ကေတုမတီမှစစ်ဘုရင် တပင်ရွှေထီးနှင့်ဗလရဲထင်

ကေတုမတီမှစစ်ဘုရင် တပင်ရွှေထီးနှင့်ဗလရဲထင်

 

 

သက္ကရာဇ် ၈၀၀ ကျော် ၉၀၀ အတွင်းလောက်တွင် မြန်မာနိုင်ငံကြီး ကစဉ့်ကလျား ပျက်စီးလျက် ဘုန်းတန်ခိုးအာဏာ ကြီးမားသော ဘုရင်မရှိ ၊ ဘုရင်ငယ် မင်းငယ်တို့သည် ထီးပြိုင်နန်းပြိုင် များစွာ ရှိကြကုန်၏။

ထိုစဉ်အခါက

-အင်းဝတွင် ရှမ်းသိုဟန်ဘွား အုပ်စိုး၍ တစ်ဘုရင် ၊

-ပြည်မြို့တွင် နရပတိ အုပ်စိုး၍ တစ်ဘုရင် ၊

-ဟံသာဝတီတွင် သူရှင်တကာ ရွက်ပိ အုပ်စိုး၍ တစ်ဘုရင် ၊
ဤသို့ အစိတ်စိတ် အမြွှာမြွှာ အုပ်စိုး၍ နေကြ၏။

ဤခေတ်ကြီးသည် ‘ ဂ ငယ်သုံးခု ဥသျှစ်ထု ‘ ဆိုသဖြင့် ၈၈၈ ခုတွင် မြန်မာနိုင်ငံ စိစိညက်ညက် ကြေ၍ ပျက်စီးသော အခါဆိုးကြီး ဖြစ်၏။

ဤသို့ရှိနေစဉ် တိုင်းသားပြည်သူ ရှင်လူတို့ကို ဆင်းရဲကြီးစွာမှ ကယ်တင်ရန် တောင်ငူတွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ ပေါ်ပေါက်လာလေ၏။

ကေတုမတီ တောင်ငူပြည်ကြီးဘုရင် မဟာသီရိဇေယျသူရ (မင်းကြီးညို)သည် ငနွဲကုန်း သူကြီးသမီးကို ကောက်ယူလေသည်။

တစ်ခါသော် ထိုမိန်းမငယ်သည် မင်းကြီးအား ယပ်ခတ်နေစဉ် ခြေတော်ကို ဖက်၍ အိပ်ပျော်နေရာမှ ကျယ်လောင်စွာ လန့်၍ အော်၏။

 

မင်းကြီးမေးသော် ” ကောင်းကင်က နေမင်း ဆင်းလာပြီးလျှင် ကျွန်တော်မ၏ ဝမ်းကိုခွဲ၍ ဝင်သည်ဟု အိပ်မက်သောကြောင့် လန့်၍ အော်ပါသည် ” ဟု လျှောက်၏။

မင်းကြီးလည်း ” နင့်တွင် ပဋိသန္ဓေ တည်လာသူသည် နေကဲ့သို့ ဘုန်းကြီးလိမ့်မည် ၊ ယောက်ျားဖွားလျှင် နင့်ကို မိဖုရားမြှောက်မည် ” ဟု မိန့်တော်မူ၏။

နေ့လ စေ့၍ ၈၇၈ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ညဉ့် ၄ ချက်တီးကျော် (စက်နာရီ ၆ နာရီကျော်) တွင် သားတော် တပင်ရွှေထီး ကို ဖွားမြင်တော်မူသည်။

ဖွားသောအခါ မိုးသီး များရှောက်သီးလုံးခန့် ကျ၏။ တောတောင် မြို့ရွာကို မီးလျှံကဲ့သို့ အရောင်တောက်ကုန်၏။

မင်းကြီး၏ ဆရာတော်သည် ယနေ့ တိတ်နိမိတ် ကြီးလှ၏။ ဘုရင်မှာ တစ်စုံတစ်ခုသော အကြောင်း ရှိလိမ့်မည်ဟု နန်းတော်သို့ ဝင်ခဲ့၏။

စုံစမ်း၍ သားတော်ဖွားကြောင်း သိရသော် ဆရာတော်က ” အမည် ပေးပြီးပြီလော ” ဟု မေးတော်မူ၏။ ” တပင်ရွှေထီး ‘ သမုတ်ပေသည် ” ဟု လျှောက်လျှင် ဆရာတော်က ” မင်းဆက် ပြတ်လေပြီတကား ” ဟု မိန့်တော်မူ၏။

တပင်ရွှေထီးမယ်တော်ကို ကတိအတိုင်း ဘုရင်က ‘ ရာဇဒေဝီ ‘ ဟူသော အမည်ဖြင့် မိဖုရား မြှောက်တော်မူ၏။မွေးဖွားစဉ်က ဦးထိပ်တွင် တံပူခန့် ရွှေရောငိဆံပင်တစ်ချောင်းပါလာသည်ကို စွဲ၍ ‘ တပင်ရွှေထီး ‘ ဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဆရာတော်ကား တစ်ပင် = တစ်ခု = တစ်ပါး ဟူသော အနက်ကိုယူ၍ နောက်ဆုံး မင်းတစ်ပါး အနေဖြင့် မင်းဆက်ပြတ်ပြီဟု မိန့်ဆိုလိုက်ခြင်း ဖြစ်သည်။ယိုးဒယား (ထိုင်း) ကမူ မိမိတို့ ဘာသာဖြင့် (ဘုရားကျောက် ဟုံစာလင့်ဒမ်း )ဟု ခေါ်သည်။

အဓိပ္ပါယ်ကား ‘ လျှာနက်မင်းတရား ‘ ဆိုလိုသည်။ ဤသို့ခေါ်သည်မှာ ထိုမင်း၏ လျှာတော်၌ အလွန်မည်းနက်သော စက်တော် ပါရှိသောကြောင့် ဖြစ်လေသည်။

ခမည်းတော် ရုတ်တရက်နာဖျားကာ နတ်ရွာစံလျှင် ချက်ချင်းပင် နေ့မကူးစေတော့ဘဲ ထိုည တစ်ချက်တီးအချိန်တွင် အသက် ၁၄ နှစ်သာ ရှိသေးသည့် တစ်ဦးတည်းသောသားတော် တပင်ရွှေထီးကို နန်းထက်သို့ တင်ကြလေသည်။

မင်းကြီးညိုနတ်ရွာစံလျှင် ထိုသို့ နန်းတက်ရာတွင် ရာဇဘိသေက ခံခြင်းမျိုးမဟုတ်ဘဲ နန်းသိမ်းပွဲအဖြစ်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် ဘိသိက်ခံကာ နန်းတက်ခြင်းကို ဟံသာဝတီအား သိမ်းပိုက်လေပြီးမှ ပြုလုပ်ခဲ့သည်။

နန်းတက်သည်နှင့် တစ်ပြိုင်နက်ပင် မိမိကို နန်းရံစေမည့် မှူးမတ်များကို ဘွဲ့ထူးများ၊ စည်းစိမ်များ ပေးခြင်းပြုလုပ်လေသည်။

မိမိနှင့် နို့စို့ဖက်ဖြစ်သူ၊ ညီအစ်ကိုအရင်းမျှချစ်ခင်သူ၊ မိမိ၏ အစ်မတော် နှင့်ရည်ငံနေသူ ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့် လက်ဆက်ပေးလေသည်။

(အမှန်လည်း ညီနောင်အရင်းကဲ့သို့ ချစ်ကြည်ကြသည်။ထို့အတူ ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့် ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူကာ လက်ဝဲလက်ယာ မြှောက်စားလေသည်။

သို့သော် ဘိသိက်မခံ၊ နန်းမတက်ဘဲ နေသကဲ့သို့ပင် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှာ တစ်သက်လုံးပင်ဖြစ်ကာ ၎င်းမှာ တပင်ရွှေထီး၏ ထူးခြားချက်ဖြစ်သည်။

၈၉၄ ခု ၊ အသက် ၁၇ သို့ အဝင် နားထွင်းမည်ရှိရာ ” ရွှေမော်ဓော ဘုရားမှာ နားထွင်းမည် ” ဟု မိန့်တော်မူသည်။ တပင်ရွှေထီးသည် တောင်ငူရွှေနန်းကို စိုးစံတော်မူနေရပြီဖြစ်သော်လည်း နားထွင်းမင်္ဂလာတော်ကိုကား ပြုတော်မမူရသေးပေ။

ထို့ကြောင့် နန်းတက်ပြီး (၂)နှစ်အကြာ သက်တော် (၁၇)နှစ် အရွယ်ထက်သို့ ရောက်သော်မူသည်တွင် နားထွင်းမင်္ဂလာတော်ကို ကျင်းပပြုလုပ်ရန် စီစဉ်တော်မူသည်။

 

တပင်ရွှေထီးကား အရွယ်ငယ်စဉ်ကပင် ရန်သူ့နယ်မြေ ဟံသာဝတီတွင်ရှိသည့် ရွှေမော်ဓောစေတီတော်ကို သွားရောက်ဖူးမြော်လိုသည့် ဆန္ဒက ပြင်းပြနေသည်။ ယခုလည်း နားထွင်း မင်္ဂလာကို ထိုရွှေမော်ဓောစေတီတော်၏ ရင်ပြင်ပေါ်တွင်ပင် သွားရောက်၍ ဆင်ယင်ကျင်းပလိုသည့် အလိုဆန္ဒတော် ဖြစ်ပေါ်နေမိသည်။

ထိုအချိန်က ဟံသာဝတီကို မွန်ဘုရင် သုရှင်တကာရွတ်ပိက စိုးစံအုပ်ချုပ်လျက်ရှိပြီး၊ ထိုဟံသာဝတီနယ်မြေတွင် တည်ထားသည့် ရွှေမော်ဓောစေတီတော်ကလည်း လွန်စွာပင် တန်ခိုးကြီးထင်ရှား၏။ ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟုလည်း ဆိုကြ၏။

ထို့ကြောင့်ပင် မင်းသားများကြံစည်မည်ကို စိုးရိမ်သောကြောင့် ‘ရွှေမော်ဓောစေတီတော်ကို မင်းသားများ တက်၍မဖူးမြော်ရ’ ဟုပင် ဟံသာဝတီဘုရင်များက တားမြစ်တော်မူထား၏။

ထိုသို့ တပင်ရွှေထီးအနေဖြင့် ရန်သူ့နယ်မြေသို့ သွားရောက်လိုသည့် အလိုဆန္ဒဖြစ်ပေါ်နေရခြင်းမှာ ယခင်ဘဝဟောင်းက မွန်မင်းသား ဖြစ်ခဲ့ဖူးသောကြောင့်ဟုသမိုင်းကျမ်းအချို့ကဆိုသည်။

တပင်ရွှေထီးသည် ရန်သူ့နယ်မြေ ဟံသာဝတီတွင် သွားရောက်နားထွင်းလိုသည့် မိမိအလိုဆန္ဒတော်နှင့်ပတ်သက်ပြီး ညီလာခံသဘင်၌ မှူးမတ်သေနာပတိတို့ကို မိန့်တော်မူကာ သဘောဆန္ဒကို တောင်းခံတော်မူသည်။မှူးမတ်အများက ထိုကိစ္စကို သဘောတူလိုခြင်း မရှိကြ။ ပြုလုပ်ရန် မသင့်ဟု ယူဆကြသည်။

သို့သော် နောင်တော်ရင်း သဖွယ်ဖြစ်သည့် ‘ကျော်ထင်နော်ရထာ’ ဘွဲ့မည်ရ ရှင်ရဲထွတ် ကမူ “ရွှေနန်းရှင် အရှင်မင်းမြတ် .. ဆန္ဒတော်ရှိသည်မှာ လွန်စွာသင့်လျော်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယခုကိစ္စသည် မင်္ဂလာကိစ္စဖြစ်သည့် အားလျော်စွာ အကောင်းဆုံးအောင်မြေဖြစ်သည့် နေရာကိုသာ ရနိုင်ရန် ကြံဆောင်သင့်ပါ၏။ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်မှာ ဆုတောင်းပြည့် ဘုရားလည်း အမှန်ဖြစ်ပါသည်။

ရန်သူ၏ နယ်မြေသို့ သွားရောက်ရမည် ဖြစ်သော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းတို့အဖို့၊ကေသရာဇာခြင်္သေ့မင်းသည် ရွှေဂူမှထွက်တော်မူလျှင် မည်သည့်သားသတ္တဝါမျှ မော်လျက် မကြည့်ဝံ့သကဲ့သို့ ရှိမည်။ ဤစကားကို ယုံကြည်တော် မမူပါက ယခုပင် ထွက်တော်မူပါ။

ကျွန်တော်မျိုး ရှေ့မှနေ၍ ရင်မြေကတုတ်လုပ်လျက် အမှုတော်ကို ထမ်းရွက်ပါမည်” လျှောက်တင်လေရာ တပင်ရွှေထီးမှာ ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို နှစ်သက်အားရတော်မူလှသဖြင့် လက်သုံးတော် ကျောက်စီဓားကို ရဲဆုအဖြစ် ကျော်ထင်နော်ရထာအား ပေးသနားတော်မူသည်။

ထို့နောက် တပင်ရွှေထီးက“ယခု ရန်သူ့နယ်မြေဖြစ်သည့် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ ထွက်တော်မူမည့်အရေးကိစ္စတွင်၊မင်းယောက်ျားအမှုထမ်း ဖြစ်ပါလျက် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ ဂုဏ်ရည်မပီ၊ ကြောက်သွေးပါသူများကို ငါကား အလိုမရှိ၊

ခြသေ့င်္ကဲ့သို့ စွမ်းအားရှိလျက်၊ ကျားကဲ့သို့ ရဲရင့်သည့် မကြောက်မရွံ့၊ နောက်မတွန့်သည့် သူရသတ္တိနှင့် ပြည့်စုံသော ကေတုမတီသား သူရဲကောင်း၊ ယောက်ျားမြတ်တို့ကိုသာ ငါ အလိုရှိသည်။

ထို့ကြောင့် နောင်တော်ကျော်ထင်နော်ရထာက ရန်သူ့နယ်မြေကို ငါနှင့်အတူလိုက်ပါမည့် သူရဲကောင်းများကို သေချာစိစစ် ရွေးချယ်မှုပြုစေ” ဟု အမိန့်တော် ချမှတ်သည်။

ကျော်ထင်နော်ရထာကလည်း“ရန်သူ့နယ်မြေသို့ချီရန် အရေးကိစ္စတွင် စစ်သည်ဗိုလ်ပါများစွာ မလိုပါ။ သူရဲကောင်း ငါးရာသာ လိုပါသည်” ဟု ပြန်လျောက်တင်လေရာ တပင်ရွှေထီးက ယင်းသူရဲကောင်း ငါးရာကို ရွေးချယ်ရေးအတွက် ကျော်ထင်နော်ရထာကို တာဝန်ပေးတော်မူသည်။

ထို့နောက် ကျော်ထင်နော်ရထာမှ“ဘဝရှင်မင်းတရားသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ နားထွင်းမင်္ဂလာသဘင် ဆင်ယင်ကျင်းပတော်မူရန် မကြာမီ ထွက်တော်မူလိမ့်မည်။

ထို့နောက် ကျော်ထင်နော်ရထာမှ“ဘဝရှင်မင်းတရားသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ နားထွင်းမင်္ဂလာသဘင် ဆင်ယင်ကျင်းပတော်မူရန် မကြာမီ ထွက်တော်မူလိမ့်မည်။

“အမှုတော်ထမ်း၍ နောက်တော်က လိုက်ပါလိုသူများ ရွှေနန်းတော်သို့ လာရောက်လျှင် သူရဲကောင်းအဖြစ် အရွေးခံကြစေ။ သူရဲကောင်း ငါးရာကို ရွေးတော်မူလိမ့်မည်” ဟု ကေတုမတီ နေပြည်တော်အနှံ့ မောင်းကြေး နင်းခတ်၍ ကြေညာစေသည်။

သူရဲကောင်း ရွေးချယ်ပွဲ ပြုလုပ်မည့်နောက်တစ်နေ့တွင်မူ ကေတုမတီနေပြည်တော်အနှံ့မှ သူရဲကောင်းရွေးချယ်ရန်အတွက် လာရောက်ကြသူများမှာ၊နန်းတော်ရင်ပြင်တစ်ခုလုံးတိုးမပေါက်အောင်ဆိုရမည်သို့ များပြားလှသည်ကို ရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နှစ်သက်ဝမ်းမြောက်တော်မူစွာ တွေ့မြင်တော်မူလိုက်ရသည်။

ကျော်ထင်နော်ရထာက သူရဲကောင်းအရွေးခံရန် လာရောက်ကြသူများကို . “ယခု ကျွန်ုပ်တို့ ဟံသာဝတီသို့ ချီတက်တော်မူမည့်အရေးမှာ သာမန်မဟုတ်၊ ရန်သူ့နယ်မြေသို့ မကြောက်မရွံ့၊ နောက်မတွန့်ဘဲ ဝင်ရောက်ရမည့်အရေးဖြစ်၍ သာမန်မျှ သတ္တိစွမ်းရည်ရှိသူများကိုကား ရွေးချယ်လိမ့်မည်မဟုတ်။

မ တစ်ထောင် တစ်ကောင်ဖွားဆိုရမည်သို့ လွန်စွာသတ္တိကောင်းလှသူ ထူးထူးချွန်ချွန် အာဇာနည်ရဲစိတ်ရဲမာန်ထက်သန်သော အာဂယောက်ျား သူရဲကောင်းများကိုသာ ရွေးချယ်ရလိမ့်မည်။

စွမ်းရည်သတ္တိ အထူးအချွန် တကယ်ပင် ရှိ မရှိ၊ ယခုပင် စမ်းသပ်တော်မူစေမည်။ သို့ဖြစ်၍ အစမ်းသပ်အစစ်ဆေးခံရန် မဝံ့သူများ ဤနေရာမှ ယခုပင်ထွက်ကြရမည်” ဟု ဆိုလိုက်ရာ ရောက်လာကြသူ ကေတုမတီသားတို့က လက်ရုံးကို အထက်သို့ မြှောက်လိုက်ကြကာ “စမ်းသပ်တော်မူပါ၊ စမ်းသပ်တော်မူပါ” ဟု တညီတည်းပြောဆိုလိုက်ကြလေတော့သည်။

ထို့နောက် သူရဲကောင်း ရွေးချယ်ပွဲ စတင်ရာ ဦးစွာပထမကျော်ထင်နော်ရထာက အစမ်းသပ်ခံရန် သူရဲကောင်းစမ်းသပ်ရာ နေရာသို့ သွားရောက်လိုက်သည်။ ခုံတစ်ခုံပေါ်တွင် ညာဘက်လက်မကို ထောင်၍ခံလိုက်သည်။

 

စမ်းသပ်သူတို့က ကျော်ထင်နော်ရထာ၏ လက်မထိပ်တွင် အပ်ကိုစိုက်၍ တူဖြင့် တစ်ချက်တည်းထုမြှပ်လိုက်သည်။ လက်မတွင်းသို့ အပ်တစ်ဆုံးဝင်သွားသည်။ သို့သော် ကျော်ထင်နော်ရထာ မည်သို့မျှ သွေးတွန့်တုန်လှုပ်ခြင်းမရှိ။

တောင်ငူရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နောင်တော်ကျော်ထင်နော်ရထာ၏ အာဇာနည်သူရဲကောင်းသတ္တိကို မျက်ဝါးထင်ထင်မြင်တော်မူလိုက်ရသဖြင့် အလွန်အားရတော်မူသွားသည်။

ဤသို့စမ်းသပ်ရာတွင် အောင်မြင်သူတို့ရှိသကဲ့သို့ မအောင်မြင်၍ နန်းရင်ပြင်မှ ထွက်သွားရသူများလည်း အများအပြားရှိနေ၏။
မအောင်မြင်သူတို့ကား တုန်လှုပ်သွားသူများ၊ နာကျင်၍ ညည်းတွားသူများ ဖြစ်၏။

ထိုသူရဲကောင်း ရွေးချယ်ပွဲတွင် သတ္တိစွမ်းရည်နှင့် ပတ်သက်ပြီး မှတ်သားကြရမည့် အမှတ်ထင်ထင်အဖြစ်အပျက် တစ်ခုက ပေါ်ပေါက်လာခဲ့ရသည်။ ထိုအဖြစ်ပျက်ကား အခြားမဟုတ်၊ သူရဲကောင်းအဖြစ် စမ်းသပ်ခံမည့် တပင်ရွှေထီး၏ ငယ်ကျွန်ရင်းဖြစ်သည့် ဗလရဲထင်၏အလှည့်တွင်ဟု ဆိုရမည်။

ဗလရဲထင်မှာ တပင်ရွှေထီး အရွယ်တော်ငယ်စဉ်အချိန်ကပင် တပင်ရွှေထီးနောက်မှ ဓားထမ်းခွင့်ရသူဖြစ်ပြီး၊ တပင်ရွှေထီးက ဗလရဲထင်ကို သူရသတ္တိရှိသူဟု မှတ်ထင်တော်မူသဖြင့် ဗလရဲထင်ဘွဲ့မည် ပေးသနားတော်မူခြင်းကို ခံရသူဖြစ်၏။

ဗလရဲထင်က ရှေ့ကစမ်းသပ်ခံခဲ့သူများအတိုင်း စမ်းသပ်ခံရမည့်နေရာသို့ ရောက်ရှိသွားပြီး ညာလက်မကို အပ်စိုက်ခံလိုက်သည်။
စမ်းသပ်သူတို့က လက်မတွင်းသို့ အပ်ကို တူဖြင့်ရိုက်သွင်းလိုက်သောအခါ တွန့်၍သွားသည်။

ငယ်ကျွန်ရင်း ဗလရဲထင်၏ သွေးတွန့်သောအမူအရာကို တပင်ရွှေထီး မြင်တော်မူသောအခါ “နာမည်က ဗလရဲထင်ဆိုပြီး သွေးတွန့်ရသလား” ဟု မိန့်တော်မူသည်။ ကျော်ထင်နော်ရထာကလည်း ဗလရဲထင်ကို နန်းရင်ပြင်သို့ထွက်ရန်ဆိုလိုက်သဖြင့် လူပုံလယ်တွင် ဗလရဲထင်မှာ ရှက်သွားရသည်။

ထို့နောက် မိမိ၏အရှင်သခင် တပင်ရွှေထီးကို ဦးခိုက်လိုက်ပြီး “ဘုရားကျွန်တော်မျိုးကို သတ္တိသွေးမဲ့သူဟု ထင်ကြမှာ လွန်စွာပင် ရှက်မိရပါသည်။ တကယ်တန်း၌ ကျွန်တော်မျိုးမှာ ကြောက်သွေးရှိသူ မဟုတ်ပါ။

 

ယခုပညာစမ်းပွဲတွင် အောင်မြင်ခြင်းမရသည့်အတွက် အလွန်ပင် ဝမ်းနည်းရပါသည်။ သို့သော် ကျွန်တော်မျိုး သတ္တိကို ရွှေနန်းရှင်ဘုရားနှင့် လူအများသိအောင် ပြလိုပါသည် ဘုရား”
ဟု လျှောက်တင်လိုက်ကာ ခါးတွင် ထိုးထားသော ဓားမြှောင်ကို ရုတ်တရက်ဆွဲနှုတ်ကာ မိမိဝမ်းဗိုက်ကို ထိုးဖောက်လိုက်သည်။

ဝမ်းဗိုက်အတွင်းမှ ထွက်လာသော အူကို ဆွဲယူပြီး အနီးရှိ ကျော်ထင်နော်ရထာလက်ကို ပေးလိုက်သည်။ ကျော်ထင်နော်ရထာက ဗလရဲထင်၏ အူကို ကိုင်ထားစဉ် ဗလရဲထင်က အူဆုံးသည့်တိုင် ပြေးသည်။ အူဆုံးသည်နှင့် တပြိုင်နက် ဗုန်းခနဲလဲကျ၍ နေရာတွင်ပင် ဗလရဲထင် သေပွဲဝင်ရသည်။

 

မြင်ရသူတို့က ဗလရဲထင်၏ ဖြစ်ပုံကို ကြည့်ပြီး တအံ့တသြဖြစ်ကုန်ကြရသည်။မိမိ၏ ငယ်ကျွန်ရင်း ဖြစ်သူ ဗလရဲထင်သေဆုံးသည်တွင် တပင်ရွှေထီးက ပြုံးတော်မူလိုက်ပြီးလျှင်“ငါ၏ ကျွန်တော်ရင်း ဗလရဲထင်သည် မိုက်ကားမိုက်၏၊ သို့သော် သတ္တိကား ရှိသူမဟုတ်” ဟု မိန့်တော်မူသည်။

ဆိုလိုရင်းမှာ မိုက်ခြင်းသည် အဆင်ခြင်မဲ့ ဆင်ကန်းတောတိုးမျှသာ ဖြစ်၏။ သတ္တိရှိခြင်းနှင့်ကား တခြားစီဟူ၍ဖြစ်၏။

Credit

 

Zawgyi

 

ေကတုမတီမွစစ္ဘုရင္ တပင္ေ႐ႊထီးႏွင့္ဗလရဲထင္

 

 

သကၠရာဇ္ ၈၀၀ ေက်ာ္ ၉၀၀ အတြင္းေလာက္တြင္ ျမန္မာနိုင္ငံႀကီး ကစဥ့္ကလ်ား ပ်က္စီးလ်က္ ဘုန္းတန္ခိုးအာဏာ ႀကီးမားေသာ ဘုရင္မရွိ ၊ ဘုရင္ငယ္ မင္းငယ္တို႔သည္ ထီးၿပိဳင္နန္းၿပိဳင္ မ်ားစြာ ရွိၾကကုန္၏။

ထိုစဥ္အခါက

-အင္းဝတြင္ ရွမ္းသိုဟန္ဘြား အုပ္စိုး၍ တစ္ဘုရင္ ၊

-ျပည္ၿမိဳ႕တြင္ နရပတိ အုပ္စိုး၍ တစ္ဘုရင္ ၊

-ဟံသာဝတီတြင္ သူရွင္တကာ ႐ြက္ပိ အုပ္စိုး၍ တစ္ဘုရင္ ၊
ဤသို႔ အစိတ္စိတ္ အႁမႊာႁမႊာ အုပ္စိုး၍ ေနၾက၏။

ဤေခတ္ႀကီးသည္ ‘ ဂ ငယ္သုံးခု ဥသွ်စ္ထု ‘ ဆိုသျဖင့္ ၈၈၈ ခုတြင္ ျမန္မာနိုင္ငံ စိစိညက္ညက္ ေၾက၍ ပ်က္စီးေသာ အခါဆိုးႀကီး ျဖစ္၏။

ဤသို႔ရွိေနစဥ္ တိုင္းသားျပည္သူ ရွင္လူတို႔ကို ဆင္းရဲႀကီးစြာမွ ကယ္တင္ရန္ ေတာင္ငူတြင္ တပင္ေ႐ႊထီးႏွင့္ ဘုရင့္ေနာင္တို႔ ေပၚေပါက္လာေလ၏။

ေကတုမတီ ေတာင္ငူျပည္ႀကီးဘုရင္ မဟာသီရိေဇယ်သဴရ (မင္းႀကီးညို)သည္ ငႏြဲကုန္း သူႀကီးသမီးကို ေကာက္ယူေလသည္။

တစ္ခါေသာ္ ထိုမိန္းမငယ္သည္ မင္းႀကီးအား ယပ္ခတ္ေနစဥ္ ေျခေတာ္ကို ဖက္၍ အိပ္ေပ်ာ္ေနရာမွ က်ယ္ေလာင္စြာ လန့္၍ ေအာ္၏။

 

မင္းႀကီးေမးေသာ္ ” ေကာင္းကင္က ေနမင္း ဆင္းလာၿပီးလွ်င္ ကြၽန္ေတာ္မ၏ ဝမ္းကိုခြဲ၍ ဝင္သည္ဟု အိပ္မက္ေသာေၾကာင့္ လန့္၍ ေအာ္ပါသည္ ” ဟု ေလွ်ာက္၏။

မင္းႀကီးလည္း ” နင့္တြင္ ပဋိသေႏၶ တည္လာသူသည္ ေနကဲ့သို႔ ဘုန္းႀကီးလိမ့္မည္ ၊ ေယာက္်ားဖြားလွ်င္ နင့္ကို မိဖုရားျမႇောက္မည္ ” ဟု မိန့္ေတာ္မူ၏။

ေန႕လ ေစ့၍ ၈၇၈ ခု ၊ ကဆုန္လျပည့္ေက်ာ္ ၁ ရက္ ၊ ဗုဒၶဟူးေန႕ ၊ ညဥ့္ ၄ ခ်က္တီးေက်ာ္ (စက္နာရီ ၆ နာရီေက်ာ္) တြင္ သားေတာ္ တပင္ေ႐ႊထီး ကို ဖြားျမင္ေတာ္မူသည္။

ဖြားေသာအခါ မိုးသီး မ်ားေရွာက္သီးလုံးခန့္ က်၏။ ေတာေတာင္ ၿမိဳ႕႐ြာကို မီးလွ်ံကဲ့သို႔ အေရာင္ေတာက္ကုန္၏။

မင္းႀကီး၏ ဆရာေတာ္သည္ ယေန႕ တိတ္နိမိတ္ ႀကီးလွ၏။ ဘုရင္မွာ တစ္စုံတစ္ခုေသာ အေၾကာင္း ရွိလိမ့္မည္ဟု နန္းေတာ္သို႔ ဝင္ခဲ့၏။

စုံစမ္း၍ သားေတာ္ဖြားေၾကာင္း သိရေသာ္ ဆရာေတာ္က ” အမည္ ေပးၿပီးၿပီေလာ ” ဟု ေမးေတာ္မူ၏။ ” တပင္ေ႐ႊထီး ‘ သမုတ္ေပသည္ ” ဟု ေလွ်ာက္လွ်င္ ဆရာေတာ္က ” မင္းဆက္ ျပတ္ေလၿပီတကား ” ဟု မိန့္ေတာ္မူ၏။

တပင္ေ႐ႊထီးမယ္ေတာ္ကို ကတိအတိုင္း ဘုရင္က ‘ ရာဇေဒဝီ ‘ ဟူေသာ အမည္ျဖင့္ မိဖုရား ျမႇောက္ေတာ္မူ၏။ေမြးဖြားစဥ္က ဦးထိပ္တြင္ တံပူခန့္ ေ႐ႊေရာငိဆံပင္တစ္ေခ်ာင္းပါလာသည္ကို စြဲ၍ ‘ တပင္ေ႐ႊထီး ‘ ဟု မွည့္ေခၚလိုက္ျခင္း ျဖစ္သည္။

ဆရာေတာ္ကား တစ္ပင္ = တစ္ခု = တစ္ပါး ဟူေသာ အနက္ကိုယူ၍ ေနာက္ဆုံး မင္းတစ္ပါး အေနျဖင့္ မင္းဆက္ျပတ္ၿပီဟု မိန့္ဆိုလိုက္ျခင္း ျဖစ္သည္။ယိုးဒယား (ထိုင္း) ကမူ မိမိတို႔ ဘာသာျဖင့္ (ဘုရားေက်ာက္ ဟုံစာလင့္ဒမ္း )ဟု ေခၚသည္။

အဓိပၸါယ္ကား ‘ လွ်ာနက္မင္းတရား ‘ ဆိုလိုသည္။ ဤသို႔ေခၚသည္မွာ ထိုမင္း၏ လွ်ာေတာ္၌ အလြန္မည္းနက္ေသာ စက္ေတာ္ ပါရွိေသာေၾကာင့္ ျဖစ္ေလသည္။

ခမည္းေတာ္ ႐ုတ္တရက္နာဖ်ားကာ နတ္႐ြာစံလွ်င္ ခ်က္ခ်င္းပင္ ေန႕မကူးေစေတာ့ဘဲ ထိုည တစ္ခ်က္တီးအခ်ိန္တြင္ အသက္ ၁၄ ႏွစ္သာ ရွိေသးသည့္ တစ္ဦးတည္းေသာသားေတာ္ တပင္ေ႐ႊထီးကို နန္းထက္သို႔ တင္ၾကေလသည္။

မင္းႀကီးညိုနတ္႐ြာစံလွ်င္ ထိုသို႔ နန္းတက္ရာတြင္ ရာဇဘိေသက ခံျခင္းမ်ိဳးမဟုတ္ဘဲ နန္းသိမ္းပြဲအျဖစ္သာ က်င္းပခဲ့ျခင္းျဖစ္ၿပီး အစစ္အမွန္ ဘိသိက္ခံကာ နန္းတက္ျခင္းကို ဟံသာဝတီအား သိမ္းပိုက္ေလၿပီးမွ ျပဳလုပ္ခဲ့သည္။

နန္းတက္သည္ႏွင့္ တစ္ၿပိဳင္နက္ပင္ မိမိကို နန္းရံေစမည့္ မႉးမတ္မ်ားကို ဘြဲ႕ထူးမ်ား၊ စည္းစိမ္မ်ား ေပးျခင္းျပဳလုပ္ေလသည္။

မိမိႏွင့္ နို႔စို႔ဖက္ျဖစ္သူ၊ ညီအစ္ကိုအရင္းမွ်ခ်စ္ခင္သူ၊ မိမိ၏ အစ္မေတာ္ ႏွင့္ရည္ငံေနသူ ရွင္ရဲထြတ္အား ေက်ာ္ထင္ေနာ္ရထာ ဟူသည့္ဘြဲ႕ကိုေပးကာ အစ္မေတာ္ သခင္ႀကီးႏွင့္ လက္ဆက္ေပးေလသည္။

(အမွန္လည္း ညီေနာင္အရင္းကဲ့သို႔ ခ်စ္ၾကည္ၾကသည္။ထို႔အတူ ရွင္ရဲထြတ္၏ညီမ ခင္ဘုန္းစိုး ႏွင့္ ရွင္နီတာ၏သမီး ခင္ျမတ္တို႔ကို မိဖုရားအျဖစ္ ေကာက္ယူကာ လက္ဝဲလက္ယာ ျမႇောက္စားေလသည္။

သို႔ေသာ္ ဘိသိက္မခံ၊ နန္းမတက္ဘဲ ေနသကဲ့သို႔ပင္ မည္သူ႕ကိုမွ် မိဖုရားႀကီးအရာ မျမႇောက္ဘဲေနခဲ့သည္မွာ တစ္သက္လုံးပင္ျဖစ္ကာ ၎မွာ တပင္ေ႐ႊထီး၏ ထူးျခားခ်က္ျဖစ္သည္။

၈၉၄ ခု ၊ အသက္ ၁၇ သို႔ အဝင္ နားထြင္းမည္ရွိရာ ” ေ႐ႊေမာ္ေဓာ ဘုရားမွာ နားထြင္းမည္ ” ဟု မိန့္ေတာ္မူသည္။ တပင္ေ႐ႊထီးသည္ ေတာင္ငူေ႐ႊနန္းကို စိုးစံေတာ္မူေနရၿပီျဖစ္ေသာ္လည္း နားထြင္းမဂၤလာေတာ္ကိုကား ျပဳေတာ္မမူရေသးေပ။

ထို႔ေၾကာင့္ နန္းတက္ၿပီး (၂)ႏွစ္အၾကာ သက္ေတာ္ (၁၇)ႏွစ္ အ႐ြယ္ထက္သို႔ ေရာက္ေသာ္မူသည္တြင္ နားထြင္းမဂၤလာေတာ္ကို က်င္းပျပဳလုပ္ရန္ စီစဥ္ေတာ္မူသည္။

 

တပင္ေ႐ႊထီးကား အ႐ြယ္ငယ္စဥ္ကပင္ ရန္သူ႕နယ္ေျမ ဟံသာဝတီတြင္ရွိသည့္ ေ႐ႊေမာ္ေဓာေစတီေတာ္ကို သြားေရာက္ဖူးေျမာ္လိုသည့္ ဆႏၵက ျပင္းျပေနသည္။ ယခုလည္း နားထြင္း မဂၤလာကို ထိုေ႐ႊေမာ္ေဓာေစတီေတာ္၏ ရင္ျပင္ေပၚတြင္ပင္ သြားေရာက္၍ ဆင္ယင္က်င္းပလိုသည့္ အလိုဆႏၵေတာ္ ျဖစ္ေပၚေနမိသည္။

ထိုအခ်ိန္က ဟံသာဝတီကို မြန္ဘုရင္ သုရွင္တကာ႐ြတ္ပိက စိုးစံအုပ္ခ်ဳပ္လ်က္ရွိၿပီး၊ ထိုဟံသာဝတီနယ္ေျမတြင္ တည္ထားသည့္ ေ႐ႊေမာ္ေဓာေစတီေတာ္ကလည္း လြန္စြာပင္ တန္ခိုးႀကီးထင္ရွား၏။ ဆုေတာင္းလွ်င္ ဆုေတာင္းျပည့္သည္ဟုလည္း ဆိုၾက၏။

ထို႔ေၾကာင့္ပင္ မင္းသားမ်ားႀကံစည္မည္ကို စိုးရိမ္ေသာေၾကာင့္ ‘ေ႐ႊေမာ္ေဓာေစတီေတာ္ကို မင္းသားမ်ား တက္၍မဖူးေျမာ္ရ’ ဟုပင္ ဟံသာဝတီဘုရင္မ်ားက တားျမစ္ေတာ္မူထား၏။

ထိုသို႔ တပင္ေ႐ႊထီးအေနျဖင့္ ရန္သူ႕နယ္ေျမသို႔ သြားေရာက္လိုသည့္ အလိုဆႏၵျဖစ္ေပၚေနရျခင္းမွာ ယခင္ဘဝေဟာင္းက မြန္မင္းသား ျဖစ္ခဲ့ဖူးေသာေၾကာင့္ဟုသမိုင္းက်မ္းအခ်ိဳ႕ကဆိုသည္။

တပင္ေ႐ႊထီးသည္ ရန္သူ႕နယ္ေျမ ဟံသာဝတီတြင္ သြားေရာက္နားထြင္းလိုသည့္ မိမိအလိုဆႏၵေတာ္ႏွင့္ပတ္သက္ၿပီး ညီလာခံသဘင္၌ မႉးမတ္ေသနာပတိတို႔ကို မိန့္ေတာ္မူကာ သေဘာဆႏၵကို ေတာင္းခံေတာ္မူသည္။မႉးမတ္အမ်ားက ထိုကိစၥကို သေဘာတူလိုျခင္း မရွိၾက။ ျပဳလုပ္ရန္ မသင့္ဟု ယူဆၾကသည္။

သို႔ေသာ္ ေနာင္ေတာ္ရင္း သဖြယ္ျဖစ္သည့္ ‘ေက်ာ္ထင္ေနာ္ရထာ’ ဘြဲ႕မည္ရ ရွင္ရဲထြတ္ ကမူ “ေ႐ႊနန္းရွင္ အရွင္မင္းျမတ္ .. ဆႏၵေတာ္ရွိသည္မွာ လြန္စြာသင့္ေလ်ာ္ပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ယခုကိစၥသည္ မဂၤလာကိစၥျဖစ္သည့္ အားေလ်ာ္စြာ အေကာင္းဆုံးေအာင္ေျမျဖစ္သည့္ ေနရာကိုသာ ရနိုင္ရန္ ႀကံေဆာင္သင့္ပါ၏။ဟံသာဝတီရွိ ေ႐ႊေမာ္ေဓာေစတီေတာ္မွာ ဆုေတာင္းျပည့္ ဘုရားလည္း အမွန္ျဖစ္ပါသည္။

ရန္သူ၏ နယ္ေျမသို႔ သြားေရာက္ရမည္ ျဖစ္ေသာ္လည္း ဘုန္းသမာၻႏွင့္ ျပည့္စုံေသာ မင္းတို႔အဖို႔၊ေကသရာဇာျခေသၤ့မင္းသည္ ေ႐ႊဂူမွထြက္ေတာ္မူလွ်င္ မည္သည့္သားသတၱဝါမွ် ေမာ္လ်က္ မၾကည့္ဝံ့သကဲ့သို႔ ရွိမည္။ ဤစကားကို ယုံၾကည္ေတာ္ မမူပါက ယခုပင္ ထြက္ေတာ္မူပါ။

ကြၽန္ေတာ္မ်ိဳး ေရွ႕မွေန၍ ရင္ေျမကတုတ္လုပ္လ်က္ အမႈေတာ္ကို ထမ္း႐ြက္ပါမည္” ေလွ်ာက္တင္ေလရာ တပင္ေ႐ႊထီးမွာ ေက်ာ္ထင္ေနာ္ရထာ၏ ေလွ်ာက္တင္ခ်က္ကို ႏွစ္သက္အားရေတာ္မူလွသျဖင့္ လက္သုံးေတာ္ ေက်ာက္စီဓားကို ရဲဆုအျဖစ္ ေက်ာ္ထင္ေနာ္ရထာအား ေပးသနားေတာ္မူသည္။

ထို႔ေနာက္ တပင္ေ႐ႊထီးက“ယခု ရန္သူ႕နယ္ေျမျဖစ္သည့္ ဟံသာဝတီရွိ ေ႐ႊေမာ္ေဓာေစတီေတာ္သို႔ ထြက္ေတာ္မူမည့္အေရးကိစၥတြင္၊မင္းေယာက္်ားအမႈထမ္း ျဖစ္ပါလ်က္ ေယာက္်ားေကာင္း၊ ေယာက္်ားျမတ္တို႔၏ ဂုဏ္ရည္မပီ၊ ေၾကာက္ေသြးပါသူမ်ားကို ငါကား အလိုမရွိ၊

ျခေသ့ကၤဲ့သို႔ စြမ္းအားရွိလ်က္၊ က်ားကဲ့သို႔ ရဲရင့္သည့္ မေၾကာက္မ႐ြံ႕၊ ေနာက္မတြန့္သည့္ သူရသတၱိႏွင့္ ျပည့္စုံေသာ ေကတုမတီသား သူရဲေကာင္း၊ ေယာက္်ားျမတ္တို႔ကိုသာ ငါ အလိုရွိသည္။

ထို႔ေၾကာင့္ ေနာင္ေတာ္ေက်ာ္ထင္ေနာ္ရထာက ရန္သူ႕နယ္ေျမကို ငါႏွင့္အတူလိုက္ပါမည့္ သူရဲေကာင္းမ်ားကို ေသခ်ာစိစစ္ ေ႐ြးခ်ယ္မႈျပဳေစ” ဟု အမိန့္ေတာ္ ခ်မွတ္သည္။

ေက်ာ္ထင္ေနာ္ရထာကလည္း“ရန္သူ႕နယ္ေျမသို႔ခ်ီရန္ အေရးကိစၥတြင္ စစ္သည္ဗိုလ္ပါမ်ားစြာ မလိုပါ။ သူရဲေကာင္း ငါးရာသာ လိုပါသည္” ဟု ျပန္ေလ်ာက္တင္ေလရာ တပင္ေ႐ႊထီးက ယင္းသူရဲေကာင္း ငါးရာကို ေ႐ြးခ်ယ္ေရးအတြက္ ေက်ာ္ထင္ေနာ္ရထာကို တာဝန္ေပးေတာ္မူသည္။

ထို႔ေနာက္ ေက်ာ္ထင္ေနာ္ရထာမွ“ဘဝရွင္မင္းတရားသည္ ဟံသာဝတီရွိ ေ႐ႊေမာ္ေဓာေစတီေတာ္သို႔ နားထြင္းမဂၤလာသဘင္ ဆင္ယင္က်င္းပေတာ္မူရန္ မၾကာမီ ထြက္ေတာ္မူလိမ့္မည္။

ထို႔ေနာက္ ေက်ာ္ထင္ေနာ္ရထာမွ“ဘဝရွင္မင္းတရားသည္ ဟံသာဝတီရွိ ေ႐ႊေမာ္ေဓာေစတီေတာ္သို႔ နားထြင္းမဂၤလာသဘင္ ဆင္ယင္က်င္းပေတာ္မူရန္ မၾကာမီ ထြက္ေတာ္မူလိမ့္မည္။

“အမႈေတာ္ထမ္း၍ ေနာက္ေတာ္က လိုက္ပါလိုသူမ်ား ေ႐ႊနန္းေတာ္သို႔ လာေရာက္လွ်င္ သူရဲေကာင္းအျဖစ္ အေ႐ြးခံၾကေစ။ သူရဲေကာင္း ငါးရာကို ေ႐ြးေတာ္မူလိမ့္မည္” ဟု ေကတုမတီ ေနျပည္ေတာ္အႏွံ႕ ေမာင္းေၾကး နင္းခတ္၍ ေၾကညာေစသည္။

သူရဲေကာင္း ေ႐ြးခ်ယ္ပြဲ ျပဳလုပ္မည့္ေနာက္တစ္ေန႕တြင္မူ ေကတုမတီေနျပည္ေတာ္အႏွံ႕မွ သူရဲေကာင္းေ႐ြးခ်ယ္ရန္အတြက္ လာေရာက္ၾကသူမ်ားမွာ၊နန္းေတာ္ရင္ျပင္တစ္ခုလုံးတိုးမေပါက္ေအာင္ဆိုရမည္သို႔ မ်ားျပားလွသည္ကို ေ႐ႊနန္းရွင္ ဘုရင္တပင္ေ႐ႊထီးမွာ ႏွစ္သက္ဝမ္းေျမာက္ေတာ္မူစြာ ေတြ႕ျမင္ေတာ္မူလိုက္ရသည္။

ေက်ာ္ထင္ေနာ္ရထာက သူရဲေကာင္းအေ႐ြးခံရန္ လာေရာက္ၾကသူမ်ားကို . “ယခု ကြၽန္ုပ္တို႔ ဟံသာဝတီသို႔ ခ်ီတက္ေတာ္မူမည့္အေရးမွာ သာမန္မဟုတ္၊ ရန္သူ႕နယ္ေျမသို႔ မေၾကာက္မ႐ြံ႕၊ ေနာက္မတြန့္ဘဲ ဝင္ေရာက္ရမည့္အေရးျဖစ္၍ သာမန္မွ် သတၱိစြမ္းရည္ရွိသူမ်ားကိုကား ေ႐ြးခ်ယ္လိမ့္မည္မဟုတ္။

မ တစ္ေထာင္ တစ္ေကာင္ဖြားဆိုရမည္သို႔ လြန္စြာသတၱိေကာင္းလွသူ ထူးထူးခြၽန္ခြၽန္ အာဇာနည္ရဲစိတ္ရဲမာန္ထက္သန္ေသာ အာဂေယာက္်ား သူရဲေကာင္းမ်ားကိုသာ ေ႐ြးခ်ယ္ရလိမ့္မည္။

စြမ္းရည္သတၱိ အထူးအခြၽန္ တကယ္ပင္ ရွိ မရွိ၊ ယခုပင္ စမ္းသပ္ေတာ္မူေစမည္။ သို႔ျဖစ္၍ အစမ္းသပ္အစစ္ေဆးခံရန္ မဝံ့သူမ်ား ဤေနရာမွ ယခုပင္ထြက္ၾကရမည္” ဟု ဆိုလိုက္ရာ ေရာက္လာၾကသူ ေကတုမတီသားတို႔က လက္႐ုံးကို အထက္သို႔ ျမႇောက္လိုက္ၾကကာ “စမ္းသပ္ေတာ္မူပါ၊ စမ္းသပ္ေတာ္မူပါ” ဟု တညီတည္းေျပာဆိုလိုက္ၾကေလေတာ့သည္။

ထို႔ေနာက္ သူရဲေကာင္း ေ႐ြးခ်ယ္ပြဲ စတင္ရာ ဦးစြာပထမေက်ာ္ထင္ေနာ္ရထာက အစမ္းသပ္ခံရန္ သူရဲေကာင္းစမ္းသပ္ရာ ေနရာသို႔ သြားေရာက္လိုက္သည္။ ခုံတစ္ခုံေပၚတြင္ ညာဘက္လက္မကို ေထာင္၍ခံလိုက္သည္။

 

စမ္းသပ္သူတို႔က ေက်ာ္ထင္ေနာ္ရထာ၏ လက္မထိပ္တြင္ အပ္ကိုစိုက္၍ တူျဖင့္ တစ္ခ်က္တည္းထုျမႇပ္လိုက္သည္။ လက္မတြင္းသို႔ အပ္တစ္ဆုံးဝင္သြားသည္။ သို႔ေသာ္ ေက်ာ္ထင္ေနာ္ရထာ မည္သို႔မွ် ေသြးတြန့္တုန္လႈပ္ျခင္းမရွိ။

ေတာင္ငူေ႐ႊနန္းရွင္ ဘုရင္တပင္ေ႐ႊထီးမွာ ေနာင္ေတာ္ေက်ာ္ထင္ေနာ္ရထာ၏ အာဇာနည္သူရဲေကာင္းသတၱိကို မ်က္ဝါးထင္ထင္ျမင္ေတာ္မူလိုက္ရသျဖင့္ အလြန္အားရေတာ္မူသြားသည္။

ဤသို႔စမ္းသပ္ရာတြင္ ေအာင္ျမင္သူတို႔ရွိသကဲ့သို႔ မေအာင္ျမင္၍ နန္းရင္ျပင္မွ ထြက္သြားရသူမ်ားလည္း အမ်ားအျပားရွိေန၏။
မေအာင္ျမင္သူတို႔ကား တုန္လႈပ္သြားသူမ်ား၊ နာက်င္၍ ညည္းတြားသူမ်ား ျဖစ္၏။

ထိုသူရဲေကာင္း ေ႐ြးခ်ယ္ပြဲတြင္ သတၱိစြမ္းရည္ႏွင့္ ပတ္သက္ၿပီး မွတ္သားၾကရမည့္ အမွတ္ထင္ထင္အျဖစ္အပ်က္ တစ္ခုက ေပၚေပါက္လာခဲ့ရသည္။ ထိုအျဖစ္ပ်က္ကား အျခားမဟုတ္၊ သူရဲေကာင္းအျဖစ္ စမ္းသပ္ခံမည့္ တပင္ေ႐ႊထီး၏ ငယ္ကြၽန္ရင္းျဖစ္သည့္ ဗလရဲထင္၏အလွည့္တြင္ဟု ဆိုရမည္။

ဗလရဲထင္မွာ တပင္ေ႐ႊထီး အ႐ြယ္ေတာ္ငယ္စဥ္အခ်ိန္ကပင္ တပင္ေ႐ႊထီးေနာက္မွ ဓားထမ္းခြင့္ရသူျဖစ္ၿပီး၊ တပင္ေ႐ႊထီးက ဗလရဲထင္ကို သူရသတၱိရွိသူဟု မွတ္ထင္ေတာ္မူသျဖင့္ ဗလရဲထင္ဘြဲ႕မည္ ေပးသနားေတာ္မူျခင္းကို ခံရသူျဖစ္၏။

ဗလရဲထင္က ေရွ႕ကစမ္းသပ္ခံခဲ့သူမ်ားအတိုင္း စမ္းသပ္ခံရမည့္ေနရာသို႔ ေရာက္ရွိသြားၿပီး ညာလက္မကို အပ္စိုက္ခံလိုက္သည္။
စမ္းသပ္သူတို႔က လက္မတြင္းသို႔ အပ္ကို တူျဖင့္ရိုက္သြင္းလိုက္ေသာအခါ တြန့္၍သြားသည္။

ငယ္ကြၽန္ရင္း ဗလရဲထင္၏ ေသြးတြန့္ေသာအမူအရာကို တပင္ေ႐ႊထီး ျမင္ေတာ္မူေသာအခါ “နာမည္က ဗလရဲထင္ဆိုၿပီး ေသြးတြန့္ရသလား” ဟု မိန့္ေတာ္မူသည္။ ေက်ာ္ထင္ေနာ္ရထာကလည္း ဗလရဲထင္ကို နန္းရင္ျပင္သို႔ထြက္ရန္ဆိုလိုက္သျဖင့္ လူပုံလယ္တြင္ ဗလရဲထင္မွာ ရွက္သြားရသည္။

ထို႔ေနာက္ မိမိ၏အရွင္သခင္ တပင္ေ႐ႊထီးကို ဦးခိုက္လိုက္ၿပီး “ဘုရားကြၽန္ေတာ္မ်ိဳးကို သတၱိေသြးမဲ့သူဟု ထင္ၾကမွာ လြန္စြာပင္ ရွက္မိရပါသည္။ တကယ္တန္း၌ ကြၽန္ေတာ္မ်ိဳးမွာ ေၾကာက္ေသြးရွိသူ မဟုတ္ပါ။

 

ယခုပညာစမ္းပြဲတြင္ ေအာင္ျမင္ျခင္းမရသည့္အတြက္ အလြန္ပင္ ဝမ္းနည္းရပါသည္။ သို႔ေသာ္ ကြၽန္ေတာ္မ်ိဳး သတၱိကို ေ႐ႊနန္းရွင္ဘုရားႏွင့္ လူအမ်ားသိေအာင္ ျပလိုပါသည္ ဘုရား”
ဟု ေလွ်ာက္တင္လိုက္ကာ ခါးတြင္ ထိုးထားေသာ ဓားျမႇောင္ကို ႐ုတ္တရက္ဆြဲႏႈတ္ကာ မိမိဝမ္းဗိုက္ကို ထိုးေဖာက္လိုက္သည္။

ဝမ္းဗိုက္အတြင္းမွ ထြက္လာေသာ အူကို ဆြဲယူၿပီး အနီးရွိ ေက်ာ္ထင္ေနာ္ရထာလက္ကို ေပးလိုက္သည္။ ေက်ာ္ထင္ေနာ္ရထာက ဗလရဲထင္၏ အူကို ကိုင္ထားစဥ္ ဗလရဲထင္က အူဆုံးသည့္တိုင္ ေျပးသည္။ အူဆုံးသည္ႏွင့္ တၿပိဳင္နက္ ဗုန္းခနဲလဲက်၍ ေနရာတြင္ပင္ ဗလရဲထင္ ေသပြဲဝင္ရသည္။

 

ျမင္ရသူတို႔က ဗလရဲထင္၏ ျဖစ္ပုံကို ၾကည့္ၿပီး တအံ့တၾသျဖစ္ကုန္ၾကရသည္။မိမိ၏ ငယ္ကြၽန္ရင္း ျဖစ္သူ ဗလရဲထင္ေသဆုံးသည္တြင္ တပင္ေ႐ႊထီးက ၿပဳံးေတာ္မူလိုက္ၿပီးလွ်င္“ငါ၏ ကြၽန္ေတာ္ရင္း ဗလရဲထင္သည္ မိုက္ကားမိုက္၏၊ သို႔ေသာ္ သတၱိကား ရွိသူမဟုတ္” ဟု မိန့္ေတာ္မူသည္။

ဆိုလိုရင္းမွာ မိုက္ျခင္းသည္ အဆင္ျခင္မဲ့ ဆင္ကန္းေတာတိုးမွ်သာ ျဖစ္၏။ သတၱိရွိျခင္းႏွင့္ကား တျခားစီဟူ၍ျဖစ္၏။

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *