သမိုင်းတကွေ့မှ ပုပ္ပါး ဗိုလ်နက်ကျော် အကြောင်း

သမိုင်းတကွေ့မှ ပုပ္ပါး ဗိုလ်နက်ကျော် အကြောင်း

 

 

 

သီပေါမင်းပါတော်မူ၍ သူ့ကျွန်ဘဝသို့ရောက်သည်ဟု သိရသည်နှင့်တပြိုင်နက်မြန်မာပြည်အရပ်ရပ်ရှိ မြို့သူကြီး၊ မြင်းစီး၊ မြင်းခေါင်း၊ ရွာ သူ ကြီးစသည်တို့သည် မိမိတို့နယ်သူနယ်သားတို့ကို ဦးစီးလျက် နယ်ချဲ့ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ကြသည်။

မြန်မာ့သတ္တိကို ပြခွင့်မရလိုက်သော တော်လှန်ရေးတပ်သားများသည်လည်း နီးစပ်ရာခေါင်းဆောင်များအောက်သို့ ခိုဝင်လျက် ကိုယ့်ထီးကိုယ့်နန်းကို ပြန်လည်သိမ်း ပိုက်နိုင်ရန် စီမံကြသည်။

ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ကြသည့် မြန်မာနိုင်ငံဒေသအသီးသီးမှ တိုင်းရင်းသားမျိုး ချစ်ခေါင်းဆောင်များထဲ တွင် ပုပ္ပါးနယ်မှ ဗိုလ်နက်ကျော်သည်လည်း အပါအဝင်ဖြစ်သည်။ဗိုလ်နက်ကျော်သည် ပုပ္ပါးဇာတိသားဖြစ်သည်။

အဖ ပုပ္ပါးရွာသား ဗိန္ဓောဆရာကြီး ဦးနက် ခေါ် ဆရာကျော် နှင့် အမိ ဒေါ်အပ်တို့၏ သားသမီး ၆ ဦးအနက် တတိယမြောက်သားဖြစ်သည်။ ၁၈၅၂ ခုနှစ်တွင် ဖွားမြင်၍ ငယ်မည်မှာ မောင်ရွှေဆန်းဖြစ်သည်။ ၎င်း၏ မွေးချင်းများမှာ ဒေါ်ကူး၊ ဒေါ်လုံး၊ ဦးရွှေဆန်း (ဗိုလ်နက်ကျော်)၊ ဦးရွှေလန်း၊ ဦးရွှေမှန်း၊ ဦးရွှေပန်း တို့ဖြစ်သည်။

ဦးရွှေဆန်း ခေါ် ဗိုလ်ဆန်း ခေါ် ဗိုလ်နက်ကျော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်စဉ်က သူ့အသက်သည် ၃၄ နှစ်သာ ရှိသေးသည်။ သူ့တွင် ဇနီးနှစ်ယောက်ရှိသည်။ ပထမဇနီးမှာ ဒေါ်မင်းဇံဖြစ်ပြီး ဒုတိယဇနီးမှာ ဒေါ်ငယ်ဖြစ်သည်။ပထမဇနီး ဒေါ်မင်းဇံမှ မယ်ချို၊မယ်ပိုဟူသော သမီးနှစ်ယောက် ထွန်းကားသည်။

မြန်မာပြည်ကို နယ်ချဲ့ဗြိတိသျှတို့ သိမ်းပိုက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနေရာအနှံ့အပြားတို့တွင် မြန်မာများအား အင်္ဂလိပ်အစိုးရ၏ ကြေးစားကုလားစစ်တပ်များက အမျိုးမျိုး နှိပ်စက်ညှဉ်းပမ်းကြသဖြင့် ပုဂံနယ်မှ ဗိုလ်ချို၊ ဝဲလောင်မှ ဗိုလ်ရာညွန့်၊

ကျွန်းခင်းကြီးမှ ဗိုလ်လှကျော် တို့သည် သူ့ကျွန်မခံလိုသော စိတ်ဓါတ်ဖြင့် လူသူစုရုံးကာ ရရာလက်နက်များကို စွဲကိုင်ကာ နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်နေသည့် သတင်းကို ကြားသိရသည်နှင့်တပြိုင်နက် ပုပ္ပါးနယ်မှ စိတ်ချရသော ကိုလှကျော်၊
ကိုဖားကြီး၊ ကိုရွှေဘို၊ ကိုပြောင်၊ ကိုဖိုးသိုင်းကြီး အစရှိသည့် မျိုးချစ်အာဇာနည်သူရဲကောင်း (၁၁) ဦးကို စုဆောင်း၍ ဓါး၊ လှံ၊ လေးမြားလက်နက်များကို ကိုင်ဆောင်ကာ ပုပ္ပါးနယ်မြေသို့ ကုလားစစ်တပ်များ အလာကို စောင့်ဆိုင်းနေကြသည်။

ဗိုလ်နက်ကျော်တို့အဖွဲ့သည် လက်နက်လူသူစုဆောင်းပြီး ၆ ရက်အကြာတွင် ညောင်ဦးမြို့မှနေ၍ အင်္ဂလိပ်စစ်တပ်များ ပုပ္ပါးသို့ စစ်ချီလာမည့်အကြောင်း အောင်ပန်းများဖြင့် ကြိုဆိုရန် ဗိုလ်နက်ကျော်၏ ဖခင် ဆရာနက်ထံ လှမ်း၍ အကြောင်းကြားစာ ပေးပို့လိုက်သည်။

ထိုအကြောင်းကို ဗိုလ်နက်ကျော်တို့အဖွဲ့ သိရှိသွားရာ ကုလားစစ်တပ်များအား ခုခံတိုက်ခိုက်ရန် အပူတပြင်း စီစဉ်တော့သည်။ဗိုလ်နက်ကျော်၏ဖခင် ဆရာနက်သည် ပုပ္ပါးဒေသတွင် ဗိန္ဓောဆေးဆရာဖြစ်သည့်အပြင် ပုပ္ပါးတွင်လူကြီးလည်းဖြစ်သောကြောင့် ရပ်ရွာအရေးကိစ္စနှင့်ပတ်သက်၍ အရေး ကြီး ကိစ္စမှန်သမျှကို သူ့ထံအကြောင်းကြားရသည်။

ဆရာနက်ထံ စာရောက်ပြီးနောက် ၂ ရက်မြောက်နေ့တွင် ကုလားစစ်တပ်များသည် ကျောက်ပန်းတောင်းဘက်မှ ဖြတ်၍ ပုပ္ပါးကို ချီတက်လာမည်ဟု တိကျစွာ သတင်းရရှိထားရာ ဗိုလ်နက်ကျော်တို့အဖွဲ့သည် ပုပ္ပါးရွာတောင်ဘက် ၂ မိုင်အကွာရှိ စူးစပ်ရိုး ခေါ် အနောက်ရသေ့တောင် ကုန်းထိပ်မှ တုတ်၊ ဓား၊ လှံ၊ လေး၊ မြှား လက်နက်များအပြင် ကျောက်မောင်းကြီးများပါ ဆင်ပြီး ကုလားစစ်တပ်များ အလာကို စောင့်နေကြသည်။

ကုလားစစ်တပ်များသည် ယင်းနေ့ညနေ ၃ နာရီ အချိန်လောက်တွင် ယခုကျောက်ပန်းတောင်းမြင်းခြံသွား မော်တော်ကားလမ်း အတိုင်း ချီတက်လာကြသည်။ ထိုစဉ်က ယင်းလမ်းသည် လမ်းချောမဟုတ် တောလမ်းကြမ်းဖြစ်သည်။

ဗိုလ်နက်ကျော်တို့အဖွဲ့သည် ကုလားတပ်များ မိမိပစ်ကွင်းအတွင်း ဝင်လာသည်နှင့် တပြိုင်နက် ကျောက်မောင်းများကို အဆက် မပြတ်ဖြုတ်ချ၍ အပြင်းအထန်တိုက်ခိုက် တော့သည်။ ကုလားစစ်တပ်သည် ဤသို့ လုံးဝမမျှော်လင့်သည့် ခုခံတိုက်ခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရသဖြင့် ရှေ့မတိုးရဲတော့ဘဲ အဝေးမှသာ ပစ်ခတ်နိုင်တော့သည်။

ဗိုလ်နက်ကျော်တို့အဖွဲ့နှင့် ကုလားစစ်တပ်များ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၅ နာရီလောက်တွင် ကုလားစစ်တပ်များ ဆုတ်ခွာထွက်ပြေးသွားတော့သည်။ထို့နောက် ကုလားစစ်တပ် နောက်တစ်နေ့တွင် ပုပ္ပါးအနောက်ဘက် ကိုးကွေ့တပင်အိုင်ဘက်မှ ဝင်၍ အမြောက်များဖြင့် ပစ်ခတ်ပြီးပုပ္ပါးနယ်ကို ဝင်စီးနင်းတော့သည်။

အဆိုပါတိုက်ပွဲတွင် ပုပ္ပါးမှ နာမည်ကျော် ဆေးဘုန်းကြီး ဦးယုဂံလည်း ပါဝင်တိုက်ခိုက်ခဲ့သည်။ ကုလားစစ်တပ်များ ပုပ္ပါးရွာကို ဝင်စီးမိသည်နှင့် ဘုန်ကြီးကျောင်းမှန်သမျှကို မီးရှို့ပစ်ကြသည်။ပုပ္ပါးရွာကို ကုလားစစ်တပ်များ တပ်စခန်းချနေသည့်အတွက် ဗိုလ်နက်ကျော်ခေါင်းဆောင်သော မျိုးချစ်တော်လှန်ရေးတပ်သားများ သည် ပုပ္ပါးရွာ၌ မနေကြတော့ဘဲ တောထဲ၌ပင် စခန်းချခဲ့ကြသည်။

ဗိုလ်နက်ကျော်တို့ စခန်းချရာ နေရာကို သံဘိုရွာသား ကိုကြင်ယာဆိုသူက ကိုးကွေ့တပင်အိုင်ဘက်မှ လမ်းပြခေါ်ဆောင်လာသည် ဟု ဗိုလ်နက်ကျော်တို့အဖွဲ့ သတင်းရရှိသဖြင့် သံဘိုရွာသို့ သွားရောက်၍ အမျိုးသားသစ္စာဖောက် ကိုကြင်ယာကို သတ်ဖြတ်ပစ်လိုက်ကြသည်။ကုလားစစ်တပ်များသည် ယခုအခါ ပုပ္ပါးမြို့ရှေ့ကျောင်းဟုခေါ်သော ဘုန်းကြီးကျောင်းဝိုင်းနှင့် အရှေ့ဘက်မှ ကပ်လျက်ရှိသည့် ဦးလှမောင်၏ သရက်ခြံထဲတွင် တပ်စခန်းချလျက်ရှိသည်။

 

ဗိုလ်နက်ကျော်သည် တောခိုပြီး ၇ ရက်မြောက် ညတစ်ညတွင် ဆရာနက်အိမ်သို့ ပုခုံးတဖက်မှ သေနတ်တလက်လွယ်ပြီး ညာဘက်မှ ငှက်ကြီးတောင်ဓါးကို ကိုင်ထားသည့် လူတစ်ယောက် အိမ်ထဲသို့ ရုတ်တရက်ဝင်ရောက်လာရာ အိမ်သားအားလုံး ကြောက်လန့်သွားကြသည်။နောက်မှ ဝင်လာသူက –အဖေ – ကျုပ် ရွှေဆန်းပါ´ ဟု ပြောလိုက်မှ အကြောက်ပြေသွားကြသည်။

မောင်ဆန်း ငါတို့ မင်းအတွက် ရင် လေးပါတယ်။ ဘာလို့ ဒီအလုပ်ကို လုပ်ချင်ရတာလဲ၊ တောထဲမှာ မနေဘဲ အိမ်မှာကိုယ်ရှိန်သတ်ပြီး၊ အသာနေစမ်းပါ။ မင်းမှာ အန္တရာယ်က များလွန်းတယ်´ ဟု သူ့ အစ်မ အကြီးဆုံး ဒေါ်ကူးက ပြောသည်။လူမျိုးခြားရဲ့ အနှိပ်အစက်ကိုတော့ ကျုပ်ဘယ်နည်းနဲ့မှ မခံဘူး။

 

ကျုပ်တို့လူမျိုးကို နှိပ်စက်တဲ့ ဒီနယ်ချဲ့ကောင်တွေကို ဒီနယ်မှ ထွက်သွားအောင်တိုက်ရလိမ့်မယ်´ ဟု ဗိုလ်နက်ကျော်က ဒေါမာန်ပါပါ ပြောလိုက်ရာ ဖခင်ဖြစ်သူက –ရွှေဆန်း မင်းစကားတွေက ကြီးကျယ်လွန်းတယ်။ မင်းတို့ရှိတာက ဓါးပဲရှိတယ်။ သူတို့က အဝေးကို လှမ်းပစ်နိုင်တဲ့ ယမ်းလက်နက်တွေနဲ့ တကယ်တမ်း ယှဉ် ပြိုင်တိုက်ခိုက်ရင် မင်းတို့ရှုံးမှာပဲ။

ပြီးတော့ မင်းတို့လူအင်အားက ငါသိရသလောက် ၁၁ ယောက် ၁၂ ယောက်လောက်ပဲ ရှိတာ။ သူတို့က အခု ငါတို့ရွာမှာတပ်စွဲနေတာ ၂၀၀ လောက် ရှိတယ်လို့ သိရတယ်။ ဒီလောက်လူအင်အားရော၊ လက်နက်အင်အားပါ အစစအရာရာ သူတို့က သာနေတဲ့အတွက် သူတို့ကို တော်လှန်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ရွှေဆန်း´ဟုတ်တယ် ကျုပ်ပြောတာတွေဟာ အခုတော့ ရယ်စရာလိုဖြစ်နေမှာပဲ။

တနေ့ကျရင်တော့ ကျုပ်ပြောတာတွေ အကောင်အထည်ပေါ်လာမှာပဲ။ ပြီးတော့ အခုဆိုရင် ပုဂံက ဗိုလ်ချို၊ ဝဲလောက်က ဗိုလ်ရာညွန့်၊ ကျွန်းခင်းကြီးက ဗိုလ်လှကျော်တို့လည်း လူသူလက်နက်တွေ စုဆောင်းပြီး ဒီနယ်ချဲ့အင်္ဂလိပ်တွေကို တိုက်နေတယ်လို့ ကျုပ်တို့ကြားရတယ်။ သူတို့နဲ့ လည်း အဆက် အသွယ်လုပ်မယ်လို့ ကျုပ်စဉ်းစားထားတယ်။

အခုကြည့် ကျုပ်မှာ ဒီခွေးကောင်တွေဆီက သေနတ်တလက်ရထားတယ်။ နောက်ဆိုရင် အများကြီးရအောင် လုပ်မယ်။ လက်နက်အင်အား၊ လူအင်အားများလာတဲ့တစ်နေ့မှာ ဒီနယ်ချဲ့မိစ္ဆာကောင်တွေကို ကျုပ်တို့ ပုပ္ပါးနယ်သာမက ကျုပ်တို့ဗမာ့မြေပေါ်ကပါ ထွက်သွားအောင် တိုက်ထုတ်ပစ်ရမှာပဲ´ဟု ပြောဆိုကာ ဗိုလ်နက်ကျော်သည် သူရထားသော သေနတ်တစ်လက်ကို ပြရင်း သူ့ရည်ရွယ်ချက်ကို ပြောပြနေသည်။

ထို့နောက် ဖခင်ဖြစ်သူ ဆရာနက်ကျော်က –ဒါနဲ့နေစမ်းပါအုံး။ အခု မင်းတို့ ဘယ်မှာနေတုန်း။ ဘယ်လိုကော စားသောက်နေထိုင်ကြတုန်း။ ထမင်းကို ဒီကလာပို့ရမလား´ ဟု ပြောရာ-`အခုအချိန်မှာ ကျုပ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူးအဖေ၊ ကျုပ်တို့နေတဲ့နေရာကိုလည်း ပြောပြလို့ မဖြစ်ဘူးအဖေ၊ အခုကျုပ်လာတာလည်း စားသောက်ရေးအတွက် ဆီ၊ ဆန်၊ ဆား လာယူတာပါပဲ။

ဒီပြင်လူတွေ လွှတ်ရင် ကျုပ်တို့ နေတဲ့နေရာကို အဖေ၊ အမေ၊ မိန်းမတွေ ပြောမှာစိုးလို့ ကျုပ်ကိုယ်တိုင်လာတာပဲ´ဗိုလ်နက်ကျော် သူ့မိသားစုနှင့် ခဏစကားပြောပြီးနောက် ရိက္ခာထုပ်များကို ထမ်းကာ ပြန်လည်ထွက်ခွာသွားလေသည်။

ဗိုလ်နက်ကျော်ဦးဆောင်သည့် နယ်ချဲ့တော်လှန်ရေးတပ်သားများသည် ကုလားစစ်တပ်များကို တောထဲမှ ချုံခိုတိုက်ခိုက်ရင်းဖြင့်တဖက်မှ လူသူ၊ လက်နက် များကို စည်းရုံးစုဆောင်းနေရသည်။

ဆောင်းရာသီ၏ နေ့တစ်နေ့ ညနေ ၅ နာရီ အချိန်လောက်တွင် ဗိုလ်နက်ကျော်တို့အဖွဲ့ သူတို့စခန်းအတွင်း၌ ပြောင်းဖူးစေ့ပြုတ်များ စားနေစဉ် ပုဆိုးတောင်ရှည်ကို ခါးတောင်းကျိုက်ပြီး ငှက်ကြီးတောင်ဓါးကို စလွယ်သိုင်းထားသည့် လူတယောက် ရုတ်တရက်ဝင်လာရာ ဗိုလ်နက်ကျော်သည် လျင်မြန်စွာ ဓါးကို ထဆွဲသည်တွင်-ဟာ…. ဗိုလ်ချိုပါလား။ ဝမ်းသာလိုက်တာဗျာ။ ဗိုလ်နက်ကျော်ဆိုတာ ကျုပ်ပဲ။

ကျုပ်ကလည်း ခင်ဗျားတို့နဲ့ တွေ့ချင်နေတာကြာပြီ။ ကဲ… ထိုင်ဗျာ။ ဟေ့ ဖိုးသိုင်း ပြောင်းဖူးစေ့တစ်ပွဲပေးကွာ´ဗိုလ်နက်ကျော်တို့အဖွဲ့က ဗိုလ်ချိုအား လှိုက်လှဲစွာကြိုဆို၍ ရင်းနှီးစွာ ဧည့်ခံပြုစုနေကြသည်။ ယင်းနောက် ဗိုလ်နက်ကျော်နှင့် ဗိုလ်ချိုတို့သည် နယ်ချဲ့တော်လှန်ရေးအစီအစဉ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဗိုလ်နက်ကျော်တို့အဖွဲ့သည် ယခုအခါ လူအင်အား ၂၃ ယောက်အထိ ရှိလာခဲ့သည်။ ယင်းတို့အဖွဲ့သည် နယ်ချဲ့စစ်တပ်အား လစ်လျှင်လစ်သလို တိုက်ခိုက်လေ့ရှိသည်။ ထိုအခါ ဗိုလ်နက်ကျော်တို့အဖွဲ့ကို နယ်ချဲ့စစ်တပ်ကလည်း တောနင်းရှာဖွေတော့သည်။ ဗိုလ်နက်ကျော်တို့အဖွဲ့အား သူပုန်၊ သူခိုး၊ ဓါးပြ အဖွဲ့အဖြစ် စွပ်စွဲ၍ ဗိုလ်နက်ကျော်အား အသေရရ အရှင်ရရ ဖမ်းဆီးမိလျှင် ဆုတွေချီးမြှင့်မည်ဟုလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဗိုလ်နက်ကျော်သည် ကုလားစစ်တပ်၏ အခြေအနေကို စုံစမ်းရန် သူ့ညီ ရွှေလန်းကို ခေါ်၍ ကုလားစစ်သားများ စခန်းချရာ ရွာထဲသို့ သွားရောက်၍ ဖဲရိုက်ကစားခဲ့သေးသည်။ယင်းနောက် ပုဂံဗိုလ်ချိုနှင့် ပုပ္ပါးဗိုလ်နက်ကျော်တို့ ဦးဆောင်သည့် နယ်ချဲ့တော်လှန်ရေးတပ်ဖွဲ့သည် ကုလားစစ်တပ်ကို ဝင်စီးတိုက်ခိုက်ရာ လူသူလက်နက် မမျှသဖြင့် အောင်မြင်မှုမရခဲ့ချေ။

 

အဆိုပါတိုက်ပွဲတွင် ဗိုလ်နက်ကျော်တို့မှ နှစ်ဦးကျဆုံးခဲ့ပြီး ကုလားစစ်တပ်မှ သေနတစ်လက်သာ ရရှိခဲ့သည်။ထိုအချိန်တွင် ပုပ္ပါးမြောက်ဘက်တလွှွားတွင်လည်း ကုလားစစ်တပ်များသောင်းကျန်းနေသည့်သတင်းကို ဗိုလ်နက်ကျော်တို့ ကြားသိရသဖြင့် ကိုရွှေဗိုလ်ကို လူ ၁ဝ ယောက် အုပ်ချုပ်စေပြီး ငါးရံ့ကုန်း၊ ချိုင်းရွာ၊ မြောက်တော အစရှိသည့် တပ်စွဲ၍ လွှတ်ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပုပ္ပါးနယ်တဝိုက်တွင် ဗိုလ်နက်ကျော်နှင့် ဗိုလ်ချိုတို့ တိုက်ခိုက်ရေးလုံးပမ်းနေစဉ် ပုဂံနယ်တွင် အင်္ဂလိပ်စစ်တပ်များ ဝင်ရောက်သောင်းကျန်းနေသည့် သတင်း ကြားသိရသဖြင့် ဗိုလ်ချိုမှာ သူနယ်ဘက်ကို ပြန်ရန် အပူတပြင်း စီစဉ်ရလေသည်။ကဲ ဗိုလ်နက်ကျော်၊ ကျုပ်နယ်ဘက်မှာလည်း တစ်နေ့တခြား ဆိုးရွားလာပြီတဲ့။ ဒါ့ကြောင့် ကျုပ်လည်း ကျုပ်နယ်ဘက်ကို ပြန်ပြီး လူသူလက်နက်စုဆောင်းတိုက်ခိုက်ရအုံးမယ်။

 

ခင်ဗျားလည်း ကိုရွှေဗိုလ် နဲ့ ဆက်သွယ်ပြီး အခြေအနေပေးသလို ကြည့်ပြီးသာ တော်လှန်ပေတော့´ ဟုပြောဆိုကာ ပုဂံဘက်သို့ ထွက်ခွာသွားသည်။ပုဂံဗိုလ်ချိုသည် ပုဂံစီရင်စုအရှေ့ပိုင်းရှိ ငါ့သယောက်ဆည်ရွာမှ ၁၈၈၆ ဖန်နဝါရီလကပင် ဗြိတိသျှနယ်ချဲ့တို့ကို ရရာလူသူစုဆောင်း၍ တိုက်ခိုက်ခဲ့သူဖြစ်သည်။

 

ထို့နောက် ဗြိတိသျှနယ်ချဲ့တို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပုဂံဗိုလ်ချိုနှင့် သားနှစ်ယောက်ဖြစ်သည့် ဗိုလ်ဘိုးဆင်၊ ဗိုလ်ဘိုးဝင်တို့ကို ပုဂံမြို့သီရိပစ္စယာအရပ်ရှိ ဂူပြောက်ဘုရားတွင် ခိုအောင်းနေစဉ် ဗြိတိသျှပုလိပ်တပ်များက ဖမ်းမိကာ ကြိုးပေးသတ်လိုက်သည့်သ တင်း ဗိုလ်နက်ကျော်တို့သို့ ရောက်ရှိလာခဲ့သည်။

ပုပ္ပါးတောင်ဝန်းကျင်တခို မြူခြေဆိုင်းသော နေ့တစ်နေ့၏ ညနေ ၅ နာရီခွဲအချိန်လောက်တွင် ဗိုလ်နက်ကျော်နှင့် ဖိုးသိုင်းကြီးနှင့်အတူ ကုလားစစ်တပ်အခြေအနေကို စုံစမ်းရန်အလာတွင် ယခုမြေကျေးရှင်ရုံးမြောက်ဘက် အမြှောင်လမ်းကြားအရောက်တွင် လက်နက်ကိုယ်စီဖြင့် ကုလားစစ်သားလေးယောက်ကို ခပ်လှမ်းလှမ်းမှ မြင်တွေ့လိုက်ရသဖြင့် လမ်းဘေးချုံထဲသို့ ဝင်ကပ်နေလိုက်ကြသည်။`ဖိုးသိုင်း ဒီနေရာက သူတို့ စခန်းနဲ့ သိပ်ကပ်နေတဲ့အတွက် သေနတ်သုံးလို့မဖြစ်ဘူး။

 

အနားရောက်မှ အနီးကပ်ပြီး ငါက ဓါးနဲ့ ဝင်ခုတ်မယ်။မင်းက သေနတ်ကို အသင့်ပြင်ထား။ လိုအပ်မှပစ်၊ အခြေအနေကောင်းပါလိမ့်မယ်။ သူတို့လာပုံကိုကြည့် ပတ်ဝန်းကျင်ကို ဘာမှ ဂရုမစိုက်ဘူး။ ဒီတော့ ဒီနေရာမှာ စွန့်စားရမှာပဲ။ ဒီအခွင့်အရေးမျိုး ကြုံခဲတာပ။ ကဲ…. နီးကပ်လာပြီ။ စ ရအောင်´ ဟု ဗိုလ်နက်က ဖိုးသိုင်းကို သတိပေးပြီး သူ၏ဓါးကို မြဲမြဲဆုပ်ကိုင်အသင့်စောင့်နေသည်။

 

မကြာမီအချိန်အတွင်း ကုလားလေးယောက်နှင့် ဝင်ပိုင်းရာ ကုလားများမှာ ခုခံချိန်မရလိုက်ဘဲ ဗိုလ်နက်ကျော်၏ ဓါးသွားဖြင့် အသက်ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။ထိုချုံခိုတိုက်ပွဲတွင် ဗိုလ်နက်ကျော်သည် စွန့်စားခဲ့သည်နှင့်အမျှ နယ်ချဲ့သမားများ၏ သေနတ်ကို မြန်မာ့ဓါးဖြင့် အစွမ်းပြအနိုင်ယူလိုက်သည်။

ဤကဲ့သို့ ဗိုလ်နက်ကျော်၏ နယ်ချဲ့တော်လှန်ရေးလှုပ်ရှားမှုများ တဖက်မှ အောင်မြင်သလောက် ချိုင်းရွာဘက်တွင် တာဝန်ယူနေသော ဖိုးရွှေဗိုလ်သည် ပင်ကိုယ်စိတ်ဓါတ်မခိုင်မာသူဖြစ်သည့်အတိုင်း တော်လှန်ရေးလှုပ်ရှားမှုများ လျော့နည်းလာသည်။ ရန်သူအပေါ် တိုက်ခိုက်မှုလည်း စိတ်ထက်သန်မှု မရှိတော့ချေ။ပိုဆိုးလာသည်မှာ ပြည်သူအပေါ်သစ္စာဖောက်၍ ရွာသူရွာသားများ၏ ရွှေ၊ ငွေ ပစ္စည်းများကို လစ်လျှင်လစ်သလို လုယက် ခိုးယူ တိုက်ခိုက်တော့သည်။

ထိုသတင်းကို ဗိုလ်နက်ကျော်ထံ သတင်းပေါက်ကြားသွားရာ ချက်ချင်းပင် ဖိုးရွှေဗိုလ်ထံလိုက်သွားသည်။ ဖိုးရွှေဗိုလ်သည် ဗိုလ်နက်ကျော်၏ စိတ်ကိုသိသူဖြစ်သည့်အတိုင်း ခရီးရောက်မဆိုက်မှာပင် ဗိုလ်နက်ကျော် အလစ်ငိုက်နေစဉ်အတွင် လက်ဦးအောင် သတ်ပစ်လိုက်သည်။ဤသို့အားဖြင့် နယ်ချဲ့အင်္ဂလိပ်၏ ကျွန်ပြုမှုကို မခံလိုသော တော်လှန်ရေးအာဇာနည် ပုပ္ပါးဗိုလ်နက်ကျော်ခေါ် ဗိုလ်ဆန်းသည် အမျိုးဖျက်သစ္စာဖောက်လက်ချက်ဖြင့် ရေတိမ်နစ်ကာ ဘဝနိဂုံးချုပ်သွားခဲ့ရလေသည်။

ဗိုလ်နက်ကျော်အသတ်ခံရသည့်နေရာသည် ယခုငါးရံ့ကုန်းရွာအဝင် တံခါးအနီးမှ လျှိုကြီးထဲ၌ ဖြစ်သည်။ ဗိုလ်နက်ကျော်ကို ဖိုးရွှေဗိုလ်က သတ်ပစ်သည့်အကြောင်းကို ဖိုးရွှေဗိုလ်အဖွဲ့မှ ကိုပြောင်က ပုပ္ပါးရှိ ဗိုလ်နက်ကျော်တပ်ဖွဲ့မှ ဖိုးသိုင်းကြီး၊ ကိုဖားကြီး၊ ကိုလှကျော်တို့ကို လာရောက်ပြောပြရာ ဗိုလ်နက်ကျော်တပ်သားများက ချက်ချင်းပင် ဖိုးရွှေဗိုလ်ရှိရာ ငါးရံ့ကုန်းသို့ လိုက်သွားပြီး ဖိုးရွှေဗိုလ်အား အပြတ်ရှင်းလိုက်ကြသည်။

မည် သို့ဆိုစေ… ဗိုလ်နက်ကျော်မှာ အသက်သာသေသော်လည်း သူ၏ နယ်ချဲ့တော်လှန်ရေးလှုပ်ရှားမှုကား မသေခဲ့ပေ။ သူလှုံ့ဆော် ခဲ့သည့် တပ် လှန့်သံသည် မြန်မာပြည်အလယ်ပိုင်း၌ အိပ်မောကျနေသော လူထုကို နှိုးဆွလိုက်သဖြင့် ဗိုလ်နက်ကျော်မရှိသည့်နောက်ပိုင်းတွင် လည်း တဗိုလ်ကျ တဗိုလ်တက် ဖြင့် နယ်ချဲ့တော်လှန်ရေးဆန့်ကျင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။

 

Credit

 

Zawgyi

 

သမိုင္းတေကြ႕မွ ပုပၸါး ဗိုလ္နက္ေက်ာ္ အေၾကာင္း

 

 

သီေပါမင္းပါေတာ္မူ၍ သူ႕ကြၽန္ဘဝသို႔ေရာက္သည္ဟု သိရသည္ႏွင့္တၿပိဳင္နက္ျမန္မာျပည္အရပ္ရပ္ရွိ ၿမိဳ႕သူႀကီး၊ ျမင္းစီး၊ ျမင္းေခါင္း၊ ႐ြာ သူ ႀကီးစသည္တို႔သည္ မိမိတို႔နယ္သူနယ္သားတို႔ကို ဦးစီးလ်က္ နယ္ခ်ဲ့ၿဗိတိသွ်တို႔ကို ေတာ္လွန္တိုက္ခိုက္ၾကသည္။

ျမန္မာ့သတၱိကို ျပခြင့္မရလိုက္ေသာ ေတာ္လွန္ေရးတပ္သားမ်ားသည္လည္း နီးစပ္ရာေခါင္းေဆာင္မ်ားေအာက္သို႔ ခိုဝင္လ်က္ ကိုယ့္ထီးကိုယ့္နန္းကို ျပန္လည္သိမ္း ပိုက္နိုင္ရန္ စီမံၾကသည္။

ထိုကဲ့သို႔ နယ္ခ်ဲ့အဂၤလိပ္တို႔ကို ေတာ္လွန္တိုက္ခိုက္ၾကသည့္ ျမန္မာနိုင္ငံေဒသအသီးသီးမွ တိုင္းရင္းသားမ်ိဳး ခ်စ္ေခါင္းေဆာင္မ်ားထဲ တြင္ ပုပၸါးနယ္မွ ဗိုလ္နက္ေက်ာ္သည္လည္း အပါအဝင္ျဖစ္သည္။ဗိုလ္နက္ေက်ာ္သည္ ပုပၸါးဇာတိသားျဖစ္သည္။

အဖ ပုပၸါး႐ြာသား ဗိေႏၶာဆရာႀကီး ဦးနက္ ေခၚ ဆရာေက်ာ္ ႏွင့္ အမိ ေဒၚအပ္တို႔၏ သားသမီး ၆ ဦးအနက္ တတိယေျမာက္သားျဖစ္သည္။ ၁၈၅၂ ခုႏွစ္တြင္ ဖြားျမင္၍ ငယ္မည္မွာ ေမာင္ေ႐ႊဆန္းျဖစ္သည္။ ၎၏ ေမြးခ်င္းမ်ားမွာ ေဒၚကူး၊ ေဒၚလုံး၊ ဦးေ႐ႊဆန္း (ဗိုလ္နက္ေက်ာ္)၊ ဦးေ႐ႊလန္း၊ ဦးေ႐ႊမွန္း၊ ဦးေ႐ႊပန္း တို႔ျဖစ္သည္။

ဦးေ႐ႊဆန္း ေခၚ ဗိုလ္ဆန္း ေခၚ ဗိုလ္နက္ေက်ာ္သည္ နယ္ခ်ဲ့အဂၤလိပ္တို႔ကို ေတာ္လွန္စဥ္က သူ႕အသက္သည္ ၃၄ ႏွစ္သာ ရွိေသးသည္။ သူ႕တြင္ ဇနီးႏွစ္ေယာက္ရွိသည္။ ပထမဇနီးမွာ ေဒၚမင္းဇံျဖစ္ၿပီး ဒုတိယဇနီးမွာ ေဒၚငယ္ျဖစ္သည္။ပထမဇနီး ေဒၚမင္းဇံမွ မယ္ခ်ိဳ၊မယ္ပိုဟူေသာ သမီးႏွစ္ေယာက္ ထြန္းကားသည္။

ျမန္မာျပည္ကို နယ္ခ်ဲ့ၿဗိတိသွ်တို႔ သိမ္းပိုက္ၿပီး ျမန္မာနိုင္ငံအလယ္ပိုင္းေနရာအႏွံ႕အျပားတို႔တြင္ ျမန္မာမ်ားအား အဂၤလိပ္အစိုးရ၏ ေၾကးစားကုလားစစ္တပ္မ်ားက အမ်ိဳးမ်ိဳး ႏွိပ္စက္ညွဥ္းပမ္းၾကသျဖင့္ ပုဂံနယ္မွ ဗိုလ္ခ်ိဳ၊ ဝဲေလာင္မွ ဗိုလ္ရာၫြန႔္၊

ကြၽန္းခင္းႀကီးမွ ဗိုလ္လွေက်ာ္ တို႔သည္ သူ႕ကြၽန္မခံလိုေသာ စိတ္ဓါတ္ျဖင့္ လူသူစု႐ုံးကာ ရရာလက္နက္မ်ားကို စြဲကိုင္ကာ နယ္ခ်ဲ့တို႔အား တြန္းလွန္တိုက္ခိုက္ေနသည့္ သတင္းကို ၾကားသိရသည္ႏွင့္တၿပိဳင္နက္ ပုပၸါးနယ္မွ စိတ္ခ်ရေသာ ကိုလွေက်ာ္၊
ကိုဖားႀကီး၊ ကိုေ႐ႊဘို၊ ကိုေျပာင္၊ ကိုဖိုးသိုင္းႀကီး အစရွိသည့္ မ်ိဳးခ်စ္အာဇာနည္သူရဲေကာင္း (၁၁) ဦးကို စုေဆာင္း၍ ဓါး၊ လွံ၊ ေလးျမားလက္နက္မ်ားကို ကိုင္ေဆာင္ကာ ပုပၸါးနယ္ေျမသို႔ ကုလားစစ္တပ္မ်ား အလာကို ေစာင့္ဆိုင္းေနၾကသည္။

ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕သည္ လက္နက္လူသူစုေဆာင္းၿပီး ၆ ရက္အၾကာတြင္ ေညာင္ဦးၿမိဳ႕မွေန၍ အဂၤလိပ္စစ္တပ္မ်ား ပုပၸါးသို႔ စစ္ခ်ီလာမည့္အေၾကာင္း ေအာင္ပန္းမ်ားျဖင့္ ႀကိဳဆိုရန္ ဗိုလ္နက္ေက်ာ္၏ ဖခင္ ဆရာနက္ထံ လွမ္း၍ အေၾကာင္းၾကားစာ ေပးပို႔လိုက္သည္။

ထိုအေၾကာင္းကို ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕ သိရွိသြားရာ ကုလားစစ္တပ္မ်ားအား ခုခံတိုက္ခိုက္ရန္ အပူတျပင္း စီစဥ္ေတာ့သည္။ဗိုလ္နက္ေက်ာ္၏ဖခင္ ဆရာနက္သည္ ပုပၸါးေဒသတြင္ ဗိေႏၶာေဆးဆရာျဖစ္သည့္အျပင္ ပုပၸါးတြင္လူႀကီးလည္းျဖစ္ေသာေၾကာင့္ ရပ္႐ြာအေရးကိစၥႏွင့္ပတ္သက္၍ အေရး ႀကီး ကိစၥမွန္သမွ်ကို သူ႕ထံအေၾကာင္းၾကားရသည္။

ဆရာနက္ထံ စာေရာက္ၿပီးေနာက္ ၂ ရက္ေျမာက္ေန႕တြင္ ကုလားစစ္တပ္မ်ားသည္ ေက်ာက္ပန္းေတာင္းဘက္မွ ျဖတ္၍ ပုပၸါးကို ခ်ီတက္လာမည္ဟု တိက်စြာ သတင္းရရွိထားရာ ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕သည္ ပုပၸါး႐ြာေတာင္ဘက္ ၂ မိုင္အကြာရွိ စူးစပ္ရိုး ေခၚ အေနာက္ရေသ့ေတာင္ ကုန္းထိပ္မွ တုတ္၊ ဓား၊ လွံ၊ ေလး၊ ျမႇား လက္နက္မ်ားအျပင္ ေက်ာက္ေမာင္းႀကီးမ်ားပါ ဆင္ၿပီး ကုလားစစ္တပ္မ်ား အလာကို ေစာင့္ေနၾကသည္။

ကုလားစစ္တပ္မ်ားသည္ ယင္းေန႕ညေန ၃ နာရီ အခ်ိန္ေလာက္တြင္ ယခုေက်ာက္ပန္းေတာင္းျမင္းၿခံသြား ေမာ္ေတာ္ကားလမ္း အတိုင္း ခ်ီတက္လာၾကသည္။ ထိုစဥ္က ယင္းလမ္းသည္ လမ္းေခ်ာမဟုတ္ ေတာလမ္းၾကမ္းျဖစ္သည္။

ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕သည္ ကုလားတပ္မ်ား မိမိပစ္ကြင္းအတြင္း ဝင္လာသည္ႏွင့္ တၿပိဳင္နက္ ေက်ာက္ေမာင္းမ်ားကို အဆက္ မျပတ္ျဖဳတ္ခ်၍ အျပင္းအထန္တိုက္ခိုက္ ေတာ့သည္။ ကုလားစစ္တပ္သည္ ဤသို႔ လုံးဝမေမွ်ာ္လင့္သည့္ ခုခံတိုက္ခိုက္မႈႏွင့္ရင္ဆိုင္ခဲ့ရသျဖင့္ ေရွ႕မတိုးရဲေတာ့ဘဲ အေဝးမွသာ ပစ္ခတ္နိုင္ေတာ့သည္။

ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕ႏွင့္ ကုလားစစ္တပ္မ်ား ၂ နာရီေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ညေန ၅ နာရီေလာက္တြင္ ကုလားစစ္တပ္မ်ား ဆုတ္ခြာထြက္ေျပးသြားေတာ့သည္။ထို႔ေနာက္ ကုလားစစ္တပ္ ေနာက္တစ္ေန႕တြင္ ပုပၸါးအေနာက္ဘက္ ကိုးေကြ႕တပင္အိုင္ဘက္မွ ဝင္၍ အေျမာက္မ်ားျဖင့္ ပစ္ခတ္ၿပီးပုပၸါးနယ္ကို ဝင္စီးနင္းေတာ့သည္။

အဆိုပါတိုက္ပြဲတြင္ ပုပၸါးမွ နာမည္ေက်ာ္ ေဆးဘုန္းႀကီး ဦးယုဂံလည္း ပါဝင္တိုက္ခိုက္ခဲ့သည္။ ကုလားစစ္တပ္မ်ား ပုပၸါး႐ြာကို ဝင္စီးမိသည္ႏွင့္ ဘုန္ႀကီးေက်ာင္းမွန္သမွ်ကို မီးရွို႔ပစ္ၾကသည္။ပုပၸါး႐ြာကို ကုလားစစ္တပ္မ်ား တပ္စခန္းခ်ေနသည့္အတြက္ ဗိုလ္နက္ေက်ာ္ေခါင္းေဆာင္ေသာ မ်ိဳးခ်စ္ေတာ္လွန္ေရးတပ္သားမ်ား သည္ ပုပၸါး႐ြာ၌ မေနၾကေတာ့ဘဲ ေတာထဲ၌ပင္ စခန္းခ်ခဲ့ၾကသည္။

ဗိုလ္နက္ေက်ာ္တို႔ စခန္းခ်ရာ ေနရာကို သံဘို႐ြာသား ကိုၾကင္ယာဆိုသူက ကိုးေကြ႕တပင္အိုင္ဘက္မွ လမ္းျပေခၚေဆာင္လာသည္ ဟု ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕ သတင္းရရွိသျဖင့္ သံဘို႐ြာသို႔ သြားေရာက္၍ အမ်ိဳးသားသစၥာေဖာက္ ကိုၾကင္ယာကို သတ္ျဖတ္ပစ္လိုက္ၾကသည္။ကုလားစစ္တပ္မ်ားသည္ ယခုအခါ ပုပၸါးၿမိဳ႕ေရွ႕ေက်ာင္းဟုေခၚေသာ ဘုန္းႀကီးေက်ာင္းဝိုင္းႏွင့္ အေရွ႕ဘက္မွ ကပ္လ်က္ရွိသည့္ ဦးလွေမာင္၏ သရက္ၿခံထဲတြင္ တပ္စခန္းခ်လ်က္ရွိသည္။

 

ဗိုလ္နက္ေက်ာ္သည္ ေတာခိုၿပီး ၇ ရက္ေျမာက္ ညတစ္ညတြင္ ဆရာနက္အိမ္သို႔ ပုခုံးတဖက္မွ ေသနတ္တလက္လြယ္ၿပီး ညာဘက္မွ ငွက္ႀကီးေတာင္ဓါးကို ကိုင္ထားသည့္ လူတစ္ေယာက္ အိမ္ထဲသို႔ ႐ုတ္တရက္ဝင္ေရာက္လာရာ အိမ္သားအားလုံး ေၾကာက္လန႔္သြားၾကသည္။ေနာက္မွ ဝင္လာသူက –အေဖ – က်ဳပ္ ေ႐ႊဆန္းပါ´ ဟု ေျပာလိုက္မွ အေၾကာက္ေျပသြားၾကသည္။

ေမာင္ဆန္း ငါတို႔ မင္းအတြက္ ရင္ ေလးပါတယ္။ ဘာလို႔ ဒီအလုပ္ကို လုပ္ခ်င္ရတာလဲ၊ ေတာထဲမွာ မေနဘဲ အိမ္မွာကိုယ္ရွိန္သတ္ၿပီး၊ အသာေနစမ္းပါ။ မင္းမွာ အႏၲရာယ္က မ်ားလြန္းတယ္´ ဟု သူ႕ အစ္မ အႀကီးဆုံး ေဒၚကူးက ေျပာသည္။လူမ်ိဳးျခားရဲ႕ အႏွိပ္အစက္ကိုေတာ့ က်ဳပ္ဘယ္နည္းနဲ႕မွ မခံဘူး။

 

က်ဳပ္တို႔လူမ်ိဳးကို ႏွိပ္စက္တဲ့ ဒီနယ္ခ်ဲ့ေကာင္ေတြကို ဒီနယ္မွ ထြက္သြားေအာင္တိုက္ရလိမ့္မယ္´ ဟု ဗိုလ္နက္ေက်ာ္က ေဒါမာန္ပါပါ ေျပာလိုက္ရာ ဖခင္ျဖစ္သူက –ေ႐ႊဆန္း မင္းစကားေတြက ႀကီးက်ယ္လြန္းတယ္။ မင္းတို႔ရွိတာက ဓါးပဲရွိတယ္။ သူတို႔က အေဝးကို လွမ္းပစ္နိုင္တဲ့ ယမ္းလက္နက္ေတြနဲ႕ တကယ္တမ္း ယွဥ္ ၿပိဳင္တိုက္ခိုက္ရင္ မင္းတို႔ရႈံးမွာပဲ။

ၿပီးေတာ့ မင္းတို႔လူအင္အားက ငါသိရသေလာက္ ၁၁ ေယာက္ ၁၂ ေယာက္ေလာက္ပဲ ရွိတာ။ သူတို႔က အခု ငါတို႔႐ြာမွာတပ္စြဲေနတာ ၂၀၀ ေလာက္ ရွိတယ္လို႔ သိရတယ္။ ဒီေလာက္လူအင္အားေရာ၊ လက္နက္အင္အားပါ အစစအရာရာ သူတို႔က သာေနတဲ့အတြက္ သူတို႔ကို ေတာ္လွန္မယ္ဆိုတာ ျဖစ္နိုင္ပါ့မလား ေ႐ႊဆန္း´ဟုတ္တယ္ က်ဳပ္ေျပာတာေတြဟာ အခုေတာ့ ရယ္စရာလိုျဖစ္ေနမွာပဲ။

တေန႕က်ရင္ေတာ့ က်ဳပ္ေျပာတာေတြ အေကာင္အထည္ေပၚလာမွာပဲ။ ၿပီးေတာ့ အခုဆိုရင္ ပုဂံက ဗိုလ္ခ်ိဳ၊ ဝဲေလာက္က ဗိုလ္ရာၫြန႔္၊ ကြၽန္းခင္းႀကီးက ဗိုလ္လွေက်ာ္တို႔လည္း လူသူလက္နက္ေတြ စုေဆာင္းၿပီး ဒီနယ္ခ်ဲ့အဂၤလိပ္ေတြကို တိုက္ေနတယ္လို႔ က်ဳပ္တို႔ၾကားရတယ္။ သူတို႔နဲ႕ လည္း အဆက္ အသြယ္လုပ္မယ္လို႔ က်ဳပ္စဥ္းစားထားတယ္။

အခုၾကည့္ က်ဳပ္မွာ ဒီေခြးေကာင္ေတြဆီက ေသနတ္တလက္ရထားတယ္။ ေနာက္ဆိုရင္ အမ်ားႀကီးရေအာင္ လုပ္မယ္။ လက္နက္အင္အား၊ လူအင္အားမ်ားလာတဲ့တစ္ေန႕မွာ ဒီနယ္ခ်ဲ့မိစာၦေကာင္ေတြကို က်ဳပ္တို႔ ပုပၸါးနယ္သာမက က်ဳပ္တို႔ဗမာ့ေျမေပၚကပါ ထြက္သြားေအာင္ တိုက္ထုတ္ပစ္ရမွာပဲ´ဟု ေျပာဆိုကာ ဗိုလ္နက္ေက်ာ္သည္ သူရထားေသာ ေသနတ္တစ္လက္ကို ျပရင္း သူ႕ရည္႐ြယ္ခ်က္ကို ေျပာျပေနသည္။

ထို႔ေနာက္ ဖခင္ျဖစ္သူ ဆရာနက္ေက်ာ္က –ဒါနဲ႕ေနစမ္းပါအုံး။ အခု မင္းတို႔ ဘယ္မွာေနတုန္း။ ဘယ္လိုေကာ စားေသာက္ေနထိုင္ၾကတုန္း။ ထမင္းကို ဒီကလာပို႔ရမလား´ ဟု ေျပာရာ-`အခုအခ်ိန္မွာ က်ဳပ္ကလြဲၿပီး ဘယ္သူ႕ကိုမွ မယုံဘူးအေဖ၊ က်ဳပ္တို႔ေနတဲ့ေနရာကိုလည္း ေျပာျပလို႔ မျဖစ္ဘူးအေဖ၊ အခုက်ဳပ္လာတာလည္း စားေသာက္ေရးအတြက္ ဆီ၊ ဆန္၊ ဆား လာယူတာပါပဲ။

ဒီျပင္လူေတြ လႊတ္ရင္ က်ဳပ္တို႔ ေနတဲ့ေနရာကို အေဖ၊ အေမ၊ မိန္းမေတြ ေျပာမွာစိုးလို႔ က်ဳပ္ကိုယ္တိုင္လာတာပဲ´ဗိုလ္နက္ေက်ာ္ သူ႕မိသားစုႏွင့္ ခဏစကားေျပာၿပီးေနာက္ ရိကၡာထုပ္မ်ားကို ထမ္းကာ ျပန္လည္ထြက္ခြာသြားေလသည္။

ဗိုလ္နက္ေက်ာ္ဦးေဆာင္သည့္ နယ္ခ်ဲ့ေတာ္လွန္ေရးတပ္သားမ်ားသည္ ကုလားစစ္တပ္မ်ားကို ေတာထဲမွ ခ်ဳံခိုတိုက္ခိုက္ရင္းျဖင့္တဖက္မွ လူသူ၊ လက္နက္ မ်ားကို စည္း႐ုံးစုေဆာင္းေနရသည္။

ေဆာင္းရာသီ၏ ေန႕တစ္ေန႕ ညေန ၅ နာရီ အခ်ိန္ေလာက္တြင္ ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕ သူတို႔စခန္းအတြင္း၌ ေျပာင္းဖူးေစ့ျပဳတ္မ်ား စားေနစဥ္ ပုဆိုးေတာင္ရွည္ကို ခါးေတာင္းက်ိဳက္ၿပီး ငွက္ႀကီးေတာင္ဓါးကို စလြယ္သိုင္းထားသည့္ လူတေယာက္ ႐ုတ္တရက္ဝင္လာရာ ဗိုလ္နက္ေက်ာ္သည္ လ်င္ျမန္စြာ ဓါးကို ထဆြဲသည္တြင္-ဟာ…. ဗိုလ္ခ်ိဳပါလား။ ဝမ္းသာလိုက္တာဗ်ာ။ ဗိုလ္နက္ေက်ာ္ဆိုတာ က်ဳပ္ပဲ။

က်ဳပ္ကလည္း ခင္ဗ်ားတို႔နဲ႕ ေတြ႕ခ်င္ေနတာၾကာၿပီ။ ကဲ… ထိုင္ဗ်ာ။ ေဟ့ ဖိုးသိုင္း ေျပာင္းဖူးေစ့တစ္ပြဲေပးကြာ´ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕က ဗိုလ္ခ်ိဳအား လွိုက္လွဲစြာႀကိဳဆို၍ ရင္းႏွီးစြာ ဧည့္ခံျပဳစုေနၾကသည္။ ယင္းေနာက္ ဗိုလ္နက္ေက်ာ္ႏွင့္ ဗိုလ္ခ်ိဳတို႔သည္ နယ္ခ်ဲ့ေတာ္လွန္ေရးအစီအစဥ္မ်ားကို အေသးစိတ္ညွိႏွိုင္းေဆြးေႏြးခဲ့ၾကသည္။

ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕သည္ ယခုအခါ လူအင္အား ၂၃ ေယာက္အထိ ရွိလာခဲ့သည္။ ယင္းတို႔အဖြဲ႕သည္ နယ္ခ်ဲ့စစ္တပ္အား လစ္လွ်င္လစ္သလို တိုက္ခိုက္ေလ့ရွိသည္။ ထိုအခါ ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕ကို နယ္ခ်ဲ့စစ္တပ္ကလည္း ေတာနင္းရွာေဖြေတာ့သည္။ ဗိုလ္နက္ေက်ာ္တို႔အဖြဲ႕အား သူပုန္၊ သူခိုး၊ ဓါးျပ အဖြဲ႕အျဖစ္ စြပ္စြဲ၍ ဗိုလ္နက္ေက်ာ္အား အေသရရ အရွင္ရရ ဖမ္းဆီးမိလွ်င္ ဆုေတြခ်ီးျမႇင့္မည္ဟုလည္း ေၾကညာခ်က္ထုတ္ျပန္ထားသည္။

ဗိုလ္နက္ေက်ာ္သည္ ကုလားစစ္တပ္၏ အေျခအေနကို စုံစမ္းရန္ သူ႕ညီ ေ႐ႊလန္းကို ေခၚ၍ ကုလားစစ္သားမ်ား စခန္းခ်ရာ ႐ြာထဲသို႔ သြားေရာက္၍ ဖဲရိုက္ကစားခဲ့ေသးသည္။ယင္းေနာက္ ပုဂံဗိုလ္ခ်ိဳႏွင့္ ပုပၸါးဗိုလ္နက္ေက်ာ္တို႔ ဦးေဆာင္သည့္ နယ္ခ်ဲ့ေတာ္လွန္ေရးတပ္ဖြဲ႕သည္ ကုလားစစ္တပ္ကို ဝင္စီးတိုက္ခိုက္ရာ လူသူလက္နက္ မမွ်သျဖင့္ ေအာင္ျမင္မႈမရခဲ့ေခ်။

 

အဆိုပါတိုက္ပြဲတြင္ ဗိုလ္နက္ေက်ာ္တို႔မွ ႏွစ္ဦးက်ဆဳံးခဲ့ၿပီး ကုလားစစ္တပ္မွ ေသနတစ္လက္သာ ရရွိခဲ့သည္။ထိုအခ်ိန္တြင္ ပုပၸါးေျမာက္ဘက္တလႊြားတြင္လည္း ကုလားစစ္တပ္မ်ားေသာင္းက်န္းေနသည့္သတင္းကို ဗိုလ္နက္ေက်ာ္တို႔ ၾကားသိရသျဖင့္ ကိုေ႐ႊဗိုလ္ကို လူ ၁ဝ ေယာက္ အုပ္ခ်ဳပ္ေစၿပီး ငါးရံ႕ကုန္း၊ ခ်ိဳင္း႐ြာ၊ ေျမာက္ေတာ အစရွိသည့္ တပ္စြဲ၍ လႊတ္ခဲ့ရျပန္သည္။

ထိုကဲ့သို႔ ပုပၸါးနယ္တဝိုက္တြင္ ဗိုလ္နက္ေက်ာ္ႏွင့္ ဗိုလ္ခ်ိဳတို႔ တိုက္ခိုက္ေရးလုံးပမ္းေနစဥ္ ပုဂံနယ္တြင္ အဂၤလိပ္စစ္တပ္မ်ား ဝင္ေရာက္ေသာင္းက်န္းေနသည့္ သတင္း ၾကားသိရသျဖင့္ ဗိုလ္ခ်ိဳမွာ သူနယ္ဘက္ကို ျပန္ရန္ အပူတျပင္း စီစဥ္ရေလသည္။ကဲ ဗိုလ္နက္ေက်ာ္၊ က်ဳပ္နယ္ဘက္မွာလည္း တစ္ေန႕တျခား ဆိုး႐ြားလာၿပီတဲ့။ ဒါ့ေၾကာင့္ က်ဳပ္လည္း က်ဳပ္နယ္ဘက္ကို ျပန္ၿပီး လူသူလက္နက္စုေဆာင္းတိုက္ခိုက္ရအုံးမယ္။

 

ခင္ဗ်ားလည္း ကိုေ႐ႊဗိုလ္ နဲ႕ ဆက္သြယ္ၿပီး အေျခအေနေပးသလို ၾကည့္ၿပီးသာ ေတာ္လွန္ေပေတာ့´ ဟုေျပာဆိုကာ ပုဂံဘက္သို႔ ထြက္ခြာသြားသည္။ပုဂံဗိုလ္ခ်ိဳသည္ ပုဂံစီရင္စုအေရွ႕ပိုင္းရွိ ငါ့သေယာက္ဆည္႐ြာမွ ၁၈၈၆ ဖန္နဝါရီလကပင္ ၿဗိတိသွ်နယ္ခ်ဲ့တို႔ကို ရရာလူသူစုေဆာင္း၍ တိုက္ခိုက္ခဲ့သူျဖစ္သည္။

 

ထို႔ေနာက္ ၿဗိတိသွ်နယ္ခ်ဲ့တို႔ကို ဆန႔္က်င္တိုက္ခိုက္ေနသည့္ ပုဂံဗိုလ္ခ်ိဳႏွင့္ သားႏွစ္ေယာက္ျဖစ္သည့္ ဗိုလ္ဘိုးဆင္၊ ဗိုလ္ဘိုးဝင္တို႔ကို ပုဂံၿမိဳ႕သီရိပစၥယာအရပ္ရွိ ဂူေျပာက္ဘုရားတြင္ ခိုေအာင္းေနစဥ္ ၿဗိတိသွ်ပုလိပ္တပ္မ်ားက ဖမ္းမိကာ ႀကိဳးေပးသတ္လိုက္သည့္သ တင္း ဗိုလ္နက္ေက်ာ္တို႔သို႔ ေရာက္ရွိလာခဲ့သည္။

ပုပၸါးေတာင္ဝန္းက်င္တခို ျမဴေျခဆိုင္းေသာ ေန႕တစ္ေန႕၏ ညေန ၅ နာရီခြဲအခ်ိန္ေလာက္တြင္ ဗိုလ္နက္ေက်ာ္ႏွင့္ ဖိုးသိုင္းႀကီးႏွင့္အတူ ကုလားစစ္တပ္အေျခအေနကို စုံစမ္းရန္အလာတြင္ ယခုေျမေက်းရွင္႐ုံးေျမာက္ဘက္ အျမႇောင္လမ္းၾကားအေရာက္တြင္ လက္နက္ကိုယ္စီျဖင့္ ကုလားစစ္သားေလးေယာက္ကို ခပ္လွမ္းလွမ္းမွ ျမင္ေတြ႕လိုက္ရသျဖင့္ လမ္းေဘးခ်ဳံထဲသို႔ ဝင္ကပ္ေနလိုက္ၾကသည္။`ဖိုးသိုင္း ဒီေနရာက သူတို႔ စခန္းနဲ႕ သိပ္ကပ္ေနတဲ့အတြက္ ေသနတ္သုံးလို႔မျဖစ္ဘူး။

 

အနားေရာက္မွ အနီးကပ္ၿပီး ငါက ဓါးနဲ႕ ဝင္ခုတ္မယ္။မင္းက ေသနတ္ကို အသင့္ျပင္ထား။ လိုအပ္မွပစ္၊ အေျခအေနေကာင္းပါလိမ့္မယ္။ သူတို႔လာပုံကိုၾကည့္ ပတ္ဝန္းက်င္ကို ဘာမွ ဂ႐ုမစိုက္ဘူး။ ဒီေတာ့ ဒီေနရာမွာ စြန႔္စားရမွာပဲ။ ဒီအခြင့္အေရးမ်ိဳး ႀကဳံခဲတာပ။ ကဲ…. နီးကပ္လာၿပီ။ စ ရေအာင္´ ဟု ဗိုလ္နက္က ဖိုးသိုင္းကို သတိေပးၿပီး သူ၏ဓါးကို ၿမဲၿမဲဆုပ္ကိုင္အသင့္ေစာင့္ေနသည္။

 

မၾကာမီအခ်ိန္အတြင္း ကုလားေလးေယာက္ႏွင့္ ဝင္ပိုင္းရာ ကုလားမ်ားမွာ ခုခံခ်ိန္မရလိုက္ဘဲ ဗိုလ္နက္ေက်ာ္၏ ဓါးသြားျဖင့္ အသက္ဇီဝိန္ခ်ဳပ္ၿငိမ္းသြားခဲ့ေလသည္။ထိုခ်ဳံခိုတိုက္ပြဲတြင္ ဗိုလ္နက္ေက်ာ္သည္ စြန႔္စားခဲ့သည္ႏွင့္အမွ် နယ္ခ်ဲ့သမားမ်ား၏ ေသနတ္ကို ျမန္မာ့ဓါးျဖင့္ အစြမ္းျပအနိုင္ယူလိုက္သည္။

ဤကဲ့သို႔ ဗိုလ္နက္ေက်ာ္၏ နယ္ခ်ဲ့ေတာ္လွန္ေရးလႈပ္ရွားမႈမ်ား တဖက္မွ ေအာင္ျမင္သေလာက္ ခ်ိဳင္း႐ြာဘက္တြင္ တာဝန္ယူေနေသာ ဖိုးေ႐ႊဗိုလ္သည္ ပင္ကိုယ္စိတ္ဓါတ္မခိုင္မာသူျဖစ္သည့္အတိုင္း ေတာ္လွန္ေရးလႈပ္ရွားမႈမ်ား ေလ်ာ့နည္းလာသည္။ ရန္သူအေပၚ တိုက္ခိုက္မႈလည္း စိတ္ထက္သန္မႈ မရွိေတာ့ေခ်။ပိုဆိုးလာသည္မွာ ျပည္သူအေပၚသစၥာေဖာက္၍ ႐ြာသူ႐ြာသားမ်ား၏ ေ႐ႊ၊ ေငြ ပစၥည္းမ်ားကို လစ္လွ်င္လစ္သလို လုယက္ ခိုးယူ တိုက္ခိုက္ေတာ့သည္။

ထိုသတင္းကို ဗိုလ္နက္ေက်ာ္ထံ သတင္းေပါက္ၾကားသြားရာ ခ်က္ခ်င္းပင္ ဖိုးေ႐ႊဗိုလ္ထံလိုက္သြားသည္။ ဖိုးေ႐ႊဗိုလ္သည္ ဗိုလ္နက္ေက်ာ္၏ စိတ္ကိုသိသူျဖစ္သည့္အတိုင္း ခရီးေရာက္မဆိုက္မွာပင္ ဗိုလ္နက္ေက်ာ္ အလစ္ငိုက္ေနစဥ္အတြင္ လက္ဦးေအာင္ သတ္ပစ္လိုက္သည္။ဤသို႔အားျဖင့္ နယ္ခ်ဲ့အဂၤလိပ္၏ ကြၽန္ျပဳမႈကို မခံလိုေသာ ေတာ္လွန္ေရးအာဇာနည္ ပုပၸါးဗိုလ္နက္ေက်ာ္ေခၚ ဗိုလ္ဆန္းသည္ အမ်ိဳးဖ်က္သစၥာေဖာက္လက္ခ်က္ျဖင့္ ေရတိမ္နစ္ကာ ဘဝနိဂုံးခ်ဳပ္သြားခဲ့ရေလသည္။

ဗိုလ္နက္ေက်ာ္အသတ္ခံရသည့္ေနရာသည္ ယခုငါးရံ႕ကုန္း႐ြာအဝင္ တံခါးအနီးမွ လွ်ိုႀကီးထဲ၌ ျဖစ္သည္။ ဗိုလ္နက္ေက်ာ္ကို ဖိုးေ႐ႊဗိုလ္က သတ္ပစ္သည့္အေၾကာင္းကို ဖိုးေ႐ႊဗိုလ္အဖြဲ႕မွ ကိုေျပာင္က ပုပၸါးရွိ ဗိုလ္နက္ေက်ာ္တပ္ဖြဲ႕မွ ဖိုးသိုင္းႀကီး၊ ကိုဖားႀကီး၊ ကိုလွေက်ာ္တို႔ကို လာေရာက္ေျပာျပရာ ဗိုလ္နက္ေက်ာ္တပ္သားမ်ားက ခ်က္ခ်င္းပင္ ဖိုးေ႐ႊဗိုလ္ရွိရာ ငါးရံ႕ကုန္းသို႔ လိုက္သြားၿပီး ဖိုးေ႐ႊဗိုလ္အား အျပတ္ရွင္းလိုက္ၾကသည္။

မည္ သို႔ဆိုေစ… ဗိုလ္နက္ေက်ာ္မွာ အသက္သာေသေသာ္လည္း သူ၏ နယ္ခ်ဲ့ေတာ္လွန္ေရးလႈပ္ရွားမႈကား မေသခဲ့ေပ။ သူလႈံ႕ေဆာ္ ခဲ့သည့္ တပ္ လွန႔္သံသည္ ျမန္မာျပည္အလယ္ပိုင္း၌ အိပ္ေမာက်ေနေသာ လူထုကို ႏွိုးဆြလိုက္သျဖင့္ ဗိုလ္နက္ေက်ာ္မရွိသည့္ေနာက္ပိုင္းတြင္ လည္း တဗိုလ္က် တဗိုလ္တက္ ျဖင့္ နယ္ခ်ဲ့ေတာ္လွန္ေရးဆန႔္က်င္တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနခဲ့ေလသည္။

 

Credit

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *