(ဆီရီယမ်) ခေါ် သန်လျင်မြို့သမိုင်းအကြောင်း

(ဆီရီယမ်) ခေါ် သန်လျင်မြို့သမိုင်းအကြောင်း

 

 

သန်လျင်မြို့သည် ဟံသာဝတီခရိုင်၊ သန်လျင်နယ်နှင့် သန်လျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်ခဲ့ရုံမက ၁၉၅၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ဟံသာဝတီခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။

ယခု ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က သန်လျင်နယ်တွင် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်များပါဝင်ခဲ့သည်။ ၎င်းကို အင်္ဂလိပ်များက (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြသည်။

စာရေးသားရာတွင် သန်လျင်ဟု ရေးသားသော်လည်း ခေါ်ဆိုအသုံးပြုရာတွင် တညင် (သို့) သန်လျင်ဟုလည်း ခေါ်ဆိုသူများရှိသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး၊ မြန်မာပြည်၏ အဓိက ဆိပ်ကမ်းလည်း ရှိသည်။ ဒေါက်တာသန်းထွန်း ရေးသော မြန်မာသမိုင်းနိဒါန်းတွင် သန်လျင် = သံလျင်း၊ ဆောင်ပန်း ဟု အဓိပ္ပါယ်ရသည်။

‘သမိုင်း’

သမိုင်းတစ်လျှောက် သန်လျင်ကို ကြီးစိုးခဲ့သူများမှာ မွန်တို့ဖြစ်သည်။ မွန်တို့ ပဲခူးကို ဗဟိုပြုပြီး အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်က သန်လျင်ကို စညင် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။

မြန်မာမင်းများ အာဏာကြီး၍ မွန်တို့ဒေသကို အုပ်ချုပ်စဉ်များတွင်လည်း သန်လျင်မှာ မြို့ပြအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ နောက်ဆုံး အလောင်းဘုရားလက်ထက်တွင်မှ သန်လျင်ဟု အမည်ခေါ်စေခဲ့ခြင်းဖြစ်သည်။

သန်လျင်မြို့သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသောမြို့ဖြစ်သည်။ ထိုမြို့ကိုတည်သူ ငသန်လျင်အားအစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်းဖြင့် သန်လျင် သမိုင်း၌ဆိုသည်။

ယခုကျောက်တန်းမြို့ ဟုခေါ်သော ပါဒရွှေမြို့တော်ကြီးမှ နောက်ဆုံးစိုးစံတော်မူသော အရိန္ဒရာဇာမင်း လက်ထက်တွင် ပါဒမြို့ အရှေ့အရပ်ဝယ် ဘုရားကြီးရွာ ဟူ၍ရှိသည်။ ထိုရွာတွင်နေထိုင်ကြသော တောင်သူ ဇနီးခင်ပွန်းနှစ်ယောက်တို့၌ ရုပ်လက္ခဏာ၊ ခွန်အားဗလ၊ စွမ်းရည်သတ္တိနှင့်ပြည့်စုံ၍ သန်စွမ်းပေါ့ပါးလျင်မြန်သော ငသန်လျင်ဆိုသူ သားတစ်ယောက်ဖွားမြင်သည်။

ငယ်စဉ်ကပင် ထမင်းတစ်ယောက်မကုန်အောင် စားနိုင်သောဟူ၏။ ခွန်အားဗလအလွန်ကြီးသော သား၏အကြောင်းကို မင်းတို့ကြားသိခဲ့သော် မင်းပြစ်မင်းဒဏ် မလွတ်မကင်းဖြစ်မည် စိုးသည်ကတစ်ကြောင်း၊ အစားအသောက်ကြီးသဖြင့် ပြည့်စုံအောင် ရှာဖွေမကျွေးနိုင်မည်စိုးသည်က တစ်ကြောင်း တို့ကြောင့် တစ်နေ့တွင် သားအဘနှစ်ယောက် သီဟဒီပကျွန်းဘက်သို့ကူးသွားကာ သားဖြစ်သူအား ဥပါယ်တံမျဉ်ဖြင့် သစ်ပင်ပိသေအောင်ကြံခဲ့ကာ မိမိနေရင်း အရပ်သို့ပြန်ခဲ့၏။

ငသန်လျင်လည်း ဘုန်းသမ္ဘာရှင်ဖြစ်သည့်အလျောက် မသေဘဲတောထဲ၌ လှည့်လည်နေထိုင်လေသည်။ ယင်းသို့နေထိုင်စဉ် တောဝက်ကြီး တစ်ကောင်သည် သီဟဒီပကျွန်းသို့ ပတ္တမြားကိုငုံလျက် ကောင်းကင်ခရီးဖြင့်ပျံလာ၍ သဖန်းသီးများကို စားသောက်သည်ကိုမြင်လျှင် တောဝက်၏ပတ္တမြားကို လိုချင်သဖြင့် တစ်နေ့တွင်ဝက်ကြီး အလာကို စောင့်နေလေသည်။

ဝက်ကြီးရောက်၍ ငုံလာသောပတ္တမြားကို သစ်ပင်ရင်း၌ထားကာ သဖန်းသီးများစားနေစဉ် ငသန်လျင်သည် သစ်ပင်ပေါ်မှ သဖန်းသီးမှည့်များကိုဆွတ်၍ အရပ်လေးမျက်နှာ ခပ်ဝေးဝေးသို့ လှမ်းပစ်သော် ဝက်ကြီး လည်းလိုက်လံကောက်ယူလေသည်။

ယင်းသို့ဝက်ကြီး အဝေးရောက်နေစဉ် ငသန်လျင်သည် သစ်ပင်ထက်မှဆင်း၍ ပတ္တမြားကို ယူလိုက်သည်။ ဝက်ကြီးပြန်လာ၍ ပတ္တမြားကို မတွေ့သဖြင့် ဒေါသထွက်လျက် သဖန်းမြစ်ကို တူးဆွရှာဖွေစဉ်တွင် ငသန်လျင်သည် သစ်ပင်ကိုနုတ်ကာ ဝက်ကြီး ကိုရိုက်သတ်သဖြင့် ဝက်ကြီးသေလေသည်။

ပတ္တမြားကိုရသော် ငသန်လျင်သည် ထိုပတ္တမြားကိုငုံ၍ ရန်အောင်မြင်ကုန်း၊ ကျိုက်ဒေးပယင်းကုန်း၊ ကျိုက်ဒေးဝန်းကုန်းတို့သို့သွားကာ ရသေ့ညီနောင်သုံးဦးအား သိကြားမင်းလှူခဲ့သော ဓားမ၊ မြူတာအိုး နှင့်စည်ငယ်တို့ကို ဥပါယ်တံမျဉ်ဖြင့်ယူပြီးလျှင် မိမိဖွားရာ ဘုရားကြီးရွာသို့ ပြန်ခဲ့သည်။

ထိုအချိန်တွင် ပါဒမြို့တော်၌စိုးစံသည့် အရိန္ဒရာဇာမင်းသည် မင်းကျင့်တရားဆယ်ပါးနှင့်လည်းမညီ၊ သာသနာတော်ကိုလည်း မချီးမြှောက်၊ ရှေးမင်းတို့ထုံးစံအရပူဇော်မြဲ ထီးဖြူစောင့်နတ်စသော သမ္မာဒေဝနတ်အပေါင်းတို့ကိုလည်း ပူဇော်ပသခြင်းမပြုသဖြင့် ထီးဖြူစောင့်နတ်သည် လူ၏အသွင်ကိုယူ၍ ငသန်လျင်ရှိရာသို့လာပြီးလျှင် ပါဒမြို့ကို အုပ်ချုပ်မင်းလုပ်ရန် တောင်းပန်လေသည်။

ငသန်လျင်သည် အမိအဘတို့အားလွှတ်၍ ပါဒမင်းထံ ထီးနန်းကိုတောင်းသော် မရသဖြင့် ကိုယ်တိုင်သွား၍ထီးနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်သော်လည်းတိုက်မည်လောဟု ကြွေးကြော်လေ၏။ ပါဒမင်းလည်းအမတ်ကြီးတစ်ဦးအား စစ်သည်ဗိုလ်ပါ ၅ဝဝ နှင့်လွှတ်၍ ငသန်လျင်ကို ဖမ်းဆီးသတ်ဖြတ်စေသည်။

အမတ်ကြီး ထွက်၍ဖမ်းဆီးလေသော် ငသန်လျင်သည် စည်ငယ်ကိုတီးရာ စစ်သည်ဗိုလ်ပါများစွာထွက်၍ တစ်ဖက်ရန်သူတို့အား တိုက်စေသည်ကို ပါဒမင်းကြီး ကြားသိလျှင် မိမိကိုယ်တိုင် စစ်သည်ဗိုလ်ပါများစွာဖြင့် အင်အားရှိသမျှ ဖိ၍တိုက်လေသည်။ ငသန်လျင်သည်မြူတာအိုးကို သွန်မှောက်လိုက်ရာ မြစ်ကြီးခြားပြီးလျှင် တစ်ဖက်စီ တားဆီးနေလေ၏။

ထိုနောက် ဓားမကိုစေ၍ ပါဒမင်းဦးခေါင်းကိုဖြတ်စေမှ ပါဒမင်းကြီး အားအောင်မြင်လေသည်။ ပါဒထီးနန်းကိုရပြီးနောက် ငသန်လျင်သည် ပတ္တမြားရရာအရပ်၌ မြို့တည်ထောင်လျှင် သင့်မည်ဟုကြံစည်ကာ သီဟဒီပကျွန်းသို့ပြန်၍ မြို့တည်မင်းပြုသည်။ သန်လျင်မင်းဟုတွင်သတည်း။ သန်လျင်မင်းကိုစွဲ၍ သန်လျင်မြို့ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။

သန်လျင်မင်း တည်ခဲ့သော မြို့ဟောင်းပုံသဏ္ဌာန်ကို ဆက်စပ်ကြည့်သောအခါ ခြင်္သေ့သဏ္ဌာန်ဖြစ်သည်။ (၁) ခြင်္သေ့ပါးစပ်ရှိရာ၌ ကွမ်းသီးတံခါး၊ (၂) မျက်လုံးရှိရာ၌ အိုးထိန်းတံခါး၊ (၃) အမောက်ရှိရာ၌ ဒေးဝန်းတံခါး၊ (၄) နားရှိရာ၌ မြင်းတင်တံခါး၊ (၅) လည်ချောင်းရှိရာ၌ ဆင်ထွက်တံခါး၊ (၆) လည်ဆစ်ရှိရာ၌ လဒကုန်းတံခါး၊ (ရ) လက်ရှိရာ၌ ဇင်ပြွန်းကုန်းတံခါး၊ (၈) ချက်ရှိရာ၌ သစ်ဆိမ့်ကုန်းတံတား။

(၉) သိုရှိရာ၌ ကျေးဘုရားတံခါး၊ (၁ဝ) ဒွါရရှိရာ၌ သောတာပန်တံခါး၊ (၁၁) ခါးဆစ်ရှိရာ၌ သရက်လေးပင်တံခါး၊ (၁၂) လက်ပြင်ရှိရာ၌ ဘယတံခါး၊ (၁၃) မြောက်ဘက်ပိဿာတံခါး၊ (၁၄) အရှေ့မြောက်ဘက် ပင်လယ်တံခါး၊ (၁၅) တောင်ဘက် ဝက်သတ်တံခါးတို့ဖြစ်သည်။

သန်လျင်မင်းမှစတင်၍ မြို့တည်ထောင်အုပ်စိုးခဲ့ကြရာ ဘောဂသေနမင်းလက်ထက် သန်လျင်မြို့မင်းဆက်ပြတ်သည်။ ပါဒမြို့၊ သန်လျင်မြို့နှစ်ရပ်ပေါင်းသည်ရှိသော် မင်းဆက်ပေါင်း ၄၀ ဆက် ဖြစ်၏။

သန်လျင်မြို့၌ နောက်ဆုံးစိုးစံတော်မူသော ဘောဂသေနမင်း၏ မိဖုရားကြီးကား သုဝဏ္ဏဘူမိသထုံပြည်ရှင် ဘုရင်မင်းမြတ်၏သမီးတော် သုဝဏ္ဏဒေဝီမင်းသမီးဖြစ်သည်။ ထိုမိဖုရားကြီးတွင် ပဋိသန္ဓေတည်၍ နေ့လစေ့သော် မဖွားမြင်နိုင်သဖြင့် နတ်ရွာစံလေ၏။

ထိုမိဖုရားကြီး၏ အလောင်းကို မြို့၏အနောက်ဘက် သုဿာန်သို့ ထုတ်ဆောင်၍ မီးသင်္ဂြိုဟ်ရာ ပဋိသန္ဓေတည်နေသော သတို့သမီးသည် ဘုန်းကံရှိသည်ဖြစ်ရကား မီးမလောင်ကျွမ်းဘဲ အမိဝမ်းမှပေါက်ထွက်လွင့်စဉ် ဖွားမြင်လေသည်။

 

သုဿာန်တစပြင်၌ ဖွားမြင်သော သမီးတော်မွေ့နွန်းအား မင်းကြီးသည် မြို့တွင်းသို့သွင်း၍မဖြစ်သဖြင့် ထိုနေရာ၌ ပင်တိုင်နန်းဆောက်လုပ်ပြီးလျှင် အမတ်ကြီး နှစ်ယောက်နှင့်တကွ အခြွေအရံများစွာဖြင့် အစောင့်အရှောက်ထားတော်မူ၏။

ဘောဂသေနမင်း နတ်ရွာစံသော် နန်းလျာသားတော်မရှိသည့်အပြင် သမီးတော်မွေ့နွမ်းလည်း သုဿာန်တွင် ဖွားသူဖြစ်သဖြင့် နန်းမရလေရကား သန်လျင်မင်းဆက်ပြတ်လေသည်။ ထိုအချိန်မှစ၍ မြို့စောင့် မြို့စား များခန့်အပ်အုပ်ချုပ်လေသည်။ ထိုနောက် မွန်တစ်လှည့် မြန်မာတစ်လှည့် ပိုင်ဆိုင်ပြီးလျှင် မြို့စားမင်းများထား၍အုပ်ချုပ်လာရာမှ သန်လျင်မြို့သည် ယခင်ကလောက်မကြီးကျယ်တော့ဘဲ ဘုရားပုထိုးများလည်းများစွာ ပျက်စီးလေသည်။

မြန်မာသက္ကရာဇ် ၉၆ဝ ပြည့်နှစ် (၁၅၀၀ ခုနှစ်ဝန်းကျင်)တွင် ဟံသာဝတီပျက်ပြီးသည့်နောက်တွင် ရခိုင်ဘုရင်မင်းရာဇာကြီး၏ ဆန္ဒအရ ပေါ်တူဂီလူမျိုး၊ လေ့လာစုံစမ်းသူတစ်ယောက်ဖြစ်သည့် ဖိလစ်ဒီဗရစ်တို (ငဇင်ကာ) အား သင်္ဘောသုံးစင်းလွန်းကြင် ၁ဝဝ ကျော်၊ လူနှစ်ထောင်ခန့်နှင့် သန်လျင်တွင် အခိုင်အလုံ တပ်စွဲနေထိုင်ခွင့်ပေးသည်မှစ၍ သန်လျင်မြို့သည်တစ်ဖန် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားလာပြန်သည်။

မြို့တည်ရာတွင် စီမံပြုလုပ်သောဗိသုကာ ဇွင်ဆီရီယံ ကိုစွဲ၍ သန်လျင်မြို့ကို အင်္ဂလိပ်လို ဆီရီယံမြို့ ဟုခေါ်ကြောင်း အချို့ကဆိုသည်။ သို့ရာတွင် ငဇင်ကာ မတည်မီ ရှေးအခါကပင် ဆီရီယမ် ခေါ်ခဲ့ကြောင်း၊ မှတ်တမ်းများရှိသဖြင့် သံသယဖြစ်စရာရှိသည်။ အချို့ကလည်း သန်လျင်သည် မွန်တို့ဒေသမြို့ဖြစ်သဖြင့် မွန်တို့ကဍုင်စရင် ဟုခေါ်သည်မှ နိုင်ငံခြားသားတို့က မပီမသဖြင့် ဆီရီယမ်း ခေါ်ကြသည်ဟုဆိုသည်။

ဒီဗရစ်တိုသည် သန်လျင်မြို့တွင် အခိုင်အလုံတပ်စွဲနေထိုင်ခွင့်ရသည်မှစ၍ ပဲခူးနယ်တစ်ဝိုက် တိုက်ခိုက်နယ်ချဲ့ခြင်း၊ ပုသိမ်၊ မုတ္တမ၊ ဒဂုန်စသော သင်္ဘောဆိပ်မြို့များသို့ သွားမည့်သင်္ဘောများကို သန်လျင်ဆိပ်သို့သာ ဝင်ရောက်ဆိုက်ကပ်စေ၍ အကောက်ခွန်များကောက်ခြင်း၊ သန်လျင်နှင့် ဟံသာဝတီမြို့ ပတ်ဝန်းကျင်တွင်ရှိသော ဘုရားပုထိုးတို့၏ ဌာပနာတိုက်များကိုတူးဖောက်ယူခြင်း၊ ဘုရားပုထိုးကျောင်းကန်များတွင် လှူဒါန်းထားသော ကြေးခေါင်းလောင်းကြီးများကိုယူဆောင်၍ အမြှောက်သွန်းလုပ်ခြင်းတို့ကို ပြုလုပ်လေသည်။

 

သူသည် ရခိုင်လူမျိုးများ၏ အသိအမှတ်ပြုခံထားရသော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး၊ သန်လျင်မြို့တွင် စစ်ရေးတစ်ကြောင်းကိုလည်း ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ သူသည် မွန်လူမျိုးများနှင့် မြန်မာလူမျိုးများ စစ်တိုက်သည့်အခါ သူ၏ စစ်တပ်ကို အသုံးချခဲ့ကြသည်။

၁၅၉၉ တွင် သူ၏ စစ်တပ်အား ပဲခူး နှင့် စစ်တိုက်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ၊ ၁၆၁၃ ခုနှစ် သာလွန်မင်းလက်ထက်တွင် သူ့ကိုဖမ်းဆီး နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ ပုထိုးများကို ဖျက်ဆီးခဲ့သည့် အတွက်ကြောင့် သေဒဏ်ချမှတ်ခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရား၏ လက်အောက်သို့ မရောက်သည့်တိုင်အထိ၊ သန်လျင်မြို့သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့တော်အဖြစ် တည်ရှိခဲ့သည်။

ပေါ်တူဂီလူမျိုးများဖြစ်သည့် ဥရောပအာရှသားများသည် ငဇင်ကာ၏ လက်သားများဖြစ်ကြပြီး၊ တစ်ချို့လွတ်မြောက်ကြသူများသည် မူးမြစ်၊ ရွှေဘိုတွင် ရှိသော မွန်လှ နှင့် ချမ်းသာရွာများတွင် နေထိုင်ခဲ့ကြသည်။

 

သူတို့ကို ဘုရင်ဂျီဟု ခေါ်ဆိုကြပြီး၊ ဆံပင်ရောင်ဖြော့များနှင့် ဥရောပအာရှသားများသည် ထိုရွာများတွင် ဆက်လက်နေထိုင်ခဲ့ကြပြီး၊ ကက်သလစ် ဘာသာရေးသင်ကြားမှုများ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာများနည်းတူ ဆက်လက်နေထိုင်နေကြသည်။ ထိုမျှမကမြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် မုတ္တမဘုရင် ဗညားဒလနှင့်ပူးပေါင်းကာ တောင်ငူမြို့ကို သိမ်းယူ၍ နန်းတော်ကုန်းကို မီးတိုက်ဖျက်ဆီးပြီးနောက် မြို့စားနတ်သျှင်နောင်ကိုပါ သန်လျင်သို့ ယူဆောင်သွားလေသည်။

ထိုအကြောင်းကို အနောက်ဘက်လွန်မင်းတရားကြီး ကြားသော် သန်လျင်သို့ ရေအား ကြည်းအားနှင့် ချီတက်လုပ်ကြံသည်။ မြို့တွင်းမှနေ၍ ပေါ်တူဂီတို့ အခိုင်အမာ ခံရုံမက မြို့ကိုတက်သော မြန်မာစစ်သည်များအား မြို့ထိပ်မှ ပွဲလျက်ရည်၊ ငရုတ်ရည်များဖြင့် ဆီးလောင်းခြင်း၊ ဗုံးနှင့်ပစ်ခတ်ခြင်းတို့ပြုသဖြင့် မြန်မာတို့အထိအပါး အရှအနများသောကြောင့် မြို့မကျဘဲရှိလေသည်။

နောက်ဆုံးမှမြန်မာတို့၏ မလျှော့သောဇွဲနှင့်တိုက်ခိုက်မှုကြောင့် သန်လျင်စား ဒီဗရစ်တိုနှင့်တကွ တစ်မြို့လုံးကိုရလေသည်။ ထိုအချိန်က သန်လျင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ထင်ရှားစည်ကားသောမြို့ဖြစ်သည်။

နိုင်ငံခြားသင်္ဘောများ ဝင်ထွက်ဆိုက်ကပ်ရာ သင်္ဘောဆိပ်မြို့ကြီး လည်းဖြစ်သည်။ အင်္ဂလိပ်၊ ဒတ်ချ၊ ပြင်သစ်စသော နိုင်ငံခြားသားများကလည်း အဝင်အထွက်များသဖြင့်အရောင်းအဝယ်လုပ်ငန်းများဖြင့် စည်ပင်သည်။ စက်ရုံကြီးများလည်း လာရောက်တည်ထောင်ထားကြလေသည်။ အလောင်းဘုရားလက်ထက်ရောက်သောအခါ သန်လျင်မြို့သည် မွန်တို့လက်၌ရောက်ရှိနေလေသည်။

မင်းတရားကြီးသည် အောက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက် ၁၁၁၈ ခုတန်ခူးလတွင်သန်လျင်မြို့သို့ ရောက်သည်။ သန်လျင်မြို့ကို အကြိမ်ကြိမ်ချဉ်းကပ်၍ လုပ်ကြံသော်လည်း လက်နက်ထူထပ်သောကြောင့် မချဉ်းကပ်ဝံ့ချေ။ သို့ရာတွင် မြို့တွင်းသို့ ရိက္ခာများမရောက်စေရန် မြန်မာတို့က ပိတ်ဆို့ထားသဖြင့် မြို့သူမြို့သားများ သစ်ဥသစ်ဖုကိုမျှ ထွက်၍မရှာဝံ့ဘဲ ငတ်မွတ်လှသောကြောင့် တစ်နေ့လျှင် လူလေးငါးခြောက်ဆယ်ခန့် မြန်မာတို့ဘက်သို့ ထွက်ပြေးဝင်ရောက်လာကြလေသည်။

မျိုးရိက္ခာ ပြတ်လတ်ငတ်မွတ်ပါများသဖြင့် သန်လျင်မြို့တွင်းမှရှိသမျှ လက်နက်လူသူတို့ကို သင်္ဘောခုနစ်စင်းနှင့် ဇလာကပင်ကူရွပ် သမ္ဗာန်ကြီးများတွင်တင်ပြီးလျှင် တိုက်လှေကြီး ၅ဝဝ ကျော်နှင့်တကွ မြို့ကခွာ၍ ပင်လယ်သို့ထွက်ရန် စီစဉ်လေသည်။ မွန်တို့၏အကြံအစည်ကို ထွက်ပြေးလာသူတို့မှ တစ်ဆင့် ကြားတော်မူလျှင် ရေတပ်တော်များကို အင်အားဖြည့်၍လွှတ်သည်။

 

အလောင်းမင်းတရားကိုယ်တိုင် သံလျက်စွန်းသို့ သင်္ဘောဖြင့်ထွက်၍ သန်လျင်တိုက်ပွဲကို အဝေးကြည့်မှန်ပြောင်းဖြင့်ကြည့်လျက် စစ်ရေးကိုစီရင်တော်မူသည်။ လက်ရွေးစင် သူရဲကောင်း ၉၃ ယောက်ကိုလည်းရွေး၍ လက်နက်အပြည့်အစုံနှင့်မြို့ကို အပြင်းအထန်လုပ်ကြံစေရာ မြို့ပေါက်လေသည်။

၁၁၁၈ ခုနှစ်ဝါဆိုလတွင် သန်လျင်မြို့ မြန်မာတို့လက်သို့ရောက်ရာ မင်းထင်နော်ရထာကို ဗိုလ်မှူး၊ သတိုးကျော်သူနှင့် ကျော်ထင်သက်တော်ရှည်တို့ကို စစ်ကဲခန့်၍ သန်လျင်ကို အုပ်ချုပ်စေသည်။ မင်းတရားကြီးသည် ရန်ကုန်ဟုသမုတ်လိုက်သော ဒဂုန်မြို့ကို ဆိပ်ကမ်းမြို့အဖြစ် ပြုလုပ်လိုက်ရာ သန်လျင်မြို့သည် အပျက်အစီးနာပြီးလည်းဖြစ်သည့်အလျောက် အလိုလိုမှေးမှိန်သွားလေသည်။

သန်လျင်မြို့သည် ဒဂုန်မြို့လက်အောက်ခံမြို့ငယ်ကလေးမျှသာ ဖြစ်လာလေသည်။ သန်လျင်မြို့၌ မြို့ရိုးဟောင်းနှင့်မြို့တံခါးနေရာများကို အမှတ်အသားကောင်းသော ရှေးလူကြီးများ ယခုတိုင် အမည်နှင့်တကွပြသနိုင်ကြသည်။ ၁၅ ရာစုနှစ်ခန့်က ပေါ်တူဂီတို့တည်ထားခဲ့သော မြို့၏အကြွင်းအကျန်များကိုမူ ယခုတိုင် တွေ့မြင်နိုင်လေသည်။

 

Credit

 

Zawgyi

 

(ဆီရီယမ္) ေခၚ သန္လ်င္ၿမိဳ႕သမိုင္းအေၾကာင္း

 

 

သန္လ်င္ၿမိဳ႕သည္ ဟံသာဝတီခရိုင္၊ သန္လ်င္နယ္ႏွင့္ သန္လ်င္ၿမိဳ႕နယ္တို႔၏ ႐ုံးစိုက္ၿမိဳ႕ျဖစ္ခဲ့႐ုံမက ၁၉၅၈ ခုႏွစ္ဒီဇင္ဘာလ ၂၂ ရက္ေန႕မွစ၍ ဟံသာဝတီခရိုင္၏ ႐ုံးစိုက္ရာၿမိဳ႕ျဖစ္လာခဲ့သည္။

ယခု ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္၏ ႐ုံးစိုက္ၿမိဳ႕ျဖစ္သည္။ ယခင္က သန္လ်င္နယ္တြင္ ေက်ာက္တန္းၿမိဳ႕နယ္၊ သုံးခြၿမိဳ႕နယ္၊ ခရမ္းၿမိဳ႕နယ္ႏွင့္ သန္လ်င္ၿမိဳ႕နယ္မ်ားပါဝင္ခဲ့သည္။ ၎ကို အဂၤလိပ္မ်ားက (ဆီရီယမ္) Syriam ဟု ေခၚဆိုခဲ့ၾကသည္။

စာေရးသားရာတြင္ သန္လ်င္ဟု ေရးသားေသာ္လည္း ေခၚဆိုအသုံးျပဳရာတြင္ တညင္ (သို႔) သန္လ်င္ဟုလည္း ေခၚဆိုသူမ်ားရွိသည္။ ပဲခူးျမစ္ေပၚတြင္ တည္ရွိၿပီး၊ ျမန္မာျပည္၏ အဓိက ဆိပ္ကမ္းလည္း ရွိသည္။ ေဒါက္တာသန္းထြန္း ေရးေသာ ျမန္မာသမိုင္းနိဒါန္းတြင္ သန္လ်င္ = သံလ်င္း၊ ေဆာင္ပန္း ဟု အဓိပၸါယ္ရသည္။

‘သမိုင္း’

သမိုင္းတစ္ေလွ်ာက္ သန္လ်င္ကို ႀကီးစိုးခဲ့သူမ်ားမွာ မြန္တို႔ျဖစ္သည္။ မြန္တို႔ ပဲခူးကို ဗဟိုျပဳၿပီး ေအာက္ျမန္မာနိုင္ငံကို အုပ္ခ်ဳပ္စဥ္က သန္လ်င္ကို စညင္ ဟု ေခၚေဝၚခဲ့ၾကပါသည္။

ျမန္မာမင္းမ်ား အာဏာႀကီး၍ မြန္တို႔ေဒသကို အုပ္ခ်ဳပ္စဥ္မ်ားတြင္လည္း သန္လ်င္မွာ ၿမိဳ႕ျပအျဖစ္ ဆက္လက္တည္ရွိခဲ့သည္။ ေနာက္ဆုံး အေလာင္းဘုရားလက္ထက္တြင္မွ သန္လ်င္ဟု အမည္ေခၚေစခဲ့ျခင္းျဖစ္သည္။

သန္လ်င္ၿမိဳ႕သည္ ေရွးျမန္မာဘုရင္မ်ားလက္ထက္ကပင္ ထင္ရွားေသာၿမိဳ႕ျဖစ္သည္။ ထိုၿမိဳ႕ကိုတည္သူ ငသန္လ်င္အားအစြဲျပဳ၍ သန္လ်င္ၿမိဳ႕ဟု တြင္ေၾကာင္းျဖင့္ သန္လ်င္ သမိုင္း၌ဆိုသည္။

ယခုေက်ာက္တန္းၿမိဳ႕ ဟုေခၚေသာ ပါဒေ႐ႊၿမိဳ႕ေတာ္ႀကီးမွ ေနာက္ဆုံးစိုးစံေတာ္မူေသာ အရိႏၵရာဇာမင္း လက္ထက္တြင္ ပါဒၿမိဳ႕ အေရွ႕အရပ္ဝယ္ ဘုရားႀကီး႐ြာ ဟူ၍ရွိသည္။ ထို႐ြာတြင္ေနထိုင္ၾကေသာ ေတာင္သူ ဇနီးခင္ပြန္းႏွစ္ေယာက္တို႔၌ ႐ုပ္လကၡဏာ၊ ခြန္အားဗလ၊ စြမ္းရည္သတၱိႏွင့္ျပည့္စုံ၍ သန္စြမ္းေပါ့ပါးလ်င္ျမန္ေသာ ငသန္လ်င္ဆိုသူ သားတစ္ေယာက္ဖြားျမင္သည္။

ငယ္စဥ္ကပင္ ထမင္းတစ္ေယာက္မကုန္ေအာင္ စားနိုင္ေသာဟူ၏။ ခြန္အားဗလအလြန္ႀကီးေသာ သား၏အေၾကာင္းကို မင္းတို႔ၾကားသိခဲ့ေသာ္ မင္းျပစ္မင္းဒဏ္ မလြတ္မကင္းျဖစ္မည္ စိုးသည္ကတစ္ေၾကာင္း၊ အစားအေသာက္ႀကီးသျဖင့္ ျပည့္စုံေအာင္ ရွာေဖြမေကြၽးနိုင္မည္စိုးသည္က တစ္ေၾကာင္း တို႔ေၾကာင့္ တစ္ေန႕တြင္ သားအဘႏွစ္ေယာက္ သီဟဒီပကြၽန္းဘက္သို႔ကူးသြားကာ သားျဖစ္သူအား ဥပါယ္တံမ်ဥ္ျဖင့္ သစ္ပင္ပိေသေအာင္ႀကံခဲ့ကာ မိမိေနရင္း အရပ္သို႔ျပန္ခဲ့၏။

ငသန္လ်င္လည္း ဘုန္းသမာၻရွင္ျဖစ္သည့္အေလ်ာက္ မေသဘဲေတာထဲ၌ လွည့္လည္ေနထိုင္ေလသည္။ ယင္းသို႔ေနထိုင္စဥ္ ေတာဝက္ႀကီး တစ္ေကာင္သည္ သီဟဒီပကြၽန္းသို႔ ပတၱျမားကိုငုံလ်က္ ေကာင္းကင္ခရီးျဖင့္ပ်ံလာ၍ သဖန္းသီးမ်ားကို စားေသာက္သည္ကိုျမင္လွ်င္ ေတာဝက္၏ပတၱျမားကို လိုခ်င္သျဖင့္ တစ္ေန႕တြင္ဝက္ႀကီး အလာကို ေစာင့္ေနေလသည္။

ဝက္ႀကီးေရာက္၍ ငုံလာေသာပတၱျမားကို သစ္ပင္ရင္း၌ထားကာ သဖန္းသီးမ်ားစားေနစဥ္ ငသန္လ်င္သည္ သစ္ပင္ေပၚမွ သဖန္းသီးမွည့္မ်ားကိုဆြတ္၍ အရပ္ေလးမ်က္ႏွာ ခပ္ေဝးေဝးသို႔ လွမ္းပစ္ေသာ္ ဝက္ႀကီး လည္းလိုက္လံေကာက္ယူေလသည္။

ယင္းသို႔ဝက္ႀကီး အေဝးေရာက္ေနစဥ္ ငသန္လ်င္သည္ သစ္ပင္ထက္မွဆင္း၍ ပတၱျမားကို ယူလိုက္သည္။ ဝက္ႀကီးျပန္လာ၍ ပတၱျမားကို မေတြ႕သျဖင့္ ေဒါသထြက္လ်က္ သဖန္းျမစ္ကို တူးဆြရွာေဖြစဥ္တြင္ ငသန္လ်င္သည္ သစ္ပင္ကိုႏုတ္ကာ ဝက္ႀကီး ကိုရိုက္သတ္သျဖင့္ ဝက္ႀကီးေသေလသည္။

ပတၱျမားကိုရေသာ္ ငသန္လ်င္သည္ ထိုပတၱျမားကိုငုံ၍ ရန္ေအာင္ျမင္ကုန္း၊ က်ိဳက္ေဒးပယင္းကုန္း၊ က်ိဳက္ေဒးဝန္းကုန္းတို႔သို႔သြားကာ ရေသ့ညီေနာင္သုံးဦးအား သိၾကားမင္းလႉခဲ့ေသာ ဓားမ၊ ျမဴတာအိုး ႏွင့္စည္ငယ္တို႔ကို ဥပါယ္တံမ်ဥ္ျဖင့္ယူၿပီးလွ်င္ မိမိဖြားရာ ဘုရားႀကီး႐ြာသို႔ ျပန္ခဲ့သည္။

ထိုအခ်ိန္တြင္ ပါဒၿမိဳ႕ေတာ္၌စိုးစံသည့္ အရိႏၵရာဇာမင္းသည္ မင္းက်င့္တရားဆယ္ပါးႏွင့္လည္းမညီ၊ သာသနာေတာ္ကိုလည္း မခ်ီးျမႇောက္၊ ေရွးမင္းတို႔ထုံးစံအရပူေဇာ္ၿမဲ ထီးျဖဴေစာင့္နတ္စေသာ သမၼာေဒဝနတ္အေပါင္းတို႔ကိုလည္း ပူေဇာ္ပသျခင္းမျပဳသျဖင့္ ထီးျဖဴေစာင့္နတ္သည္ လူ၏အသြင္ကိုယူ၍ ငသန္လ်င္ရွိရာသို႔လာၿပီးလွ်င္ ပါဒၿမိဳ႕ကို အုပ္ခ်ဳပ္မင္းလုပ္ရန္ ေတာင္းပန္ေလသည္။

ငသန္လ်င္သည္ အမိအဘတို႔အားလႊတ္၍ ပါဒမင္းထံ ထီးနန္းကိုေတာင္းေသာ္ မရသျဖင့္ ကိုယ္တိုင္သြား၍ထီးနန္းကိုေသာ္လည္း ေပးအပ္မည္ေလာ၊ စစ္ေသာ္လည္းတိုက္မည္ေလာဟု ေႂကြးေၾကာ္ေလ၏။ ပါဒမင္းလည္းအမတ္ႀကီးတစ္ဦးအား စစ္သည္ဗိုလ္ပါ ၅ဝဝ ႏွင့္လႊတ္၍ ငသန္လ်င္ကို ဖမ္းဆီးသတ္ျဖတ္ေစသည္။

အမတ္ႀကီး ထြက္၍ဖမ္းဆီးေလေသာ္ ငသန္လ်င္သည္ စည္ငယ္ကိုတီးရာ စစ္သည္ဗိုလ္ပါမ်ားစြာထြက္၍ တစ္ဖက္ရန္သူတို႔အား တိုက္ေစသည္ကို ပါဒမင္းႀကီး ၾကားသိလွ်င္ မိမိကိုယ္တိုင္ စစ္သည္ဗိုလ္ပါမ်ားစြာျဖင့္ အင္အားရွိသမွ် ဖိ၍တိုက္ေလသည္။ ငသန္လ်င္သည္ျမဴတာအိုးကို သြန္ေမွာက္လိုက္ရာ ျမစ္ႀကီးျခားၿပီးလွ်င္ တစ္ဖက္စီ တားဆီးေနေလ၏။

ထိုေနာက္ ဓားမကိုေစ၍ ပါဒမင္းဦးေခါင္းကိုျဖတ္ေစမွ ပါဒမင္းႀကီး အားေအာင္ျမင္ေလသည္။ ပါဒထီးနန္းကိုရၿပီးေနာက္ ငသန္လ်င္သည္ ပတၱျမားရရာအရပ္၌ ၿမိဳ႕တည္ေထာင္လွ်င္ သင့္မည္ဟုႀကံစည္ကာ သီဟဒီပကြၽန္းသို႔ျပန္၍ ၿမိဳ႕တည္မင္းျပဳသည္။ သန္လ်င္မင္းဟုတြင္သတည္း။ သန္လ်င္မင္းကိုစြဲ၍ သန္လ်င္ၿမိဳ႕ဟု ေခၚေဝၚသမုတ္ၾကေလသည္။

သန္လ်င္မင္း တည္ခဲ့ေသာ ၿမိဳ႕ေဟာင္းပုံသဏၭာန္ကို ဆက္စပ္ၾကည့္ေသာအခါ ျခေသၤ့သဏၭာန္ျဖစ္သည္။ (၁) ျခေသၤ့ပါးစပ္ရွိရာ၌ ကြမ္းသီးတံခါး၊ (၂) မ်က္လုံးရွိရာ၌ အိုးထိန္းတံခါး၊ (၃) အေမာက္ရွိရာ၌ ေဒးဝန္းတံခါး၊ (၄) နားရွိရာ၌ ျမင္းတင္တံခါး၊ (၅) လည္ေခ်ာင္းရွိရာ၌ ဆင္ထြက္တံခါး၊ (၆) လည္ဆစ္ရွိရာ၌ လဒကုန္းတံခါး၊ (ရ) လက္ရွိရာ၌ ဇင္ႁပြန္းကုန္းတံခါး၊ (၈) ခ်က္ရွိရာ၌ သစ္ဆိမ့္ကုန္းတံတား။

(၉) သိုရွိရာ၌ ေက်းဘုရားတံခါး၊ (၁ဝ) ဒြါရရွိရာ၌ ေသာတာပန္တံခါး၊ (၁၁) ခါးဆစ္ရွိရာ၌ သရက္ေလးပင္တံခါး၊ (၁၂) လက္ျပင္ရွိရာ၌ ဘယတံခါး၊ (၁၃) ေျမာက္ဘက္ပိႆာတံခါး၊ (၁၄) အေရွ႕ေျမာက္ဘက္ ပင္လယ္တံခါး၊ (၁၅) ေတာင္ဘက္ ဝက္သတ္တံခါးတို႔ျဖစ္သည္။

သန္လ်င္မင္းမွစတင္၍ ၿမိဳ႕တည္ေထာင္အုပ္စိုးခဲ့ၾကရာ ေဘာဂေသနမင္းလက္ထက္ သန္လ်င္ၿမိဳ႕မင္းဆက္ျပတ္သည္။ ပါဒၿမိဳ႕၊ သန္လ်င္ၿမိဳ႕ႏွစ္ရပ္ေပါင္းသည္ရွိေသာ္ မင္းဆက္ေပါင္း ၄၀ ဆက္ ျဖစ္၏။

သန္လ်င္ၿမိဳ႕၌ ေနာက္ဆုံးစိုးစံေတာ္မူေသာ ေဘာဂေသနမင္း၏ မိဖုရားႀကီးကား သုဝဏၰဘူမိသထုံျပည္ရွင္ ဘုရင္မင္းျမတ္၏သမီးေတာ္ သုဝဏၰေဒဝီမင္းသမီးျဖစ္သည္။ ထိုမိဖုရားႀကီးတြင္ ပဋိသေႏၶတည္၍ ေန႕လေစ့ေသာ္ မဖြားျမင္နိုင္သျဖင့္ နတ္႐ြာစံေလ၏။

ထိုမိဖုရားႀကီး၏ အေလာင္းကို ၿမိဳ႕၏အေနာက္ဘက္ သုႆာန္သို႔ ထုတ္ေဆာင္၍ မီးသျဂၤိုဟ္ရာ ပဋိသေႏၶတည္ေနေသာ သတို႔သမီးသည္ ဘုန္းကံရွိသည္ျဖစ္ရကား မီးမေလာင္ကြၽမ္းဘဲ အမိဝမ္းမွေပါက္ထြက္လြင့္စဥ္ ဖြားျမင္ေလသည္။

 

သုႆာန္တစျပင္၌ ဖြားျမင္ေသာ သမီးေတာ္ေမြ႕ႏြန္းအား မင္းႀကီးသည္ ၿမိဳ႕တြင္းသို႔သြင္း၍မျဖစ္သျဖင့္ ထိုေနရာ၌ ပင္တိုင္နန္းေဆာက္လုပ္ၿပီးလွ်င္ အမတ္ႀကီး ႏွစ္ေယာက္ႏွင့္တကြ အေႁခြအရံမ်ားစြာျဖင့္ အေစာင့္အေရွာက္ထားေတာ္မူ၏။

ေဘာဂေသနမင္း နတ္႐ြာစံေသာ္ နန္းလ်ာသားေတာ္မရွိသည့္အျပင္ သမီးေတာ္ေမြ႕ႏြမ္းလည္း သုႆာန္တြင္ ဖြားသူျဖစ္သျဖင့္ နန္းမရေလရကား သန္လ်င္မင္းဆက္ျပတ္ေလသည္။ ထိုအခ်ိန္မွစ၍ ၿမိဳ႕ေစာင့္ ၿမိဳ႕စား မ်ားခန႔္အပ္အုပ္ခ်ဳပ္ေလသည္။ ထိုေနာက္ မြန္တစ္လွည့္ ျမန္မာတစ္လွည့္ ပိုင္ဆိုင္ၿပီးလွ်င္ ၿမိဳ႕စားမင္းမ်ားထား၍အုပ္ခ်ဳပ္လာရာမွ သန္လ်င္ၿမိဳ႕သည္ ယခင္ကေလာက္မႀကီးက်ယ္ေတာ့ဘဲ ဘုရားပုထိုးမ်ားလည္းမ်ားစြာ ပ်က္စီးေလသည္။

ျမန္မာသကၠရာဇ္ ၉၆ဝ ျပည့္ႏွစ္ (၁၅၀၀ ခုႏွစ္ဝန္းက်င္)တြင္ ဟံသာဝတီပ်က္ၿပီးသည့္ေနာက္တြင္ ရခိုင္ဘုရင္မင္းရာဇာႀကီး၏ ဆႏၵအရ ေပၚတူဂီလူမ်ိဳး၊ ေလ့လာစုံစမ္းသူတစ္ေယာက္ျဖစ္သည့္ ဖိလစ္ဒီဗရစ္တို (ငဇင္ကာ) အား သေဘၤာသုံးစင္းလြန္းၾကင္ ၁ဝဝ ေက်ာ္၊ လူႏွစ္ေထာင္ခန႔္ႏွင့္ သန္လ်င္တြင္ အခိုင္အလုံ တပ္စြဲေနထိုင္ခြင့္ေပးသည္မွစ၍ သန္လ်င္ၿမိဳ႕သည္တစ္ဖန္ ျမန္မာနိုင္ငံသမိုင္းတြင္ ထင္ရွားလာျပန္သည္။

ၿမိဳ႕တည္ရာတြင္ စီမံျပဳလုပ္ေသာဗိသုကာ ဇြင္ဆီရီယံ ကိုစြဲ၍ သန္လ်င္ၿမိဳ႕ကို အဂၤလိပ္လို ဆီရီယံၿမိဳ႕ ဟုေခၚေၾကာင္း အခ်ိဳ႕ကဆိုသည္။ သို႔ရာတြင္ ငဇင္ကာ မတည္မီ ေရွးအခါကပင္ ဆီရီယမ္ ေခၚခဲ့ေၾကာင္း၊ မွတ္တမ္းမ်ားရွိသျဖင့္ သံသယျဖစ္စရာရွိသည္။ အခ်ိဳ႕ကလည္း သန္လ်င္သည္ မြန္တို႔ေဒသၿမိဳ႕ျဖစ္သျဖင့္ မြန္တို႔ကဍုင္စရင္ ဟုေခၚသည္မွ နိုင္ငံျခားသားတို႔က မပီမသျဖင့္ ဆီရီယမ္း ေခၚၾကသည္ဟုဆိုသည္။

ဒီဗရစ္တိုသည္ သန္လ်င္ၿမိဳ႕တြင္ အခိုင္အလုံတပ္စြဲေနထိုင္ခြင့္ရသည္မွစ၍ ပဲခူးနယ္တစ္ဝိုက္ တိုက္ခိုက္နယ္ခ်ဲ့ျခင္း၊ ပုသိမ္၊ မုတၱမ၊ ဒဂုန္စေသာ သေဘၤာဆိပ္ၿမိဳ႕မ်ားသို႔ သြားမည့္သေဘၤာမ်ားကို သန္လ်င္ဆိပ္သို႔သာ ဝင္ေရာက္ဆိုက္ကပ္ေစ၍ အေကာက္ခြန္မ်ားေကာက္ျခင္း၊ သန္လ်င္ႏွင့္ ဟံသာဝတီၿမိဳ႕ ပတ္ဝန္းက်င္တြင္ရွိေသာ ဘုရားပုထိုးတို႔၏ ဌာပနာတိုက္မ်ားကိုတူးေဖာက္ယူျခင္း၊ ဘုရားပုထိုးေက်ာင္းကန္မ်ားတြင္ လႉဒါန္းထားေသာ ေၾကးေခါင္းေလာင္းႀကီးမ်ားကိုယူေဆာင္၍ အျမႇောက္သြန္းလုပ္ျခင္းတို႔ကို ျပဳလုပ္ေလသည္။

 

သူသည္ ရခိုင္လူမ်ိဳးမ်ား၏ အသိအမွတ္ျပဳခံထားရေသာ စီးပြားေရးသမားတစ္ဦးျဖစ္ၿပီး၊ သန္လ်င္ၿမိဳ႕တြင္ စစ္ေရးတစ္ေၾကာင္းကိုလည္း ဖန္တီးနိုင္ခဲ့သူျဖစ္သည္။ သူသည္ မြန္လူမ်ိဳးမ်ားႏွင့္ ျမန္မာလူမ်ိဳးမ်ား စစ္တိုက္သည့္အခါ သူ၏ စစ္တပ္ကို အသုံးခ်ခဲ့ၾကသည္။

၁၅၉၉ တြင္ သူ၏ စစ္တပ္အား ပဲခူး ႏွင့္ စစ္တိုက္ခဲ့ရာ ေအာင္ျမင္မႈမရရွိခဲ့ဘဲ၊ ၁၆၁၃ ခုႏွစ္ သာလြန္မင္းလက္ထက္တြင္ သူ႕ကိုဖမ္းဆီး နိုင္ခဲ့ၿပီး ဗုဒၶဘာသာ ပုထိုးမ်ားကို ဖ်က္ဆီးခဲ့သည့္ အတြက္ေၾကာင့္ ေသဒဏ္ခ်မွတ္ခဲ့သည္။ ၁၇၅၆ ခုႏွစ္တြင္ အေလာင္းဘုရား၏ လက္ေအာက္သို႔ မေရာက္သည့္တိုင္အထိ၊ သန္လ်င္ၿမိဳ႕သည္ ျမန္မာနိုင္ငံ၏ အဓိက ဆိပ္ကမ္းၿမိဳ႕ေတာ္အျဖစ္ တည္ရွိခဲ့သည္။

ေပၚတူဂီလူမ်ိဳးမ်ားျဖစ္သည့္ ဥေရာပအာရွသားမ်ားသည္ ငဇင္ကာ၏ လက္သားမ်ားျဖစ္ၾကၿပီး၊ တစ္ခ်ိဳ႕လြတ္ေျမာက္ၾကသူမ်ားသည္ မူးျမစ္၊ ေ႐ႊဘိုတြင္ ရွိေသာ မြန္လွ ႏွင့္ ခ်မ္းသာ႐ြာမ်ားတြင္ ေနထိုင္ခဲ့ၾကသည္။

 

သူတို႔ကို ဘုရင္ဂ်ီဟု ေခၚဆိုၾကၿပီး၊ ဆံပင္ေရာင္ေျဖာ့မ်ားႏွင့္ ဥေရာပအာရွသားမ်ားသည္ ထို႐ြာမ်ားတြင္ ဆက္လက္ေနထိုင္ခဲ့ၾကၿပီး၊ ကက္သလစ္ ဘာသာေရးသင္ၾကားမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး၊ ျမန္မာမ်ားနည္းတူ ဆက္လက္ေနထိုင္ေနၾကသည္။ ထိုမွ်မကျမန္မာသကၠရာဇ္ ၉၇၄ ခုႏွစ္တြင္ မုတၱမဘုရင္ ဗညားဒလႏွင့္ပူးေပါင္းကာ ေတာင္ငူၿမိဳ႕ကို သိမ္းယူ၍ နန္းေတာ္ကုန္းကို မီးတိုက္ဖ်က္ဆီးၿပီးေနာက္ ၿမိဳ႕စားနတ္သွ်င္ေနာင္ကိုပါ သန္လ်င္သို႔ ယူေဆာင္သြားေလသည္။

ထိုအေၾကာင္းကို အေနာက္ဘက္လြန္မင္းတရားႀကီး ၾကားေသာ္ သန္လ်င္သို႔ ေရအား ၾကည္းအားႏွင့္ ခ်ီတက္လုပ္ႀကံသည္။ ၿမိဳ႕တြင္းမွေန၍ ေပၚတူဂီတို႔ အခိုင္အမာ ခံ႐ုံမက ၿမိဳ႕ကိုတက္ေသာ ျမန္မာစစ္သည္မ်ားအား ၿမိဳ႕ထိပ္မွ ပြဲလ်က္ရည္၊ င႐ုတ္ရည္မ်ားျဖင့္ ဆီးေလာင္းျခင္း၊ ဗုံးႏွင့္ပစ္ခတ္ျခင္းတို႔ျပဳသျဖင့္ ျမန္မာတို႔အထိအပါး အရွအနမ်ားေသာေၾကာင့္ ၿမိဳ႕မက်ဘဲရွိေလသည္။

ေနာက္ဆုံးမွျမန္မာတို႔၏ မေလွ်ာ့ေသာဇြဲႏွင့္တိုက္ခိုက္မႈေၾကာင့္ သန္လ်င္စား ဒီဗရစ္တိုႏွင့္တကြ တစ္ၿမိဳ႕လုံးကိုရေလသည္။ ထိုအခ်ိန္က သန္လ်င္ၿမိဳ႕သည္ ျမန္မာနိုင္ငံေအာက္ပိုင္းတြင္ ထင္ရွားစည္ကားေသာၿမိဳ႕ျဖစ္သည္။

နိုင္ငံျခားသေဘၤာမ်ား ဝင္ထြက္ဆိုက္ကပ္ရာ သေဘၤာဆိပ္ၿမိဳ႕ႀကီး လည္းျဖစ္သည္။ အဂၤလိပ္၊ ဒတ္ခ်၊ ျပင္သစ္စေသာ နိုင္ငံျခားသားမ်ားကလည္း အဝင္အထြက္မ်ားသျဖင့္အေရာင္းအဝယ္လုပ္ငန္းမ်ားျဖင့္ စည္ပင္သည္။ စက္႐ုံႀကီးမ်ားလည္း လာေရာက္တည္ေထာင္ထားၾကေလသည္။ အေလာင္းဘုရားလက္ထက္ေရာက္ေသာအခါ သန္လ်င္ၿမိဳ႕သည္ မြန္တို႔လက္၌ေရာက္ရွိေနေလသည္။

မင္းတရားႀကီးသည္ ေအာက္ျမန္မာနိုင္ငံကို ခ်ီတက္တိုက္ခိုက္ ၁၁၁၈ ခုတန္ခူးလတြင္သန္လ်င္ၿမိဳ႕သို႔ ေရာက္သည္။ သန္လ်င္ၿမိဳ႕ကို အႀကိမ္ႀကိမ္ခ်ဥ္းကပ္၍ လုပ္ႀကံေသာ္လည္း လက္နက္ထူထပ္ေသာေၾကာင့္ မခ်ဥ္းကပ္ဝံ့ေခ်။ သို႔ရာတြင္ ၿမိဳ႕တြင္းသို႔ ရိကၡာမ်ားမေရာက္ေစရန္ ျမန္မာတို႔က ပိတ္ဆို႔ထားသျဖင့္ ၿမိဳ႕သူၿမိဳ႕သားမ်ား သစ္ဥသစ္ဖုကိုမွ် ထြက္၍မရွာဝံ့ဘဲ ငတ္မြတ္လွေသာေၾကာင့္ တစ္ေန႕လွ်င္ လူေလးငါးေျခာက္ဆယ္ခန႔္ ျမန္မာတို႔ဘက္သို႔ ထြက္ေျပးဝင္ေရာက္လာၾကေလသည္။

မ်ိဳးရိကၡာ ျပတ္လတ္ငတ္မြတ္ပါမ်ားသျဖင့္ သန္လ်င္ၿမိဳ႕တြင္းမွရွိသမွ် လက္နက္လူသူတို႔ကို သေဘၤာခုနစ္စင္းႏွင့္ ဇလာကပင္ကူ႐ြပ္ သမၺာန္ႀကီးမ်ားတြင္တင္ၿပီးလွ်င္ တိုက္ေလွႀကီး ၅ဝဝ ေက်ာ္ႏွင့္တကြ ၿမိဳ႕ကခြာ၍ ပင္လယ္သို႔ထြက္ရန္ စီစဥ္ေလသည္။ မြန္တို႔၏အႀကံအစည္ကို ထြက္ေျပးလာသူတို႔မွ တစ္ဆင့္ ၾကားေတာ္မူလွ်င္ ေရတပ္ေတာ္မ်ားကို အင္အားျဖည့္၍လႊတ္သည္။

 

အေလာင္းမင္းတရားကိုယ္တိုင္ သံလ်က္စြန္းသို႔ သေဘၤာျဖင့္ထြက္၍ သန္လ်င္တိုက္ပြဲကို အေဝးၾကည့္မွန္ေျပာင္းျဖင့္ၾကည့္လ်က္ စစ္ေရးကိုစီရင္ေတာ္မူသည္။ လက္ေ႐ြးစင္ သူရဲေကာင္း ၉၃ ေယာက္ကိုလည္းေ႐ြး၍ လက္နက္အျပည့္အစုံႏွင့္ၿမိဳ႕ကို အျပင္းအထန္လုပ္ႀကံေစရာ ၿမိဳ႕ေပါက္ေလသည္။

၁၁၁၈ ခုႏွစ္ဝါဆိုလတြင္ သန္လ်င္ၿမိဳ႕ ျမန္မာတို႔လက္သို႔ေရာက္ရာ မင္းထင္ေနာ္ရထာကို ဗိုလ္မႉး၊ သတိုးေက်ာ္သူႏွင့္ ေက်ာ္ထင္သက္ေတာ္ရွည္တို႔ကို စစ္ကဲခန႔္၍ သန္လ်င္ကို အုပ္ခ်ဳပ္ေစသည္။ မင္းတရားႀကီးသည္ ရန္ကုန္ဟုသမုတ္လိုက္ေသာ ဒဂုန္ၿမိဳ႕ကို ဆိပ္ကမ္းၿမိဳ႕အျဖစ္ ျပဳလုပ္လိုက္ရာ သန္လ်င္ၿမိဳ႕သည္ အပ်က္အစီးနာၿပီးလည္းျဖစ္သည့္အေလ်ာက္ အလိုလိုေမွးမွိန္သြားေလသည္။

သန္လ်င္ၿမိဳ႕သည္ ဒဂုန္ၿမိဳ႕လက္ေအာက္ခံၿမိဳ႕ငယ္ကေလးမွ်သာ ျဖစ္လာေလသည္။ သန္လ်င္ၿမိဳ႕၌ ၿမိဳ႕ရိုးေဟာင္းႏွင့္ၿမိဳ႕တံခါးေနရာမ်ားကို အမွတ္အသားေကာင္းေသာ ေရွးလူႀကီးမ်ား ယခုတိုင္ အမည္ႏွင့္တကြျပသနိုင္ၾကသည္။ ၁၅ ရာစုႏွစ္ခန႔္က ေပၚတူဂီတို႔တည္ထားခဲ့ေသာ ၿမိဳ႕၏အႂကြင္းအက်န္မ်ားကိုမူ ယခုတိုင္ ေတြ႕ျမင္နိုင္ေလသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *