ခုခေတ်သမီးပျိူတွေ မှတ်သားသင့်တဲ့ ရှင်စောပု မိဖုရားကြီး သူ့အခြွေအရံများကို ဆုံးမတဲ့ စကား

ခုခေတ်သမီးပျိူတွေ မှတ်သားသင့်တဲ့ ရှင်စောပု မိဖုရားကြီး သူ့အခြွေအရံများကို ဆုံးမတဲ့ စကား

 

 

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ –ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။

ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။မိန်းမတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။

အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက်သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ် လေ။ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက်သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ဝတ်ဆင်ထားတဲ့မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။

ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှအမှောင်မလွှမ်းသွားပါစေနဲ့။သမီးတော်တို့ . . ရဟန်းတော်တွေဆိုတာကလည်းအာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။

ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ် မက် စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင်..ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ်.. ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာနှမငယ် သမီးငယ်တစ်ယောက်လိုကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။

 

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။ ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်းတဲ့..။

 

Credit

 

Zawgyi

 

ခုေခတ္သမီးပ်ိဴေတြ မွတ္သားသင့္တဲ့ ရွင္ေစာပု မိဖုရားႀကီး သူ႕အေႁခြအရံမ်ားကို ဆုံးမတဲ့ စကား

 

 

ရွင္ေစာပု မိဖုရားႀကီးက ဘုန္းႀကီးေက်ာင္းသြားခါနီး သူ႕အေႁခြအရံမ်ားကို ေျပာေနသည္မွာ –ထိပ္ထား တစ္ခုသတိေပးခ်င္ေသးတယ္။သမီးေတာ္တို႔ေရာ ေသေသခ်ာခ်ာနားေထာင္ၾကေနာ္။

ယခုမယ္မယ္တို႔ သြားရမွာက ရဟန္းေတာ္ေတြ သီတင္းသုံးတဲ့ ေနရာ၊မယ္မယ္တို႔ ခ်ယ္သထားတာက တကယ့္ပြဲလမ္းသဘင္သြားမယ့္အတိုင္းပဲ။မိန္းမတစ္ေယာက္ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႕ အမူအရာေတြဟာဆန႔္က်င္ဘက္ ျဖစ္တဲ့ ပုရိသေတြကို ဆြဲေဆာင္နိုင္စြမ္းရွိတယ္။

အဆန္းတၾကယ္ ျပင္ဆင္မြမ္းမံမႈက ညွို႔ယူလိုက္တဲ့အတြက္သူတို႔မွာ ပူေလာင္တဲ့ဆႏၵ ျဖစ္လာနိုင္တယ္ ေလ။ဒီလို သူ႕စိတ္ကို အေမွာင္ရိပ္လႊမ္းသြားတာနဲ႕ တၿပိဳင္နက္သူ႕မွာ အျပစ္ျဖစ္ရသလို သူ႕ကိုပူေလာင္ေအာင္ ဝတ္ဆင္ထားတဲ့မိန္းမမွာလည္း တန္းတူ အျပစ္ျဖစ္ရတယ္။

ဒီေတာ့ ကိုယ့္ရဲ႕အေနအထိုင္ေၾကာင့္ တစ္ပါးသူတစ္ဦးကို ဘယ္ေတာ့မွအေမွာင္မလႊမ္းသြားပါေစနဲ႕။သမီးေတာ္တို႔ . . ရဟန္းေတာ္ေတြဆိုတာကလည္းအာသေဝါကုန္းခမ္းၾကေသးတာ မဟုတ္ဘူး။

ပုထုဇဥ္ေတြပဲျဖစ္လို႔ ျပာဖုံးေနတဲ့ မီးခဲေတြပါပဲ။ဒီမီးခဲေတြကို သမီးေတာ္တို႔ရဲ႕ တပ္ မက္ စရာ ႐ူပါ႐ုံဆိုတဲ့ ေလေျပတစ္ခ်က္ေမြ႕လိုက္ရင္..ထိပ္ထား မဆက္ပါရေစနဲ႕ေတာ့ကြယ္.. ။

ဒါေၾကာင့္ သင့္တင့္႐ုံပဲ ျပင္ဆင္ၾက၊ ေခါင္းကပန္းေတြျဖဳပ္လိုက္။မႈံနံ႕သာေတြကိုလည္း ဖ်က္လိုက္ၾကပါဦး။လုံလုံၿခဳံၿခဳံဝတ္ဆင္ၿပီး ျမင္ရသူစိတ္ထဲမွာႏွမငယ္ သမီးငယ္တစ္ေယာက္လိုက႐ုဏာပြားလာေအာင္ ေျပာဆို ဆက္ဆံၾကပါကြယ္။

 

မသန္းသန္း (မန္းတကၠသိုလ္)၏ ရွင္ေစာပု အမည္ရွိ စာအုပ္မွ။ဒါေၾကာင့္ဆရာေတာ္ဘုရားႀကီးေတြ ဆုံးမၾကတယ္။ ပစၥည္း ၊ မာတု ၊ ထိုႏွစ္ခု ဘိကၡဳ ေသမင္း ဓားႏွစ္စင္းတဲ့..။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *