ညီအစ်ကိုချင်း မတည့်ပေမယ့် သွေးကစကားပြောသောအခါ

ညီအစ်ကိုချင်း မတည့်ပေမယ့် သွေးကစကားပြောသောအခါ

 

 

ဒီအကြောင်းလေးကိုတော့ သိတဲ့မိတ်ဆွေတွေသိကြမှာပါ။ “အင်းဝတွင်ပိတ်ဖြူရှားသလော” ဆိုတဲ့ ဘုရင်မင်းခေါင် နဲ့ သူ့ရဲ့ညီ ရှင်သိဒ္ဓတ်တို့ကြားက အဖြစ်အပျက်လေးတစ်ခုပါ။ မသိသေးတဲ့မိတ်ဆွေတွေအတွက် ပြန်တင်ခြင်းဖြစ်ပါတယ်။

 

ရှင်သိဒ္ဓတ်က မြန်မာ့သမိုင်းမှာတော့ လူသိနည်းတဲ့သူတစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောင်တော် အင်းဝဘုရင်မင်းခေါင်ကိုတော့ အားလုံးသိကြမှာဖြစ်ပါတယ်။ ရာဇာဓိရာဇ် နှင့် အပြိုင် မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့တဲ့ အင်းဝဘုရင်ဖြစ်ပါတယ်။

အေဒီ ၁၃၇၁ ခုနှစ်မှာ အင်းဝမင်းကြီးစွာစော်ကဲ ဟာ မြေဒူးမြို့ကိုထိပါးလာတဲ့ ရှမ်းတို့ကိုတိုက်ရန် စစ်ချီခဲ့ရင်း ကန်စွန်းနိမ့်ရွာမှ မိဘေဇာဟူသော မိန်းမချောလေးနှင့်တွေ့ပြီး မေတ္တာသက်ဝင်ကာ မိဘေဇာကိုနေပြည်တော်သို့ ခေါ်ယူခဲ့ပါတယ်။ မိဘေဇာနှင့် သားသမီး ၃ ယောက်ကို ရရှိခဲ့ပါတယ်။

မင်းဆွေ(အင်းဝဘုရင်မင်းခေါင်)၊ ရှင်သိဒ္ဓတ် နှင့် ရှင်မြတ်လှတို့ဖြစ်ပါတယ်။ မင်းဆွေ နှင့် ရှင်သိဒ္ဓတ် တို့ကို မင်းကြီးစွာက မျက်နှာသာမပေးခဲ့ပါချေ။ အကြောင်းကား သူ့တွင်ထီးနန်းဆက်ခံရန် သားတော် တရဖျား ရှိနေတာကြောင့်ပင်။

မိမိ နတ်ရွာစံ၍ သားတော်ကြီး မင်း ဖြစ် လျှင် မင်းဆွေနှင့် ရှင်သိဒ္ဓတ်ကို ညှဉ်း ဆဲလိမ့်မည်ဟု အကြောင်းပြချက်ဖြင့် မင်းကြီးစွာက သားတော်နှစ်ပါး ကို ငခင်ညို၊ ငခင်ဘဟူသော အထိန်းတော်နှစ်ဦးနှင့်အတူ မထင်မရှား အသွင်ဖြင့် အဝေးသို့ ပို့ထားခဲ့ပါတယ်။

အထိန်းတော်များ နတ်ပွဲများတွင် တီးမှုတ်သည့်ပိုက်ဆံဖြင့်သာ စားရသောကြောင့် ညီနောင်နှစ်ပါးဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ မင်းကြီးစွာစော်ကဲမှ သားတော်များကို သနားသောကြောင့် မင်းဆွေ ၉ နှစ် ၊ ရှင်သိဒ္ဓတ် ၇ နှစ် အရွယ်မှ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မင်းဆွေကို ပြင်စည်မြို့ကိုစားစေပြီး ၊ ရှင်သိဒ္ဓတ်ကို စစ်ကိုင်းမြို့ကိုစားစေခဲ့ပါတယ်။

 

မင်းကြီးစွာလွန်ခဲ့ပြီး တရဖျားနန်းတက်ခဲ့သော်လည်းအထိန်းတော် ငနောက်ဆံ၏ လုပ်ကြံမှုကြောင့် တရဖျားမှာ ထီးနန်းကို ၅ လ သာ စိုးစံခဲ့ရပါတယ်။ လစ်လပ်သွားသော အင်းဝထီးနန်းကို မှူးမတ်တို့က မင်းဆွေကို ပေးအပ်ခဲ့ပေမယ့် မင်းဆွေက ငြင်းပြီး ဦးရီးတော် ရမည်းသင်းစားမဟာပြောက်ကို နန်းတင်စေခဲ့ပါတယ်။

ဒီမှာတင် ရှင်သိဒ္ဓတ်ဒေါသထွက်ပါတော့တယ်။“စားမည့်ထမင်းပွဲကို သူတပါးကိုပေးလျှင်တော်သေးသည်။ ထီးနန်းကိုပေးမည်ဆိုသည်ကား မဖြစ်သင့်။ နောင်တော်ပြောပြီးသား စကားကို မရုတ်သိမ်းပါလင့်။

 

ညီတော့်တာဝန်ထား” ဟုဆိုကာ ရမည်းသင်းစားကို ရန်အောင်မြင်ဘုရားအနီးတွင် အလစ်တိုက်ကာ လုပ်ကြံခဲ့ပြီး ထီးနန်းကို နောင်တော်ဖြစ်သူ မင်းဆွေအား စိုးစံစေခဲ့ပါတယ်။ မင်းဆွေဟာ ရှင်သိဒ္ဓတ်ရဲ့အစွမ်းကြောင့်သာ ဘုရင်မင်းခေါင်ဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် ဘုရင်မင်းခေါင် အမည်ခံ မင်းဆွေသည် ဥပရာဇာ ခန့်အပ်တဲ့အခါမှာတော့ ညီဖြစ်သူ ရှင်သိဒ္ဓတ်အားမပေးပဲ သားတော် မင်းရဲကျော်စွာအားပေးခဲ့ပါတယ်။ ထီးနန်းကိုရယူပေးသော ညီကိုကျော်ကာ သားဖြစ်သူကိုပေးသောကြောင့် မှူးမတ်များပင် အံအားသင့်ခဲ့ရပါတယ်။

ဤတွင် ရှင်သိဒ္ဓတ် အမျက်ထွက်လေသည်။ “ငဆွေကို ငါသူကောင်းပြုသည်” ဟု ကြိမ်းဝါးကာ မင်းခေါင်အား ပုန်ကန်ပါတော့တယ်။ ဘုရင်မင်းခေါင်ကလည်း ကိုယ်တိုင်စီးချင်းထိုးကာ အနိုင်ယူလိုက်ပါတယ်။ ( အမှန်တော့ ဘုရင်မင်းခေါင် တော်လွန်းတာကြောင့်မဟုတ်ပဲ ဘုရင်မင်းခေါင်ရဲ့ဆင်ကို ရှင်သိဒ္ဓတ်ဆင်ကမယှဉ်နိုင်တာကြောင့် ရှင်သိဒ္ဓတ်ရှုံးခဲ့တာဖြစ်ပါတယ်)

 

မင်းခေါင်ကလည်း ညီတော်ကို မသတ်ပဲ အကျဉ်းချထားခဲ့ပါတယ်။ အဲဒီနောက်တော့ မှူးမတ်တို့ရဲ့တောင်းဆိုမှုကြောင့် ချက်ချင်းပြန်လွတ်ပေးခဲ့ပါတယ်။ အကျဉ်းမှလွတ်လွတ်ချင်း ရှင်သိဒ္ဓတ်ဟာ ဟံသာဝတီသို့ထွက်ပြေးကာ ရာဇာဓိရာဇ်ထံ ခိုဝင်ခဲ့ပါတယ်။ ( ရာဇာဓိရာဇ်ကလည်း ရှင်သိဒ္ဓတ်အား သူကောင်းပြုထားခဲ့ပါတယ်)

 

အဲဒီအချိန်က အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲဖြစ်နေချိန်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရာဇာဓိရာဇ်က မွန်သူရဲကောင်းလဂွန်းအိမ်အား ဘုရင်မင်းခေါင်ကင်းတပ်များ စစ်ဆေးနေစဉ် လုပ်ကြံခိုင်းခဲ့ပါတယ်။ လဂွန်းအိမ်က ဘုရင်မင်းခေါင်ကို မသိသဖြင့် သိသောသူတစ်ယောက်အား ထည့်ပေးရန်ဆိုပါတယ်။ ဤတွင် ရာဇာဓိရာဇ်က ရှင်သိဒ္ဓတ်အား အင်းဝထီးနန်းသည် သင့်အတွက်ဖြစ်စေမည်ဟု ဆိုကာ လဂွန်းအိမ်နှင့် အတူလွှတ်လိုက်ပါတယ်။ ရှင်သိဒ္ဓတ်ဝမ်းသာသွားကာ ကြုံးဝါးပြီးဆင်ပေါ်တက်ခဲ့ပါတယ်။

 

လဂွန်းအိမ် နှင့် အတူ ဘုရင်မင်းခေါင်ကင်းစစ်မည့် လမ်းကျဉ်းလေးတစ်ခုတွင် ခြုံခိုကာ အသင့်စောင့်ပြီး ဘုရင်မင်းခေါင်လာသည်နှင့် ရုတ်တရက်ထွက်တိုက်ပါတော့တယ်။ ဘုရင်မင်းခေါင်ကလည်း တုံ့ပြန်တိုက်ခိုက်ပါတယ်။ ထိုသို့တိုက်ခိုက်နေစဉ် လဂွန်းအိမ်၏ဆင်ထက်မှ ရှင်သိဒ္ဓတ်က ” မင်းဧကရာဇ်ဖြစ်လျက် အမှုးအမတ် နှင့် ဆင်စီးချင်းထိုးရသလော၊ နောက်တွင် တပ်ကူလည်းများသေးသည်။ ခွာလှည့်တော့ ” ဟု ကျယ်လောင်စွာ အော်ပါတယ်။

 

ထိုစကားကိုကြားသည်နှင့် ခြုံခိုအတိုက်ခံရကာ လန့်နေသော ဘုရင်မင်းခေါင်ဟာ ဆင်ကိုချွန်းအုပ်ကာ နောက်ပြန်ဆုတ်ပါတယ်။ ဘုရင်မင်းခေါင် ထွက်ပြေးသည်ကိုတွေ့တဲ့ လဂွန်းအိမ်က တစိုက်မတ်မတ်လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဘုရင်မင်းခေါင်းဆင်မှ ထီးဖြူတော်ကို အမှတ်အသားပြု၍ လိုက်နေကြောင်း ရှင်သိဒ္ဓတ် သိလျှင်“နောင်တော်…အင်းဝမှာပိတ်ဖြူရှားသလော” ဟု အော်ဟစ်သောအခါမှ ဘုရင်မင်းခေါင်သည် ထီးဖြူကို ခုတ်ချကာ အရံဆင်များကြား ဝင်ရောပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

 

(ပိတ်ဖြူရှားသလော ဆိုသည်မှာ ပိတ်ဖြူဖြင့် ထီးဖြူကို အချိန်မရွေးချုပ်လို့ရသည်ဟု ဆိုခြင်းပါ)။ လဂွန်းအိမ်လည်း စစ်ကျွံ့မည် စိုး၍ ပြန်ဆုတ်ခဲ့ရပါတယ်။ဟံသာဝတီသို့ ပြန်ရောက်ပြီး အရေးမလှခဲ့ကြောင်းသိတဲ့အခါ ရာဇာဓိရာဇ် ဒေါသပြင်းစွာထွက်ပါတော့တယ်။ လဂွန်းအိမ်က ရှင်သိဒ္ဓတ်အော်ပြောသည်များကို တင်လျှောက်၍ ပိုမိုစိတ်ဆိုးခဲ့ပါတယ်။

ရှင်သိဒ္ဓတ်က ” ညီရင်း အစ်ကို ဖြစ်၍ ပျက်စီးမည်စိုးသဖြင့် သတိပေးမိသည်။ နောင်ရာဇဝင်အဆက်ဆက်တွင် နောင်တော်ကို သတ်၍ ထီးနန်းစည်းစိမ် ယူသည်ဟု ပြောစမှတ်တွင်မည်ကိုလည်း စိုးရိမ်သဖြင့် အော်ရခြင်းဖြစ်သည်။ ” ဟုပြန်လျှောက်တဲ့အခါ ရာဇာဓိရာဇ်၏ ကွက်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။

တကယ်ဆိုရင် မိမိနောင်တော်အား သူတပါးလုပ်ကြံလိုက်လျှင် မိမိက ထီးနန်းရတော့မည်။ ဝမ်းသာအားရဖြင့် ငြိမ်ငြိမ်လေးနေဖို့သာရှိသည်။ သို့သော် မင်းသိဒ္ဓတ် ထိုသို့မလုပ်ခဲ့ပါပေ။

မိမိအား မငဲ့ညှာ၍ ဥပရာဇာမပေးခဲ့သူ မိမိနောင်တော်အား မည်မျှပင် စိတ်နာနေသော်လည်း အလုပ်ကြံခံရတော့မည်အခါ သွေးကစကားပြောခဲ့ပြီး လွတ်မြောက်စေရန်ကူညီဟန်တူပါတယ်။ နောက်ဆုံးမှာ နောင်တော်မသေပဲ သူသေခဲ့ကာ သူ့ရဲ့မေတ္တာတရားကို ပြသသွားခဲ့ပါတယ်။

 

Credit

 

Zawgyi

 

ညီအစ္ကိုခ်င္း မတည့္ေပမယ့္ ေသြးကစကားေျပာေသာအခါ

 

 

ဒီအေၾကာင္းေလးကိုေတာ့ သိတဲ့မိတ္ေဆြေတြသိၾကမွာပါ။ “အင္းဝတြင္ပိတ္ျဖဴရွားသေလာ” ဆိုတဲ့ ဘုရင္မင္းေခါင္ နဲ႕ သူ႕ရဲ႕ညီ ရွင္သိဒၶတ္တို႔ၾကားက အျဖစ္အပ်က္ေလးတစ္ခုပါ။ မသိေသးတဲ့မိတ္ေဆြေတြအတြက္ ျပန္တင္ျခင္းျဖစ္ပါတယ္။

 

ရွင္သိဒၶတ္က ျမန္မာ့သမိုင္းမွာေတာ့ လူသိနည္းတဲ့သူတစ္ေယာက္သာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ေနာင္ေတာ္ အင္းဝဘုရင္မင္းေခါင္ကိုေတာ့ အားလုံးသိၾကမွာျဖစ္ပါတယ္။ ရာဇာဓိရာဇ္ ႏွင့္ အၿပိဳင္ မြန္-ျမန္မာ ႏွစ္ ၄၀ စစ္ပြဲကို ဆင္ႏႊဲခဲ့တဲ့ အင္းဝဘုရင္ျဖစ္ပါတယ္။

ေအဒီ ၁၃၇၁ ခုႏွစ္မွာ အင္းဝမင္းႀကီးစြာေစာ္ကဲ ဟာ ေျမဒူးၿမိဳ႕ကိုထိပါးလာတဲ့ ရွမ္းတို႔ကိုတိုက္ရန္ စစ္ခ်ီခဲ့ရင္း ကန္စြန္းနိမ့္႐ြာမွ မိေဘဇာဟူေသာ မိန္းမေခ်ာေလးႏွင့္ေတြ႕ၿပီး ေမတၱာသက္ဝင္ကာ မိေဘဇာကိုေနျပည္ေတာ္သို႔ ေခၚယူခဲ့ပါတယ္။ မိေဘဇာႏွင့္ သားသမီး ၃ ေယာက္ကို ရရွိခဲ့ပါတယ္။

မင္းေဆြ(အင္းဝဘုရင္မင္းေခါင္)၊ ရွင္သိဒၶတ္ ႏွင့္ ရွင္ျမတ္လွတို႔ျဖစ္ပါတယ္။ မင္းေဆြ ႏွင့္ ရွင္သိဒၶတ္ တို႔ကို မင္းႀကီးစြာက မ်က္ႏွာသာမေပးခဲ့ပါေခ်။ အေၾကာင္းကား သူ႕တြင္ထီးနန္းဆက္ခံရန္ သားေတာ္ တရဖ်ား ရွိေနတာေၾကာင့္ပင္။

မိမိ နတ္႐ြာစံ၍ သားေတာ္ႀကီး မင္း ျဖစ္ လွ်င္ မင္းေဆြႏွင့္ ရွင္သိဒၶတ္ကို ညွဥ္း ဆဲလိမ့္မည္ဟု အေၾကာင္းျပခ်က္ျဖင့္ မင္းႀကီးစြာက သားေတာ္ႏွစ္ပါး ကို ငခင္ညို၊ ငခင္ဘဟူေသာ အထိန္းေတာ္ႏွစ္ဦးႏွင့္အတူ မထင္မရွား အသြင္ျဖင့္ အေဝးသို႔ ပို႔ထားခဲ့ပါတယ္။

အထိန္းေတာ္မ်ား နတ္ပြဲမ်ားတြင္ တီးမႈတ္သည့္ပိုက္ဆံျဖင့္သာ စားရေသာေၾကာင့္ ညီေနာင္ႏွစ္ပါးဟာ အလြန္ဆင္းရဲခဲ့ပါတယ္။ မင္းႀကီးစြာေစာ္ကဲမွ သားေတာ္မ်ားကို သနားေသာေၾကာင့္ မင္းေဆြ ၉ ႏွစ္ ၊ ရွင္သိဒၶတ္ ၇ ႏွစ္ အ႐ြယ္မွ ျပန္လည္ေခၚယူခဲ့ပါတယ္။ မင္းေဆြကို ျပင္စည္ၿမိဳ႕ကိုစားေစၿပီး ၊ ရွင္သိဒၶတ္ကို စစ္ကိုင္းၿမိဳ႕ကိုစားေစခဲ့ပါတယ္။

 

မင္းႀကီးစြာလြန္ခဲ့ၿပီး တရဖ်ားနန္းတက္ခဲ့ေသာ္လည္းအထိန္းေတာ္ ငေနာက္ဆံ၏ လုပ္ႀကံမႈေၾကာင့္ တရဖ်ားမွာ ထီးနန္းကို ၅ လ သာ စိုးစံခဲ့ရပါတယ္။ လစ္လပ္သြားေသာ အင္းဝထီးနန္းကို မႉးမတ္တို႔က မင္းေဆြကို ေပးအပ္ခဲ့ေပမယ့္ မင္းေဆြက ျငင္းၿပီး ဦးရီးေတာ္ ရမည္းသင္းစားမဟာေျပာက္ကို နန္းတင္ေစခဲ့ပါတယ္။

ဒီမွာတင္ ရွင္သိဒၶတ္ေဒါသထြက္ပါေတာ့တယ္။“စားမည့္ထမင္းပြဲကို သူတပါးကိုေပးလွ်င္ေတာ္ေသးသည္။ ထီးနန္းကိုေပးမည္ဆိုသည္ကား မျဖစ္သင့္။ ေနာင္ေတာ္ေျပာၿပီးသား စကားကို မ႐ုတ္သိမ္းပါလင့္။

 

ညီေတာ့္တာဝန္ထား” ဟုဆိုကာ ရမည္းသင္းစားကို ရန္ေအာင္ျမင္ဘုရားအနီးတြင္ အလစ္တိုက္ကာ လုပ္ႀကံခဲ့ၿပီး ထီးနန္းကို ေနာင္ေတာ္ျဖစ္သူ မင္းေဆြအား စိုးစံေစခဲ့ပါတယ္။ မင္းေဆြဟာ ရွင္သိဒၶတ္ရဲ႕အစြမ္းေၾကာင့္သာ ဘုရင္မင္းေခါင္ျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ ဘုရင္မင္းေခါင္ အမည္ခံ မင္းေဆြသည္ ဥပရာဇာ ခန႔္အပ္တဲ့အခါမွာေတာ့ ညီျဖစ္သူ ရွင္သိဒၶတ္အားမေပးပဲ သားေတာ္ မင္းရဲေက်ာ္စြာအားေပးခဲ့ပါတယ္။ ထီးနန္းကိုရယူေပးေသာ ညီကိုေက်ာ္ကာ သားျဖစ္သူကိုေပးေသာေၾကာင့္ မႉးမတ္မ်ားပင္ အံအားသင့္ခဲ့ရပါတယ္။

ဤတြင္ ရွင္သိဒၶတ္ အမ်က္ထြက္ေလသည္။ “ငေဆြကို ငါသူေကာင္းျပဳသည္” ဟု ႀကိမ္းဝါးကာ မင္းေခါင္အား ပုန္ကန္ပါေတာ့တယ္။ ဘုရင္မင္းေခါင္ကလည္း ကိုယ္တိုင္စီးခ်င္းထိုးကာ အနိုင္ယူလိုက္ပါတယ္။ ( အမွန္ေတာ့ ဘုရင္မင္းေခါင္ ေတာ္လြန္းတာေၾကာင့္မဟုတ္ပဲ ဘုရင္မင္းေခါင္ရဲ႕ဆင္ကို ရွင္သိဒၶတ္ဆင္ကမယွဥ္နိုင္တာေၾကာင့္ ရွင္သိဒၶတ္ရႈံးခဲ့တာျဖစ္ပါတယ္)

 

မင္းေခါင္ကလည္း ညီေတာ္ကို မသတ္ပဲ အက်ဥ္းခ်ထားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ မႉးမတ္တို႔ရဲ႕ေတာင္းဆိုမႈေၾကာင့္ ခ်က္ခ်င္းျပန္လြတ္ေပးခဲ့ပါတယ္။ အက်ဥ္းမွလြတ္လြတ္ခ်င္း ရွင္သိဒၶတ္ဟာ ဟံသာဝတီသို႔ထြက္ေျပးကာ ရာဇာဓိရာဇ္ထံ ခိုဝင္ခဲ့ပါတယ္။ ( ရာဇာဓိရာဇ္ကလည္း ရွင္သိဒၶတ္အား သူေကာင္းျပဳထားခဲ့ပါတယ္)

 

အဲဒီအခ်ိန္က အင္းဝ-ဟံသာဝတီ ႏွစ္ေလးဆယ္စစ္ပြဲျဖစ္ေနခ်ိန္ျဖစ္ပါတယ္။ တစ္ေန႕မွာေတာ့ ရာဇာဓိရာဇ္က မြန္သူရဲေကာင္းလဂြန္းအိမ္အား ဘုရင္မင္းေခါင္ကင္းတပ္မ်ား စစ္ေဆးေနစဥ္ လုပ္ႀကံခိုင္းခဲ့ပါတယ္။ လဂြန္းအိမ္က ဘုရင္မင္းေခါင္ကို မသိသျဖင့္ သိေသာသူတစ္ေယာက္အား ထည့္ေပးရန္ဆိုပါတယ္။ ဤတြင္ ရာဇာဓိရာဇ္က ရွင္သိဒၶတ္အား အင္းဝထီးနန္းသည္ သင့္အတြက္ျဖစ္ေစမည္ဟု ဆိုကာ လဂြန္းအိမ္ႏွင့္ အတူလႊတ္လိုက္ပါတယ္။ ရွင္သိဒၶတ္ဝမ္းသာသြားကာ ႀကဳံးဝါးၿပီးဆင္ေပၚတက္ခဲ့ပါတယ္။

 

လဂြန္းအိမ္ ႏွင့္ အတူ ဘုရင္မင္းေခါင္ကင္းစစ္မည့္ လမ္းက်ဥ္းေလးတစ္ခုတြင္ ၿခဳံခိုကာ အသင့္ေစာင့္ၿပီး ဘုရင္မင္းေခါင္လာသည္ႏွင့္ ႐ုတ္တရက္ထြက္တိုက္ပါေတာ့တယ္။ ဘုရင္မင္းေခါင္ကလည္း တုံ႕ျပန္တိုက္ခိုက္ပါတယ္။ ထိုသို႔တိုက္ခိုက္ေနစဥ္ လဂြန္းအိမ္၏ဆင္ထက္မွ ရွင္သိဒၶတ္က ” မင္းဧကရာဇ္ျဖစ္လ်က္ အမႈးအမတ္ ႏွင့္ ဆင္စီးခ်င္းထိုးရသေလာ၊ ေနာက္တြင္ တပ္ကူလည္းမ်ားေသးသည္။ ခြာလွည့္ေတာ့ ” ဟု က်ယ္ေလာင္စြာ ေအာ္ပါတယ္။

 

ထိုစကားကိုၾကားသည္ႏွင့္ ၿခဳံခိုအတိုက္ခံရကာ လန႔္ေနေသာ ဘုရင္မင္းေခါင္ဟာ ဆင္ကိုခြၽန္းအုပ္ကာ ေနာက္ျပန္ဆုတ္ပါတယ္။ ဘုရင္မင္းေခါင္ ထြက္ေျပးသည္ကိုေတြ႕တဲ့ လဂြန္းအိမ္က တစိုက္မတ္မတ္လိုက္လံတိုက္ခိုက္ခဲ့ပါတယ္။ ဘုရင္မင္းေခါင္းဆင္မွ ထီးျဖဴေတာ္ကို အမွတ္အသားျပဳ၍ လိုက္ေနေၾကာင္း ရွင္သိဒၶတ္ သိလွ်င္“ေနာင္ေတာ္…အင္းဝမွာပိတ္ျဖဴရွားသေလာ” ဟု ေအာ္ဟစ္ေသာအခါမွ ဘုရင္မင္းေခါင္သည္ ထီးျဖဴကို ခုတ္ခ်ကာ အရံဆင္မ်ားၾကား ဝင္ေရာၿပီး ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။

 

(ပိတ္ျဖဴရွားသေလာ ဆိုသည္မွာ ပိတ္ျဖဴျဖင့္ ထီးျဖဴကို အခ်ိန္မေ႐ြးခ်ဳပ္လို႔ရသည္ဟု ဆိုျခင္းပါ)။ လဂြန္းအိမ္လည္း စစ္ကြၽံ႕မည္ စိုး၍ ျပန္ဆုတ္ခဲ့ရပါတယ္။ဟံသာဝတီသို႔ ျပန္ေရာက္ၿပီး အေရးမလွခဲ့ေၾကာင္းသိတဲ့အခါ ရာဇာဓိရာဇ္ ေဒါသျပင္းစြာထြက္ပါေတာ့တယ္။ လဂြန္းအိမ္က ရွင္သိဒၶတ္ေအာ္ေျပာသည္မ်ားကို တင္ေလွ်ာက္၍ ပိုမိုစိတ္ဆိုးခဲ့ပါတယ္။

ရွင္သိဒၶတ္က ” ညီရင္း အစ္ကို ျဖစ္၍ ပ်က္စီးမည္စိုးသျဖင့္ သတိေပးမိသည္။ ေနာင္ရာဇဝင္အဆက္ဆက္တြင္ ေနာင္ေတာ္ကို သတ္၍ ထီးနန္းစည္းစိမ္ ယူသည္ဟု ေျပာစမွတ္တြင္မည္ကိုလည္း စိုးရိမ္သျဖင့္ ေအာ္ရျခင္းျဖစ္သည္။ ” ဟုျပန္ေလွ်ာက္တဲ့အခါ ရာဇာဓိရာဇ္၏ ကြက္မ်က္ျခင္းကို ခံခဲ့ရပါေတာ့တယ္။

တကယ္ဆိုရင္ မိမိေနာင္ေတာ္အား သူတပါးလုပ္ႀကံလိုက္လွ်င္ မိမိက ထီးနန္းရေတာ့မည္။ ဝမ္းသာအားရျဖင့္ ၿငိမ္ၿငိမ္ေလးေနဖို႔သာရွိသည္။ သို႔ေသာ္ မင္းသိဒၶတ္ ထိုသို႔မလုပ္ခဲ့ပါေပ။

မိမိအား မငဲ့ညွာ၍ ဥပရာဇာမေပးခဲ့သူ မိမိေနာင္ေတာ္အား မည္မွ်ပင္ စိတ္နာေနေသာ္လည္း အလုပ္ႀကံခံရေတာ့မည္အခါ ေသြးကစကားေျပာခဲ့ၿပီး လြတ္ေျမာက္ေစရန္ကူညီဟန္တူပါတယ္။ ေနာက္ဆုံးမွာ ေနာင္ေတာ္မေသပဲ သူေသခဲ့ကာ သူ႕ရဲ႕ေမတၱာတရားကို ျပသသြားခဲ့ပါတယ္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *