ကျန်စစ်သားနန်းတက်ပြီး​ နောက်ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း (၃)ဦး နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ

ကျန်စစ်သားနန်းတက်ပြီး​ နောက်ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း (၃)ဦး နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ

 

 

 

ပုဂံထီးနန်းကို ကျန်စစ်သား ဆက်ခံပြီးတဲ့နောက် နေ့မှာဘဲ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးနှင့် ငထွေရူးတို့ ပုဂံကိုစွန့်ခွာပြီး ထွက်ပြေးရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဏိစန္ဒာနှင့်ကျန်စစ်သား ကေ့စ်မှာ ဖော်ကောင် လုပ်ပေးကြလို့ဖြစ်ပါတယ်။

ငထွေရူး –

အဲဒီအချိန်က တညင် လို့ခေါ်တဲ့ သန်လျှင်ကို ပြေးတယ်။ တညင်မှာ မွန်မတဦးနဲ့ ညားပြီးတဲ့နောက် ထန်းတောတွေ အောက်ဈေးနဲ့ လိုက်ဝယ်ပြီး ထန်းရည်တဲ ဖွင့်တယ်၊ ထန်းညက်ချက်တယ်။

ထန်းရည်ကို အပင်ပေါ်က မချခင် လက်ပံပွင့်စိမ်ပြီး အရသာထူးကဲအောင် လုပ်တဲ့အတွက် ငထွေရူးရဲ့ ဘုံဆိုင်ဟာ အတော်ဘဲ ရေပန်းစားပါသတဲ့။ ဟိုဒင်း ဟိုဟွာအတွက် တကယ်ကောင်းတဲ့ . . . ဆေးတစ်ခွက်လို့ နာမည်ကြီးပါသတဲ့။

ပုရိသ ယောက်ကျားများသာမက မိန်းမများကပါ အားပေးကြပါသတဲ့။ ထန်းရည်တန်ခိုးနှင့် ရွာကြီး နှစ်ရွာပါထပ်တိုးလာပါသတဲ့။

အဲဒီရွာတွေက ခါးရမ်း ( ယနေ့ ခရမ်း ) နှင့် ကြုံးဟ ( ယနေ့ သုံးခွ) မြို့တွေဖြစ်ပါတယ်။ မြို့နာမည် အဓိပ္ပါယ်တွေကို ကျောက်စာ လှန်ဖတ်စရာမလိုပါဘူး။ တညင်ကနေ ကျောင်းပီးတဲ့ ဂျီတီအိုင် ကျောင်းသားတွေကိုသာ အင်တာဗျူးကြည့်လိုက်ပါ။

ငလုံးလက်ဖယ် –

သူက ကုသိမ်လို့ ခေါ်တဲ့ ယနေ့ ပုသိမ် ဆိုတဲ့ ဆိပ်ကမ်းမြို့လေးကို ပြေးပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားပျက်ပြီး ဥသာဆိုတဲ့ အရပ်ကို ဒိုးပါတယ်။ မြေလည်းဆုံး၊ မယားလည်း ဆုံးတဲ့ ငလုံးလက်ဖယ်ဟာ ဥသာပဂိုး ရောက်တဲ့အခါ ဘာလုပ်ရမှန်း မသိတဲ့အတွက် လယ်ကွက်တွေထဲက ငါးရံ့တွေကိုဖမ်းပြီး တံငါသည် လုပ်ပါသတဲ့။

 

ဒါပေမယ့် တံငါသည် လက်ဖယ် ဆိုတဲ့ နာမည်သာ တွင်သွားတယ်၊ စီးပွားမတက်ဖူးတဲ့။ ဒါနဲ့ တစ်ရက် စိတ်တိုတိုနဲ့ သူ ဖမ်းထားတဲ့ ငါးရံ့တွေကို ဓားနဲ့ ခုတ်ပြီး တဲပေါ်ပစ်တင်လိုက်သတဲ့။

၃-၄ ရက်ကြာလို့ သတိရမှ ပြန်ယူကြည့်တော့ ငါးရံ့သားက ခြောက်သွေ့ပြီး ငါးအသားလည်း ကြည်နေတာ သတိထားမိပါသတဲ့။ ဒါနဲ့ မီးဖိုထဲ ပစ်ထည့်ပြီး စားကြည့်ရာကနေ ငါးရံ့ခြောက်ရဲ့ အရသာထူးကဲပုံကို မတော်တဆ တွေ့ရှိသွားပါသတဲ့။

 

ဥသာပဂိုးနယ်မှာ ငါးရံ့ခြောက် ‘ စ ‘ တာ အဲဒီငလုံးလက်ဖယ်ရဲ့ ကျေးဇူးဘဲ။ သူ့ရဲ့ ငါးရံ့ခြောက်ဟာ စစ်ထွက်တဲ့အခါ ရိက္ခာ ဖြစ်လာတယ်၊ ဘုန်းကြီးကျောင်း ကြက်သရေတိုက်ထဲ ထည့်လှူတဲ့ ရိက္ခာဖြစ်လာတယ်။

တညင်က သူ့မိတ်ဆွေရင်း ငထွေရူးရဲ့ ဘုံဆိုင်ကို လက်ဆောင်ပေးရာကနေ ငါးရံ့ခြောက်ဟာ အမြည်းဖြစ်လာတယ်။ ငါးရံ့ခြောက်လုပ်ငန်းနဲ့ ကြီးပွားသွားတဲ့ ငလုံးလက်ဖယ်ဟာ မယား ၃ယောက်ထပ်ယူပါသတဲ့။

တံငါလုပ်ငန်းနဲ့ ကြီးပွားရတာ အပြစ်ကြီးလှတယ် ကောင်းမှုကုသိုလ် လုပ်ချင်တယ် ဆိုပြီး တွေးမိရာက ဘုရား၃ ဆူတည်ပြီး လှူတယ်။ အဲဒီဘုရား သုံးဆူကို ထိမ်းသိမ်းဖို့ရာ မယားကြီး၊ မယားလတ်၊ မယားငယ် သုံးယောင်စလုံးကို တာဝန်ပေးပါသတဲ့။ အထောက်ထားအဖြစ် အဲဒီဘုရား ၃ ဆူ ဟာ ဒီနေ့ ပဂိုးတက္ကသိုလ် အနောက်ဖက် ကပ်ရက်မှာ ဒီနေ့ထိ ရှိပါသေးတယ်။

ညောင်ဦးဖီး –

ရေကြိုက်တဲ့ ညောင်ဦးဖီးဟာ ပုဂံက ထွက်လာတော့ လူပျိုကြီး။ ငထွေရူးရဲ့ တညင် တလှည့် ငလုံးလက်ဖယ်ရဲ့ ကုသိမ် တလှည့် လိုက်နေတယ်။ ငလုံးလက်ဖယ် ကုသိမ်မှာ စီးပွားပျက်လို့ ပဂိုးပြောင်းသွားတော့ လိုက်မသွားဘဲ ပင်လယ်ကူး ကုန်သဘောၤပေါ်တက်ပြီး လှေသမားအဖြစ်လိုက်သွားရာက ‘ ကော့ဆောင် ‘ ဆိုတဲ့ ယနေ့ ကော့သောင်း နေရာကို ရောက်လာတယ်။

 

လှေလုပ်သား လုပ်ရတာ စိတ်မပါ၊ စီးပွားရေးလုပ်ဖို့လည်း စိတ်မပါ။ ဒါနဲ့ ရှိတဲ့ ငွေလေးနဲ့ လှေ တစ်စီးဝယ်။ ထားဝယ်တက်မယ် ဆိုပြီး တက်လာရာက ကော့ဆောင်နဲ့ နီးတဲ့ ကျွန်းနားမှာ ခဏဝင်နားရာက ရေချိုးနေတဲ့ ဆလုံမကို တွေ့တယ်။ ဗိုက်ဆာလို့ စားစရာတောင်းမိရော။

 

ဆလုံမကလည်း သူ့နားရှိတဲ့ သံပချုပ် ၃-၄ လုံးလောက် ကောက်ပြီး ကျွေးမိရာက ညောင်ဦးဖီးနှင့် ဆလုံမ ညားကြလေသတည်း။ တစ်သက်လုံး လူပျိုကြီး လုပ်လာတဲ့ ညောင်ဦးဖီးဟာ သံပချုပ်စာ မိသွားတယ်ပေါ့ဗျာ။ သူလည်း မယား ၃ ယောက်ယူတာမှာ အကုန်လုံး ဆလုံမတွေကြီးသာ ရွေးယူပါသတဲ့။

ဒီနေ့ ညောင်ဦးဖီးကျွန်းဆိုတာ ကော့သောင်းကနေ ရေမိုင် ၄၀ အကွာမှာ ရှိပါတယ်။ အပန်းဖြေဟိုတယ် အဖြစ် ဖွင့်လှစ်ထားပါသတဲ့။ လူပျိုးကြီးများ သံပချုပ်စားချင်ရင် ညောင်ဦးဖီးကျွန်းမှာ သွားအပန်းဖြေကြပါ။ ၏ကား စကားချပ်တည်း။

 

Credit

 

Zawgyi

 

က်န္စစ္သားနန္းတက္ၿပီး​ ေနာက္ပုဂံရာဇဝင္ထဲက လူစြမ္းေကာင္း (၃)ဦး ေနာက္ဆုံးမွာ ဘာျဖစ္သြားၾကသလဲ

ပုဂံထီးနန္းကို က်န္စစ္သား ဆက္ခံၿပီးတဲ့ေနာက္ ေန႕မွာဘဲ ငလုံးလက္ဖယ္၊ ေညာင္ဦးဖီးႏွင့္ ငေထြ႐ူးတို႔ ပုဂံကိုစြန႔္ခြာၿပီး ထြက္ေျပးရတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ မဏိစႏၵာႏွင့္က်န္စစ္သား ေက့စ္မွာ ေဖာ္ေကာင္ လုပ္ေပးၾကလို႔ျဖစ္ပါတယ္။

ငေထြ႐ူး –

အဲဒီအခ်ိန္က တညင္ လို႔ေခၚတဲ့ သန္လွ်င္ကို ေျပးတယ္။ တညင္မွာ မြန္မတဦးနဲ႕ ညားၿပီးတဲ့ေနာက္ ထန္းေတာေတြ ေအာက္ေဈးနဲ႕ လိုက္ဝယ္ၿပီး ထန္းရည္တဲ ဖြင့္တယ္၊ ထန္းညက္ခ်က္တယ္။

ထန္းရည္ကို အပင္ေပၚက မခ်ခင္ လက္ပံပြင့္စိမ္ၿပီး အရသာထူးကဲေအာင္ လုပ္တဲ့အတြက္ ငေထြ႐ူးရဲ႕ ဘုံဆိုင္ဟာ အေတာ္ဘဲ ေရပန္းစားပါသတဲ့။ ဟိုဒင္း ဟိုဟြာအတြက္ တကယ္ေကာင္းတဲ့ . . . ေဆးတစ္ခြက္လို႔ နာမည္ႀကီးပါသတဲ့။

ပုရိသ ေယာက္က်ားမ်ားသာမက မိန္းမမ်ားကပါ အားေပးၾကပါသတဲ့။ ထန္းရည္တန္ခိုးႏွင့္ ႐ြာႀကီး ႏွစ္႐ြာပါထပ္တိုးလာပါသတဲ့။

အဲဒီ႐ြာေတြက ခါးရမ္း ( ယေန႕ ခရမ္း ) ႏွင့္ ႀကဳံးဟ ( ယေန႕ သုံးခြ) ၿမိဳ႕ေတြျဖစ္ပါတယ္။ ၿမိဳ႕နာမည္ အဓိပၸါယ္ေတြကို ေက်ာက္စာ လွန္ဖတ္စရာမလိုပါဘူး။ တညင္ကေန ေက်ာင္းပီးတဲ့ ဂ်ီတီအိုင္ ေက်ာင္းသားေတြကိုသာ အင္တာဗ်ဴးၾကည့္လိုက္ပါ။

ငလုံးလက္ဖယ္ –

သူက ကုသိမ္လို႔ ေခၚတဲ့ ယေန႕ ပုသိမ္ ဆိုတဲ့ ဆိပ္ကမ္းၿမိဳ႕ေလးကို ေျပးပါတယ္။ ဒါေပမယ့္ အဲဒီမွာ စီးပြားပ်က္ၿပီး ဥသာဆိုတဲ့ အရပ္ကို ဒိုးပါတယ္။ ေျမလည္းဆုံး၊ မယားလည္း ဆုံးတဲ့ ငလုံးလက္ဖယ္ဟာ ဥသာပဂိုး ေရာက္တဲ့အခါ ဘာလုပ္ရမွန္း မသိတဲ့အတြက္ လယ္ကြက္ေတြထဲက ငါးရံ႕ေတြကိုဖမ္းၿပီး တံငါသည္ လုပ္ပါသတဲ့။

 

ဒါေပမယ့္ တံငါသည္ လက္ဖယ္ ဆိုတဲ့ နာမည္သာ တြင္သြားတယ္၊ စီးပြားမတက္ဖူးတဲ့။ ဒါနဲ႕ တစ္ရက္ စိတ္တိုတိုနဲ႕ သူ ဖမ္းထားတဲ့ ငါးရံ႕ေတြကို ဓားနဲ႕ ခုတ္ၿပီး တဲေပၚပစ္တင္လိုက္သတဲ့။

၃-၄ ရက္ၾကာလို႔ သတိရမွ ျပန္ယူၾကည့္ေတာ့ ငါးရံ႕သားက ေျခာက္ေသြ႕ၿပီး ငါးအသားလည္း ၾကည္ေနတာ သတိထားမိပါသတဲ့။ ဒါနဲ႕ မီးဖိုထဲ ပစ္ထည့္ၿပီး စားၾကည့္ရာကေန ငါးရံ႕ေျခာက္ရဲ႕ အရသာထူးကဲပုံကို မေတာ္တဆ ေတြ႕ရွိသြားပါသတဲ့။

 

ဥသာပဂိုးနယ္မွာ ငါးရံ႕ေျခာက္ ‘ စ ‘ တာ အဲဒီငလုံးလက္ဖယ္ရဲ႕ ေက်းဇူးဘဲ။ သူ႕ရဲ႕ ငါးရံ႕ေျခာက္ဟာ စစ္ထြက္တဲ့အခါ ရိကၡာ ျဖစ္လာတယ္၊ ဘုန္းႀကီးေက်ာင္း ၾကက္သေရတိုက္ထဲ ထည့္လႉတဲ့ ရိကၡာျဖစ္လာတယ္။

တညင္က သူ႕မိတ္ေဆြရင္း ငေထြ႐ူးရဲ႕ ဘုံဆိုင္ကို လက္ေဆာင္ေပးရာကေန ငါးရံ႕ေျခာက္ဟာ အျမည္းျဖစ္လာတယ္။ ငါးရံ႕ေျခာက္လုပ္ငန္းနဲ႕ ႀကီးပြားသြားတဲ့ ငလုံးလက္ဖယ္ဟာ မယား ၃ေယာက္ထပ္ယူပါသတဲ့။

တံငါလုပ္ငန္းနဲ႕ ႀကီးပြားရတာ အျပစ္ႀကီးလွတယ္ ေကာင္းမႈကုသိုလ္ လုပ္ခ်င္တယ္ ဆိုၿပီး ေတြးမိရာက ဘုရား၃ ဆူတည္ၿပီး လႉတယ္။ အဲဒီဘုရား သုံးဆူကို ထိမ္းသိမ္းဖို႔ရာ မယားႀကီး၊ မယားလတ္၊ မယားငယ္ သုံးေယာင္စလုံးကို တာဝန္ေပးပါသတဲ့။ အေထာက္ထားအျဖစ္ အဲဒီဘုရား ၃ ဆူ ဟာ ဒီေန႕ ပဂိုးတကၠသိုလ္ အေနာက္ဖက္ ကပ္ရက္မွာ ဒီေန႕ထိ ရွိပါေသးတယ္။

ေညာင္ဦးဖီး –

ေရႀကိဳက္တဲ့ ေညာင္ဦးဖီးဟာ ပုဂံက ထြက္လာေတာ့ လူပ်ိဳႀကီး။ ငေထြ႐ူးရဲ႕ တညင္ တလွည့္ ငလုံးလက္ဖယ္ရဲ႕ ကုသိမ္ တလွည့္ လိုက္ေနတယ္။ ငလုံးလက္ဖယ္ ကုသိမ္မွာ စီးပြားပ်က္လို႔ ပဂိုးေျပာင္းသြားေတာ့ လိုက္မသြားဘဲ ပင္လယ္ကူး ကုန္သေဘာေပၤၚတက္ၿပီး ေလွသမားအျဖစ္လိုက္သြားရာက ‘ ေကာ့ေဆာင္ ‘ ဆိုတဲ့ ယေန႕ ေကာ့ေသာင္း ေနရာကို ေရာက္လာတယ္။

 

ေလွလုပ္သား လုပ္ရတာ စိတ္မပါ၊ စီးပြားေရးလုပ္ဖို႔လည္း စိတ္မပါ။ ဒါနဲ႕ ရွိတဲ့ ေငြေလးနဲ႕ ေလွ တစ္စီးဝယ္။ ထားဝယ္တက္မယ္ ဆိုၿပီး တက္လာရာက ေကာ့ေဆာင္နဲ႕ နီးတဲ့ ကြၽန္းနားမွာ ခဏဝင္နားရာက ေရခ်ိဳးေနတဲ့ ဆလုံမကို ေတြ႕တယ္။ ဗိုက္ဆာလို႔ စားစရာေတာင္းမိေရာ။

 

ဆလုံမကလည္း သူ႕နားရွိတဲ့ သံပခ်ဳပ္ ၃-၄ လုံးေလာက္ ေကာက္ၿပီး ေကြၽးမိရာက ေညာင္ဦးဖီးႏွင့္ ဆလုံမ ညားၾကေလသတည္း။ တစ္သက္လုံး လူပ်ိဳႀကီး လုပ္လာတဲ့ ေညာင္ဦးဖီးဟာ သံပခ်ဳပ္စာ မိသြားတယ္ေပါ့ဗ်ာ။ သူလည္း မယား ၃ ေယာက္ယူတာမွာ အကုန္လုံး ဆလုံမေတြႀကီးသာ ေ႐ြးယူပါသတဲ့။

ဒီေန႕ ေညာင္ဦးဖီးကြၽန္းဆိုတာ ေကာ့ေသာင္းကေန ေရမိုင္ ၄၀ အကြာမွာ ရွိပါတယ္။ အပန္းေျဖဟိုတယ္ အျဖစ္ ဖြင့္လွစ္ထားပါသတဲ့။ လူပ်ိဳးႀကီးမ်ား သံပခ်ဳပ္စားခ်င္ရင္ ေညာင္ဦးဖီးကြၽန္းမွာ သြားအပန္းေျဖၾကပါ။ ၏ကား စကားခ်ပ္တည္း။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *