မင်းကုသနှင့်ပဘာဝတီ တို့ ဖူးစာဆုံရသည့်အကြောင်းအရင်း

မင်းကုသနှင့်ပဘာဝတီ တို့ ဖူးစာဆုံရသည့်အကြောင်းအရင်း

 

 

ဟိုးရှေးရှေးတုန်းက မလ္လတိုင်း ကုသဝတီနေပြည်တော်မှာ သြက္ကာကရာဇ်မင်းကြီး နန်းစံပြီး မိဖုရားကြီး သီလဝတီနှင့် မောင်းမပေါင်းတစ်သောင်းခြောက်ထောင်ရှိသော်လည်း နန်းအရိုက်အရာဆက်ခံဖို့ သားသမီးတစ်ယောက်မှ မထွန်းကားချေ။

တိုင်းသူပြည်သားတွေကလည်း ဘုရင်ကြီးမှာ မျိုးဆက်သစ်မရှိလျှင် တိုင်းပြည်ပျက်တော့မည်ကို အစိုးရိမ်ကြီး စိုးရိမ်နေခဲ့ကြသည်။ ထိုသို့ စိုးရိမ်နေသူများထဲတွင် သီလဝတီမိဖုရားကြီးမှာ ထိပ်ဆုံးကဖြစ်ပြီး သူမတာဝန်မကျေပွန်၍ တိုင်းပြည်ဆက်လက်မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောင့်ကြလျက် စိတ်ညှိုနွမ်းနေခဲ့သည်။

သီလနှင့်ပြည့်စုံသော မိဖုရားကြီးစိတ်ညှိုးနွမ်းနေတဲ့အဖြစ်ကို မကြည့်လိုသော သိကြားမင်းမှာ လူ့ပြည်သို့ဆင်းသက်ပြီး မိဖုရားကြီးအိပ်စက်နေချိန် မိဖုရားကြီး၏ချက်ကို ညွှန်လိုက်ရာ ဘုရားလောင်းနတ်သားသည် ယင်းခဏတွင်ပင် ပဋိသန္ဓေတည်လေသည်။ ဆယ်လလွန်ပြီးချိန်မှာ ရုပ်ဆိုးပေမယ့် ပညာဉာဏ်ရည်ပြည့်ဝသော ကုသမင်းသားလေးကို ဖွားမြင်သည်။

ကုသမင်းသားလေးသည် ဆရာများထံမှ နည်းနာခံ ပညာသင်ယူစရာမလိုဘဲ ဘက်စုံပညာရပ်များတွင် ပါရဂူမြောက်အောင် တတ်ကျွမ်းလေသည်။ သြက္ကာကရာဇ်မင်းကြီးသည် ကုသမင်းသားလေးအရွယ်ရောက်လာချိန်မှာ သင့်တော်ရာမင်းသမီးတစ်ပါးကို ကြင်ဖက်လျာအဖြစ်ရွေးချယ်ပြီး ထီးနန်းကိုလွှဲပေးလိုသည်။

ကုသမင်းသားမှာမူ အိမ်ထောင်မပြုလို၍ ငြင်းဆန်လေသည်။ လေးကြိမ်မြောက်ငြင်းဆန်ပြီးသောအခါမှ မိဘဆန္ဒနှင့် ဆန့်ကျင်ဘက်ပြုရန် မသင့်ကြောင်းတွေးမိသဖြင့် ကိုယ်တိုင်ထုလုပ်ထားသော ရွှေသားယမင်းရုပ်တုပေးပြီးလျှင် ထိုရုပ်တုနှင့်တူသော မင်းသမီးကိုရလျှင် ကြင်ယာအဖြစ်ပေါင်းသင်းမည်ဟု မယ်တော်အား စကားအမှာပါးလိုက်၏။

မယ်တော် သီလဝတီမိဖုရားကြီးလည်း ရွှေယမင်းရုပ်တုနှင့်တူသော မင်းသမီးကိုရှာဖွေရန် မှူးမတ်များကို တာဝန်ပေးအပ်လေသည်။

မှူးမတ်များသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုလှည့်လည်ကြရာ နောက်ဆုံးမှာ မဒ္ဒရာဇ်တိုင်းပြည်ရှိ မဒ္ဒရာဇ်မင်းကြီး၏သမီးတော်ရှစ်ပါးထဲမှ ရွှေယမင်းရုပ်တုအတိုင်း ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး အလွန်လှပသော အကြီးဆုံးသမီးတော် ပဘာဝတီမင်းသမီးကိုသွားတွေ့သည်။

မှူးမတ်များမှာအသနားခံပြီး ကုသမင်းသားလေးနဲ့လက်ဆက်ရန်တောင်းခံသောအခါ ခမည်းတော်မဒ္ဒရာဇ်မင်းကြီးမှာ ကြည်ဖြူသဖြင့် မင်္ဂလာနေ့ရက်ကို ချိန်းဆိုသတ်မှတ်ပြီးလျှင် ရွှေယမင်းရုပ်တုကိုပေးပြီး ကုသဝတီနေပြည်တော်ကို ပြန်လာခဲ့ကြသည်။

မှူးမတ်များထံမှ ရွှေယမင်းရုပ်တုနှင့်တူသော ပဘာဝတီမင်းသမီးကိုရှာဖွေတွေ့ရှိကြောင်း သတင်းကြားရသော် သီလဝတီမိဖုရားမှာ အတိုင်းမသိပျော်ရွှင်ရလေသည်။ ထိုသို့ပျော်ရွှင်နေရသော်ငြားလည်း ပူပန်စရာတစ်ခုရှိနေရသောအကြောင်းရင်းတစ်ခုမှာ အကျည်းတန်ရုပ်ဆိုးသော ကုသမင်းမျက်နှာကိုမြင်လျှင် ပဘာဝတီမင်းသမီး မင်္ဂလာကိစ္စကိုငြင်းဆန်မှာကိုပင်။

ထို့ကြောင့် ရင်သွေးလေးရလာမှ ကလေးသံယောဇဉ်ကြောင့် ရုပ်ဆိုးသော ကုသမင်းသားကို ပစ်မသွားနိုင်ဟု တွေးတောပြီးလျှင် မလ္လတိုင်း၏ထုံးတမ်းစဉ်လာဟုဆိုကာ ကုသမင်းသားလေးနှင့် မင်းသမီးကို “ နေ့အတူမစံရ၊ ညအခါကျမှ အတူစံကြ .. ” ဟု စည်းကမ်းသတ်မှတ်လိုက်ကာ အောင်မြင်စွာ မင်္ဂလာဘိသိက်သွန်းပေးနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကုသမင်းသားမှာ မလ္လတိုင်း၏ ထီးပိုင်မင်းဖြစ်လာခဲ့သည်။ မယ်တော်ချမှတ်ထားတဲ့စည်းကမ်းအတိုင်း ကုသမင်းကြီးမှာ ညအချိန်တွင်သာ ပဘာဝတီအလှတရားကို ရှုစားနိုင်ခဲ့သည်။ တွေ့ဆုံချိန်ကြလျှင်လည်း ကုသမင်း၏ဘုန်းကံကြောင့် ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပသော ပဘာဝတီမိဖုရား၏ အရောင်အဝါတို့မှာ မှေးမှိန်သွားသည်။

 

သို့နှင့် ကုသနှင့်ပဘာဝတီတို့မှာ သီလဝတီမိဖုရားချမှတ်ထားသော အစီအစဉ်အတိုင်း နေထိုင်လာခဲ့ကြသည်။ ပဘာဝတီ၏စွဲမက်စရာ အလှအပကို နေ့တွင်လည်း မြင်ဖူးချင်သော ကုသမင်းမှာ ထိုစည်းကမ်းကို စဖောက်တော့သည်။

သီလဝတီမိဖုရားမှာလည်း သားတော်၏အလိုကို လိုက်ရှာသည်။ ပဘာဝတီကို ဆင်မင်္ဂလာပွဲကိုခေါ်လာပြီး သားတော်ကို ဆင်ထိန်းယောင်ဆောင်စေ၍ ကြည့်စေသည်။ ဒုတိယအကြိမ်အဖြစ် မြင်းမင်္ဂလာပွဲတွင် ကုသမင်းကို မြင်းထိန်းအသွင်ဆောင်စေပြန်ကာ ပဘာဝတီအလှကို ရှုစားစေပြန်သည်။

ကုသမင်းမှာ မတင်းတိမ်နိုင်ဘဲ ထပ်မံပူဆာပြန်သဖြင့် မယ်တော်သည် ပဘာဝတီ ရေချိုးဆင်းလေ့ရှိသော မင်္ဂလာရေကန်ရှိရာ ဥယျာဉ်ထဲမှာ စောင့်ကြည့်စေလေသည်။ ရောင့်ရဲမှုမရှိသော ကုသမင်းမှာမူ မင်္ဂလာရေကန်ထဲဆင်းပြီးလျှင် ပဒုမ္မာကြာဖက်ဖြင့် ဦးခေါင်းကိုဖုံးလျက် ကြာပွင့်ဖြင့် မျက်နှာကိုကွယ်ကာ စောင့်နေလိုက်သည်။

 

များမကြာမီတွင် ရေချိုးဆင်းလာသော ပဘာဝတီမှာ ရေချိုးရင်း လှပသော ပဒုမ္မာကြာပွင့်ကြီးကိုမြင်မြင်ချင်း ခူးဆွတ်မည်ပြုသောအခါ ကုသမင်းမှာ ကြာဖက်ကိုဖယ်လိုက်ပြီး ပဘာဝတီလက်ကို ဖမ်းဆွဲလျက် ‘‘ ငါ ကုသမင်းပါ .. ’’ ဟု ဆိုလိုက်သည်။

ပဘာဝတီမိဖုရားမှာ ‘‘ ငါ့ကို ဘီလူးဖမ်းပြီ .. ’’ ဟု မြည်ကြွေးလျက် မေ့လဲကျသွားလေတော့သည်။ သတိပြန်လည်လာ၍ မိမိ၏လက်ကိုဆွဲကိုင်သူမှာ ကုသမင်းဖြစ်မှန်းသိသောအခါ ရုပ်ဆိုးသူနှင့် မပေါင်းဖက်လိုသဖြင့် ပဘာဝတီတစ်ယောက် မိဘနှစ်ပါးရှိရာ သာဂလမြို့တော်ဆီကို ပြန်သွားလေသည်။
.,

ပဘာဝတီပြန်သွားလျှင် ကုသမင်းမှာ သောကပင်လယ်ဝေပြီး ချစ်ဇနီးရှိရာ ယူဇနာပေါင်းများစွာဝေးကွာသော သာဂလမြို့ကို ခြေလျင်လျှောက်လျက် လိုက်လာခဲ့သည်။ သာဂလမြို့တော်ကိုရောက်လျှင် ကုသမင်းမှာ ဆင်ထိန်းများထံတွင်တည်းခိုသည်။

တစ်ညမှာ ဆင်တင်းကုပ်၌အိပ်ရင်း တစ်ရေးနိုးချိန်တွင် စောင်းတော်တီး၍ ပဘာဝတီအမျက်ပြေစေရန် ကြိုးစားလေသည်။ ထိုအသံကို ပဘာဝတီကြားသော် ကုသလိုက်လာမှန်းသိသည့်အခါ မင်းနေပြည်တော်တွင် ညအချိန်၌ စောင်းမတီးရ အမိန့်ချမှတ်လိုက်သည်။

ကုသမင်းသည် ဆင်ထိန်းများထံတွင်ဆက်နေလျှင် ပဘာဝတီအားတွေ့နိုင်မည့် အရိပ်အယောင်မတွေ့ရသဖြင့် အိုးထိန်းသည်၊ ကျူထရံသည်၊ ပန်းကုံးသည်အဖြစ် အဆင့်ဆင့်ဟန်ဆောင်နေထိုင်ရင်း ခုနစ်လအကြာတွင် ပဘာဝတီအထိန်းတော်တစ်ဦးအား လာဘ်ထိုး၍ နန်းတော်ရှိစားဖိုဆောင်တွင် စားတော်ချက်တစ်ဦးအဖြစ် ဟန်ဆောင်ချဉ်းကပ်သည်။

ထိုအကြောင်းသိသော ပဘာဝတီမှာ ခွင့်မလွှတ်သည့်အပြင် ပိုအမျက်ထွက်ကာ မေတ္တာတုံ့ပြန်ခြင်းအလျဉ်းမရှိခဲ့ပေ။ လုံးဝချဉ်းကပ်လို့မရသည့်အဆုံးမှာ ကုသသည် မင်းနေပြည်တော်ကို ပြန်ဖို့ဆုံးဖြတ်လေတော့သည်။

ယင်းအဖြစ်ကိုမြင်သော သိကြားမင်းသည် မဒ္ဒရာဇ်မင်းကြီး ၏တမန်တော်အဖြစ် အသွင်ဆောင်ယူကာ ခုနစ်ပြည်ထောင်သောမင်းများထံသို့သွား၍ ‘‘ ပဘာဝတီမင်းသမီးမှာ ကုသမင်းကိုစွန့်ပစ်ကာ ပြန်လာသည် .. သင်တို့ ပဘာဝတီကို လာယူလှည့် .. ’’ ဟု တစ်ပါးစီ သတင်းပို့သည်။

ခုနစ်ပြည်ထောင်သောမင်းတို့သည်လည်း မဒ္ဒရာဇ်မင်းကြီးထံရောက်လာကြပြီးလျှင် ‘‘ ပဘာဝတီကို ပေးမည်လော .. စစ်ကို ထိုးမည်လော .. ’’ ဟု ရာဇသံပေးပြီး သာဂလမြို့ကို နောက်လိုက်တမန်တော်များဖြင့် ဝိုင်းရံထားကြသည်။

မြို့တော်ပျက်မည်ကို စိုးရိမ်သော မဒ္ဒရာဇ်မင်းကြီးက ပဘာဝတီအား ကုသမင်းကိုစွန့်ပစ်ခြင်းအကျိုးကို သိစေလိုသော်ငှာ “ ပဘာဝတီမင်းသမီးကို ခုနစ်ပိုင်းပိုင်းပြီး ခုနစ်ပြည်ထောင်သောမင်းတို့ကို ပို့ဆက်စေ .. ” ဟု အမိန့်ထုတ်လိုက်တော့သည်။ ထို့အမိန့်ကိုကြားသော ပဘာဝတီမှာ ငိုကြွေးလျက် မယ်တော်ထံချဉ်းကပ် အကူအညီတောင်းလေသည်။

 

မယ်တော်သည် ကုသ၏ဂုဏ်ကျေးဇူးကိုဖော်ထုတ် ချီးကျူးကာ “ ကုသသာရှိရင် ခုနစ်ပြည်ထောင်သောမင်းတို့ရဲ့ ရန်ကနေလည်း ကင်းဝေးနိုင်ပါတယ် သမီးတော် .. ” ဟု ဆိုသည်။ ထိုအခါမှ မယ်တော်အား ကုသမင်းမှာ စားဖိုဆောင်တွင် အမှုထမ်းနေသော ကုသမင်းကို ပြတင်းပေါက်မှ လက်ညှိုးညွှန်ပြ၍ ကုသမင်းရောက်နေကြောင်းသိသည်ကို ဝန်ခံပြောကြားသည်။

ထိုအခါ မယ်တော်သည် ပဘာဝတီအား ပြစ်တင်ပြောဆိုပြီးလျှင် မင်းနေပြည်တော်တွင် ကုသရောက်နေကြောင်းကို မဒ္ဒရာဇ်မင်းထံ ချက်ချင်းသွားလျှောက်တော်မူသည်။

ကုသမင်းရောက်နေကြောင်းသိသော မင်းကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသမင်းအား “ အရှင်မင်းမြတ် ကျုပ့်သမီးမိုက်ရဲ့ အမိုက်မှောင်ကို ခွင့်လွှတ်တော်မူပါ .. ” ဟု တောင်းပန်စကားဆိုလေသည်။ ပြီးနောက် သမီးတော်ပဘာဝတီကိုလည်း ကုသမင်းဂုဏ်ကျေးဇူးကို ဖော်ကျူးစေလျက် ကုသမင်း၏ခြေဖဝါးကို အသနားခံကန်တော့စေသည်။

ထိုအခါမှ လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ကုသမင်းသည် မိမိစီးသောဆင်ပေါ်တွင် ပဘာဝတီကိုတင်ဆောင်လျက် ခုနစ်ပြည်ထောင်သောမင်းတို့ကို ထိပ်တိုက်တိုက်စစ်ဆင်၍ ခုနစ်ပါးစလုံးကို အရှင်လတ်လတ်ဖမ်းမိကာ စစ်အောင်နိုင်ခဲ့သည်။ ကုသလည်း မင်းခုနစ်ပါးကို မဒ္ဒရာဇ်မင်းထံ ဆက်သသည်။

တဖန် မဒ္ဒရာဇ်မင်းက ကုသမင်းကိုပြန်လွှဲအပ်သဖြင့် မဒ္ဒရာဇ်မင်း၏ကျန်ရှိသော သမီးတော်ခုနစ်ပါးကို မင်းတစ်ပါးစီလက်ဆောင်ဆက်၍ ရန်ပြေငြိမ်းစေရန် ချစ်ကြည်ရေးရယူစေခဲ့သည်။ ပဘာဝတီလည်း ကုသမင်း၏ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ကာ မလ္လတိုင်း ကုသဝတီနေပြည်တော်ကို လိုက်ပါသွားပြီးလျှင် ကုသမင်းနှင့်အတူ ပျော်ရွှင်စွာ ပြန်လည်ပေါင်းသင်းနေထိုင်လေတော့သည်။

( ကုသမင်းနှင့် ပဘာဝတီတို့ဖူးစာဆုံရသည့် အကြောင်းရင်း )

ကုသမင်းသည် အတိတ်ကာလ ဘဝတစ်ခုတွင် ဗာရာဏသီပြည် မြို့တံခါးရွာတွင် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီး အစ်ကိုလင်မယားမောင်နှံနှင့်အတူ တစ်အိမ်ထဲအတူနေကြသည်။

တစ်နေ့သောအခါ အစ်ကိုရဲ့ဇနီးက အလွန်အရသာရှိသည့်မုန့်ကိုကြော်ပြီး တောထဲသွားနေသော လူငယ်လေးအတွက် မုန့်အနည်းငယ်ချန်ကာ ကျန်မုန့်များကို စားလိုက်လေသည်။ တခဏအချိန်၌ အိမ်ရှေ့မှာ အရှင်ပစ္စေကဗုဒ္ဓတစ်ပါး ဆွမ်းခံကြွလာသောအခါ ချန်ထားသောမုန့်ကို အစ်ကို့ဇနီးက ကပ်လှူလိုက်သည်။ လူငယ်လေး တောထဲမှပြန်လာသောအခါ သူ့အတွက် ချန်ထားသော မုန့်ကိုကပ်လှူကောင်းရမလားဟု သပိတ်ထဲမှ ပြန်နှိုက်ယူလေသည်။

ထိုအခါ မရီးဖြစ်သူမှာ သူ့အမေအိမ်သွားပြီး ရလာတဲ့ထောပတ်တွေကို ထပ်မံလောင်းလှူပြီးလျှင် သူမလောင်းလှူလိုက်သည့် ထောပတ်တွေမှာ အရောင်အဝါတွေထွက်နေသည်ကိုတွေ့သည့်အခါ ဝမ်းသာအားရဖြင့် “ ယခုကပ်လှူရတဲ့ ဒါနကုသိုလ်ကြောင့် ဘုရားတပည့်တော်မ ခန္ဓာကိုယ်မှာ အရောင်အလင်းများ ဖြစ်ပေါ်ကာ သာလွန်သော ရုပ်အဆင်းကိုရရပါလို၏။

ဤ မသူတော်နှင့်လည်း တစ်ခုသောအရပ်မှာ အတူတူနေရခြင်း မဖြစ်ပါစေနဲ့.. ” ဟု ဆုတောင်းလေသည်။ ထိုဆုတောင်းကိုကြားသော လူငယ်လေးမှာမူ သူ့မုန့်ကို ပြန်လှူရင်း “ ဤအမျိုးသမီးနှင့်ဝေးရာ ယူဇနာတစ်ရာရှိ အကွာအဝေးအရပ်မှာ နေရပါစေ .. ထိုအရပ်မှာ ဆောင်ယူကာ ခြေရင်းတော်၌ အလုပ်အကျွေးပြုခြင်းငှာ စွမ်းဆောင်နိုင်သောသူ ဖြစ်ရပါလို့၏ .. ” ဟု ဆုတောင်းခဲ့သည်။

 

ထိုဆုတောင်းတွေကြောင့်ပဲ သပိတ်ထဲမှာ မုန့်ကိုအမျက်ဒေါသဖြင့် ပြန်ယူမိသည့် အကုသိုလ်ကံကြောင့် ယခုဘဝမှာ ရုပ်ဆိုးသောကုသမင်းအဖြစ်လည်းကောင်း၊ အဆီအနှစ်ပြည့်ဝသော ထောပတ်ကပ်လှူသည့် ကုသိုလ်ကံကြောင့် ပဘာဝတီမင်းသမီးမှာ ချောမောလှပသည့်အပြင် ခန္ဓာကိုယ်တွင်အရောင်အဝါထွန်းလင်းသည့် မင်းသမီးတစ်ပါးအဖြစ်မွေးဖွားလာခဲ့ပြီး ယခုဘဝတွင် ကုသမင်းနှင့်ပေါင်းဖက်ရန် အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။

 

ဇာတ်လမ်းအားလုံးပေါင်းသော် ကုသမင်းမှာ ဗုဒ္ဓမြတ်စွာဘုရားအလောင်း၊ ပဘာဝတီမင်းသမီးမှာ ယသော်ဓရာ၊ ကုသမင်း၏မယ်တော် သီလဝတီမိဖုရားမှာ မယ်တော်မာယာပဲ ဖြစ်ပါတယ်။

 

Credit

 

Zawgyi

 

မင္းကုသႏွင့္ပဘာဝတီ တို႔ ဖူးစာဆုံရသည့္အေၾကာင္းအရင္း

 

 

ဟိုးေရွးေရွးတုန္းက မလႅတိုင္း ကုသဝတီေနျပည္ေတာ္မွာ ၾသကၠာကရာဇ္မင္းႀကီး နန္းစံၿပီး မိဖုရားႀကီး သီလဝတီႏွင့္ ေမာင္းမေပါင္းတစ္ေသာင္းေျခာက္ေထာင္ရွိေသာ္လည္း နန္းအရိုက္အရာဆက္ခံဖို႔ သားသမီးတစ္ေယာက္မွ မထြန္းကားေခ်။

တိုင္းသူျပည္သားေတြကလည္း ဘုရင္ႀကီးမွာ မ်ိဳးဆက္သစ္မရွိလွ်င္ တိုင္းျပည္ပ်က္ေတာ့မည္ကို အစိုးရိမ္ႀကီး စိုးရိမ္ေနခဲ့ၾကသည္။ ထိုသို႔ စိုးရိမ္ေနသူမ်ားထဲတြင္ သီလဝတီမိဖုရားႀကီးမွာ ထိပ္ဆုံးကျဖစ္ၿပီး သူမတာဝန္မေက်ပြန္၍ တိုင္းျပည္ဆက္လက္မရပ္တည္နိုင္မည္ကို စိုးရိမ္ေၾကာင့္ၾကလ်က္ စိတ္ညွိုႏြမ္းေနခဲ့သည္။

သီလႏွင့္ျပည့္စုံေသာ မိဖုရားႀကီးစိတ္ညွိုးႏြမ္းေနတဲ့အျဖစ္ကို မၾကည့္လိုေသာ သိၾကားမင္းမွာ လူ႕ျပည္သို႔ဆင္းသက္ၿပီး မိဖုရားႀကီးအိပ္စက္ေနခ်ိန္ မိဖုရားႀကီး၏ခ်က္ကို ၫႊန္လိုက္ရာ ဘုရားေလာင္းနတ္သားသည္ ယင္းခဏတြင္ပင္ ပဋိသေႏၶတည္ေလသည္။ ဆယ္လလြန္ၿပီးခ်ိန္မွာ ႐ုပ္ဆိုးေပမယ့္ ပညာဉာဏ္ရည္ျပည့္ဝေသာ ကုသမင္းသားေလးကို ဖြားျမင္သည္။

ကုသမင္းသားေလးသည္ ဆရာမ်ားထံမွ နည္းနာခံ ပညာသင္ယူစရာမလိုဘဲ ဘက္စုံပညာရပ္မ်ားတြင္ ပါရဂူေျမာက္ေအာင္ တတ္ကြၽမ္းေလသည္။ ၾသကၠာကရာဇ္မင္းႀကီးသည္ ကုသမင္းသားေလးအ႐ြယ္ေရာက္လာခ်ိန္မွာ သင့္ေတာ္ရာမင္းသမီးတစ္ပါးကို ၾကင္ဖက္လ်ာအျဖစ္ေ႐ြးခ်ယ္ၿပီး ထီးနန္းကိုလႊဲေပးလိုသည္။

ကုသမင္းသားမွာမူ အိမ္ေထာင္မျပဳလို၍ ျငင္းဆန္ေလသည္။ ေလးႀကိမ္ေျမာက္ျငင္းဆန္ၿပီးေသာအခါမွ မိဘဆႏၵႏွင့္ ဆန့္က်င္ဘက္ျပဳရန္ မသင့္ေၾကာင္းေတြးမိသျဖင့္ ကိုယ္တိုင္ထုလုပ္ထားေသာ ေ႐ႊသားယမင္း႐ုပ္တုေပးၿပီးလွ်င္ ထို႐ုပ္တုႏွင့္တူေသာ မင္းသမီးကိုရလွ်င္ ၾကင္ယာအျဖစ္ေပါင္းသင္းမည္ဟု မယ္ေတာ္အား စကားအမွာပါးလိုက္၏။

မယ္ေတာ္ သီလဝတီမိဖုရားႀကီးလည္း ေ႐ႊယမင္း႐ုပ္တုႏွင့္တူေသာ မင္းသမီးကိုရွာေဖြရန္ မႉးမတ္မ်ားကို တာဝန္ေပးအပ္ေလသည္။

မႉးမတ္မ်ားသည္ ဇမၺဴဒိပ္တစ္ကြၽန္းလုံးကိုလွည့္လည္ၾကရာ ေနာက္ဆုံးမွာ မဒၵရာဇ္တိုင္းျပည္ရွိ မဒၵရာဇ္မင္းႀကီး၏သမီးေတာ္ရွစ္ပါးထဲမွ ေ႐ႊယမင္း႐ုပ္တုအတိုင္း ကိုယ္ေရာင္ကိုယ္ဝါေတာက္ပၿပီး အလြန္လွပေသာ အႀကီးဆုံးသမီးေတာ္ ပဘာဝတီမင္းသမီးကိုသြားေတြ႕သည္။

မႉးမတ္မ်ားမွာအသနားခံၿပီး ကုသမင္းသားေလးနဲ႕လက္ဆက္ရန္ေတာင္းခံေသာအခါ ခမည္းေတာ္မဒၵရာဇ္မင္းႀကီးမွာ ၾကည္ျဖဴသျဖင့္ မဂၤလာေန႕ရက္ကို ခ်ိန္းဆိုသတ္မွတ္ၿပီးလွ်င္ ေ႐ႊယမင္း႐ုပ္တုကိုေပးၿပီး ကုသဝတီေနျပည္ေတာ္ကို ျပန္လာခဲ့ၾကသည္။

မႉးမတ္မ်ားထံမွ ေ႐ႊယမင္း႐ုပ္တုႏွင့္တူေသာ ပဘာဝတီမင္းသမီးကိုရွာေဖြေတြ႕ရွိေၾကာင္း သတင္းၾကားရေသာ္ သီလဝတီမိဖုရားမွာ အတိုင္းမသိေပ်ာ္႐ႊင္ရေလသည္။ ထိုသို႔ေပ်ာ္႐ႊင္ေနရေသာ္ျငားလည္း ပူပန္စရာတစ္ခုရွိေနရေသာအေၾကာင္းရင္းတစ္ခုမွာ အက်ည္းတန္႐ုပ္ဆိုးေသာ ကုသမင္းမ်က္ႏွာကိုျမင္လွ်င္ ပဘာဝတီမင္းသမီး မဂၤလာကိစၥကိုျငင္းဆန္မွာကိုပင္။

ထို႔ေၾကာင့္ ရင္ေသြးေလးရလာမွ ကေလးသံေယာဇဥ္ေၾကာင့္ ႐ုပ္ဆိုးေသာ ကုသမင္းသားကို ပစ္မသြားနိုင္ဟု ေတြးေတာၿပီးလွ်င္ မလႅတိုင္း၏ထုံးတမ္းစဥ္လာဟုဆိုကာ ကုသမင္းသားေလးႏွင့္ မင္းသမီးကို “ ေန႕အတူမစံရ၊ ညအခါက်မွ အတူစံၾက .. ” ဟု စည္းကမ္းသတ္မွတ္လိုက္ကာ ေအာင္ျမင္စြာ မဂၤလာဘိသိက္သြန္းေပးနိုင္ခဲ့သည္။

ထိုအခ်ိန္မွစ၍ ကုသမင္းသားမွာ မလႅတိုင္း၏ ထီးပိုင္မင္းျဖစ္လာခဲ့သည္။ မယ္ေတာ္ခ်မွတ္ထားတဲ့စည္းကမ္းအတိုင္း ကုသမင္းႀကီးမွာ ညအခ်ိန္တြင္သာ ပဘာဝတီအလွတရားကို ရႈစားနိုင္ခဲ့သည္။ ေတြ႕ဆုံခ်ိန္ၾကလွ်င္လည္း ကုသမင္း၏ဘုန္းကံေၾကာင့္ ၿပိဳးၿပိဳးျပက္ျပက္ လင္းလက္ေတာက္ပေသာ ပဘာဝတီမိဖုရား၏ အေရာင္အဝါတို႔မွာ ေမွးမွိန္သြားသည္။

 

သို႔ႏွင့္ ကုသႏွင့္ပဘာဝတီတို႔မွာ သီလဝတီမိဖုရားခ်မွတ္ထားေသာ အစီအစဥ္အတိုင္း ေနထိုင္လာခဲ့ၾကသည္။ ပဘာဝတီ၏စြဲမက္စရာ အလွအပကို ေန႕တြင္လည္း ျမင္ဖူးခ်င္ေသာ ကုသမင္းမွာ ထိုစည္းကမ္းကို စေဖာက္ေတာ့သည္။

သီလဝတီမိဖုရားမွာလည္း သားေတာ္၏အလိုကို လိုက္ရွာသည္။ ပဘာဝတီကို ဆင္မဂၤလာပြဲကိုေခၚလာၿပီး သားေတာ္ကို ဆင္ထိန္းေယာင္ေဆာင္ေစ၍ ၾကည့္ေစသည္။ ဒုတိယအႀကိမ္အျဖစ္ ျမင္းမဂၤလာပြဲတြင္ ကုသမင္းကို ျမင္းထိန္းအသြင္ေဆာင္ေစျပန္ကာ ပဘာဝတီအလွကို ရႈစားေစျပန္သည္။

ကုသမင္းမွာ မတင္းတိမ္နိုင္ဘဲ ထပ္မံပူဆာျပန္သျဖင့္ မယ္ေတာ္သည္ ပဘာဝတီ ေရခ်ိဳးဆင္းေလ့ရွိေသာ မဂၤလာေရကန္ရွိရာ ဥယ်ာဥ္ထဲမွာ ေစာင့္ၾကည့္ေစေလသည္။ ေရာင့္ရဲမႈမရွိေသာ ကုသမင္းမွာမူ မဂၤလာေရကန္ထဲဆင္းၿပီးလွ်င္ ပဒုမၼာၾကာဖက္ျဖင့္ ဦးေခါင္းကိုဖုံးလ်က္ ၾကာပြင့္ျဖင့္ မ်က္ႏွာကိုကြယ္ကာ ေစာင့္ေနလိုက္သည္။

 

မ်ားမၾကာမီတြင္ ေရခ်ိဳးဆင္းလာေသာ ပဘာဝတီမွာ ေရခ်ိဳးရင္း လွပေသာ ပဒုမၼာၾကာပြင့္ႀကီးကိုျမင္ျမင္ခ်င္း ခူးဆြတ္မည္ျပဳေသာအခါ ကုသမင္းမွာ ၾကာဖက္ကိုဖယ္လိုက္ၿပီး ပဘာဝတီလက္ကို ဖမ္းဆြဲလ်က္ ‘‘ ငါ ကုသမင္းပါ .. ’’ ဟု ဆိုလိုက္သည္။

ပဘာဝတီမိဖုရားမွာ ‘‘ ငါ့ကို ဘီလူးဖမ္းၿပီ .. ’’ ဟု ျမည္ေႂကြးလ်က္ ေမ့လဲက်သြားေလေတာ့သည္။ သတိျပန္လည္လာ၍ မိမိ၏လက္ကိုဆြဲကိုင္သူမွာ ကုသမင္းျဖစ္မွန္းသိေသာအခါ ႐ုပ္ဆိုးသူႏွင့္ မေပါင္းဖက္လိုသျဖင့္ ပဘာဝတီတစ္ေယာက္ မိဘႏွစ္ပါးရွိရာ သာဂလၿမိဳ႕ေတာ္ဆီကို ျပန္သြားေလသည္။
.,

ပဘာဝတီျပန္သြားလွ်င္ ကုသမင္းမွာ ေသာကပင္လယ္ေဝၿပီး ခ်စ္ဇနီးရွိရာ ယူဇနာေပါင္းမ်ားစြာေဝးကြာေသာ သာဂလၿမိဳ႕ကို ေျခလ်င္ေလွ်ာက္လ်က္ လိုက္လာခဲ့သည္။ သာဂလၿမိဳ႕ေတာ္ကိုေရာက္လွ်င္ ကုသမင္းမွာ ဆင္ထိန္းမ်ားထံတြင္တည္းခိုသည္။

တစ္ညမွာ ဆင္တင္းကုပ္၌အိပ္ရင္း တစ္ေရးနိုးခ်ိန္တြင္ ေစာင္းေတာ္တီး၍ ပဘာဝတီအမ်က္ေျပေစရန္ ႀကိဳးစားေလသည္။ ထိုအသံကို ပဘာဝတီၾကားေသာ္ ကုသလိုက္လာမွန္းသိသည့္အခါ မင္းေနျပည္ေတာ္တြင္ ညအခ်ိန္၌ ေစာင္းမတီးရ အမိန့္ခ်မွတ္လိုက္သည္။

ကုသမင္းသည္ ဆင္ထိန္းမ်ားထံတြင္ဆက္ေနလွ်င္ ပဘာဝတီအားေတြ႕နိုင္မည့္ အရိပ္အေယာင္မေတြ႕ရသျဖင့္ အိုးထိန္းသည္၊ က်ဴထရံသည္၊ ပန္းကုံးသည္အျဖစ္ အဆင့္ဆင့္ဟန္ေဆာင္ေနထိုင္ရင္း ခုနစ္လအၾကာတြင္ ပဘာဝတီအထိန္းေတာ္တစ္ဦးအား လာဘ္ထိုး၍ နန္းေတာ္ရွိစားဖိုေဆာင္တြင္ စားေတာ္ခ်က္တစ္ဦးအျဖစ္ ဟန္ေဆာင္ခ်ဥ္းကပ္သည္။

ထိုအေၾကာင္းသိေသာ ပဘာဝတီမွာ ခြင့္မလႊတ္သည့္အျပင္ ပိုအမ်က္ထြက္ကာ ေမတၱာတုံ႕ျပန္ျခင္းအလ်ဥ္းမရွိခဲ့ေပ။ လုံးဝခ်ဥ္းကပ္လို႔မရသည့္အဆုံးမွာ ကုသသည္ မင္းေနျပည္ေတာ္ကို ျပန္ဖို႔ဆုံးျဖတ္ေလေတာ့သည္။

ယင္းအျဖစ္ကိုျမင္ေသာ သိၾကားမင္းသည္ မဒၵရာဇ္မင္းႀကီး ၏တမန္ေတာ္အျဖစ္ အသြင္ေဆာင္ယူကာ ခုနစ္ျပည္ေထာင္ေသာမင္းမ်ားထံသို႔သြား၍ ‘‘ ပဘာဝတီမင္းသမီးမွာ ကုသမင္းကိုစြန့္ပစ္ကာ ျပန္လာသည္ .. သင္တို႔ ပဘာဝတီကို လာယူလွည့္ .. ’’ ဟု တစ္ပါးစီ သတင္းပို႔သည္။

ခုနစ္ျပည္ေထာင္ေသာမင္းတို႔သည္လည္း မဒၵရာဇ္မင္းႀကီးထံေရာက္လာၾကၿပီးလွ်င္ ‘‘ ပဘာဝတီကို ေပးမည္ေလာ .. စစ္ကို ထိုးမည္ေလာ .. ’’ ဟု ရာဇသံေပးၿပီး သာဂလၿမိဳ႕ကို ေနာက္လိုက္တမန္ေတာ္မ်ားျဖင့္ ဝိုင္းရံထားၾကသည္။

ၿမိဳ႕ေတာ္ပ်က္မည္ကို စိုးရိမ္ေသာ မဒၵရာဇ္မင္းႀကီးက ပဘာဝတီအား ကုသမင္းကိုစြန့္ပစ္ျခင္းအက်ိဳးကို သိေစလိုေသာ္ငွာ “ ပဘာဝတီမင္းသမီးကို ခုနစ္ပိုင္းပိုင္းၿပီး ခုနစ္ျပည္ေထာင္ေသာမင္းတို႔ကို ပို႔ဆက္ေစ .. ” ဟု အမိန့္ထုတ္လိုက္ေတာ့သည္။ ထို႔အမိန့္ကိုၾကားေသာ ပဘာဝတီမွာ ငိုေႂကြးလ်က္ မယ္ေတာ္ထံခ်ဥ္းကပ္ အကူအညီေတာင္းေလသည္။

 

မယ္ေတာ္သည္ ကုသ၏ဂုဏ္ေက်းဇူးကိုေဖာ္ထုတ္ ခ်ီးက်ဴးကာ “ ကုသသာရွိရင္ ခုနစ္ျပည္ေထာင္ေသာမင္းတို႔ရဲ႕ ရန္ကေနလည္း ကင္းေဝးနိုင္ပါတယ္ သမီးေတာ္ .. ” ဟု ဆိုသည္။ ထိုအခါမွ မယ္ေတာ္အား ကုသမင္းမွာ စားဖိုေဆာင္တြင္ အမႈထမ္းေနေသာ ကုသမင္းကို ျပတင္းေပါက္မွ လက္ညွိုးၫႊန္ျပ၍ ကုသမင္းေရာက္ေနေၾကာင္းသိသည္ကို ဝန္ခံေျပာၾကားသည္။

ထိုအခါ မယ္ေတာ္သည္ ပဘာဝတီအား ျပစ္တင္ေျပာဆိုၿပီးလွ်င္ မင္းေနျပည္ေတာ္တြင္ ကုသေရာက္ေနေၾကာင္းကို မဒၵရာဇ္မင္းထံ ခ်က္ခ်င္းသြားေလွ်ာက္ေတာ္မူသည္။

ကုသမင္းေရာက္ေနေၾကာင္းသိေသာ မင္းႀကီးမွာ ဝမ္းေျမာက္ဝမ္းသာျဖစ္ကာ ကုသမင္းအား “ အရွင္မင္းျမတ္ က်ဳပ့္သမီးမိုက္ရဲ႕ အမိုက္ေမွာင္ကို ခြင့္လႊတ္ေတာ္မူပါ .. ” ဟု ေတာင္းပန္စကားဆိုေလသည္။ ၿပီးေနာက္ သမီးေတာ္ပဘာဝတီကိုလည္း ကုသမင္းဂုဏ္ေက်းဇူးကို ေဖာ္က်ဴးေစလ်က္ ကုသမင္း၏ေျခဖဝါးကို အသနားခံကန္ေတာ့ေစသည္။

ထိုအခါမွ လက္႐ုံးရည္ ႏွလုံးရည္ျပည့္ဝေသာ ကုသမင္းသည္ မိမိစီးေသာဆင္ေပၚတြင္ ပဘာဝတီကိုတင္ေဆာင္လ်က္ ခုနစ္ျပည္ေထာင္ေသာမင္းတို႔ကို ထိပ္တိုက္တိုက္စစ္ဆင္၍ ခုနစ္ပါးစလုံးကို အရွင္လတ္လတ္ဖမ္းမိကာ စစ္ေအာင္နိုင္ခဲ့သည္။ ကုသလည္း မင္းခုနစ္ပါးကို မဒၵရာဇ္မင္းထံ ဆက္သသည္။

တဖန္ မဒၵရာဇ္မင္းက ကုသမင္းကိုျပန္လႊဲအပ္သျဖင့္ မဒၵရာဇ္မင္း၏က်န္ရွိေသာ သမီးေတာ္ခုနစ္ပါးကို မင္းတစ္ပါးစီလက္ေဆာင္ဆက္၍ ရန္ေျပၿငိမ္းေစရန္ ခ်စ္ၾကည္ေရးရယူေစခဲ့သည္။ ပဘာဝတီလည္း ကုသမင္း၏ခ်စ္ျခင္းေမတၱာကို နားလည္သေဘာေပါက္ကာ မလႅတိုင္း ကုသဝတီေနျပည္ေတာ္ကို လိုက္ပါသြားၿပီးလွ်င္ ကုသမင္းႏွင့္အတူ ေပ်ာ္႐ႊင္စြာ ျပန္လည္ေပါင္းသင္းေနထိုင္ေလေတာ့သည္။

( ကုသမင္းႏွင့္ ပဘာဝတီတို႔ဖူးစာဆုံရသည့္ အေၾကာင္းရင္း )

ကုသမင္းသည္ အတိတ္ကာလ ဘဝတစ္ခုတြင္ ဗာရာဏသီျပည္ ၿမိဳ႕တံခါး႐ြာတြင္ လူငယ္တစ္ေယာက္ျဖစ္ခဲ့ၿပီး အစ္ကိုလင္မယားေမာင္ႏွံႏွင့္အတူ တစ္အိမ္ထဲအတူေနၾကသည္။

တစ္ေန႕ေသာအခါ အစ္ကိုရဲ႕ဇနီးက အလြန္အရသာရွိသည့္မုန့္ကိုေၾကာ္ၿပီး ေတာထဲသြားေနေသာ လူငယ္ေလးအတြက္ မုန့္အနည္းငယ္ခ်န္ကာ က်န္မုန့္မ်ားကို စားလိုက္ေလသည္။ တခဏအခ်ိန္၌ အိမ္ေရွ႕မွာ အရွင္ပေစၥကဗုဒၶတစ္ပါး ဆြမ္းခံႂကြလာေသာအခါ ခ်န္ထားေသာမုန့္ကို အစ္ကို႔ဇနီးက ကပ္လႉလိုက္သည္။ လူငယ္ေလး ေတာထဲမွျပန္လာေသာအခါ သူ႕အတြက္ ခ်န္ထားေသာ မုန့္ကိုကပ္လႉေကာင္းရမလားဟု သပိတ္ထဲမွ ျပန္ႏွိုက္ယူေလသည္။

ထိုအခါ မရီးျဖစ္သူမွာ သူ႕အေမအိမ္သြားၿပီး ရလာတဲ့ေထာပတ္ေတြကို ထပ္မံေလာင္းလႉၿပီးလွ်င္ သူမေလာင္းလႉလိုက္သည့္ ေထာပတ္ေတြမွာ အေရာင္အဝါေတြထြက္ေနသည္ကိုေတြ႕သည့္အခါ ဝမ္းသာအားရျဖင့္ “ ယခုကပ္လႉရတဲ့ ဒါနကုသိုလ္ေၾကာင့္ ဘုရားတပည့္ေတာ္မ ခႏၶာကိုယ္မွာ အေရာင္အလင္းမ်ား ျဖစ္ေပၚကာ သာလြန္ေသာ ႐ုပ္အဆင္းကိုရရပါလို၏။

ဤ မသူေတာ္ႏွင့္လည္း တစ္ခုေသာအရပ္မွာ အတူတူေနရျခင္း မျဖစ္ပါေစနဲ႕.. ” ဟု ဆုေတာင္းေလသည္။ ထိုဆုေတာင္းကိုၾကားေသာ လူငယ္ေလးမွာမူ သူ႕မုန့္ကို ျပန္လႉရင္း “ ဤအမ်ိဳးသမီးႏွင့္ေဝးရာ ယူဇနာတစ္ရာရွိ အကြာအေဝးအရပ္မွာ ေနရပါေစ .. ထိုအရပ္မွာ ေဆာင္ယူကာ ေျခရင္းေတာ္၌ အလုပ္အေကြၽးျပဳျခင္းငွာ စြမ္းေဆာင္နိုင္ေသာသူ ျဖစ္ရပါလို႔၏ .. ” ဟု ဆုေတာင္းခဲ့သည္။

 

ထိုဆုေတာင္းေတြေၾကာင့္ပဲ သပိတ္ထဲမွာ မုန့္ကိုအမ်က္ေဒါသျဖင့္ ျပန္ယူမိသည့္ အကုသိုလ္ကံေၾကာင့္ ယခုဘဝမွာ ႐ုပ္ဆိုးေသာကုသမင္းအျဖစ္လည္းေကာင္း၊ အဆီအႏွစ္ျပည့္ဝေသာ ေထာပတ္ကပ္လႉသည့္ ကုသိုလ္ကံေၾကာင့္ ပဘာဝတီမင္းသမီးမွာ ေခ်ာေမာလွပသည့္အျပင္ ခႏၶာကိုယ္တြင္အေရာင္အဝါထြန္းလင္းသည့္ မင္းသမီးတစ္ပါးအျဖစ္ေမြးဖြားလာခဲ့ၿပီး ယခုဘဝတြင္ ကုသမင္းႏွင့္ေပါင္းဖက္ရန္ အေၾကာင္းဖန္လာခဲ့ျခင္းျဖစ္သည္။

 

ဇာတ္လမ္းအားလုံးေပါင္းေသာ္ ကုသမင္းမွာ ဗုဒၶျမတ္စြာဘုရားအေလာင္း၊ ပဘာဝတီမင္းသမီးမွာ ယေသာ္ဓရာ၊ ကုသမင္း၏မယ္ေတာ္ သီလဝတီမိဖုရားမွာ မယ္ေတာ္မာယာပဲ ျဖစ္ပါတယ္။

 

Credit

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *