သုဝဏ္ဏဘူမိ ပြည့်ရှင် မနူဟာမင်းကြီးအကြောင်း

သုဝဏ္ဏဘူမိ ပြည့်ရှင် မနူဟာမင်းကြီးအကြောင်း

 

 

မနူဟာ မင်းတရားဆိုသည်မှာ ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သော အနော်ရထာမင်းနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သော ဘုရင်တစ်ပါးဖြစ်လေသည်။မနူဟာ မင်းတရားကြီးသည် အကြောင်းပြောလျှင်မပါမဖြစ် သုဝဏ္ဏဘူမိ သထုံပြည်အကြောင်း ပါရပေတော့မည်။

သထုံပြည်သည် ပထဝီအနေထားအရ ပင်လယ်ထွက်ပေါက် ၊ ကာရန်နေသော တောင်တန်းများ ၊ ခိုင်မာသော ခံတပ်များနှင့် သာသနာရောင်ထွန်း ပြောင် ပြီး သူ့ခေတ်သူခါက စည်ပင်သာယာသော ၊ယဉ်ကျေးမှုထွန်းကားသော နိုင်ငံတစ်ခုဖြစ်ပေသည်။

သထုံပြည်သည် စစ်ရေးအရပဲကြည့်ကြည့် စီးပွားရေးအရပဲကြည့်ကြည့် ဘာသာရေးအရပဲကြည့်ကြည့် အဖက်ဖက်က ပြည့်စုံနေတော့ ဘုရင်ကြီး မနူဟာ မာန်တက်ချင်စရာ…မနူဟာ ဘုရင်ကြီးသည်လည်း ပုထုဇဉ်ပင်ဖြစ်လေတော့ သူ၏ထိုင်ခုံလေး မြဲချင်ပေမည်။ထို့ကြောင့် အရာရာကို စည်ရုံးရေးဖြင့်မသွားဘဲ တစ်သွေးတစ်သံတစ်မိန့် ဖြင့် စိတ်ရှိသမျှ အလိုရှိသလို ပြုမှုလေသည်။

ဗျတ်ဝိနှင့်ဗျတ္တ အဖြစ်ကိုပဲ ကြည့်ပါအုံး။ရေမျောကမ်းတင်ကုလားညီကို နှစ်ယောက်ကို သနားသဖြင့် မင်းဆရာဘုန်းတော်ကြီးဘုရားမှ ကျောင်းတွင် မွေးထားပြီး ပညာများသင်ကြားပေးသည်။သူတို့ညီကို နှစ်ယောက်၏ကံသည် ကောင်းခြင်၍လား ဆိုးခြင်လို့လားမသိ,တစ်ရက်တွင် ဆရာတော်မှ ထူးခြားရှားပါးသော ဆေးမြစ်တစ်ခုကိုတွေ့သည်။

ထိုဆေးမြစ်၏အစွမ်းသည် ဆင်ပြောင်ဆယ်စီးအားကိုဆောင် သည် ခုန်ပျံကျော်လွှားနိုင်စွမ်းရှိသည် အသက်ရှည်သည် ဟုကျမ်း ဂန်များတွင် ဖော်ပြထားသည်။ဆရာတော် သေချာစစ်ဆေးပြီးရေမျောကမ်းတင် ကုလားလေး နှစ်ယောက်ကို ဆေးမြစ်တူးခိုင်းသည်။ထိုမျှမကသေး ဆေးမြစ်၏အစွမ်းကိုလည်း ဆရာတော့မှ ကုလားနှစ်ယောက်ကို ပြောမိသည်။

ဘုန်းကြီးချစ်တော် ကုလားလေး နှစ်ယောက်သည်လည်း သူတို့ စားရမည်အထင်ဖြင့် အားကျိုးမာန်တက် တူးလေသည် သို့သော် ဆေးမြစ်ရလာ၍ ကျောင်းသို့ ပြန်ရောက်သောအခါ ကုလားလေး နှစ်ယောက် နောက်ထပ်မြင်ခွင့် မရတော့ပေ။ဆရာတော်မှ ဖွတ်ထားလေတော့သည်။တစ်ရက် ဆရာတော် နန်းတော်သို့ ဆွမ်းစားကြွလေသည်။ကုလားလေး နှစ်ယောက်အတွက် မဟာအခွင့်အရေးပင်။အခွင့်အရေးကို အမိရအသုံးချသည်။

ဆေးမြစ်ကို တစ်ကျောင်းလုံး မြေလှန်ရှာသည် နောက်ဆုံးတွင် ဘုရားဆင်းတု အန်ဝှက်ထဲမှ တွေ့လေသည်။ဆေးမြစ်ကို ကျောက်ပြင်တွင်သွေးသည်။သွေးသည်မှ ဘာမှမကျန်အောင်ကိုသွေးသည်။ထို့နောက် ညီကိုနှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲပြီးသောက်လိုက်လေသည်။ဆေးစွမ်းပြလေပြီ။ခန္ဓာကိုယ်သည် ပေါ့ပါးလာသည်။

လူလည်းအငြိမ်နေ၍မရတော့ ထို့ကြောင့် ကျောင်းပေါ်မှ ပစ္စည်းများအောက်သို့ချသည် အခြားနေရာမှ ပစ္စည်းများလည်း နေရာရွှေ့သည် ဒါလည်းဂဏှာကမငြိမ်သေး ရွှေ့စရာလည်းကုန်ပြီ။နောက်ဆုံး ကြံရာမရတော့တဲ့အဆုံး ကျောင်းအပြင်မှ ကျောက်ဖျာကြီး တစ်ချပ်ကို ညီကိုနှစ်ယောက်မပြီး ကျောင်းပေါက်ဝနားရွှေ့လိုက်သည်။ထိုသို့ ရွှေ့လိုက်မှ နေသာထိုင်သာရှိသွားသည်။

 

ဆရာတော် နန်းတော်မှ ပြန်ရောက်လာသောအခါ အခြေနေပျက်နေသော ကျောင်းကိုကြည့်၍ အဖြစ်ပျက်ကို သဘောပေါက်သွားလေသည်။ကောင်း၍ရသော ဆေးမြစ်လေး ရေမျော ကမ်းတင် ကုလားနှစ်ယောက် လက်ချက်မိသွားလေပြီ နှမျှောနေရုံဖြင့်လည်း ပြန်မရနိုင်တော့ တရားနှင့်သာဖြေရပေတော့မည်။သြော် အနိစ္စ မမြဲပါတကား။ရေမျောကမ်းတင် ကပ္ပိယ ကုလားလေး နှစ်ယောက် ချက်ချင်းလက် ငင်း လူစွမ်းကောင်းဖြစ်လာသည်။လူစွမ်းတော့ စမ်းလိုသူများပေါလာသည်။

ချစ်လိုသူများပေါလားသည်။ဘယ်လိုပင်စမ်းသက်ပါစေ ကု လားလေးတို့ အသာရမြဲ။သိလို၍စမ်းသက်ကျသော်လည်း အရှုံးနှင့်ရင်ဆိုင်ရသောအခါ လူ့သဘာဝအရ မနာလို မရှု့စိမ့် ဖြစ်လာသည်။ပိုဆိုးလာသည်မှာ အကြီးကောင်”ဗျတ်ဝိ”ကြောင့်ဖြစ်သည်။သူသည် အချောအလှ ကွမ်းတောင် ပန်းတောင်ကိုင် လူပျိုတို့ အသည်းစွဲ မအိုဇာနှင့် ရည်ငံနေသည်။

တရွာသား ရေမျောကမ်းတင်က ကိုယ့်ရပ်ရွာက အဖူးအညွန့်လေးကို ဆွတ်ခူးလေတော့ ကိုကိုကာလာသားများ မကျေနပ်ချက်က အထွဋ်ထိပ် ရောက်လေပြီ။ကုလားလေး နှစ်ယောက်ကို ယှဉ်ပြိုင်သတ်ပုတ်ရန်ကလည်း မဖြစ်နိုင်။ဤတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဘုရင့်ထံသွားပြီး ထီးနန်းအတွက် အန္တရာယ်ရှိသူတွေပါဆိုပြီး လျှောက်ထားလိုက်လျှင် ဗျတ်ဝိ နှင့် ဗျတ္တလည်းသေ မအိုဇာကိုလည်း ပြန်ပြီးပိုးပန်း၍ရ ဘယ် လောက်ကောင်းတဲ့ အကြံပါလဲ။

(သြော် ကျွန်တော်တို့ မြန်မာတွေက ဟိုးရှေးတည်းက မစားရတဲ့အမဲ သဲနှင့်ပတ်ခဲ့တာကို။ အခုခတ်မှာ ရိုးရာယဉ်ကျေးမှုအမွေတွေ ပျောက်သွားပေမယ့် ဆိုးမွေတော့ ကျန်နေတုန်းပါပဲ)တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကလည်း လူစွမ်းကောင်းဆိုလျှင် မွေးမည်မကြံ သူ့ထီးနန်းအတွက် ခလုတ်ဆူးငြောင့် ဆိုပြီး ဖမ်းစေသည်။

အကြီးဖြစ်သူ ဗျတ်ဝိ မှာရည်းစားဖြစ်သူ မအိုဇာ အိမ်တွင် မအိုဇာ ကိုအကြောင်းပြု၍ အဖမ်းခံခဲ့ရသည်။အငယ်ဖြစ်သူ ဗျတ္တမှာ ပုဂံပြည်သို့ ထွက်ပြေးလွှတ်မြောက်သွားသည်။အဖမ်းခံရသော ဗျတ်ဝိမှာ အသတ်ခံခဲ့ရသည်။ဗျတ်ဝိကို သတ်သောအချိန်သည် ပုဂံမင်းနေပြည်နှင့် မသင့်မတင့် ဖြစ်နေသော အချိန်ဖြစ်သည်။ပုဂံမင်းနေပြည်တော်သည် ဘုရင်အနော်ရထာ နန်းတက်လာသော အချိန်မှ စ၍ အပြောင်းလဲများ ဖြစ်လာသည်။

ပထမဆုံး အပြောင်းလဲမှာ အဘက်ဘက်မှ ယိုယွင်းနေသော ပုဂံပြည်ကို ပြန်လည်တည်ထောင်ရန် တော်သော စွမ်းသော ကောင်းသော သူများကို စတင်စုဆောင်းသည်။ကျန်စစ်သား ငထွေရု ငလုံးလဖယ် ညောင်ဦးဖီ စသော သူရဲကောင်း များရလာသည်။နောက်အပြောင်းလဲ တစ်ခုမှာ အရှင်အရဟံမထေရ်မြတ်၏ သွန်သင်ဆုံးမ လမ်းပြမှုဖြင့် အနော်ရထာမင်းကြီးသည် ဗုဒ္ဓဘာသာ ဖြစ်လာသည်။သူ၏နန်းတွင်းမှသူများသည်လည်း ဗုဒ္ဓဘာသာဖြစ်လာသည်။

သို့သော် ပုဂံတွင် အရည်းကြီး သာသနာထွန်းကားခဲ့သည်မှာ နှစ်ပေါင်းရာကျော် ရှိနေပြီ။ပြည်သူတို့မှာလည်း အရည်းကြီးရဟန်းတု များ၏ အင်း အိုင် လက်ဖွဲ့ ပေးခြင်း,ရှေ့ဖြစ် နောက်ဖြစ် ဟောပြောခြင်း တို့ဖြင့် စည်းရှုံးမှု အပြင် အရည်းကြီးတို့၏ ဓားရေးထက်မှုတို့ကြောင့် အရိုးထဲ အသားထဲထိ အရည်းကြီးသားသနာ စွဲနေသည်။ထိုအရည်းကြီးသာသနာကို အနော်ရထာမင်းသည် ရှင်အရဟံ နှင့် စစ်သူကြီးလေးဦး အကူညီဖြင့်ရှင်းလင်းခဲ့သည်။

ယခုအခါတွင် ပုဂံပြည်သည် သာသနာစတင်ထွန်းကားလာပြီ သို့သော် လိုအပ်ချက်များက ရှိနေဆဲပင်။ထိုအိုအပ်ချက်မှာ ပိဋကတ် ကျမ်းစာအုပ်များဖြစ်သည်။ထို့အတွက် သထုံမင်းတရားထံ ချစ်ကြည်ရေးလည်းဖြစ် ပိဋကတ်လည်းရ အကြံစည်ဖြင့် လက်ဆောင်ပဏာများ ပေးပို့ ပိဋကတ် အလှုုခံသံတမန်အဖွဲ့ကို စေလွှတ်ခဲ့သည်။

 

မနူဟာမင်းသည် ပုဂံပြည်မှ စေလွှတ်လိုက်သော ပိဋကပ်အလှုုခံ သံတမန်အဖွဲ့ကို ပိဋကတ်မလှုုလိုက်သည့်အပြင် မစဉ်း စားမဆင်ခြင်ပဲ”အရည်းကြီးသာသနာထွန်းကားခဲ့သော ပုဂံပြည်တွင် ဗုဒ္ဓဘာသာထွန်းကားမည်ဟု ငါမယုံကြည် ၊ သင်တို့လို မိစ္ဆာနိုင်ငံနှင့် ပိဋကတ်တော်သည် တန်သလော ၊ ငါသေမှ ပိဋကတ်ကျမ်းစားများရမည်”ဟူသောစကားကို ပြောဆိုပြီး နန်းဆောင်းအတွင်းသို့ ဝင်သွားသည်။

 

သံတမန်အဖွဲ့လည်း ပြည်တော်ပြန်ခဲ့လေသည်။အနော်ရထာမင်း၏ ပိဋကတ်တော်ကို အခန်းနားဖြင့် ကြိုဆိုမည့် အစီစဉ်လည်း ဖျက်ခဲ့ရလေသည်။အနော်ရထားမင်း စဉ်းစားရလေပြီ။ချစ်ကြည်ရေး ရွှေလမ်းခင်းခဲ့သော်လည်း ကမ်းလက်ကို မနူဟာ ဘုရင်ပုတ်ထုတ်ခဲ့သည်။တစ်ရာ့တစ်ပါးသော မင်းနိုင်ငံများကြားတွင် ပုဂံပြည် စော်ကားခံရသော သတင်းသည်ပြန့်နှံ့နေတော့မည်။ရှက်ဖွယ်ဖြစ်လေစွ။

တစ်ဖက်ကလည်း ပိဋကတ်တော်သည် ပုဂံသာသနာအတွက် မရှိမဖြစ်လိုအပ်နေပြန်သည်။သ့ိုသော် စစ်လည်းမဖြစ်လို။စစ်ဖြစ်လျင် ပြည်သူများမြေစာပင်ဖြစ်ရပေတော့မည် အနော်ရထာမလိုလား စဉ်းစားရခက်ပါဘိ။ထိုအချိန်တွင် သထုံပြည်မှ ဗျတ္တ ပုဂံပြည်သို့ရောက်လာသည်။ဗျတ္တသည် သူသထုံပြည်မှ ထွက်ပြေးလာရသောအကြောင်းကို အနော်ရထာမင်းထံ လျှောက်တင်သည်။

ထို့နောက် သထုံပြည်ရှင် မနူဟာမင်း ၏ စစ်အတွက် ကြိုတင်ပြင်ဆင်နေပုံကို ထပ်မံလျှောက်တင်သည်။သြော်မနူဟာဘုရင်တောင် စစ်အတွက်ပြင်နေမှတော့ ပုဂံသည်လည်း စစ်တိုက်ရပေတော့မည်။စစ်သူကြီး ကျန်စစ်သားနှင့်အဖွဲ့ကို စစ်အတွက်ပြင်ဆင်စေသည်။သို့သော် ဖြစ်နိုင်လျင်မတိုက်ချင်။နောက်တစ်ကြိမ် သံတမန် အဖွဲ့ကို ထပ်၍စေလွှတ်ဦးမည် မရပါမှ စစ်ကိုတိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

 

ဤသို့ဖြင့် နောက်တစ်ကြိမ် သံအဖွဲ့ကို ဆင် ဖြူတော် ပဏာဆက်၍ သထုံသို့ ထက်မံစေလွှတ်သည်။မနူဟာ မင်းသည် သံအဖွဲ့ကို အတွေ့ပင်မခံခဲ့။ခက်ပါဘိ မနူဟာရယ်။ဤသိုဖြင့် ပုဂံနှင့် သထုံ စစ်ဖြစ်ကြသည်။ထိုစစ်ပွဲတွင် ဗျတ္တသည် ပုဂံဘက်မှ အသက်ပေး၍ တိုက်ခဲ့သည်။အကယ်၍ မနူဟာမင်းသည် ဗျတ်ဝိနှင့် ဗျတ္တ၏အသက်ကို ရန်မရှာခဲ့ပါက ယခုလို စစ်ပွဲမျိုးတွင် သထုံအတွက် အားတစ်ရပ်ဖြစ်မည်မှာ အမှန်ပင်ဖြစ်ပေသည်။

အခုတော့ ကိုယ့်အားက သူများအားဖြစ်သွားရသည်။သထုံ စစ်ရှုံးခဲ့သည်။အနော်ရထာမင်းသည် သဘောထားကြီးစွာ စစ်ရှုံးဘုရင်ကို မကွတ်မျက်ဘဲ အ သက် ချမ်းသာပေးခဲ့သည်။စစ်ရှုံးသောသထုံမှ ဘုရင်အပါဝင် လူပညာတက် ရဟန်းပညာတက်များ ပိဋကတ်ကျမ်းစာများ ပုဂံသို့ ယူစောင်ခြင်းခံခဲ့ရသည်။မနူဟာ စစ်ရှုံးဘုရင်သည် ကိုယ့်ထီး ကိုယ့်နန်း တွင်အုပ်ချုပ်သူ ဘုရင်အဖြစ်နေလာခဲ့ရမှ သူများလက်အောက်တွင် အသက်မသေပဲ ပြည့်ပြည့်စုံစုံ နေခွင့်ရသော်လည်း စိတ်ဆင်းရဲခြင်း နောင်တရခြင်း ဖြင့်ဘဝကို အဆုံးသက်ခဲ့ရသည်။

 

မနူဟာမင်းအတွက် အခွင့်ရေး နှစ်ကြိမ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။အကယ်၍သာ အနော်ရထာမင်း ချစ်ကြည်ရေး လမ်းဖောက်ခဲ့စဉ်က ကြည်သာစွာလက်ခံပါလျင် မိမိကိုယ်ကို အယုံကြည်မလွန်ခဲ့ပါလျင် အမျက်မာန်မထွက်ခဲ့ပါလျင် စဉ်းစားဆင်ခြင်တိုင်းထွာခဲ့လျင် အခုလို သူလက်အောက်တွင် ရှင်လျှက်သေသလိုအဖြစ်မျိုး ကြုံရမည်မဟုတ်ပါ။

 

သမိုင်းတွင် သုဝဏ္ဏဘူမိ သထုံပြည်၏ရွှေနန်းကျော့ရှင် ဘုရင်မင်းတရားကြီး မနူဟာ။ဘုရားကျောင်းကန်ဇရပ် ဒါယိကာကြီး မနူဟာ။မောက်မာထောင်လွှားလွန်းသော မနူဟာ။မိမိကိုယ်ကို ယုံကြည်လွန်းသော မနူဟာ။စဉ်းစားဆင်ခြင်နည်းသော မနူဟာ အဖြစ်တွင်ခဲ့လေပြီ။လူတို့ မည်သည် ကိုယ့်သမိုင်းကို ကိုယ်သာရေးထိုးခဲ့ခြင်း ဖြစ်လေသည်။

 

Credit

 

Zawgyi

 

သုဝဏၰဘူမိ ျပည့္ရွင္ မႏူဟာမင္းႀကီးအေၾကာင္း

 

 

မႏူဟာ မင္းတရားဆိုသည္မွာ ပထမျမန္မာနိုင္ငံေတာ္တည္ေထာင္ခဲ့ေသာ အေနာ္ရထာမင္းႏွင့္ ေခတ္ၿပိဳင္ေပၚထြန္းခဲ့ေသာ ဘုရင္တစ္ပါးျဖစ္ေလသည္။မႏူဟာ မင္းတရားႀကီးသည္ အေၾကာင္းေျပာလွ်င္မပါမျဖစ္ သုဝဏၰဘူမိ သထုံျပည္အေၾကာင္း ပါရေပေတာ့မည္။

သထုံျပည္သည္ ပထဝီအေနထားအရ ပင္လယ္ထြက္ေပါက္ ၊ ကာရန္ေနေသာ ေတာင္တန္းမ်ား ၊ ခိုင္မာေသာ ခံတပ္မ်ားႏွင့္ သာသနာေရာင္ထြန္း ေျပာင္ ၿပီး သူ႕ေခတ္သူခါက စည္ပင္သာယာေသာ ၊ယဥ္ေက်းမႈထြန္းကားေသာ နိုင္ငံတစ္ခုျဖစ္ေပသည္။

သထုံျပည္သည္ စစ္ေရးအရပဲၾကည့္ၾကည့္ စီးပြားေရးအရပဲၾကည့္ၾကည့္ ဘာသာေရးအရပဲၾကည့္ၾကည့္ အဖက္ဖက္က ျပည့္စုံေနေတာ့ ဘုရင္ႀကီး မႏူဟာ မာန္တက္ခ်င္စရာ…မႏူဟာ ဘုရင္ႀကီးသည္လည္း ပုထုဇဥ္ပင္ျဖစ္ေလေတာ့ သူ၏ထိုင္ခုံေလး ၿမဲခ်င္ေပမည္။ထို႔ေၾကာင့္ အရာရာကို စည္႐ုံးေရးျဖင့္မသြားဘဲ တစ္ေသြးတစ္သံတစ္မိန႔္ ျဖင့္ စိတ္ရွိသမွ် အလိုရွိသလို ျပဳမႈေလသည္။

ဗ်တ္ဝိႏွင့္ဗ်တၱ အျဖစ္ကိုပဲ ၾကည့္ပါအုံး။ေရေမ်ာကမ္းတင္ကုလားညီကို ႏွစ္ေယာက္ကို သနားသျဖင့္ မင္းဆရာဘုန္းေတာ္ႀကီးဘုရားမွ ေက်ာင္းတြင္ ေမြးထားၿပီး ပညာမ်ားသင္ၾကားေပးသည္။သူတို႔ညီကို ႏွစ္ေယာက္၏ကံသည္ ေကာင္းျခင္၍လား ဆိုးျခင္လို႔လားမသိ,တစ္ရက္တြင္ ဆရာေတာ္မွ ထူးျခားရွားပါးေသာ ေဆးျမစ္တစ္ခုကိုေတြ႕သည္။

ထိုေဆးျမစ္၏အစြမ္းသည္ ဆင္ေျပာင္ဆယ္စီးအားကိုေဆာင္ သည္ ခုန္ပ်ံေက်ာ္လႊားနိုင္စြမ္းရွိသည္ အသက္ရွည္သည္ ဟုက်မ္း ဂန္မ်ားတြင္ ေဖာ္ျပထားသည္။ဆရာေတာ္ ေသခ်ာစစ္ေဆးၿပီးေရေမ်ာကမ္းတင္ ကုလားေလး ႏွစ္ေယာက္ကို ေဆးျမစ္တူးခိုင္းသည္။ထိုမွ်မကေသး ေဆးျမစ္၏အစြမ္းကိုလည္း ဆရာေတာ့မွ ကုလားႏွစ္ေယာက္ကို ေျပာမိသည္။

ဘုန္းႀကီးခ်စ္ေတာ္ ကုလားေလး ႏွစ္ေယာက္သည္လည္း သူတို႔ စားရမည္အထင္ျဖင့္ အားက်ိဳးမာန္တက္ တူးေလသည္ သို႔ေသာ္ ေဆးျမစ္ရလာ၍ ေက်ာင္းသို႔ ျပန္ေရာက္ေသာအခါ ကုလားေလး ႏွစ္ေယာက္ ေနာက္ထပ္ျမင္ခြင့္ မရေတာ့ေပ။ဆရာေတာ္မွ ဖြတ္ထားေလေတာ့သည္။တစ္ရက္ ဆရာေတာ္ နန္းေတာ္သို႔ ဆြမ္းစားႂကြေလသည္။ကုလားေလး ႏွစ္ေယာက္အတြက္ မဟာအခြင့္အေရးပင္။အခြင့္အေရးကို အမိရအသုံးခ်သည္။

ေဆးျမစ္ကို တစ္ေက်ာင္းလုံး ေျမလွန္ရွာသည္ ေနာက္ဆုံးတြင္ ဘုရားဆင္းတု အန္ဝွက္ထဲမွ ေတြ႕ေလသည္။ေဆးျမစ္ကို ေက်ာက္ျပင္တြင္ေသြးသည္။ေသြးသည္မွ ဘာမွမက်န္ေအာင္ကိုေသြးသည္။ထို႔ေနာက္ ညီကိုႏွစ္ေယာက္ တစ္ေယာက္တစ္ဝက္ ခြဲၿပီးေသာက္လိုက္ေလသည္။ေဆးစြမ္းျပေလၿပီ။ခႏၶာကိုယ္သည္ ေပါ့ပါးလာသည္။

လူလည္းအၿငိမ္ေန၍မရေတာ့ ထို႔ေၾကာင့္ ေက်ာင္းေပၚမွ ပစၥည္းမ်ားေအာက္သို႔ခ်သည္ အျခားေနရာမွ ပစၥည္းမ်ားလည္း ေနရာေ႐ႊ႕သည္ ဒါလည္းဂဏွာကမၿငိမ္ေသး ေ႐ႊ႕စရာလည္းကုန္ၿပီ။ေနာက္ဆုံး ႀကံရာမရေတာ့တဲ့အဆုံး ေက်ာင္းအျပင္မွ ေက်ာက္ဖ်ာႀကီး တစ္ခ်ပ္ကို ညီကိုႏွစ္ေယာက္မၿပီး ေက်ာင္းေပါက္ဝနားေ႐ႊ႕လိုက္သည္။ထိုသို႔ ေ႐ႊ႕လိုက္မွ ေနသာထိုင္သာရွိသြားသည္။

 

ဆရာေတာ္ နန္းေတာ္မွ ျပန္ေရာက္လာေသာအခါ အေျခေနပ်က္ေနေသာ ေက်ာင္းကိုၾကည့္၍ အျဖစ္ပ်က္ကို သေဘာေပါက္သြားေလသည္။ေကာင္း၍ရေသာ ေဆးျမစ္ေလး ေရေမ်ာ ကမ္းတင္ ကုလားႏွစ္ေယာက္ လက္ခ်က္မိသြားေလၿပီ ႏွေမွ်ာေန႐ုံျဖင့္လည္း ျပန္မရနိုင္ေတာ့ တရားႏွင့္သာေျဖရေပေတာ့မည္။ေၾသာ္ အနိစၥ မၿမဲပါတကား။ေရေမ်ာကမ္းတင္ ကပၸိယ ကုလားေလး ႏွစ္ေယာက္ ခ်က္ခ်င္းလက္ ငင္း လူစြမ္းေကာင္းျဖစ္လာသည္။လူစြမ္းေတာ့ စမ္းလိုသူမ်ားေပါလာသည္။

ခ်စ္လိုသူမ်ားေပါလားသည္။ဘယ္လိုပင္စမ္းသက္ပါေစ ကု လားေလးတို႔ အသာရၿမဲ။သိလို၍စမ္းသက္က်ေသာ္လည္း အရႈံးႏွင့္ရင္ဆိုင္ရေသာအခါ လူ႕သဘာဝအရ မနာလို မရႈ႕စိမ့္ ျဖစ္လာသည္။ပိုဆိုးလာသည္မွာ အႀကီးေကာင္”ဗ်တ္ဝိ”ေၾကာင့္ျဖစ္သည္။သူသည္ အေခ်ာအလွ ကြမ္းေတာင္ ပန္းေတာင္ကိုင္ လူပ်ိဳတို႔ အသည္းစြဲ မအိုဇာႏွင့္ ရည္ငံေနသည္။

တ႐ြာသား ေရေမ်ာကမ္းတင္က ကိုယ့္ရပ္႐ြာက အဖူးအၫြန႔္ေလးကို ဆြတ္ခူးေလေတာ့ ကိုကိုကာလာသားမ်ား မေက်နပ္ခ်က္က အထြဋ္ထိပ္ ေရာက္ေလၿပီ။ကုလားေလး ႏွစ္ေယာက္ကို ယွဥ္ၿပိဳင္သတ္ပုတ္ရန္ကလည္း မျဖစ္နိုင္။ဤေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ဆိုသလို ဘုရင့္ထံသြားၿပီး ထီးနန္းအတြက္ အႏၲရာယ္ရွိသူေတြပါဆိုၿပီး ေလွ်ာက္ထားလိုက္လွ်င္ ဗ်တ္ဝိ ႏွင့္ ဗ်တၱလည္းေသ မအိုဇာကိုလည္း ျပန္ၿပီးပိုးပန္း၍ရ ဘယ္ ေလာက္ေကာင္းတဲ့ အႀကံပါလဲ။

(ေၾသာ္ ကြၽန္ေတာ္တို႔ ျမန္မာေတြက ဟိုးေရွးတည္းက မစားရတဲ့အမဲ သဲႏွင့္ပတ္ခဲ့တာကို။ အခုခတ္မွာ ရိုးရာယဥ္ေက်းမႈအေမြေတြ ေပ်ာက္သြားေပမယ့္ ဆိုးေမြေတာ့ က်န္ေနတုန္းပါပဲ)တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္သူကလည္း လူစြမ္းေကာင္းဆိုလွ်င္ ေမြးမည္မႀကံ သူ႕ထီးနန္းအတြက္ ခလုတ္ဆူးေျငာင့္ ဆိုၿပီး ဖမ္းေစသည္။

အႀကီးျဖစ္သူ ဗ်တ္ဝိ မွာရည္းစားျဖစ္သူ မအိုဇာ အိမ္တြင္ မအိုဇာ ကိုအေၾကာင္းျပဳ၍ အဖမ္းခံခဲ့ရသည္။အငယ္ျဖစ္သူ ဗ်တၱမွာ ပုဂံျပည္သို႔ ထြက္ေျပးလႊတ္ေျမာက္သြားသည္။အဖမ္းခံရေသာ ဗ်တ္ဝိမွာ အသတ္ခံခဲ့ရသည္။ဗ်တ္ဝိကို သတ္ေသာအခ်ိန္သည္ ပုဂံမင္းေနျပည္ႏွင့္ မသင့္မတင့္ ျဖစ္ေနေသာ အခ်ိန္ျဖစ္သည္။ပုဂံမင္းေနျပည္ေတာ္သည္ ဘုရင္အေနာ္ရထာ နန္းတက္လာေသာ အခ်ိန္မွ စ၍ အေျပာင္းလဲမ်ား ျဖစ္လာသည္။

ပထမဆုံး အေျပာင္းလဲမွာ အဘက္ဘက္မွ ယိုယြင္းေနေသာ ပုဂံျပည္ကို ျပန္လည္တည္ေထာင္ရန္ ေတာ္ေသာ စြမ္းေသာ ေကာင္းေသာ သူမ်ားကို စတင္စုေဆာင္းသည္။က်န္စစ္သား ငေထြ႐ု ငလုံးလဖယ္ ေညာင္ဦးဖီ စေသာ သူရဲေကာင္း မ်ားရလာသည္။ေနာက္အေျပာင္းလဲ တစ္ခုမွာ အရွင္အရဟံမေထရ္ျမတ္၏ သြန္သင္ဆုံးမ လမ္းျပမႈျဖင့္ အေနာ္ရထာမင္းႀကီးသည္ ဗုဒၶဘာသာ ျဖစ္လာသည္။သူ၏နန္းတြင္းမွသူမ်ားသည္လည္း ဗုဒၶဘာသာျဖစ္လာသည္။

သို႔ေသာ္ ပုဂံတြင္ အရည္းႀကီး သာသနာထြန္းကားခဲ့သည္မွာ ႏွစ္ေပါင္းရာေက်ာ္ ရွိေနၿပီ။ျပည္သူတို႔မွာလည္း အရည္းႀကီးရဟန္းတု မ်ား၏ အင္း အိုင္ လက္ဖြဲ႕ ေပးျခင္း,ေရွ႕ျဖစ္ ေနာက္ျဖစ္ ေဟာေျပာျခင္း တို႔ျဖင့္ စည္းရႈံးမႈ အျပင္ အရည္းႀကီးတို႔၏ ဓားေရးထက္မႈတို႔ေၾကာင့္ အရိုးထဲ အသားထဲထိ အရည္းႀကီးသားသနာ စြဲေနသည္။ထိုအရည္းႀကီးသာသနာကို အေနာ္ရထာမင္းသည္ ရွင္အရဟံ ႏွင့္ စစ္သူႀကီးေလးဦး အကူညီျဖင့္ရွင္းလင္းခဲ့သည္။

ယခုအခါတြင္ ပုဂံျပည္သည္ သာသနာစတင္ထြန္းကားလာၿပီ သို႔ေသာ္ လိုအပ္ခ်က္မ်ားက ရွိေနဆဲပင္။ထိုအိုအပ္ခ်က္မွာ ပိဋကတ္ က်မ္းစာအုပ္မ်ားျဖစ္သည္။ထို႔အတြက္ သထုံမင္းတရားထံ ခ်စ္ၾကည္ေရးလည္းျဖစ္ ပိဋကတ္လည္းရ အႀကံစည္ျဖင့္ လက္ေဆာင္ပဏာမ်ား ေပးပို႔ ပိဋကတ္ အလႈုခံသံတမန္အဖြဲ႕ကို ေစလႊတ္ခဲ့သည္။

 

မႏူဟာမင္းသည္ ပုဂံျပည္မွ ေစလႊတ္လိုက္ေသာ ပိဋကပ္အလႈုခံ သံတမန္အဖြဲ႕ကို ပိဋကတ္မလႈုလိုက္သည့္အျပင္ မစဥ္း စားမဆင္ျခင္ပဲ”အရည္းႀကီးသာသနာထြန္းကားခဲ့ေသာ ပုဂံျပည္တြင္ ဗုဒၶဘာသာထြန္းကားမည္ဟု ငါမယုံၾကည္ ၊ သင္တို႔လို မိစာၦနိုင္ငံႏွင့္ ပိဋကတ္ေတာ္သည္ တန္သေလာ ၊ ငါေသမွ ပိဋကတ္က်မ္းစားမ်ားရမည္”ဟူေသာစကားကို ေျပာဆိုၿပီး နန္းေဆာင္းအတြင္းသို႔ ဝင္သြားသည္။

 

သံတမန္အဖြဲ႕လည္း ျပည္ေတာ္ျပန္ခဲ့ေလသည္။အေနာ္ရထာမင္း၏ ပိဋကတ္ေတာ္ကို အခန္းနားျဖင့္ ႀကိဳဆိုမည့္ အစီစဥ္လည္း ဖ်က္ခဲ့ရေလသည္။အေနာ္ရထားမင္း စဥ္းစားရေလၿပီ။ခ်စ္ၾကည္ေရး ေ႐ႊလမ္းခင္းခဲ့ေသာ္လည္း ကမ္းလက္ကို မႏူဟာ ဘုရင္ပုတ္ထုတ္ခဲ့သည္။တစ္ရာ့တစ္ပါးေသာ မင္းနိုင္ငံမ်ားၾကားတြင္ ပုဂံျပည္ ေစာ္ကားခံရေသာ သတင္းသည္ျပန႔္ႏွံ႕ေနေတာ့မည္။ရွက္ဖြယ္ျဖစ္ေလစြ။

တစ္ဖက္ကလည္း ပိဋကတ္ေတာ္သည္ ပုဂံသာသနာအတြက္ မရွိမျဖစ္လိုအပ္ေနျပန္သည္။သ့ိုေသာ္ စစ္လည္းမျဖစ္လို။စစ္ျဖစ္လ်င္ ျပည္သူမ်ားေျမစာပင္ျဖစ္ရေပေတာ့မည္ အေနာ္ရထာမလိုလား စဥ္းစားရခက္ပါဘိ။ထိုအခ်ိန္တြင္ သထုံျပည္မွ ဗ်တၱ ပုဂံျပည္သို႔ေရာက္လာသည္။ဗ်တၱသည္ သူသထုံျပည္မွ ထြက္ေျပးလာရေသာအေၾကာင္းကို အေနာ္ရထာမင္းထံ ေလွ်ာက္တင္သည္။

ထို႔ေနာက္ သထုံျပည္ရွင္ မႏူဟာမင္း ၏ စစ္အတြက္ ႀကိဳတင္ျပင္ဆင္ေနပုံကို ထပ္မံေလွ်ာက္တင္သည္။ေၾသာ္မႏူဟာဘုရင္ေတာင္ စစ္အတြက္ျပင္ေနမွေတာ့ ပုဂံသည္လည္း စစ္တိုက္ရေပေတာ့မည္။စစ္သူႀကီး က်န္စစ္သားႏွင့္အဖြဲ႕ကို စစ္အတြက္ျပင္ဆင္ေစသည္။သို႔ေသာ္ ျဖစ္နိုင္လ်င္မတိုက္ခ်င္။ေနာက္တစ္ႀကိမ္ သံတမန္ အဖြဲ႕ကို ထပ္၍ေစလႊတ္ဦးမည္ မရပါမွ စစ္ကိုတိုက္ေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။

 

ဤသို႔ျဖင့္ ေနာက္တစ္ႀကိမ္ သံအဖြဲ႕ကို ဆင္ ျဖဴေတာ္ ပဏာဆက္၍ သထုံသို႔ ထက္မံေစလႊတ္သည္။မႏူဟာ မင္းသည္ သံအဖြဲ႕ကို အေတြ႕ပင္မခံခဲ့။ခက္ပါဘိ မႏူဟာရယ္။ဤသိုျဖင့္ ပုဂံႏွင့္ သထုံ စစ္ျဖစ္ၾကသည္။ထိုစစ္ပြဲတြင္ ဗ်တၱသည္ ပုဂံဘက္မွ အသက္ေပး၍ တိုက္ခဲ့သည္။အကယ္၍ မႏူဟာမင္းသည္ ဗ်တ္ဝိႏွင့္ ဗ်တၱ၏အသက္ကို ရန္မရွာခဲ့ပါက ယခုလို စစ္ပြဲမ်ိဳးတြင္ သထုံအတြက္ အားတစ္ရပ္ျဖစ္မည္မွာ အမွန္ပင္ျဖစ္ေပသည္။

အခုေတာ့ ကိုယ့္အားက သူမ်ားအားျဖစ္သြားရသည္။သထုံ စစ္ရႈံးခဲ့သည္။အေနာ္ရထာမင္းသည္ သေဘာထားႀကီးစြာ စစ္ရႈံးဘုရင္ကို မကြတ္မ်က္ဘဲ အ သက္ ခ်မ္းသာေပးခဲ့သည္။စစ္ရႈံးေသာသထုံမွ ဘုရင္အပါဝင္ လူပညာတက္ ရဟန္းပညာတက္မ်ား ပိဋကတ္က်မ္းစာမ်ား ပုဂံသို႔ ယူေစာင္ျခင္းခံခဲ့ရသည္။မႏူဟာ စစ္ရႈံးဘုရင္သည္ ကိုယ့္ထီး ကိုယ့္နန္း တြင္အုပ္ခ်ဳပ္သူ ဘုရင္အျဖစ္ေနလာခဲ့ရမွ သူမ်ားလက္ေအာက္တြင္ အသက္မေသပဲ ျပည့္ျပည့္စုံစုံ ေနခြင့္ရေသာ္လည္း စိတ္ဆင္းရဲျခင္း ေနာင္တရျခင္း ျဖင့္ဘဝကို အဆုံးသက္ခဲ့ရသည္။

 

မႏူဟာမင္းအတြက္ အခြင့္ေရး ႏွစ္ႀကိမ္ရခဲ့ေသာ္လည္း အသုံးမခ်နိဳင္ခဲ့ေပ။အကယ္၍သာ အေနာ္ရထာမင္း ခ်စ္ၾကည္ေရး လမ္းေဖာက္ခဲ့စဥ္က ၾကည္သာစြာလက္ခံပါလ်င္ မိမိကိုယ္ကို အယုံၾကည္မလြန္ခဲ့ပါလ်င္ အမ်က္မာန္မထြက္ခဲ့ပါလ်င္ စဥ္းစားဆင္ျခင္တိုင္းထြာခဲ့လ်င္ အခုလို သူလက္ေအာက္တြင္ ရွင္လွ်က္ေသသလိုအျဖစ္မ်ိဳး ႀကဳံရမည္မဟုတ္ပါ။

 

သမိုင္းတြင္ သုဝဏၰဘူမိ သထုံျပည္၏ေ႐ႊနန္းေက်ာ့ရွင္ ဘုရင္မင္းတရားႀကီး မႏူဟာ။ဘုရားေက်ာင္းကန္ဇရပ္ ဒါယိကာႀကီး မႏူဟာ။ေမာက္မာေထာင္လႊားလြန္းေသာ မႏူဟာ။မိမိကိုယ္ကို ယုံၾကည္လြန္းေသာ မႏူဟာ။စဥ္းစားဆင္ျခင္နည္းေသာ မႏူဟာ အျဖစ္တြင္ခဲ့ေလၿပီ။လူတို႔ မည္သည္ ကိုယ့္သမိုင္းကို ကိုယ္သာေရးထိုးခဲ့ျခင္း ျဖစ္ေလသည္။

 

Credit

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *