နောင်ရိုးတိုက်ပွဲနှင့် အိမ်မဲမြို့နယ်အတွင်းက ထင်ရှားသော သမိုင်းဝင်နေရာ

နောင်ရိုးတိုက်ပွဲနှင့် အိမ်မဲမြို့နယ်အတွင်းက ထင်ရှားသော သမိုင်းဝင်နေရာ

 

 

 

နောင်ရိုးတိုက်ပွဲ

မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြှောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်ပြီးရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။

သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီးတပ်ချ ရပ်နားလေသည်။ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များမှီလာပြီးချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။

 

နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ ရန်သူမွန်တပ်အင်အားမှာ မိမိတပ်ထက်ထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာသိရလေသည်။

ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ်ရောက်သည်အထိစောင့်ပြီးမှ တိုက်သင့်ကြောင်း၊မိမိတို့၏ လက်ရှိအင်အားဖြင့်တိုက်လျှင် နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်။ထိုအခါ ကျော်ထင်နော်ရထာက :”စစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာရ်သာပဓာနဖြစ်သည်။” ဟုဆိုကာ ချောင်းကိုကူးရန်စီစဉ်စေသည်။

ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး”ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊စောင့်လင့်ဦး၊ငါကိုယ်တော်တိုင် ရန်သူတို့ကိုချေမှုန်းတိုက်ခိုက်တော်မူလိုသည်။”ဟု အမိန့်တော်ပါးလိုက်လေသည်။ထိုအခါ ကျော်ထင်နော်ရထာက “အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီးလေပြီ” ဟုပြန်လည်လျှောက်တင်စေသည်။

ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ကူးပြီးရောက်လျှင် ဖောင်များအားလုံးကိုဖျက်စေသည်။ ထိုအခါ မှူးမတ်တို့က :”အရှင်သည်..စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီးဟု မင်းတရားထံလျှောက်စေသည်။ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီးပြေးရန် ဖောင်များကိုထားစေလိုပါသည်။” ဟုလျှောက်ကြသည်။

ထိုအခါကျော်ထင်နော်ရထာက “ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင်နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။မင်းတရားကြီးထံလျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။” ဟုဆိုကာဖျက်စေပြီး စစ်ကိုတိုက်စေသည်။

ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။

ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀ဝ၊စစ်သည် ၃၀ဝဝဖြင့် ညာတောင်ပံ။

ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀ဝ၊စစ်သည် ၃၀ဝဝဖြင့် ဘယ်တောင်ပံ။

မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊မြင်း ၁၀ဝ၊စစ်သည် ၄၀ဝ၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။

တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည် ရန်သူတပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ်ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ် ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့်အပျက်အစီးများလေသည်။ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ကျန် စစ်သူကြီး မင်းရဲအောင်နိုင် မှာဆင်ထက်မှာပင်ကျဆုံးသည်။

နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။

(​နောင်ရိုးတိုက်ပွဲနှင့်နောင်ရိုးတိုက်ပွဲနှင့် အိမ်မဲမြို့နယ်အတွင်းက ထင်ရှားသော သမိုင်းဝင်နေရာ)

နောင်ရိုးတိုက်ပွဲသည် မြန်မာသက္ကရာဇ် ၈၉၉ ခုနှစ်ခန့်တွင် ကေတုမတီတောင်ငူ နှင့် ဟံသာဝတီဥသာပဲခူးတို့ ဖြစ်ပွားခဲ့သော စစ်အတွင်း ထင် ရှားခဲ့သည့် မြန်မာ့သမိုင်းဝင် တိုက်ပွဲတစ်ခုဖြစ်ပါသည်။ ထိုတိုက်ပွဲတွင် မင်းတရားရွှေထီး (တပင်ရွှေထီး) ၏ ယောက်ဖတော် ရှင်ရဲထွဋ် (ဘုရင့် နောင်ကျော်ထင်နော်ရထာ) ၏ ရဲစွမ်းသတ္တိနှင့် လုပ်ရည်ကြံရည်တို့ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၈၉၆ မှစတင်ပြီး မင်းတရားရွှေထီး (တပင်ရွှေထီး)သည် တောင်ငူမှ ဟံသာဝတီပဲခူးသို့ စစ်(၄)ကြိမ် ချီတက်လုပ်ကြံခဲ့ရာ ပထမ (၃)ကြိမ်မှာ အောင် မြင်မှုမရှိဘဲ မြန်မာသက္ကရာဇ် ၈၉၉ ခုနှစ်တွင် ချီတက်လုပ်ကြံသည့် စတုတ္ထအကြိမ် မှသာ အောင်မြင်မှုရရှိခဲ့ပြီး ၊ ဟံသာဝတီပျက်ကာ ဟံသာဝတီပြည့်ရှင် သုရှင်တကာရွတ်ပိမှာ အညံ့မခံဘဲ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းရန် ၎င်းတပ်များ ဆုတ်ခွာခဲ့ပါသည်။

ဟံသာဝတီတပ်များ ဆုတ်ခွာချိန်တွင် မင်းတရားရွှေထီးမှ ရေကြောင်း၊ ဘုရင့်နောင် ကျော်ထင်နော်ရထာမှ ကြည်းကြောင်းဖြင့် ထပ်ကြပ်မကွာ ချီတက်လိုက်ပါခဲ့ပါသည်။

ဟံသာဝတီတပ်များ ဆုတ်ခွာခဲ့ရာမှ ပန်းမတီး၀ (ပန်းမတီဝ) ယခု ပမဝတီမြစ်ဝမှတစ်ဆင့် နောင်ရိုးအရပ် ယခုအိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုဝန်းကျင်ခန့်တွင် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ကြည်းကြောင်းဖြင့် ချီတက်လာသော တောင်သူတပ်များမှ မှီလာခဲ့ပြီး မိမိ၏ တပ်သားအချို့အား ဟံသာဝတီတပ်၏ စစ်ရေးအခြေအနေများအား လေ့လာရန် အထောက် တော်လွှတ်ခဲ့ပြီး နောင်ရိုးအရပ်တစ် ဖက်ကမ်းခန့်တွင် တပ်စခန်းချပြီး ရပ်နားခဲ့ပါသည်။

ဟံသာဝတီတပ်များမှာ ကြည်းကြောင်းဖြင့် ချီတက်လာသော မိမိ၏ တောင်ငူတပ်ထက် အင်အား (၄)ဆခန့် များပြားကြောင်း အထောက်တော်များမှ တစ်ဆင့် သိရှိခဲ့သဖြင့် မိမိ၏ တောင်ငူတပ်များအား ဟံသာဝတီတပ်များမှ ရင် ဆိုင်ရန် တပ်ပြင်ဆင်ချိန်တွင် ရေကြောင်းဖြင့် ချီတက်လာသော မင်းတရားရွှေထီး၏ အထောက်တော်များမှ ရောက်ရှိလာပြီး မင်း တရားရွှေထီးမှ သူတို့ကို တွေ့လျှင် မတိုက်နဲ့ဦး ငါရောက်မှ တိုက်တော်မူမည် ဟု အမှာတော်ပါးလိုက်ရာ ဘုရင့်နောင်ကျော်ထင်နော်ရထာမှ မင်း တရား၏ အထောက်တော်များအား ဘုန်းတော်ကြောင့် အောင်မြင်လေပြီ ဟု ပြန်လည်လျှောက်ထားရန် မိန့်မှာခဲ့ပါသည်။

ဟံသာဝတီတပ်များနှင့် စစ်ရင်ဆိုင်ရန် ဘုရင့်နောင်ကျော်ထင်နောက်ရထာ ဦးစီးသော တောင်ငူတပ်များမှာ တစ်ဖက်ကမ်းမှ သစ်ဖောင်၊ ဝါး ဖောင်များ ဆောင်လုပ်ပြီး ချောင်းအား ဖြတ်ကျော်ကာ နောင်ရိုးအရပ်သို့ ရောက်ရှိကာမှ ဘုရင့်နောင်ကျော်ထင်နော်ရထာမှ မိမိ၏ တောင်ငူတပ်များအား ဒီစစ်ကို အသက်ရှင်ဖို့ အနိုင်တိုက်ရန် လိုအပ်ကြောင်း၊ မနိုင်လို့ ရှုံးရင်လည်း သေတဲ့သူကို မည်သူမျှ အပြစ်မပေးနိုင်တော့ကြောင်း၊

စစ်တို့သဘောသည် အင်အားနည်းသည် များသည်ဟူ မဆိုရ လုပ်ရည်ကြံရည်အရဲအစွမ်းသာ အရင်းဖြစ်သည် ဟုမှာကြားပြီး ယခုတစ်ဖက်ကမ်းသို့ ရောက်ရှိပြီဖြစ်သဖြင့် သစ်ဖောင်ဝါးဖောင်များအား ဖျက်ဆီးစေပြီး နောင်ရိုးအရပ် (ယခုအိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေး ရွာအုပ်စု၊ ဒေါင့်ကြီးလေး ကျေးရွာဝန်းကျင်)တွင် ဟံသာဝတီတပ်များအား စစ်ကြောင်းသုံးကြောင်းခွဲပြီး အလုံးအရင်းဖြင့် တိုက်ခိုက်ရာ ဟံသာဝတီတပ်များပျက်ကာ သမိုင်းဝင်နောင်ရိုးတိုက်ပွဲတွင် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ကေတုမတီတောင်ငူတပ်များ အနိုင်ရရှိခဲ့ပါသည်။

နောင်ရိုးတိုက်ပွဲသည် ခရစ်သက္ကရာဇ် ၁၅၄၇ ခုနှစ်၊ တောင်ငူကေတုမတီဘုရင် တပင်ရွှေထီးမှ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိအား တိုက်ခဲ့သော စစ်ပွဲကြီးတစ်ပွဲဖြစ်ပြီး ၊ နောင်ရိုးတိုက်ပွဲတွင် အင်အားမမျှသော်လည်း ရဲစွမ်းသတိကိုအရင်းတည်၍ မြစ်ကိုဖြတ်ကူးခဲ့ကာ ဖောင်များကို မီးရှိုဖျက်စီးခဲ့ပြီး နောက်ပြန်မလှည့်စတမ်း တိုက်ပွဲဆင်ရန် ဖောင်ဖျက်ခဲ့သည့်အတွက် ဘုရင့်နောင်ဖောင်ဖျက်ဟူ သော စကားမှာ ကျော်ကြားခဲ့သလို ဘုရင့်နောင်၏ တိုက်ပွဲဗျူဟာမှာလည်း ကမ္ဘာကျော်ခဲ့ပါသည်။

ထိုအဖြစ်အပျက်မှာ သမိုင်းမှတ်တမ်းတွင် ရာဇဝင်စံတင်လောက်သည့် တိုက်ပွဲတစ်ခုဖြစ်ခဲ့ရာ သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း၊ ဒေါက်တာသန်းလှနှင့် အခြားသမိုင်း သု တေ သီပညာရှင်များမှ နောင်ရိုးတိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာအား နှစ်ရှည်လများ သမိုင်း မှတ်တမ်းရာဇဝင်များဖြင့် တိုက်ဆိုင်စိစစ်လေ့လာခဲ့ကြပါသည်။

ထိုသို့လေ့လာသုံးသပ်တွေ့ရှိမှု၏ ရလာဒ်အဖြေအား အတည်ပြုနိုင်ရန် အိမ်မဲမြို့နယ်နှင့် ထိစပ်နေသော မြို့နယ်များ၊ အိမ်မဲမြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ မြစ်ချောင်းများအား နယ်မြေကွင်းဆင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ လေ့လာသုံးသပ်မှု၊ ကွင်းဆင်းလေ့လာမှုများအရ နောင်ရိုးတိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာအား နေရာအတိအကျ ဖော်ပြနိုင်ခြင်းမရှိသော်လည်း ပထဝီဝင် အနေအထားအရ အိမ်မဲမြို့နယ်ထဲတွင် ရှိမည်ဟု ခန့်မှန်းရပြီး အနီးစပ်ဆုံးနေရာအဖြစ် အိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးလေးကျေးရွာဝန်း ကျင်ခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သုံးသပ်မှတ်တမ်းတင်ခဲ့ပါသည်။

ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ရဲစွမ်းသတ္တိ၊ ဆုံးဖြတ်ချက် ခိုင်မာမှုနှင့် ခေါင်းဆောင်ရည်ပြည်ဝမှုများ၏ ပြယုဂ် သမိုင်းဝင် နောင်ရိုးတိုက်ပွဲ အထိမ်းအမှတ်အဖြစ် အိမ်မဲမြို့နယ်အသင်းမှ အိမ်မဲမြို့ အဝင်ပန်းခြံတွင် – ဘုရင့်နောင်ကျော်ထင်နော်ရထာ ရုပ်ထုအား (၂၉.၁၂.၂၀၁၂) ရက်နေ့တွင်လည်းကောင်းဇရပ်ဆိပ်ကျေးရွာအုပ်စု၊

ဒေါင့်ကြီးလေးကျေး ရွာတွင် ကမ္ပည်းကျောက်စာအား (၁၇.၄.၂၀၁၃) ရက်နေ့တွင်လည်းကောင်း စိုက်ထူဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ နောင်လာနောင်သားများ ၏ အမျိုးဂုဏ်၊ ဇာတိမာန်နှင့် ရဲစွမ်းသတ္တိများ ထက်သန်စေရန် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

ကိုးကား – ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ပေ့မှ ကူးယူတင်ပြသည်။ပုံညွှန်း နောင်ရိုးအထိမ်းအမှတ်နေရာနှင့် သမိုင်းပညာရှင် အသီးသီး၏ နောင်ရိုးတိုက်ပွဲ ခန့်မှန်းမြေပုံများ

 

Credit

 

Zawgyi

 

ေနာင္ရိုးတိုက္ပြဲႏွင့္ အိမ္မဲၿမိဳ႕နယ္အတြင္းက ထင္ရွားေသာ သမိုင္းဝင္ေနရာ

 

 

 

ေနာင္ရိုးတိုက္ပြဲ

ျမန္မာ့သမိုင္းတြင္ ထင္ရွားလွသည့္ တိုက္ပြဲျဖစ္သည္။ ေတာင္ငူဘုရင္ တပင္ေ႐ႊထီးသည္ ဟံသာဝတီကို ၃ ႀကိမ္ျမႇောက္လုပ္ႀကံၿပီး သိမ္းယူရာတြင္ မခုခံနိုင္ေတာ့သည့္ မြန္မင္း သုရွင္တကာ႐ြတ္ပိသည္ မိမိေနာက္လိုက္ေနာက္ပါမ်ားကို ေခၚေဆာင္ၿပီးေရတပ္ျဖင့္ မိမိေယာက္ဖျပည္စားရွိရာ ျပည္သို႔အျမန္ေျပးေလသည္။

သို႔ေသာ္ ကုန္းမွလိုက္သည့္ မြန္ၾကည္းတပ္မွာေရတပ္ကဲ့သို႔ ျမန္ျမန္မခ်ီတက္နိုင္ေပ။ ေနာင္ရိုးအရပ္ေရာက္လွ်င္ ေခ်ာင္းကိုကူးၿပီးတပ္ခ် ရပ္နားေလသည္။ထိုသို႔ရပ္နားစဥ္တြင္ ေနာက္မွလိုက္လာသည့္ ေက်ာ္ထင္ေနာ္ရထာ(ဘုရင့္ေနာင္)ဦးစီးသည့္ ေတာင္ငူတပ္မ်ားမွီလာၿပီးေခ်ာင္းကို ျဖတ္ကူးကာ ေတာင္ငူ-ဟံသာဝတီ ႏွစ္ဖက္ျပင္းထန္စြာတိုက္ခိုက္ၾကသည္။

 

ေနာင္ရိုးအရပ္သို႔ေရာက္လွ်င္ တစ္ဖက္ကမ္းရွိ ရန္သူတပ္၏အင္အားကိုစုံစမ္းေစရာ ရန္သူမြန္တပ္အင္အားမွာ မိမိတပ္ထက္ထက္ ၈ ဆမွ်ႀကီးသည္ကို ေက်ာ္ထင္ေနာ္ရထာသိရေလသည္။

ထိုအခါ ေနာက္ပါ အမႉးအမတ္တို႔က မင္းတရားေ႐ႊထီးတပ္ေရာက္သည္အထိေစာင့္ၿပီးမွ တိုက္သင့္ေၾကာင္း၊မိမိတို႔၏ လက္ရွိအင္အားျဖင့္တိုက္လွ်င္ နိုင္ရန္မလြယ္ကူေၾကာင္းေလွ်ာက္ၾကသည္။ထိုအခါ ေက်ာ္ထင္ေနာ္ရထာက :”စစ္တို႔၏သေဘာမွာအင္အားငယ္သည္ႀကီးသည္မွာပဓာနမဟုတ္၊သူရသတၱိႏွင့္စစ္ပရိယာရ္သာပဓာနျဖစ္သည္။” ဟုဆိုကာ ေခ်ာင္းကိုကူးရန္စီစဥ္ေစသည္။

ထိုစဥ္ ေနာက္မွ တပင္ေ႐ႊထီး၏ ျမင္းသည္ေတာ္မ်ားေရာက္လာၿပီး”ငါမေရာက္သမွ် စစ္ကိုမတိုက္ႏွင့္၊ေစာင့္လင့္ဦး၊ငါကိုယ္ေတာ္တိုင္ ရန္သူတို႔ကိုေခ်မႈန္းတိုက္ခိုက္ေတာ္မူလိုသည္။”ဟု အမိန့္ေတာ္ပါးလိုက္ေလသည္။ထိုအခါ ေက်ာ္ထင္ေနာ္ရထာက “အရွင့္ဘုန္းေတာ္ေၾကာင့္ ရန္သူတို႔ကို ေအာင္ျမင္ၿပီးေလၿပီ” ဟုျပန္လည္ေလွ်ာက္တင္ေစသည္။

ထိုေနာက္ ေခ်ာင္းတစ္ဖက္ကမ္းသို႔ကူးၿပီးေရာက္လွ်င္ ေဖာင္မ်ားအားလုံးကိုဖ်က္ေစသည္။ ထိုအခါ မႉးမတ္တို႔က :”အရွင္သည္..စစ္ကိုမတိုက္ရေသးမွီကပင္ ေအာင္ျမင္ေလၿပီးဟု မင္းတရားထံေလွ်ာက္ေစသည္။ယခုလည္း ေဖာင္ပန္းတို႔ကို ဖ်က္ေစသည္။အကယ္လို႔မ်ား စစ္ေရးမလွဘဲ ရႈံးႏွိမ့္လွ်င္ အားကိုးအားထားျပဳၿပီးေျပးရန္ ေဖာင္မ်ားကိုထားေစလိုပါသည္။” ဟုေလွ်ာက္ၾကသည္။

ထိုအခါေက်ာ္ထင္ေနာ္ရထာက “ေဖာင္တို႔ကို မဖ်က္လွ်င္ အနည္းငယ္စစ္ေရးမလွသည္ေတြ႕လွ်င္ေနာက္သို႔ခ်ဥ္းလွည့္ေျပးရန္ စဥ္းစားၾကလိမ့္မည္။ ေဖာင္တို႔ကိုဖ်က္မွသာ ေရွ႕မွရန္သူကို ေနာက္မွေရေဘးဟူေသာအသိျဖင့္ ယတိျပတ္အနိုင္တိုက္ရန္ စိတ္ရွိၾကမည္။မင္းတရားႀကီးထံေလွ်ာက္ေစသည္မွာလည္း စစ္ကိုအနိုင္တိုက္ရန္ျဖစ္ၿပီး ရႈံးၿပီးေသၾကလွ်င္ အျပစ္တင္ရန္ မတတ္နိုင္ေတာ့။ေသေသာသူကိုအဘယ္သို႔အျပစ္တင္နိုင္မည္နည္း။” ဟုဆိုကာဖ်က္ေစၿပီး စစ္ကိုတိုက္ေစသည္။

ေက်ာ္ထင္ေနာ္ရထာသည္ တိုက္ခိုက္ရန္အတြက္ ဒြိဇာဓိပဗ်ဴဟာျဖင့္တိုက္ရန္ဆုံးျဖတ္သည္။

ေထာမွိုင္းရဲကို ဆင္၁၅၊ ျမင္း၂၀ဝ၊စစ္သည္ ၃၀ဝဝျဖင့္ ညာေတာင္ပံ။

ဘယသၾကၤန္ကို ဆင္၁၅၊ ျမင္း၂၀ဝ၊စစ္သည္ ၃၀ဝဝျဖင့္ ဘယ္ေတာင္ပံ။

မိမိကိုယ္တိုင္ကမူ ဆင္ ၂၀၊ျမင္း ၁၀ဝ၊စစ္သည္ ၄၀ဝ၀ ျဖင့္အလယ္ေၾကာင္းမွ တိုက္သည္။

တိုက္ပြဲစသည္ႏွင့္ ေတာင္ငူတပ္သည္ ရန္သူတပ္တို႔ကို တဟုန္ထိုးတိုက္ခိုက္သည္။အထင္ေသးကာ ေပါ့ေလ်ာ့ေနသည့္ မြန္တပ္ႀကီးမွာ အမွန္တကယ္ရင္ဆိုင္ရာတြင္ ေတာင္ငူတပ္၏ ႐ြပ္႐ြပ္ ခြၽံခြၽံတိုက္ခိုက္မႈကို ခံရသျဖင့္အပ်က္အစီးမ်ားေလသည္။ဗညားဒလ ဆင္ေပၚမွဆင္းကာ ျမင္းျဖင့္ ျပည္သို႔ေျပးရသည္။က်န္ စစ္သူႀကီး မင္းရဲေအာင္နိုင္ မွာဆင္ထက္မွာပင္က်ဆဳံးသည္။

ေနာက္တစ္ရက္ တပင္ေ႐ႊထီးေရာက္ေသာ္ ဖမ္းဆီးမိသည့္ ဆင္ျမင္းလူသုံ႕ပန္းအမ်ားကိုဆက္သရာ ေက်နပ္လြန္းလွသျဖင့္ ဘုရင့္ေနာင္ ဟူေသာဘြဲ႕ကိုေပးၿပီး လွိုင္ၿမိဳ႕ကိုထပ္တိုးစားေစသည္။

(​ေနာင္ရိုးတိုက္ပြဲႏွင့္ေနာင္ရိုးတိုက္ပြဲႏွင့္ အိမ္မဲၿမိဳ႕နယ္အတြင္းက ထင္ရွားေသာ သမိုင္းဝင္ေနရာ)

ေနာင္ရိုးတိုက္ပြဲသည္ ျမန္မာသကၠရာဇ္ ၈၉၉ ခုႏွစ္ခန႔္တြင္ ေကတုမတီေတာင္ငူ ႏွင့္ ဟံသာဝတီဥသာပဲခူးတို႔ ျဖစ္ပြားခဲ့ေသာ စစ္အတြင္း ထင္ ရွားခဲ့သည့္ ျမန္မာ့သမိုင္းဝင္ တိုက္ပြဲတစ္ခုျဖစ္ပါသည္။ ထိုတိုက္ပြဲတြင္ မင္းတရားေ႐ႊထီး (တပင္ေ႐ႊထီး) ၏ ေယာက္ဖေတာ္ ရွင္ရဲထြဋ္ (ဘုရင့္ ေနာင္ေက်ာ္ထင္ေနာ္ရထာ) ၏ ရဲစြမ္းသတၱိႏွင့္ လုပ္ရည္ႀကံရည္တို႔ကို ထင္ရွားစြာ ေတြ႕ျမင္ရမည္ျဖစ္ပါသည္။

ျမန္မာသကၠရာဇ္ ၈၉၆ မွစတင္ၿပီး မင္းတရားေ႐ႊထီး (တပင္ေ႐ႊထီး)သည္ ေတာင္ငူမွ ဟံသာဝတီပဲခူးသို႔ စစ္(၄)ႀကိမ္ ခ်ီတက္လုပ္ႀကံခဲ့ရာ ပထမ (၃)ႀကိမ္မွာ ေအာင္ ျမင္မႈမရွိဘဲ ျမန္မာသကၠရာဇ္ ၈၉၉ ခုႏွစ္တြင္ ခ်ီတက္လုပ္ႀကံသည့္ စတုတၳအႀကိမ္ မွသာ ေအာင္ျမင္မႈရရွိခဲ့ၿပီး ၊ ဟံသာဝတီပ်က္ကာ ဟံသာဝတီျပည့္ရွင္ သုရွင္တကာ႐ြတ္ပိမွာ အညံ့မခံဘဲ ျပည္ဘုရင္ နရပတိႏွင့္ ပူးေပါင္းရန္ ၎တပ္မ်ား ဆုတ္ခြာခဲ့ပါသည္။

ဟံသာဝတီတပ္မ်ား ဆုတ္ခြာခ်ိန္တြင္ မင္းတရားေ႐ႊထီးမွ ေရေၾကာင္း၊ ဘုရင့္ေနာင္ ေက်ာ္ထင္ေနာ္ရထာမွ ၾကည္းေၾကာင္းျဖင့္ ထပ္ၾကပ္မကြာ ခ်ီတက္လိုက္ပါခဲ့ပါသည္။

ဟံသာဝတီတပ္မ်ား ဆုတ္ခြာခဲ့ရာမွ ပန္းမတီး၀ (ပန္းမတီဝ) ယခု ပမဝတီျမစ္ဝမွတစ္ဆင့္ ေနာင္ရိုးအရပ္ ယခုအိမ္မဲၿမိဳ႕နယ္၊ ဇရပ္ဆိပ္ေက်း႐ြာအုပ္စုဝန္းက်င္ခန႔္တြင္ ဘုရင့္ေနာင္ ေက်ာ္ထင္ေနာ္ရထာ၏ ၾကည္းေၾကာင္းျဖင့္ ခ်ီတက္လာေသာ ေတာင္သူတပ္မ်ားမွ မွီလာခဲ့ၿပီး မိမိ၏ တပ္သားအခ်ိဳ႕အား ဟံသာဝတီတပ္၏ စစ္ေရးအေျခအေနမ်ားအား ေလ့လာရန္ အေထာက္ ေတာ္လႊတ္ခဲ့ၿပီး ေနာင္ရိုးအရပ္တစ္ ဖက္ကမ္းခန႔္တြင္ တပ္စခန္းခ်ၿပီး ရပ္နားခဲ့ပါသည္။

ဟံသာဝတီတပ္မ်ားမွာ ၾကည္းေၾကာင္းျဖင့္ ခ်ီတက္လာေသာ မိမိ၏ ေတာင္ငူတပ္ထက္ အင္အား (၄)ဆခန႔္ မ်ားျပားေၾကာင္း အေထာက္ေတာ္မ်ားမွ တစ္ဆင့္ သိရွိခဲ့သျဖင့္ မိမိ၏ ေတာင္ငူတပ္မ်ားအား ဟံသာဝတီတပ္မ်ားမွ ရင္ ဆိုင္ရန္ တပ္ျပင္ဆင္ခ်ိန္တြင္ ေရေၾကာင္းျဖင့္ ခ်ီတက္လာေသာ မင္းတရားေ႐ႊထီး၏ အေထာက္ေတာ္မ်ားမွ ေရာက္ရွိလာၿပီး မင္း တရားေ႐ႊထီးမွ သူတို႔ကို ေတြ႕လွ်င္ မတိုက္နဲ႕ဦး ငါေရာက္မွ တိုက္ေတာ္မူမည္ ဟု အမွာေတာ္ပါးလိုက္ရာ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာမွ မင္း တရား၏ အေထာက္ေတာ္မ်ားအား ဘုန္းေတာ္ေၾကာင့္ ေအာင္ျမင္ေလၿပီ ဟု ျပန္လည္ေလွ်ာက္ထားရန္ မိန႔္မွာခဲ့ပါသည္။

ဟံသာဝတီတပ္မ်ားႏွင့္ စစ္ရင္ဆိုင္ရန္ ဘုရင့္ေနာင္ေက်ာ္ထင္ေနာက္ရထာ ဦးစီးေသာ ေတာင္ငူတပ္မ်ားမွာ တစ္ဖက္ကမ္းမွ သစ္ေဖာင္၊ ဝါး ေဖာင္မ်ား ေဆာင္လုပ္ၿပီး ေခ်ာင္းအား ျဖတ္ေက်ာ္ကာ ေနာင္ရိုးအရပ္သို႔ ေရာက္ရွိကာမွ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာမွ မိမိ၏ ေတာင္ငူတပ္မ်ားအား ဒီစစ္ကို အသက္ရွင္ဖို႔ အနိုင္တိုက္ရန္ လိုအပ္ေၾကာင္း၊ မနိုင္လို႔ ရႈံးရင္လည္း ေသတဲ့သူကို မည္သူမွ် အျပစ္မေပးနိုင္ေတာ့ေၾကာင္း၊

စစ္တို႔သေဘာသည္ အင္အားနည္းသည္ မ်ားသည္ဟူ မဆိုရ လုပ္ရည္ႀကံရည္အရဲအစြမ္းသာ အရင္းျဖစ္သည္ ဟုမွာၾကားၿပီး ယခုတစ္ဖက္ကမ္းသို႔ ေရာက္ရွိၿပီျဖစ္သျဖင့္ သစ္ေဖာင္ဝါးေဖာင္မ်ားအား ဖ်က္ဆီးေစၿပီး ေနာင္ရိုးအရပ္ (ယခုအိမ္မဲၿမိဳ႕နယ္၊ ဇရပ္ဆိပ္ေက်း ႐ြာအုပ္စု၊ ေဒါင့္ႀကီးေလး ေက်း႐ြာဝန္းက်င္)တြင္ ဟံသာဝတီတပ္မ်ားအား စစ္ေၾကာင္းသုံးေၾကာင္းခြဲၿပီး အလုံးအရင္းျဖင့္ တိုက္ခိုက္ရာ ဟံသာဝတီတပ္မ်ားပ်က္ကာ သမိုင္းဝင္ေနာင္ရိုးတိုက္ပြဲတြင္ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ၏ ေကတုမတီေတာင္ငူတပ္မ်ား အနိုင္ရရွိခဲ့ပါသည္။

ေနာင္ရိုးတိုက္ပြဲသည္ ခရစ္သကၠရာဇ္ ၁၅၄၇ ခုႏွစ္၊ ေတာင္ငူေကတုမတီဘုရင္ တပင္ေ႐ႊထီးမွ ဟံသာဝတီဘုရင္ သုရွင္တကာ႐ြတ္ပိအား တိုက္ခဲ့ေသာ စစ္ပြဲႀကီးတစ္ပြဲျဖစ္ၿပီး ၊ ေနာင္ရိုးတိုက္ပြဲတြင္ အင္အားမမွ်ေသာ္လည္း ရဲစြမ္းသတိကိုအရင္းတည္၍ ျမစ္ကိုျဖတ္ကူးခဲ့ကာ ေဖာင္မ်ားကို မီးရွိုဖ်က္စီးခဲ့ၿပီး ေနာက္ျပန္မလွည့္စတမ္း တိုက္ပြဲဆင္ရန္ ေဖာင္ဖ်က္ခဲ့သည့္အတြက္ ဘုရင့္ေနာင္ေဖာင္ဖ်က္ဟူ ေသာ စကားမွာ ေက်ာ္ၾကားခဲ့သလို ဘုရင့္ေနာင္၏ တိုက္ပြဲဗ်ဴဟာမွာလည္း ကမာၻေက်ာ္ခဲ့ပါသည္။

ထိုအျဖစ္အပ်က္မွာ သမိုင္းမွတ္တမ္းတြင္ ရာဇဝင္စံတင္ေလာက္သည့္ တိုက္ပြဲတစ္ခုျဖစ္ခဲ့ရာ သမိုင္းသုေတသီ ေဒါက္တာသန္းထြန္း၊ ေဒါက္တာသန္းလွႏွင့္ အျခားသမိုင္း သု ေတ သီပညာရွင္မ်ားမွ ေနာင္ရိုးတိုက္ပြဲ ျဖစ္ပြားခဲ့သည့္ေနရာအား ႏွစ္ရွည္လမ်ား သမိုင္း မွတ္တမ္းရာဇဝင္မ်ားျဖင့္ တိုက္ဆိုင္စိစစ္ေလ့လာခဲ့ၾကပါသည္။

ထိုသို႔ေလ့လာသုံးသပ္ေတြ႕ရွိမႈ၏ ရလာဒ္အေျဖအား အတည္ျပဳနိုင္ရန္ အိမ္မဲၿမိဳ႕နယ္ႏွင့္ ထိစပ္ေနေသာ ၿမိဳ႕နယ္မ်ား၊ အိမ္မဲၿမိဳ႕ နယ္အတြင္းရွိ ေက်း႐ြာအုပ္စုမ်ား၊ ျမစ္ေခ်ာင္းမ်ားအား နယ္ေျမကြင္းဆင္းျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။

ထိုသို႔ ေလ့လာသုံးသပ္မႈ၊ ကြင္းဆင္းေလ့လာမႈမ်ားအရ ေနာင္ရိုးတိုက္ပြဲ ျဖစ္ပြားခဲ့သည့္ေနရာအား ေနရာအတိအက် ေဖာ္ျပနိုင္ျခင္းမရွိေသာ္လည္း ပထဝီဝင္ အေနအထားအရ အိမ္မဲၿမိဳ႕နယ္ထဲတြင္ ရွိမည္ဟု ခန႔္မွန္းရၿပီး အနီးစပ္ဆုံးေနရာအျဖစ္ အိမ္မဲၿမိဳ႕နယ္၊ ဇရပ္ဆိပ္ေက်း႐ြာအုပ္စု၊ ေဒါင့္ႀကီးေလးေက်း႐ြာဝန္း က်င္ခန႔္တြင္ ျဖစ္ပြားခဲ့သည္ဟု သုံးသပ္မွတ္တမ္းတင္ခဲ့ပါသည္။

ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ၏ ရဲစြမ္းသတၱိ၊ ဆုံးျဖတ္ခ်က္ ခိုင္မာမႈႏွင့္ ေခါင္းေဆာင္ရည္ျပည္ဝမႈမ်ား၏ ျပယုဂ္ သမိုင္းဝင္ ေနာင္ရိုးတိုက္ပြဲ အထိမ္းအမွတ္အျဖစ္ အိမ္မဲၿမိဳ႕နယ္အသင္းမွ အိမ္မဲၿမိဳ႕ အဝင္ပန္းၿခံတြင္ – ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ ႐ုပ္ထုအား (၂၉.၁၂.၂၀၁၂) ရက္ေန႕တြင္လည္းေကာင္းဇရပ္ဆိပ္ေက်း႐ြာအုပ္စု၊

ေဒါင့္ႀကီးေလးေက်း ႐ြာတြင္ ကမၸည္းေက်ာက္စာအား (၁၇.၄.၂၀၁၃) ရက္ေန႕တြင္လည္းေကာင္း စိုက္ထူဖြင့္လွစ္ခဲ့ၿပီး ယေန႕အခ်ိန္အထိ ေနာင္လာေနာင္သားမ်ား ၏ အမ်ိဳးဂုဏ္၊ ဇာတိမာန္ႏွင့္ ရဲစြမ္းသတၱိမ်ား ထက္သန္ေစရန္ ဆက္လက္တည္ရွိေနမည္ ျဖစ္ပါသည္။

ကိုးကား – ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ေပ့မွ ကူးယူတင္ျပသည္။ပုံၫႊန္း ေနာင္ရိုးအထိမ္းအမွတ္ေနရာႏွင့္ သမိုင္းပညာရွင္ အသီးသီး၏ ေနာင္ရိုးတိုက္ပြဲ ခန႔္မွန္းေျမပုံမ်ား

 

Credit

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *