ရန္တပိုရ်စာချုပ်အကြောင်းသိကောင်းစရာ

ရန္တပိုရ်စာချုပ်အကြောင်းသိကောင်းစရာ

 

 

ရန္တပိုရ်စာချုပ်ရန္တပိုရ်စာချုပ်သည်အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးနောက်စစ်ပြေငြိမ်းကြောင်းချုပ်ဆိုခဲ့သည့်စာချုပ်ပင်ဖြစ်သည်။အင်းဝမြို့တောင်ဘက်မိုက်လေးဆယ်ခန့်အကွာမြင်းခြံမြို့မှလေးမိုင်ခန့်ဝေးသောရန္တပိုရ်ရွာလေးတွင်ချုပ်ဆိုသောစာချုပ်ဖြစ်သောကြောင့်သမိုင်းတွင်ရန္တပိုရ်စာချုပ်ဟုမှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်သည်။

ကုန်းဘောင်းမင်းဆက်၏အရှိန်ဝါကြီးသောဗဒုံမင်း(ဘိုးတော်ဘုရား)နတ်ရွာစံတော်မူပြီးနောက်ဘကြီးတော်မင်းတရားခေါ်စစ်ကိုင်းမင်းနန်းတက်လေသည်။ဘကြီးတော်သည်နန်းတက်ပွဲအားနိုင်ငံနှင့်အဝှမ်းမြို့စားပြည်နယ်စားအုပ်ချုပ်ခွင့်ရအကြီးအကဲများအားဖိတ်ကြားသည်။

 

ထိုရာဇဘိသိပ်ခံယူပွဲသို့အမြို့မြို့အနယ်နယ်မှအကြီးအကဲများတက်ရောက်သော်လည်းဗဒုံမင်းလက်ထက်ကမြန်မာတို့နန်းတင်ခဲ့သောမဏိပူရစော်ဘွားများတက်ရောက်ခြင်းမရှိပေ။ထိုအရာသည်တိုင်းပြည်၏ရှင်ဘုရင်အားအာခံရာရောက်သည်ဟုဘကြီးတော်မင်းကမှတ်ယူလိုက်ပြီးချက်ချင်းဆိုသလိုစစ်အင်အားအသုံးပြုကာချီတက်တိုက်ခိုက်လေသည်။

မဏိပူရစော်ဘွားသည်မြန်မာတပ်များ၏တိုက်ခိုက်မှုအားမခံနိုင်ပဲအင်္ဂလိပ်တို့ထိမ်းချုပ်ထားသောကချာလ်နယ်သို့ထွတ်ပြေးသည်။ထိုအရာသည်ဘိုးတော်ဘုရားလက်ထက်ကပင်စစ်တကောင်းအာသံအရေးခင်းနှင့်ပက်သက်ပြီးမကျေမလည်ဖြစ်နေသောမြန်မာနှင့်အင်္ဂလိပ်တို့၏ဆက်ဆံရေးကိုမီးလောင်ရာလေပင့်သကဲ့သို့ဖြစ်သွားရာကချာလ်အရေးခင်းမှစစ်အင်အားများပြသည့်အခြေနေမျိုးထိဖြစ်လာသည်။

၁၈၂၄ခုမက်လတွင်မူအိန္ဒိယ၌အခြေစိုက်ထားသောဘုရင်ခံချုပ်ကမြန်မာနှင့်အင်္ဂလိပ်တို့စစ်ဖြစ်နေပြီဖြစ်ကြောင်းကြေညာသည်။ထိုအချိန်ကမြန်မာ့တပ်မတော်၏အကြီးအကဲမှာမဟာဗန္ဓုလနှင့်မဟာသီဟသူရပင်ဖြစ်သည်။မဟာဗန္ဓုလသည်ဘိုးတော်ဘုရားလက်ထက်အိမ်ရှေ့မင်းထံတွင်အမှုထမ်းခဲ့သူဖြစ်သည်။မဟာသီဟသူရမှာယိုးဒယားနှင့်တရုတ်တို့အားစွမ်းစွမ်းတမံတိုက်ထုတ်နိုင်ခဲ့သောစစ်သူကြီးဖြစ်ပါ၏။

ခေါင်းဆောင်နှစ်ဦး၏စစ်ရေးပရိယာယ်ကြွယ်ဝမှုကြောင့်အင်္ဂလိပ်တို့မှာမြန်မာတို့အပေါ်တွင်ထင်သလောက်အသာမရပဲဖြစ်နေသည်။ပန်းဝါတိုက်ပွဲတွင်မြန်မာတို့ကစစ်ရေးအသာရပြီးနောက်စစ်သူကြီးမဟာသီဟသူရကစစ်တကောင်းအထိဆက်လက်ချီတက်ရန်ကြိုးစားသော်လည်းအမိန့်မရသောကြောင့်ရပ်တန့်လိုက်ရသည်။

 

ထိုအခြေသည်အင်္ဂလိပ်တို့အားအကြိုက်တွေ့သွားစေသည့်အရာပင်ဖြစ်သည်။အကယ်၍မြန်မာ့တပ်မတော်စစ်တကောင်းသို့တိုက်ခိုက်ပါကမြို့စောင့်တပ်သာရှိသောစစ်တကောင်းမြို့သည်မြန်မာတပ်များကိုခုခံနိုင်မည်မဟုတ်ပေ။စစ်တကောင်းသို့မြန်မာတပ်များရောက်လာသည်နှင့်ဘင်္ဂလားပြည်သည်ထိမ်းမနိုင်သိမ်းမရနှင့်ဆူပူအုံကြွလာတော့မည်ကိုအင်္ဂလိပ်တို့ကတွက်ချက်ထားသည်။

 

သို့ရာတွင်မြန်မာတို့၏ထိုးစစ်ရပ်တန့်လိုက်မှုကြောင့်အင်္ဂလိပ်တပ်များ၏စစ်ရေးနယ်မြေများဆုံးရှုံးခြင်းမရှိတော့ပေ။မြန်မာတို့ကမဏိပူရစစ်တကောင်းဘက်သို့စစ်မျက်နှာဖွင့်နေစဉ်အင်္ဂလိပ်ရေတပ်များသည်စစ်သင်္ဘောများစွာဖြင့်ရန်ကုန်သို့ချီတက်တိုက်ခိုက်လေသည်။ထိုစစ်ပွဲတွင်မူမြန်မာတို့စစ်ရေးအခြေနေမလှတော့ပေ။

မဟာဗန္ဓုလသည်ပင်ရန်ကုန်မှဓနုဖြူသို့ဆုတ်ပေးလိုက်ရသည်။မြန်မာတို့ကရဲစွမ်းသတ္တိအပြည့်ဖြင့်တိုက်ခိုက်သော်လည်းလက်နက်အင်အားကွာခြားမှုမြန်မာတို့စစ်ပန်းနေမှုများကြောင့်အင်္ဂလိပ်တို့၏ကျူးကျော်မှုကိုတားဆီးနိုင်ခြင်းမရှိပေ။ဓနုတိုက်ပွဲတွင်အမြောက်ဆံထိမှန်ပြီးမဟာဗန္ဓုလကျဆုံးကာမြန်မာတို့စစ်ရေးနိမ့်ခဲ့ရသည်။

ဘကြီးတော်မင်းတရားသည်အချိန်ကြာလာသည်နှင့်မြန်မာတို့စစ်ပန်းရုံသာမကနယ်မြေများပါပိုမိုဆုံးရှုံးလာနိုင်သောကြောင့်မြန်မာသက္ကရာဇ်၁၁၈၇ခုတပေါင်းလပြည့်ကျော်၄ရက်ခရစ်နှစ်၁၈၂၆ခုနှစ်၊ဖေဖော်ဝါရီလ၂၄ရက်နေ့တွင်စစ်ပြေငြိမ်းလိုကြောင်းကမ်းလှမ်းကာရန္တပိုရ်စာချုပ်ဖြင့်စစ်ပွဲပြီးဆုံးလိုက်သည်။စာချုပ်ပါအချက်လက်များမှာအောက်ပါအတိုင်းဖြစ်သည်။

(၁)အင်္ဂလိပ်ကုမ္ပဏီမင်းနှင့်မြန်မာရှင်ဘုရင်တို့ကစစ်ပြေငြိမ်း၍မိတ်သဟာရအစဉ်အဆက်ဖြစ်စေ။
(၂)မြန်မာရှင်ဘုရင်ကအာသံပြည်မြို့ရွာအက္ကပတ်ပြည်၊ဝေသာလီပြည်တို့ကိုအစိုးမပိုင်။နောက်တတန်မစီရင်ရ။မဏိပူရမြို့မှာလည်းဂမ္ဘီရရှိန်(GambhirSing)ကမိမိပြည်သို့ပြန်၍မင်းပြုလုပ်လိုလျှင်မြန်မာဘုရင်ကအဆည်းအတားအနှောင့်အယှက်မပြုရ။နေစေရမည်။

(၃)နောက်တဘန်။ပြည်ကြီး၂ပါးအခြားကိုငြင်းခုံရန်အကြောင်းမရှိရအောင်အင်္ဂလိပ်မင်းကတိုက်၍အောင်ခဲ့သော်ရခိုင်၊ရမ်းဗြဲ၊မာန်အောင်၊သံတွဲတည်းဟူသောရခိုင်ပြည်ကြီးကိုအစည်ယူ၍မြန်မာရှင်ဘုရင်ကအစိုးမပိုင်ရ။ရိုးမဘိုးခေါင်၊တောင်တန်း၊မော်တင်စွန်းစေတီထိစပ်ကြားအပိုင်းအခြားဖြစ်စေ၊နောက်မှအပိုင်းအခြားကိုငြင်းခုံရန်ရှိလျှင်အင်္ဂလိပ်မင်း၊မြန်မာမင်းခန့်ထားသောသူတို့အထက်နယ်နိမိတ်အတိုင်းမှန်ကန်အောင်စီရင်စေ။ခန့်ထားသောသူတို့လည်းအရာရှိမှူးမတ်လူကောင်းဖြစ်စေရမည်။

(၄)မြန်မာရှင်ဘုရင်ကအင်္ဂလိပ်မင်းတို့ကိုရေး၊ထားဝယ်၊မြိတ်၊တနင်္သာရီမြို့ရွာနယ်နိမတ်၊တောင်ကမ်းကျွန်းများနှင့်တကွအပိုင်ပေးသည်။သံလွင်မြစ်ကအပိုင်းအခြားဖြစ်ရမည်။နောက်မှာအပိုင်းအခြားကိုငြင်းခုံရန်ရှိလျှင်အထက်ဆိုခဲ့သည့်အတိုင်းစီရင်စေ။

(၅)မြန်မာရှင်ဘုရင်ကပြည်ကြီးနှစ်ပါးအစည်မိတ်သဟာယဘွဲ့စေဖြစ်သောစေတနာအလိုရှိစေရအောင်၎င်းအင်္ဂလိပ်ကစစ်တိုက်ရာတွင်ကုန်ပြီးသောဧရိယာအနက်အနည်းငယ်ပြေရအောင်၎င်းဒင်္ဂါးပြားရေတကုဋေပေးရမည်။

(၆)ယခုစစ်တိုက်ကြသည့်အတွင်းကုလားဘက်သို့ဝင်စားသည့်မြန်မာရှင်ဘုရင်ကျွန်၊မြန်မာဘက်သို့ဝင်စားသောကုလား၊အလိုလိုဝင်စားသည်ဖြစ်စေ၊အနိုင်ဝင်စားရသည်ဖြစ်စေ၊အဘယ်သူမျှတဘက်ကတဘက်သို့ဝင်စားသည့်အတွင်းရာဇဝတ်မခံအနှောင့်အရှက်မရှိစေရ။

(၇)ပြည်ကြီးနှစ်ပါး၊ယခုဘွဲ့သောမိတ်သဟာရမြဲစေရအောင်အင်္ဂလိပ်မင်းခန့်ထားသောအရာရှိတစ်ယောက်၊အချွေအရန်လူ၅၀၊လက်နက်အစုံနှင့်မြန်မာမြို့တော်မှာနေစေ။မြန်မာမင်းခန့်ထားသည့်အရာရှိတစ်ယောက်အချွေအရန်လူ၅ဝ၊လက်နက်အစုံနှင့်ကုမ္ပဏီမြို့တော်မှာနေစေ၊ကုလားပြည်မှာနေသောမြန်မာမင်း၊မြန်မာပြည်မှာနေသောကုလားမင်းတို့ကမိမိနေစေရာသို့အတော်အသင့်တိုက်အိမ်ကိုဝယ်လိုလျှင်ဝယ်၍နေစေ။အသစ်တည်လိုလျှင်လည်းတည်လုပ်စေ၊၎င်းနှစ်နိုင်ငံနှစ်ပါးအကျိုးစီးပွားကိုပွားစေခြင်းဌာရွှေလမ်းငွေလမ်းဖွင့်၍အချင်းချင်းဖောက်ကားရောင်းဝယ်အမှုအရေးများနှင့်ဆိုင်သောစာချုပ်ကိုဘတ်၍လုပ်စေရမည်။

 

(၈)စစ်မရှိမတိုက်မှီကြွေးဟောင်းမြည်းဟောင်းရှိသမျှအရာရှိဆိုင်သည်ဖြစ်စေ၊ဆင်းရဲသားဆိုင်သည်ဖြစ်စေ၊သစ္စာရှိသည့်အတိုင်းကုန်စင်အောင်ဆပ်စေရမည်။ကြွေးတင်သည့်နောက်စစ်ဖြစ်သည်ဆိုသည်မကပ်မခိုစေရ။သူ့ဥစ္စာကိုအသိမ်းအယူမရှိစေရ။

စစ်တိုက်သောလူကြောင့်အဘယ်မျှကုလားဖြစ်စေ၊မြန်မာဖြစ်စေ၎င်းအင်္ဂလိပ်ရှင်ဘုရင်ကျွန်လူတို့ကမြန်မာနိုင်ငံတွင်သေ၍အမွှေခံမရှိလျှင်ကျန်ရစ်သောဥစ္စာပစ္စည်းရှိသမျှကိုမြန်မာနိုင်ငံတွင်စေသောအင်္ဂလိပ်အရာရှိလက်သို့အပ်ရမည်။ကုလားထုံးစံအတိုင်းအပ်ရမည်။ထိုနည်းအတူအင်္ဂလိပ်နိုင်ငံအတွင်းမြန်မာရှင်ဘုရင်ကျွန်ဖြစ်သူတို့သေ၍အမွှေခံမရှိလျှင်ကျန်ရစ်သောဥစ္စာပစ္စည်းရှိသမျှကိုအင်္ဂလိပ်နိုင်ငံတွင်နေသောမြန်မာမင်းဘက်သို့အပ်ရမည်။

 

(၉)အင်္ဂလိပ်သင်္ဘောများကိုမြန်မာမြို့ဆိပ်ကမ်းသို့ဝင်ရောက်လျှင်တက်မချွတ်အမြောက်မချ။အင်္ဂလိပ်မြို့သို့ရောက်သောမြန်မာသင်္ဘောနေသကဲ့သို့အနှောင့်အယှက်မရှိဘဲနေစေရမည်။

 

(၁၀)အင်္ဂလိပ်မင်းနှင့်မိတ်သဟာယဘွဲ့သောယိုးဒယားရှင်ဘုရင်အင်္ဂလိပ်ဘက်သို့စစ်ကူ၍ဝင်စားလာသည်မှာယခုလုပ်ကြသောမိတ်သဟာယစာချုပ်အပါအဝင်ဖြစ်သည်ကိုမှတ်ရမည်။ဧကာ ဒသမ။ယခုလုပ်သောမိတ်သဟာယစာချုပ်ကိုမြန်မာဘုရင်ခန့်ထားတော်မူသောအရေးပိုင်သံတမန်တို့ကလက်မှတ်တံဆိပ်ခတ်ရမည်။

 

ချုပ်ထားသောအင်္ဂလိပ်အမေရိကန်အစရှိသောကုလားဖြူ-ကုလားနက်ရှိသမျှတို့ကိုအင်္ဂလိပ်အရေးပိုင်သံတမန်တို့လက်သို့အပ်ရမည်။၎င်းအိန္ဒိယတိုင်းကိုအစိုးရသောကုမ္ပဏီဘုရင်ကခန့်အပ်၍လက်မှတ်တံဆိပ်ခတ်သောစာချုပ်ကို၎င်းလအတွင်းမြန်မာဘုရင်လက်တော်သို့ပြန်၍ပေးလိုက်ရမည်။အင်္ဂလိပ်မင်းချုပ်ထားသောမြန်မာလူရှိသမျှတို့ကိုအင်္ဂလိပ်ပြည်မှအလျင်အမြန်ခေါ်စေ၍မြန်မာလက်သို့အပ်ရမည်။လယ်ကိုင်းမြို့စားဝန်ကြီး။၁။ရွှေခွန်ဝန်အတွင်းဝန်။

 

၁။●နောက်ထပ်၍ချုပ်သောစကားအကျယ်အင်္ဂလိပ်အရေးပိုင်သံတမန်တို့ကစစ်ပြေငြိမ်းစေချင်သောစေတနာအလိုထင်ရှားစေရအောင်၎င်းအထက်၊ပဉ္စမစာချုပ်လာသည့်အတိုင်း၊မြန်မာရှင်ဘုရင်ဒင်္ဂါးပြားရေတကုဋေကိုပေးရမည်ဆိုသော်အလွယ်တကူပေးရအောင်၊၎င်းဒင်္ဂါးတကုဋေတည်းဟူသောမြန်မာအချိန်ငွေကောင်း၇၅ဝဝဝအနက်တွင်၄ပုံတပုံတည်းဟူသော၁၈၇၅ဝကိုပေးပြီးမှအင်္ဂလိပ်ဘက်ကရန်ကုန်မြို့တိုင်ဆုတ်သွားလိမ့်မည်။

ယခုနေ့မှစ၍ရက်ပေါင်း၁ဝဝအတွင်း၁၈၇၅ဝကိုထပ်၍ပေးလျှင်အင်္ဂလိပ်ဘက်၊မြန်မာနိုင်ငံထဲမှအလျင်အမြန်ထွက်သွားလိမ့်မည်။ကျန်ငွေ၂ပုံမှာယခုနေ့မှစ၍တစ်နှစ်အတွင်းတပုံ၊၎င်းနှစ်အတွင်းတပုံကိုမြန်မာနိုင်ငံအတွင်းနေရသောအင်္ဂလိပ်မင်းအရာရှိတွင်ပေးရမည်။လယ်ကိုင်းမြို့စားဝန်ကြီး။၁။ရွှေခွန်ဝန်အတွင်းဝန်။၁။(စာချက်ပါအချက်အလက်များကိုမူရင်းပုရပိုက်ပါစာလုံးပေါင်းအတိုင်းဖော်ပြထားခြင်းဖြစ်သည်။)

စစ်ပြေငြိမ်းရန်ပြောဆိုရာ၌မြန်မာတို့ဘက်ကဆရာယုဒသန်(ဒေါက်တာဂျပ်ဆင်)နှင့်ဆရာပရိုက်တို့ကစကားပြန်အဖြစ်ဖြင့်ပါလသည်။စာချုပ်ကိုလက်မှတ်ထိုးပြီးသောအခါအင်္ဂလိပ်တပ်များရန်ကုန်သို့ပြန်ကြသည်။ဒုတိအရစ်ပေးပြီးသောအခါအင်္ဂလိပ်တို့ရန်ကုန်ကထွက်ခွာသွားကြလေသည်။

နိဂုံး။ ။ရန္တပိုစာချုပ်ပါနံပါတ်ခြောက်သည်မြန်မာပြည်အတွင်းအလိုရှိသလိုဝင်ထွတ်သွားလာခွင့်လက်ရှိဘင်္ဂလီများ၏သမိုင်းအစပင်ဖြစ်သည်။အင်္ဂလိပ်တို့သည်မွှေးခဲ့သောမီးဖြစ်သည်။ယနေ့အချိန်တွင်အဆိုပါပြဿနာသည်အကြီးကျယ်အကျယ်လောင်ကျွမ်းလျက်ရှိသည်။

ထိုအရာအတွက်တာဝန်အရှိဆုံးအင်္ဂလိပ်တို့သည်ယင်းပြဿနာအားတာဝန်ဖြေရှင်းရမည်သာဖြစ်သည်။မြန်မာတို့အပေါ်လွှဲချနေခြင်းသည်သမိုင်းအားလက်မခံရဲသောအလိမ်ညာဇာတ်လမ်းကြီးပင်ဖြစ်သည်။မည်သို့ပင်ဖြစ်စေတချိန်ချိန်တွင်သမိုင်းသည်တစ်ပတ်လည်လာစမြဲပင်ဖြစ်သည်။

 

ထိုအချိန်တွင်လူ့အခွင့်ရေးလေးစားသောလူ့အခွင့်ရေးဖြင့်ကယ်တင်ရှင်ကြီးများလုပ်နေသော၎င်းတို့အနေဖြင့်ခံနိုင်အောင်အားမွေးထားရမည်ဖြစ်သည်။မြန်မာတို့သည်ရှိသည့်အင်အားဖြစ်သည့်နည်းများဖြင့်တိုင်းပြည်၏အချုပ်ချာအာဏာကိုကာကွယ်သွားကြမည်သာဖြစ်လေသည်။

မောင်ဉာဏ်မင်း(ဆားလင်းကြီး)အားလေးစားစွာခရက်ဒစ်ပေးပါသည်။နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)စာကိုး။၁။ဆရာမောင်ခင်ညွန့်၊ရန္တပိုစာချုပ်၊ကျိုက်လတ်မြို့ခါတော်မှီပိဋကတ်တိုက်၊ပကြိမ်၁၉၂၃။၂။မြန်မာ့စွယ်စုံကျမ်း(အတွဲ၁၁)

 

Credit

 

Zawgyi

ရႏၲပိုရ္စာခ်ဳပ္အေၾကာင္းသိေကာင္းစရာ

 

 

ရႏၲပိုရ္စာခ်ဳပ္ရႏၲပိုရ္စာခ်ဳပ္သည္အဂၤလိပ္-ျမန္မာပထမစစ္ပြဲၿပီးေနာက္စစ္ေျပၿငိမ္းေၾကာင္းခ်ဳပ္ဆိုခဲ့သည့္စာခ်ဳပ္ပင္ျဖစ္သည္။အင္းဝၿမိဳ႕ေတာင္ဘက္မိုက္ေလးဆယ္ခန႔္အကြာျမင္းၿခံၿမိဳ႕မွေလးမိုင္ခန႔္ေဝးေသာရႏၲပိုရ္႐ြာေလးတြင္ခ်ဳပ္ဆိုေသာစာခ်ဳပ္ျဖစ္ေသာေၾကာင့္သမိုင္းတြင္ရႏၲပိုရ္စာခ်ဳပ္ဟုမွတ္တမ္းတင္ခဲ့ၾကျခင္းျဖစ္သည္။

ကုန္းေဘာင္းမင္းဆက္၏အရွိန္ဝါႀကီးေသာဗဒုံမင္း(ဘိုးေတာ္ဘုရား)နတ္႐ြာစံေတာ္မူၿပီးေနာက္ဘႀကီးေတာ္မင္းတရားေခၚစစ္ကိုင္းမင္းနန္းတက္ေလသည္။ဘႀကီးေတာ္သည္နန္းတက္ပြဲအားနိုင္ငံႏွင့္အဝွမ္းၿမိဳ႕စားျပည္နယ္စားအုပ္ခ်ဳပ္ခြင့္ရအႀကီးအကဲမ်ားအားဖိတ္ၾကားသည္။

 

ထိုရာဇဘိသိပ္ခံယူပြဲသို႔အၿမိဳ႕ၿမိဳ႕အနယ္နယ္မွအႀကီးအကဲမ်ားတက္ေရာက္ေသာ္လည္းဗဒုံမင္းလက္ထက္ကျမန္မာတို႔နန္းတင္ခဲ့ေသာမဏိပူရေစာ္ဘြားမ်ားတက္ေရာက္ျခင္းမရွိေပ။ထိုအရာသည္တိုင္းျပည္၏ရွင္ဘုရင္အားအာခံရာေရာက္သည္ဟုဘႀကီးေတာ္မင္းကမွတ္ယူလိုက္ၿပီးခ်က္ခ်င္းဆိုသလိုစစ္အင္အားအသုံးျပဳကာခ်ီတက္တိုက္ခိုက္ေလသည္။

မဏိပူရေစာ္ဘြားသည္ျမန္မာတပ္မ်ား၏တိုက္ခိုက္မႈအားမခံနိုင္ပဲအဂၤလိပ္တို႔ထိမ္းခ်ဳပ္ထားေသာကခ်ာလ္နယ္သို႔ထြတ္ေျပးသည္။ထိုအရာသည္ဘိုးေတာ္ဘုရားလက္ထက္ကပင္စစ္တေကာင္းအာသံအေရးခင္းႏွင့္ပက္သက္ၿပီးမေက်မလည္ျဖစ္ေနေသာျမန္မာႏွင့္အဂၤလိပ္တို႔၏ဆက္ဆံေရးကိုမီးေလာင္ရာေလပင့္သကဲ့သို႔ျဖစ္သြားရာကခ်ာလ္အေရးခင္းမွစစ္အင္အားမ်ားျပသည့္အေျခေနမ်ိဳးထိျဖစ္လာသည္။

၁၈၂၄ခုမက္လတြင္မူအိႏၵိယ၌အေျခစိုက္ထားေသာဘုရင္ခံခ်ဳပ္ကျမန္မာႏွင့္အဂၤလိပ္တို႔စစ္ျဖစ္ေနၿပီျဖစ္ေၾကာင္းေၾကညာသည္။ထိုအခ်ိန္ကျမန္မာ့တပ္မေတာ္၏အႀကီးအကဲမွာမဟာဗႏၶဳလႏွင့္မဟာသီဟသူရပင္ျဖစ္သည္။မဟာဗႏၶဳလသည္ဘိုးေတာ္ဘုရားလက္ထက္အိမ္ေရွ႕မင္းထံတြင္အမႈထမ္းခဲ့သူျဖစ္သည္။မဟာသီဟသူရမွာယိုးဒယားႏွင့္တ႐ုတ္တို႔အားစြမ္းစြမ္းတမံတိုက္ထုတ္နိုင္ခဲ့ေသာစစ္သူႀကီးျဖစ္ပါ၏။

ေခါင္းေဆာင္ႏွစ္ဦး၏စစ္ေရးပရိယာယ္ႂကြယ္ဝမႈေၾကာင့္အဂၤလိပ္တို႔မွာျမန္မာတို႔အေပၚတြင္ထင္သေလာက္အသာမရပဲျဖစ္ေနသည္။ပန္းဝါတိုက္ပြဲတြင္ျမန္မာတို႔ကစစ္ေရးအသာရၿပီးေနာက္စစ္သူႀကီးမဟာသီဟသူရကစစ္တေကာင္းအထိဆက္လက္ခ်ီတက္ရန္ႀကိဳးစားေသာ္လည္းအမိန႔္မရေသာေၾကာင့္ရပ္တန႔္လိုက္ရသည္။

 

ထိုအေျခသည္အဂၤလိပ္တို႔အားအႀကိဳက္ေတြ႕သြားေစသည့္အရာပင္ျဖစ္သည္။အကယ္၍ျမန္မာ့တပ္မေတာ္စစ္တေကာင္းသို႔တိုက္ခိုက္ပါကၿမိဳ႕ေစာင့္တပ္သာရွိေသာစစ္တေကာင္းၿမိဳ႕သည္ျမန္မာတပ္မ်ားကိုခုခံနိုင္မည္မဟုတ္ေပ။စစ္တေကာင္းသို႔ျမန္မာတပ္မ်ားေရာက္လာသည္ႏွင့္ဘဂၤလားျပည္သည္ထိမ္းမနိုင္သိမ္းမရႏွင့္ဆူပူအုံႂကြလာေတာ့မည္ကိုအဂၤလိပ္တို႔ကတြက္ခ်က္ထားသည္။

 

သို႔ရာတြင္ျမန္မာတို႔၏ထိုးစစ္ရပ္တန႔္လိုက္မႈေၾကာင့္အဂၤလိပ္တပ္မ်ား၏စစ္ေရးနယ္ေျမမ်ားဆုံးရႈံးျခင္းမရွိေတာ့ေပ။ျမန္မာတို႔ကမဏိပူရစစ္တေကာင္းဘက္သို႔စစ္မ်က္ႏွာဖြင့္ေနစဥ္အဂၤလိပ္ေရတပ္မ်ားသည္စစ္သေဘၤာမ်ားစြာျဖင့္ရန္ကုန္သို႔ခ်ီတက္တိုက္ခိုက္ေလသည္။ထိုစစ္ပြဲတြင္မူျမန္မာတို႔စစ္ေရးအေျခေနမလွေတာ့ေပ။

မဟာဗႏၶဳလသည္ပင္ရန္ကုန္မွဓႏုျဖဴသို႔ဆုတ္ေပးလိုက္ရသည္။ျမန္မာတို႔ကရဲစြမ္းသတၱိအျပည့္ျဖင့္တိုက္ခိုက္ေသာ္လည္းလက္နက္အင္အားကြာျခားမႈျမန္မာတို႔စစ္ပန္းေနမႈမ်ားေၾကာင့္အဂၤလိပ္တို႔၏က်ဴးေက်ာ္မႈကိုတားဆီးနိုင္ျခင္းမရွိေပ။ဓႏုတိုက္ပြဲတြင္အေျမာက္ဆံထိမွန္ၿပီးမဟာဗႏၶဳလက်ဆဳံးကာျမန္မာတို႔စစ္ေရးနိမ့္ခဲ့ရသည္။

ဘႀကီးေတာ္မင္းတရားသည္အခ်ိန္ၾကာလာသည္ႏွင့္ျမန္မာတို႔စစ္ပန္း႐ုံသာမကနယ္ေျမမ်ားပါပိုမိုဆုံးရႈံးလာနိုင္ေသာေၾကာင့္ျမန္မာသကၠရာဇ္၁၁၈၇ခုတေပါင္းလျပည့္ေက်ာ္၄ရက္ခရစ္ႏွစ္၁၈၂၆ခုႏွစ္၊ေဖေဖာ္ဝါရီလ၂၄ရက္ေန႕တြင္စစ္ေျပၿငိမ္းလိုေၾကာင္းကမ္းလွမ္းကာရႏၲပိုရ္စာခ်ဳပ္ျဖင့္စစ္ပြဲၿပီးဆုံးလိုက္သည္။စာခ်ဳပ္ပါအခ်က္လက္မ်ားမွာေအာက္ပါအတိုင္းျဖစ္သည္။

(၁)အဂၤလိပ္ကုမၸဏီမင္းႏွင့္ျမန္မာရွင္ဘုရင္တို႔ကစစ္ေျပၿငိမ္း၍မိတ္သဟာရအစဥ္အဆက္ျဖစ္ေစ။
(၂)ျမန္မာရွင္ဘုရင္ကအာသံျပည္ၿမိဳ႕႐ြာအကၠပတ္ျပည္၊ေဝသာလီျပည္တို႔ကိုအစိုးမပိုင္။ေနာက္တတန္မစီရင္ရ။မဏိပူရၿမိဳ႕မွာလည္းဂမၻီရရွိန္(GambhirSing)ကမိမိျပည္သို႔ျပန္၍မင္းျပဳလုပ္လိုလွ်င္ျမန္မာဘုရင္ကအဆည္းအတားအေႏွာင့္အယွက္မျပဳရ။ေနေစရမည္။

(၃)ေနာက္တဘန္။ျပည္ႀကီး၂ပါးအျခားကိုျငင္းခုံရန္အေၾကာင္းမရွိရေအာင္အဂၤလိပ္မင္းကတိုက္၍ေအာင္ခဲ့ေသာ္ရခိုင္၊ရမ္းၿဗဲ၊မာန္ေအာင္၊သံတြဲတည္းဟူေသာရခိုင္ျပည္ႀကီးကိုအစည္ယူ၍ျမန္မာရွင္ဘုရင္ကအစိုးမပိုင္ရ။ရိုးမဘိုးေခါင္၊ေတာင္တန္း၊ေမာ္တင္စြန္းေစတီထိစပ္ၾကားအပိုင္းအျခားျဖစ္ေစ၊ေနာက္မွအပိုင္းအျခားကိုျငင္းခုံရန္ရွိလွ်င္အဂၤလိပ္မင္း၊ျမန္မာမင္းခန႔္ထားေသာသူတို႔အထက္နယ္နိမိတ္အတိုင္းမွန္ကန္ေအာင္စီရင္ေစ။ခန႔္ထားေသာသူတို႔လည္းအရာရွိမႉးမတ္လူေကာင္းျဖစ္ေစရမည္။

(၄)ျမန္မာရွင္ဘုရင္ကအဂၤလိပ္မင္းတို႔ကိုေရး၊ထားဝယ္၊ၿမိတ္၊တနသၤာရီၿမိဳ႕႐ြာနယ္နိမတ္၊ေတာင္ကမ္းကြၽန္းမ်ားႏွင့္တကြအပိုင္ေပးသည္။သံလြင္ျမစ္ကအပိုင္းအျခားျဖစ္ရမည္။ေနာက္မွာအပိုင္းအျခားကိုျငင္းခုံရန္ရွိလွ်င္အထက္ဆိုခဲ့သည့္အတိုင္းစီရင္ေစ။

(၅)ျမန္မာရွင္ဘုရင္ကျပည္ႀကီးႏွစ္ပါးအစည္မိတ္သဟာယဘြဲ႕ေစျဖစ္ေသာေစတနာအလိုရွိေစရေအာင္၎အဂၤလိပ္ကစစ္တိုက္ရာတြင္ကုန္ၿပီးေသာဧရိယာအနက္အနည္းငယ္ေျပရေအာင္၎ဒဂၤါးျပားေရတကုေဋေပးရမည္။

(၆)ယခုစစ္တိုက္ၾကသည့္အတြင္းကုလားဘက္သို႔ဝင္စားသည့္ျမန္မာရွင္ဘုရင္ကြၽန္၊ျမန္မာဘက္သို႔ဝင္စားေသာကုလား၊အလိုလိုဝင္စားသည္ျဖစ္ေစ၊အနိုင္ဝင္စားရသည္ျဖစ္ေစ၊အဘယ္သူမွ်တဘက္ကတဘက္သို႔ဝင္စားသည့္အတြင္းရာဇဝတ္မခံအေႏွာင့္အရွက္မရွိေစရ။

(၇)ျပည္ႀကီးႏွစ္ပါး၊ယခုဘြဲ႕ေသာမိတ္သဟာရၿမဲေစရေအာင္အဂၤလိပ္မင္းခန႔္ထားေသာအရာရွိတစ္ေယာက္၊အေခြၽအရန္လူ၅၀၊လက္နက္အစုံႏွင့္ျမန္မာၿမိဳ႕ေတာ္မွာေနေစ။ျမန္မာမင္းခန႔္ထားသည့္အရာရွိတစ္ေယာက္အေခြၽအရန္လူ၅ဝ၊လက္နက္အစုံႏွင့္ကုမၸဏီၿမိဳ႕ေတာ္မွာေနေစ၊ကုလားျပည္မွာေနေသာျမန္မာမင္း၊ျမန္မာျပည္မွာေနေသာကုလားမင္းတို႔ကမိမိေနေစရာသို႔အေတာ္အသင့္တိုက္အိမ္ကိုဝယ္လိုလွ်င္ဝယ္၍ေနေစ။အသစ္တည္လိုလွ်င္လည္းတည္လုပ္ေစ၊၎ႏွစ္နိုင္ငံႏွစ္ပါးအက်ိဳးစီးပြားကိုပြားေစျခင္းဌာေ႐ႊလမ္းေငြလမ္းဖြင့္၍အခ်င္းခ်င္းေဖာက္ကားေရာင္းဝယ္အမႈအေရးမ်ားႏွင့္ဆိုင္ေသာစာခ်ဳပ္ကိုဘတ္၍လုပ္ေစရမည္။

 

(၈)စစ္မရွိမတိုက္မွီေႂကြးေဟာင္းျမည္းေဟာင္းရွိသမွ်အရာရွိဆိုင္သည္ျဖစ္ေစ၊ဆင္းရဲသားဆိုင္သည္ျဖစ္ေစ၊သစၥာရွိသည့္အတိုင္းကုန္စင္ေအာင္ဆပ္ေစရမည္။ေႂကြးတင္သည့္ေနာက္စစ္ျဖစ္သည္ဆိုသည္မကပ္မခိုေစရ။သူ႕ဥစၥာကိုအသိမ္းအယူမရွိေစရ။

စစ္တိုက္ေသာလူေၾကာင့္အဘယ္မွ်ကုလားျဖစ္ေစ၊ျမန္မာျဖစ္ေစ၎အဂၤလိပ္ရွင္ဘုရင္ကြၽန္လူတို႔ကျမန္မာနိုင္ငံတြင္ေသ၍အေမႊခံမရွိလွ်င္က်န္ရစ္ေသာဥစၥာပစၥည္းရွိသမွ်ကိုျမန္မာနိုင္ငံတြင္ေစေသာအဂၤလိပ္အရာရွိလက္သို႔အပ္ရမည္။ကုလားထုံးစံအတိုင္းအပ္ရမည္။ထိုနည္းအတူအဂၤလိပ္နိုင္ငံအတြင္းျမန္မာရွင္ဘုရင္ကြၽန္ျဖစ္သူတို႔ေသ၍အေမႊခံမရွိလွ်င္က်န္ရစ္ေသာဥစၥာပစၥည္းရွိသမွ်ကိုအဂၤလိပ္နိုင္ငံတြင္ေနေသာျမန္မာမင္းဘက္သို႔အပ္ရမည္။

 

(၉)အဂၤလိပ္သေဘၤာမ်ားကိုျမန္မာၿမိဳ႕ဆိပ္ကမ္းသို႔ဝင္ေရာက္လွ်င္တက္မခြၽတ္အေျမာက္မခ်။အဂၤလိပ္ၿမိဳ႕သို႔ေရာက္ေသာျမန္မာသေဘၤာေနသကဲ့သို႔အေႏွာင့္အယွက္မရွိဘဲေနေစရမည္။

 

(၁၀)အဂၤလိပ္မင္းႏွင့္မိတ္သဟာယဘြဲ႕ေသာယိုးဒယားရွင္ဘုရင္အဂၤလိပ္ဘက္သို႔စစ္ကူ၍ဝင္စားလာသည္မွာယခုလုပ္ၾကေသာမိတ္သဟာယစာခ်ဳပ္အပါအဝင္ျဖစ္သည္ကိုမွတ္ရမည္။ဧကာ ဒသမ။ယခုလုပ္ေသာမိတ္သဟာယစာခ်ဳပ္ကိုျမန္မာဘုရင္ခန႔္ထားေတာ္မူေသာအေရးပိုင္သံတမန္တို႔ကလက္မွတ္တံဆိပ္ခတ္ရမည္။

 

ခ်ဳပ္ထားေသာအဂၤလိပ္အေမရိကန္အစရွိေသာကုလားျဖဴ-ကုလားနက္ရွိသမွ်တို႔ကိုအဂၤလိပ္အေရးပိုင္သံတမန္တို႔လက္သို႔အပ္ရမည္။၎အိႏၵိယတိုင္းကိုအစိုးရေသာကုမၸဏီဘုရင္ကခန႔္အပ္၍လက္မွတ္တံဆိပ္ခတ္ေသာစာခ်ဳပ္ကို၎လအတြင္းျမန္မာဘုရင္လက္ေတာ္သို႔ျပန္၍ေပးလိုက္ရမည္။အဂၤလိပ္မင္းခ်ဳပ္ထားေသာျမန္မာလူရွိသမွ်တို႔ကိုအဂၤလိပ္ျပည္မွအလ်င္အျမန္ေခၚေစ၍ျမန္မာလက္သို႔အပ္ရမည္။လယ္ကိုင္းၿမိဳ႕စားဝန္ႀကီး။၁။ေ႐ႊခြန္ဝန္အတြင္းဝန္။

 

၁။●ေနာက္ထပ္၍ခ်ဳပ္ေသာစကားအက်ယ္အဂၤလိပ္အေရးပိုင္သံတမန္တို႔ကစစ္ေျပၿငိမ္းေစခ်င္ေသာေစတနာအလိုထင္ရွားေစရေအာင္၎အထက္၊ပၪၥမစာခ်ဳပ္လာသည့္အတိုင္း၊ျမန္မာရွင္ဘုရင္ဒဂၤါးျပားေရတကုေဋကိုေပးရမည္ဆိုေသာ္အလြယ္တကူေပးရေအာင္၊၎ဒဂၤါးတကုေဋတည္းဟူေသာျမန္မာအခ်ိန္ေငြေကာင္း၇၅ဝဝဝအနက္တြင္၄ပုံတပုံတည္းဟူေသာ၁၈၇၅ဝကိုေပးၿပီးမွအဂၤလိပ္ဘက္ကရန္ကုန္ၿမိဳ႕တိုင္ဆုတ္သြားလိမ့္မည္။

ယခုေန႕မွစ၍ရက္ေပါင္း၁ဝဝအတြင္း၁၈၇၅ဝကိုထပ္၍ေပးလွ်င္အဂၤလိပ္ဘက္၊ျမန္မာနိုင္ငံထဲမွအလ်င္အျမန္ထြက္သြားလိမ့္မည္။က်န္ေငြ၂ပုံမွာယခုေန႕မွစ၍တစ္ႏွစ္အတြင္းတပုံ၊၎ႏွစ္အတြင္းတပုံကိုျမန္မာနိုင္ငံအတြင္းေနရေသာအဂၤလိပ္မင္းအရာရွိတြင္ေပးရမည္။လယ္ကိုင္းၿမိဳ႕စားဝန္ႀကီး။၁။ေ႐ႊခြန္ဝန္အတြင္းဝန္။၁။(စာခ်က္ပါအခ်က္အလက္မ်ားကိုမူရင္းပုရပိုက္ပါစာလုံးေပါင္းအတိုင္းေဖာ္ျပထားျခင္းျဖစ္သည္။)

စစ္ေျပၿငိမ္းရန္ေျပာဆိုရာ၌ျမန္မာတို႔ဘက္ကဆရာယုဒသန္(ေဒါက္တာဂ်ပ္ဆင္)ႏွင့္ဆရာပရိုက္တို႔ကစကားျပန္အျဖစ္ျဖင့္ပါလသည္။စာခ်ဳပ္ကိုလက္မွတ္ထိုးၿပီးေသာအခါအဂၤလိပ္တပ္မ်ားရန္ကုန္သို႔ျပန္ၾကသည္။ဒုတိအရစ္ေပးၿပီးေသာအခါအဂၤလိပ္တို႔ရန္ကုန္ကထြက္ခြာသြားၾကေလသည္။

နိဂုံး။ ။ရႏၲပိုစာခ်ဳပ္ပါနံပါတ္ေျခာက္သည္ျမန္မာျပည္အတြင္းအလိုရွိသလိုဝင္ထြတ္သြားလာခြင့္လက္ရွိဘဂၤလီမ်ား၏သမိုင္းအစပင္ျဖစ္သည္။အဂၤလိပ္တို႔သည္ေမႊးခဲ့ေသာမီးျဖစ္သည္။ယေန႕အခ်ိန္တြင္အဆိုပါျပႆနာသည္အႀကီးက်ယ္အက်ယ္ေလာင္ကြၽမ္းလ်က္ရွိသည္။

ထိုအရာအတြက္တာဝန္အရွိဆုံးအဂၤလိပ္တို႔သည္ယင္းျပႆနာအားတာဝန္ေျဖရွင္းရမည္သာျဖစ္သည္။ျမန္မာတို႔အေပၚလႊဲခ်ေနျခင္းသည္သမိုင္းအားလက္မခံရဲေသာအလိမ္ညာဇာတ္လမ္းႀကီးပင္ျဖစ္သည္။မည္သို႔ပင္ျဖစ္ေစတခ်ိန္ခ်ိန္တြင္သမိုင္းသည္တစ္ပတ္လည္လာစၿမဲပင္ျဖစ္သည္။

 

ထိုအခ်ိန္တြင္လူ႕အခြင့္ေရးေလးစားေသာလူ႕အခြင့္ေရးျဖင့္ကယ္တင္ရွင္ႀကီးမ်ားလုပ္ေနေသာ၎တို႔အေနျဖင့္ခံနိုင္ေအာင္အားေမြးထားရမည္ျဖစ္သည္။ျမန္မာတို႔သည္ရွိသည့္အင္အားျဖစ္သည့္နည္းမ်ားျဖင့္တိုင္းျပည္၏အခ်ဳပ္ခ်ာအာဏာကိုကာကြယ္သြားၾကမည္သာျဖစ္ေလသည္။

ေမာင္ဉာဏ္မင္း(ဆားလင္းႀကီး)အားေလးစားစြာခရက္ဒစ္ေပးပါသည္။နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(မႏၲေလး)စာကိုး။၁။ဆရာေမာင္ခင္ၫြန႔္၊ရႏၲပိုစာခ်ဳပ္၊က်ိဳက္လတ္ၿမိဳ႕ခါေတာ္မွီပိဋကတ္တိုက္၊ပႀကိမ္၁၉၂၃။၂။ျမန္မာ့စြယ္စုံက်မ္း(အတြဲ၁၁)

 

Credit

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *