ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

 

 

 

ရှန်ဂရီလာ (သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးနယ်မြေတစ်ခု ဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျိန်းဟီလ်တန် (James Hilton) စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ် ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ ဒီနာမည်ကိုပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ်။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာ အမည်နဲ့ပဲ ဘာသာပြန်ထားတာ ရှိပါတယ်။

ရှန်ဂရီလာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာ တစ်ခုဆိုတာကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝ ရှိကြမှာပါ။

မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာလည်း မကြာခဏ ထည့်ရေးလေ့ ရှိပါတယ် ။ ရှန်ဂရီလာနဲ့ ပါတ်သက်လို့ သံတူကြောင်းကွဲ အကြောင်းအရာ များစွာရှိပေမယ့် တူညီတဲ့ အချက်တွေကတော့ ဟိမဝန္တာတောင်တန်း တစ်နေရာတွင်ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ် ဒေသဖြစ်ခြင်း၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိခြင်း စသည်တို့ ဖြစ်ပါတယ် ။

တကယ်တော့ ရှန်ဂရီလာ (ShangriLa) သည် တိဗက်စကားလုံး Shang (တိဗက်ဒေသတစ်ခု) Gri (တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ် ဖွင့်နိုင်ပါတယ်။

ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်း ဖြစ်ပါတယ်။

ဒဏ္ဍရီ ဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသေဆုံးနိုင်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိတဲ့ ထူးဆန်းတဲ့လူမျိုးများ နေထိုင်ရာဒေသ ဖြစ်ပါတယ်။ ဒီလျှို့ဝှက်နယ်မြေကို အမှတ်မထင် ရောက်ဖူးသူအချို့ ရှိခဲ့ပါတယ်။

 

ဒါပေမယ့် အပြင်ပြန်ရောက်ပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ ဘယ်လိုမှ ရှာဖွေမတွေ့နိုင်တော့ပဲ ဒီနေရာဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ သိရပါတယ်။

 

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ်နဲ့အနာဂတ်ကို ပြောပြနိုင်တဲ့ တိဗက်ဘုန်းတော်ကြီးတွေ တရား ကျင့်ကြံကြပါတယ်။ ဒီဒေသကို ကမ္ဘာ့အစိမ်းရောင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး တရားဓမ္မတွေ ထွန်းကားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ယန်းဇီးမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ္ဍရီဆန်လောက်အောင် လှပလွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည် ယူနန်စီရင်စုရဲ့ တောင်ဖက်စူးစူးတွင် တည်ရှိသော အံ့သြဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်းနှင့် တိဗက်ဒေသကြားရှိ ဗုဒ္ဓဘာသာထွန်းကားသော ဟိမဝန္တာ တောင်တန်းဒေသများသည် ကမ္ဘာလှည့် ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာဟု အမည်ပေးခဲ့ပါတယ်။တိဗက်ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာတည်ရှိတဲ့ ဒေသဟုဆိုကြပါတယ်။

ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီး ထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Hunza တောင်ကြားဒေသ ဖြစ်တယ်ဟု ဆိုပြန်ပါတယ်။တိဗက်နယ်စပ်နှင့်နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းငယ်ပ Hilton ဟာ သွားရောက် လည်ပတ်ခဲ့ပါတယ်။

ဟိမဝန္တာ အနောက်ပိုင်းရှိ တောင်များ ဝန်းရံထားတဲ့ စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝထ္ထုပါ ရှန်ဂရီလာဒေသနှင့် လည်း ပထဝီအနေအထားအရ နီးနီးစပ်စပ် တူညီမှု ရှိပါတယ်။

ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသာက်မှာ ဆတ်သားဟင်း ဖြစ်ပါတယ်။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့် နေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။

 

Credit

 

Zawgyi

ထူးဆန္းမႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ မေသဆုံးနိုင္တဲ့ေဒသ (သို႔) ဒ႑ာရီထဲက ရွန္ဂရီလာ

 

 

ရွန္ဂရီလာ (သို႔) ရွန္ဘဲလားေဒသဟာ စိတ္ကူးနယ္ေျမတစ္ခု ျဖစ္ၿပီး ဒီနာမည္ကို ၁၉၉၃ ခုႏွစ္တြင္ ထုတ္ေဝခဲ့တဲ့ စာေရးဆရာ ဂ်ိန္းဟီလ္တန္ (James Hilton) စာအုပ္မွာ စတင္ေခၚဆိုခဲ့ျခင္း ျဖစ္ပါတယ္။

စာေရးသူဟာ ဒီေနရာေဒသကို အမွန္တကယ္ ေရာက္ရွိခဲ့ၿပီး ရွန္ဂရီလာဆိုတဲ့ ဒီနာမည္ကိုေပးဖို႔ စိတ္ကူးခဲ့ေၾကာင္း ေျပာထားပါတယ္။ ထိုစာအုပ္ကို ဆရာေမာင္ထြန္းသူက ရွန္ဂရီလာ အမည္နဲ႕ပဲ ဘာသာျပန္ထားတာ ရွိပါတယ္။

ရွန္ဂရီလာလို႔ ဆိုလိုက္တာနဲ႕ ျမန္မာျပည္ေျမာက္ပိုင္းက ထူးဆန္းမႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ မေသဆုံးနိုင္ေသာ ဒ႑ာရီေနရာ တစ္ခုဆိုတာကို ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးနားဝ ရွိၾကမွာပါ။

ျမန္မာစာေရးဆရာေတြရဲ႕ စာအုပ္ေတြထဲမွာလည္း မၾကာခဏ ထည့္ေရးေလ့ ရွိပါတယ္ ။ ရွန္ဂရီလာနဲ႕ ပါတ္သက္လို႔ သံတူေၾကာင္းကြဲ အေၾကာင္းအရာ မ်ားစြာရွိေပမယ့္ တူညီတဲ့ အခ်က္ေတြကေတာ့ ဟိမဝႏၲာေတာင္တန္း တစ္ေနရာတြင္ရွိျခင္း၊ ေအးခ်မ္းေပ်ာ္႐ႊင္ဖြယ္ ေဒသျဖစ္ျခင္း၊ ျပင္ပကမာၻႏွင့္ အဆက္အသြယ္ မရွိျခင္း စသည္တို႔ ျဖစ္ပါတယ္ ။

တကယ္ေတာ့ ရွန္ဂရီလာ (ShangriLa) သည္ တိဗက္စကားလုံး Shang (တိဗက္ေဒသတစ္ခု) Gri (ေတာင္) La (pass) တို႔ ေပါင္းလိုက္ေသာအခါ Shang Mountain Pass ဟု အဂၤလိပ္ဘာသာျဖင့္ အဓိပၸါယ္ ဖြင့္နိုင္ပါတယ္။

ရွန္ဂရီလာရဲ႕ ပုံျပင္ဟာ တိဗက္ဗုဒၶဘာသာ ေရွးေဟာင္းၿမိဳ႕ေတာ္ ရွန္ဘဲလာမွ ဆင္းသက္လာတဲ့ အယူအဆလည္း ျဖစ္ပါတယ္။

ဒ႑ရီ ဇာတ္လမ္းေတြထဲမွာေတာ့ ရွန္ဂရီလာဆိုတာ မေသဆုံးနိုင္တဲ့ ျပင္ပကမာၻနဲ႕ အဆက္အစပ္မရွိတဲ့ ထူးဆန္းတဲ့လူမ်ိဳးမ်ား ေနထိုင္ရာေဒသ ျဖစ္ပါတယ္။ ဒီလွ်ို႔ဝွက္နယ္ေျမကို အမွတ္မထင္ ေရာက္ဖူးသူအခ်ိဳ႕ ရွိခဲ့ပါတယ္။

 

ဒါေပမယ့္ အျပင္ျပန္ေရာက္ၿပီး ဒီေနရာကို ျပန္လည္ရွာေဖြရာမွာေတာ့ ဘယ္လိုမွ ရွာေဖြမေတြ႕နိုင္ေတာ့ပဲ ဒီေနရာဟာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားတယ္လို႔ သိရပါတယ္။

 

ရွန္ဂရီလာေဒသမွာ လားမားဘုန္းေတာ္ႀကီးေတြ လူေတြရဲ႕အတိတ္နဲ႕အနာဂတ္ကို ေျပာျပနိုင္တဲ့ တိဗက္ဘုန္းေတာ္ႀကီးေတြ တရား က်င့္ႀကံၾကပါတယ္။ ဒီေဒသကို ကမာၻ႔အစိမ္းေရာင္ နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး တရားဓမၼေတြ ထြန္းကားတဲ့ နယ္ေျမလည္း ျဖစ္ပါတယ္။

ယန္းဇီးျမစ္ႀကီး စီးဝင္ရာ ရွန္ဂရီလာေဒသသည္ တကယ့္ကို ဒ႑ရီဆန္ေလာက္ေအာင္ လွပလြန္းတဲ့ ေဒသျဖစ္ၿပီး တ႐ုတ္ျပည္ ယူနန္စီရင္စုရဲ႕ ေတာင္ဖက္စူးစူးတြင္ တည္ရွိေသာ အံ့ၾသဖြယ္ရာ နယ္ေျမတစ္ခုလည္း ျဖစ္ပါတယ္။

အိႏၵိယေျမာက္ပိုင္းႏွင့္ တိဗက္ေဒသၾကားရွိ ဗုဒၶဘာသာထြန္းကားေသာ ဟိမဝႏၲာ ေတာင္တန္းေဒသမ်ားသည္ ကမာၻလွည့္ ခရီးသည္မ်ားအား အလြန္ဆြဲေဆာင္နိုင္ေသာ ေဒသလည္း ျဖစ္ပါတယ္။

၂၀၀၁ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံမွ Zhongdia ေဒသအား ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္ရန္ ရွန္ဂရီလာဟု အမည္ေပးခဲ့ပါတယ္။တိဗက္ေဒသရွိ ဒ႑ာရီဆန္ေသာ ခြန္းလြန္ေတာင္ အခ်ိဳ႕ေဒသမ်ားဟာလည္း ရွန္ဂရီလာတည္ရွိတဲ့ ေဒသဟုဆိုၾကပါတယ္။

ရွန္ဂရီလာ တည္ရွိသည္ဟု နာမည္ႀကီး ထင္ရွားသည့္ ေဒသတစ္ခုမွာ ပါကစၥတန္နိုင္ငံ ေျမာက္ပိုင္းရွိ Hunza ေတာင္ၾကားေဒသ ျဖစ္တယ္ဟု ဆိုျပန္ပါတယ္။တိဗက္နယ္စပ္ႏွင့္နီးေသာ ထိုေနရာေဒသအား The Lost Horizon မထုတ္ေဝမီ ႏွစ္အနည္းငယ္ပ Hilton ဟာ သြားေရာက္ လည္ပတ္ခဲ့ပါတယ္။

ဟိမဝႏၲာ အေနာက္ပိုင္းရွိ ေတာင္မ်ား ဝန္းရံထားတဲ့ စိမ္းစိုလန္းဆန္းေသာ ထိုနယ္ေျမေဒသဟာ ဝထၳဳပါ ရွန္ဂရီလာေဒသႏွင့္ လည္း ပထဝီအေနအထားအရ နီးနီးစပ္စပ္ တူညီမႈ ရွိပါတယ္။

ထိုေဒသမွ ရွန္ဂရီလာ အပန္းေျဖစခန္းသည္လည္း ကမာၻလွည့္ ခရီးသည္မ်ားအား ဆြဲေဆာင္နိုင္တဲ့ ေနရာ ျဖစ္ပါတယ္။ ရွန္ဂရီလာ၏ အထူးျခားဆုံး အစားအသာက္မွာ ဆတ္သားဟင္း ျဖစ္ပါတယ္။ အလြန္ကို ေကာင္းမြန္လတ္ဆတ္ၿပီး မည္သည့္ ေနရာတြင္မွ မရနိုင္ဟုလည္း သိရပါတယ္။

 

Credit

Leave a Reply

Your email address will not be published. Required fields are marked *