မြန်မာ့သမိုင်းထဲက ပျူစောထီးမင်း ဒဏ္ဍာရီနှင့် ငှက်ပစ်တောင်သမိုင်းအကြောင်း

မြန်မာ့သမိုင်းထဲက ပျူစောထီးမင်း ဒဏ္ဍာရီနှင့် ငှက်ပစ်တောင်သမိုင်းအကြောင်း

 

 

သရေခေတ္တရာ၌ ပြည်တွင်းစစ်ကြီး ဖြစ်ပြီး အုပ်စု (၃)စု ကွဲသွားလေသော် သမုဒ္ဒရာဇ်မင်းသည် အေဒီ (2) ရာစုတွင် ဧရာဝတီမြစ်ကိုဆန်တက်၍ယုန်လွှတ် ကျွန်း အရပ်တွင် ယခုညောင်ဦးမြို့အပါဝင် ပျူဂါမခေါ် ပျူရွာ (၁၉)ရွာကို စုစည်းပြီး အရိမဒ္ဒနပူရဟု တည်ထောင်ခဲ့သည်။

(ယခုတွင် ရှေးဟောင်း သုတေသနမှ ကျောက်တိုင်စိုက်ထားသည်။ သမုဒ္ဒရာဇ်မင်းမှာလည်း သာသနာ ၆၇၁ မှ ၆၉၆ ခုအထိ အုပ်စိုးသည်ဟု ဆိုသည်) ပျူဂါမ- ပျူတို့နေရာအရပ်(ရွာ) မှပုဂါမ် ထိုမှ ပုဂံ ကာလ ရွေ့လျားမှုနှင့်အတူ ဖြစ်လာခဲ့သည် ။ ပုဂံကိုထူထောင်စ သမုဒ္ဒရာဇ် မင်း လက်ထက်၌ ပြဿနာမျိုးစုံကြုံတွေ့ခဲ့သည်။

ဒဏ္ဍာရီအရ ငှက်ကြီး ၊ ဝက်ကြီး ၊ ကျားကြီး ၊ ရှူးပျံတို့ နှောက်ယှက် မင်းမူပြီး ဘုရင်ကိုယ် တိုင်၎င်းတို့နှင့် အပေးယူပြု လုပ်ကာ အစာဆက်သနေရချိန်၌ သူရဲကောင်းတစ်ဦး ပေါ်လာကာ ထိုပြဿနာ များကို ဖြေရှင်းပေးခဲ့သည်။ ထိုသူသည် သိကြားမင်းပေး သောလေးမြှားနှင့် ပုဂံသမိုင်းဦး တွင် မပါမပြီးသော အထူးသဖြင့် ဒဏ္ဍာရီသူရဲကောင်းအဖြစ် ဦးကုလားမှရာဇဝင် ညွှန်းဆိုခဲ့သူ ပျူစောထီးပင်ဖြစ်သည်။

 

ပျူစောထီး၏ ပုဂံသမိုင်း သည် အနော်ရထာ မင်း မတိုင်မှီ ပုဂံခေတ်ဦးအပိုင်းဖြစ်ပြီး ဝေဝါးလွန်းနေသဖြင့် မြန်မာစာ ပေထွန်း ကား လာပြီဖြစ်သော အနော်ရထာမင်း နောက်ပိုင်းလောက် တော့ မရှင်းလင်းပါ။

ပျူစောထီး၏နောက်ကြောင်းသမိုင်းကိုပင် အမျိုးမျိုး ရေးသားကြသည် ဖြစ်သော်လည်း အကြမ်းအားဖြင့်ကား တကောင်းနန်းရိုး သတိုးအာဒိစ္စရာဇာ သာကီဝင်မင်းမျိုး သည် ပြည်ရွာ မငြိမ်သက်၍ တောင်ယာဥယျာဉ်လုပ်ကိုင်စား ကာ ဇာတ်မြှပ်နေသည်။

ထိုဥယျာဉ်၌ နဂါးတွင်းတစ်ခု ရှိရာ လူတို့ကို နဂါးတို့ စောင့်မ ကြည့်ရှု့သဖြင့် ပြည်သူတို့ ရှိခိုးပူဇော်ကြပြီး သားဆုပန် ကြသည်။ သတိုးအာဒိစ္စ တို့လည်း သားဆုပန်ရာ သားငယ်လေး မွေးသဖြင့် စောထီးဟု အမည်ပေးသည်။

(၇) နှစ်သား တွင် လေးအတတ်တတ်မြှောက်ရာ ဆရာရသေ့ ထံ ပညာသင် ကြားရင်း ဗေဒင်ပညာ တတ်မြှောက်သော ရသေ့က စောထီး၏ ကြန်အင်မှာမင်းဖြစ်မည် ဟု ဟောသဖြင့် မင်းထီးဟု မှည့်ခေါ်ပြန်သည်။ စောထီးသည် အဌာရသ ပညာ တတ် မြောက်ပြီး (၁၆) နှစ်သားတွင် ပုဂံသို့ သွားလို ကြောင်း ခမည်းတော်အား ခွင့်ပန်ရာ ခမည်းတော်က သိကြားမင်းစီရင် သော ရတနာလေးမြှားအား ပေးအပ် လေသည်။

ပုဂံရောက်သော် သားထောက် သမီးခံ မရှိသည့် ပျူအိုလင်မယားထံတွင် အတူနေထိုင် လေသည်။ ပျူအိုလင်မယား က ချစ်သား ဤပြည် မြို့ရွာ မငြိမ်သက်သည်မှာ (၁၂) နှစ်ပင် ရှိလေပြီဟုပြော သည်။

အကြောင်းမှာ – ပုဂံပြည်တွင် အရှေ့ မျက်နှာအရပ်၌အရံဝက် ငါးရာနှင့်ဝက်ကြီး တစ်ကောင်၊ အနောက်မျက်နှာ၌ အရံငှက်ငါးရာ နှင့် အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်၊ တောင် မျက်နှာ ၌ အရံကျားငါးရာနှင့် ကျားကြီး တစ်ကောင်၊ မြောက်မျက်နှာ၌ အရံရှုးပျံ ငါးရာနှင့် ရှူးပျံတို့သည် လူတို့ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုး သက်ငယ်မှ မကျန် တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးခဲ့သည်။

ဝက်ကြီး အတွက် ထမင်းလုံး (၆၀) ၊ ဖရုံ (၉) လှည်း၊ ဖွဲ (၉)လှည်း တို့ဖြင့် မင်းကြီးမှ အစားသောက် များ ဆက်သနေရသည်။ ပျူစောထီး သည် မိမိ၏လေးမြားအစွမ်းဖြင့် ထိုရန်သူများ ရှိရာသို့ပင် သွားရောက်ရင်ဆိုင် ရန် ဆုံးဖြတ်ခဲ့သည်။ထိုရန်သူများထဲတွင် ရင်ဆိုင်ရအခက်ဆုံး အကောင်မှာ တစ်နေ့တစ် ယောက်ကျ မိန်းမပျိုသားကို ဆက်သရသော ငှက်ကြီးဖြစ်သည်။

ထီးလိုင်ကာ (ဟတ္ထိလင်္ဂ) အမည်ရှိ ထိုငှက်ကြီးသည် ယခုလက်ရှိ ညောင်ဦးမြို့တောင်ဘက် (4) km ခန့်အကွာ ငှက်ပစ်တောင် အရပ်တွင် နေထိုင်ပြီး အော်ဟစ်လိုက် လျှင် တစ်တောလုံးဟိန်းသွားသည့် အပြင် ပုဂံသူများပင် ကြားရလေသည်။ အတောင်ပံ နှစ်ဖက်ကို ဖြန့်လိုက်လျှင် ညောင်ဦးအထိ အရိပ်ကျရောက်စေပြီး ထိုအတောင်ပံ တို့ကို ရိုက်ခတ်လိုက်လျှင် မုန်တိုင်း တိုက်သကဲ့သို့ သစ်ပင်တို့ ကျိုးကျပျက်စီး ကုန်သည်။

၎င်း၏နှုတ်သီးဖြင့် မြေကြီးကိုပေါက်လိုက်လျှင် ရေအိုင် ငယ်တစ်အိုင် ပေါ်ပေါက်သည်အထိ ပြင်းထန်သည်။ ခြေသည်းတို့သည် ဓားလံှကဲ့သို့ ထက် သည်။ ထိုကဲ့သို့ ခက်ထန်ကြမ်းတမ်းကာ လူသားစားသော ငှက်ကြီးရန်ကို ကြောက်ရသဖြင့် ဘုရင်သည် နောက်ဆုံး တစ်ရက်လျှင် မိန်းမပျို (၇) ဦးထိငှက်စာဆက်သရသည်။

ပျူစောထီးသည်ငှက်ကြီးနှင့် ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားပြီး ထိုငှက်ကြီးကို မြှားဖြင့် ပစ်ခတ်သုတ်သင် နိူင်ခဲ့သည်။ ငှက်ကြီး၏ အတောင်တစ်ခုအား နှုတ်ယူကာ ဘုရင်အား အောင်မြင်ကြောင်း ဆက်သရန် မိန်းမပျို (၇) ဦးအား ပေးလိုက်လေသည်။

ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက် တစ်ခုရှိသေးသည်။ ပုဂံပြည် တစ်ဝန်း၌ ဗူးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်သည်။ အနွယ်အတက် တို့မှာ အလွန်လျင်မြန်စွာ ပွားကာ တစ်ပင်တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာသည်။

လူသူ မနေနိုင်လောက် အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင် လောက်အောင် အနှောက် အယှက် ပေးနှိပ်စက်နေသည်ကို ပျူစောထီးက ပင် ရှင်းလင်းခဲ့သည်။ ဘုရင် သည် ပျူစောထီးအား အိမ်ရှေ့အရာအပြင် သမီးတော်ကိုလည်း ပေးအပ်ခဲ့ သည်။ နောက်သော် ပျူစောထီးသည် သက်တော်ရှည် ဘုရင်ကြီးအဖြစ် ပုဂံတွင် မင်းပြုခဲ့သည်။

ဤနေရာတွင် ပျူစောထီးဇတ်လမ်းသည် ဒဏ္ဍာရီဆန်လွန်းနေသည်။ ပျူစောထီးသည် လူဖြစ်သည် နဂါးဖြစ်သည်ကိုပင် မသိနိုင်သည့်အပြင် ဤ တိရိစ္ဆာန် များနှင့် မည်သို့ သဘောတူညီ မှုရပြီး တိကျသော အစားသောက် စာရင်း ကိုတွက်ချက်၍ အပေးယူပြုပါ သ နည်း။ ထို တိရိစ္ဆာန်အကောင်ရေကို မည်ကဲ့သို့ ရေတွက်ပါသနည်း။

ထိုမျှကြီးမားသော ငှက်သည် ကျောက်ခေတ်က ဒိုင်နိူဆော ထက်မသေးဟု မှတ်ယူ ရမလို ဖြစ်နေသည်။ ဖြစ်နိူင်သည့်တိုင် ဤငှက်တိရိစ္ဆာန် သည် ပုဂံလို နှစ်ပေါင်းများစွာကတည်းက (Semi Dessert) ကန္တာရဆန်၍ ပူပြင်းသောဒေသ၌ မည်သည့်သစ်ပင်မျိုးတွင် အသိုက်ဆောက် နေထိုင်မည် နည်း။

နားလည်ရအခက်ဆုံးမှာ လူသားစား ခြင်းတူရာတွင် အဘယ့်အတွက် ကြောင့် မိန်းမပျိုသား ကိုမှသာ ရွေး၍စားရ ပါသနည်းဆို သည်ကား အငြင်းပွား ဖွယ်ရာ အကောင်းဆုံး ဖြစ်လာလေသည်။ပျူစေး၏ အရပ်သည် (၅) တောင် ရှိသည်။ ပေအားဖြင့် (၇’၊၅”) ခန့်ရှိလျှင် ယနေ့ခေတ် NBA ဘတ်စကက်ဘော သမား အချို့၏ာထီ အရပ်ခန့်ရှိသဖြင့် ဖြစ်နိူင်ချေရှိသည်။

ဒဏ္ဍာရီကို သမိုင်းဟု သတ်မှတ်၍ မရသော်လည်း တစ်ခါတရံ သမိုင်းကြောင်းသည် ဒဏ္ဍာရီများထဲတွင် ရှိနေတတ် သည်။ ထို့အတွက် ပညာရှင်တို့ပျူစောထီး သမိုင်းအား ဖော်ထုတ်ရန် ကြိုးစားရင်း ငှက်ကြီးနှင့် ပျူစောထီးတို့နှင့် ပတ်သက်၍ ဆက်စပ်မှုများရှာဖွေရင်း ပုထိုးသား များဘုရား၊ အပယ်ရတနာဘုရားနှင့် ကျန်စစ်သားဥမှင် တို့မှ တွေရှိခဲ့ သော နံရံပန်းချီ တို့က အတွေးများ ဖြစ်ပေါ် လာစေသည်။ ပုထိုးသားများဘုရား နံရံပန်းချီတွင် ရှေ့ဆုံးမှအရုပ်သည် ကနေ၍၎င်း၊ ဒုတိယ အရုပ်သည် လက်ခုတ် တီး ၍လိုက်သည်။

တတိယရုပ်မှာ စည်တစ်ခု တီးခတ်ကာ စတုတ္ထရုပ်မှာ စောင်း တီး နေသည်။ ထို့နောက်တွင် ညှင်းမှုတ်သူ အမျိုးသမီး (၂) ဦး ကျွဲချိုမှုတ်ကာ နောက်ဆုံးအမျိုးသမီးမှာ ဗုံတီးနေ သည်။ ထို အမျိုးသမီးများအပြီးတွင် ဒေါက်ချာ ဆောင်း ကာ ကြာပန်းကိုင် ရသေ့ (၅) ဦးရှိသည်။ ထိုမှ မြင်း (၄)ကောင်ဆွဲ ရထား ပေါ်တွင် ဘုရင်နှင့်မိဘုရားတို့ ပါဝင်သော ထွက်တော်မူခန်း နံရံဆေးရေး ပန်းချီ တစ်ခု ဖြစ်လေသည်။

တတိယရုပ်မှာ စည်တစ်ခု တီးခတ်ကာ စတုတ္ထရုပ်မှာ စောင်း တီး နေသည်။ ထို့နောက်တွင် ညှင်းမှုတ်သူ အမျိုးသမီး (၂) ဦး ကျွဲချိုမှုတ်ကာ နောက်ဆုံးအမျိုးသမီးမှာ ဗုံတီးနေ သည်။ ထို အမျိုးသမီးများအပြီးတွင် ဒေါက်ချာ ဆောင်း ကာ ကြာပန်းကိုင် ရသေ့ (၅) ဦးရှိသည်။ ထိုမှ မြင်း (၄)ကောင်ဆွဲ ရထား ပေါ်တွင် ဘုရင်နှင့်မိဘုရားတို့ ပါဝင်သော ထွက်တော်မူခန်း နံရံဆေးရေး ပန်းချီ တစ်ခု ဖြစ်လေသည်။

ကျန်စစ်သားဥမှင်တွင် မွန်ဂိုတို့ပုဂံကို ဝင်တိုက်စဉ် အခါက ရေးဆွဲထား သည်ဟု ယူဆရသောနံရံ ပန်းချီ၌ စစ်ဝတ်စုံဝတ်ဆင်ထားသော မွန်ဂိုစစ်သည် များသည် ငှက်များကို မြှားဖြင့် ပစ်ကာ ရလာသောငှက်များကို မွန်ဂို စစ်ဗိုလ်ထံ ဆက်သနေပုံဖြစ်သည်။ ၎င်းသည် ပုဂံ ခေတ်ဦးမှ စစ်ပွဲတစ်ခုဖြစ်နေဟန်ကို ကိုယ်စားပြုပြီး ပုဂံခေတ်နှောင်းလူတို့က စိတ်ကူးနှင့် ရေးဆွဲခြင်း ဖြစ်သည်။

အပါယ်ရတနာတွင် ငှက်ဆင်စီးသူမှ ရသေ့ထံ လာရောက် ကန်တော့ နေလေဟန် တွေ့ရပြန်သည်။ဤ နံရံပန်းချီများကို နံရံဆေးရေးပညာရှင်များ ၊ mythology ခေါ် ဒဏ္ဍာရီလေ့လာခြင်း ဆိုင်ရာတို့ ဆက်စပ်ကြည့်လေရာ- ပုဂံခေတ်ဦးသည် ထေရဝါဒသာသနာ မပေါ်ထွန်း မှီ မဟာယာန၊ ရသေ့၊ ပုဂံ ဘာသာရေးဂိုဏ်း၊ အရည်းကြီး ဂိုဏ်း စသဖြင့် ဂိုဏ်းပေါင်းများစွာ ရှိနေခဲ့သည်။

(အရည်းကြီး အကြောင်း နောင်တွင် ရေးသား ပါမည်။) အရံငှက်များဖြင့် နေထိုင် သော မိန်းမပျိုသား ကိုသာ စားသည်ဟူသောငှက်ကြီး ဟတ္ထိလင်္ဂသည် ၎င်း နာမည် ၏အလည်နှစ်လုံးကို ယူပြီးရှေ့နှင့်နောက် ဖြုတ်လိုက်လျင် ထီးလိုင်ဖြစ်ပြီး ငှက်ဆင်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ငှက်ကြီးသည် အခြားမဟုတ် ငှက်ဆင် ဘွဲ့ခံ ဂိုဏ်း ခေါင်းဆောင် ဖြစ်ကာ ပုဂံအားဆက်ကြေးတောင်း မင်းမူ နေသော အဖွဲ့ ဖြစ်လေသည်။

ငှက်စာဆက် မိန်းမပျို (၇) ဦးသည် ငှက်ဆင် ဂိုဏ်း ခေါင်း ဆောင်က ၎င်းနှင့် ပျော်ပါးရန် ပျော်တော်ဆက် စေခြင်းဖြစ်လေ သည်။ (၁၀) စုနှစ်တစ်ခုကြာ မင်းမူနေ သော ဤဂိုဏ်းကို ရင်ဆိုင်ရန် အတွက် စစ်တပ်နှင့် မယှဉ်နိူင်လျှင် သူရဲကောင်းချင်း စီးချင်းထိုးရန်သာ ရှိသည်။

ပျူစောထီးသည် ထိုဂိုဏ်းများစွာ အနက်မှ သာသနာကိုကာကွယ်ရန် သိုင်းပညာ တတ်မြှောက် ထားသော ဗူးချောက်ဒေါက်ချာဆောင်း ရသေ့ဂိုဏ်း ခေါင်းဆောင် ထံတွင် သိုင်းပညာ သင်ကြားခဲ့သည်။ ပျူစောထီး သိုင်းပညာတတ်မြောက်ပြီး ချိန်တွင် ထီးလှိုင်အရပ်ရှိ ငှက်ဆင်ဂိုဏ်းချုပ်နှင့် စီးချင်းထိုးရန် သွားရောက် ယှဉ်ပြိုင် သည်။

ပြိုင်ပွဲတွင် ပျူစောထီး အနိုင်ရကာ ငှက်တောင်တစ်ခုအား ဆက်သစေခြင်း ဆိုသည်မှာ ငှက်ဆင်ဂိုဏ်းချုပ်၏ခါးတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓား တစ်ချောင်းကို ဆွဲထုတ်ကာ အောင်မြင်ကြောင်း သတင်းပို့ စေခြင်း ဖြစ်သည်။ ပန်းချီကားအား အဓိပ္ပါယ်ဖွင့်ဆိုကြည့်မည် ဆိုလျှင် ရှေ့ဆုံးမှ အရုပ်သည် က၍ လမ်းလျှောက် ခြင်းနှင့် လက်ခုပ်တီးနေဟန်တို့ဖြစ်ပြီး ကခုန်ခြင်း၊ လက်ခုပ်တီး ခြင်းသည် ပျော်ရွှင်သည့်သဘောကို ညွှန်းဆိုသည်။

 

သို့သော် ကျန်အမျိုးသမီးများ၏ မျက်နှာများသည် မျက်နှာဖုံးစွပ်ထားဟန်ရှိပြီး ၎င်းတို့သည် ငှက်ကြီးထံမှ ကယ် ထုတ် လာသော ပန်တော်ကျများဖြစ်သည်။ တတည်းအားဖြင့် ရှက်၍မျက်နှာအုပ် ထားခြင်းကို ညွှန်းဆို သည်။ဗူးချောက် ဒေါက်ချာဆောင်း ကြာပန်းကိုင် (၅) ဦးမှာ ဆရာရသေ့ကြီး၏ တပည့်များ ဖြစ်သည်။

မြင်း (၄) ကောင်ဆွဲ ရထားထက်က ဘုရင်သည် ပျူစောထီးနှင့် စန္ဒာဒေဝီတို့ ဖြစ်ကာ ပန်းချီကားတစ်ခုလုံး၏ အနှစ်ချုပ်မှာ ပျူစောထီးငှက်ကြီး ကိုအောင်နိူင်ကာ အိမ်ရှေ့မင်း အဖြစ်အပ်နှင်းခံရသော အောင်ပွဲခံအခမ်းနားကို ညွှန်းဆို ခြင်းဖြစ်နိူင်ပါသည်။အပါယ်ရတနာဘုရားမှ ငှက်ဆင်စီးကာ ရသေ့အား လာရောက်ကန် တော့နေဟန်ကို (၂) မျိုး ခွဲ၍ ရှု့မြင်သည်။

ငှက်ဆင်ကိုစီးလာခြင်းသည် ငှက်ဆင် ကို ထိန်းချုပ်ကာ ဆရာရသေ့ကို လာရောက် ဂါရဝပြုနေ သော ပျူစောထီး ဖြစ်နိူင် သလို နောက်တစ်မျိုးမှာ ငှက်ဆင်၏သခင်(ဝါ) ထီးလိုင်ရှင်ကျန်စစ်သား၏ ဆရာ သည် ရသေ့ဖြစ်နိူင်သည် ဟုယူဆသည်။၎င်းအပြင်ဗူးဇတ်လမ်းမှာ ပြည်ပခေတ်ပြိုင် မှတ်တမ်းများနှင့်တိုက်ကြည့် လျှင် သမုဒ္ဒရာဇ်မင်းခေတ် အေဒီ ၂ရာစုမှာ မြန်မာနိုင်ငံ အပါအဝင်အရှေ့တောင် အာရှ ကို စစ်မျက် နှာဖြန့်၍ တိုက်နေသောကမ္ဘောဒီးယား တို့၏ ပထမခမာ အင်ပါယာ မှာ ဖူနမ်(ဝါ)ဗူးနမ် အင်ပါယာ ဟုရှိခဲ့ဖူးသည်။

၎င်း ဗူးနမ်တပ်သည် တို့သည် ပြည်သူများ ထွန်ယက် စိုက်ပျိုးမရအောင် နှောက်ယှက်ခြင်း ဖြစ်နိုင် သည်။ ၎င်းတို့အားအတိုကောက်အားဖြင့် ခေါ်ဆိုရာ ဗူးနမ်မှဗူး ဟုခေါ်ဆိုကာ ဗူးရန်ကို အောင်နိုင်ခြင်းသည် ဗူးပင်များကို အောင်နိုင် ခြင်းထက် ခမာတို့၏ ဗူးနမ်တပ်ကို အောင်နိုင်ခြင်းဟု ယူဆနိူင်ပါသည်။ထို့အပြင် ပုထိုးသားများဘုရားတွင် ပုဂံမင်း တစ်ပါးဘုရားကန်တော့ ဟန်သည် အနည်းငယ်ထူးခြားမှု ရှိသည်။

ထိုမင်းဆောင်းထားသော မကိုဋ် သည် ဗူးဘုရားနှင့် တူသကဲ့သို့ ထိပ်ပိုင်းမှာလည်း ဗူးဘုရား၏ ကြာလှန် ကြာမှောက်နှင့် တူနေသည်။ ၎င်းမင်းကို ပျူစောထီး ဟုယူဆသည်။ ထို့ကြောင့် ပျူစောထီး နှင့်ဗူးဘုရား မည်သို့ ဆက်စပ်နေပါသနည်းဆို လျှင် ပျူစောထီးသည် တိုက်ပွဲ များ စွာအောင်နိူင်သဖြင့် မိမိဆရာကို တနည်းတဖုံ ဂါရဝပြု ကျေးဇူးဆပ်လို သဖြင့်ဆရာရသေ့ ဆောင်းသော ဗူးချောက်ဒေါက်ချာကို အတုယူ၍ဗူးဘုရားအား ပုဂံ၏အောင်မြေ နှင့်အောင်မြင်ခြင်း အထိန်းမှတ်ဘုရား အဖြစ်တည်ခဲ့သည်။

ဗူးဘုရားသည် သရေခေတ္တရာရှိ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာကဲ့သို့ပင် ပျူတို့၏ ယဉ်ကျေးမှု အမွေကိုပုဂံမြေက ဆက်ခံရ လိုက်ရာတွင် အမြင်သာဆုံး ဘုရားတစ်ဆူ ဖြစ်သည်။ သို့သော်လည်း ပုဂံမြေ ပေါ်၌ ပထမဦးဆုံး ဘုရား ဟုတော့ မဆိုလိုပါ။ ထိုထက်စော သော ဘုရားများ စွာသည် ပုဂံမြေတွင် ယနေ့တိုင်တွေ့ နေရပါသည်။

ပေါက်ပင်ရာ ၊ ငကျွဲနား ဋောင်း ဘုရားတို့ သည် ဗူးဘုရား၏မျိုးဆက် များပင် ဖြစ်ပေသည်။ ပျူစောထီးနှင့်ပတ်သက်၍ မြန်မာ့မြေတွင် ကျောက်စာ၊ မှတ်တမ်း တိတိကျကျ မရှိသဖြင့် ပျူစောထီးဒဏ္ဍာရီ သည် အတိကျ ညွှန်း ရန်ထက် ပျူစောထီးပင် တကယ် ရှိမရှိ အငြင်းပွားမှုရှိခဲ့ဖူးသည်။

သို့သော် ပျူစောထီးကို တရုတ်စစ်သူကြီး ချူကောလိယန်းက တိုက်ခိုက်ဖူး ကြောင်း၊ ချူကောလိ ယန်း စစ်ရှုံးပြီးနောက် တပ်ပြန် သိမ်း ကာ ယူနန်နယ် အုပ်ချုပ်ဖို့ပေးခဲ့ ရကြောင်း တရုတ်မှတ်တမ်း တစ်ခုက ဖော်ပြဖူးသည်။ 1975 ခုနှစ်တွင် လှုပ်ခဲ့သောငလျှင်ကြောင့် ဗူးဘုရားတစ်ဆူလုံး ဧရာဝတီမြစ်အတွင်းသို့ ထိုးကျသွား ခဲ့သည်။

ဗူးဘုရားအား ပြန်လည်တည် ဆောက် ရန် အတွက် မူလဌာပ နာတိုက်တူးဖော်ရာမှ မြေအနက် (၁၆) ပေတွင် အေဒီ (3) ရာစုခန့်ဟုယူဆရသော အုတ်ခွက် ဘုရား အမြောက်အမြား တူးဖော် ရရှိခဲ့ပြီး ပုံစီတူ ဗူးဘုရား အသစ် တွင် ပြန်လည်ဌာပနာခဲ့သည်။

မည်သို့ဆိုစေ ဗူးဘုရားသည် အေဒီ (2-3) ရာစု ခန့်ကတည်ခဲ့သော ဘုရား တစ်ဆူဖြစ်ပါ ကြောင်း တင်ပြလိုက်ပါသည်။

Credit

 

Zawgyi

ျမန္မာ့သမိုင္းထဲက ပ်ဴေစာထီးမင္း ဒ႑ာရီႏွင့္ ငွက္ပစ္ေတာင္သမိုင္းအေၾကာင္း

 

 

သေရေခတၱရာ၌ ျပည္တြင္းစစ္ႀကီး ျဖစ္ၿပီး အုပ္စု (၃)စု ကြဲသြားေလေသာ္ သမုဒၵရာဇ္မင္းသည္ ေအဒီ (2) ရာစုတြင္ ဧရာဝတီျမစ္ကိုဆန္တက္၍ယုန္လႊတ္ ကြၽန္း အရပ္တြင္ ယခုေညာင္ဦးၿမိဳ႕အပါဝင္ ပ်ဴဂါမေခၚ ပ်ဴ႐ြာ (၁၉)႐ြာကို စုစည္းၿပီး အရိမဒၵနပူရဟု တည္ေထာင္ခဲ့သည္။

(ယခုတြင္ ေရွးေဟာင္း သုေတသနမွ ေက်ာက္တိုင္စိုက္ထားသည္။ သမုဒၵရာဇ္မင္းမွာလည္း သာသနာ ၆၇၁ မွ ၆၉၆ ခုအထိ အုပ္စိုးသည္ဟု ဆိုသည္) ပ်ဴဂါမ- ပ်ဴတို႔ေနရာအရပ္(႐ြာ) မွပုဂါမ္ ထိုမွ ပုဂံ ကာလ ေ႐ြ႕လ်ားမႈႏွင့္အတူ ျဖစ္လာခဲ့သည္ ။ ပုဂံကိုထူေထာင္စ သမုဒၵရာဇ္ မင္း လက္ထက္၌ ျပႆနာမ်ိဳးစုံႀကဳံေတြ႕ခဲ့သည္။

ဒ႑ာရီအရ ငွက္ႀကီး ၊ ဝက္ႀကီး ၊ က်ားႀကီး ၊ ရႉးပ်ံတို႔ ေႏွာက္ယွက္ မင္းမူၿပီး ဘုရင္ကိုယ္ တိုင္၎တို႔ႏွင့္ အေပးယူျပဳ လုပ္ကာ အစာဆက္သေနရခ်ိန္၌ သူရဲေကာင္းတစ္ဦး ေပၚလာကာ ထိုျပႆနာ မ်ားကို ေျဖရွင္းေပးခဲ့သည္။ ထိုသူသည္ သိၾကားမင္းေပး ေသာေလးျမႇားႏွင့္ ပုဂံသမိုင္းဦး တြင္ မပါမၿပီးေသာ အထူးသျဖင့္ ဒ႑ာရီသူရဲေကာင္းအျဖစ္ ဦးကုလားမွရာဇဝင္ ၫႊန္းဆိုခဲ့သူ ပ်ဴေစာထီးပင္ျဖစ္သည္။

 

ပ်ဴေစာထီး၏ ပုဂံသမိုင္း သည္ အေနာ္ရထာ မင္း မတိုင္မွီ ပုဂံေခတ္ဦးအပိုင္းျဖစ္ၿပီး ေဝဝါးလြန္းေနသျဖင့္ ျမန္မာစာ ေပထြန္း ကား လာၿပီျဖစ္ေသာ အေနာ္ရထာမင္း ေနာက္ပိုင္းေလာက္ ေတာ့ မရွင္းလင္းပါ။

ပ်ဴေစာထီး၏ေနာက္ေၾကာင္းသမိုင္းကိုပင္ အမ်ိဳးမ်ိဳး ေရးသားၾကသည္ ျဖစ္ေသာ္လည္း အၾကမ္းအားျဖင့္ကား တေကာင္းနန္းရိုး သတိုးအာဒိစၥရာဇာ သာကီဝင္မင္းမ်ိဳး သည္ ျပည္႐ြာ မၿငိမ္သက္၍ ေတာင္ယာဥယ်ာဥ္လုပ္ကိုင္စား ကာ ဇာတ္ျမႇပ္ေနသည္။

ထိုဥယ်ာဥ္၌ နဂါးတြင္းတစ္ခု ရွိရာ လူတို႔ကို နဂါးတို႔ ေစာင့္မ ၾကည့္ရႈ႕သျဖင့္ ျပည္သူတို႔ ရွိခိုးပူေဇာ္ၾကၿပီး သားဆုပန္ ၾကသည္။ သတိုးအာဒိစၥ တို႔လည္း သားဆုပန္ရာ သားငယ္ေလး ေမြးသျဖင့္ ေစာထီးဟု အမည္ေပးသည္။

(၇) ႏွစ္သား တြင္ ေလးအတတ္တတ္ျမႇောက္ရာ ဆရာရေသ့ ထံ ပညာသင္ ၾကားရင္း ေဗဒင္ပညာ တတ္ျမႇောက္ေသာ ရေသ့က ေစာထီး၏ ၾကန္အင္မွာမင္းျဖစ္မည္ ဟု ေဟာသျဖင့္ မင္းထီးဟု မွည့္ေခၚျပန္သည္။ ေစာထီးသည္ အဌာရသ ပညာ တတ္ ေျမာက္ၿပီး (၁၆) ႏွစ္သားတြင္ ပုဂံသို႔ သြားလို ေၾကာင္း ခမည္းေတာ္အား ခြင့္ပန္ရာ ခမည္းေတာ္က သိၾကားမင္းစီရင္ ေသာ ရတနာေလးျမႇားအား ေပးအပ္ ေလသည္။

ပုဂံေရာက္ေသာ္ သားေထာက္ သမီးခံ မရွိသည့္ ပ်ဴအိုလင္မယားထံတြင္ အတူေနထိုင္ ေလသည္။ ပ်ဴအိုလင္မယား က ခ်စ္သား ဤျပည္ ၿမိဳ႕႐ြာ မၿငိမ္သက္သည္မွာ (၁၂) ႏွစ္ပင္ ရွိေလၿပီဟုေျပာ သည္။

အေၾကာင္းမွာ – ပုဂံျပည္တြင္ အေရွ႕ မ်က္ႏွာအရပ္၌အရံဝက္ ငါးရာႏွင့္ဝက္ႀကီး တစ္ေကာင္၊ အေနာက္မ်က္ႏွာ၌ အရံငွက္ငါးရာ ႏွင့္ အလြန္ႀကီးမားေသာ ငွက္ႀကီးတစ္ေကာင္၊ ေတာင္ မ်က္ႏွာ ၌ အရံက်ားငါးရာႏွင့္ က်ားႀကီး တစ္ေကာင္၊ ေျမာက္မ်က္ႏွာ၌ အရံရႈးပ်ံ ငါးရာႏွင့္ ရႉးပ်ံတို႔သည္ လူတို႔ အဝတ္အစား ၊ အသုံးအေဆာင္ ၊ အိမ္မိုး သက္ငယ္မွ မက်န္ ေတြ႕သမွ်ကို ကိုက္ဖဲ့ ဖ်က္ဆီးခဲ့သည္။

ဝက္ႀကီး အတြက္ ထမင္းလုံး (၆၀) ၊ ဖ႐ုံ (၉) လွည္း၊ ဖြဲ (၉)လွည္း တို႔ျဖင့္ မင္းႀကီးမွ အစားေသာက္ မ်ား ဆက္သေနရသည္။ ပ်ဴေစာထီး သည္ မိမိ၏ေလးျမားအစြမ္းျဖင့္ ထိုရန္သူမ်ား ရွိရာသို႔ပင္ သြားေရာက္ရင္ဆိုင္ ရန္ ဆုံးျဖတ္ခဲ့သည္။ထိုရန္သူမ်ားထဲတြင္ ရင္ဆိုင္ရအခက္ဆုံး အေကာင္မွာ တစ္ေန႕တစ္ ေယာက္က် မိန္းမပ်ိဳသားကို ဆက္သရေသာ ငွက္ႀကီးျဖစ္သည္။

ထီးလိုင္ကာ (ဟတၳိလဂၤ) အမည္ရွိ ထိုငွက္ႀကီးသည္ ယခုလက္ရွိ ေညာင္ဦးၿမိဳ႕ေတာင္ဘက္ (4) km ခန႔္အကြာ ငွက္ပစ္ေတာင္ အရပ္တြင္ ေနထိုင္ၿပီး ေအာ္ဟစ္လိုက္ လွ်င္ တစ္ေတာလုံးဟိန္းသြားသည့္ အျပင္ ပုဂံသူမ်ားပင္ ၾကားရေလသည္။ အေတာင္ပံ ႏွစ္ဖက္ကို ျဖန႔္လိုက္လွ်င္ ေညာင္ဦးအထိ အရိပ္က်ေရာက္ေစၿပီး ထိုအေတာင္ပံ တို႔ကို ရိုက္ခတ္လိုက္လွ်င္ မုန္တိုင္း တိုက္သကဲ့သို႔ သစ္ပင္တို႔ က်ိဳးက်ပ်က္စီး ကုန္သည္။

၎၏ႏႈတ္သီးျဖင့္ ေျမႀကီးကိုေပါက္လိုက္လွ်င္ ေရအိုင္ ငယ္တစ္အိုင္ ေပၚေပါက္သည္အထိ ျပင္းထန္သည္။ ေျခသည္းတို႔သည္ ဓားလံွကဲ့သို႔ ထက္ သည္။ ထိုကဲ့သို႔ ခက္ထန္ၾကမ္းတမ္းကာ လူသားစားေသာ ငွက္ႀကီးရန္ကို ေၾကာက္ရသျဖင့္ ဘုရင္သည္ ေနာက္ဆုံး တစ္ရက္လွ်င္ မိန္းမပ်ိဳ (၇) ဦးထိငွက္စာဆက္သရသည္။

ပ်ဴေစာထီးသည္ငွက္ႀကီးႏွင့္ ျပင္းျပင္း ထန္ထန္ တိုက္ပြဲ ျဖစ္ပြားၿပီး ထိုငွက္ႀကီးကို ျမႇားျဖင့္ ပစ္ခတ္သုတ္သင္ နိူင္ခဲ့သည္။ ငွက္ႀကီး၏ အေတာင္တစ္ခုအား ႏႈတ္ယူကာ ဘုရင္အား ေအာင္ျမင္ေၾကာင္း ဆက္သရန္ မိန္းမပ်ိဳ (၇) ဦးအား ေပးလိုက္ေလသည္။

ဤရန္သူႀကီး ေလးဦးအျပင္ အေႏွာင့္အယွက္ တစ္ခုရွိေသးသည္။ ပုဂံျပည္ တစ္ဝန္း၌ ဗူးပင္တို႔သည္ ဖ်က္ဆီး၍ မနိုင္ေအာင္ ေပါက္သည္။ အႏြယ္အတက္ တို႔မွာ အလြန္လ်င္ျမန္စြာ ပြားကာ တစ္ပင္တစ္ႏြယ္ကို ဖ်က္လွ်င္ ႏွစ္ပင္ႏွစ္ႏြယ္ ျဖစ္လာ၍ တစ္ၫြန႔္ကို ဖ်က္လွ်င္ ႏွစ္ၫြန႔္ျဖစ္လာသည္။

လူသူ မေနနိုင္ေလာက္ ေအာင္ ၊ အသီးအႏွံ မစိုက္ပ်ိဳးနိုင္ ေလာက္ေအာင္ အေႏွာက္ အယွက္ ေပးႏွိပ္စက္ေနသည္ကို ပ်ဴေစာထီးက ပင္ ရွင္းလင္းခဲ့သည္။ ဘုရင္ သည္ ပ်ဴေစာထီးအား အိမ္ေရွ႕အရာအျပင္ သမီးေတာ္ကိုလည္း ေပးအပ္ခဲ့ သည္။ ေနာက္ေသာ္ ပ်ဴေစာထီးသည္ သက္ေတာ္ရွည္ ဘုရင္ႀကီးအျဖစ္ ပုဂံတြင္ မင္းျပဳခဲ့သည္။

ဤေနရာတြင္ ပ်ဴေစာထီးဇတ္လမ္းသည္ ဒ႑ာရီဆန္လြန္းေနသည္။ ပ်ဴေစာထီးသည္ လူျဖစ္သည္ နဂါးျဖစ္သည္ကိုပင္ မသိနိုင္သည့္အျပင္ ဤ တိရိစာၦန္ မ်ားႏွင့္ မည္သို႔ သေဘာတူညီ မႈရၿပီး တိက်ေသာ အစားေသာက္ စာရင္း ကိုတြက္ခ်က္၍ အေပးယူျပဳပါ သ နည္း။ ထို တိရိစာၦန္အေကာင္ေရကို မည္ကဲ့သို႔ ေရတြက္ပါသနည္း။

ထိုမွ်ႀကီးမားေသာ ငွက္သည္ ေက်ာက္ေခတ္က ဒိုင္နိူေဆာ ထက္မေသးဟု မွတ္ယူ ရမလို ျဖစ္ေနသည္။ ျဖစ္နိူင္သည့္တိုင္ ဤငွက္တိရိစာၦန္ သည္ ပုဂံလို ႏွစ္ေပါင္းမ်ားစြာကတည္းက (Semi Dessert) ကႏၲာရဆန္၍ ပူျပင္းေသာေဒသ၌ မည္သည့္သစ္ပင္မ်ိဳးတြင္ အသိုက္ေဆာက္ ေနထိုင္မည္ နည္း။

နားလည္ရအခက္ဆုံးမွာ လူသားစား ျခင္းတူရာတြင္ အဘယ့္အတြက္ ေၾကာင့္ မိန္းမပ်ိဳသား ကိုမွသာ ေ႐ြး၍စားရ ပါသနည္းဆို သည္ကား အျငင္းပြား ဖြယ္ရာ အေကာင္းဆုံး ျဖစ္လာေလသည္။ပ်ဴေစး၏ အရပ္သည္ (၅) ေတာင္ ရွိသည္။ ေပအားျဖင့္ (၇’၊၅”) ခန႔္ရွိလွ်င္ ယေန႕ေခတ္ NBA ဘတ္စကက္ေဘာ သမား အခ်ိဳ႕၏ာထီ အရပ္ခန႔္ရွိသျဖင့္ ျဖစ္နိူင္ေခ်ရွိသည္။

ဒ႑ာရီကို သမိုင္းဟု သတ္မွတ္၍ မရေသာ္လည္း တစ္ခါတရံ သမိုင္းေၾကာင္းသည္ ဒ႑ာရီမ်ားထဲတြင္ ရွိေနတတ္ သည္။ ထို႔အတြက္ ပညာရွင္တို႔ပ်ဴေစာထီး သမိုင္းအား ေဖာ္ထုတ္ရန္ ႀကိဳးစားရင္း ငွက္ႀကီးႏွင့္ ပ်ဴေစာထီးတို႔ႏွင့္ ပတ္သက္၍ ဆက္စပ္မႈမ်ားရွာေဖြရင္း ပုထိုးသား မ်ားဘုရား၊ အပယ္ရတနာဘုရားႏွင့္ က်န္စစ္သားဥမွင္ တို႔မွ ေတြရွိခဲ့ ေသာ နံရံပန္းခ်ီ တို႔က အေတြးမ်ား ျဖစ္ေပၚ လာေစသည္။ ပုထိုးသားမ်ားဘုရား နံရံပန္းခ်ီတြင္ ေရွ႕ဆုံးမွအ႐ုပ္သည္ ကေန၍၎၊ ဒုတိယ အ႐ုပ္သည္ လက္ခုတ္ တီး ၍လိုက္သည္။

တတိယ႐ုပ္မွာ စည္တစ္ခု တီးခတ္ကာ စတုတၳ႐ုပ္မွာ ေစာင္း တီး ေနသည္။ ထို႔ေနာက္တြင္ ညွင္းမႈတ္သူ အမ်ိဳးသမီး (၂) ဦး ကြၽဲခ်ိဳမႈတ္ကာ ေနာက္ဆုံးအမ်ိဳးသမီးမွာ ဗုံတီးေန သည္။ ထို အမ်ိဳးသမီးမ်ားအၿပီးတြင္ ေဒါက္ခ်ာ ေဆာင္း ကာ ၾကာပန္းကိုင္ ရေသ့ (၅) ဦးရွိသည္။ ထိုမွ ျမင္း (၄)ေကာင္ဆြဲ ရထား ေပၚတြင္ ဘုရင္ႏွင့္မိဘုရားတို႔ ပါဝင္ေသာ ထြက္ေတာ္မူခန္း နံရံေဆးေရး ပန္းခ်ီ တစ္ခု ျဖစ္ေလသည္။

တတိယ႐ုပ္မွာ စည္တစ္ခု တီးခတ္ကာ စတုတၳ႐ုပ္မွာ ေစာင္း တီး ေနသည္။ ထို႔ေနာက္တြင္ ညွင္းမႈတ္သူ အမ်ိဳးသမီး (၂) ဦး ကြၽဲခ်ိဳမႈတ္ကာ ေနာက္ဆုံးအမ်ိဳးသမီးမွာ ဗုံတီးေန သည္။ ထို အမ်ိဳးသမီးမ်ားအၿပီးတြင္ ေဒါက္ခ်ာ ေဆာင္း ကာ ၾကာပန္းကိုင္ ရေသ့ (၅) ဦးရွိသည္။ ထိုမွ ျမင္း (၄)ေကာင္ဆြဲ ရထား ေပၚတြင္ ဘုရင္ႏွင့္မိဘုရားတို႔ ပါဝင္ေသာ ထြက္ေတာ္မူခန္း နံရံေဆးေရး ပန္းခ်ီ တစ္ခု ျဖစ္ေလသည္။

က်န္စစ္သားဥမွင္တြင္ မြန္ဂိုတို႔ပုဂံကို ဝင္တိုက္စဥ္ အခါက ေရးဆြဲထား သည္ဟု ယူဆရေသာနံရံ ပန္းခ်ီ၌ စစ္ဝတ္စုံဝတ္ဆင္ထားေသာ မြန္ဂိုစစ္သည္ မ်ားသည္ ငွက္မ်ားကို ျမႇားျဖင့္ ပစ္ကာ ရလာေသာငွက္မ်ားကို မြန္ဂို စစ္ဗိုလ္ထံ ဆက္သေနပုံျဖစ္သည္။ ၎သည္ ပုဂံ ေခတ္ဦးမွ စစ္ပြဲတစ္ခုျဖစ္ေနဟန္ကို ကိုယ္စားျပဳၿပီး ပုဂံေခတ္ေႏွာင္းလူတို႔က စိတ္ကူးႏွင့္ ေရးဆြဲျခင္း ျဖစ္သည္။

အပါယ္ရတနာတြင္ ငွက္ဆင္စီးသူမွ ရေသ့ထံ လာေရာက္ ကန္ေတာ့ ေနေလဟန္ ေတြ႕ရျပန္သည္။ဤ နံရံပန္းခ်ီမ်ားကို နံရံေဆးေရးပညာရွင္မ်ား ၊ mythology ေခၚ ဒ႑ာရီေလ့လာျခင္း ဆိုင္ရာတို႔ ဆက္စပ္ၾကည့္ေလရာ- ပုဂံေခတ္ဦးသည္ ေထရဝါဒသာသနာ မေပၚထြန္း မွီ မဟာယာန၊ ရေသ့၊ ပုဂံ ဘာသာေရးဂိုဏ္း၊ အရည္းႀကီး ဂိုဏ္း စသျဖင့္ ဂိုဏ္းေပါင္းမ်ားစြာ ရွိေနခဲ့သည္။

(အရည္းႀကီး အေၾကာင္း ေနာင္တြင္ ေရးသား ပါမည္။) အရံငွက္မ်ားျဖင့္ ေနထိုင္ ေသာ မိန္းမပ်ိဳသား ကိုသာ စားသည္ဟူေသာငွက္ႀကီး ဟတၳိလဂၤသည္ ၎ နာမည္ ၏အလည္ႏွစ္လုံးကို ယူၿပီးေရွ႕ႏွင့္ေနာက္ ျဖဳတ္လိုက္လ်င္ ထီးလိုင္ျဖစ္ၿပီး ငွက္ဆင္ဟု အဓိပၸါယ္ရသည္။ ထို႔ေၾကာင့္ ငွက္ႀကီးသည္ အျခားမဟုတ္ ငွက္ဆင္ ဘြဲ႕ခံ ဂိုဏ္း ေခါင္းေဆာင္ ျဖစ္ကာ ပုဂံအားဆက္ေၾကးေတာင္း မင္းမူ ေနေသာ အဖြဲ႕ ျဖစ္ေလသည္။

ငွက္စာဆက္ မိန္းမပ်ိဳ (၇) ဦးသည္ ငွက္ဆင္ ဂိုဏ္း ေခါင္း ေဆာင္က ၎ႏွင့္ ေပ်ာ္ပါးရန္ ေပ်ာ္ေတာ္ဆက္ ေစျခင္းျဖစ္ေလ သည္။ (၁၀) စုႏွစ္တစ္ခုၾကာ မင္းမူေန ေသာ ဤဂိုဏ္းကို ရင္ဆိုင္ရန္ အတြက္ စစ္တပ္ႏွင့္ မယွဥ္နိူင္လွ်င္ သူရဲေကာင္းခ်င္း စီးခ်င္းထိုးရန္သာ ရွိသည္။

ပ်ဴေစာထီးသည္ ထိုဂိုဏ္းမ်ားစြာ အနက္မွ သာသနာကိုကာကြယ္ရန္ သိုင္းပညာ တတ္ျမႇောက္ ထားေသာ ဗူးေခ်ာက္ေဒါက္ခ်ာေဆာင္း ရေသ့ဂိုဏ္း ေခါင္းေဆာင္ ထံတြင္ သိုင္းပညာ သင္ၾကားခဲ့သည္။ ပ်ဴေစာထီး သိုင္းပညာတတ္ေျမာက္ၿပီး ခ်ိန္တြင္ ထီးလွိုင္အရပ္ရွိ ငွက္ဆင္ဂိုဏ္းခ်ဳပ္ႏွင့္ စီးခ်င္းထိုးရန္ သြားေရာက္ ယွဥ္ၿပိဳင္ သည္။

ၿပိဳင္ပြဲတြင္ ပ်ဴေစာထီး အနိုင္ရကာ ငွက္ေတာင္တစ္ခုအား ဆက္သေစျခင္း ဆိုသည္မွာ ငွက္ဆင္ဂိုဏ္းခ်ဳပ္၏ခါးတြင္ ခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓား တစ္ေခ်ာင္းကို ဆြဲထုတ္ကာ ေအာင္ျမင္ေၾကာင္း သတင္းပို႔ ေစျခင္း ျဖစ္သည္။ ပန္းခ်ီကားအား အဓိပၸါယ္ဖြင့္ဆိုၾကည့္မည္ ဆိုလွ်င္ ေရွ႕ဆုံးမွ အ႐ုပ္သည္ က၍ လမ္းေလွ်ာက္ ျခင္းႏွင့္ လက္ခုပ္တီးေနဟန္တို႔ျဖစ္ၿပီး ကခုန္ျခင္း၊ လက္ခုပ္တီး ျခင္းသည္ ေပ်ာ္႐ႊင္သည့္သေဘာကို ၫႊန္းဆိုသည္။

 

သို႔ေသာ္ က်န္အမ်ိဳးသမီးမ်ား၏ မ်က္ႏွာမ်ားသည္ မ်က္ႏွာဖုံးစြပ္ထားဟန္ရွိၿပီး ၎တို႔သည္ ငွက္ႀကီးထံမွ ကယ္ ထုတ္ လာေသာ ပန္ေတာ္က်မ်ားျဖစ္သည္။ တတည္းအားျဖင့္ ရွက္၍မ်က္ႏွာအုပ္ ထားျခင္းကို ၫႊန္းဆို သည္။ဗူးေခ်ာက္ ေဒါက္ခ်ာေဆာင္း ၾကာပန္းကိုင္ (၅) ဦးမွာ ဆရာရေသ့ႀကီး၏ တပည့္မ်ား ျဖစ္သည္။

ျမင္း (၄) ေကာင္ဆြဲ ရထားထက္က ဘုရင္သည္ ပ်ဴေစာထီးႏွင့္ စႏၵာေဒဝီတို႔ ျဖစ္ကာ ပန္းခ်ီကားတစ္ခုလုံး၏ အႏွစ္ခ်ဳပ္မွာ ပ်ဴေစာထီးငွက္ႀကီး ကိုေအာင္နိူင္ကာ အိမ္ေရွ႕မင္း အျဖစ္အပ္ႏွင္းခံရေသာ ေအာင္ပြဲခံအခမ္းနားကို ၫႊန္းဆို ျခင္းျဖစ္နိူင္ပါသည္။အပါယ္ရတနာဘုရားမွ ငွက္ဆင္စီးကာ ရေသ့အား လာေရာက္ကန္ ေတာ့ေနဟန္ကို (၂) မ်ိဳး ခြဲ၍ ရႈ႕ျမင္သည္။

ငွက္ဆင္ကိုစီးလာျခင္းသည္ ငွက္ဆင္ ကို ထိန္းခ်ဳပ္ကာ ဆရာရေသ့ကို လာေရာက္ ဂါရဝျပဳေန ေသာ ပ်ဴေစာထီး ျဖစ္နိူင္ သလို ေနာက္တစ္မ်ိဳးမွာ ငွက္ဆင္၏သခင္(ဝါ) ထီးလိုင္ရွင္က်န္စစ္သား၏ ဆရာ သည္ ရေသ့ျဖစ္နိူင္သည္ ဟုယူဆသည္။၎အျပင္ဗူးဇတ္လမ္းမွာ ျပည္ပေခတ္ၿပိဳင္ မွတ္တမ္းမ်ားႏွင့္တိုက္ၾကည့္ လွ်င္ သမုဒၵရာဇ္မင္းေခတ္ ေအဒီ ၂ရာစုမွာ ျမန္မာနိုင္ငံ အပါအဝင္အေရွ႕ေတာင္ အာရွ ကို စစ္မ်က္ ႏွာျဖန႔္၍ တိုက္ေနေသာကေမာၻဒီးယား တို႔၏ ပထမခမာ အင္ပါယာ မွာ ဖူနမ္(ဝါ)ဗူးနမ္ အင္ပါယာ ဟုရွိခဲ့ဖူးသည္။

၎ ဗူးနမ္တပ္သည္ တို႔သည္ ျပည္သူမ်ား ထြန္ယက္ စိုက္ပ်ိဳးမရေအာင္ ေႏွာက္ယွက္ျခင္း ျဖစ္နိုင္ သည္။ ၎တို႔အားအတိုေကာက္အားျဖင့္ ေခၚဆိုရာ ဗူးနမ္မွဗူး ဟုေခၚဆိုကာ ဗူးရန္ကို ေအာင္နိုင္ျခင္းသည္ ဗူးပင္မ်ားကို ေအာင္နိုင္ ျခင္းထက္ ခမာတို႔၏ ဗူးနမ္တပ္ကို ေအာင္နိုင္ျခင္းဟု ယူဆနိူင္ပါသည္။ထို႔အျပင္ ပုထိုးသားမ်ားဘုရားတြင္ ပုဂံမင္း တစ္ပါးဘုရားကန္ေတာ့ ဟန္သည္ အနည္းငယ္ထူးျခားမႈ ရွိသည္။

ထိုမင္းေဆာင္းထားေသာ မကိုဋ္ သည္ ဗူးဘုရားႏွင့္ တူသကဲ့သို႔ ထိပ္ပိုင္းမွာလည္း ဗူးဘုရား၏ ၾကာလွန္ ၾကာေမွာက္ႏွင့္ တူေနသည္။ ၎မင္းကို ပ်ဴေစာထီး ဟုယူဆသည္။ ထို႔ေၾကာင့္ ပ်ဴေစာထီး ႏွင့္ဗူးဘုရား မည္သို႔ ဆက္စပ္ေနပါသနည္းဆို လွ်င္ ပ်ဴေစာထီးသည္ တိုက္ပြဲ မ်ား စြာေအာင္နိူင္သျဖင့္ မိမိဆရာကို တနည္းတဖုံ ဂါရဝျပဳ ေက်းဇူးဆပ္လို သျဖင့္ဆရာရေသ့ ေဆာင္းေသာ ဗူးေခ်ာက္ေဒါက္ခ်ာကို အတုယူ၍ဗူးဘုရားအား ပုဂံ၏ေအာင္ေျမ ႏွင့္ေအာင္ျမင္ျခင္း အထိန္းမွတ္ဘုရား အျဖစ္တည္ခဲ့သည္။

ဗူးဘုရားသည္ သေရေခတၱရာရွိ ေဘာေဘာႀကီး၊ ဘုရားႀကီး၊ ဘုရားမာကဲ့သို႔ပင္ ပ်ဴတို႔၏ ယဥ္ေက်းမႈ အေမြကိုပုဂံေျမက ဆက္ခံရ လိုက္ရာတြင္ အျမင္သာဆုံး ဘုရားတစ္ဆူ ျဖစ္သည္။ သို႔ေသာ္လည္း ပုဂံေျမ ေပၚ၌ ပထမဦးဆုံး ဘုရား ဟုေတာ့ မဆိုလိုပါ။ ထိုထက္ေစာ ေသာ ဘုရားမ်ား စြာသည္ ပုဂံေျမတြင္ ယေန႕တိုင္ေတြ႕ ေနရပါသည္။

ေပါက္ပင္ရာ ၊ ငကြၽဲနား ေဋာင္း ဘုရားတို႔ သည္ ဗူးဘုရား၏မ်ိဳးဆက္ မ်ားပင္ ျဖစ္ေပသည္။ ပ်ဴေစာထီးႏွင့္ပတ္သက္၍ ျမန္မာ့ေျမတြင္ ေက်ာက္စာ၊ မွတ္တမ္း တိတိက်က် မရွိသျဖင့္ ပ်ဴေစာထီးဒ႑ာရီ သည္ အတိက် ၫႊန္း ရန္ထက္ ပ်ဴေစာထီးပင္ တကယ္ ရွိမရွိ အျငင္းပြားမႈရွိခဲ့ဖူးသည္။

သို႔ေသာ္ ပ်ဴေစာထီးကို တ႐ုတ္စစ္သူႀကီး ခ်ဴေကာလိယန္းက တိုက္ခိုက္ဖူး ေၾကာင္း၊ ခ်ဴေကာလိ ယန္း စစ္ရႈံးၿပီးေနာက္ တပ္ျပန္ သိမ္း ကာ ယူနန္နယ္ အုပ္ခ်ဳပ္ဖို႔ေပးခဲ့ ရေၾကာင္း တ႐ုတ္မွတ္တမ္း တစ္ခုက ေဖာ္ျပဖူးသည္။ 1975 ခုႏွစ္တြင္ လႈပ္ခဲ့ေသာငလွ်င္ေၾကာင့္ ဗူးဘုရားတစ္ဆူလုံး ဧရာဝတီျမစ္အတြင္းသို႔ ထိုးက်သြား ခဲ့သည္။

ဗူးဘုရားအား ျပန္လည္တည္ ေဆာက္ ရန္ အတြက္ မူလဌာပ နာတိုက္တူးေဖာ္ရာမွ ေျမအနက္ (၁၆) ေပတြင္ ေအဒီ (3) ရာစုခန႔္ဟုယူဆရေသာ အုတ္ခြက္ ဘုရား အေျမာက္အျမား တူးေဖာ္ ရရွိခဲ့ၿပီး ပုံစီတူ ဗူးဘုရား အသစ္ တြင္ ျပန္လည္ဌာပနာခဲ့သည္။

မည္သို႔ဆိုေစ ဗူးဘုရားသည္ ေအဒီ (2-3) ရာစု ခန႔္ကတည္ခဲ့ေသာ ဘုရား တစ္ဆူျဖစ္ပါ ေၾကာင္း တင္ျပလိုက္ပါသည္။

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *