ဘုရင့်ရဲ့ စွဲလန်းမှုရဖို့ မိဖုရားတွေ လုပ်ဆောင်တဲ့ လျှို့ဝှက်နည်းလမ်းများ

ဘုရင့်ရဲ့ စွဲလန်းမှုရဖို့ မိဖုရားတွေ လုပ်ဆောင်တဲ့ လျှို့ဝှက်နည်းလမ်းများ

 

 

ရှေးခေတ်က ဘုရင်ရဲ့ မိဖုရားဖြစ်ဖို့ ခက်ခဲပါတယ်။ ဒီလိုဖြစ်လာရင်လည်း ဘုရင့်စွဲလန်းမှုရဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။

မောင်းမမိဿံတွေ များစွာရှိတဲ့အထဲ မိဖုရားကို သဘောကျ နှစ်ခြိုက်ဖို့ဆိုတာ မိဖုရားတွေအတွက် အထူးတာဝန် ဖြစ်ပါတယ်။

သူတို့ မိဖုရားချင်း အလှပြိုင်မှုက တချိန်က နန်းတွင်းမှာ တကယ့်ကို အင်အားကြီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ အလှအပအတွက် ဘာတွေ လုပ်ဆောင်ခဲ့ကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

Rani Padmavati ဆိုတာ တချိန်က Chittorgarh ဘုရင်ရဲ့ အသည်းစွဲ မိဖုရားဖြစ်ခဲ့ပြီး သူဟာ အလှအပနဲ့ ဂုဏ်သတင်း ကျော်စောခဲ့ပါတယ်။ သူမကို လိုချင်လို့ Alauddin Khilji က ဘုရင်ကို တိုက်ခိုက်ပြီး သူမကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ အလှအပဆိုတာလည်း လျှို့ဝှက်ချက်တချို့ ရှိနေပါတယ်။ ဘုရင်ဟာ သူတို့အပေါ် စိတ်တိမ်းညွှတ်အောင် နေ့စဉ်နဲ့အမျှ ချစ်စဖွယ် အမူအရာကို လုပ်ယူရတာဖြစ်ပြီး နေပုံထိုင်ပုံက ဘုရင် စွဲလမ်းနိုင်လောက်တဲ့ ပုံစံဖြစ်အောင် မိန်းမထိန်းကြီးတွေဆီက သင်ယူရပါတယ်။

မိဖုရားတွေဟာ ဒါတင်မကပဲ သူတို့ရဲ့ အလှအပနဲ့ နုပျိုမှုအတွက် ဆေးဝါးတွေ သုံးစွဲရပါတယ်။ အဲ့ခေတ် အဲ့ခေတ်အခါ သက်ရှည်နုပျိုဆေးတွေဟာ နန်းတွင်းမှာပဲ ရှိတာဖြစ်ပြီး သာမာမန် အရပ်သူတွေ အတွက်တော့ အလှမ်းဝေးလွန်း လှပါတယ်။

မင်းသမီးနဲ့ ဘုရင်မတွေဟာ မိဖုရားတွေထက် ရာထူးရာခံ ပိုကြီးပါတယ်။ သူတို့ဟာ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့ စကားအတိုင်း ခန္ဓာကိုယ်ပေါ်မှာ မှဲ့ရှိရင်တောင် အဲဒီမှဲ့ကို ဖယ်ရှားပြီး နေ့စဉ်နဲ့ အမျှ ကိုယ်ခန္ဓာ အလှအပကို ဂရုစိုက်နေရတာ ဖြစ်ပါတယ်။

မိဖုရားတွေဟာ များသောအားဖြင့် ရေချိုးတဲ့အခါ နှင်းဆီပွင့်ဖတ်တွေ စိမ်ထားတဲ့ရေမှာ ချိုးလေ့ရှိပါတယ်။ ဒါဟာ အရေပြားမှာ ရှိတဲ့ အနံ့ဆိုးထုတ်တဲ့ ဂလင်းကို တားဆီးနိုင်သလို အရေပြား ချောမွတ် ပျော့ပျောင်းစေတာ ဖြစ်ပါတယ်။

ပြီးတော့ ဒါဟာ ရိုမန်တစ်လဲ ဆန်ပြီး ဘုရင်နဲ့ နေတဲ့အခါမှာ ဘုရင့်ရဲ့ စိတ်ကို လန်းဆန်းစေဖို့ ဖြစ်ပါတယ်။ရှေးခေတ်က မိဖုရားတွေရဲ့ အလှကုန်ကို သမားတော်တွေက ဖော်စပ်ပေးရတာ ဖြစ်ပါတယ်။

ဒါကတော့ လိမ္မော်ရည်၊ နှို့မှုန့်နဲ့ ကြက်ဥအဖြူတွေကို ကစော်ဖောက်ထားတဲ့ အရာတွေ မုယောစပါးနဲ့ ဗျစ်ရည်တွေထည့်ပြီး ခန္ဓာကိုယ်အနှံ့ လိမ်းတာဖြစ်ပြီး ဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်တာ ဖြစ်ပါတယ်။

များသောအားဖြင့် မိဖုရားတွေဟာ ထောပတ်သီးနဲ့လုပ်တဲ့ မျက်နှာပေါင်းတင်မှုကို အများဆုံး လုပ်ဆောင်တာဖြစ်ပြီး ခန္ဓာကိုယ်လှပမှုအတွက်လည်း စားသုံးပေးတာ ဖြစ်ပါတယ်။

မိဖုရားအများစုဟာ အခွံမာသီးနဲ့ မုန်လာဥနီကို နေ့တိုင်းနီးပါး စားပေးတာဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးခဲ့တာဖြစ်ပြီး ဒီနည်းက လက်ရှိလဲ အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

မိဖုရားတွေဟာ ဆံကေသာကို မြတ်နိုးစွာ တန်ဖိုးထားတတ်ပါတယ်။ နက်မှောင်ပြီး လှပရှည်လျားတဲ့ ဆံပင်တွေဟာ ဘုရင်တွေကို ဆွဲဆောင်နိုင်တာဖြစ်ပြီ သူတို့ဟာ အုန်းဆီ၊ သံလွင်ဆီ နဲ့ ပျားရည်တွေကို လိမ်းကြပါတယ်။

 

အရေပြား မကြမ်းတမ်းဖို့ နှင်းဆီက ထုတ်ထားတဲ့ အဆီကို လိမ်းကျံကြပါတယ်။ ဒါဟာ ရေမွှေးလို မွှေးအီတဲ့ အနံ့ကိုလည်း ရစေတာဖြစ်ပါတယ်။

ရေချိုးတဲ့အခါမှာလည်း မိဖုရားတွေဟာ ပျားရည်၊ သံလွင်ဆီ နဲ့ မြည်းရဲ့ နို့ကို ရောပြီး ဆပ်ပြာပုံစံတိုက်တာဖြစ်ပြီး ဒါဟာ အရေပြားကို စိုပြေတင်းရင်းပြီး ငယ်ရွယ်နုပျိုစေတာဖြစ်ပါတယ်။

 

Credit

 

ဘုရင့္ရဲ႕ စြဲလန္းမႈရဖို႔ မိဖုရားေတြ လုပ္ေဆာင္တဲ့ လွ်ို႔ဝွက္နည္းလမ္းမ်ား

 

 

ေရွးေခတ္က ဘုရင္ရဲ႕ မိဖုရားျဖစ္ဖို႔ ခက္ခဲပါတယ္။ ဒီလိုျဖစ္လာရင္လည္း ဘုရင့္စြဲလန္းမႈရဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရပါတယ္။

ေမာင္းမမိႆံေတြ မ်ားစြာရွိတဲ့အထဲ မိဖုရားကို သေဘာက် ႏွစ္ၿခိဳက္ဖို႔ဆိုတာ မိဖုရားေတြအတြက္ အထူးတာဝန္ ျဖစ္ပါတယ္။

သူတို႔ မိဖုရားခ်င္း အလွၿပိဳင္မႈက တခ်ိန္က နန္းတြင္းမွာ တကယ့္ကို အင္အားႀကီးခဲ့တာ ျဖစ္ပါတယ္။ သူတို႔ အလွအပအတြက္ ဘာေတြ လုပ္ေဆာင္ခဲ့ၾကလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

 

Rani Padmavati ဆိုတာ တခ်ိန္က Chittorgarh ဘုရင္ရဲ႕ အသည္းစြဲ မိဖုရားျဖစ္ခဲ့ၿပီး သူဟာ အလွအပနဲ႕ ဂုဏ္သတင္း ေက်ာ္ေစာခဲ့ပါတယ္။ သူမကို လိုခ်င္လို႔ Alauddin Khilji က ဘုရင္ကို တိုက္ခိုက္ၿပီး သူမကို သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ အလွအပဆိုတာလည္း လွ်ို႔ဝွက္ခ်က္တခ်ိဳ႕ ရွိေနပါတယ္။ ဘုရင္ဟာ သူတို႔အေပၚ စိတ္တိမ္းၫႊတ္ေအာင္ ေန႕စဥ္နဲ႕အမွ် ခ်စ္စဖြယ္ အမူအရာကို လုပ္ယူရတာျဖစ္ၿပီး ေနပုံထိုင္ပုံက ဘုရင္ စြဲလမ္းနိုင္ေလာက္တဲ့ ပုံစံျဖစ္ေအာင္ မိန္းမထိန္းႀကီးေတြဆီက သင္ယူရပါတယ္။

မိဖုရားေတြဟာ ဒါတင္မကပဲ သူတို႔ရဲ႕ အလွအပနဲ႕ ႏုပ်ိဳမႈအတြက္ ေဆးဝါးေတြ သုံးစြဲရပါတယ္။ အဲ့ေခတ္ အဲ့ေခတ္အခါ သက္ရွည္ႏုပ်ိဳေဆးေတြဟာ နန္းတြင္းမွာပဲ ရွိတာျဖစ္ၿပီး သာမာမန္ အရပ္သူေတြ အတြက္ေတာ့ အလွမ္းေဝးလြန္း လွပါတယ္။

မင္းသမီးနဲ႕ ဘုရင္မေတြဟာ မိဖုရားေတြထက္ ရာထူးရာခံ ပိုႀကီးပါတယ္။ သူတို႔ဟာ ျပစ္မ်ိဳးမွဲ႕မထင္ဆိုတဲ့ စကားအတိုင္း ခႏၶာကိုယ္ေပၚမွာ မွဲ႕ရွိရင္ေတာင္ အဲဒီမွဲ႕ကို ဖယ္ရွားၿပီး ေန႕စဥ္နဲ႕ အမွ် ကိုယ္ခႏၶာ အလွအပကို ဂ႐ုစိုက္ေနရတာ ျဖစ္ပါတယ္။

မိဖုရားေတြဟာ မ်ားေသာအားျဖင့္ ေရခ်ိဳးတဲ့အခါ ႏွင္းဆီပြင့္ဖတ္ေတြ စိမ္ထားတဲ့ေရမွာ ခ်ိဳးေလ့ရွိပါတယ္။ ဒါဟာ အေရျပားမွာ ရွိတဲ့ အနံ႕ဆိုးထုတ္တဲ့ ဂလင္းကို တားဆီးနိုင္သလို အေရျပား ေခ်ာမြတ္ ေပ်ာ့ေပ်ာင္းေစတာ ျဖစ္ပါတယ္။

ၿပီးေတာ့ ဒါဟာ ရိုမန္တစ္လဲ ဆန္ၿပီး ဘုရင္နဲ႕ ေနတဲ့အခါမွာ ဘုရင့္ရဲ႕ စိတ္ကို လန္းဆန္းေစဖို႔ ျဖစ္ပါတယ္။ေရွးေခတ္က မိဖုရားေတြရဲ႕ အလွကုန္ကို သမားေတာ္ေတြက ေဖာ္စပ္ေပးရတာ ျဖစ္ပါတယ္။

ဒါကေတာ့ လိေမၼာ္ရည္၊ ႏွို႔မႈန႔္နဲ႕ ၾကက္ဥအျဖဴေတြကို ကေစာ္ေဖာက္ထားတဲ့ အရာေတြ မုေယာစပါးနဲ႕ ဗ်စ္ရည္ေတြထည့္ၿပီး ခႏၶာကိုယ္အႏွံ႕ လိမ္းတာျဖစ္ၿပီး ဒါဟာ ဆဲလ္ေသေတြကို ဖယ္ရွားပစ္နိုင္တာ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ မိဖုရားေတြဟာ ေထာပတ္သီးနဲ႕လုပ္တဲ့ မ်က္ႏွာေပါင္းတင္မႈကို အမ်ားဆုံး လုပ္ေဆာင္တာျဖစ္ၿပီး ခႏၶာကိုယ္လွပမႈအတြက္လည္း စားသုံးေပးတာ ျဖစ္ပါတယ္။

မိဖုရားအမ်ားစုဟာ အခြံမာသီးနဲ႕ မုန္လာဥနီကို ေန႕တိုင္းနီးပါး စားေပးတာျဖစ္ၿပီး သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ သုံးခဲ့တာျဖစ္ၿပီး ဒီနည္းက လက္ရွိလဲ အသုံးျပဳေနတဲ့ နည္းလမ္းျဖစ္ပါတယ္။

မိဖုရားေတြဟာ ဆံေကသာကို ျမတ္နိုးစြာ တန္ဖိုးထားတတ္ပါတယ္။ နက္ေမွာင္ၿပီး လွပရွည္လ်ားတဲ့ ဆံပင္ေတြဟာ ဘုရင္ေတြကို ဆြဲေဆာင္နိုင္တာျဖစ္ၿပီ သူတို႔ဟာ အုန္းဆီ၊ သံလြင္ဆီ နဲ႕ ပ်ားရည္ေတြကို လိမ္းၾကပါတယ္။

 

အေရျပား မၾကမ္းတမ္းဖို႔ ႏွင္းဆီက ထုတ္ထားတဲ့ အဆီကို လိမ္းက်ံၾကပါတယ္။ ဒါဟာ ေရေမႊးလို ေမႊးအီတဲ့ အနံ႕ကိုလည္း ရေစတာျဖစ္ပါတယ္။

ေရခ်ိဳးတဲ့အခါမွာလည္း မိဖုရားေတြဟာ ပ်ားရည္၊ သံလြင္ဆီ နဲ႕ ျမည္းရဲ႕ နို႔ကို ေရာၿပီး ဆပ္ျပာပုံစံတိုက္တာျဖစ္ၿပီး ဒါဟာ အေရျပားကို စိုေျပတင္းရင္းၿပီး ငယ္႐ြယ္ႏုပ်ိဳေစတာျဖစ္ပါတယ္။

 

Credit

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *