ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်

ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်

 

 

 

ဂျင်ဂျစ်ခန်၏ မျိုးဆက်၊ စစ်ဘုရင် တာမာလိန်း (တီမူး) မှ တိုက်ရိုက်ဆင်းသက်လာသူ၊ မဂိုမင်းဆက်နှင့် အိန္ဒိယ၏ နောက်ဆုံးသောဘုရင် ဗဟာဒူးရှားဇဖားသည် ၁၈၆၂ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ အသက် ၈၇ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

မကွယ်လွန်သည့်အချိန်ထိ သူသည် ဗြိတိသျှအကျဉ်းသားအဖြစ် စိတ်ဆင်းရဲစွာ နေထိုင်သွားခဲ့ရပြီး သူ၏ရုပ်အလောင်းကို ရွှေတိဂုံစေတီတော်၏ တောင်ဘက်တွင် အမှတ်အသားမပြုဘဲ လျှို့ဝှက်မြှုပ်နှံခဲ့သည်။

မဂိုအင်ပါယာ (Mughal Empire)သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးအင်ပါယာ တစ်ခု ဖြစ်သည်ဟု အသိအမှတ်ပြုခံထားရသည်။

 

၁၇၀၀ ပြည့်နှစ် ကာလများတွင် အာဏာစက် အထွတ်အထိပ် ရောက်စဉ်က ယနေ့ခေတ် အာဖဂန်နစ္စတန်ကို ဖြတ်၍ ဥဇဘက်ကစ္စတန်ထိ ထိန်းချုပ်ထားနိုင်ကာ ပိုင်နက်ထဲတွင် ယနေ့ခေတ် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်ခဲ့သည်။

ထိုအင်ပါယာကို မွန်ဂို-တာ့ခ်လူမျိုး စစ်ဘုရင်ကြီး တီမူး (Timur)မှ တိုက်ရိုက်ဆင်းသက်လာသည့် ဘာဘူး(Babur)က ၁၅၀၀ ပြည့်နှစ် အစောပိုင်းတွင် ဥဇဘက်ကစ္စတန်၌ စတင်တည်ထောင်ခဲ့သည်။

စစ်ဘုရင်တီမူးကမူ ယနေ့ခေတ် ကိုရီးယားမှ ဂျာမနီနှင့် အီဂျစ်နယ်စပ်ထိ ကြီးကျယ်ခဲ့သည့် မွန်ဂိုအင်ပါယာ (Mongol Empire) ၏ ဘုရင် ဂျင်ဂျစ်ခန်မျိုးဆက်မှ ဆင်းသက်လာသူဟု ဆိုသည်။

မဂိုတို့သည် မတူသော ယုံကြည်ကိုးကွယ်မှုများ ညီညွတ်စွာ ယှဉ်တွဲနေထိုင်သော၊ သိပ္ပံပညာ တိုးတက်သော၊ စည်ပင်သာယာပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်သော ခေတ်ကာလ တစ်ခုတွင် နေထိုင်ခဲ့ကြသည်။

မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ လူတိုင်း ထိပ်တိုင်းရာထူးကြီးများ ရရှိနိုင်သလို အက်ကဘာဘုရင်သည် ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေမည့် ကိုးကွယ်သည့်ဘာသာအသစ်တစ်ခုပင် တည်ထောင်ရန် ကြိုးပမ်းခဲ့သေးသည်။

၁၈၀၀ ပြည့်နှစ် အစောပိုင်းသို့ ရောက်သောအခါ ကြီးကျယ်ခမ်းနားခဲ့သော မဂိုအင်ပါယာကြီးသည် ဒေလီနှင့် အနီးတဝိုက်ဒေသများကိုသာ အုပ်စိုးနိုင်တော့သည်။

 

အိန္ဒိယဒေသအများစုကမူ အရှေ့အိန္ဒိယကုမ္ပဏီလက်အောက် ရောက်နေပြီ ဖြစ်သည်။ ဗဟာဒူးရှားဇဖားကို ၁၇၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘာဘူးမှ စရေတွက်လျှင် ၁၉ ဆက်မြောက်ဘုရင် ဖြစ်သည်။ သူသည် ထင်ရှားသော အူရဒူကဗျာဆရာလည်း ဖြစ်သည်။

 

ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို လှုပ်ခါသွားစေခဲ့သည့် ၁၈၅၇ ခုနစ် အိန္ဒိယ စစ်ဗာရီပုန်ကန်မှု ဖြစ်သောအခါ သူသည် ၈၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။

ထိုပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိသော်လည်း သူ့ကို ခုံရုံးတင် စစ်ဆေးကာ သားတော် မင်းသားမီဇာဂျဝန်ဘာ့ခ်နှင့် ဆွေတော်မျိုးတော်များ၊ နောက်လိုက်နောက်ပါများ ဒါဇင်နှင့်ချီကာ ရန်ကုန်သို့ နယ်နှင်လိုက်သည်။

ရန်ကုန်ရောက်သောအခါ ဘုရင်ကြီးသည် ရွှေတိဂုံစေတီတော် အနီးရှိ အိမ်ငယ်တစ်ခုတွင် နေထိုင်ရသည်။ ၁၈၆၂ ခုနစ် သူမကွယ်လွန်မီ သူက အူရဒူဘာသာဖြင့် “ကံဆိုးလှတဲ့ ဇဖား! (သူ့ကို) မြှုပ်ရတဲ့ မြေနှစ်ကိုက်တောင်မှ သူချစ်တဲ့မြေမှာ မဖြစ်ရရှာ” ဟု ကဗျာရေးသားခဲ့သေးသည်။

သူ၏ မိသားစုမှာ အစိုးရထောက်ပံ့ကြေး အနည်းငယ်ဖြင့်သာ ဆက်လက်ရှင်သန်ရသည်။ မင်းသားဂျဝန်ဘာ့ခ်မှာ မော်လမြိုင်သို့ အပို့ခံရပြန်သည်။

၁၉၄၅ ခုနှစ်က မော်လမြိုင်ကို မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်မိသည့်အခါ ဂျဝန်ဘာ့ခ်၏ သားတော်များထဲမှ တစ်ဦး ဖြစ်သည့် မဂိုမင်းသားအိုကြီးသည် အစိုးရထောက်ပံ့ကြေး ၁၂ အန်နာခွဲ (တစ်ကျပ်ထက် နည်းသည်) ထုတ်ရန် တောင်ကုန်းပေါ်ရှိ နေအိမ်မှ ဆင်းလာခဲ့ဖူးသည်။

 

အခြား မြေးနှစ်ဦး ဖြစ်သည့် မင်းသားဂျန်ရှမ်ဘာ့ခ် (Jamshed Bakht)နှင့် ဆီကန်ဒါဘာ့ခ် (Sikander Bahkt)တို့ကမူ ရန်ကုန်တွင် မွေးဖွားကြီးပြင်းခဲ့ကြသည်။ ဂျန်ရှမ်ဘာ့ခ်သည် ဂျပ်ဆင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။

 

ဂျပန်ခေတ်တွင် မြန်မာပြည်မှ ထွက်ခွာသွားခဲ့ပြီး ပြန်မလာခဲ့ပေ။ နောင်တွင် ကာလကတ္တားတွင် ဆင်းရဲချို့တဲ့စွာ ဆုံးပါးသွားခဲ့သည်။ ကျန်ရစ်သူ မြန်မာလူမျိုး ဇနီးသည်မှာ ၂၀၀၈ ခုနှစ်ထိ ရထားဘူတာရုံ ပလက်ဖောင်းပေါ်တွင် လက်ဖက်ရည်ရောင်းခဲ့သေးသည်။

 

ဘုရင်ကြီး၏ နောက်ဆုံးသော မြေးတော်များထဲမှ တစ်ဦး ဖြစ်သည့် မင်းသမီး ရာနော့ဇမာဏီဘီဂမ် (Ranauq Zamani Begum)မှာ ပန်းသေးမင်းသား တစ်ပါးနှင့် လက်ဆက်ခဲ့သည်။

 

ဘုရင်ကြီး နယ်နှင်ခံရရာတွင် လိုက်ပါခဲ့သည့် အခြားသောနောက်လိုက်နောက်ပါများမှာမူ ရန်ကုန်မြို့ စူရတီဘဇား (သိမ်ကြီးဈေး) တွင် အခြေချကာ ယနေ့ထိပင် သူတို့၏ မျိုးဆက်များ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်သည်။

ဗြိတိသျှတို့က ဘုရင်ကြီးကို လူတို့ အမေ့ပျောက်ခံ ဖြစ်စေလိုခဲ့သော်လည်း နယ်နှင်ခံရပြီးအချိန်ကတည်းက ယနေ့လောက် နိုင်ငံတကာတွင် ကျော်ကြားခဲ့သည့် အချိန်ရှိမည် မဟုတ်ချေ။
၁၉၉၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့က ပူးပေါင်းကာ ဘုရင်ကြီးနေထိုင်သွားခဲ့သော နေရာအနီးတွင် အထိမ်းအမှတ်ဂူဗိမာန် တခမ်းတနား တည်ဆောက်ခဲ့သည်။

 

သူ့ကို (ဗြိတိသျှတို့က) လျှို့ဝှက် မြှုပ်နှံခဲ့သည့် အုတ်ဂူကိုလည်း အလုပ်သမားတို့က ပြန်လည်တွေ့ရှိခဲ့ကြသည်။ ယခုအခါ သူ့အုတ်ဂူကို လှေကားဖြင့် ဆင်းနိုင်ပြီး သမ္မတများနှင့် ဝန်ကြီးချုပ်များက လာရောက်ဂါရဝပြုခြင်းများ ရှိခဲ့သည်။

 

Credit

Zawgyi

 

ရန္ကုန္တြင္ တိတ္တဆိတ္ ျမႇုပ္ႏွံထားခံရေသာ ဂ်င္ဂ်စ္ခန္၏ မ်ိဳးဆက္

ဂ်င္ဂ်စ္ခန္၏ မ်ိဳးဆက္၊ စစ္ဘုရင္ တာမာလိန္း (တီမူး) မွ တိုက္ရိုက္ဆင္းသက္လာသူ၊ မဂိုမင္းဆက္ႏွင့္ အိႏၵိယ၏ ေနာက္ဆုံးေသာဘုရင္ ဗဟာဒူးရွားဇဖားသည္ ၁၈၆၂ခုႏွစ္ နိုဝင္ဘာလ ၇ ရက္ေန႕ အသက္ ၈၇ ႏွစ္အ႐ြယ္တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။

မကြယ္လြန္သည့္အခ်ိန္ထိ သူသည္ ၿဗိတိသွ်အက်ဥ္းသားအျဖစ္ စိတ္ဆင္းရဲစြာ ေနထိုင္သြားခဲ့ရၿပီး သူ၏႐ုပ္အေလာင္းကို ေ႐ႊတိဂုံေစတီေတာ္၏ ေတာင္ဘက္တြင္ အမွတ္အသားမျပဳဘဲ လွ်ို႔ဝွက္ျမႇုပ္ႏွံခဲ့သည္။

မဂိုအင္ပါယာ (Mughal Empire)သည္ ကမာၻေပၚတြင္ အင္အားအႀကီးဆုံးအင္ပါယာ တစ္ခု ျဖစ္သည္ဟု အသိအမွတ္ျပဳခံထားရသည္။

 

၁၇၀၀ ျပည့္ႏွစ္ ကာလမ်ားတြင္ အာဏာစက္ အထြတ္အထိပ္ ေရာက္စဥ္က ယေန႕ေခတ္ အာဖဂန္နစၥတန္ကို ျဖတ္၍ ဥဇဘက္ကစၥတန္ထိ ထိန္းခ်ဳပ္ထားနိုင္ကာ ပိုင္နက္ထဲတြင္ ယေန႕ေခတ္ ပါကစၥတန္၊ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္တို႔ ပါဝင္ခဲ့သည္။

ထိုအင္ပါယာကို မြန္ဂို-တာ့ခ္လူမ်ိဳး စစ္ဘုရင္ႀကီး တီမူး (Timur)မွ တိုက္ရိုက္ဆင္းသက္လာသည့္ ဘာဘူး(Babur)က ၁၅၀၀ ျပည့္ႏွစ္ အေစာပိုင္းတြင္ ဥဇဘက္ကစၥတန္၌ စတင္တည္ေထာင္ခဲ့သည္။

စစ္ဘုရင္တီမူးကမူ ယေန႕ေခတ္ ကိုရီးယားမွ ဂ်ာမနီႏွင့္ အီဂ်စ္နယ္စပ္ထိ ႀကီးက်ယ္ခဲ့သည့္ မြန္ဂိုအင္ပါယာ (Mongol Empire) ၏ ဘုရင္ ဂ်င္ဂ်စ္ခန္မ်ိဳးဆက္မွ ဆင္းသက္လာသူဟု ဆိုသည္။

မဂိုတို႔သည္ မတူေသာ ယုံၾကည္ကိုးကြယ္မႈမ်ား ညီၫြတ္စြာ ယွဥ္တြဲေနထိုင္ေသာ၊ သိပၸံပညာ တိုးတက္ေသာ၊ စည္ပင္သာယာၿပီး ယဥ္ေက်းမႈ အဆင့္အတန္းျမင့္ေသာ ေခတ္ကာလ တစ္ခုတြင္ ေနထိုင္ခဲ့ၾကသည္။

မည္သည့္ဘာသာကို ယုံၾကည္ကိုးကြယ္သည္ျဖစ္ေစ လူတိုင္း ထိပ္တိုင္းရာထူးႀကီးမ်ား ရရွိနိုင္သလို အက္ကဘာဘုရင္သည္ ဟိႏၵဴ၊ မူဆလင္၊ ဗုဒၶဘာသာႏွင့္ ခရစ္ယာန္ဘာသာတို႔ကို တစ္ေပါင္းတစ္စည္းတည္း ျဖစ္ေစမည့္ ကိုးကြယ္သည့္ဘာသာအသစ္တစ္ခုပင္ တည္ေထာင္ရန္ ႀကိဳးပမ္းခဲ့ေသးသည္။

၁၈၀၀ ျပည့္ႏွစ္ အေစာပိုင္းသို႔ ေရာက္ေသာအခါ ႀကီးက်ယ္ခမ္းနားခဲ့ေသာ မဂိုအင္ပါယာႀကီးသည္ ေဒလီႏွင့္ အနီးတဝိုက္ေဒသမ်ားကိုသာ အုပ္စိုးနိုင္ေတာ့သည္။

 

အိႏၵိယေဒသအမ်ားစုကမူ အေရွ႕အိႏၵိယကုမၸဏီလက္ေအာက္ ေရာက္ေနၿပီ ျဖစ္သည္။ ဗဟာဒူးရွားဇဖားကို ၁၇၇၅ ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး ဘာဘူးမွ စေရတြက္လွ်င္ ၁၉ ဆက္ေျမာက္ဘုရင္ ျဖစ္သည္။ သူသည္ ထင္ရွားေသာ အူရဒူကဗ်ာဆရာလည္း ျဖစ္သည္။

 

ၿဗိတိသွ်တို႔၏ အုပ္ခ်ဳပ္မႈကို လႈပ္ခါသြားေစခဲ့သည့္ ၁၈၅၇ ခုနစ္ အိႏၵိယ စစ္ဗာရီပုန္ကန္မႈ ျဖစ္ေသာအခါ သူသည္ ၈၂ ႏွစ္အ႐ြယ္ ရွိၿပီ ျဖစ္သည္။

ထိုပုန္ကန္မႈတြင္ ပါဝင္ပတ္သက္ျခင္း လုံးဝမရွိေသာ္လည္း သူ႕ကို ခုံ႐ုံးတင္ စစ္ေဆးကာ သားေတာ္ မင္းသားမီဇာဂ်ဝန္ဘာ့ခ္ႏွင့္ ေဆြေတာ္မ်ိဳးေတာ္မ်ား၊ ေနာက္လိုက္ေနာက္ပါမ်ား ဒါဇင္ႏွင့္ခ်ီကာ ရန္ကုန္သို႔ နယ္ႏွင္လိုက္သည္။

ရန္ကုန္ေရာက္ေသာအခါ ဘုရင္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္ အနီးရွိ အိမ္ငယ္တစ္ခုတြင္ ေနထိုင္ရသည္။ ၁၈၆၂ ခုနစ္ သူမကြယ္လြန္မီ သူက အူရဒူဘာသာျဖင့္ “ကံဆိုးလွတဲ့ ဇဖား! (သူ႕ကို) ျမႇုပ္ရတဲ့ ေျမႏွစ္ကိုက္ေတာင္မွ သူခ်စ္တဲ့ေျမမွာ မျဖစ္ရရွာ” ဟု ကဗ်ာေရးသားခဲ့ေသးသည္။

သူ၏ မိသားစုမွာ အစိုးရေထာက္ပံ့ေၾကး အနည္းငယ္ျဖင့္သာ ဆက္လက္ရွင္သန္ရသည္။ မင္းသားဂ်ဝန္ဘာ့ခ္မွာ ေမာ္လၿမိဳင္သို႔ အပို႔ခံရျပန္သည္။

၁၉၄၅ ခုႏွစ္က ေမာ္လၿမိဳင္ကို မဟာမိတ္တပ္မ်ား ျပန္လည္သိမ္းပိုက္မိသည့္အခါ ဂ်ဝန္ဘာ့ခ္၏ သားေတာ္မ်ားထဲမွ တစ္ဦး ျဖစ္သည့္ မဂိုမင္းသားအိုႀကီးသည္ အစိုးရေထာက္ပံ့ေၾကး ၁၂ အန္နာခြဲ (တစ္က်ပ္ထက္ နည္းသည္) ထုတ္ရန္ ေတာင္ကုန္းေပၚရွိ ေနအိမ္မွ ဆင္းလာခဲ့ဖူးသည္။

 

အျခား ေျမးႏွစ္ဦး ျဖစ္သည့္ မင္းသားဂ်န္ရွမ္ဘာ့ခ္ (Jamshed Bakht)ႏွင့္ ဆီကန္ဒါဘာ့ခ္ (Sikander Bahkt)တို႔ကမူ ရန္ကုန္တြင္ ေမြးဖြားႀကီးျပင္းခဲ့ၾကသည္။ ဂ်န္ရွမ္ဘာ့ခ္သည္ ဂ်ပ္ဆင္ေကာလိပ္တြင္ ပညာသင္ၾကားခဲ့သည္။

 

ဂ်ပန္ေခတ္တြင္ ျမန္မာျပည္မွ ထြက္ခြာသြားခဲ့ၿပီး ျပန္မလာခဲ့ေပ။ ေနာင္တြင္ ကာလကတၱားတြင္ ဆင္းရဲခ်ိဳ႕တဲ့စြာ ဆုံးပါးသြားခဲ့သည္။ က်န္ရစ္သူ ျမန္မာလူမ်ိဳး ဇနီးသည္မွာ ၂၀၀၈ ခုႏွစ္ထိ ရထားဘူတာ႐ုံ ပလက္ေဖာင္းေပၚတြင္ လက္ဖက္ရည္ေရာင္းခဲ့ေသးသည္။

 

ဘုရင္ႀကီး၏ ေနာက္ဆုံးေသာ ေျမးေတာ္မ်ားထဲမွ တစ္ဦး ျဖစ္သည့္ မင္းသမီး ရာေနာ့ဇမာဏီဘီဂမ္ (Ranauq Zamani Begum)မွာ ပန္းေသးမင္းသား တစ္ပါးႏွင့္ လက္ဆက္ခဲ့သည္။

 

ဘုရင္ႀကီး နယ္ႏွင္ခံရရာတြင္ လိုက္ပါခဲ့သည့္ အျခားေသာေနာက္လိုက္ေနာက္ပါမ်ားမွာမူ ရန္ကုန္ၿမိဳ႕ စူရတီဘဇား (သိမ္ႀကီးေဈး) တြင္ အေျခခ်ကာ ယေန႕ထိပင္ သူတို႔၏ မ်ိဳးဆက္မ်ား ဆက္လက္ေနထိုင္ေနၾကဆဲ ျဖစ္သည္။

ၿဗိတိသွ်တို႔က ဘုရင္ႀကီးကို လူတို႔ အေမ့ေပ်ာက္ခံ ျဖစ္ေစလိုခဲ့ေသာ္လည္း နယ္ႏွင္ခံရၿပီးအခ်ိန္ကတည္းက ယေန႕ေလာက္ နိုင္ငံတကာတြင္ ေက်ာ္ၾကားခဲ့သည့္ အခ်ိန္ရွိမည္ မဟုတ္ေခ်။
၁၉၉၁ ခုႏွစ္တြင္ ျမန္မာအစိုးရႏွင့္ အိႏၵိယအစိုးရတို႔က ပူးေပါင္းကာ ဘုရင္ႀကီးေနထိုင္သြားခဲ့ေသာ ေနရာအနီးတြင္ အထိမ္းအမွတ္ဂူဗိမာန္ တခမ္းတနား တည္ေဆာက္ခဲ့သည္။

 

သူ႕ကို (ၿဗိတိသွ်တို႔က) လွ်ို႔ဝွက္ ျမႇုပ္ႏွံခဲ့သည့္ အုတ္ဂူကိုလည္း အလုပ္သမားတို႔က ျပန္လည္ေတြ႕ရွိခဲ့ၾကသည္။ ယခုအခါ သူ႕အုတ္ဂူကို ေလွကားျဖင့္ ဆင္းနိုင္ၿပီး သမၼတမ်ားႏွင့္ ဝန္ႀကီးခ်ဳပ္မ်ားက လာေရာက္ဂါရဝျပဳျခင္းမ်ား ရွိခဲ့သည္။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *