မွန်ရာဇဝင်တွေထဲမှာ ထင်ရှားခဲ့တဲ့ မဂဒူး(ခေါ်) ဝါရီရူမင်း(မိုးပေါ်ကကျလာသောမင်း)အကြောင်း

မွန်ရာဇဝင်တွေထဲမှာ ထင်ရှားခဲ့တဲ့ မဂဒူး(ခေါ်) ဝါရီရူမင်း(မိုးပေါ်ကကျလာသောမင်း)အကြောင်း

 

 

 

ယခု သထုံနယ်ရှိ ဒုန်ဝန်းကို ရှေးက တကော့ဝန်း ခေါ်သည်။ ထို တကော့ဝန်း အရပ်သား မွန်လူမျိုး မဂဒူး ဆိုသူသည် ယိုးဒယား ၊ ဇင်းမယ် ဘက်ရှိ သောက္ကတဲ (စုက္ကတေး) သို့ ငယ်သား သုံးကျိပ်နှင့် ကုန်ကူးရန် သွားလေ့ရှိ၏။

တစ်ခါသော် ထိုသို့သွားစဉ် လမ်း၌ မိမိ၏ အဖော်တစ်ယောက် မကျန်းမမာသဖြင့် ထိုသူ၏ ဝန်ကို မဂဒူး ကိုယ်တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကို မိုးကြိုးပစ်လေ၏။ ထိုမိုးကြိုးပစ်သော လျှပ်စစ်တွင် ရွှေပြသာဒ်သဏ္ဌာန် တစ်ခုကို မဂဒူး ထင်ထင်ရှားရှား မြင်လိုက်ရလေ၏။

 

နိမိတ်ကောင်းလှသည်ဟု ထိုအရပ်ရှိ ပညာရှိကြီး တစ်ဦးထံတွင် မေးမြန်းရာ ” သင်၏ နိမိတ်ကြီးလှသည် ၊ သင်၏ အရပ်နှင့်အမျှ ငွေပုံ၍ ပူဇော်မှ ဟောမည် ” ဟုဆို၏။ ဉာဏ်ကြီးသော မဂဒူးကလည်း ဝါးကို ကိုယ်နှင့်အမျှ ဖြတ်၍ထောင်လျက် ငွေတစ်ကျပ် တင်ကာ ဆိုတိုင်း ပူဇော်ပါပြီဟု ဆိုလေ၏။

ပညာရှိကြီးကလည်း” သင်သည် ဘုန်းလည်းရှိ၏ ၊ ပညာလည်း ရှိ၏ ၊ ယနေ့ကစ၍ ကုန်မသွယ်နှင့်တော့ ၊ မင်းထံတွင် ခစားလေ ၊ သည်နှစ်တွင် မင်းဖြစ်လိမ့်မည် ” ဟု ဟောလေ၏။ မဂဒူးလည်း ဝမ်းမြောက်စွာဖြင့် ပညာရှိကြီးကို ဦးခိုက်၍ သွားလေ၏။သောက္ကတဲသို့ ရောက်သော် မင်းထံ၌ ခစားရန် အဝတ်အစား မပြည့်စုံသဖြင့် ဆင်ကဲထံ၌ ခစားလေ၏။

ထကြွသော လုံ့လဝီရိယဖြင့် နေ့ညဉ့်အတူ ဆင်စာ ကျွေးခြင်း ၊ ဆင်ချေး အမှိုက်များကို သုတ်သင်ရှင်းလင်းခြင်း စသည်တို့ကို ကောင်းစွာပြုစုပေ၏။ ဆင်ကဲလည်း အလွန် နှစ်သက်လေ၏။

တစ်နေ့၌ မင်းသည် ဆင်ကြည့်လာသောအခါ သန့်ပြန့်ကျစ်လျစ်စွာ တွေ့၍ မေးတော်မူလျှင် ဝန်မြို့မှ မွန်ကလေးတစ်ယောက် လုံ့လဝီရိယနှင့် သွက်လက်ဖျတ်လတ်ကြောင်း ၊ ထိုသူငယ် သုတ်သင်ထားကြောင်း စသည်ဖြင့် ဆင်ကဲက လျှောက်ပေ၏။

 

မင်းသည်လည်း ခေါ်၍ ကြည့်ရှု ၊ ချစ်ခင်ခြင်း ရှိလေ၏။နောက်တစ်ကြိမ် လာပြန်သောအခါ မင်းကြီးငုံသော ကွမ်းဖတ်ကို ထုတ်၍ ခံတွင်းဆေးတော်မူရာ ကြွေငယ်တစ်လုံးရုတ်တရက် ပေါ်လာလေသဖြင့် မဂဒူးကို ခေါ်၍ ညွှန်ပြတော်မူလျှင် မဂဒူးလည်း ဦးခိုက်ကာ ကောက်ယူတော်မူလေ၏။

 

မင်းပြန်သော် မဂဒူးသည် ဤကြွေငယ်ကို ခေါ်၍ ပေးတော်မူသည်မှာ ငါ၏ လုပ်ရည်ကြံရည်ကို စုံစမ်းလို၍ ဖြစ်တန်ရာသည်ဟု ကြံတွေးပြီးလျှင် ဈေးသို့သွား၍ ထိုကြွေနှင့် ဟင်းနုနယ်စေ့များကို ဝယ်၏။

ဈေးသည်မကလည်း ပြက်ရယ်ပြုလျက် ” ကြွေငယ်တစ်လုံးအတွက် ငါ မည်မျှဟူ၍ မပေးတတ် ၊ လက်ညှိုးတစ်ချောင်းတွင် တင်သ၍ မင်းယူတော့ ” ဟုဆို၏။ မဂဒူးလည်း ဉာဏ်ရှိသူဖြစ်၍ လက်ညှိုးတစ်ချောင်းလုံးကို ခံတွင်းသို့ သွင်း၍ စွတ်စိုစေပြီးမှ ဟင်းနုနယ်စေ့ပုံတွင် ထိုးယူရာ အများပင် ရလေ၏။

ဈေးသည်မကလည်း ဉာဏ်ကြီးပေသည်ဟု ချီးမွမ်းလိုက်၏။ဟင်းနုနယ်စေ့ကို ဆင်ချေးနှင့် ရောနှော ၊ ရေကောင်းစွာလောင်း၍ စိုက်သဖြင့် ထွားကျိုင်းသော အပင်တို့ ပေါက်ကုန်၏။နောက်တစ်ကြိမ် မင်း ဆင်ကြည့် လာသောအခါ အပင်ကောင်းကို နုတ်၍ဆက်၏။

မေးတော်မူသော် အလုံးစုံ ပြန်လျှောက်၏။ မင်းကြီး သဘောကျ၍ ဆင်ကဲထံမှ တောင်းယူခေါ်ခဲ့လျက် ထို ဟင်းနုနယ်တို့ကို ကိုယ်တိုင်ချက်၍ ဆက်စေ၏။အလွန်အရသာ ရှိသဖြင့် ထိုနေ့မှစ၍ စားတော်ဘက်ဆိုင်ရာ၌ အကြီးအမှူး ခန့်လေ၏။ နေ့ညဉ့်မပြတ် လုံ့လဖြင့် ဆော်ဖန်ကြည့်ရှု အလုပ်ကောင်းသဖြင့် မကြာမီ ဝင်းမှူးအရာကို ရလေ၏။

ထိုဝင်းမှူးအဖြစ်၌ အစီအမံ အဆောင်အရွက် အရည် တူလှသောကြောင့် ‘ စောဍိဍံရည် ‘ ဟူသော အမည်ကို ပေးတော်မူ၏။ (စောလီလပ်ရှဲဟုလည်း ရှိသည်)။တစ်ခါသော် ကျေးစွန်ရွာနား၌ မငြိမ်သက်၍ မင်းကြီး ချီတော်မူရာ မဂဒူးကို မြို့စောင့်ထားခဲ့၏။ အတွင်းမှု ၊ အပြင်မှုတို့ကို ကြည့်ရှုရ၍ အတွင်းတော်သို့ ဝင်ရဖန်များသော် သောက္ကတဲ မင်းသမီး မေနှင်းသွယ်တာနှင့် ချစ်ကျွမ်းဝင်လေ၏။

မကြာမီ မင်းကြီး ကြားသိသော် မဂဒူးသည် မင်းသမီးကို ခိုးယူ၍ မိမိနေရပ် တကော့ဝန်းသို့ ပြေးခဲ့လေ၏။တကော့ဝန်းသို့ ရောက်သော် မင်းပြုနေ၏။ မြန်မာမင်း (တရုတ်ပြေးမင်း)၏ လက်အောက်ခံ မုတ္တမကို စားရသော အလိမ္မာအမတ်နှင့် မိတ်ဖွဲ့ရသော် အရှည်အကျိုးရှိမည်ကို မြင်၍ မဂဒူးသည် မိမိ၏ နှမ နှင်းဥရိုင် ကိုပေး၍ မိတ်ဖွဲ့လေ၏။

ထိုလက်ထပ်ပွဲတွင် အလိမ္မာအမတ်က အကောက်ကြံ၍ အစားအသောက်တို့တွင် အဆိပ်ခတ်ထားသည်ကို မဂဒူး သိသောအခါ အလိမ္မာအမတ်ကို လုပ်ကြံ၍ မုတ္တမကို ယူလေသတည်း။

 

ဤသို့လျှင် သက္ကရာဇ် ၆၄၃ ခုတွင် မုတ္တမကို ရ၍ နောင်အခါ၌ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို မင်းပြုရလေသည်။ ဤမင်းမှာ ‘ ဝါရီရူ ‘ ဟူသောဘွဲ့ကို ခံသည်။ ‘ မိုးကောင်ကင်မှ ကျသည့်မင်း ‘ ဟူလိုသည်။ဤမင်းသည် (ဓမ္မသတ် )တစ်ခုပြုရာ ယခုတိုင်( ဝါရီရူဓမ္မသတ် )တွင်လေသည်။

 

Credit

 

Zawgyi

 

မြန္ရာဇဝင္ေတြထဲမွာ ထင္ရွားခဲ့တဲ့ မဂဒူး(ေခၚ) ဝါရီ႐ူမင္း(မိုးေပၚကက်လာေသာမင္း)အေၾကာင္း

 

 

 

ယခု သထုံနယ္ရွိ ဒုန္ဝန္းကို ေရွးက တေကာ့ဝန္း ေခၚသည္။ ထို တေကာ့ဝန္း အရပ္သား မြန္လူမ်ိဳး မဂဒူး ဆိုသူသည္ ယိုးဒယား ၊ ဇင္းမယ္ ဘက္ရွိ ေသာကၠတဲ (စုကၠေတး) သို႔ ငယ္သား သုံးက်ိပ္ႏွင့္ ကုန္ကူးရန္ သြားေလ့ရွိ၏။

တစ္ခါေသာ္ ထိုသို႔သြားစဥ္ လမ္း၌ မိမိ၏ အေဖာ္တစ္ေယာက္ မက်န္းမမာသျဖင့္ ထိုသူ၏ ဝန္ကို မဂဒူး ကိုယ္တိုင္ ထမ္းေဆာင္ခဲ့ရာ ထမ္းပိုးကို မိုးႀကိဳးပစ္ေလ၏။ ထိုမိုးႀကိဳးပစ္ေသာ လွ်ပ္စစ္တြင္ ေ႐ႊျပသာဒ္သဏၭာန္ တစ္ခုကို မဂဒူး ထင္ထင္ရွားရွား ျမင္လိုက္ရေလ၏။

 

နိမိတ္ေကာင္းလွသည္ဟု ထိုအရပ္ရွိ ပညာရွိႀကီး တစ္ဦးထံတြင္ ေမးျမန္းရာ ” သင္၏ နိမိတ္ႀကီးလွသည္ ၊ သင္၏ အရပ္ႏွင့္အမွ် ေငြပုံ၍ ပူေဇာ္မွ ေဟာမည္ ” ဟုဆို၏။ ဉာဏ္ႀကီးေသာ မဂဒူးကလည္း ဝါးကို ကိုယ္ႏွင့္အမွ် ျဖတ္၍ေထာင္လ်က္ ေငြတစ္က်ပ္ တင္ကာ ဆိုတိုင္း ပူေဇာ္ပါၿပီဟု ဆိုေလ၏။

ပညာရွိႀကီးကလည္း” သင္သည္ ဘုန္းလည္းရွိ၏ ၊ ပညာလည္း ရွိ၏ ၊ ယေန႕ကစ၍ ကုန္မသြယ္ႏွင့္ေတာ့ ၊ မင္းထံတြင္ ခစားေလ ၊ သည္ႏွစ္တြင္ မင္းျဖစ္လိမ့္မည္ ” ဟု ေဟာေလ၏။ မဂဒူးလည္း ဝမ္းေျမာက္စြာျဖင့္ ပညာရွိႀကီးကို ဦးခိုက္၍ သြားေလ၏။ေသာကၠတဲသို႔ ေရာက္ေသာ္ မင္းထံ၌ ခစားရန္ အဝတ္အစား မျပည့္စုံသျဖင့္ ဆင္ကဲထံ၌ ခစားေလ၏။

ထႂကြေသာ လုံ႕လဝီရိယျဖင့္ ေန႕ညဥ့္အတူ ဆင္စာ ေကြၽးျခင္း ၊ ဆင္ေခ်း အမွိုက္မ်ားကို သုတ္သင္ရွင္းလင္းျခင္း စသည္တို႔ကို ေကာင္းစြာျပဳစုေပ၏။ ဆင္ကဲလည္း အလြန္ ႏွစ္သက္ေလ၏။

တစ္ေန႕၌ မင္းသည္ ဆင္ၾကည့္လာေသာအခါ သန့္ျပန့္က်စ္လ်စ္စြာ ေတြ႕၍ ေမးေတာ္မူလွ်င္ ဝန္ၿမိဳ႕မွ မြန္ကေလးတစ္ေယာက္ လုံ႕လဝီရိယႏွင့္ သြက္လက္ဖ်တ္လတ္ေၾကာင္း ၊ ထိုသူငယ္ သုတ္သင္ထားေၾကာင္း စသည္ျဖင့္ ဆင္ကဲက ေလွ်ာက္ေပ၏။

 

မင္းသည္လည္း ေခၚ၍ ၾကည့္ရႈ ၊ ခ်စ္ခင္ျခင္း ရွိေလ၏။ေနာက္တစ္ႀကိမ္ လာျပန္ေသာအခါ မင္းႀကီးငုံေသာ ကြမ္းဖတ္ကို ထုတ္၍ ခံတြင္းေဆးေတာ္မူရာ ေႂကြငယ္တစ္လုံး႐ုတ္တရက္ ေပၚလာေလသျဖင့္ မဂဒူးကို ေခၚ၍ ၫႊန္ျပေတာ္မူလွ်င္ မဂဒူးလည္း ဦးခိုက္ကာ ေကာက္ယူေတာ္မူေလ၏။

 

မင္းျပန္ေသာ္ မဂဒူးသည္ ဤေႂကြငယ္ကို ေခၚ၍ ေပးေတာ္မူသည္မွာ ငါ၏ လုပ္ရည္ႀကံရည္ကို စုံစမ္းလို၍ ျဖစ္တန္ရာသည္ဟု ႀကံေတြးၿပီးလွ်င္ ေဈးသို႔သြား၍ ထိုေႂကြႏွင့္ ဟင္းႏုနယ္ေစ့မ်ားကို ဝယ္၏။

ေဈးသည္မကလည္း ျပက္ရယ္ျပဳလ်က္ ” ေႂကြငယ္တစ္လုံးအတြက္ ငါ မည္မွ်ဟူ၍ မေပးတတ္ ၊ လက္ညွိုးတစ္ေခ်ာင္းတြင္ တင္သ၍ မင္းယူေတာ့ ” ဟုဆို၏။ မဂဒူးလည္း ဉာဏ္ရွိသူျဖစ္၍ လက္ညွိုးတစ္ေခ်ာင္းလုံးကို ခံတြင္းသို႔ သြင္း၍ စြတ္စိုေစၿပီးမွ ဟင္းႏုနယ္ေစ့ပုံတြင္ ထိုးယူရာ အမ်ားပင္ ရေလ၏။

ေဈးသည္မကလည္း ဉာဏ္ႀကီးေပသည္ဟု ခ်ီးမြမ္းလိုက္၏။ဟင္းႏုနယ္ေစ့ကို ဆင္ေခ်းႏွင့္ ေရာေႏွာ ၊ ေရေကာင္းစြာေလာင္း၍ စိုက္သျဖင့္ ထြားက်ိဳင္းေသာ အပင္တို႔ ေပါက္ကုန္၏။ေနာက္တစ္ႀကိမ္ မင္း ဆင္ၾကည့္ လာေသာအခါ အပင္ေကာင္းကို ႏုတ္၍ဆက္၏။

ေမးေတာ္မူေသာ္ အလုံးစုံ ျပန္ေလွ်ာက္၏။ မင္းႀကီး သေဘာက်၍ ဆင္ကဲထံမွ ေတာင္းယူေခၚခဲ့လ်က္ ထို ဟင္းႏုနယ္တို႔ကို ကိုယ္တိုင္ခ်က္၍ ဆက္ေစ၏။အလြန္အရသာ ရွိသျဖင့္ ထိုေန႕မွစ၍ စားေတာ္ဘက္ဆိုင္ရာ၌ အႀကီးအမႉး ခန့္ေလ၏။ ေန႕ညဥ့္မျပတ္ လုံ႕လျဖင့္ ေဆာ္ဖန္ၾကည့္ရႈ အလုပ္ေကာင္းသျဖင့္ မၾကာမီ ဝင္းမႉးအရာကို ရေလ၏။

ထိုဝင္းမႉးအျဖစ္၌ အစီအမံ အေဆာင္အ႐ြက္ အရည္ တူလွေသာေၾကာင့္ ‘ ေစာဍိဍံရည္ ‘ ဟူေသာ အမည္ကို ေပးေတာ္မူ၏။ (ေစာလီလပ္ရွဲဟုလည္း ရွိသည္)။တစ္ခါေသာ္ ေက်းစြန္႐ြာနား၌ မၿငိမ္သက္၍ မင္းႀကီး ခ်ီေတာ္မူရာ မဂဒူးကို ၿမိဳ႕ေစာင့္ထားခဲ့၏။ အတြင္းမႈ ၊ အျပင္မႈတို႔ကို ၾကည့္ရႈရ၍ အတြင္းေတာ္သို႔ ဝင္ရဖန္မ်ားေသာ္ ေသာကၠတဲ မင္းသမီး ေမႏွင္းသြယ္တာႏွင့္ ခ်စ္ကြၽမ္းဝင္ေလ၏။

မၾကာမီ မင္းႀကီး ၾကားသိေသာ္ မဂဒူးသည္ မင္းသမီးကို ခိုးယူ၍ မိမိေနရပ္ တေကာ့ဝန္းသို႔ ေျပးခဲ့ေလ၏။တေကာ့ဝန္းသို႔ ေရာက္ေသာ္ မင္းျပဳေန၏။ ျမန္မာမင္း (တ႐ုတ္ေျပးမင္း)၏ လက္ေအာက္ခံ မုတၱမကို စားရေသာ အလိမၼာအမတ္ႏွင့္ မိတ္ဖြဲ႕ရေသာ္ အရွည္အက်ိဳးရွိမည္ကို ျမင္၍ မဂဒူးသည္ မိမိ၏ ႏွမ ႏွင္းဥရိုင္ ကိုေပး၍ မိတ္ဖြဲ႕ေလ၏။

ထိုလက္ထပ္ပြဲတြင္ အလိမၼာအမတ္က အေကာက္ႀကံ၍ အစားအေသာက္တို႔တြင္ အဆိပ္ခတ္ထားသည္ကို မဂဒူး သိေသာအခါ အလိမၼာအမတ္ကို လုပ္ႀကံ၍ မုတၱမကို ယူေလသတည္း။

 

ဤသို႔လွ်င္ သကၠရာဇ္ ၆၄၃ ခုတြင္ မုတၱမကို ရ၍ ေနာင္အခါ၌ ေအာက္ျမန္မာနိုင္ငံ တစ္ခုလုံးကို မင္းျပဳရေလသည္။ ဤမင္းမွာ ‘ ဝါရီ႐ူ ‘ ဟူေသာဘြဲ႕ကို ခံသည္။ ‘ မိုးေကာင္ကင္မွ က်သည့္မင္း ‘ ဟူလိုသည္။ဤမင္းသည္ (ဓမၼသတ္ )တစ္ခုျပဳရာ ယခုတိုင္( ဝါရီ႐ူဓမၼသတ္ )တြင္ေလသည္။

 

Credit

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *