ကျန်စစ်သား နှင့် မြင်းမထိတောင်သမိုင်း ရာဇဝင်

ကျန်စစ်သား နှင့် မြင်းမထိတောင်သမိုင်း ရာဇဝင်

 

 

 

အောင်ပန်းမြို့နှင့် ၂မိုင်အကွာ ၊ ကလောမြို့နှင့် ၄မိုင်အကွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှိခဲ့သော သဘာဝလှိုဏ်ဂူကြီး တစ်ခုရှိပါတယ်။

လှိုဏ်ဂူရဲ့ ရှေးဟောင်းအမည်ကတော့ မြင်းမထိဂူ ဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီးက ဥဏ္ဏလုံမွေရှင်တော် ဘုရားစေ တီတည်ထားခဲ့သဖြင့် ဥဏ္ဏ လုံမွေတော် လှိုဏ်ဂူဘုရားလို့လည်းခေါ်ကြပါတယ်။

လှိုဏ်ဂူအတွင်းရှိလမ်းမှာ ၁၀၈၂ပေ ရှည်လျားပြီး အ တွင်း ဘက်တွင် ဉာဏ်တော် ၉ ပေခန့်မြင့်တဲ့ အာသောကမင်းကြီးတည်ခဲ့တဲ့ ဥဏ္ဏလုံမွေရှင်တော် ဘုရားကို တည်ထားပါတယ်။ မြင်းမထိဂူ ရဲ့ မျက် နှာချင်းဆိုင်မှာတော့ ၁၀၇၅ပေ အမြင့်ရှိတဲ့ မြင်းမထိတောင် ရှိပါတယ်။

မြင်းမထိတောင်လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်းက ဒီလိုပါ – ဒီတောင်ရဲ့ တောင်ဘက်နားက ရွာကြီးတစ်ရွာမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ချိုင့်ကြီးထဲက တက်လာတယ်ဆိုတဲ့ မြင်းကြီးလေး ကောင်က စားသောက်ပြစ်ကြပါတယ်။

ကြီးမားသန်စွမ်းတဲ့ မြင်းတွေဖြစ်ပြီး ရွာသွားတွေက ခြောက်လှန့်မောင်းထုတ်ပေမယ့် မရတဲ့အဆုံးမှာ အနော်ရထာမင်းကြီးဆီကို အကူအညီတောင်းကြပါတယ်။ အနော်ရထာမင်းကြီးကလည်း သူ့ရဲ့ သူရဲကောင်းလေးဦးဖြစ်တဲ့ ကျန်စစ်သား ၊ ညောင်ဦးဖီး ၊ ငလုံးလက်ဖက် ၊ ငထွေးရူး တို့ကို မြင်းတွေကို အဖမ်းခိုင်းလိုက်ပါတယ်။

 

သူရဲကောင်းလေးယောက်ဟာ မြင်းလေးကောင် ထွက် လာတဲ့ချောက်ကြီးနားက စောင့်ပြီး မြင်းလေးကောင်ကို ဝန်းရံခြောက်လှန့်ပြီး အနီးရှိကန်ထဲကိုမောင်းချပါတယ်။ မြင်းတွေရေကန်ထဲကူးတော့မှ သူရဲကောင်းလေးဦးဟာ စီးရလွယ်ကူသွားတဲ့ မြင်းအသီးသီးကို ခွစီးကာ ရေထဲကနေ ကုန်းပေါ်ကို ဒုန်းစိုင်းမောင်းတက်ခဲ့ပါတယ်။

ကျန်စစ်သားဟာ သူစီးတဲ့မြင်းကို အနီးရှိတောင်ပေါ်ကို အပြေးအလွှားတက်စေတဲ့အခါ မြင်းကလည်း အမြန်ဆုံးပြေးပါတယ်။ ပြေးတာမြန်လွန်းတဲ့အ တွက် မြင်းခြေထောက်တွေဟာ မြေနဲ့မထိတော့သယောင် ထင်မှတ်ရပါတယ်။ ဒီလို မြေနဲ့ မထိဘူးလို့ထင်ရတာကြောင့် မြင်းမထိတောင်လို့ ယနေ့တိုင်ခေါ်နေကြဆဲပါ။

(ရာဇဝင်တွေထဲမှာတော့ ဒီမြင်းတွေကို နတ်မြင်းလို့ ဆိုပါတယ်)မြင်းလေးကောင် တက်လာတဲ့ မြေတွင်း ချိုင်က ရွာကို မြင်းတွင်းရွာ ၊ မြင်းမထိတောင်အနီးကရွာကို မြင်းမထိရွာ ၊ ဂူကို မြင်းမထိဂူ ၊ မြင်းတွေကို လှန်ပြီးအစာစားစေတဲ့ ချိုင့်ကို မြင်းလှန်တွင်း ၊ မြင်းတွေပျော်ပြီးကခဲ့တဲ့နေရာကို မြင်းကရွာ ၊ မြင်းလေးကောင်းဒုန်းစိုင်းစီးခဲ့တဲ့ကုန်းကို မြင်းစိုင်းကုန်း စသဖြင့် ခေါ်ခဲ့ကြပါတယ်။

ဖမ်းလို့ရလာတဲ့ မြင်းလေးကောင်ကို အနော်ရထာမင်းဆီ ဆက်သတဲ့အခါ အနော်ရထာမင်းက သူရဲကောင်းလေးယောက်ကို ဒီမြင်းတွေ အသီးသီးပေးလိုက်ပြီး မြင်းတွေကို သူ့ဆီမှာ အမှုထမ်းစေပါတယ်။

ကျန်စစ်သားရဲမြင်းက နှလုံးခွန်ကောင်း ၊ ငထွေရူးရဲ့မြင်းက နှ လုံးလှလျင်တိုင်း ၊ ငလုံးလက်ဖက်စီးတဲ့မြင်းက လေမိုးယဉ်ခေါင် ၊ ညောင်ဦးဖီးစီးတဲ့မြင်းက နှလုံးအတုမရှိ စတဲ့ ခပ်ဆန်းဆန်းနာမည်တွေနဲ့ပါ။

 

မြင်းမထိတောင်ဟာ သမိုင်းဝင်တောင်တစ်တောင်ဖြစ်ပြီး ယခုအခါ တောင်တက်သမားများ မကြာခဏ စိတ်ဝင်တစား တက်လေ့ရှိသောတောင် တစ်တောင်လည်း ဖြစ်ပါတယ်။

 

Credit

 

Zawgyi

 

က်န္စစ္သား ႏွင့္ ျမင္းမထိေတာင္သမိုင္း ရာဇဝင္

 

 

ေအာင္ပန္းၿမိဳ႕ႏွင့္ ၂မိုင္အကြာ ၊ ကေလာၿမိဳ႕ႏွင့္ ၄မိုင္အကြာတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀၀ေက်ာ္ကတည္းက ရွိခဲ့ေသာ သဘာဝလွိုဏ္ဂူႀကီး တစ္ခုရွိပါတယ္။

လွိုဏ္ဂူရဲ႕ ေရွးေဟာင္းအမည္ကေတာ့ ျမင္းမထိဂူ ျဖစ္ၿပီး သီရိဓမၼာေသာကမင္းႀကီးက ဥဏၰလုံေမြရွင္ေတာ္ ဘုရားေစ တီတည္ထားခဲ့သျဖင့္ ဥဏၰ လုံေမြေတာ္ လွိုဏ္ဂူဘုရားလို႔လည္းေခၚၾကပါတယ္။

လွိုဏ္ဂူအတြင္းရွိလမ္းမွာ ၁၀၈၂ေပ ရွည္လ်ားၿပီး အ တြင္း ဘက္တြင္ ဉာဏ္ေတာ္ ၉ ေပခန႔္ျမင့္တဲ့ အာေသာကမင္းႀကီးတည္ခဲ့တဲ့ ဥဏၰလုံေမြရွင္ေတာ္ ဘုရားကို တည္ထားပါတယ္။ ျမင္းမထိဂူ ရဲ႕ မ်က္ ႏွာခ်င္းဆိုင္မွာေတာ့ ၁၀၇၅ေပ အျမင့္ရွိတဲ့ ျမင္းမထိေတာင္ ရွိပါတယ္။

ျမင္းမထိေတာင္လို႔ ျဖစ္လာရတဲ့ ဒ႑ာရီလာ သမိုင္းက ဒီလိုပါ – ဒီေတာင္ရဲ႕ ေတာင္ဘက္နားက ႐ြာႀကီးတစ္႐ြာမွာ စိုက္ပ်ိဳးထားတဲ့ ေကာက္ပဲသီးႏွံေတြကို ခ်ိဳင့္ႀကီးထဲက တက္လာတယ္ဆိုတဲ့ ျမင္းႀကီးေလး ေကာင္က စားေသာက္ျပစ္ၾကပါတယ္။

ႀကီးမားသန္စြမ္းတဲ့ ျမင္းေတြျဖစ္ၿပီး ႐ြာသြားေတြက ေျခာက္လွန႔္ေမာင္းထုတ္ေပမယ့္ မရတဲ့အဆုံးမွာ အေနာ္ရထာမင္းႀကီးဆီကို အကူအညီေတာင္းၾကပါတယ္။ အေနာ္ရထာမင္းႀကီးကလည္း သူ႕ရဲ႕ သူရဲေကာင္းေလးဦးျဖစ္တဲ့ က်န္စစ္သား ၊ ေညာင္ဦးဖီး ၊ ငလုံးလက္ဖက္ ၊ ငေထြး႐ူး တို႔ကို ျမင္းေတြကို အဖမ္းခိုင္းလိုက္ပါတယ္။

 

သူရဲေကာင္းေလးေယာက္ဟာ ျမင္းေလးေကာင္ ထြက္ လာတဲ့ေခ်ာက္ႀကီးနားက ေစာင့္ၿပီး ျမင္းေလးေကာင္ကို ဝန္းရံေျခာက္လွန႔္ၿပီး အနီးရွိကန္ထဲကိုေမာင္းခ်ပါတယ္။ ျမင္းေတြေရကန္ထဲကူးေတာ့မွ သူရဲေကာင္းေလးဦးဟာ စီးရလြယ္ကူသြားတဲ့ ျမင္းအသီးသီးကို ခြစီးကာ ေရထဲကေန ကုန္းေပၚကို ဒုန္းစိုင္းေမာင္းတက္ခဲ့ပါတယ္။

က်န္စစ္သားဟာ သူစီးတဲ့ျမင္းကို အနီးရွိေတာင္ေပၚကို အေျပးအလႊားတက္ေစတဲ့အခါ ျမင္းကလည္း အျမန္ဆုံးေျပးပါတယ္။ ေျပးတာျမန္လြန္းတဲ့အ တြက္ ျမင္းေျခေထာက္ေတြဟာ ေျမနဲ႕မထိေတာ့သေယာင္ ထင္မွတ္ရပါတယ္။ ဒီလို ေျမနဲ႕ မထိဘူးလို႔ထင္ရတာေၾကာင့္ ျမင္းမထိေတာင္လို႔ ယေန႕တိုင္ေခၚေနၾကဆဲပါ။

(ရာဇဝင္ေတြထဲမွာေတာ့ ဒီျမင္းေတြကို နတ္ျမင္းလို႔ ဆိုပါတယ္)ျမင္းေလးေကာင္ တက္လာတဲ့ ေျမတြင္း ခ်ိဳင္က ႐ြာကို ျမင္းတြင္း႐ြာ ၊ ျမင္းမထိေတာင္အနီးက႐ြာကို ျမင္းမထိ႐ြာ ၊ ဂူကို ျမင္းမထိဂူ ၊ ျမင္းေတြကို လွန္ၿပီးအစာစားေစတဲ့ ခ်ိဳင့္ကို ျမင္းလွန္တြင္း ၊ ျမင္းေတြေပ်ာ္ၿပီးကခဲ့တဲ့ေနရာကို ျမင္းက႐ြာ ၊ ျမင္းေလးေကာင္းဒုန္းစိုင္းစီးခဲ့တဲ့ကုန္းကို ျမင္းစိုင္းကုန္း စသျဖင့္ ေခၚခဲ့ၾကပါတယ္။

ဖမ္းလို႔ရလာတဲ့ ျမင္းေလးေကာင္ကို အေနာ္ရထာမင္းဆီ ဆက္သတဲ့အခါ အေနာ္ရထာမင္းက သူရဲေကာင္းေလးေယာက္ကို ဒီျမင္းေတြ အသီးသီးေပးလိုက္ၿပီး ျမင္းေတြကို သူ႕ဆီမွာ အမႈထမ္းေစပါတယ္။

က်န္စစ္သားရဲျမင္းက ႏွလုံးခြန္ေကာင္း ၊ ငေထြ႐ူးရဲ႕ျမင္းက ႏွ လုံးလွလ်င္တိုင္း ၊ ငလုံးလက္ဖက္စီးတဲ့ျမင္းက ေလမိုးယဥ္ေခါင္ ၊ ေညာင္ဦးဖီးစီးတဲ့ျမင္းက ႏွလုံးအတုမရွိ စတဲ့ ခပ္ဆန္းဆန္းနာမည္ေတြနဲ႕ပါ။

 

ျမင္းမထိေတာင္ဟာ သမိုင္းဝင္ေတာင္တစ္ေတာင္ျဖစ္ၿပီး ယခုအခါ ေတာင္တက္သမားမ်ား မၾကာခဏ စိတ္ဝင္တစား တက္ေလ့ရွိေသာေတာင္ တစ္ေတာင္လည္း ျဖစ္ပါတယ္။

 

Credit

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *