သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ်

သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ်

 

 

 

ပုဂံခေတ် AD- 1044 မှ -1077 အနော်ရထာမင်း နန်းတက်ပြီး AD- 1287 – ပုဂံ ပျက်သုဉ်းပြီးနောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲကွဲ အပြားပြားဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး နှင့် ယဉ်ကျေးမှုတို့ အဖက်ဖက်တွင် ဆုတ်ယုတ်ပျက်ပြားနေခဲ့ရသည်။

ယင်းကာလကို ဂျီးအီး ဟာဗီနှင့် ပန်းဟောလ် အစရှိသည့် သမိုင်းပညာရှင်များက သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ်ဟု မြန်မာနိုင်ငံ၏ သမိုင်းကို ပိုင်းခြားသတ်မှတ်ခြင်း ပြုကြသည်။

ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားတို့ ရောက်လာပြီးနောက်တွင် တစစနှင့် အင်အားအကြီးဆုံး အနေအထားသို့ရောက်ချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာနိုင်ငံ လည်ပိုင်းမျှက ပိုင်နက်ကို လည်းသိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ပြီး ပျူလူမျိုး တို့နောက်တွင် ပျူလူမျိုးတို့ကို စည်းရုံးသိမ်းသွင်း ပြီး ဗမာလူမျိုးစုတို့နှင့် တစုတစည်းထဲ နိုင်ငံတော်အဖြစ် တည်ထောင်နိုင်ခြင်းဖြစ်သည်။

အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင်အခြေချပြီး တစ်နယ်တစ်မင်းထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သော် ပုဂံမင်း အနော်ရထာသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။

သို့သော်အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင် သာရှိပြီးတိကျသည့် သမိုင်းအထောက်အထား များကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားတို့ကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာမင်း လက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး၊ နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ် သို့ရောက်လာခဲ့သည်။

သို့သော် ၄င်းအလွန်တွင် နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှု များကြောင့် ပုဂံတိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျ ရောက်ခဲ့ပြီး ၄င်းလည်း ရန်သူလက်ချက်ဖြင့် အနိစ္စရောက်ရသည်။

 

၄င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သားနှင့် အလောင်းစည်သူ မင်းများ လက်ထက်တွင် တဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တဖန်ကျဆင်းသွားရပြန်သည်။ နောက်ဆုံး AD- 1287 နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ရန်စစ်ကြောင့် ပုဂံမှာပျက်စီးခြင်းတို့ ရောက်ရသည်။

သျှမ်းလူမျိုးများ သည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက် တောင်ကုန်းဒေသများ တစ်ဝိုက်တွင် အင်အား တိုးတက် ကြီးမားလာရုံမျှမက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ထိုးဖောက် ဝင်ရောက်ကာ ကျောက်ဆည် လယ်တွင်းနယ်များကို အခိုင်အမာ အုပ်စီးထားမိကြသည်။

ပုဂံပြည်၏ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ကာကွယ်ရေး အင်အားများ ဆုတ်ယုတ်လျက် ပုဂံမင်းဆက် ဘုရင်များ၏ တန်ခိုးအာဏာများ လျော့ပါးစ ပြုနေသော အချိန်လောက်ကပင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ အထူးသဖြင့် ပုဂံမင်းဆက်များ ကစဥ့်ကလျား ဖြစ်သွားသည်နှင့် တပြိုက်နက် ကျောက်ဆည်နယ် မှ သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံတွင် ၄င်းတို့၏ တန်ခိုး အာဏာနှင့် မင်းဆက် ကို ထူထောင်ခြင်း ပြု ရန်ကြိုးပမ်း အားထုတ်ကြသည်…။

ပုဂံမင်းဆက် ဘုရင် နရသီဟပတေ့ ၏ ကျောက်ဆည် လယ်တွင်း နယ်စား မြို့စားများ ဖြစ်ကြသည့် သီဟသူ အသင်္ခယာ နှင့် ရာဇသင်္ကြန် အစရှိသော သျှမ်းလူမျိုးများ အကြီးအကဲ ခေါင်းဆောင် ၃ ဦးတို့ သည် အင်အား မရှိတော့သော ပုဂံမင်းဆက် နောက်ဆုံး ဘုရင် ကျော်စွာကို နန်းချပြီးနောက် ထင်ရှား ကျော်ကြားသည့် မိဖုရားကြီးဖွားစောကို ပင့်ဆောင်ကာ ပုဂံမင်းဆက် ဘုရင်များ၏ နေရာသို့ ၄င်းတို့ ကိုယ်ကို အစားထိုးရန် ကြိုးပမ်းအားထုတ် ကြောင်းတွေ့ ရှိရသည်။

မြန်မာနိုင်ငံမှ မွန်ဂိုတို့ တပ်ပြန်ရုတ်သိမ်းအပြီး နန်းတက်ကြသည့် ကျော်စွာ၊ စောနစ်၊ စောမွန်နစ်တို့မှာ ပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည့် အသိင်္ခယာ -ခွန်အိုက်ဆိုင်ခိုင်၊ ရာဇသင်္ကြန် -ခွန်ယီဆိုင်ကမ်၊ သီဟသူ -ခွန်ဆမ်ဆိုင် တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ်(သို့မဟုတ်) ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။

သျှမ်းညီနောင် သုံးဦးမှာ သျှမ်းမှူးမှတ် မျိုးထဲမှဖြစ်ပြီး
ဖခင်မှာ ခွန်ဆိုင်ခမ်းဖန်း ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) စသည့်ဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက်စားလေသည်။ မွန်ဂိုတို့သည်။

1303 -April -4-ရက်တွင် သီဟသူကိုပင် ပေါက်ကန်၏ ဘုရင်ဧကရာဇ်အဖြစ် အသိအမှတ်ပြုကာ ပြန်သွားကြတော့သည်။ ထိုနောက် မက္ခရာ ၊ မြင်စိုင်းနှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း(ပင်းယ) သီဟသူက နောင်တော်များကို လုပ်ကြံကာ 1312 ခုနှစ်တွင် ပင်းယမြို့တည် နန်းတည်၍ မင်းပြု အုပ်ချုပ်သည်။

ပင်းယခေတ် (သို့မဟုတ်) မြင်စိုင်းခေတ်
ဝိဇယပူရ ပင်းယခေတ် သည် ခရစ်နှစ် 1321 -ခု၊ မြန်မာ သက္ကရာဇ် 674 -ခု တွင် ပင်းယ တွင်နန်းတွင် ထီးနန်းစိုးစံ ခဲ့သော တစ်စီးရှင် သီဟသူ -ခွန်ဆမ်ဆိုင် လက်ထက် မှ စ၍ ခရစ်နှစ် 1364-ခု တွင် နန်းကျခဲ့သော ဥဇနာပြောင်မင်း လက်ထက် အထိ ဖြစ်ပါသည် ။ နှစ်ပေါင်း 43-နှစ်ကြာမြင့်ပြီး မင်းဆက် (6) ဆက် ရှိခဲ့ပါသည်။ ပင်းယခေတ် ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသေးသည်။

ပင်းယမင်းဆက် (၆)ဆက်

1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် 1312) သျှမ်း
2.မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ်1322)
(ပင်းယ သီဟသူ) သျှမ်း

3.မင်းဆက်(၂) ဥဇနာ (ပုသိမ်စား) (ကောဇာ ၇၀၄၊ ခရစ်1342) သျှမ်း
4.မင်းဆက်(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် 1351) သျှမ်း

5.မင်းဆက်(၄) ကျောစွာငယ် (ကောဇာ ၇၂၃၊ ခရစ် 1361) သျှမ်း
6.မင်းဆက်(၅) နရသူ(မာပါမင်း) (ကောဇာ ၇၂၆၊ ခရစ် 1364) သျှမ်း

7.မင်းဆက်(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် 1364)
(ဥစ္စနာပျောင်မင်း) သျှမ်းပင်းယ နှင့် ခေတ်ပြိုင်ဖြစ်သော ဇေယျပူရ စစ်ကိုင်းခေတ် သည် ခရစ်နှစ် 1315-ခု ၊ မြန်မာသက္ကရာဇ် ၆၈၄-ခု ( AD 1315 ) တွင်နန်းတက်သော ပင်းယတည် သီဟသူ၏ သားအငယ် ဖြစ်သော အသိင်္ခယစောယွမ်း လက်ထက် မှအစပြုပြီး သက္ကရာဇ် ၇၂၆ ( AD 1364 ) တွင် နန်းကျခဲ့သော မင်းဗြောက်မင်း လက်ထက် အထိ နှစ်ပေါင်း ၄၉ နှစ်ကြာမြင့် ခဲ့ပြီး မင်းဆက် (၇)ဆက် စိုးစံခဲ့ပါသည်။

စစ်ကိုင်းမင်းဆက် (၇)ဆက်

1.မင်းဆက်(၁) အသိင်္ခယာစောယွန်း(ကောဇာ ၆၇၇၊ ခရစ် 1315) သျှမ်း
2.မင်းဆက်(၂) တရဖျားကြီး(ကောဇာ ၆၈၄၊ ခရစ် 1322) သျှမ်း
3.မင်းဆက်(၃) ရွှေတောင်တက်(ကောဇာ ၇၀၁၊ ခရစ် 1339) သျှမ်း

4.မင်းဆက်(၄) ကျော်စွာမင်း(ကောဇာ ၇၀၆၊ ခရစ် 1344) (ကျစွာမင်း) သျှမ်း
5.မင်းဆက်(၅) မင်းရဲ(ကောဇာ ၇၁၄၊ ခရစ် 1352) (နော်ရထာမင်းရဲမင်း) သျှမ်း

6.မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် 1355) သျှမ်း
7.မင်းဆက်(၇) မင်းပြောက်(ကောဇာ ၇၂၆၊ ခရစ် 1364) သျှမ်း
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြား ခွဲထုတ်ထားခြင်းမရှိပါ။

1.ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။ ရံဖန်ရံခါ သီဟသူရ ဟူသောဘွဲ့ ဖြင့်လည်း တွေ့ရတတ်သည်။

2.ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသိင်္ခယာစောယွန်း ကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ် အုပ်ချုပ်စေသည်။ သီဟသူ လွန်လျှင် သားဖြစ်သူ ဥဇနာ(ပုသိမ်စား)က ပင်းယနန်းကို ဆက်ခံသည်။

ငါးစီးရှင်ကျော်စွာသည် ပင်းယခေတ် တစ်စီးရှင် သီဟသူ၏ သားတော်အငယ် ဖြစ်သည်။ (ခရစ်-1351(ကောဇာ-၇၁၃) တွင် နန်းတက်သည်။ နန်းသက် ၉-နှစ်ဖြစ်သည်။ သားတော်သုံးပါးရှိသည်။ သားတော်အကြီးမှာ ဥဇနာပြောင်မင်း ဖြစ်သည်။ သားတော်အလတ်မှာ ကျော်စွာငယ် ဖြစ်ပြီး သားတော်အငယ်မှာ နရသူ (မောပါမင်း) ဖြစ်သည်။

ငါးစီးရှင်ကျော်စွာ ပြီးနောက် သားတော်အလတ် ကျော်စွာငယ် နန်းတက်သည်။ ကွယ်လွန်ပြီးနောက်တွင် မြန်မာတို့ရိုးရာအရ ကိုးကွယ်သည့် အကပြင် ၃၇ မင်း အနက် ငါးစီးရှင်နတ် အဖြစ်သို့ရောက်သည်ဟု ယုံကြည်ကြသည်။ငါးစီးရှင်ကျော်စွာ လက်ထက်တွင် ကာချင်း သီချင်းများ ခေတ်စားသည်။ ကိုယ်တော်တိုင် ကာချင်းသီဆို၍ ကသည်။

နရသူ(မောပါမင်း)သည် ငါးစီရှင်ကျော်စွာ၏ သားတော်ငယ် ဖြစ်သည်။ နရသူသည် (ခရစ်နှစ်-1364) (ကောဇာ-၇၂၆) တွင် နန်းတက်သည်။ ၎င်းလက်ထက်တွင် စစ်ကိုင်းတွင်စိုးစံနေသော မင်းပြောက်အား မင်းမျိုးမင်းရိုးမမှန်သူဟု စွပ်စွဲကာ မသင့်မမြတ်ဖြစ်ကြသည်။ ထို့ကြောင့် နရသူက မောသျှမ်း သိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်သည်။

 

သိုချည်ဘွားလည်း နရသူဖိတ်ခေါ်သည့် အတိုင်း စစ်ကိုင်းကို စစ်ချီ၍ တိုက်လျှင် မင်းပြောက်နှင့် တကွတစ်မြို့လုံး ကြခတ်ဝရာ ဘက်သို့ ထွက်ပြေးကြသည်။ တစ်ဖန် သိုချည်ဘွားသည် စစ်တိုက်ရာ မကူကောင်း လောဟု အမျက်ထွက်၍ ပင်းယကိုကူး၍ တိုက်ကာ နရသူကိုပါ ဖမ်းယူသွားလေသည်။ ထို့ကြောင့် မောပါနရသူဟု တွင်သည်။

 

မြန်မာရာဇဝင် များတွင် မောသျှမ်းများ (ယခုမိုးကောင်း မိုးညှင်းဒေသ နေသျှမ်းများကို ဆိုလိုသည်) ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ သျှမ်းမင်း ဆက်များ ကုန်ဆုံးလေတော့သည်။

၁၃၆၄- ခုနှစ် သျှမ်းမြန်မာ အကြီးအကဲ တစ်ဦးဖြစ်သူ သတိုးမင်းဖျားသည် ဂန္တဝင်အမည် ရဋ္ဌပူရ သို့မဟုတ် ရတနာမြို့တော်ဟူ၍ ဧရာဝတီမြစ်နဒီနှင့် မြစ်ငယ်မြစ်တို့ ဆုံဆည်းရာ မြို့ငယ်လေးတစ်ခုမျှသာ ဖြစ်လျက် ကျောက်ဆိုင်ခရိုင်အတွင်း ရွာသိမ် ၁၁ ခု ခြံရံပြီး ကျောက်ဆည် လယ်တွင်းနယ်များကို ဖြတ်သန်း စီးဆင်းသည့် ဇော်ဂျီစမုံမြစ် ပန်းလောင်းမြစ်နှင့် မြစ်ငယ် ဆက်လက်ပြီး ဧရာဝတီမြစ် တို့ ဆုံဆည်းမိသည့် အကွက် အကွင်းကျသော ဒေသတွင်နန်းမြို့တော် တည်လေသည် အင်းဝအမည်ကိုယ်၌က ရှမ်းအခေါ် ကုန်းပတ်လည်ရေပြင် အင်းဝ သို့မဟုတ် အဝင်ဟုဆိုခြင်းဖြစ်သည် လူပြုလုပ်သည့် ကျွန်းတစ်ခုအပေါ် တည်ထားတော်မူခဲ့သဖြင့် ယင်းသည်မက မြစ်သာချောင်းတစ်ခု တူးမြောင်းတစ်ခုတူးရာမှ နဒီဧရာနှင့် ဆက်ဖို့ကြံရွယ်ချက် မြစ်ငယ်မြစ် ထိုနစ်မြစ်ကြောင့် ထွက်လာသည့်တူးချောင်း မြေဖို့ရာ အင်းဝမှာဖြစ်လာရသည်။ အကြောင်းပြု၍ အင်းဝမြို့ဟုစတင် ခေါ်ဝေါ်လာကြသည်။

 

တစ်နယ် တစ်မင်းဖြစ်နေ သည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသကို တဖြည်းဖြည်း စည်းလုံး သိမ်းသွင်း ကာ အင်းဝမင်းဆက်ကို ထူထောင်ပြီး မြန်မာနိုင်ငံကို စည်းလုံးသိမ်းသွင်း ဖို့ကြိုးပမ်းရာတွင် သတိုးမင်းဖျားသည် အရည်းကြီး ရှင်ယောင်များအား သုတ်သင်ပုံ သူခိုးကြီး ငတက်ပြားအား ဖမ်းဆီး ပုံနှင့် ဓါးပြတစ်ဦးအားသတ်ဖြတ်ပြီး နောက်အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇဝင် များတွင် ဖွဲ့နွဲ့ရေးသား ဖော်ပြကြသည်။

 

သို့ရာတွင် မြန်မာနိုင်ငံ မြောက်ဘက် တစ်လွှားရှိ မောသျှမ်း များကိုကား စည်းလုံး သိမ်းသွင်း နိုင်ခြင်းမရှိသေးချေ။ ယင်းသို့ မြန်မာနိုင်ငံ မြောက်ဘက် တစ်လွှားတွင် မောသျှမ်းများသည် တန်ခိုး အင်အားကြီးမားလျက် ၄င်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတဝိုက်တွင် အင်းဝကို ဗဟိုပြုသည့် သျှမ်းမြန်မာ ပဒေသရာဇ် မင်းဆက်သည် တစ်စထက် တစ်စ တန်ခိုး အင်အားကြီးမားလျှက်ရှိ နေကြချိန်တွင် မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း တစ်ဝိုက်တွင် တောင်ပိုင်း ယိုးဒယားသျှမ်းများ၏ တန်ခိုး အာဏာ သည်လည်း တစ်ဖြည်းဖြည်းလွှမ်းမိုးစ ပြုလာသည်ကို တွေ့ရှိရသည် ။ ထိုအချိန်တွင် မွန်-မြန်မာ-သျှမ်း သုံးပွင့်ဆိုင် အားပြိုင်မှုကြီးအဖြစ် တွေ့မြင်ရလေသည်။

 

သျှမ်းဘုရင်များသည် ပုဂံခေတ် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် အဆောင် အယောင်များ ကို ဆက်လက် ထိန်းသိမ်း ခြင်းပြုရုံ မျှသာမက ၄င်းတို့ ကိုယ်ကိုလည်း အင်း၀ ရွှေနန်းရှင် အဖြစ်ဖြင့် ခံယူ ထင်မြင် စေခဲ့ကြောင်း ဂျီအီးဟာဗီ၏ စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ပုဂံမင်း ဆက်ဘုရင် များ၏ အင်း၀ ကိုမြို့တော်ပြုပြီး မုံရွာ နှင့် ရွှေဘို ခရိုင်ထိ လွှမ်းမိုး ကြီးစိုးခဲ့ ကြသော သျှမ်းများသည် ဗမာပဒေသရာဇ် မိဖုရားဟောင်းများ နှင့် မောင်းမ မိဿံများကို သျှမ်းပဒေသရာဇ် ဘုရင်များ၏ အကြီးအကဲ များက သိမ်းပိုက် ယူငင်လိုက်ကြ သဖြင့်၄င်းတို့ မှ ဆင်းသက် ပေါက်ဖွားလာသော သျှမ်းမြန်မာ သွေးနှော သူများသည် အင်းဝကို ဗဟိုပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသကို နှစ်ပေါင်း ၂၀၀ ကျော် မျှ စိုးစံခဲ့ကြသည်…။

၄င်းအပြင် သျှမ်းမြန်မာ သွေးနှောသော အင်း၀ ဘုရင်များ စိုးစံခဲ့ကြသည့် ကာလ သမိုင်း တစ် လျှောက်တွင် မြန်မာစာပေသည် သိသိသာသာကြီး ထွန်းကား ဖွံ့ဖြိုးပြီး ပင်းယ ငါးစီးရှင် ကျော်စွာ နှင့် အင်း၀ ဒုတိယ မင်းခေါင် စသော ရွှေနန်းရှင်ကြီးများ ကိုယ်တိုင် မြန်မာ စာဆိုတော်ကြီး များဖြစ်နေသည် ကို တွေ့ရှိရသည်။

 

အင်းဝမင်းဆက် ဘုရင်များ၏ အင်အား လျော့ပါးသည့် သက္ကရာဇ် 1527 ခုနှစ်တွင် မိုးညှင်းစဝ်လုံ နှင့် သားတော် သိုဟန်ဘွားတို့ ခေါင်းဆောင်သော မောသျှမ်းများသည် အင်းဝကို ဝင်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇဝင်များတွင် အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်း တိုက်ပွဲတွင် အမြောက်ဆံထိပြီး ကျဆုံးကြောင်း ဖေါ်ပြကြသည်။

 

မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းကြီးရန်နောင်၏ အကူအညီဖြင့် ၄င်း၏သားတော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွားကြောင်းဖြင့်ရေးသား ဖော်ပြကြသည်။ ထိုခေတ်ကို ဒုတိယသျှမ်းခေတ် ဟု ဆိုကြသည်။

သိုဟန်ဘွာကို မင်းကြီးရန်နောင်၏ လုပ်ကြံခြင်းခံရပြီးနောက် အုန်းဘောင်ခုံမှိုင်း နန်းတက်လေသည်။ (သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း၊ မိုးဗြဲနရပတိ) တို့လက်ထက်တွင် တောင်ဖက်မှ ဟံသာဝတီကိုသိမ်းယူကာ အင်အားကြီးလာသည့် တောင်ငူမှ တပင်ရွှေထီးနှင့် ဆက်လက်၍ စစ်ခင်းကြသည်။

ထိုနောက် စစ်ကိုင်းမှနေ၍ အင်းဝမှ မိုးဗြဲနရပတိကို တိုက်ခိုက်ပြီး နန်းတက်လာသည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင်မူ ဘုရင့်နောင်၏ တိုက်ခိုက်မှုကြောင့် နန်းကျကာ (ပထမ) အင်းဝခေတ်လည်း ကုန်ဆုံးလေသည်။ ဤသည်ကာ မြန်နိုင်ငံတွင်း သျှမ်းများလွှမ်းမိုး ကြီးစိုးသောခေတ် များဖြစ်လေသည်။

ယဉ်ကျေးမှု

ပုဂံခေတ်မှစ၍ ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူနှင့် မွန် တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။

ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိ တည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများ လွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူ လက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာများ၊ သျှမ်းများ၊ သျှမ်းမြန်မာတို့သည် စိတ်ကူယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည် ကိုတွေ့မြင်ရလေသည်။

ထုတ်နုတ်
• သျှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
• သျှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
• အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
• မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

 

Credit

 

Zawgyi

 

သွ်မ္းလူမ်ိဳးမ်ား လႊမ္းမိုးႀကီးစိုးေသာ ေခတ္

 

 

ပုဂံေခတ္ AD- 1044 မွ -1077 အေနာ္ရထာမင္း နန္းတက္ၿပီး AD- 1287 – ပုဂံ ပ်က္သုဥ္းၿပီးေနာက္ တစ္နယ္ တစ္မင္း တစ္တပ္ တစ္ဗိုလ္ အကြဲကြဲ အျပားျပားျဖစ္ကာ နိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး ႏွင့္ ယဥ္ေက်းမႈတို႔ အဖက္ဖက္တြင္ ဆုတ္ယုတ္ပ်က္ျပားေနခဲ့ရသည္။

ယင္းကာလကို ဂ်ီးအီး ဟာဗီႏွင့္ ပန္းေဟာလ္ အစရွိသည့္ သမိုင္းပညာရွင္မ်ားက သွ်မ္းလူမ်ိဳးမ်ား လႊမ္းမိုးႀကီးစိုးေသာ ေခတ္ဟု ျမန္မာနိုင္ငံ၏ သမိုင္းကို ပိုင္းျခားသတ္မွတ္ျခင္း ျပဳၾကသည္။

ပုဂံေခတ္သည္ ျမန္မာနိုင္ငံတြင္းသို႔ ဗမာတိုင္းရင္းသားတို႔ ေရာက္လာၿပီးေနာက္တြင္ တစစႏွင့္ အင္အားအႀကီးဆုံး အေနအထားသို႔ေရာက္ခ်ိန္ျဖစ္သကဲ့သို႔ ယေန႕ျမန္မာနိုင္ငံ လည္ပိုင္းမွ်က ပိုင္နက္ကို လည္းသိမ္းပိုက္ အုပ္ခ်ဳပ္နိုင္ခဲ့ၿပီး ပ်ဴလူမ်ိဳး တို႔ေနာက္တြင္ ပ်ဴလူမ်ိဳးတို႔ကို စည္း႐ုံးသိမ္းသြင္း ၿပီး ဗမာလူမ်ိဳးစုတို႔ႏွင့္ တစုတစည္းထဲ နိုင္ငံေတာ္အျဖစ္ တည္ေထာင္နိုင္ျခင္းျဖစ္သည္။

အစဦးတြင္ ဗမာလူမ်ိဳးတို႔သည္ ေက်ာက္ဆည္ခရိုင္ ေဒသမ်ားတြင္အေျခခ်ၿပီး တစ္နယ္တစ္မင္းထူေထာင္ကာ စုစည္းေနထိုင္ၾကရာမွ ေအဒီ ၁၀ ရာစုသို႔ေရာက္ေသာ္ ပုဂံမင္း အေနာ္ရထာသည္ အင္အားအႀကီးဆုံးအျဖစ္ အသိအမွတ္ျပဳခံရကာ မင္းႀကီး ျဖစ္လာသည္။

သို႔ေသာ္အေစာပိုင္း ပုဂံမင္းဆက္မ်ားအေၾကာင္းမွာ ပါးစပ္ေျပာရာဇဝင္ သာရွိၿပီးတိက်သည့္ သမိုင္းအေထာက္အထား မ်ားကိုမူ ရွာေဖြမေတြ႕ရေခ်။ အေထာက္အထားတို႔ကို အေစာဆုံး စတင္ကာေတြ႕ရသည့္ အေနာ္ရထာမင္း လက္ထက္အေရာက္တြင္ ေထရဝါဒ ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္လာၾကၿပီး၊ နိုင္ငံေရး ဩဇာအရလည္း အထြတ္အထိပ္ သို႔ေရာက္လာခဲ့သည္။

သို႔ေသာ္ ၄င္းအလြန္တြင္ နန္းတက္သည့္ ေစာလူးမင္း၏ အရည္အခ်င္းညံ့ဖ်င္းမႈ မ်ားေၾကာင့္ ပုဂံတိုင္းျပည္ၿပိဳကြဲလုနီးနီး အႏၲရာယ္က် ေရာက္ခဲ့ၿပီး ၄င္းလည္း ရန္သူလက္ခ်က္ျဖင့္ အနိစၥေရာက္ရသည္။

 

၄င္းအလြန္တြင္ နန္းစံၾကသည့္ က်န္စစ္သားႏွင့္ အေလာင္းစည္သူ မင္းမ်ား လက္ထက္တြင္ တဖန္အင္အားဩဇာ ျပည့္ဝၾကေသာ္လည္း ထိုမင္းမ်ားလြန္လွ်င္ ပုဂံ၏ဩဇာမွာ တဖန္က်ဆင္းသြားရျပန္သည္။ ေနာက္ဆုံး AD- 1287 နရသီဟပေတ့ေခၚ တ႐ုတ္ေျပးမင္း လက္ထက္တြင္ မြန္ဂိုတို႔၏ရန္စစ္ေၾကာင့္ ပုဂံမွာပ်က္စီးျခင္းတို႔ ေရာက္ရသည္။

သွ်မ္းလူမ်ိဳးမ်ား သည္ ျမန္မာနိုင္ငံ ေျမာက္ဘက္ႏွင့္ အေရွ႕ဘက္ ေတာင္ကုန္းေဒသမ်ား တစ္ဝိုက္တြင္ အင္အား တိုးတက္ ႀကီးမားလာ႐ုံမွ်မက ျမန္မာနိုင္ငံ အလယ္ပိုင္းေဒသမ်ားသို႔ ထိုးေဖာက္ ဝင္ေရာက္ကာ ေက်ာက္ဆည္ လယ္တြင္းနယ္မ်ားကို အခိုင္အမာ အုပ္စီးထားမိၾကသည္။

ပုဂံျပည္၏ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ႏွင့္ ကာကြယ္ေရး အင္အားမ်ား ဆုတ္ယုတ္လ်က္ ပုဂံမင္းဆက္ ဘုရင္မ်ား၏ တန္ခိုးအာဏာမ်ား ေလ်ာ့ပါးစ ျပဳေနေသာ အခ်ိန္ေလာက္ကပင္ ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသမ်ား အထူးသျဖင့္ ပုဂံမင္းဆက္မ်ား ကစဥ့္ကလ်ား ျဖစ္သြားသည္ႏွင့္ တၿပိဳက္နက္ ေက်ာက္ဆည္နယ္ မွ သွ်မ္းလူမ်ိဳးမ်ားသည္ ျမန္မာနိုင္ငံတြင္ ၄င္းတို႔၏ တန္ခိုး အာဏာႏွင့္ မင္းဆက္ ကို ထူေထာင္ျခင္း ျပဳ ရန္ႀကိဳးပမ္း အားထုတ္ၾကသည္…။

ပုဂံမင္းဆက္ ဘုရင္ နရသီဟပေတ့ ၏ ေက်ာက္ဆည္ လယ္တြင္း နယ္စား ၿမိဳ႕စားမ်ား ျဖစ္ၾကသည့္ သီဟသူ အသခၤယာ ႏွင့္ ရာဇသၾကၤန္ အစရွိေသာ သွ်မ္းလူမ်ိဳးမ်ား အႀကီးအကဲ ေခါင္းေဆာင္ ၃ ဦးတို႔ သည္ အင္အား မရွိေတာ့ေသာ ပုဂံမင္းဆက္ ေနာက္ဆုံး ဘုရင္ ေက်ာ္စြာကို နန္းခ်ၿပီးေနာက္ ထင္ရွား ေက်ာ္ၾကားသည့္ မိဖုရားႀကီးဖြားေစာကို ပင့္ေဆာင္ကာ ပုဂံမင္းဆက္ ဘုရင္မ်ား၏ ေနရာသို႔ ၄င္းတို႔ ကိုယ္ကို အစားထိုးရန္ ႀကိဳးပမ္းအားထုတ္ ေၾကာင္းေတြ႕ ရွိရသည္။

ျမန္မာနိုင္ငံမွ မြန္ဂိုတို႔ တပ္ျပန္႐ုတ္သိမ္းအၿပီး နန္းတက္ၾကသည့္ ေက်ာ္စြာ၊ ေစာနစ္၊ ေစာမြန္နစ္တို႔မွာ ပုဂံမင္းဟုသာ အသိအမွတ္ျပဳခံရၿပီး အမွန္တကယ္တြင္ ဩဇာရွိၾကသည္မွာ ရွမ္းညီေနာင္သုံးဦး ျဖစ္သည့္ အသိခၤယာ -ခြန္အိုက္ဆိုင္ခိုင္၊ ရာဇသၾကၤန္ -ခြန္ယီဆိုင္ကမ္၊ သီဟသူ -ခြန္ဆမ္ဆိုင္ တို႔ျဖစ္ၾကသည္။ အခ်ိဳ႕သမိုင္းဆရာတို႔က ထိုကာလကို ျမင္စိုင္းေခတ္(သို႔မဟုတ္) ပထမရွမ္းေခတ္ အျဖစ္လည္း သတ္မွတ္ၾကသည္။

သွ်မ္းညီေနာင္ သုံးဦးမွာ သွ်မ္းမႉးမွတ္ မ်ိဳးထဲမွျဖစ္ၿပီး
ဖခင္မွာ ခြန္ဆိုင္ခမ္းဖန္း ျဖစ္၏ ေပါက္ကန္နန္းေတာ္ကို ဆန္ေရ စပါးအမ်ားဆုံး ပံ့ပိုးေသာ ဤသွ်မ္းမိသားစုကို ေပါက္ကန္ရွင္ဘုရင္ (တလုတ္ေျပးမင္း) စသည့္ဘြဲ႕သစ္မ်ားျဖင့္ ခ်ီးျမႇင့္ျမႇောက္စားေလသည္။ မြန္ဂိုတို႔သည္။

1303 -April -4-ရက္တြင္ သီဟသူကိုပင္ ေပါက္ကန္၏ ဘုရင္ဧကရာဇ္အျဖစ္ အသိအမွတ္ျပဳကာ ျပန္သြားၾကေတာ့သည္။ ထိုေနာက္ မကၡရာ ၊ ျမင္စိုင္းႏွင့္ ပင္လယ္တို႔တြင္ အသီးသီး မင္းလုပ္အုပ္ခ်ဳပ္ခဲ့ၾကသည္။ အဆုံးတြင္ အငယ္ဆုံးျဖစ္သည့္ ပင္လယ္မင္း(ပင္းယ) သီဟသူက ေနာင္ေတာ္မ်ားကို လုပ္ႀကံကာ 1312 ခုႏွစ္တြင္ ပင္းယၿမိဳ႕တည္ နန္းတည္၍ မင္းျပဳ အုပ္ခ်ဳပ္သည္။

ပင္းယေခတ္ (သို႔မဟုတ္) ျမင္စိုင္းေခတ္
ဝိဇယပူရ ပင္းယေခတ္ သည္ ခရစ္ႏွစ္ 1321 -ခု၊ ျမန္မာ သကၠရာဇ္ 674 -ခု တြင္ ပင္းယ တြင္နန္းတြင္ ထီးနန္းစိုးစံ ခဲ့ေသာ တစ္စီးရွင္ သီဟသူ -ခြန္ဆမ္ဆိုင္ လက္ထက္ မွ စ၍ ခရစ္ႏွစ္ 1364-ခု တြင္ နန္းက်ခဲ့ေသာ ဥဇနာေျပာင္မင္း လက္ထက္ အထိ ျဖစ္ပါသည္ ။ ႏွစ္ေပါင္း 43-ႏွစ္ၾကာျမင့္ၿပီး မင္းဆက္ (6) ဆက္ ရွိခဲ့ပါသည္။ ပင္းယေခတ္ ကို ျမင္စိုင္းေခတ္ ဟုလည္း ေခၚပါေသးသည္။

ပင္းယမင္းဆက္ (၆)ဆက္

1.ျမင္စိုင္းရာဇသၾကၤန္ (ေကာဇာ ၆၇၄၊ ခရစ္ 1312) သွ်မ္း
2.မင္းဆက္(၁)တစ္စီးရွင္ သီဟသူ (ေကာဇာ ၆၈၄၊ ခရစ္1322)
(ပင္းယ သီဟသူ) သွ်မ္း

3.မင္းဆက္(၂) ဥဇနာ (ပုသိမ္စား) (ေကာဇာ ၇၀၄၊ ခရစ္1342) သွ်မ္း
4.မင္းဆက္(၃) ငါးစီးရွင္ေက်ာ္စြာ (ေကာဇာ ၇၁၃၊ ခရစ္ 1351) သွ်မ္း

5.မင္းဆက္(၄) ေက်ာစြာငယ္ (ေကာဇာ ၇၂၃၊ ခရစ္ 1361) သွ်မ္း
6.မင္းဆက္(၅) နရသူ(မာပါမင္း) (ေကာဇာ ၇၂၆၊ ခရစ္ 1364) သွ်မ္း

7.မင္းဆက္(၆) ဥဇနာေျပာင္မင္း (ေကာဇာ ၇၂၆၊ ခရစ္ 1364)
(ဥစၥနာေပ်ာင္မင္း) သွ်မ္းပင္းယ ႏွင့္ ေခတ္ၿပိဳင္ျဖစ္ေသာ ေဇယ်ပဴရ စစ္ကိုင္းေခတ္ သည္ ခရစ္ႏွစ္ 1315-ခု ၊ ျမန္မာသကၠရာဇ္ ၆၈၄-ခု ( AD 1315 ) တြင္နန္းတက္ေသာ ပင္းယတည္ သီဟသူ၏ သားအငယ္ ျဖစ္ေသာ အသိခၤယေစာယြမ္း လက္ထက္ မွအစျပဳၿပီး သကၠရာဇ္ ၇၂၆ ( AD 1364 ) တြင္ နန္းက်ခဲ့ေသာ မင္းေျဗာက္မင္း လက္ထက္ အထိ ႏွစ္ေပါင္း ၄၉ ႏွစ္ၾကာျမင့္ ခဲ့ၿပီး မင္းဆက္ (၇)ဆက္ စိုးစံခဲ့ပါသည္။

စစ္ကိုင္းမင္းဆက္ (၇)ဆက္

1.မင္းဆက္(၁) အသိခၤယာေစာယြန္း(ေကာဇာ ၆၇၇၊ ခရစ္ 1315) သွ်မ္း
2.မင္းဆက္(၂) တရဖ်ားႀကီး(ေကာဇာ ၆၈၄၊ ခရစ္ 1322) သွ်မ္း
3.မင္းဆက္(၃) ေ႐ႊေတာင္တက္(ေကာဇာ ၇၀၁၊ ခရစ္ 1339) သွ်မ္း

4.မင္းဆက္(၄) ေက်ာ္စြာမင္း(ေကာဇာ ၇၀၆၊ ခရစ္ 1344) (က်စြာမင္း) သွ်မ္း
5.မင္းဆက္(၅) မင္းရဲ(ေကာဇာ ၇၁၄၊ ခရစ္ 1352) (ေနာ္ရထာမင္းရဲမင္း) သွ်မ္း

6.မင္းဆက္(၆) ရတဖ်ားငယ္မင္း (ေကာဇာ ၇၁၇၊ ခရစ္ 1355) သွ်မ္း
7.မင္းဆက္(၇) မင္းေျပာက္(ေကာဇာ ၇၂၆၊ ခရစ္ 1364) သွ်မ္း
စစ္ကိုင္းေခတ္ဟု သီးျခားေခၚဆိုနိုင္ေသာ္လည္း ပင္းယႏွင့္ ေခတ္ၿပိဳင္ျဖစ္သျဖင့္ သီးျခား ခြဲထုတ္ထားျခင္းမရွိပါ။

1.ဆင္ျဖဴအေသတစ္စီးေမ်ာ လာသည္ကို ဆယ္ယူေစၿပီး ဆင္ကတင္ကာ ဆင္ျဖဴရွင္ဘြဲ႕သျဖင့္ သမိုင္းတြင္ တစ္စီးရွင္ သီဟသူ အျဖစ္၎၊ ပင္းယၿမိဳ႕တည္ သီဟသူ အျဖစ္၎ ေက်ာ္ၾကားေပသည္။ ရံဖန္ရံခါ သီဟသူရ ဟူေသာဘြဲ႕ ျဖင့္လည္း ေတြ႕ရတတ္သည္။

2.ပင္းယတြင္ ၿမိဳ႕မတည္မီ အင္းဝေနရာတြင္ ၿမိဳ႕တည္ရန္ သုံးႀကိမ္တိုင္တိုင္ ႀကိဳးပမ္းေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ပင္းယတည္ၿပီးေနာက္ သုံးႏွစ္အၾကာတြင္ သားေတာ္တစ္ပါးျဖစ္သည့္ အသိခၤယာေစာယြန္း ကို စစ္ကိုင္းၿမိဳ႕တည္ေပးၿပီး မင္းအျဖစ္ အုပ္ခ်ဳပ္ေစသည္။ သီဟသူ လြန္လွ်င္ သားျဖစ္သူ ဥဇနာ(ပုသိမ္စား)က ပင္းယနန္းကို ဆက္ခံသည္။

ငါးစီးရွင္ေက်ာ္စြာသည္ ပင္းယေခတ္ တစ္စီးရွင္ သီဟသူ၏ သားေတာ္အငယ္ ျဖစ္သည္။ (ခရစ္-1351(ေကာဇာ-၇၁၃) တြင္ နန္းတက္သည္။ နန္းသက္ ၉-ႏွစ္ျဖစ္သည္။ သားေတာ္သုံးပါးရွိသည္။ သားေတာ္အႀကီးမွာ ဥဇနာေျပာင္မင္း ျဖစ္သည္။ သားေတာ္အလတ္မွာ ေက်ာ္စြာငယ္ ျဖစ္ၿပီး သားေတာ္အငယ္မွာ နရသူ (ေမာပါမင္း) ျဖစ္သည္။

ငါးစီးရွင္ေက်ာ္စြာ ၿပီးေနာက္ သားေတာ္အလတ္ ေက်ာ္စြာငယ္ နန္းတက္သည္။ ကြယ္လြန္ၿပီးေနာက္တြင္ ျမန္မာတို႔ရိုးရာအရ ကိုးကြယ္သည့္ အကျပင္ ၃၇ မင္း အနက္ ငါးစီးရွင္နတ္ အျဖစ္သို႔ေရာက္သည္ဟု ယုံၾကည္ၾကသည္။ငါးစီးရွင္ေက်ာ္စြာ လက္ထက္တြင္ ကာခ်င္း သီခ်င္းမ်ား ေခတ္စားသည္။ ကိုယ္ေတာ္တိုင္ ကာခ်င္းသီဆို၍ ကသည္။

နရသူ(ေမာပါမင္း)သည္ ငါးစီရွင္ေက်ာ္စြာ၏ သားေတာ္ငယ္ ျဖစ္သည္။ နရသူသည္ (ခရစ္ႏွစ္-1364) (ေကာဇာ-၇၂၆) တြင္ နန္းတက္သည္။ ၎လက္ထက္တြင္ စစ္ကိုင္းတြင္စိုးစံေနေသာ မင္းေျပာက္အား မင္းမ်ိဳးမင္းရိုးမမွန္သူဟု စြပ္စြဲကာ မသင့္မျမတ္ျဖစ္ၾကသည္။ ထို႔ေၾကာင့္ နရသူက ေမာသွ်မ္း သိုခ်ည္ဘြားအား စစ္ကိုင္းကို လာေရာက္တိုက္ခိုက္ရန္ ဖိတ္ေခၚသည္။

 

သိုခ်ည္ဘြားလည္း နရသူဖိတ္ေခၚသည့္ အတိုင္း စစ္ကိုင္းကို စစ္ခ်ီ၍ တိုက္လွ်င္ မင္းေျပာက္ႏွင့္ တကြတစ္ၿမိဳ႕လုံး ၾကခတ္ဝရာ ဘက္သို႔ ထြက္ေျပးၾကသည္။ တစ္ဖန္ သိုခ်ည္ဘြားသည္ စစ္တိုက္ရာ မကူေကာင္း ေလာဟု အမ်က္ထြက္၍ ပင္းယကိုကူး၍ တိုက္ကာ နရသူကိုပါ ဖမ္းယူသြားေလသည္။ ထို႔ေၾကာင့္ ေမာပါနရသူဟု တြင္သည္။

 

ျမန္မာရာဇဝင္ မ်ားတြင္ ေမာသွ်မ္းမ်ား (ယခုမိုးေကာင္း မိုးညွင္းေဒသ ေနသွ်မ္းမ်ားကို ဆိုလိုသည္) ဝင္ေရာက္တိုက္ခိုက္သျဖင့္ စစ္ကိုင္းႏွင့္ ပင္းယ သွ်မ္းမင္း ဆက္မ်ား ကုန္ဆုံးေလေတာ့သည္။

၁၃၆၄- ခုႏွစ္ သွ်မ္းျမန္မာ အႀကီးအကဲ တစ္ဦးျဖစ္သူ သတိုးမင္းဖ်ားသည္ ဂႏၲဝင္အမည္ ရ႒ပူရ သို႔မဟုတ္ ရတနာၿမိဳ႕ေတာ္ဟူ၍ ဧရာဝတီျမစ္နဒီႏွင့္ ျမစ္ငယ္ျမစ္တို႔ ဆုံဆည္းရာ ၿမိဳ႕ငယ္ေလးတစ္ခုမွ်သာ ျဖစ္လ်က္ ေက်ာက္ဆိုင္ခရိုင္အတြင္း ႐ြာသိမ္ ၁၁ ခု ၿခံရံၿပီး ေက်ာက္ဆည္ လယ္တြင္းနယ္မ်ားကို ျဖတ္သန္း စီးဆင္းသည့္ ေဇာ္ဂ်ီစမုံျမစ္ ပန္းေလာင္းျမစ္ႏွင့္ ျမစ္ငယ္ ဆက္လက္ၿပီး ဧရာဝတီျမစ္ တို႔ ဆုံဆည္းမိသည့္ အကြက္ အကြင္းက်ေသာ ေဒသတြင္နန္းၿမိဳ႕ေတာ္ တည္ေလသည္ အင္းဝအမည္ကိုယ္၌က ရွမ္းအေခၚ ကုန္းပတ္လည္ေရျပင္ အင္းဝ သို႔မဟုတ္ အဝင္ဟုဆိုျခင္းျဖစ္သည္ လူျပဳလုပ္သည့္ ကြၽန္းတစ္ခုအေပၚ တည္ထားေတာ္မူခဲ့သျဖင့္ ယင္းသည္မက ျမစ္သာေခ်ာင္းတစ္ခု တူးေျမာင္းတစ္ခုတူးရာမွ နဒီဧရာႏွင့္ ဆက္ဖို႔ႀကံ႐ြယ္ခ်က္ ျမစ္ငယ္ျမစ္ ထိုနစ္ျမစ္ေၾကာင့္ ထြက္လာသည့္တူးေခ်ာင္း ေျမဖို႔ရာ အင္းဝမွာျဖစ္လာရသည္။ အေၾကာင္းျပဳ၍ အင္းဝၿမိဳ႕ဟုစတင္ ေခၚေဝၚလာၾကသည္။

 

တစ္နယ္ တစ္မင္းျဖစ္ေန သည့္ ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသကို တျဖည္းျဖည္း စည္းလုံး သိမ္းသြင္း ကာ အင္းဝမင္းဆက္ကို ထူေထာင္ၿပီး ျမန္မာနိုင္ငံကို စည္းလုံးသိမ္းသြင္း ဖို႔ႀကိဳးပမ္းရာတြင္ သတိုးမင္းဖ်ားသည္ အရည္းႀကီး ရွင္ေယာင္မ်ားအား သုတ္သင္ပုံ သူခိုးႀကီး ငတက္ျပားအား ဖမ္းဆီး ပုံႏွင့္ ဓါးျပတစ္ဦးအားသတ္ျဖတ္ၿပီး ေနာက္အေလာင္း၏ ရင္ဘတ္ေပၚတြင္ ထမင္းစားျပပုံမ်ား ကို ျမန္မာရာဇဝင္ မ်ားတြင္ ဖြဲ႕ႏြဲ႕ေရးသား ေဖာ္ျပၾကသည္။

 

သို႔ရာတြင္ ျမန္မာနိုင္ငံ ေျမာက္ဘက္ တစ္လႊားရွိ ေမာသွ်မ္း မ်ားကိုကား စည္းလုံး သိမ္းသြင္း နိုင္ျခင္းမရွိေသးေခ်။ ယင္းသို႔ ျမန္မာနိုင္ငံ ေျမာက္ဘက္ တစ္လႊားတြင္ ေမာသွ်မ္းမ်ားသည္ တန္ခိုး အင္အားႀကီးမားလ်က္ ၄င္း ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသတဝိုက္တြင္ အင္းဝကို ဗဟိုျပဳသည့္ သွ်မ္းျမန္မာ ပေဒသရာဇ္ မင္းဆက္သည္ တစ္စထက္ တစ္စ တန္ခိုး အင္အားႀကီးမားလွ်က္ရွိ ေနၾကခ်ိန္တြင္ ျမန္မာနိုင္ငံ ေတာင္ဘက္ တစ္လႊား အထူးသျဖင့္ တနသၤာရီ ကမ္းရိုးတန္း တစ္ဝိုက္တြင္ ေတာင္ပိုင္း ယိုးဒယားသွ်မ္းမ်ား၏ တန္ခိုး အာဏာ သည္လည္း တစ္ျဖည္းျဖည္းလႊမ္းမိုးစ ျပဳလာသည္ကို ေတြ႕ရွိရသည္ ။ ထိုအခ်ိန္တြင္ မြန္-ျမန္မာ-သွ်မ္း သုံးပြင့္ဆိုင္ အားၿပိဳင္မႈႀကီးအျဖစ္ ေတြ႕ျမင္ရေလသည္။

 

သွ်မ္းဘုရင္မ်ားသည္ ပုဂံေခတ္ ျမန္မာ့ယဥ္ေက်းမႈ အစဥ္အလာႏွင့္ အေဆာင္ အေယာင္မ်ား ကို ဆက္လက္ ထိန္းသိမ္း ျခင္းျပဳ႐ုံ မွ်သာမက ၄င္းတို႔ ကိုယ္ကိုလည္း အင္း၀ ေ႐ႊနန္းရွင္ အျဖစ္ျဖင့္ ခံယူ ထင္ျမင္ ေစခဲ့ေၾကာင္း ဂ်ီအီးဟာဗီ၏ စာအုပ္တြင္ ေရးသား ေဖာ္ျပထားသည္။

ပုဂံမင္း ဆက္ဘုရင္ မ်ား၏ အင္း၀ ကိုၿမိဳ႕ေတာ္ျပဳၿပီး မုံ႐ြာ ႏွင့္ ေ႐ႊဘို ခရိုင္ထိ လႊမ္းမိုး ႀကီးစိုးခဲ့ ၾကေသာ သွ်မ္းမ်ားသည္ ဗမာပေဒသရာဇ္ မိဖုရားေဟာင္းမ်ား ႏွင့္ ေမာင္းမ မိႆံမ်ားကို သွ်မ္းပေဒသရာဇ္ ဘုရင္မ်ား၏ အႀကီးအကဲ မ်ားက သိမ္းပိုက္ ယူငင္လိုက္ၾက သျဖင့္၄င္းတို႔ မွ ဆင္းသက္ ေပါက္ဖြားလာေသာ သွ်မ္းျမန္မာ ေသြးေႏွာ သူမ်ားသည္ အင္းဝကို ဗဟိုျပဳၿပီး ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသကို ႏွစ္ေပါင္း ၂၀၀ ေက်ာ္ မွ် စိုးစံခဲ့ၾကသည္…။

၄င္းအျပင္ သွ်မ္းျမန္မာ ေသြးေႏွာေသာ အင္း၀ ဘုရင္မ်ား စိုးစံခဲ့ၾကသည့္ ကာလ သမိုင္း တစ္ ေလွ်ာက္တြင္ ျမန္မာစာေပသည္ သိသိသာသာႀကီး ထြန္းကား ဖြံ႕ၿဖိဳးၿပီး ပင္းယ ငါးစီးရွင္ ေက်ာ္စြာ ႏွင့္ အင္း၀ ဒုတိယ မင္းေခါင္ စေသာ ေ႐ႊနန္းရွင္ႀကီးမ်ား ကိုယ္တိုင္ ျမန္မာ စာဆိုေတာ္ႀကီး မ်ားျဖစ္ေနသည္ ကို ေတြ႕ရွိရသည္။

 

အင္းဝမင္းဆက္ ဘုရင္မ်ား၏ အင္အား ေလ်ာ့ပါးသည့္ သကၠရာဇ္ 1527 ခုႏွစ္တြင္ မိုးညွင္းစဝ္လုံ ႏွင့္ သားေတာ္ သိုဟန္ဘြားတို႔ ေခါင္းေဆာင္ေသာ ေမာသွ်မ္းမ်ားသည္ အင္းဝကို ဝင္ေရာက္ တိုက္ခိုက္ျခင္း ျပဳသည္။ ျမန္မာ ရာဇဝင္မ်ားတြင္ အင္းဝဘုရင္ေ႐ႊနန္းေၾကာ့ရွင္ နရပတိသည္ ယင္း တိုက္ပြဲတြင္ အေျမာက္ဆံထိၿပီး က်ဆဳံးေၾကာင္း ေဖၚျပၾကသည္။

 

မိုးညွင္းစလုံသည္ ေ႐ႊနန္းေၾကာ့ရွင္၏ တူေတာ္ မင္းႀကီးရန္ေနာင္၏ အကူအညီျဖင့္ ၄င္း၏သားေတာ္ သိုဟန္ဘြားကို အင္းဝတြင္ နန္းတင္ၿပီး မိုးညွင္းသို႔ျပန္ သြားေၾကာင္းျဖင့္ေရးသား ေဖာ္ျပၾကသည္။ ထိုေခတ္ကို ဒုတိယသွ်မ္းေခတ္ ဟု ဆိုၾကသည္။

သိုဟန္ဘြာကို မင္းႀကီးရန္ေနာင္၏ လုပ္ႀကံျခင္းခံရၿပီးေနာက္ အုန္းေဘာင္ခုံမွိုင္း နန္းတက္ေလသည္။ (သိုဟန္ဘြား၊ အုန္းေဘာင္ခုံမွိုင္း၊ မိုးၿဗဲနရပတိ) တို႔လက္ထက္တြင္ ေတာင္ဖက္မွ ဟံသာဝတီကိုသိမ္းယူကာ အင္အားႀကီးလာသည့္ ေတာင္ငူမွ တပင္ေ႐ႊထီးႏွင့္ ဆက္လက္၍ စစ္ခင္းၾကသည္။

ထိုေနာက္ စစ္ကိုင္းမွေန၍ အင္းဝမွ မိုးၿဗဲနရပတိကို တိုက္ခိုက္ၿပီး နန္းတက္လာသည့္ စစ္ကိုင္းနရပတိစည္သူ လက္ထက္တြင္မူ ဘုရင့္ေနာင္၏ တိုက္ခိုက္မႈေၾကာင့္ နန္းက်ကာ (ပထမ) အင္းဝေခတ္လည္း ကုန္ဆုံးေလသည္။ ဤသည္ကာ ျမန္နိုင္ငံတြင္း သွ်မ္းမ်ားလႊမ္းမိုး ႀကီးစိုးေသာေခတ္ မ်ားျဖစ္ေလသည္။

ယဥ္ေက်းမႈ

ပုဂံေခတ္မွစ၍ ယဥ္ေက်းမႈသည္ ျမန္မာနိုင္ငံအတြက္ ပ်ဴႏွင့္ မြန္ တို႔ၿပီးလွ်င္ တိုးတက္ျဖစ္တည္လာသည့္ ယဥ္ေက်းမႈဟု ဆိုရမည္ျဖစ္သည္။ ပ်ဴတို႔ထံမွ ဘာသာ၊ ကိုးကြယ္ယုံၾကည္မႈ ႏွင့္ မြန္တို႔ထံမွ အႏုပညာ၊ လယ္ယာစိုက္ပ်ိဳးေရး ၊ စာေပအကၡရာ အစရွိသည္တို႔ကို သင္ယူခဲ့ၾကသည္။

ထို႔ေၾကာင့္ နရပတိစည္သူမတိုင္မွီအထိ တည္ေဆာက္ခဲ့သည့္ ပုဂံရွိ ေစတီပုထိုးမ်ားမွာ မြန္တို႔၏ ဓေလ့၊ လက္ရာႏွင့္ အယူအဆမ်ား လႊမ္းမိုးေနသည္ကိုေတြ႕ရသည္။ သို႔ေသာ္ နရပတိစည္သူ လက္ထက္မွစ၍ လက္ေတြ႕က်သည့္ ျမန္မာမ်ား၊ သွ်မ္းမ်ား၊ သွ်မ္းျမန္မာတို႔သည္ စိတ္ကူယဥ္ဆန္သည့္ မြန္တို႔ထက္ ပို၍တက္ႂကြသည့္၊ အရပ္ေဒသႏွင့္ ပိုမိုကိုက္ညီမည့္ လက္ရာမ်ားကို တီထြင္သုံးစြဲလာၾကသည္ ကိုေတြ႕ျမင္ရေလသည္။

ထုတ္ႏုတ္
• သွ်မ္းလူမ်ိဳးမ်ားအေၾကာင္း။ ေဒါ့ဗ္
• သွ်မ္းေခတ္။ ဂ်ီအီးဟာဗီ ။ပန္း။ ေဟာလ္။
• အေရွ႕ေတာင္အာရွရာဇဝင္၊ ေဟာ-၁၉၅၅
• ျမန္မာရာဇဝင္ (ဟာေဗး ၁၉၂၅)

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *