လက်ရုံးရည်အပြည့်ဝဆုံးဖြစ်သော (အယုဒ္ဓယ ယိုးဒယား နှင့် မန်ချူး တရုတ်ကို အနိုင်တိုက်သောမင်း) ဆင်ဖြူရှင်မင်း ၏သမိုင်း

လက်ရုံးရည်အပြည့်ဝဆုံးဖြစ်သော (အယုဒ္ဓယ ယိုးဒယား နှင့် မန်ချူး တရုတ်ကို အနိုင်တိုက်သောမင်း) ဆင်ဖြူရှင်မင်း ၏သမိုင်း

 

 

ဆင်ဖြူ ရှင်မင်းသည် ယိုးဒယားသို့ ကိုယ်တော်တိုင် ချီတက်ခြင်းမပြုဘဲ မိမိ၏ လက်ရွေးစင် စစ်သူကြီး နှစ်ဦး ဖြစ်သည့် နေမျိူးသီဟပတေ့ နှင့် မဟာနော်ရထာ တို့ကို ချီတက်သိမ်းပိုက်ခိုင်းခဲ့သည်။

မိမိ၏ ဗျူ ဟာကိုသာ ချပြ ခဲ့ပြီး လက်ရွေးစင် စစ်သူကြီးနှစ်ဦးမှ အကောင်အ ထည်ဖော် ဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်း ဇင်းမယ်ကြောင်းကို ချီတက်သော နေမျိုူးသီဟပတေ့သည် ၁၇၆၄ နှစ်၊၁၀လပိုင်း၊၃၁ ရက်နေ့တွင် လင်းဇင်းမြို့နှင့်တကွ မြို့ကို အနိုင်ရလေ၏။

လင်းဇင်းမင်း၏ သမီးတော်များ၊အမတ်များ၊ ရွှေငွေ၊ အမြှောက်သေနတ်၊ တိုက်ဆင်တို့ကို နေပြည်တော်သို့ အဆက်အသ လွှတ်လေ၏။ထို့နောက် လကွန်းမြို့ကို ဆက်လက်ချီတက်လေ၏။ လကွန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ထိုမြို့တွင် စခန်းချ နေကြလေ၏။

လင်းဇင်း၊ဇင်းမယ် တို့မှ စစ်သည်အင်အားထပ်မံ စုဆောင်းရာ အင်အား နှစ်သောင်း တိုး လေသည်။ ၁၇၆၅ နှစ်၊၁၀လ၊ ၂၂ ရက်တွင် ထားဝယ်စစ်ကြောင်းကို ဦးဆောင်သည့် မဟာနော်ရထာတို့ တပ်ပေါင်းစုသည် ယိုးဒယားနယ်သို့ စတင်ချီတက်လေ၏။

ခရီးလမ်းတစ်လျှောက်ရှိ မြို့များကို အဆက်မပြတ် သိမ်းပိုက်လေသည်။ယိုးဒယားဘုရင် (Ekathat , 1758-1767) မှ စစ်အင်အားခြောက်သောင်းကျော် လွှတ်ပြီး မဟာနော်ရထာ၏ တပ်များကို ခုခံစေလေ၏။ သို့သော်လည်း မတော်လှန်နိုင်သဖြင့် မြို့တော် အယုဒ္ဒယသို့ ပြန်လည် ဆုတ်ခွာလေသည်။

မြောက်ဘက် တွင် နေမျိုးသီဟပတေ့ တောင်ဘက်တွင် မဟာနော်ရထာ တပ်များ နှစ်ဖက် ညုပ်ပြီး ယိုးဒယားနယ်ကို ဝင် တိုက် ကြသဖြင့် ယိုးဒယားဘုရင်အလွန် စိတ်ဓါတ်ကျနေလေ၏။ ဆင်ဖြူ ရှင်၏ တပ်များ သည် အောင်ပွဲများ အဆက်မပြတ် ရရှိနေသဖြင့် အလွန်အမင်းစိတ်ဓါတ်တက်ကြွနေကြလေသည်။

၁၇၆၆ ၊၁၁ လပိုင်း၊ ၁၄ ရက်တွင် ဇင်းမယ်ကြောင်းသည် အယုဒ္ဒယမြို့၏ အရှေ့မြောက် ရှိ ပနံပသုတ်ရွာသို့ ရောက်ရှိလာလေသည်။ မဲ့ပိန်မြစ်ကို အလယ်ထားပြီး ကမ်းနှစ်ဖက် လက်ဝဲ လက်ယာတွင် ခံတပ်ကြီး ဆောက် ကာ ထားဝယ်စစ်ကြောင်း စောင့်နေလေသည်။

မျိုူးရိက္ခာကို အပြည့်အ၀ သွင်းထားပြီး၊ ဆင်မြင်း၊ရဲမက် ကြီးများ ဖြင့် အခိုင်အခံ နေလေ၏။ ထားဝယ်ကြောင်းလည်း အယုဒ္ဒယမြို့၏ အနောက်မြောက်ယွန်း ကန္နီရွာ တွင် တပ်ကြီးစွဲ နေလေ၏။ယိုးဒယားဘုရင်လည်း မိမိ၏မြို့တော်ကို အခိုင်အခံ့ပြင်ဆင်ပြီး ရေကျသည်နှင့် မြို့မှ ထွက်တိုက်စေလေ၏။

သို့သော် မအောင်မြင်ဘဲ ဆုတ်ခွာသွားရပြန်၏။ နေမျိုူးသီဟပတေ့ လည်း အယုဒ္ဒယမြို့ပတ်လည်တွင် မျှော်စင်ကြီးများ ဆောက်ပြီး ရှေးယခင်က နည်းများအတိုင်း အမြှောက်ကြီးများကို တင်ကာ မြို့တွင်းသို့ ပစ်ခွင်းလေ၏။

 

ထိုသို့ တိုက်ခိုက်နေစဉ် ထိုလ ၁၉ ရက်တွင် ဗိုလ်ချူ ပ် မဟာနော်ရထာ ကွယ်လွန်လေ၏။ ထားဝယ်စစ်ကြောင်း ကို ဗိုလ်ချူ ပ်နေမျိုူးသီဟပတေ့မှ မိမိ၏ စစ်ကြောင်းနှင့် ပေါင်းစပ်ပြီး အုပ်ချူ ပ် လေ၏။ ဆင်ဖြူ ရှင် ဆီကို လည်း အလျှောက်အထား ပို့လွှတ်လေသည်။

ထိုသို့ ယိုးဒယားကို တိုက်နေစဉ် တရုတ်တပ်များသည် ဆင်ဖြူ ရှင်ပိုင်နက်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေပြီး မြို့များကို တမြို့ပြီးတမြို့သိမ်းပိုက်နိုင်နေရာ နန်းတော်ရှိ မှူးမတ်များမှ ယိုးဒယားရှိ စစ်တပ်များကို ပြန်လည် ဆုတ်ခွာပြီး ခုခံရန် လျှောက်ထားသော်လည်း ဆင် ဖြူ ရှင်မှ နားမဝင်ဘဲ ယိုးဒယားကို အနိုင်သာ သိမ်းရန် အမိန့်ထုတ်လေ၏။

( တရုတ်ကျူးကျော်စစ် ခုခံပုံကို အကျယ် အဖြစ်ထပ်မံ ရေးသားတင်ပြပါမည်) ဆင်ဖြူ ရှင်လည်း ယိုးဒယားမင်း နှင့်တကွ ယိုးဒယားပြည်အားလုံးကို သိမ်းပြီး ပြန်လာရန် အမိန့်တော် ထုတ်လေ၏။ ထိုအမိန့်တော်သည် ၁၇၆၇၊ ၂ လ၊ ၃ ရက်နေ့တွင် နေမျိူးသီဟပတေ့ လက်သို့ ရောက်လေ၏။

နေမျိူးသီဟပတေ့လည်း ယိုးဒယားမြို့ရိုးဆီသို့ ဥမင်များတူးပြီး မြို့ရိုးပြို အောင် ဆောက်ရွက်လေသည်။ ယိုးဒယားတို့ဘက်မှ ဆီပူများ၊ မီးများဖြင့် မြို့ရိုးပေါ်မှ အဆက်မပြတ် ပစ်ကာ ပြန်လည်ခုခံ၏။ သို့သော် အမြှောက်ကြီးများဖြင့် ထိုမြို့ရိုးအပေါ်သို့ ပစ်သဖြင့် စစ်သည်များ မြို့ရိုးနားမကပ်ဝံ့ကြပေ။ မြို့ရိုးသည် အလွန်ခိုင်ခံ့သဖြင့် အမြှောက်ဒဏ်ကို ကြံကြံခံနိုင်၏။

 

ဘုရင် Taksin ပန်းချီ ဥမင်တူးသည့် တပ်သား အများအပြားသေ၏။ သို့သော်လည်း နေမျိူးသီဟပတေ့မှ မှတ်တမ်းများဖြင့် ပြုလုပ်ကာ အရေးတော်အောင်လျှင် သေသူ၏ မိသားစုအားလုံး အခွန်လွတ်မည်၊ ဆုငွေရွှေငွေရ မည်ဟု ဆိုသဖြင့် တပ်သားများစွာ မိမိ၏ အသက်ကို ပဓန မထားဘဲ သေသူနေရာ ကို အဆက်မပြတ် ဝင်ကာ မြေတူး မီးတိုက် ပြီး တိုက်ခိုက်သဖြင့် အယုဒ္ဒယ၏ မြို့ရိုးမခံနိုင်ဘဲ ပြို ကျလေသည်။

အေဒီ ၁၇၆၇၊ ၄ လပိုင်း၊ ၉ ရက်နေ့တွင် ယိုးဒယားဘုရင် နှင့်တကွ ယိုးဒယားတပြည်လုံး ဆင်ဖြူ ရှင်လက်အောက်သို့ ကျရောက်ရလေသည်။ ယိုးဒယားမင်းလည်း သေနတ်ပစ်ခံရပြီး နတ်ရွာစံလေသည်။ နေမျိူးသီဟပတေ့လည်း ထွက်ပြေးကုန်သော ဘုရင့်ဆွေတော်မျိူးတော်များကို ဖမ်းဆီးစေရာ တချိူ့ကို ဖမ်းဆီးမိလေ၏။

ဖမ်းဆီးရသူ ဘုရင့်ဆွေတော်မျိူးတော်များကို နေပြည်တော်သို့ ပို့ဆောင်လေ၏။ မြို့ရိုးများကို ဖျက်စီးစေလေ သည်။ယိုးဒယားဘုရင့်၏ ရွှေငွေရတနာများကိုလည်း သယ်ဆောင်လာခဲ့ရသည်။ ဆင်၊မြင်း၊အမြှောက်၊စိန်ပြောင်း နှင့် အထူးထူးသော အရာများစွာတို့ကို ယူဆောင်လာခဲ့ရလေသည်။

ယိုးဒယားမြို့ကျသော် ယိုးဒယားဘုရင်၏ အမတ်များ၊ တပ်မှူးများ သည် အနယ်နယ်အရပ်ရပ်သို့ ထွက်ပြေးကြကုန်လေသည်။ နောက်ပိုင်းတွင် ထိုသို့ ထွက်ပြေးသွားသော တပ်မှူးများထဲမှ Taksin (၁၇၆၇ – ၁၇၈၂) ဆိုသည့် တရုတ်စပ်သောအမတ် မှ ပြို လဲသွားသော ယိုးဒယားမင်းဆက်ကို ပြန်လည်ထူထောင်ခဲ့၏။

 

Credit

 

Zawgyi

 

လက္႐ုံးရည္အျပည့္ဝဆုံးျဖစ္ေသာ (အယုဒၶယ ယိုးဒယား ႏွင့္ မန္ခ်ဴး တ႐ုတ္ကို အနိုင္တိုက္ေသာမင္း) ဆင္ျဖဴရွင္မင္း ၏သမိုင္း

 

 

ဆင္ျဖဴ ရွင္မင္းသည္ ယိုးဒယားသို႔ ကိုယ္ေတာ္တိုင္ ခ်ီတက္ျခင္းမျပဳဘဲ မိမိ၏ လက္ေ႐ြးစင္ စစ္သူႀကီး ႏွစ္ဦး ျဖစ္သည့္ ေနမ်ိဴးသီဟပေတ့ ႏွင့္ မဟာေနာ္ရထာ တို႔ကို ခ်ီတက္သိမ္းပိုက္ခိုင္းခဲ့သည္။

မိမိ၏ ဗ်ဴ ဟာကိုသာ ခ်ျပ ခဲ့ၿပီး လက္ေ႐ြးစင္ စစ္သူႀကီးႏွစ္ဦးမွ အေကာင္အ ထည္ေဖာ္ ေဆာက္႐ြက္ခဲ့ျခင္းျဖစ္သည္။ ေျမာက္ပိုင္း ဇင္းမယ္ေၾကာင္းကို ခ်ီတက္ေသာ ေနမ်ိဳူးသီဟပေတ့သည္ ၁၇၆၄ ႏွစ္၊၁၀လပိုင္း၊၃၁ ရက္ေန႕တြင္ လင္းဇင္းၿမိဳ႕ႏွင့္တကြ ၿမိဳ႕ကို အနိုင္ရေလ၏။

လင္းဇင္းမင္း၏ သမီးေတာ္မ်ား၊အမတ္မ်ား၊ ေ႐ႊေငြ၊ အျမႇောက္ေသနတ္၊ တိုက္ဆင္တို႔ကို ေနျပည္ေတာ္သို႔ အဆက္အသ လႊတ္ေလ၏။ထို႔ေနာက္ လကြန္းၿမိဳ႕ကို ဆက္လက္ခ်ီတက္ေလ၏။ လကြန္းၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္နိုင္ၿပီး ထိုၿမိဳ႕တြင္ စခန္းခ် ေနၾကေလ၏။

လင္းဇင္း၊ဇင္းမယ္ တို႔မွ စစ္သည္အင္အားထပ္မံ စုေဆာင္းရာ အင္အား ႏွစ္ေသာင္း တိုး ေလသည္။ ၁၇၆၅ ႏွစ္၊၁၀လ၊ ၂၂ ရက္တြင္ ထားဝယ္စစ္ေၾကာင္းကို ဦးေဆာင္သည့္ မဟာေနာ္ရထာတို႔ တပ္ေပါင္းစုသည္ ယိုးဒယားနယ္သို႔ စတင္ခ်ီတက္ေလ၏။

ခရီးလမ္းတစ္ေလွ်ာက္ရွိ ၿမိဳ႕မ်ားကို အဆက္မျပတ္ သိမ္းပိုက္ေလသည္။ယိုးဒယားဘုရင္ (Ekathat , 1758-1767) မွ စစ္အင္အားေျခာက္ေသာင္းေက်ာ္ လႊတ္ၿပီး မဟာေနာ္ရထာ၏ တပ္မ်ားကို ခုခံေစေလ၏။ သို႔ေသာ္လည္း မေတာ္လွန္နိုင္သျဖင့္ ၿမိဳ႕ေတာ္ အယုဒၵယသို႔ ျပန္လည္ ဆုတ္ခြာေလသည္။

ေျမာက္ဘက္ တြင္ ေနမ်ိဳးသီဟပေတ့ ေတာင္ဘက္တြင္ မဟာေနာ္ရထာ တပ္မ်ား ႏွစ္ဖက္ ၫုပ္ၿပီး ယိုးဒယားနယ္ကို ဝင္ တိုက္ ၾကသျဖင့္ ယိုးဒယားဘုရင္အလြန္ စိတ္ဓါတ္က်ေနေလ၏။ ဆင္ျဖဴ ရွင္၏ တပ္မ်ား သည္ ေအာင္ပြဲမ်ား အဆက္မျပတ္ ရရွိေနသျဖင့္ အလြန္အမင္းစိတ္ဓါတ္တက္ႂကြေနၾကေလသည္။

၁၇၆၆ ၊၁၁ လပိုင္း၊ ၁၄ ရက္တြင္ ဇင္းမယ္ေၾကာင္းသည္ အယုဒၵယၿမိဳ႕၏ အေရွ႕ေျမာက္ ရွိ ပနံပသုတ္႐ြာသို႔ ေရာက္ရွိလာေလသည္။ မဲ့ပိန္ျမစ္ကို အလယ္ထားၿပီး ကမ္းႏွစ္ဖက္ လက္ဝဲ လက္ယာတြင္ ခံတပ္ႀကီး ေဆာက္ ကာ ထားဝယ္စစ္ေၾကာင္း ေစာင့္ေနေလသည္။

မ်ိဳူးရိကၡာကို အျပည့္အ၀ သြင္းထားၿပီး၊ ဆင္ျမင္း၊ရဲမက္ ႀကီးမ်ား ျဖင့္ အခိုင္အခံ ေနေလ၏။ ထားဝယ္ေၾကာင္းလည္း အယုဒၵယၿမိဳ႕၏ အေနာက္ေျမာက္ယြန္း ကႏၷီ႐ြာ တြင္ တပ္ႀကီးစြဲ ေနေလ၏။ယိုးဒယားဘုရင္လည္း မိမိ၏ၿမိဳ႕ေတာ္ကို အခိုင္အခံ့ျပင္ဆင္ၿပီး ေရက်သည္ႏွင့္ ၿမိဳ႕မွ ထြက္တိုက္ေစေလ၏။

သို႔ေသာ္ မေအာင္ျမင္ဘဲ ဆုတ္ခြာသြားရျပန္၏။ ေနမ်ိဳူးသီဟပေတ့ လည္း အယုဒၵယၿမိဳ႕ပတ္လည္တြင္ ေမွ်ာ္စင္ႀကီးမ်ား ေဆာက္ၿပီး ေရွးယခင္က နည္းမ်ားအတိုင္း အျမႇောက္ႀကီးမ်ားကို တင္ကာ ၿမိဳ႕တြင္းသို႔ ပစ္ခြင္းေလ၏။

 

ထိုသို႔ တိုက္ခိုက္ေနစဥ္ ထိုလ ၁၉ ရက္တြင္ ဗိုလ္ခ်ဴ ပ္ မဟာေနာ္ရထာ ကြယ္လြန္ေလ၏။ ထားဝယ္စစ္ေၾကာင္း ကို ဗိုလ္ခ်ဴ ပ္ေနမ်ိဳူးသီဟပေတ့မွ မိမိ၏ စစ္ေၾကာင္းႏွင့္ ေပါင္းစပ္ၿပီး အုပ္ခ်ဴ ပ္ ေလ၏။ ဆင္ျဖဴ ရွင္ ဆီကို လည္း အေလွ်ာက္အထား ပို႔လႊတ္ေလသည္။

ထိုသို႔ ယိုးဒယားကို တိုက္ေနစဥ္ တ႐ုတ္တပ္မ်ားသည္ ဆင္ျဖဴ ရွင္ပိုင္နက္အတြင္းသို႔ ဝင္ေရာက္တိုက္ခိုက္ေနၿပီး ၿမိဳ႕မ်ားကို တၿမိဳ႕ၿပီးတၿမိဳ႕သိမ္းပိုက္နိုင္ေနရာ နန္းေတာ္ရွိ မႉးမတ္မ်ားမွ ယိုးဒယားရွိ စစ္တပ္မ်ားကို ျပန္လည္ ဆုတ္ခြာၿပီး ခုခံရန္ ေလွ်ာက္ထားေသာ္လည္း ဆင္ ျဖဴ ရွင္မွ နားမဝင္ဘဲ ယိုးဒယားကို အနိုင္သာ သိမ္းရန္ အမိန႔္ထုတ္ေလ၏။

( တ႐ုတ္က်ဴးေက်ာ္စစ္ ခုခံပုံကို အက်ယ္ အျဖစ္ထပ္မံ ေရးသားတင္ျပပါမည္) ဆင္ျဖဴ ရွင္လည္း ယိုးဒယားမင္း ႏွင့္တကြ ယိုးဒယားျပည္အားလုံးကို သိမ္းၿပီး ျပန္လာရန္ အမိန႔္ေတာ္ ထုတ္ေလ၏။ ထိုအမိန႔္ေတာ္သည္ ၁၇၆၇၊ ၂ လ၊ ၃ ရက္ေန႕တြင္ ေနမ်ိဴးသီဟပေတ့ လက္သို႔ ေရာက္ေလ၏။

ေနမ်ိဴးသီဟပေတ့လည္း ယိုးဒယားၿမိဳ႕ရိုးဆီသို႔ ဥမင္မ်ားတူးၿပီး ၿမိဳ႕ရိုးၿပိဳ ေအာင္ ေဆာက္႐ြက္ေလသည္။ ယိုးဒယားတို႔ဘက္မွ ဆီပူမ်ား၊ မီးမ်ားျဖင့္ ၿမိဳ႕ရိုးေပၚမွ အဆက္မျပတ္ ပစ္ကာ ျပန္လည္ခုခံ၏။ သို႔ေသာ္ အျမႇောက္ႀကီးမ်ားျဖင့္ ထိုၿမိဳ႕ရိုးအေပၚသို႔ ပစ္သျဖင့္ စစ္သည္မ်ား ၿမိဳ႕ရိုးနားမကပ္ဝံ့ၾကေပ။ ၿမိဳ႕ရိုးသည္ အလြန္ခိုင္ခံ့သျဖင့္ အျမႇောက္ဒဏ္ကို ႀကံႀကံခံနိုင္၏။

 

ဘုရင္ Taksin ပန္းခ်ီ ဥမင္တူးသည့္ တပ္သား အမ်ားအျပားေသ၏။ သို႔ေသာ္လည္း ေနမ်ိဴးသီဟပေတ့မွ မွတ္တမ္းမ်ားျဖင့္ ျပဳလုပ္ကာ အေရးေတာ္ေအာင္လွ်င္ ေသသူ၏ မိသားစုအားလုံး အခြန္လြတ္မည္၊ ဆုေငြေ႐ႊေငြရ မည္ဟု ဆိုသျဖင့္ တပ္သားမ်ားစြာ မိမိ၏ အသက္ကို ပဓန မထားဘဲ ေသသူေနရာ ကို အဆက္မျပတ္ ဝင္ကာ ေျမတူး မီးတိုက္ ၿပီး တိုက္ခိုက္သျဖင့္ အယုဒၵယ၏ ၿမိဳ႕ရိုးမခံနိုင္ဘဲ ၿပိဳ က်ေလသည္။

ေအဒီ ၁၇၆၇၊ ၄ လပိုင္း၊ ၉ ရက္ေန႕တြင္ ယိုးဒယားဘုရင္ ႏွင့္တကြ ယိုးဒယားတျပည္လုံး ဆင္ျဖဴ ရွင္လက္ေအာက္သို႔ က်ေရာက္ရေလသည္။ ယိုးဒယားမင္းလည္း ေသနတ္ပစ္ခံရၿပီး နတ္႐ြာစံေလသည္။ ေနမ်ိဴးသီဟပေတ့လည္း ထြက္ေျပးကုန္ေသာ ဘုရင့္ေဆြေတာ္မ်ိဴးေတာ္မ်ားကို ဖမ္းဆီးေစရာ တခ်ိဴ႕ကို ဖမ္းဆီးမိေလ၏။

ဖမ္းဆီးရသူ ဘုရင့္ေဆြေတာ္မ်ိဴးေတာ္မ်ားကို ေနျပည္ေတာ္သို႔ ပို႔ေဆာင္ေလ၏။ ၿမိဳ႕ရိုးမ်ားကို ဖ်က္စီးေစေလ သည္။ယိုးဒယားဘုရင့္၏ ေ႐ႊေငြရတနာမ်ားကိုလည္း သယ္ေဆာင္လာခဲ့ရသည္။ ဆင္၊ျမင္း၊အျမႇောက္၊စိန္ေျပာင္း ႏွင့္ အထူးထူးေသာ အရာမ်ားစြာတို႔ကို ယူေဆာင္လာခဲ့ရေလသည္။

ယိုးဒယားၿမိဳ႕က်ေသာ္ ယိုးဒယားဘုရင္၏ အမတ္မ်ား၊ တပ္မႉးမ်ား သည္ အနယ္နယ္အရပ္ရပ္သို႔ ထြက္ေျပးၾကကုန္ေလသည္။ ေနာက္ပိုင္းတြင္ ထိုသို႔ ထြက္ေျပးသြားေသာ တပ္မႉးမ်ားထဲမွ Taksin (၁၇၆၇ – ၁၇၈၂) ဆိုသည့္ တ႐ုတ္စပ္ေသာအမတ္ မွ ၿပိဳ လဲသြားေသာ ယိုးဒယားမင္းဆက္ကို ျပန္လည္ထူေထာင္ခဲ့၏။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *