ကုန်းဘောင်ခေတ်က ထင်ရှားကျော်ကြားခဲ့သေယ အမျိုးသမီးစာဆိုတော် မယ်ခွေ

ကုန်းဘောင်ခေတ်က ထင်ရှားကျော်ကြားခဲ့သေယ အမျိုးသမီးစာဆိုတော် မယ်ခွေ

 

 

 

မယ်ခွေသည် ကုန်းဘောင်ခေတ် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် နန်းတက်တော်မူသော ဘိုးတော်ဘုရား လက်ထက်တွင် ထင်ရှားကျော်စောသော အမျိုးသမီးစာဆိုတော်တစ်ဦး ဖြစ်သည်။

 

ပညာရှင်တချို့၏ မှတ်သားချက်အရ မယ်ခွေသည် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်တော်မူသော သာယာဝတီမင်း လက်ထက်တိုင်အောင် ထင်ပေါ်ကျော်ကြားသူ ဖြစ်၏။

မယ်ခွေသည် ရတနာသိဃင်္မြို့နေ စစ်တောင်းဝန်၏ သမီးနှစ်ယောက်အနက် အငယ်ဖြစ်လေသည်။ အရွယ်ရောက်လတ်သော် အမွေဝန်ဟောင်း မောင်စွက်နှင့် စုံဖက်၏။ ထို့ကြောင့် မယ်ခွေကို အမွေဝန်ကတော်ဟုလည်း ခေါ်ကြသည်။ မယ်ခွေ၏ အစ်မကား မယ်ကေတည်း။

(မှတ်ချက်။ ။ မယ်ခွေကို မယ်ခွေးဟု ခေါ်ကြသည်မှာ မှား၏။ မယ်ကေ၊ မယ်ခွေဟူသော ညီအစ်မနှစ်ယောက်တို့သည် ဘိုးတော်ဘုရားလက်ထက်တွင် လွန်စွာကျော်စောကြောင်း ပုဂံဝန်ထောက်မင်း ဦးတင်၏ စာအုပ်တွင် ရေးသားဖော်ပြထားပေသည်။)

အဲချင်းဟူသော ကဗျာအဖွဲ့အနွဲ့ များစွာတို့ကို ရေးသားခဲ့သဖြင့်အဲမယ်ခွေဟုပင် အမည်တွင်ကြောင်း မြန်မာဂန္ထဝင်တွင် ထင်ရှားသောအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ မယ်ခွေဆိုသော အဲချင်းများကို ၈၀ပေါ်အဲ ဟုလည်း ခေါ်ကြသေးသည်။

ညောင်ရမ်းမင်းဆက်၊ တနင်္ဂနွေမင်းတရားကြီးလက်ထက်၊ သက္ကရာဇ် ၁၀၈ဝ ပြည့်နှစ်တွင် စပ်ဆိုသော အဲချင်းများကို ၈ဝ ပေါ်အဲဟု ခေါ်ကြသည်။ ထို့အတူ ၈၀ပေါ်တေးထပ်ဟူ၍လည်း ပေါ်ပေါက်ခဲ့သေးကြောင်း ပြောစမှတ်ပြုကြသည်။

မယ်ခွေသည် ၁၂ ရာသီဘွဲ့များကို အဲကဗျာအဖွဲ့အနွဲ့ဖြင့် ရှေးဦးစွာ ဖွဲ့ဆိုသူဖြစ်သည်။ ရှေးက ၁၂ ရာသီဘွဲ့များမှာ ရတု၊ လူးတား စသည့် အဖွဲ့အနွဲ့များဖြင့်သာ ရှိခဲ့သည်။ မယ်ခွေ၏ ရာသီဘွဲ့များမှာ စေ့စပ်ကျနသည်။

မယ်ခွေသည် အခြား အမျိုးသားစာဆိုတော်ကြီးများ၏ လက်ရာကို မီအောင်ဖွဲ့နွဲ့နိုင်သည်။ စိတ်ကူးဆန်းကြယ်၍ ယဉ်ကျေးနွဲ့နှောင်းသော စကားလုံးများဖြင့် ကဗျာများကို တန်ဆာဆင်နိုင်သည်။

ထူးခြားသောအချက်ကား မယ်ခွေ၏ ရာသီဖွဲ့သည်အချင်းဖြစ်၍ ဂီတဘက် သက်ဆိုင်ပါဝင်သောကြောင့် စည်းဝါးကျနစွာတူရိယာဖြင့် သီဆိုနိုင်၏။ ရှေးယခင် ရာသီဖွဲ့များသည်လူးတားရတုများဖြစ်သောကြောင့် အတီးအမှုတ်တူရိယာများဖြင့် တွဲဘက်သီဆိုခြင်း မပြုနိုင်၊ စည်းလွတ်ဝါးလွတ်သာ ဆိုနိုင်သဖြင့် မယ်ခွေ၏ အဲချင်းလောက် တွင်ကျယ်မည် မဟုတ်ပေ။

ဤနေရာ၌ မယ်ခွေ၏ ဉာဏ်ရည်သာပြီး အဲချင်းသည် စည်းဝါးကျနစွာ ဆိုနိုင်သော အဖွဲ့ဖြစ်ရကာ သဘင်သည်များအတွက် ပိုမိုကျေးဇူးရှိပေသည်။ ဖွဲ့နွဲ့ပုံတွင်လည်း တခြားစာရေးဆရာကြီးများအောက် မညံ့ချေ။

မယ်ခွေသည် ရာသီဖွဲ့အဲများ အပြင် –

အမရပူရ ဘုရားလေးဆူတိုင် အဲနှင့် ရတုများ၊

ဘိုးတော်ဘုရား မိထွေးတော် ဒလမြို့စားမင်းသမီး ကွယ်လွန်ရာ ငိုချင်း၊

မိုးနဲဝန်ကတော် ကွယ်လွန်ရာ ငိုချင်း၊

သားတော် ပြင်စည်မြင်းမှူးမင်းသား မင်းရဲမင်းလှရွှေတောင် ကွယ်လွန်ရာ ငိုချင်း၊

 

နှမတော် ရှင်နှင်းပွင့်၊ ရှင်သဲတို့ ကွယ်လွန်ရာ ငိုချင်း၊

အနောက်အိမ်တော် အမြင့်မြို့စားမင်းသားတော် မောင်ကြီး ကွယ်လွန်ရာ ငိုချင်းများကိုလည်း ဆိုသေးသည်။ မယ်ခွေ၏ ငိုချင်းများမှာ နောက်တွင် ခေတ်စားလာသော စုံ့နံ့သာမြိုင် ရှာပုံတော်ကြီး စသော ငိုချင်းရှည်များ၏ ရှေ့ပြေးဖြစ်သည်။

ငိုချင်းများအပြင် ကျေးစေဘုရားတိုင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မိုးဘွဲ့၊ တောဘွဲ့ ရတုများကိုလည်း ရေးသားခဲ့သေးသည်။

မယ်ခွေ၏ ကဆုန်လဘွဲ့ အဲတစ်ပုဒ်

ကဆုန်လပြိဿရာသီဘွဲ့

ဖလ်နန်းမှ မျက်အုံလေ။ နေနှင့်ယှဉ်မှီ။ ရောဟဏီတည်း။
မှန်စီဆောင်က။ ရွှေထီးရိပ်ပြပါလို့။ လွမ်းစယှက်သွယ်။
မင်းမူဟန်ကျယ်လှ။ မိုးလယ်ဘုံမှာတဲ့လေး။ ကဆုန်ငယ်မှရတု။
မြနီ လာစစ်။ အပြာရစ်နှင့်။ ရှစ်မျက်နှာဆို။ တောတစ်ခိုမှာ။

ပျိုနုနုနှင့်။ ကျီးဥမှလဲ့ပြာ။ စကားထုံသင်း။ ကောဇာ ချင်းတွင်။
တုကင်းလွတ်ကွာ။ ငှက်ပေါင်းသာလို့။ ညာချွေငယ်စံသည်။
ယုဂန်မှာတိမ်တစ်ပုံက။ ဂဠုန်လိုဝဲ။ ။ အသဲမှဆွတ်ကျင်။

သောင်သင်ဖြူးခင်း။ မြစ်ကြီးတွင်းမှာ။ ငါးကြင်းဆန်ကူး။
ငါးတန်မြူးသည်။ ပိုက်ဦးငင်လို့။ သဘင်မှဖြိုးဝေ။
ဇင်ယော်သောင်တင်း။ ရွှေပိန်ညင်းတို့။ ချစ်တင်းပိုင်ပိုင်။
အာလုပ်ကယ်လှိုင်လို့။ သံပြိုင်ငယ်ချွေသည်။

ဂြိုဟ်စနေဖီလာပိုင်းဆီက။ မုန်တိုင်းချီပြင်း။ ။ ပြည်ကေမ္ဗာဇ။
တိုင်းညိုမြမှာ။ တံငါတာရာ။ ကြယ်ဥက္ကာနှင့်။ အခါညောင်ရေ။
ပွဲစုံငယ်ထွေလို့။ လွမ်းဗွေဆိုင်ညီ။ သေမင်းပင်မှီရော့ထင့်။
စက်ရာသီပြိဿ ရေးတဲ့။ ငိုကြွေးခင်း။ ။

Credit

 

Zawgyi

 

ကုန္းေဘာင္ေခတ္က ထင္ရွားေက်ာ္ၾကားခဲ့ေသယ အမ်ိဳးသမီးစာဆိုေတာ္ မယ္ေခြ

 

 

မယ္ေခြသည္ ကုန္းေဘာင္ေခတ္ ျမန္မာသကၠရာဇ္ ၁၁၄၃ ခုႏွစ္တြင္ နန္းတက္ေတာ္မူေသာ ဘိုးေတာ္ဘုရား လက္ထက္တြင္ ထင္ရွားေက်ာ္ေစာေသာ အမ်ိဳးသမီးစာဆိုေတာ္တစ္ဦး ျဖစ္သည္။

 

ပညာရွင္တခ်ိဳ႕၏ မွတ္သားခ်က္အရ မယ္ေခြသည္ ျမန္မာသကၠရာဇ္ ၁၁၉၉ ခုႏွစ္တြင္ နန္းတက္ေတာ္မူေသာ သာယာဝတီမင္း လက္ထက္တိုင္ေအာင္ ထင္ေပၚေက်ာ္ၾကားသူ ျဖစ္၏။

မယ္ေခြသည္ ရတနာသိဃျမၤို႔ေန စစ္ေတာင္းဝန္၏ သမီးႏွစ္ေယာက္အနက္ အငယ္ျဖစ္ေလသည္။ အ႐ြယ္ေရာက္လတ္ေသာ္ အေမြဝန္ေဟာင္း ေမာင္စြက္ႏွင့္ စုံဖက္၏။ ထို႔ေၾကာင့္ မယ္ေခြကို အေမြဝန္ကေတာ္ဟုလည္း ေခၚၾကသည္။ မယ္ေခြ၏ အစ္မကား မယ္ေကတည္း။

(မွတ္ခ်က္။ ။ မယ္ေခြကို မယ္ေခြးဟု ေခၚၾကသည္မွာ မွား၏။ မယ္ေက၊ မယ္ေခြဟူေသာ ညီအစ္မႏွစ္ေယာက္တို႔သည္ ဘိုးေတာ္ဘုရားလက္ထက္တြင္ လြန္စြာေက်ာ္ေစာေၾကာင္း ပုဂံဝန္ေထာက္မင္း ဦးတင္၏ စာအုပ္တြင္ ေရးသားေဖာ္ျပထားေပသည္။)

အဲခ်င္းဟူေသာ ကဗ်ာအဖြဲ႕အႏြဲ႕ မ်ားစြာတို႔ကို ေရးသားခဲ့သျဖင့္အဲမယ္ေခြဟုပင္ အမည္တြင္ေၾကာင္း ျမန္မာဂႏၳဝင္တြင္ ထင္ရွားေသာအမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း သိရသည္။ မယ္ေခြဆိုေသာ အဲခ်င္းမ်ားကို ၈၀ေပၚအဲ ဟုလည္း ေခၚၾကေသးသည္။

ေညာင္ရမ္းမင္းဆက္၊ တနဂၤေႏြမင္းတရားႀကီးလက္ထက္၊ သကၠရာဇ္ ၁၀၈ဝ ျပည့္ႏွစ္တြင္ စပ္ဆိုေသာ အဲခ်င္းမ်ားကို ၈ဝ ေပၚအဲဟု ေခၚၾကသည္။ ထို႔အတူ ၈၀ေပၚေတးထပ္ဟူ၍လည္း ေပၚေပါက္ခဲ့ေသးေၾကာင္း ေျပာစမွတ္ျပဳၾကသည္။

မယ္ေခြသည္ ၁၂ ရာသီဘြဲ႕မ်ားကို အဲကဗ်ာအဖြဲ႕အႏြဲ႕ျဖင့္ ေရွးဦးစြာ ဖြဲ႕ဆိုသူျဖစ္သည္။ ေရွးက ၁၂ ရာသီဘြဲ႕မ်ားမွာ ရတု၊ လူးတား စသည့္ အဖြဲ႕အႏြဲ႕မ်ားျဖင့္သာ ရွိခဲ့သည္။ မယ္ေခြ၏ ရာသီဘြဲ႕မ်ားမွာ ေစ့စပ္က်နသည္။

မယ္ေခြသည္ အျခား အမ်ိဳးသားစာဆိုေတာ္ႀကီးမ်ား၏ လက္ရာကို မီေအာင္ဖြဲ႕ႏြဲ႕နိုင္သည္။ စိတ္ကူးဆန္းၾကယ္၍ ယဥ္ေက်းႏြဲ႕ေႏွာင္းေသာ စကားလုံးမ်ားျဖင့္ ကဗ်ာမ်ားကို တန္ဆာဆင္နိုင္သည္။

ထူးျခားေသာအခ်က္ကား မယ္ေခြ၏ ရာသီဖြဲ႕သည္အခ်င္းျဖစ္၍ ဂီတဘက္ သက္ဆိုင္ပါဝင္ေသာေၾကာင့္ စည္းဝါးက်နစြာတူရိယာျဖင့္ သီဆိုနိုင္၏။ ေရွးယခင္ ရာသီဖြဲ႕မ်ားသည္လူးတားရတုမ်ားျဖစ္ေသာေၾကာင့္ အတီးအမႈတ္တူရိယာမ်ားျဖင့္ တြဲဘက္သီဆိုျခင္း မျပဳနိုင္၊ စည္းလြတ္ဝါးလြတ္သာ ဆိုနိုင္သျဖင့္ မယ္ေခြ၏ အဲခ်င္းေလာက္ တြင္က်ယ္မည္ မဟုတ္ေပ။

ဤေနရာ၌ မယ္ေခြ၏ ဉာဏ္ရည္သာၿပီး အဲခ်င္းသည္ စည္းဝါးက်နစြာ ဆိုနိုင္ေသာ အဖြဲ႕ျဖစ္ရကာ သဘင္သည္မ်ားအတြက္ ပိုမိုေက်းဇူးရွိေပသည္။ ဖြဲ႕ႏြဲ႕ပုံတြင္လည္း တျခားစာေရးဆရာႀကီးမ်ားေအာက္ မညံ့ေခ်။

မယ္ေခြသည္ ရာသီဖြဲ႕အဲမ်ား အျပင္ –

အမရပူရ ဘုရားေလးဆူတိုင္ အဲႏွင့္ ရတုမ်ား၊

ဘိုးေတာ္ဘုရား မိေထြးေတာ္ ဒလၿမိဳ႕စားမင္းသမီး ကြယ္လြန္ရာ ငိုခ်င္း၊

မိုးနဲဝန္ကေတာ္ ကြယ္လြန္ရာ ငိုခ်င္း၊

သားေတာ္ ျပင္စည္ျမင္းမႉးမင္းသား မင္းရဲမင္းလွေ႐ႊေတာင္ ကြယ္လြန္ရာ ငိုခ်င္း၊

 

ႏွမေတာ္ ရွင္ႏွင္းပြင့္၊ ရွင္သဲတို႔ ကြယ္လြန္ရာ ငိုခ်င္း၊

အေနာက္အိမ္ေတာ္ အျမင့္ၿမိဳ႕စားမင္းသားေတာ္ ေမာင္ႀကီး ကြယ္လြန္ရာ ငိုခ်င္းမ်ားကိုလည္း ဆိုေသးသည္။ မယ္ေခြ၏ ငိုခ်င္းမ်ားမွာ ေနာက္တြင္ ေခတ္စားလာေသာ စုံ႕နံ႕သာၿမိဳင္ ရွာပုံေတာ္ႀကီး စေသာ ငိုခ်င္းရွည္မ်ား၏ ေရွ႕ေျပးျဖစ္သည္။

ငိုခ်င္းမ်ားအျပင္ ေက်းေစဘုရားတိုင္၊ မယ္ဘြဲ႕ေမာင္ဘြဲ႕၊ မိုးဘြဲ႕၊ ေတာဘြဲ႕ ရတုမ်ားကိုလည္း ေရးသားခဲ့ေသးသည္။

မယ္ေခြ၏ ကဆုန္လဘြဲ႕ အဲတစ္ပုဒ္

ကဆုန္လၿပိႆရာသီဘြဲ႕

ဖလ္နန္းမွ မ်က္အုံေလ။ ေနႏွင့္ယွဥ္မွီ။ ေရာဟဏီတည္း။
မွန္စီေဆာင္က။ ေ႐ႊထီးရိပ္ျပပါလို႔။ လြမ္းစယွက္သြယ္။
မင္းမူဟန္က်ယ္လွ။ မိုးလယ္ဘုံမွာတဲ့ေလး။ ကဆုန္ငယ္မွရတု။
ျမနီ လာစစ္။ အျပာရစ္ႏွင့္။ ရွစ္မ်က္ႏွာဆို။ ေတာတစ္ခိုမွာ။

ပ်ိဳႏုႏုႏွင့္။ က်ီးဥမွလဲ့ျပာ။ စကားထုံသင္း။ ေကာဇာ ခ်င္းတြင္။
တုကင္းလြတ္ကြာ။ ငွက္ေပါင္းသာလို႔။ ညာေခြၽငယ္စံသည္။
ယုဂန္မွာတိမ္တစ္ပုံက။ ဂဠုန္လိုဝဲ။ ။ အသဲမွဆြတ္က်င္။

ေသာင္သင္ျဖဴးခင္း။ ျမစ္ႀကီးတြင္းမွာ။ ငါးၾကင္းဆန္ကူး။
ငါးတန္ျမဴးသည္။ ပိုက္ဦးငင္လို႔။ သဘင္မွၿဖိဳးေဝ။
ဇင္ေယာ္ေသာင္တင္း။ ေ႐ႊပိန္ညင္းတို႔။ ခ်စ္တင္းပိုင္ပိုင္။
အာလုပ္ကယ္လွိုင္လို႔။ သံၿပိဳင္ငယ္ေခြၽသည္။

ၿဂိဳဟ္စေနဖီလာပိုင္းဆီက။ မုန္တိုင္းခ်ီျပင္း။ ။ ျပည္ေကမၺာဇ။
တိုင္းညိုျမမွာ။ တံငါတာရာ။ ၾကယ္ဥကၠာႏွင့္။ အခါေညာင္ေရ။
ပြဲစုံငယ္ေထြလို႔။ လြမ္းေဗြဆိုင္ညီ။ ေသမင္းပင္မွီေရာ့ထင့္။
စက္ရာသီၿပိႆ ေရးတဲ့။ ငိုေႂကြးခင္း။ ။

Credit

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *