ရှင်စောပုဘုရင်မကြီး ရဲ့ ခေါင်းဆောင်းတော် နှင့် မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

ရှင်စောပုဘုရင်မကြီး ရဲ့ ခေါင်းဆောင်းတော် နှင့် မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

 

 

 

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်း ဖြစ်သည်။ ပုံပါ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။

ဖော်ပြပါပုံကို ကြည့်ချင်းအားဖြင့် ထိုခေတ်ကတည်းက မြန်မာတို့၏ လက်မှူပညာရပ်များ ဖြစ်ကြသော ပန်းထိမ်ပညာ၊ ကြေးသွန်းပညာတို့ ခန့်မှန်းထားသည်ထက် ပိုမို ထွန်းကားခဲ့ကြောင်း သုံးသပ်နိုင်ပေသည်။

ဘုရင်မကြီး၏ သားမက်တော် ရာမာဓိပတိမင်း လက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ်(Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။ ထို အကြောင်းကို မတင်ပြမီ ရာမာဓိပတိဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌ နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည်ဖန် ရည် နှင့် စွမ်းဆောင်းနိုင်မှုတို့ ကို တင်ပြနိုင်မှ ပြည့်စုံမည်ထင်ပါသည်။

ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။

ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။

ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည် ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။

ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။

ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲ့ အမည်ရှိ အခြားမွန်ရဟန်း တစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ ထိုအချိန်ကာလသည် မိုးညှင်းမင်းတရား လက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ် ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။

 

အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော် ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။

 

မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဥ့်သန်းခေါင်ယံ အချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။

နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ရှင်စောပုဘုရင်မကြီးသည် ဘဝ၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏအား လူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက် ဓမ္မစေတီဘွဲ့ဖြင့် အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကို လွှဲအပ်လေသည်။

 

မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုတ်ပြီး နေသည်မှာ နတ်ရွာစံသည့် အချိန်အထိပင် ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီး ရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်း ဖြစ်သည်။

ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ ဤကားဓမ္မစေတီ မင်း၏ မည်သူမျှ မလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုမင်းလက်ထက်တွင် မူ စစ်မက် မဖြစ်ပွါးပဲ တိုင်းပြည် ငြိမ်းချမ်းသောကြောင့် တိုင်းပြည် တိုးတက်စေနိုင်သော စက်မှူလက်မှူ ပညာရပ်များနှင့် သာသနာပြုကိစ္စများကို အထူးပင် အားပေးခဲ့လေသည်။

ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော် မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။

မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့် စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများ ပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။

 

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန် ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီး တစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။

ဒါ့အပြင်ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။

ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူ မဖျက်စီးစေနိုင်ရန် ဘုရားကြီး၏ ဌာပနာတိုက်အတွင်း စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော ဓားစက်၊လှံစက်များ၊ လူကိုမြင်သည် နှင့် ပြေး၍ ထိုးခုတ် သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်း စီရင်ခဲ့ပေသည်။ သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊ လှံစက်ကြီး ဆိုသည်မှာလည်း တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့် လည်ပတ်သော စက်တမျိုးပင် ဖြစ်ပေသည်။

သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီး လွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအား ရှင်းပါမည်၊ ရှေးယခင်က ရွှေတိဂုံဘုရား၏ ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်း မှတ်တမ်းများ၌ လာရှိပေသည်။

နောက်တစ်ချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့် သိမ်းကုပ်တရဟု သဘောၤသားများက ခေါ်တွင်ခဲ့ရာမှ သိဂုၤတ္တရ ဟု အမည်တွင်ခဲ့သော အချက်အား ထောက်ရှု၍ ရှေးရှေးက အတတ်ပညာရှင်တို့က စေတီတော်ကြီး၏ ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။

 

ထပ်မံ၍ သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်း လက်ထက်တွင် ပြင်သစ် (သို့)ပေါ်တူဂီ သံအဖွဲ့ (အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက် တောင်းပန်ပါရစေ) ရောက်ရှိလာချိန်တွင် မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့ တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်နှင့် ယန္တရားအတတ်များကို ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။

 

အမှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာ ဖြစ်ပေသည်။ (ယနေ့ကမ္ဘာပေါ်တွင် ပြုလုပ်လျှက်ရှိသော စစ်ရေးလေ့ကျင့်မှုများမှာ ပိုက်ဆံပေါ၍မဟုတ်။ ရည်ရွယ်ချက်ရှိရှိနှင့် မိမိစစ်အင်အားကို ပြသချင်းပင်ဖြစ်သည်။)

ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ ပြသခဲ့လေသည်။ ထိုသို့ မိမိနယ်မြေအားနယ်ချဲ့ရန် လာအကဲစမ်းသော နိုင်ငံခြားသားများအား စစ်မဖြစ်လိုက်ရပဲ ကောင်းစွာ တွန်းလှန်ခဲ့ပေသည်။

 

သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မြုပ် ပျောက်ကွယ်သွားရတော့လေသည်။ အမှန်မှာ ဤအတတ်ပညာများနှင့်ပင် နယ်ချဲ့လာသူ အင်္ဂလိပ်တို့အား ကောင်းစွာ ဒုက္ဒပေးနိုင်သည်ဟု မိမိယူဆလိုက်ပါတယ်။

ထိုသို့ ကြိုမြင်ခဲ့၍ကြံဆောင်ခဲ့သော ကနောင်မင်းသားကြီးအား မိမိ ၏ တူတော်နှင့် သားမက်တော်စပ်သော(အမျိုးအရင်းကြီး) အာဏာရူး မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတို့က တီးထည့်လိုက်ခြင်း၊ အချင်းချင်းမညီညွတ်ပဲ ပြည်တွင်းစစ်များသာ ဖြစ်ပွါးနေခြင်းတို့ကြောင့် သာ ပျောက်ပျက်သွားလေတော့သည်။

 

အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည် ရှေးအခါက အတော်အတန် ထွန်းကားခဲ့ကြောင်းနှင့် ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။

 

Credit

 

Zawgyi

 

ရွင္ေစာပုဘုရင္မႀကီး ရဲ႕ ေခါင္းေဆာင္းေတာ္ ႏွင့္ ျမန္မာတို႔၏ စေကၠာမ ယႏၲရားအတတ္

 

 

 

ရွင္ေစာပုသည္ မြန္တို႔၏ မဂဒူးမင္းဆက္တြင္ ၁၅ ဆက္ေျမာက္မင္း ျဖစ္သည္။ ပုံပါ ေခါင္းေဆာင္းေတာ္မွာ အဂၤလိပ္မ်ား ျမန္မာနိုင္ငံေအာက္ပိုင္းကို သိမ္းၿပီး ေနာက္ အဂၤလန္သို႔ ယူေဆာင္သြားၿပီး ေနာက္ လန္ဒန္ၿမိဳ႕ရွိ ဗစ္တိုးရီးယားႏွင့္ အယ္လဘတ္ ျပတိုက္၌ယခုထက္တိုင္ ျပသလွ်က္ရွိသည္။

ေဖာ္ျပပါပုံကို ၾကည့္ခ်င္းအားျဖင့္ ထိုေခတ္ကတည္းက ျမန္မာတို႔၏ လက္မႉပညာရပ္မ်ား ျဖစ္ၾကေသာ ပန္းထိမ္ပညာ၊ ေၾကးသြန္းပညာတို႔ ခန႔္မွန္းထားသည္ထက္ ပိုမို ထြန္းကားခဲ့ေၾကာင္း သုံးသပ္နိုင္ေပသည္။

ဘုရင္မႀကီး၏ သားမက္ေတာ္ ရာမာဓိပတိမင္း လက္ထက္တြင္မူ ျမန္မာတို႔၏ စေကၠာမ ပညာရပ္(Robot) မ်ားသည္ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့ၾကသည္ဟု ယူဆမိေပသည္။ ထို အေၾကာင္းကို မတင္ျပမီ ရာမာဓိပတိဟု အမည္ရေသာ္လည္း ယခုထက္တိုင္ေအာင္ ရန္ကုန္ျမစ္ဝ၌ နစ္ျမဳတ္ေနသည့္ ဓမၼေစတီ ေခါင္းေလာင္းႀကီးအား လႈဒါန္း၍ ဓမၼေစတီ မင္းႀကီး ၏ ႀကံရည္ဖန္ ရည္ ႏွင့္ စြမ္းေဆာင္းနိုင္မႈတို႔ ကို တင္ျပနိုင္မွ ျပည့္စုံမည္ထင္ပါသည္။

ရွင္ေစာပုသည္ အင္းဝသို႔ ပါေတာ္မူခဲ့ရၿပီးလွ်င္ အင္းဝဘုရင္၏ မိဖုရားႀကီးအျဖစ္ ေနခဲ့ရသည္ကိုကား မြန္၊ ျမန္မာ ရာဇဝင္မ်ား အားလုံးက ေဖာ္ျပၾကေပသည္။ ရွင္ေစာပုသည္ အင္းဝတြင္ မိဖုရားႀကီးတပါးအျဖစ္ စံေနရလင့္ကစား မေပ်ာ္ပိုက္ေပ။ အင္းဝတြင္ သီဟသူႏွင့္ သုံးႏွစ္၊ မင္းလွငယ္ႏွင့္ သုံးလ၊ ကေလးေတာင္ညိုမင္းႏွင့္ ခုႏွစ္လ၊ မိုးညွင္းမင္းတရားႏွင့္ သုံးႏွစ္ စုစုေပါင္း ခုနစ္ႏွစ္ ၾကာခဲ့ေလသည္။

ထိုမွ်ေသာ ကာလပတ္လုံး မိဖုရားႀကီး၏ စည္းစိမ္ခ်မ္းသာကို တပ္မက္ေမာျခင္း မရွိဘဲ မိမိ၏ေနရင္း ဟံသာဝတီသို႔သာ ျပန္လိုလွ၍ ဒဂုန္ဆံေတာ္ရွင္၏ ေျခေတာ္ရင္းတြင္ ဥပုသ္သီတင္း ေဆာက္တည္ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္တို႔ကိုသာ ေဆာင္႐ြက္ေနလိုစိတ္ ျပင္းျပေနခဲ့ေလသည္။

ဟံသာဝတီတြင္ ရွင္ေစာပု ရွိစဥ္က သားအမွတ္စားခဲ့၍ ရဟန္းျပဳေပးခဲ့ေသာ ပိဋကဓရ မည္ေသာ ရဟန္းတစ္ပါးသည္ မယ္ေတာ္ႀကီးအလား ေက်းဇူးႀကီးလွေသာ ရွင္ေစာပု ဟံသာဝတီသို႔ ျပန္လည္ ေရာက္ရွိေရးကို ေတြးေတာ အားထုတ္ခဲ့ေလသည္။

ပိဋကဓရသည္ ရွင္သာမေဏ ဘဝကပင္ ပုဂံသို႔ သြားေရာက္ၿပီးလွ်င္ ပိဋကတ္သုံးပုံကို ငါးႏွစ္မွ် သင္ၾကားတတ္ေျမာက္ခဲ့၍ ဟံသာဝတီသို႔ ျပန္ေရာက္ေသာအခါ မြန္၊ ဗမာ ႏွစ္ဘာသာျဖင့္ တရားဓမၼ ေဟာၾကားရာတြင္ အလြန္ ေက်ာ္ၾကားေလသည္။

ပိဋကဓရသည္ ရွင္ေစာပုအား ကူညီနိုင္ရန္ ဓမၼဉာဏဘြဲဲ့ အမည္ရွိ အျခားမြန္ရဟန္း တစ္ပါးႏွင့္ တိုင္ပင္ႏွီးေႏွာၿပီးလွ်င္ အင္းဝသို႔ ႂကြလာခဲ့ၾကေလသည္။ အင္းဝသို႔ေရာက္လွ်င္ ထိုရဟန္းတို႔ တရားေဟာ အလြန္ေကာင္းသည္ဟု ေက်ာ္ၾကားေလသည္။ ထိုအခ်ိန္ကာလသည္ မိုးညွင္းမင္းတရား လက္ထက္ သကၠရာဇ္ ၇၉၁ ခုႏွစ္ ျဖစ္ေပသည္။

ပိဋကဓရတို႔ ေရာက္လတ္လွ်င္ ရွင္ေစာပုသည္ ထိုရဟန္းတို႔ႏွင့္ လွ်ို႔ဝွက္စြာ အဆက္အသြယ္ျပဳလ်က္ ဟံသာဝတီသို႔ ထြက္ေျပးရန္ စီစဥ္သည္။ ထို႔ေနာက္ မိဖုရားႀကီးသည္ ႀကိဳတင္ စီစဥ္ထားသည့္အတိုင္း ခ်ိပ္ရည္ျဖင့္ ေဖာ္စပ္ထားေသာ ေဆးကို ေသာက္ေလလွ်င္ ဝမ္းက အနီအဝါ ေသြးဝမ္းမ်ား က်လတ္သည္။

 

အထိန္းေတာ္မ်ားလည္း စိုးရိမ္စြာျဖင့္ မင္းႀကီးအား သံေတာ္ ဦးတင္၏။ ေရာဂါကူးစက္မည္ စိုး၍ ရွင္ေစာပုအခန္းသို႔ နန္းတြင္းသူမ်ား မဝင္လိုၾကဘဲ ေရွာင္ရွားေနၾကသည္။ ရွင္ေစာပုလည္း မိမိေဝဒနာ ႀကီးစြာ ခံစားေနရသျဖင့္ ကံမကုန္မီ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔၏ တရားေတာ္တို႔ကို နာၾကားလိုသည္ဟု ေလွ်ာက္သည္။

 

မင္းႀကီးလည္း ယုံၾကည္၍ ရဟန္းႏွစ္ပါးအား အခ်ိန္မေ႐ြးပင္ ထြက္ခြင့္ေပးသည္။ အခ်ိန္းအခ်က္ ျပဳထားသည့္ေန႕တြင္ ပိဋကဓရ ႏွင့္ ဓမၼဉာဏတို႔ ရဟန္းႏွစ္ပါးလည္း သိကၡာခ်၍ သာမေဏအျဖစ္ျဖင့္ ေနၾကသည္။ ထိုညဥ့္သန္းေခါင္ယံ အခ်ိန္တြင္ အဝတ္အစား ေသတၱာႀကီးတလုံးအတြင္းသို႔ ရွင္ေစာပုအား ဝင္ေစ၍ အဝတ္အထည္မ်ားျဖင့္ ဖုံးကြယ္ကာ ရဟန္းႏွစ္ပါးတို႔က ေသတၱာကို တဖက္စီဆြဲလ်က္ အခန္းအတြင္းမွ ထြက္သည္။

နန္းေတာ္တံခါးေစာင့္မ်ား ေမးလ်ႈင္ ရွင္ေစာပု လႉလိုက္ေသာ ပစၥည္းမ်ားဟု ဆိုသျဖင့္ မည္သို႔မွ် ရွာေဖြျခင္း မျပဳဘဲ လႊတ္လိုက္၏။ ထို႔ေနာက္ ၿမိဳ႕အေနာက္ လုံးေတာ္ေပါက္မွ ထြက္ကာ ႀကိဳတင္စီစဥ္ထား သည့္အတိုင္း ရဟန္းႏွစ္ပါးႏွင့္ တကာႏွစ္ေယာက္တို႔သည္ ရွင္ေစာပုအား ေလွေပၚတင္ၿပီးေသာ္ ဟံသာဝတီသို႔ စုန္ေျပးေလသည္။

မိုးညွင္းမင္းတရားသည္ အမတ္ႀကီးအား ေလွာ္ကားငါးစင္းႏွင့္ လက္ျပည့္ေလွာ္၍ လိုက္ေစေသာ္လည္း မေတြ႕ရေခ်။ ရွင္ေစာပုတို႔လူစုသည္ ေန႕တြင္း ေတာတြင္း၌ ပုန္း၍ ညဥ့္အခါတြင္သာ စုန္ဆင္းၾကသည္။ မိုးညွင္းမင္းတရားလည္း ရွင္ေစာပုသည္ အင္းဝ၌ မေပ်ာ္ပိုက္သျဖင့္ ေျပးေလသည္ကို ဆင္ျခင္မိ၍ ရွိေစေတာ့ဟု ဆိုကာ ဟံသာဝတီအေရာက္ လိုက္လံ တိုက္ခိုက္ျခင္း မျပဳေတာ့ေပ။

ရွင္ေစာပုဘုရင္မႀကီးသည္ ဘဝ၏ေနာက္ပိုင္းကာလမ်ားတြင္ မိမိအား ဟံသာဝတီသို႔ ျပန္ေရာက္ေအာင္ ေက်းဖူးျပဳခဲ့သည့္ ရဟန္း ႏွစ္ပါးအနက္မွ ဓမၼဉာဏအား လူဝတ္လဲေစၿပီး သမီးေတာ္ မိတကာတင္ႏွင့္ လက္ဆက္ေစသည္။ ထို႔ေနာက္ ဓမၼေစတီဘြဲ႕ျဖင့္ အိမ္ေရွ႕အရာေပးကာ ကိုယ္စားအျဖစ္ တိုင္းေရးျပည္႐ြာ ကိစၥမ်ားကို လႊဲအပ္ေလသည္။

 

မိမိမွာမူ ေ႐ႊတိဂုံေစတီေတာ္ ေျခေတာ္ရင္းတြင္သာ တရားဓမၼမ်ားကို ေလ့လာအားထုတ္ၿပီး ေနသည္မွာ နတ္႐ြာစံသည့္ အခ်ိန္အထိပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ဘုရင္မႀကီး ရွင္ေစာပု၏ အုတ္ဂူကို ေ႐ႊတိဂုံဘုရားအနီးတြင္ တည္ထားခဲ့ျခင္း ျဖစ္သည္။

ရွင္ေစာပု လြန္လွ်င္ သားမက္ေတာ္ ဓမၼေစတီမင္း နန္းတက္ကာ ဟံသာဝတီထီးနန္းကို စိုးစံသည္။ ဤကားဓမၼေစတီ မင္း၏ မည္သူမွ် မလုပ္ရဲေသာ ၊ မလုပ္နိုင္ခဲ့ေသာ အလုပ္ကို ခဲရာခဲဆစ္ ႀကံေဆာင္နိုင္ခဲ့ျခင္း ျဖစ္ေပသည္။ ထိုမင္းလက္ထက္တြင္ မူ စစ္မက္ မျဖစ္ပြါးပဲ တိုင္းျပည္ ၿငိမ္းခ်မ္းေသာေၾကာင့္ တိုင္းျပည္ တိုးတက္ေစနိုင္ေသာ စက္မႉလက္မႉ ပညာရပ္မ်ားႏွင့္ သာသနာျပဳကိစၥမ်ားကို အထူးပင္ အားေပးခဲ့ေလသည္။

ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔သည္ သမက္ေတာ္ မင္းျပဳေသာ ကာလအတြင္း သားႏွင့္အမိတို႔ စစ္သည္ဗိုလ္ပါအေပါင္း ၿခံရံလ်က္ ဘုရားေျခေတာ္ရင္း၌ ႂကြေရာက္စံျမန္းၿပီးလွ်င္ ႀကီးစြာေသာ အလႉဒါနျပဳၾကသည္။ေစတီေတာ္ပတ္လည္ရွိ ေခ်ာက္ကမ္းပါးႏွင့္ ခ်ိဳင့္ဝွမ္းမ်ားကို ဂဝံေက်ာက္တုံးႀကီးျဖင့္ ဖို႔ေစသည္။

ျမင့္ေသာ ကုန္းေျမကို ညီညာေစရန္ တူးညွိေစသည္။ အျပင္ဘက္တို႔တြင္ ဂဝံေက်ာက္တုံးမ်ားျဖင့္ စီေစသည္။ ေစတီကိုခံေသာ ပစၥယာေပၚတြင္ ေက်ာက္ထီးမ်ား ျပဳလုပ္၍ ေ႐ႊခ်သည္။ ပန္းတင္ခုံပစၥယာကို ခါးဖြဲ႕၍ ေက်ာက္ျဖင့္ၿပီးေသာ ဆီမီးအိမ္တို႔ျဖင့္ ပတ္လည္စီထားသည္ စသည္ျဖင့္ ေ႐ႊတိဂုံေက်ာက္စာ၌ ဆံေတာ္ရွင္အား အထူးတလည္ မြမ္းမံပုံမ်ားကို ေဖာ္ျပထားသည္။

 

ဘုရင္မႀကီးသည္ ဒဂုန္ဆံေတာ္ရွင္ျမတ္ကို အလြန္တရာၾကည္ညိုေတာ္မူသျဖင့္ မိမိ၏ ကိုယ္အေလးခ်ိန္ ျဖစ္ေသာ ေ႐ႊ ၂၅ ပိႆာကို မ်က္ပါးခတ္ၿပီးလွ်င္ ေစတီေတာ္ႀကီးတြင္ ေ႐ႊသကၤန္း ကပ္လႉေတာ္မူသည္။ ၿမိဳ႕သူ၊ ၿမိဳ႕သားတို႔ကလည္း ေ႐ႊပိႆာခ်ိန္ ၅ဝ မွ်ကို ကူ၍ ပူေဇာ္ၾကသည္။ ဘုရင္မႀကီးသည္ ေၾကးခ်ိန္ ၁၇ဝဝ ပိႆာရွိ ေခါင္းေလာင္းႀကီး တစ္လုံးကိုလည္း သြန္းလုပ္ လႉဒါန္းသည္။

ဒါ့အျပင္ရွင္ေစာပုသည္ ေစတီေတာ္ႀကီးတြင္ ထီးျဖဴေလးစင္း၊ ေ႐ႊသပိတ္ေလးလုံး၊ ေ႐ႊပန္းကန္ ေလးလုံး (ပန္းကန္တလုံးလွ်င္ ဆန္တတင္းခ်က္ ဝင္သည္။) ေငြပန္းကန္ရွစ္လုံး၊ ေ႐ႊဇြန္းေလးစင္း၊ ေငြဇြန္းရွစ္စင္း၊ (ဇြန္းတစင္းလွ်င္ ဆန္တစလယ္ခ်က္ ဝင္သည္။) ဆြမ္းသင္ပုတ္ေတာ္ ၄၄ ခြက္၊ ေရအိုးႀကီးေလးလုံး၊ ေထြးအင္ေလးလုံး၊ ကုလားစည္ေလးလုံးႏွင့္ ေစာင္းတန္းမုခ္ ေလးဘက္ေလးေဆာင္တို႔ကို လႉဒါန္းခဲ့သည္။

ထို႔သို႔ လႉဒါန္းၿပီးေနာက္တြင္ကား မသမာသူသို႔ မလြယ္တကူ မဖ်က္စီးေစနိုင္ရန္ ဘုရားႀကီး၏ ဌာပနာတိုက္အတြင္း စေကၠာမ ပညာရပ္ျဖင့္ စီရင္ထားေသာ ဓားစက္၊လွံစက္မ်ား၊ လူကိုျမင္သည္ ႏွင့္ ေျပး၍ ထိုးခုတ္ သတ္ျဖတ္တတ္ေသာ စက္႐ုပ္မ်ားကိုပါ တခါတည္းထည့္သြင္း စီရင္ခဲ့ေပသည္။ သုံးစကၠန႔္ လည္ၿပီး တစကၠန႔္ နားေသာ ဓားစက္၊ လွံစက္ႀကီး ဆိုသည္မွာလည္း တျခားမဟုတ္ ၊ရန္ကုန္ျမစ္၏ ဒီေရအားျဖင့္ လည္ပတ္ေသာ စက္တမ်ိဳးပင္ ျဖစ္ေပသည္။

သို႔ဆိုလွ်င္ ရန္ကုန္ျမစ္သည္ ေ႐ႊတိဂုံဘုရားႀကီး လြန္ေဝးကြာေသာေၾကာင့္ မျဖစ္နိုင္ဟု ထင္မည့္သူမ်ားအား ရွင္းပါမည္၊ ေရွးယခင္က ေ႐ႊတိဂုံဘုရား၏ ကုန္းေတာ္မွာ ျမစ္ဝ၌ပင္ ရွိ၍ ဘုရားေပၚသို႔ ေလွမ်ားျဖင့္ပင္ သြားေရာက္နိုင္ေၾကာင္း မွတ္တမ္းမ်ား၌ လာရွိေပသည္။

ေနာက္တစ္ခ်က္မူကား ေ႐ႊတိဂုံေစတီေတာ္ တည္ရွိရာ ကုန္းေတာ္မွာ ေရွးက ကြၽန္းငယ္တကြၽန္းသာ ျဖစ္ခဲ့၍ သိမ္းငွက္မ်ား ကုပ္ကုပ္ကပ္ကပ္နားခိုေသာေၾကာင့္ သိမ္းကုပ္တရဟု သေဘာသၤားမ်ားက ေခၚတြင္ခဲ့ရာမွ သိဂုတၤၱရ ဟု အမည္တြင္ခဲ့ေသာ အခ်က္အား ေထာက္ရႈ၍ ေရွးေရွးက အတတ္ပညာရွင္တို႔က ေစတီေတာ္ႀကီး၏ ငွါပနာတိုက္သို႔ ဥမင္လွိုဏ္ေခါင္းေဖာက္လုပ္ကာ ရန္ကုန္ျမစ္ေရကိုဝင္ေစၿပီး ထိုေရအားျဖင့္ပင္စက္မ်ားကို လည္ပတ္ေစသည္မွာ မ်ားစြာျဖစ္နိုင္ေပသည္။

 

ထပ္မံ၍ ေသခ်ာေစေသာလက္ထက္မွာ ဓမၼေစတီမင္း လက္ထက္တြင္ ျပင္သစ္ (သို႔)ေပၚတူဂီ သံအဖြဲ႕ (အဂၤလိပ္မဟုတ္။ ကြၽန္ေတာ္ ေသခ်ာ မမွတ္မိသည့္အတြက္ ေတာင္းပန္ပါရေစ) ေရာက္ရွိလာခ်ိန္တြင္ ျမန္မာတို႔က ေကာင္းစြာဧည့္ခံကာ မိမိတို႔ တတ္ကြၽမ္းထားေသာ ေလးအတတ္။ လွံအတတ္ႏွင့္ ယႏၲရားအတတ္မ်ားကို ျပသသည့္ျပပြဲေလးတရပ္ (Exhibition)လုပ္ခဲ့ေလသည္။

 

အမွန္မွာေတာ့ ျပပြဲသာမဟုတ္ပဲ မိမိ၏စစ္အင္အားကို ပရိယာယ္ျဖင့္ ျပသခဲ့ျခင္းသာ ျဖစ္ေပသည္။ (ယေန႕ကမာၻေပၚတြင္ ျပဳလုပ္လွ်က္ရွိေသာ စစ္ေရးေလ့က်င့္မႈမ်ားမွာ ပိုက္ဆံေပါ၍မဟုတ္။ ရည္႐ြယ္ခ်က္ရွိရွိႏွင့္ မိမိစစ္အင္အားကို ျပသခ်င္းပင္ျဖစ္သည္။)

ထိုျပပြဲအတြင္းတြင္ကား ဓားခုတ္လွံခုတ္စက္႐ုပ္မ်ား။ လက္နက္ပုံးမ်ားကို သံအဖြဲ႕မ်ားကို မ်က္လွည့္အတတ္ႏွင့္ေရာေႏွာကာ ျပသခဲ့ေလသည္။ ထိုသို႔ မိမိနယ္ေျမအားနယ္ခ်ဲ့ရန္ လာအကဲစမ္းေသာ နိုင္ငံျခားသားမ်ားအား စစ္မျဖစ္လိုက္ရပဲ ေကာင္းစြာ တြန္းလွန္ခဲ့ေပသည္။

 

သို႔ေသာ္ ဟံသာဝတီ နိုင္ငံေတာ္ပ်က္စီး ၿပီးသည့္ေနာက္တြင္ကား ဤအတတ္ပညာသည္လည္း တိမ္ျမဳပ္ ေပ်ာက္ကြယ္သြားရေတာ့ေလသည္။ အမွန္မွာ ဤအတတ္ပညာမ်ားႏွင့္ပင္ နယ္ခ်ဲ့လာသူ အဂၤလိပ္တို႔အား ေကာင္းစြာ ဒုကၵေပးနိုင္သည္ဟု မိမိယူဆလိုက္ပါတယ္။

ထိုသို႔ ႀကိဳျမင္ခဲ့၍ႀကံေဆာင္ခဲ့ေသာ ကေနာင္မင္းသားႀကီးအား မိမိ ၏ တူေတာ္ႏွင့္ သားမက္ေတာ္စပ္ေသာ(အမ်ိဳးအရင္းႀကီး) အာဏာ႐ူး ျမင္ကြန္း၊ ျမင္းခုံတိုင္မင္းသားတို႔က တီးထည့္လိုက္ျခင္း၊ အခ်င္းခ်င္းမညီၫြတ္ပဲ ျပည္တြင္းစစ္မ်ားသာ ျဖစ္ပြါးေနျခင္းတို႔ေၾကာင့္ သာ ေပ်ာက္ပ်က္သြားေလေတာ့သည္။

 

အခ်ဳပ္ဆိုရေသာ္ ျမန္မာတို႔၏ ယႏၲရား အတတ္ပညာသည္ ေရွးအခါက အေတာ္အတန္ ထြန္းကားခဲ့ေၾကာင္းႏွင့္ ယခုအခါတြင္မူ အေၾကာင္းေၾကာင္း ေၾကာင့္ ေပ်ာက္ကြယ္သြားၿပီ ျဖစ္ေၾကာင္း ေျပာၾကားရင္းနိဂုံး ခ်ဳဎ္လိုက္ရပါသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *