ပါတော်မူပြီးနောက် ဗြိတိသျှတို့အား ပထမဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး….

ပါတော်မူပြီးနောက် ဗြိတိသျှတို့အား ပထမဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး….

 

 

 

မြန်မာ့သမိုင်းတွင် ပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဖြစ်သည်။ မဟာဝံသသီရိဇယသိုဟုံဘွား ဘွဲ့စံ ဝန်းသိုစော်ဘွားကြီးအား ဦးရွှေသာ နှင့် ဒေါ်ဒွန်းဖြူ ခေါ် သုဝဏ္ဏာကယဒေဝီ တို့မှ ၁၈၆၂ခုနှစ်တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်က ဝန်းသိုဆရာတော် ဦးဂုဏ ထံတွင် ပညာ သင်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ စော်ဘွားကြီးက သားဖြစ်သူကို ကင်းဝန်မင်း ကြီးထံအပ်နှံကာ နန်းဓလေ့ နှင့် အုပ်ချုပ်ရေးပညာရပ်များကို သင်ယူစေခဲ့သည်။

ထို့နောက်သီပေါမင်းထံ၌ ကွမ်းရေတော်ကိုင်စာရေး အဖြစ် အမှုထမ်းခဲ့သည်။ ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ၊ကဗျာ ၊လင်္ကာ ၊ ဗေဒင် ၊ သမိုင်း ၊ အုပ်ချုပ်ရေး ၊ ဆေးပညာစသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။

 

၀န်းသိုစော်ဘွား ဦးရွှေသာ မိုးကောင်းမြို့ဝန်ဖြစ်ပြီးနောက် ဦးအောင်မြတ် အသက် ၂၁ နှစ်အရွယ်တွင် ဝန်းသိုစော်ဘွား ရာထူးကို ဆက်ခံ ခဲ့သည်။ မိုးညှင်းဒေသမှ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များကို အောင်မြင်စွာနှိမ်နှင်းနိုင်သဖြင့် သီပေါမင်း က အားရတော်မူပြီး ဦးအောင်မြတ်အား ‘မောရိယမဟာဝံသ သီရိသုဓမ္မာရာဇာ’ ဘွဲ့အားချီးမြှင့် ခဲ့သည်။

ထို့နောက် သက်တူရွယ်တူဖြစ်သူ စကားစော်ဘွားသမီး စောရွှေကြည်နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်တို့က မန္တလေးကိုသိမ်းရာ ဦးအောင်မြတ်သည် လူသူလက်နက်စုဆောင်းကာ အခြေအနေကို စောင့်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အင်္ဂလိပ်တို့အား ပြန်မတိုက်ခိုက်ရန် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးထံမှ စာရောက်လာသလို ၊ ငယ်ဆရာ ဦးဂုဏ ကလည်း ဖြောင်းဖြခဲ့သည်။ ဆရာနှစ်ပါးကို လေးစားသဖြင့် နာခံပြီး သစ်လုပ်ငန်းနှင့် စပါးလုပ်ငန်း များကို လုပ်ရင်းအေးအေးဆေးဆေးနေသည်။

သို့သော် ဦးအောင် မြတ် ၏လုပ်ငန်းနေရာများကို ရယူလိုသည့် မသမာသူများက ဦးအောင်မြတ်စီးပွားရှာနေခြင်းမှာ ငွေကြေးစုဆောင်းပြီး အင်္ဂလိပ်တို့ အားတိုက်ရန် ဖြစ်သည် ဟု ကုန်းချောခဲ့ကြသည်။

 

အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား နေပြည်တော် သို့ လာရောက်အစစ်ဆေးခံရန် ကင်းဝန်မင်းကြီးအား အကြောင်းကြားစေသည်။ကင်းဝန်မင်းကြီးမှအကြောင်း ကြားရာ ဦးအောင်မြတ်က နေပြည်တော်သို့လည်း မလာလိုကြောင်း ၊ တပါးကျွန်လည်း မခံလိုကြောင်း ၊ အရိုအသေ မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

ဒီအတွက် ကင်းဝန်မင်းကြီးကိုယ်တိုင်လိုက်ပြီး ဦးအောင်မြတ်အားတွေ့ရန်လာသော်လည်း ဦးအောင်မြတ်မှာ မိုးကောင်းသို့ရောက်နေသဖြင့် မတွေ့ ခဲ့ရပေ။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အားရာထူး ငွေကြေးများစွာဖြင့်စည်းရုံးခဲ့သော်လည်းမရ။

နောက်ဆုံး တွင် အင်္ဂလိပ်တို့သည် တပ်တစ်တပ်အား လွှတ်လိုက် ပြီး ဦးအောင်မြတ်တို့ သားအဖနှစ်ယောက်အား ဖမ်းဆီး ရန် အမိန့်ထုတ်လိုက်သည်။

 

ဦးအောင်မြတ်ကလည်း ဝန်းသိုပတ်လည်တွင် သစ်တပ် မြို့ရိုးများ ၊ကင်းများတည်ဆောက်ကာ ၊ လူသူလက်နက် စုဆောင်းပြီးအသင့်စောင့်နေခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တို့နှင့် ဦးအောင်မြတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ရှုံးပြီး ဆုတ်ခွာခဲ့ရသည်။

ဆုတ်ခွာသွားသောတပ်အား လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး နှင့်တပ်သား သုံးဦးကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာတွင် ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့သည်။

ထိုအချိန်မှစ၍ ဦးအောင်မြတ်၏အမည်သည်ကျော်ကြား လာခဲ့သည်။ အင်္ဂလိပ်တို့သည် အင်အားဖြည့်တင်းပြီး နောက်တစ်ကြိမ်ချီတက်ပြန်ရာ ဦးအောင်မြတ်တပ်များ ၏ တိုက်ခိုက်မှုကို ခံရပြန်သည်။သို့သော်ဒီတစ်ကြိမ်တွင် အင်္ဂလိပ်တို့က လူအင်အားလက် နက်အင်အားများစွာ သာလွန်သဖြင့် ဦးအောင်မြတ်တပ်များ နောက်ဆုတ် ကာ တောထဲသို့မျှားခေါ်ခဲ့သည်။

နေရာကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်တပ်များကို အကျ အဆုံးများအောင်တိုက်နိုင်ခဲ့သည်။ကျိုင်းခွင် တောင်ကုန်းတွင် အင်္ဂလိပ်စစ်သား များသေဆုံးသည့် နေရာတွင် စိုက်ထူထားသည့် ကျောက်တိုင်ကို ယနေ့ ထိတိုင်တွေ့မြင်နိုင်သေးသည်။

ထိုနေ့တွင်ပင် ဗိုလ်ကြီး ဟတ်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်တပ်နှင့် ဥက္ကံမြို့အနီးတွင်ဆက်လက်တိုက်ခိုက် ခဲ့သေးရာ နှစ်ဖက်စလုံး အကျအဆုံးများပြီး ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဒါဏ်ရာရခဲ့သည်။ထိုဒါဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။

လူအင်အားလက်နက်အင်အား မမျှသော်လည်း မျိုးချစ်စိတ်ပြင်းထန်လှသဖြင့် ဝန်းသို စော်ဘွားကြီးဦးဆောင်သော တပ်များသည် အင်္ဂလိပ်တို့ အား နေရာအနှံ့မှတိုက်ခိုက်ရင်း အခက်အခဲဖြစ်စေ ခဲ့သည်။

ထိုအချိန်အထိ အင်္ဂလိပ်တို့က ဦးအောင်မြတ်အားသူပုန် ဟု မကြေငြာပဲ သူတို့ဘက်ကိုလာပါက ရာထူး၊ စည်းစိမ် အမြောက်အများပေးပြီး အေးဆေးစွာနေရမည်ဟု ကမ်းလှမ်းခဲ့ပြန်သည်။ ဝန်းသိုစော်ဘွားကြီးက လက်မခံ သဖြင့် လက်အောက်ငယ်သားများကို ပေးကမ်းစည်းရုံး ရာ စိတ်မခိုင်သော တပ်သားများမှာ အင်္ဂလိပ်တို့ဘက် ပါသွားခဲ့သည်။

ဝန်းသိုတပ်အင်အားလည်း တဖြည်းဖြည်းနည်းလာခဲ့ရ ပါသည်။ကျန်လူများနှင့် ဆက် လက်တိုက်ခိုက်လျှင်ရ သေးသော်လည်း အင်အားချင်းကွာခြားလွန်းလှသဖြင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

 

သို့သော် အင်္ဂလိပ်တို့ လက်အောက်ကို မဝင်ပဲ ယူနန် စန်းတာမြို့တွင်သွားရောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ်တို့ ၏ အပေးအယူကိုလက်ခံလျှင် အေးဆေးစွာနေရမည် ဖြစ်သော်လည်း သူတပါးလက်အောက်တွင် မနေလိုတဲ့ စော်ဘွားကြီးသည် စပါးအလုပ်လုပ်ရင်း ၊ ဆေးကုရင်း ကြပ်တည်းစွာနေထိုင်ခဲ့သည်။

အသက်အရွယ်ကြီးရင့် လာသောအခါ မဟာဒေဝီကပြန်လာရန် အတန်တန်ခေါ် သဖြင့် နေရပ်သို့ ပြန်လာခဲ့သည်။

အင်္ဂလိပ်အစိုးရကထိုခေတ်ငွေ ၁၀၀ ထောက်ပံသည်။ လာရောက်ပေးသည့်ငွေအား သားသမီးများအားယူစေ ပြီးကိုယ်တိုင်က လောကုတ္တရာဘက်တွင်သာ အားထုတ်နေခဲ့သည်။ဂျပန်တို့လက်ထက်တွင်လည်း အင်္ဂလိပ်တို့ကဲ့သို့ပင် လစဉ်ငွေ ၁၀၀ စီထောက်ပံ့ ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ဝန်းသို စော်ဘွားကြီးအားကျေးဇူးဆပ်သည့်အနေဖြင့် သခင်ကိုယ်တော်မှိုင်းနှင့်တန်းတူလစဉ် ငွေ ၅၀၀ စီ ပေးခဲ့သည်။ စော်ဘွားကြီးသည် ၁၉၆၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ အသက် ၁၀၃နှစ် အရောက်တွင်ကွယ်လွန် အနိစ္စရောက် ခဲ့သည်။

 

Credit

 

Zawgyi

 

ပါေတာ္မူၿပီးေနာက္ ၿဗိတိသွ်တို႔အား ပထမဦးဆုံး ေတာ္လွန္တိုက္ခိုက္ခဲ့သူ (သို႔) ဝန္းသိုေစာ္ဘြားႀကီး….

 

 

ျမန္မာ့သမိုင္းတြင္ ပါေတာ္မူၿပီးေနာက္ အဂၤလိပ္တို႔အား ပထမဆုံးတိုက္ခိုက္ခဲ့သူမွာ ဝန္းသိုေစာ္ဘြားႀကီး ဦးေအာင္ျမတ္ျဖစ္သည္။ မဟာဝံသသီရိဇယသိုဟုံဘြား ဘြဲ႕စံ ဝန္းသိုေစာ္ဘြားႀကီးအား ဦးေ႐ႊသာ ႏွင့္ ေဒၚဒြန္းျဖဴ ေခၚ သုဝဏၰာကယေဒဝီ တို႔မွ ၁၈၆၂ခုႏွစ္တြင္ ဝန္းသိုၿမိဳ႕၌ ေမြးဖြားခဲ့သည္။

ငယ္စဥ္က ဝန္းသိုဆရာေတာ္ ဦးဂုဏ ထံတြင္ ပညာ သင္ခဲ့ၿပီး အ႐ြယ္ေရာက္လာသည့္အခါ ေစာ္ဘြားႀကီးက သားျဖစ္သူကို ကင္းဝန္မင္း ႀကီးထံအပ္ႏွံကာ နန္းဓေလ့ ႏွင့္ အုပ္ခ်ဳပ္ေရးပညာရပ္မ်ားကို သင္ယူေစခဲ့သည္။

ထို႔ေနာက္သီေပါမင္းထံ၌ ကြမ္းေရေတာ္ကိုင္စာေရး အျဖစ္ အမႈထမ္းခဲ့သည္။ ဦးေအာင္ျမတ္သည္ စာေပ က်မ္းဂန္ ၊ကဗ်ာ ၊လကၤာ ၊ ေဗဒင္ ၊ သမိုင္း ၊ အုပ္ခ်ဳပ္ေရး ၊ ေဆးပညာစသည့္ ပညာရပ္မ်ိဳးစုံကို ကြၽမ္းက်င္စြာ တတ္ေျမာက္ခဲ့သည္။

 

၀န္းသိုေစာ္ဘြား ဦးေ႐ႊသာ မိုးေကာင္းၿမိဳ႕ဝန္ျဖစ္ၿပီးေနာက္ ဦးေအာင္ျမတ္ အသက္ ၂၁ ႏွစ္အ႐ြယ္တြင္ ဝန္းသိုေစာ္ဘြား ရာထူးကို ဆက္ခံ ခဲ့သည္။ မိုးညွင္းေဒသမွ ဗိုလ္ဝ ေခါင္းေဆာင္ေသာ သူပုန္မ်ားကို ေအာင္ျမင္စြာႏွိမ္ႏွင္းနိုင္သျဖင့္ သီေပါမင္း က အားရေတာ္မူၿပီး ဦးေအာင္ျမတ္အား ‘ေမာရိယမဟာဝံသ သီရိသုဓမၼာရာဇာ’ ဘြဲ႕အားခ်ီးျမႇင့္ ခဲ့သည္။

ထို႔ေနာက္ သက္တူ႐ြယ္တူျဖစ္သူ စကားေစာ္ဘြားသမီး ေစာေ႐ႊၾကည္ႏွင့္ လက္ထပ္ခဲ့သည္။ ထိုစဥ္အတြင္း အဂၤလိပ္တို႔က မႏၲေလးကိုသိမ္းရာ ဦးေအာင္ျမတ္သည္ လူသူလက္နက္စုေဆာင္းကာ အေျခအေနကို ေစာင့္ၿပီး တိုက္ခိုက္ရန္ ႀကိဳးစားခဲ့သည္။

အဂၤလိပ္တို႔အား ျပန္မတိုက္ခိုက္ရန္ ဆရာျဖစ္သူ ကင္းဝန္မင္းႀကီးထံမွ စာေရာက္လာသလို ၊ ငယ္ဆရာ ဦးဂုဏ ကလည္း ေျဖာင္းျဖခဲ့သည္။ ဆရာႏွစ္ပါးကို ေလးစားသျဖင့္ နာခံၿပီး သစ္လုပ္ငန္းႏွင့္ စပါးလုပ္ငန္း မ်ားကို လုပ္ရင္းေအးေအးေဆးေဆးေနသည္။

သို႔ေသာ္ ဦးေအာင္ ျမတ္ ၏လုပ္ငန္းေနရာမ်ားကို ရယူလိုသည့္ မသမာသူမ်ားက ဦးေအာင္ျမတ္စီးပြားရွာေနျခင္းမွာ ေငြေၾကးစုေဆာင္းၿပီး အဂၤလိပ္တို႔ အားတိုက္ရန္ ျဖစ္သည္ ဟု ကုန္းေခ်ာခဲ့ၾကသည္။

 

အဂၤလိပ္တို႔ကလည္း ဦးေအာင္ျမတ္အား ေနျပည္ေတာ္ သို႔ လာေရာက္အစစ္ေဆးခံရန္ ကင္းဝန္မင္းႀကီးအား အေၾကာင္းၾကားေစသည္။ကင္းဝန္မင္းႀကီးမွအေၾကာင္း ၾကားရာ ဦးေအာင္ျမတ္က ေနျပည္ေတာ္သို႔လည္း မလာလိုေၾကာင္း ၊ တပါးကြၽန္လည္း မခံလိုေၾကာင္း ၊ အရိုအေသ မျပဳနိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့သည္။

ဒီအတြက္ ကင္းဝန္မင္းႀကီးကိုယ္တိုင္လိုက္ၿပီး ဦးေအာင္ျမတ္အားေတြ႕ရန္လာေသာ္လည္း ဦးေအာင္ျမတ္မွာ မိုးေကာင္းသို႔ေရာက္ေနသျဖင့္ မေတြ႕ ခဲ့ရေပ။ အဂၤလိပ္တို႔ကလည္း ဦးေအာင္ျမတ္အားရာထူး ေငြေၾကးမ်ားစြာျဖင့္စည္း႐ုံးခဲ့ေသာ္လည္းမရ။

ေနာက္ဆုံး တြင္ အဂၤလိပ္တို႔သည္ တပ္တစ္တပ္အား လႊတ္လိုက္ ၿပီး ဦးေအာင္ျမတ္တို႔ သားအဖႏွစ္ေယာက္အား ဖမ္းဆီး ရန္ အမိန႔္ထုတ္လိုက္သည္။

 

ဦးေအာင္ျမတ္ကလည္း ဝန္းသိုပတ္လည္တြင္ သစ္တပ္ ၿမိဳ႕ရိုးမ်ား ၊ကင္းမ်ားတည္ေဆာက္ကာ ၊ လူသူလက္နက္ စုေဆာင္းၿပီးအသင့္ေစာင့္ေနခဲ့သည္။ မွန္ကင္းေတာင္ စခန္းတြင္ အဂၤလိပ္တို႔ႏွင့္ ဦးေအာင္ျမတ္တပ္မ်ား တိုက္ပြဲျဖစ္ပြားရာ အဂၤလိပ္တို႔ရႈံးၿပီး ဆုတ္ခြာခဲ့ရသည္။

ဆုတ္ခြာသြားေသာတပ္အား လိုက္လံတိုက္ခိုက္ရာ အဂၤလိပ္စစ္ဗိုလ္တစ္ဦး ႏွင့္တပ္သား သုံးဦးက်ဆဳံးခဲ့ၿပီး တိုက္ပြဲျဖစ္သည့္ေနရာတြင္ ကြၽန္းတိုင္ႀကီးတစ္တိုင္ စိုက္ထူထားခဲ့သည္။

ထိုအခ်ိန္မွစ၍ ဦးေအာင္ျမတ္၏အမည္သည္ေက်ာ္ၾကား လာခဲ့သည္။ အဂၤလိပ္တို႔သည္ အင္အားျဖည့္တင္းၿပီး ေနာက္တစ္ႀကိမ္ခ်ီတက္ျပန္ရာ ဦးေအာင္ျမတ္တပ္မ်ား ၏ တိုက္ခိုက္မႈကို ခံရျပန္သည္။သို႔ေသာ္ဒီတစ္ႀကိမ္တြင္ အဂၤလိပ္တို႔က လူအင္အားလက္ နက္အင္အားမ်ားစြာ သာလြန္သျဖင့္ ဦးေအာင္ျမတ္တပ္မ်ား ေနာက္ဆုတ္ ကာ ေတာထဲသို႔မွ်ားေခၚခဲ့သည္။

ေနရာကြၽမ္းက်င္မႈေၾကာင့္ အဂၤလိပ္တပ္မ်ားကို အက် အဆုံးမ်ားေအာင္တိုက္နိုင္ခဲ့သည္။က်ိဳင္းခြင္ ေတာင္ကုန္းတြင္ အဂၤလိပ္စစ္သား မ်ားေသဆုံးသည့္ ေနရာတြင္ စိုက္ထူထားသည့္ ေက်ာက္တိုင္ကို ယေန႕ ထိတိုင္ေတြ႕ျမင္နိုင္ေသးသည္။

ထိုေန႕တြင္ပင္ ဗိုလ္ႀကီး ဟတ္ခ်င္ဆန္ ဦးေဆာင္ေသာ အဂၤလိပ္တပ္ႏွင့္ ဥကၠံၿမိဳ႕အနီးတြင္ဆက္လက္တိုက္ခိုက္ ခဲ့ေသးရာ ႏွစ္ဖက္စလုံး အက်အဆုံးမ်ားၿပီး ဗိုလ္ႀကီး ဟတ္ခ်င္ဆန္လည္း ဒါဏ္ရာရခဲ့သည္။ထိုဒါဏ္ရာႏွင့္ပင္ မၾကာမီေသဆုံးခဲ့သည္။

လူအင္အားလက္နက္အင္အား မမွ်ေသာ္လည္း မ်ိဳးခ်စ္စိတ္ျပင္းထန္လွသျဖင့္ ဝန္းသို ေစာ္ဘြားႀကီးဦးေဆာင္ေသာ တပ္မ်ားသည္ အဂၤလိပ္တို႔ အား ေနရာအႏွံ႕မွတိုက္ခိုက္ရင္း အခက္အခဲျဖစ္ေစ ခဲ့သည္။

ထိုအခ်ိန္အထိ အဂၤလိပ္တို႔က ဦးေအာင္ျမတ္အားသူပုန္ ဟု မေၾကျငာပဲ သူတို႔ဘက္ကိုလာပါက ရာထူး၊ စည္းစိမ္ အေျမာက္အမ်ားေပးၿပီး ေအးေဆးစြာေနရမည္ဟု ကမ္းလွမ္းခဲ့ျပန္သည္။ ဝန္းသိုေစာ္ဘြားႀကီးက လက္မခံ သျဖင့္ လက္ေအာက္ငယ္သားမ်ားကို ေပးကမ္းစည္း႐ုံး ရာ စိတ္မခိုင္ေသာ တပ္သားမ်ားမွာ အဂၤလိပ္တို႔ဘက္ ပါသြားခဲ့သည္။

ဝန္းသိုတပ္အင္အားလည္း တျဖည္းျဖည္းနည္းလာခဲ့ရ ပါသည္။က်န္လူမ်ားႏွင့္ ဆက္ လက္တိုက္ခိုက္လွ်င္ရ ေသးေသာ္လည္း အင္အားခ်င္းကြာျခားလြန္းလွသျဖင့္ အတိုက္အခိုက္ရပ္ရန္ ဆုံးျဖတ္ခဲ့သည္။

 

သို႔ေသာ္ အဂၤလိပ္တို႔ လက္ေအာက္ကို မဝင္ပဲ ယူနန္ စန္းတာၿမိဳ႕တြင္သြားေရာက္ေနထိုင္ခဲ့သည္။ အဂၤလိပ္တို႔ ၏ အေပးအယူကိုလက္ခံလွ်င္ ေအးေဆးစြာေနရမည္ ျဖစ္ေသာ္လည္း သူတပါးလက္ေအာက္တြင္ မေနလိုတဲ့ ေစာ္ဘြားႀကီးသည္ စပါးအလုပ္လုပ္ရင္း ၊ ေဆးကုရင္း ၾကပ္တည္းစြာေနထိုင္ခဲ့သည္။

အသက္အ႐ြယ္ႀကီးရင့္ လာေသာအခါ မဟာေဒဝီကျပန္လာရန္ အတန္တန္ေခၚ သျဖင့္ ေနရပ္သို႔ ျပန္လာခဲ့သည္။

အဂၤလိပ္အစိုးရကထိုေခတ္ေငြ ၁၀၀ ေထာက္ပံသည္။ လာေရာက္ေပးသည့္ေငြအား သားသမီးမ်ားအားယူေစ ၿပီးကိုယ္တိုင္က ေလာကုတၱရာဘက္တြင္သာ အားထုတ္ေနခဲ့သည္။ဂ်ပန္တို႔လက္ထက္တြင္လည္း အဂၤလိပ္တို႔ကဲ့သို႔ပင္ လစဥ္ေငြ ၁၀၀ စီေထာက္ပံ့ ခဲ့သည္။

လြတ္လပ္ေရးရၿပီးေနာက္ ျမန္မာအစိုးရက ဝန္းသို ေစာ္ဘြားႀကီးအားေက်းဇူးဆပ္သည့္အေနျဖင့္ သခင္ကိုယ္ေတာ္မွိုင္းႏွင့္တန္းတူလစဥ္ ေငြ ၅၀၀ စီ ေပးခဲ့သည္။ ေစာ္ဘြားႀကီးသည္ ၁၉၆၅ခုႏွစ္ ဇန္နဝါရီလ ၅ရက္ေန႕ အသက္ ၁၀၃ႏွစ္ အေရာက္တြင္ကြယ္လြန္ အနိစၥေရာက္ ခဲ့သည္။

 

Credit

Leave a Reply

Your email address will not be published. Required fields are marked *