့် သားတော်နှစ်ပါး ရသည်။ ယင်းတို့ကား ကျောက်စာတို့တွင် ‘ချစ်စွာသော ငါ့သားလှ’ဟု ဆိုသော မင်းသား ရာဇသူ တစ်ပါး၊ ညီမင်းသားကျစွာတစ်ပါးတို့တည်း။ သက္ကရာဇ် ၆၂၆-ခုနှစ်တွင် ဖွားစောသည် ခမည်းတော်၏ ကျောင်း၌ ဦးစွာသော အလှူကို ပြုတော်မူသည်။

 

၆၄၆ ခု (ခရစ် ၁၂၈၄)နှစ် ဆောင်းရာသီတွင် တရုတ်စစ် ရောက်၍ မင်းကြီး အကြေသို့စုန်သော် ဖွားစောလည်းပါ၍ ပြည်မြို့ အနောက်ဘက် လှည်းကျမုဆိုးရွာ(လှည်ကမုဆိုဝ်ရွာ)သို့ ရောက်ဝင် စခန်းချခဲ့ပု၌ရသုည်၊ ၆၄၈၊ ၆၄၉ ခုနှစ်ဆီတွင် တရုတ်မင်း ခုဗိလဲခနနှင့် စစ်ပြေငြိမ်း၍ ပုဂံသို့ ဆန်တက်ရာတွင် ပြည်မြို့၌ ပြည်သူကြီးလုပ်ကြံ၍ မင်းကြီး အနိစ္စရောက်သည်။

တစ်ဖန် ပြည်သူကြီးကို မင်းကြီး၏သားတော်တစ်ပါးဖြစ်သော တလသူကြီးက လုပ်ကြံဖျောက်ဖျက်လိုက်ပုံရသည်။ ထိုနောက် တလသူကြီးသည် တရုတ်တို့ထံတွင် အညံ့ခံ၍ ၆၅၁-ခုနှစ် နွယ်တာလတွင် ပုဂံပြည်၌ ရွှေနန်းရှင် (ရှုယ်နန်သျှင်) ဟူသော အမည်ဖြင့် အဘိသိက်ခံယူသည်။ သို့ပင်ဖြစ်လင့်ကစား ရွှေနန်းရှင်ည် ကျောက်ဆည်ကို မင်းပြုသော ရှမ်းညီနောင် အမတ်သုံးပါးတို့၏ မျက်နှာကိုကြည့်၍သာလျှင် မင်းပြုရရှာ သည်။

ထိုအခါ ဖွားစောသည် နှစ်ဦးနှစ်ဖက်လုံးနှင့် သင့်မြတ် အောင် ကြံဆောင် နေထိုင်သည်။ ရွှေနန်းရှင်၏ မိဖုရားအဖြစ် ကိုလည်း ခံယူသည်။ ၆၅၂ ခုနှစ်တွင် ဖွားစောသည် သားတော် များနှင့်အတူ ပုဂံပြည်သို့ ပြန်ရောက်နေပြီဖြစ်၍ စောလှဝန်း ကျောင်းကို မြတ်ကြီးအစလဗုဒ္ဓိအား တင်လှူသည်။

 

၆၅၃ ခုနှစ် တန်ခူးလပြည့်နေ့တွင် သားတော်ရာဇသူ အနိစ္စရောက်ရာ ဖွားစောသည် နှလုံးထိတ်လန့်ရကား သားတော်၏ ကောင်းမှု စေတီ မပြီးသေးသည်ကို အပြီးတိုင် တည်တော်မူ ပြီးလျှင် ခမ်းလည်းခမ်းနား ကျေးလည်းကျေကွဲဘွယ် ကောင်းသော ဆုတောင်းကြီးကို တောင်းဆိုရေးထိုးခဲ့သည်။ ထိုဆုတောင်ကြီး ကား ပုဂံခေတ်၏ နောက်ဆုံးပိတ် မရဏတေးသံကြီးပင် ဖြစ်သည်ဟု ဆိုထိုက်တော့သည်။ ထိုဆုတောင်းကြီးမှ ကောက်နုတ်ချက်အနည်းငယ်ကို ယခုခေတ် အရေးမျိုးဖြင့် လဲလှယ်၍ အောက်တွင် ဖော်ပြထားသည်။

သက္ကရာဇ် ၆၅၃ ခု နယုန်လဆန်း ၁၁ ရက် ၅ နေ့ အစောရာဇသူ စေတီတည်သော ရာဇသူမိ နှလုံးထိတ်လန့်ရကား ငါ၏ မိဖဘိုးဘေးတို့လည်း အမွေဥစ္စာတို့ကို စွန့်ခဲ့၍ သွားခဲ့ ကုန်၏။

ချစ်စွာသော ငါ့သားလှလည်း အမွေဥစ္စာနှင့် တကွ ငါမိရင်းကို စွန့်ခဲ့ပြီးကား ငါလည်း သူမယူနိုင်၍ ထားခဲ့သော အမွေဥစ္စာတို့ကို၎င်း မပါတတ်သောအကြောင်းကို သိရကား ငါ့မိ ငါ့ဘ ငါ့သား အမျိုးခပ်သိမ်းကို နိဗ္ဗာန်၏ ပစ္စည်းအထောက်အပင့် ဖြစ်စိမ့်သောငှာ လှူတုံသောမြေ— သက္ကရာဇ် ၆၅၃ ခု နယုန်လဆန်း ၁ဝရက် ၄ နေ့ ကွန်းပြောက်ကြီး ထွက်တော်မူသော် အတို့ကျွန့်ဖလည်း မရှိ။ အတို့ကျွန်မိလည်း မရှိ။

အတို့ကျွန်သားလည်း မရှိ။ အတို့ကျွန် ဖကျွန် အတို့ကျွန် မိကျွန်၊ အတို့ကျွန် ကျွန်၊ ခပ်သိမ်းသော ကျွန်ကား အတို့ကျွန်မိကျောင်း၊ အတို့ကျွန် ဖကျွန်ကျောင်း၊ အတို့ကျွန်သားစေတီ၊ ဤသုံးပါးကို အတို့ကျွန် လှူရကား လှူတော်မူပါစေချင်ဟု ဆိုသတည်း။

 

ဤသို့ ငါလှူသော အကျိုးကား ငါ့အဖိုး ကျစွာမင်းကြီး၊ ငါ့ဖွား စောင်မင်းလှ၊ ငါ့မိမင်း၊ ငါ့ဖ၊ ငါ့ချစ်သား နှစ်ယောက် အဘဖြစ်သော အတို့သခင်မင်းကြီး၊ ငါ့သခင်သား တရားမင်း ကြီး၊ ငါ့ဦးရီးတော် သိက‡သူ၊ ငါ့မိထွေး အမိဖုရား သုံးလူ့လ၊ ငါ့အစ်မ အမိဖုရား၊ ရတနာပုံ၊ ငါ့မောင်သုံးယောက်၊ ငါ့ညီမ ၂ ယောက် လွန်လေသော အမျိုးခပ်သိမ်း၊ ယခုသော အမျိုးချပ် သိမ်း၊ မောင်းမမိသင်ခပ်သိမ်း၊ အထက်ကား ဘဝဂ်တိုင်အောင်၊ အောက်ကား အဝီစိတိုင်အောင်၊ လေးမျက်နှာ အနန္တစကြဝဠာ ခပ်သိမ်း ရပါစေ၏။—

 

ငါလည်း ဤကောင်းမှုအကျိုးဖြင့် ဤမှသေခဲ့လျှင် စွယ် တော်ကိုလျှင် မကွေမကင်း ညနံနက်လျှင် ရှိခိုးရသော နတ်သား ဖြစ်လို၏။ငါလိုသောဆု မရောက်သောကြားကား ဘုရားလောင်း တကာ ဖြည့်ရာသော ဒသပါရမီကို ဖြည့်ရလိုသတည်း။

သက္ကရာဇ် ၆၅၉ ခုနှင့် ၆၆၁ ခုအတွင်းတွင် ရှမ်းညီနောင် တို့သည် တရုတ်တို့ထံတွင် အညံ့ခံသော ရွှေနန်းရှင်ကို အရိုသေ တန်ကာ နန်းချ၍ ဖျောက်ဖျက်ခဲ့သည်။ ထိုနောက် ရွှေနန်းရှင်၏သား စောနစ်(စဝ်နစ်)ကို ပုဂံရွှေနန်းတွင် တင်ကြ ပြန်၍ မိမိတို့မူကား ကျောက်ဆည်တွင် မင်းထီးမူကြသည်။

ပုဂံထီးမွေနန်းမွေပို ပိုမို ခံယူခွင့်ရှိသော ဖွားစော၏သား ကျစွာ မင်းကိုမူ ရှမ်းညီနောင်တို့သည် ကျောက်ဆည်တွင် ထိန်းသိမ်း ထားပုံရသည်။ နောင်သောအခါ ထိုမင်းသားကို မြင့်စိုင်းမြို့ အနီးရှိ ပုထိုးနီရွာကို စားရသော ပုထိုးနီမင်း (ပုထိုဝ်နီမင်)နှင့် လက်ထပ်ပေးစားလိုက်သည်။

ဖွားစောမှာ မောင်သုံးယောက်နှင့် ညီမနှစ်ယောက်ရှိသည်။ ဖွားစော မည်သည့် သက္ကရာဇ်တွင် အနိစ္စရောက်သည်ကို အတိ အကျ မသိရသော်လည်း ရွှေနန်းရှင်အလျင် အနိစ္စရောက်သည် မှာကား ထင်ရှားသည်။ ဖွားစောမရှိလျှင် ညီမတော်သည်
တတိယဖွားစောအဖြစ်ဖြင့် မိဖုရားအရာကိုရ၍ နောင်သောအခါ စောနစ်၏ မိဖုရားကြီးလည်း ဖြစ်လာသည်။

 

ဤတတိယ ဖွားစောသည် သားတော်သမီးတော်တို့နှင့် အတူ ပုဂံ အရှေ့ တောင်ဘက် သုံးမိုင်ကွာတွင် တည်ရှိသောရွာကြီး၌ ဆက်လက် နေထိုင်ကာ ရွာကို ဖွားစောရွာဟု တွင်စေခဲ့သည်။ ကူဘုရား၊ စေတီ၊ ကုလားကျောင်း များစွာတို့ကိုလည်း တည်ဆောက် လှူတန်းခဲ့သည်။ ယင်းတို့သည်ကား ပုဂံခေတ်၏ နောက်ဆုံး ပိတ် ဗိသုကာလက်ရာကောင်းများပေတည်း။

 

Credit

 

Zawgyi

 

ရာဇဝင္ထဲက အရည္အခ်င္းႏွင့္ျပည့္စုံေသာ မိဖုရားဖြားေစာ အေၾကာင္း

 

 

 

အရည္အခ်င္းႏွင့္ ျပည့္စုံေသာ မိဖုရားေစာ သို႔မဟုတ္ ဖြားေစာ မိဖုရားကား ပုဂံျပည္၌ ၆၁၂ ခုတြင္ နန္းတက္ေသာ ဥဇနာမင္းႀကီး၏ မိဖုရားႀကီး ျဖစ္သည္။ ေနာက္ ၆၁၇ ခုတြင္ နန္းတက္ေသာ သားေတာ္ နရသီဟပေတ့မင္းက ဆက္လက္၍ မိဖုရား ျမႇောက္သည္။

 

ဤ မိဖုရားေစာ၏ အေၾကာင္းကား ဤသိုတည္း။ ဆိတ္ထိန္းကမ္းျဖဴ ေတာင္သူႀကီး၏ သမီး မေစာျဖစ္၏။ မတ္တတ္ သြားတတ္စ အ႐ြယ္က အဖ ယာထြန္ရာသို႔ ယူသြား၍ သစ္ပင္ေအာက္၌ သိပ္ထားရာ အိပ္ေပ်ာ္ေနေလ၏။ ထိုအခါ ေႁမြငန္းႀကီးတစ္ေကာင္သည္ သူငယ္မကို မထိေစဘဲ ေခြပတ္၍ ဦးေခါင္းကို ပါးပ်ဥ္းျဖင့္ မိုးလ်က္ ေနေလ၏။ အဖ ျမင္၍ အလ်င္အျမန္ ေျပးလာေသာ္ ေႁမြႀကီးသည္ ခြာထြက္သြားေလ၏။

ထိုအေၾကာင္းကို ပညာရွိတို႔ ၾကားေသာ္ ထိုသူငယ္မသည္ အထင္အရွား ေကာင္းစားလိမ့္မည္ဟုေျပာၾကေလ
၏။ သူငယ္မ၏ မိဘမ်ားလည္း အတန္အတန္ ႂကြယ္ဝၾကသူတို႔ျဖစ္၍ ထိုသူငယ္မကို ဝတ္စားတန္ဆာေကာင္းစြာ ဆင္ယင္ကာ အထိန္းသည္တို႔ႏွင့္ ထားေပ၏။

၁၂ ႏွစ္႐ြယ္သို႔ေရာက္ေသာအခါ ထိုသူငယ္မ စိုက္ေသာ ျမတ္ေလးပင္႐ုံတစ္႐ုံတြင္ ပုန္းညက္ ၊ စံကား ၊ ခ်ရား သုံးမ်ိဳး ပြင့္ေလသည္။ ပညာရွိတို႔ကလည္း ဤသူငယ္မဧကန္ ျမင့္ျမတ္ေသာသူ ျဖစ္လာလိမ့္မည္ဟု ေဟာေျပာၾကျပန္၏။

ဥဇနာမင္းသည္ နတ္ေတာ္လ၌ မဟာဂီရိ နတ္ေမာင္ႏွမကို ပူေဇာ္ရန္ ပုပၸါးေတာင္သို႔ တက္လာရာ ဆိတ္ထိန္းကမ္းျဖဴ႐ြာ၌ ပန္းတစ္ပင္မွ သုံးမ်ိဳးပြင့္ေၾကာင္း ၾကားရ၍ ရႈစားရန္ ဝင္ေရာက္လာေလ၏။ ထိုအခါ ပန္းသီတံႏွင့္ ပန္းစိုက္ေနေသာ ထိုမိန္းမငယ္ကို ျမင္လွ်င္ အဆင္းအဂၤါႏွင့္ ျပည့္စုံသူ ျဖစ္သည္ႏွင့္ ေကာက္ယူေတာ္မူေလ၏။

ထိုသူငယ္မမွာ အပါးေတာ္ဝယ္ အၿမဲခစားရ၏။ တစ္ခါ၌ မင္းႀကီး၏ ေက်ာကုန္းေတာ္ဝယ္ ယားသည္ကို မည္သည့္ေနရာတြင္ဟု မဆိုဘဲ အယားေဖ်ာက္ဘိဟုသာ မိန့္ေတာ္မူ၏။ သူငယ္မလည္း ေနရာမလြဲ ခ်က္ခ်င္းေဖ်ာက္ေပ၏။ ဤသို႔ ေဖ်ာက္ဖန္မ်ားေသာ္ ” ဟယ္ ေမာင္းမငယ္ ယားသည့္ေနရာကို မည္သည့္ေနရာဟု မဆိုဘဲႏွင့္ အသို႔သိသနည္း ” ဟု ေမးေတာ္မူ၏။

” အရွင္မင္းႀကီး ျမတ္ေသာသူတို႔၏ ကိုယ္ေတာ္သည္ အလြန္ႏူးညံ့၏။ ယားေသာေနရာတြင္ အေရးအေၾကာင္း ထင္ေနတတ္၍ သိပါသည္ ” ဟု ေလွ်ာက္၏။ ထိုအခါ မင္းႀကီးသည္ ဤသူငယ္မကား ဉာဏ္ပညာႏွင့္ ျပည့္စုံသူ ျဖစ္ေပသည္ဟု
ေမာင္းမလည္းမက မိဖုရားသို႔လည္း မက် ခ်ီးျမႇောက္ထား၍ သြားေတာ္မူရာ အၿမဲခစားလိုက္ပါရ၏။

ဥဇနာမင္းႀကီး နတ္႐ြာစံ၍ သားေတာ္ နရသီဟပေတ့ မင္းျဖစ္ေသာအခါ ထိုမိန္းမကို မိဖုရားျမႇောက္၍ မိဖုရားေစာ ဟု ထင္ရွား လာေလ၏။ ဤနရသီဟပေတ့ကား အျငဴအစူ အမ်က္ေစာင္းမာန္ျပင္း၍ ၾကမ္းတမ္း၏။ ဤမင္းကို မိဖုရားေစာသာလွ်င္ ေဖ်ာင္းဖ်သြန္သင္ ေစာင့္ေရွာက္ရပုံတို႔ကို ျပေပအံ့။ အမတ္ႀကီး ရာဇသၾကၤ ံကို ျပန္ေခၚရန္ ေလွ်ာက္တင္ပုံ နရသီဟပေတ့မင္းတြင္ ပညာရွိ အမတ္ႀကီး ရာဇသၾကၤ ံ ဟူ၍ ရွိ၏။

 

ထိုအမတ္ႀကီးသည္ ဤနရသီဟပေတ့ကို ထီးနန္းရရန္ ကူညီေစာင္မ၍ ေပးဖူး၏။ ဤေက်းဇူးကို မဆပ္ ၊ မခ်ီးမျမႇောက္ ေနေလသျဖင့္ အမတ္ႀကီးက စိတ္နာ၍ မင္းႀကီး၏ အမ်ိဳးကို ထိခိုက္၍ ‘ ပန္းပြတ္သည္ေျမး ‘ ဟု ေခၚဆိုေလ၏။ (မင္းႀကီး၏ မယ္ေတာ္မွာ မင္းမ်ိဳးမဟုတ္ ၊ ျမစ္သာ႐ြာ ပန္းပြတ္သည္၏ သမီး ျဖစ္ေလသည္) ဤသို႔ အမ်ိဳးကို ထိခိုက္၍ ဆိုသည္ကို မင္းႀကီးအမ်က္ထြက္၍ ရာဇသၾကၤ ံကို ရာထူးစည္းစိမ္မွ ႏုတ္ၿပီးလွ်င္ ေအာက္အရပ္ ဒလသို႔ ပို႔လိုက္ေလ၏။

 

မင္းႀကီးမွာလည္း တိုင္ပင္စရာ ပညာရွိ မရွိေတာ့သျဖင့္ မွိုင္၍သာ ေနရေလ၏။ ထိုအခါမွ မိဖုရားေစာက ” အရွင္မင္းႀကီး မွိုင္ေန၍ အက်ိဳးရွိမည္ မဟုတ္ပါ။ ရွိေသာ အမတ္ ၊ စစ္သူႀကီး စသည္တို႔ႏွင့္ တိုင္ပင္စီမံေတာ္ မူပါ။ သို႔မဟုတ္လွ်င္လည္း ပညာရွိ ရာဇသၾကၤ ံ အမတ္ႀကီးကို ျပန္ေခၚ၍ တိုင္ပင္စီမံေတာ္မူပါ။

ေန႕ရက္ၾကာလွ်င္ သူပုန္သူကန္တို႔ ပိုမိုအားႀကီးလာပါလိမ့္မည္ ” ဟု ေလွ်ာက္ေလ၏။ ဤအခါတြင္မွ မင္းႀကီးသတိရ၍ အမတ္ႀကီး ရာဇသၾကၤ ံကို ျပန္၍ေခၚယူ ေသာင္းက်န္းရာတို႔သို႔ ေစလႊတ္စီမံ ခန့္ခြဲေစသျဖင့္ အေရးခပ္သိမ္း ၿပီးၿငိမ္းေလေတာ့သတည္း။ သေရပစၥပေတ့အတြက္ ေလွ်ာက္တင္ပုံေသာင္းက်န္းရာ တစ္ေနရာသို႔ သေရပစၥပေတ့ အမတ္ကို ႀကီးမႉး၍ လႊတ္လိုက္၏။

အစီအမံ ညံ့သျဖင့္ ညအခါ၌ စစ္လန့္၍ တပ္ပ်က္ေလသည္ကို မင္းႀကီးၾကားေသာ္ ရန္သူႏွင့္မတိုက္မီ တပ္ပ်က္ရသေလာဟု အမ်က္ထြက္၍ သေရပစၥပေတ့ကို သတ္မည္ရွိရာ အမတ္ႀကီး ရာဇသၾကၤ ံက ကယ္မ ေလွ်ာက္ေပးေသာေၾကာင့္ အသက္ခ်မ္းသာရေလ၏။

တစ္ခါ မင္းႀကီးက အတြင္းသင္းမႉး ရာထူးကို အဘယ္သူအား ေပးသင့္သည္ကို မိဖုရားေစာအား တိုင္ပင္၏။ မိဖုရားေစာက ” အရွင္မင္းႀကီး သေရပစၥပေတ့သည္ ကြၽန္ေတာ္ရင္း ျဖစ္၍ အၿမဲယုံၾကည္ စိတ္ခ်ရသူျဖစ္ပါသည္။ ေသေကာင္းေလၿပီးမွ အသက္ကို ခ်မ္းသာေပးေသာ ေက်းဇူးေတာ္လည္း ႀကီးလွပါသည္။

သို႔ေၾကာင့္ သေရပစၥပေတ့ကို ခန့္ထားသင့္ပါသည္ ” ဟု ေလွ်ာက္၏။ မင္းႀကီးလည္း မိဖုရား၏ စကားကိုယူ၍ ထိုအတိုင္းပင္ ခန့္ထားလိုက္ေလသတည္း။ ေမာင္းမငယ္ တစ္ေယာက္အတြက္ ေလွ်ာက္တင္ပုံ နရသီဟပေတ့ မင္းႀကီးကား အနာေရာဂါ ကင္း၏။ ေခ်သည္ သမ္းသည္မွ် မရွိစဖူး ျဖစ္၍ ေရွ႕ေတာ္ဝယ္ မေခ် မသမ္းၾကရ။

ေခ်ေသာ္ သမ္းေသာ္ မ်က္ေတာ္မူ၏။ အခါတစ္ပါး၌ ေမာင္းမငယ္ တစ္ေယာက္သည္ ေရွ႕ေတာ္တြင္ေခ်ခ်င္ေသာေၾကာင့္ မေအာင့္နိုင္ပဲ မင္းႀကီး မၾကားေစရန္ အိုးႀကီးတစ္ခုတြင္ မ်က္ႏွာအပ္၍ ေခ်မိ၏။ အျပင္တြင္ ေခ်သည္ထက္ အသံျပင္းသြားေလ၏။ မင္းႀကီး ၾကားသိၿပီး ေမးျမန္းကာ အမ်က္ထြက္မည္ရွိရာ မိဖုရားေစာက ” အရွင္မင္းႀကီး ေခ်ျခင္း သမ္းျခင္းကား ၉၆ ပါး အနာမ်ိဳးပင္ ျဖစ္ပါသည္။

မင္းႀကီးမွာသာ အနာကင္း၍ ေခ်ျခင္း ၊ သမ္းျခင္း မရွိပါ။ လူအေပါင္းတို႔ကား ေခ်ျခင္း ၊ သမ္းျခင္း ႏွင့္ မကင္းပါ။ မခ်ဳပ္တည္း နိုင္ေသာေၾကာင့္သာ ေခ်ျခင္း ျဖစ္ပါသည္ ” ဟု ေလွ်ာက္ေလ၏။ ဤသို႔ျဖစ္လွ်င္ ငါမသိ၍ ေရွးက အမ်က္ထြက္မိခဲ့၏ဟု ေနာင္တရေတာ္ မူေလ၏။

 

ခါးရမ္းသီး နရသီဟပေတ့မင္းႀကီးသည္ စက္ေတာ္ေခၚရာမွ နိုးလွ်င္ ကိုင္မိသမွ်ႏွင့္ ေမာင္းမတို႔ကို ပစ္ခတ္ရမွ စိတ္ေျပတတ္၏။ သို႔ေၾကာင့္လည္း မိဖုရားေစာသည္ မင္းႀကီး စက္ေတာ္ေခၚလွ်င္ အနီးအနား၌ လက္နက္ စေသာ မာေက်ာေသာ အရာတို႔ကို သိမ္းယူထား၍ လုံပနီသီး စသည္တို႔ကို ထားေလ၏။

တစ္ခါ၌ စက္ရာက နိုးလွ်င္ အပါးဝယ္ အသင့္ရွိေသာ လုံပနီသီးႏွင့္ ေမာင္းမငယ္ တစ္ေယာက္ကို ပစ္ခတ္လိုက္ရာ ခါးေရာင္ရမ္း သြားေလ၏။ ထိုအခါမွ စ၍ လုံပနီသီးကို ‘ ခါးရမ္းသီး ‘ ၊ ‘ ခရမ္းသီး ‘ ဟု ေခၚေဝၚၾကသည္ ဟူ၏။
ေလာကဓံတရားကို ေလွ်ာက္တင္ပုံ သကၠရာဇ္ ၆၄၆ ခုတြင္ တ႐ုတ္မ်ား ပုဂံကို ဝင္ေရာက္ တိုက္ခိုက္ၾကရာ နရသီဟပေတ့ မခံနိုင္၍ ေအာက္ျပည္ ပုသိမ္သို႔ ေျပးရေလ၏။

ဤသို႔ တ႐ုတ္ရန္မွ ေျပးရသည္ကိုစြဲ၍ ‘ တ႐ုတ္ေျပးမင္း ‘ ဟုလည္း ေခၚေဝၚၾကေလသည္။ ဤမင္းသည္ အလြန္ အစားၾကဴး၏။ တစ္ခါတစ္ခါ ပြဲေတာ္တည္လွ်င္ ဟင္းခြက္သုံးရာျပည့္မွ တည္ေသာ ဟူ၏။ ယခု ေျပးလႊားရစဥ္၌ ဟင္းခြက္ တစ္ရာ့ငါးဆယ္သာ ရနိုင္သျဖင့္ ထိုရသမွ်ႏွင့္ ဆက္သည္ကို ငါ ဆင္းရဲလွ၏ဟု ငိုေသာ ဟူ၏။

ဤအခါမွ မိဖုရားေစာက ” အရွင္မင္းႀကီး ေလာက၌ ဆင္းရဲျခင္း ခ်မ္းသားျခင္းကား မကင္းပါ။ စၾကာဝေတး မႏၶာတ္မင္း တို႔ပင္လည္း ဆင္းရဲ ခ်မ္းသာႏွင့္ မကင္းနိုင္ပါ။ တရားျဖင့္ ေျဖေတာ္မူပါ ” ဟု အက်ိဳးအေၾကာင္းျပသေလွ်ာက္ထားမွ မင္းႀကီး စိတ္သက္သာရာ ရေလသတည္း။

အထက္သို႔ ဆန္တက္ေရးအတြက္ ေလွ်ာက္တင္ပုံ မင္းႀကီးသည္ အထက္ ပုဂံျပည္သို႔ျပန္၍ ဆန္တက္သင့္ မတက္သင့္ မိဖုရားေစာအား တိုင္ပင္၏။ မိဖုရားေစာက ” အရွင္မင္းႀကီး ျပည္ထဲေရးကို ေထာက္ေသာ္ ဆန္တက္ရန္ မသင့္ေသးပါ။ အရွင္မင္းႀကီးသည္ အကြပ္အညွပ္ ျပင္းေသာေၾကာင့္ ျပည္သူျပည္သားတို႔ အရွင္မင္းႀကီးထံ ျပန္၍ မဝင္ၾကေသးပါ။

ျပည္သူမႉးမတ္ အေႁခြအရံ အင္အားမရွိဘဲ ေနျပည္ေတာ္သို႔ ဝင္၍ေနေခ်က ရန္သူအားကို ခံနိုင္မည္ မဟုတ္ပါ။ အရွင္ မင္းႀကီးသည္ ေရွးက အကြၽန္ုပ္ ေလ်ာက္ထားသည္ကို မနာယူခဲ့ပါ။ ‘ ျပည့္ဝမ္းကို မေဖာက္ရာ ၊ ျပည့္ဦးကင္းကို မႏွိမ္ရာ ၊ ျပည့္တံခြန္ကို မလွဲရာ။ ျပည့္မ်က္စိကို မထုတ္ရာ ၊ ျပည့္စြယ္ကို မခ်ိဳးရာ ၊ ျပည့္မ်က္ႏွာကို မဖ်က္ရာ ၊ ျပည့္ေျချပည့္လက္ကို မျဖတ္ရာ ‘ ဟု အကြၽန္ုပ္ ေလွ်ာက္ခဲ့ပါသည္။ အရွင္မင္းႀကီး မနာယူ၍ ယခုကဲ့သို႔ ဒုကၡေတြ႕ရပါသည္ ” ဟု ေလွ်ာက္၏။

 

မင္းႀကီးက ထိုအေၾကာင္းကို ေမးျမန္း၍ ေလွ်ာက္သည္ကား ” ျပည့္ႀကီးဝမ္းႏွင့္တူေသာ သူေဌးသူႂကြယ္တို႔ကို အျပစ္မရွိဘဲ အျပစ္ရွာ၍ ပစၥည္းဥစၥာကို ယူျခင္း ၊ ၎တို႔ ေသေသာအခါ အေမြခံ သားသမီးရွိလ်က္ မင္းက သိမ္းယူျခင္းတို႔သည္ ျပည့္ဝမ္းကို ေဖာက္သည္မည္၏။ ” ” ျပည့္ဦးကင္းႏွင့္ တူေသာ မႉးမတ္ႀကီးတို႔ကို မေထာက္မခ်င့္ သတ္ျဖတ္ျခင္းသည္ ျပည့္ဦးကင္းကို ႏွိမ္သည္ မည္၏။

” ” ျပည့္တံခြန္ႏွင့္တူေသာ ရေသ့ ရဟန္း သူေတာ္ေကာင္း ပညာရွိတို႔ကို မေထာက္မခ်င့္ မ်က္ေတာ္မူျခင္းသည္ ျပည့္တံခြန္ကို လွဲသည္ မည္၏။ ” ” ျပည့္မ်က္စိႏွင့္တူေသာ ပိဋကတ္ ေဗဒင္တတ္ ပညာရွိတို႔ကို မေထာက္မခ်င့္ မ်က္ျခင္းသည္ ျပည့္မ်က္စိကို ထုတ္သည္ မည္၏။ ” ” ျပည္၏ အစြယ္ႏွင့္တူေသာ မင္းညီမင္းသားတို႔ကို မေထာက္မခ်င့္ မ်က္ျခင္းသည္ ျပည့္စြယ္ကို ခ်ိဳးသည္ မည္၏။

” ” ျပည့္မ်က္ႏွာႏွင့္တူေသာ သားပ်ိဳ ၊ သမီးပ်ိဳ ၊ သူ႕မယားတို႔ကို အနိုင္အထက္ ယူျခင္းသည္ ျပည့္မ်က္ႏွာကို ဖ်က္သည္ မည္၏။ ” ” ျပည့္ေျခ ၊ ျပည့္လက္ႏွင့္တူေသာ သူရဲသူခက္ စစ္သည္တို႔ကို မေထာက္မခ်င့္ မ်က္ျခင္းသည္ ျပည့္ေျခ ၊ ျပည့္လက္တို႔ကို ျဖတ္သည္ မည္၏ ” ဟူ၍ ေလွ်ာက္ေပ၏။ မင္းႀကီးလည္း ရွင္မိဖုရား ေရွးက ဤကဲ့သို႔ စုံလင္ေသခ်ာစြာ ငါ့ကို ေလွ်ာက္တင္ပါလွ်င္ ဤသို႔ျဖစ္ရမည္ မဟုတ္ဟု ေနာင္တ ရေတာ္မူ၏။

တစ္ဖန္ မိဖုရားေစာက ” အရွင္မင္းႀကီး သားေတာ္ ၊ ျပည္စား သီဟသူအား စားသုံးရန္ ဝက္ေပါင္ ေပးေနက်ကိဳ ဝက္လက္ ရေအာင္ သီဟသူ၏ မယ္ေတာ္က တိတ္တဆိတ္ ႀကံေပးဖူးသျဖင့္ အရွင္မင္းႀကီးက သီဟသူကို ‘ ဝက္လက္ခိုးမသား ‘ ဟု မၾကာမၾကာ ေခၚသည္ကို သီဟသူ စိတ္နာေနပါသည္။ ယခု ဆန္တက္လွ်င္ ထိုျပည္စား သီဟသူက အရွင္မင္းႀကီးကို ရန္ျပဳပါလိမ့္မည္ ” ဟု ေလွ်ာက္ေလ၏။

” ရွင္မိဖုရား သင့္အစ္ကို (ပုသိမ္စား ဥဇနာ) က သတ္မည္ ယူသြားရာ၌ ငါ ကယ္၍ အသက္လြတ္ေလသည္။ အဘယ္မွာ ငါ့ကို ရန္ျပဳအံ့နည္း ” ဟု မိန့္ေတာ္မူ၏။ ထိုေနာက္ မိဖုရားေစာ၏ စကားကို နားမေထာင္ဘဲ ဆန္တက္ေလရာ ျပည္ၿမိဳ႕သို႔ ေရာက္လာ၏။ ထိုအခါ သားေတာ္ ျပည္စား သီဟသူသည္ မိဖုရားေစာ ျမင္သည့္အတိုင္း ခမည္းေတာ္အား အဆိပ္ခတ္ေသာ စားေတာ္ကို ဆက္ေလ၏။

 

မစားေနေသာ္ ဓား ၊ လွံ ၊ လက္နက္ျဖင့္ သတ္မည္ျပဳမွ မိဖုရားေစာက ဤသို႔ ေလွ်ာက္၏။ ” အရွင္မင္းႀကီး ဓား ၊ လွံ ၊ လက္နက္ျဖင့္ ေသြးရဲသံရဲ ျပတ္သတ္၍ေသရသည္ထက္ အဆိပ္ကို စား၍ ေသရသည္က ျမတ္ေသး၏ ” ဟု ေလွ်ာက္၏။ မင္းႀကီးလည္း မိဖုရားေစာ၏ စကားကိုယူ၍ ” ငါသည္ နိဗၺာန္သို႔ မေရာက္မီအၾကား ျဖစ္ေလရာဘဝ၌ သားေယာက္်ား မရသည္ ျဖစ္ေစေသာ္ ” ဟု လက္စြပ္ေတာ္ကို ေရစက္ခ်၍ မိဖုရားေစာအား အပ္ၿပီးလွ်င္ စားေတာ္မူေသာခဏ၌ အနိစၥေရာက္ရရွာေလ၏။

ရွမ္းညီေနာင္ သုံးဦးအား နန္းတင္ေပးပုံနရသီဟပေတ့မင္းႀကီး နတ္႐ြာစံၿပီးေနာက္ သားေတာ္ ဒလစား ေက်ာ္စြာသည္ ၆၄၈ ခုတြင္ နန္းတက္၏။ ခမည္းေတာ္ လက္ထက္က ေကြၽးေမြးသူေကာင္းျပဳထားသူ အသခၤယာ ၊ ရာဇသၾကၤ ံ ၊ သီဟသူ ရွမ္းညီေနာင္ သုံးေယာက္အား ၿမိဳ႕စားေပး၍ ဆက္လက္ ၾကည့္ရႈထားေတာ္မူ၏။

ေက်ာ္စြာ မင္းကား မိဖုရားေစာကို အတိုင္အပင္ မရွိ မခ်ီးမျမႇောက္ ေနဘိ၏။ ဤကို မိဖုရားေစာ စိတ္နာသည္ႏွင့္ ထိုရွမ္းညီေနာင္ သုံးဦးႏွင့္ တိုင္ပင္ညီၫြတ္ၿပီးလွ်င္ ျမင္းစိုင္းအရပ္၌ ဘုရား ၊ ဂူ ၊ ေက်ာင္း ႀကီးက်ယ္စြာ ေဆာက္ေစ၏။ ၿပီးလွ်င္ မင္းႀကီးအား သာဓုေခၚ ႂကြေတာ္မူပါဟု ျဖားေယာင္းေခၚယူ ျမင္းစိုင္းသို႔ ေရာက္ေသာအခါ မင္းႀကီးကို ဖမ္း၍ အတင္းေခါင္းရိတ္ ၊ သကၤန္းဝတ္ေစၿပီးေသာ္ ထိုေက်ာင္း၌ အေစာင့္အေရွာက္ႏွင့္ ထားေလ၏။

ညီေနာင္သုံးပါးတို႔သည္လည္း မိမိတို႔ စားရေသာ ၿမိဳ႕တို႔တြင္ အသီးသီး မင္းၿပိဳင္ျပဳၾကေလ၏။ ပုဂံတြင္ကား ေက်ာ္စြာမင္း၏ သား ေစာနစ္ကို နန္းေစာင့္မင္း မွ်ေလာက္သာ ထားေလသတည္း။ ပင္းယတြင္ နန္းဖြင့္မဂၤလာ စီမံေပးပုံ ရွမ္းညီေနာင္ သုံးဦးအနက္ ေနာင္ေတာ္ႏွစ္ဦး နတ္႐ြာစံသျဖင့္ ညီအနယ္ဆုံး သီဟသူသည္ ပင္းယၿမိဳ႕ကို ၆၇၄ ခုတြင္ မင္းျပဳ၏။

ၿမိဳ႕နန္းတည္ၿပီးလွ်င္ နန္းဖြင့္ နန္းသိမ္း စေသာ အစီအရင္ကို နားမလည္ၾကသည္ႏွင့္ ပုဂံမိဖုရား ဖြားေစာအား ပင့္ခ်ီၾကရေလ၏။ ဖြားေစာက ” သင္တို႔ ေကာင္းစားသည္မွာ ၾကာၿပီ။ ယခုမွ ငါ့ကို သတိရသည္ ” ဆို၍ မလိုက္ဘဲေန၏။ ေနာက္အႀကိမ္ႀကိမ္ ေတာင္းပန္ေလမွ လိုက္လာခဲ့ၿပီးလွ်င္ နန္းဖြင့္မဂၤလာ စေသာ မဂၤလာအခမ္းအနား အမ်ိဳးမ်ိဳး တို႔ကို စီမံေပးရေလ၏။

ထိုအခမ္းအနားတို႔မွာ ပုဂံမွာကဲ့သို႔ပင္ အလြန္ႀကီးက်ယ္ စည္ကားေလသည္။ ဖြားေစာက ” အသင္တို႔ ဘုန္းႀကီးေပစြ ” ဆို၍ အေနာ္ရထာ လက္ထက္ကပင္ရွိေသာ ေ႐ႊေသာက္ေရတင္ ႏွင့္ ေ႐ႊခါးႀကိဳးကို ေပး၏။ သီဟသူကလည္း ႀကီးစြာခ်ီးျမႇောက္ေပ၏။ ပထမ၌ ဆိတ္ထိန္းကမ္းျဖဴ႐ြာ ေတာင္သူႀကီး သမီးငယ္ မယ္ေစာ ၊ ဒုတိယ ဥဇနာမင္းႀကီးထံ၌ ေမာင္းမငယ္ မိဖုရားမေစာ ၊ တတိယ နရသီဟပေတ့ လက္ထက္၌ မိဖုရားႀကီး မိဖုရားေစာ ၊ စတုတၳ ေစာနစ္တို႔ လက္ထက္၌ ဖြားေစာဟု တြင္သည္။

(ေစာနစ္မွာ ေက်ာ္စြာ၏ သား နရသီဟပေတ့၏ ေျမး ျဖစ္သျဖင့္ နရသီဟပေတ့ႏွင့္စပ္၍ အဖြားပင္ ေတာ္သည္။ သို႔ေၾကာင့္ ဖြားေစာ တြင္ေလသည္။) ဤသို႔ ပုဂံမင္း သုံးဆက္ ေလးဆက္ အျမတ္တင္ခံ၍ အစီအရင္ကို ေပးနိုင္ေသာ အဆင္းအဂၤါ အရည္အခ်င္းႏွင့္ ျပည့္စုံေသာ အေထာင္မက အေရာင္အဆင္းလွေသာ မိန္းမတို႔ထက္ အစိုးရေသာ မိဖုရားဖြားေစာ အေၾကာင္းကား ၿပီး၏။

(မူကြဲမိဖုရားဖြားေစာ)

ေက်ာက္စာႏွင့္ တ႐ုတ္ရာဇဝင္ထြက္ မိဖုရားဖြားေစာ ပုဂံမင္းဆက္ေနာက္ပိုင္းတြင္ ေစာဘြဲ႕ခံ မိဖုရားအမ်ား ေပၚေပါက္ခဲ့သည္ကို ေႏွာင္းေခတ္ ရာဇဝင္ဆရာတို႔ ေထြးရွက္ မွတ္မွားခဲ့ၾက၏။ ဤစာမူ၌ မိဖုရားဖြားေစာကိုယ္တိုင္ ေရးထိုးခဲ့ေသာ ေက်ာက္စာပါ တိက်မွန္ကန္ေသာ အခ်က္အလက္မ်ားကို တင္ျပထားသျဖင့္ ရာဇဝင္သုေတသီမ်ားအဘို႔ အသုံးဝင္မည့္ သုေတသနတရပ္ ျဖစ္ေပသည္။

ပုဂံေက်ာက္စာတို႔တြင္ စဝ္ဟု ပါရွိလ်က္ ယခုအခါတြင္ ေစာဟု ေရးၾကေသာ စကားလုံးသည္ နနေခ်ာင္ ရွမ္းတို႔၏ ဘြဲ႕အမည္တစ္ခုျဖစ္၍ ယင္းကို ပုဂံေက်ာက္စာပါ မင္းမိဖုရားအမည္မ်ားတြင္ မၾကာခဏ ေတြ႕ရသည္။ ပုဂံဆက္ ေနာက္ပိုင္းတြင္ ေစာဘြဲ႕ခံ မိဖုရားအမ်ား ေပၚေပါက္ခဲ့သည္ကို ေႏွာင္းေခတ္ ရာဇဝင္ဆရာတို႔သည္ ေထြးရွက္ မွတ္မွားၾကသည္။

တ႐ုတ္ေျပးမင္း (တ႐ုတ္ပိယ္မင္၊ ျမန္မာ ၆၁၇-၆၄၉)၏ ေက်ာ္ေစာထင္ရွားေသာ မိဖုရားႀကီး ဖြားေစာသည္ကား သကၠရာဇ္ ၆၅၂ ခုႏွစ္၊ ၆၅၃ ခုႏွစ္တို႔တြင္ ပုဂံျပည္ မင္းနံသူအရပ္၌ ေစာလွဝန္းဘုရားေက်ာက္စာတို႔ကို ေရးထိုးခဲ့သည့္ သခင္ရာဇသူ ဖြားေစာ(သိင္ရစဖူဖြာစဝ္) ျဖစ္သည္။

ယင္း ေက်ာက္စာတို႔ကို ျမန္မာတိုင္းရင္း ေက်ာက္စာမ်ား၊ တတိယထုပ္၊ ဓာတ္ပုံ ၂၇၂-၅ တို႔တြင္ ျပထားသည္။ ျမန္မာနိုင္ငံ သုေတသန အသင္းဂ်ာနယ္၊ အတြဲ ၂၆၊ စာမ်က္ႏွာ ၁၃၇-၈ တို႔တြင္လည္း အခ်ိဳ႕တဝက္ကို အဂၤလိပ္ဘာသာ ျပန္ဆိုပုံႏွိပ္ထားသည္။ ၎တို႔ အရအဆိုလွ်င္ မိဖုရားဖြားေစာသည္ ဇာတိအားျဖင့္ ေတာင္သူႀကီး သမီးမဟုတ္။ ပုဂံနန္းရိုး မင္းသမီးတစ္ပါး ျဖစ္သည္ကို သိရသည္။

ဖြားေစာ၏ အဖိုးမွာ က်စြာမင္းႀကီး(ကစြာမင္ႀကီ၊ ျမန္မာ ၅၉၇-၆၁၁) ျဖစ္သည္။ မင္းႀကီးသည္ ဖြားေစာကို အလြန္ ခ်စ္ျမတ္နိုး၍ သမီးဟုေခၚေလ့ရွိသည္။ အဖြားမွာ မင္းႀကီး၏ မိဖုရားတပါးျဖစ္ရာ၏ဟု မွတ္ယူဘြယ္ရွိေသာ ေစာမင္းလွ (စဝ္မင္လွ)ျဖစ္သည္။ ေစာမင္းလွသည္လည္း ဖြာေစာကို အလြန္ ခ်စ္ျမတ္နိုးသည္။

အမိမွာ က်စြာမင္းႀကီး၏ သမီးေတာ္ တစ္ပါးျဖစ္၍ ဟန္လင္းသည္၏သား(ေျမး) အမတ္သေရ (သရိယ္)ႏွင့္ လက္ထပ္သည္။ အမတ္သေရသည္ က်စြာမင္းႏွင့္ ဥစၥနာမင္းတို႔၏ လက္ထက္တြင္၎၊ တ႐ုတ္ေျပးမင္းလက္ထက္ ေစာေစာပိုင္းတြင္၎ ထင္ရွားသည္။

သကၠရာဇ္ ၅၉၉ ခုႏွစ္တြင္ ေစာလွဝန္းဘုရားႏွင့္ ေက်ာင္းတို႔ကို ဦးစြာ တည္သည္။ ဖြားေစာ၏ ညီမတစ္ေယာက္ကား ႀတိေလာကစျနၵဟူ၍၎၊ သုံးလူ႕လ (သုံလူလ)ဟူ၍၎ တြင္၍ ဥစၥာနာမင္း (ျမန္မာ ၆၁၁-၇)၏ ေတာင္ျဖစ္သည္ မိဖုရားႀကီး ျဖစ္သည္။

(ၾကာ ေသာ္ သုံလူလကို သမၻဴလဟု မွတ္မွားၾကသည္။) တလၿမိဳ႕ (တံေတြးၿမိဳ႕)တြင္ ဥစၥနာမင္းတို႔ လုပ္ႀကံခံရၿပီးေနာက္၌ တ႐ုတ္ေျပးမင္းဟု တြင္အံ့ေသာ ပန္းပြတ္သည္မႏွင့္ရေသာ သားေတာ္သည္ ပုဂံထီးနန္းကို ဆက္ခံသည္။ ထိုမင္းသည္ ငယ္႐ြယ္ေသးသည္ျဖစ္၍ မင္းအျဖစ္၌ တည္တံ့ခိုင္ၿမဲရန္အလို႔ငွာ ဖြားေစာ၏အစ္မ ရတနာပုံကို နန္းတင္သည္။

အလြန္လည္း ခ်စ္ျမတ္နိုးသည္။ နန္းတင္၍ ခုနစ္ႏွစ္အၾကာ သကၠရာဇ္ ၆၂၄-ခုတြင္ ရတနပုံ အနိစၥေရာက္လွ်င္ မင္ႀကီးသည္ မိဖုရားကိုရည္၍ မင္းနံသူအရပ္တြင္ ေက်ာင္းႏွင့္ကူတို႔ကို တည္သည္။ ကူမွာ ယခုအခါ ငလူးဂူဟုတြင္သည္။ ရတနာပုံမရွိမွ ညီမေတာ္ ဖြားေစာကို နန္းတင္သည္ဟု ယူမွတ္ဖြယ္ရွိသည္။ ဖြားေစာတြင္ သားသမီးမရွိဟု ရာဇဝင္တို႔ဆိုသည္ကား မမွန္။

တ႐ုတ္ေျပးမင္းႏွင့္ သားေတာ္ႏွစ္ပါး ရသည္။ ယင္းတို႔ကား ေက်ာက္စာတို႔တြင္ ‘ခ်စ္စြာေသာ ငါ့သားလွ’ဟု ဆိုေသာ မင္းသား ရာဇသူ တစ္ပါး၊ ညီမင္းသားက်စြာတစ္ပါးတို႔တည္း။ သကၠရာဇ္ ၆၂၆-ခုႏွစ္တြင္ ဖြားေစာသည္ ခမည္းေတာ္၏ ေက်ာင္း၌ ဦးစြာေသာ အလႉကို ျပဳေတာ္မူသည္။

 

၆၄၆ ခု (ခရစ္ ၁၂၈၄)ႏွစ္ ေဆာင္းရာသီတြင္ တ႐ုတ္စစ္ ေရာက္၍ မင္းႀကီး အေၾကသို႔စုန္ေသာ္ ဖြားေစာလည္းပါ၍ ျပည္ၿမိဳ႕ အေနာက္ဘက္ လွည္းက်မဳဆိုး႐ြာ(လွည္ကမုဆိုဝ္႐ြာ)သို႔ ေရာက္ဝင္ စခန္းခ်ခဲ့ပု၌ရသုည္၊ ၆၄၈၊ ၆၄၉ ခုႏွစ္ဆီတြင္ တ႐ုတ္မင္း ခုဗိလဲခနႏွင့္ စစ္ေျပၿငိမ္း၍ ပုဂံသို႔ ဆန္တက္ရာတြင္ ျပည္ၿမိဳ႕၌ ျပည္သူႀကီးလုပ္ႀကံ၍ မင္းႀကီး အနိစၥေရာက္သည္။

တစ္ဖန္ ျပည္သူႀကီးကို မင္းႀကီး၏သားေတာ္တစ္ပါးျဖစ္ေသာ တလသူႀကီးက လုပ္ႀကံေဖ်ာက္ဖ်က္လိုက္ပုံရသည္။ ထိုေနာက္ တလသူႀကီးသည္ တ႐ုတ္တို႔ထံတြင္ အညံ့ခံ၍ ၆၅၁-ခုႏွစ္ ႏြယ္တာလတြင္ ပုဂံျပည္၌ ေ႐ႊနန္းရွင္ (ရႈယ္နန္သွ်င္) ဟူေသာ အမည္ျဖင့္ အဘိသိက္ခံယူသည္။ သို႔ပင္ျဖစ္လင့္ကစား ေ႐ႊနန္းရွင္ည္ ေက်ာက္ဆည္ကို မင္းျပဳေသာ ရွမ္းညီေနာင္ အမတ္သုံးပါးတို႔၏ မ်က္ႏွာကိုၾကည့္၍သာလွ်င္ မင္းျပဳရရွာ သည္။

ထိုအခါ ဖြားေစာသည္ ႏွစ္ဦးႏွစ္ဖက္လုံးႏွင့္ သင့္ျမတ္ ေအာင္ ႀကံေဆာင္ ေနထိုင္သည္။ ေ႐ႊနန္းရွင္၏ မိဖုရားအျဖစ္ ကိုလည္း ခံယူသည္။ ၆၅၂ ခုႏွစ္တြင္ ဖြားေစာသည္ သားေတာ္ မ်ားႏွင့္အတူ ပုဂံျပည္သို႔ ျပန္ေရာက္ေနၿပီျဖစ္၍ ေစာလွဝန္း ေက်ာင္းကို ျမတ္ႀကီးအစလဗုဒၶိအား တင္လႉသည္။

 

၆၅၃ ခုႏွစ္ တန္ခူးလျပည့္ေန႕တြင္ သားေတာ္ရာဇသူ အနိစၥေရာက္ရာ ဖြားေစာသည္ ႏွလုံးထိတ္လန႔္ရကား သားေတာ္၏ ေကာင္းမႈ ေစတီ မၿပီးေသးသည္ကို အၿပီးတိုင္ တည္ေတာ္မူ ၿပီးလွ်င္ ခမ္းလည္းခမ္းနား ေက်းလည္းေက်ကြဲဘြယ္ ေကာင္းေသာ ဆုေတာင္းႀကီးကို ေတာင္းဆိုေရးထိုးခဲ့သည္။ ထိုဆုေတာင္ႀကီး ကား ပုဂံေခတ္၏ ေနာက္ဆုံးပိတ္ မရဏေတးသံႀကီးပင္ ျဖစ္သည္ဟု ဆိုထိုက္ေတာ့သည္။ ထိုဆုေတာင္းႀကီးမွ ေကာက္ႏုတ္ခ်က္အနည္းငယ္ကို ယခုေခတ္ အေရးမ်ိဳးျဖင့္ လဲလွယ္၍ ေအာက္တြင္ ေဖာ္ျပထားသည္။

သကၠရာဇ္ ၆၅၃ ခု နယုန္လဆန္း ၁၁ ရက္ ၅ ေန႕ အေစာရာဇသူ ေစတီတည္ေသာ ရာဇသူမိ ႏွလုံးထိတ္လန႔္ရကား ငါ၏ မိဖဘိုးေဘးတို႔လည္း အေမြဥစၥာတို႔ကို စြန႔္ခဲ့၍ သြားခဲ့ ကုန္၏။

ခ်စ္စြာေသာ ငါ့သားလွလည္း အေမြဥစၥာႏွင့္ တကြ ငါမိရင္းကို စြန႔္ခဲ့ၿပီးကား ငါလည္း သူမယူနိုင္၍ ထားခဲ့ေသာ အေမြဥစၥာတို႔ကို၎ မပါတတ္ေသာအေၾကာင္းကို သိရကား ငါ့မိ ငါ့ဘ ငါ့သား အမ်ိဳးခပ္သိမ္းကို နိဗၺာန္၏ ပစၥည္းအေထာက္အပင့္ ျဖစ္စိမ့္ေသာငွာ လႉတုံေသာေျမ— သကၠရာဇ္ ၆၅၃ ခု နယုန္လဆန္း ၁ဝရက္ ၄ ေန႕ ကြန္းေျပာက္ႀကီး ထြက္ေတာ္မူေသာ္ အတို႔ကြၽန႔္ဖလည္း မရွိ။ အတို႔ကြၽန္မိလည္း မရွိ။

အတို႔ကြၽန္သားလည္း မရွိ။ အတို႔ကြၽန္ ဖကြၽန္ အတို႔ကြၽန္ မိကြၽန္၊ အတို႔ကြၽန္ ကြၽန္၊ ခပ္သိမ္းေသာ ကြၽန္ကား အတို႔ကြၽန္မိေက်ာင္း၊ အတို႔ကြၽန္ ဖကြၽန္ေက်ာင္း၊ အတို႔ကြၽန္သားေစတီ၊ ဤသုံးပါးကို အတို႔ကြၽန္ လႉရကား လႉေတာ္မူပါေစခ်င္ဟု ဆိုသတည္း။

 

ဤသို႔ ငါလႉေသာ အက်ိဳးကား ငါ့အဖိုး က်စြာမင္းႀကီး၊ ငါ့ဖြား ေစာင္မင္းလွ၊ ငါ့မိမင္း၊ ငါ့ဖ၊ ငါ့ခ်စ္သား ႏွစ္ေယာက္ အဘျဖစ္ေသာ အတို႔သခင္မင္းႀကီး၊ ငါ့သခင္သား တရားမင္း ႀကီး၊ ငါ့ဦးရီးေတာ္ သိက‡သူ၊ ငါ့မိေထြး အမိဖုရား သုံးလူ႕လ၊ ငါ့အစ္မ အမိဖုရား၊ ရတနာပုံ၊ ငါ့ေမာင္သုံးေယာက္၊ ငါ့ညီမ ၂ ေယာက္ လြန္ေလေသာ အမ်ိဳးခပ္သိမ္း၊ ယခုေသာ အမ်ိဳးခ်ပ္ သိမ္း၊ ေမာင္းမမိသင္ခပ္သိမ္း၊ အထက္ကား ဘဝဂ္တိုင္ေအာင္၊ ေအာက္ကား အဝီစိတိုင္ေအာင္၊ ေလးမ်က္ႏွာ အနႏၲစၾကဝဠာ ခပ္သိမ္း ရပါေစ၏။—

 

ငါလည္း ဤေကာင္းမႈအက်ိဳးျဖင့္ ဤမွေသခဲ့လွ်င္ စြယ္ ေတာ္ကိုလွ်င္ မေကြမကင္း ညနံနက္လွ်င္ ရွိခိုးရေသာ နတ္သား ျဖစ္လို၏။ငါလိုေသာဆု မေရာက္ေသာၾကားကား ဘုရားေလာင္း တကာ ျဖည့္ရာေသာ ဒသပါရမီကို ျဖည့္ရလိုသတည္း။

သကၠရာဇ္ ၆၅၉ ခုႏွင့္ ၆၆၁ ခုအတြင္းတြင္ ရွမ္းညီေနာင္ တို႔သည္ တ႐ုတ္တို႔ထံတြင္ အညံ့ခံေသာ ေ႐ႊနန္းရွင္ကို အရိုေသ တန္ကာ နန္းခ်၍ ေဖ်ာက္ဖ်က္ခဲ့သည္။ ထိုေနာက္ ေ႐ႊနန္းရွင္၏သား ေစာနစ္(စဝ္နစ္)ကို ပုဂံေ႐ႊနန္းတြင္ တင္ၾက ျပန္၍ မိမိတို႔မူကား ေက်ာက္ဆည္တြင္ မင္းထီးမူၾကသည္။

ပုဂံထီးေမြနန္းေမြပို ပိုမို ခံယူခြင့္ရွိေသာ ဖြားေစာ၏သား က်စြာ မင္းကိုမူ ရွမ္းညီေနာင္တို႔သည္ ေက်ာက္ဆည္တြင္ ထိန္းသိမ္း ထားပုံရသည္။ ေနာင္ေသာအခါ ထိုမင္းသားကို ျမင့္စိုင္းၿမိဳ႕ အနီးရွိ ပုထိုးနီ႐ြာကို စားရေသာ ပုထိုးနီမင္း (ပုထိုဝ္နီမင္)ႏွင့္ လက္ထပ္ေပးစားလိုက္သည္။

ဖြားေစာမွာ ေမာင္သုံးေယာက္ႏွင့္ ညီမႏွစ္ေယာက္ရွိသည္။ ဖြားေစာ မည္သည့္ သကၠရာဇ္တြင္ အနိစၥေရာက္သည္ကို အတိ အက် မသိရေသာ္လည္း ေ႐ႊနန္းရွင္အလ်င္ အနိစၥေရာက္သည္ မွာကား ထင္ရွားသည္။ ဖြားေစာမရွိလွ်င္ ညီမေတာ္သည္
တတိယဖြားေစာအျဖစ္ျဖင့္ မိဖုရားအရာကိုရ၍ ေနာင္ေသာအခါ ေစာနစ္၏ မိဖုရားႀကီးလည္း ျဖစ္လာသည္။

 

ဤတတိယ ဖြားေစာသည္ သားေတာ္သမီးေတာ္တို႔ႏွင့္ အတူ ပုဂံ အေရွ႕ ေတာင္ဘက္ သုံးမိုင္ကြာတြင္ တည္ရွိေသာ႐ြာႀကီး၌ ဆက္လက္ ေနထိုင္ကာ ႐ြာကို ဖြားေစာ႐ြာဟု တြင္ေစခဲ့သည္။ ကူဘုရား၊ ေစတီ၊ ကုလားေက်ာင္း မ်ားစြာတို႔ကိုလည္း တည္ေဆာက္ လႉတန္းခဲ့သည္။ ယင္းတို႔သည္ကား ပုဂံေခတ္၏ ေနာက္ဆုံး ပိတ္ ဗိသုကာလက္ရာေကာင္းမ်ားေပတည္း။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *