မြန် မာ့ သမိုင်းထဲက ဆယ့်သုံးနှစ်သား သူရဲကောင်းငထင်ငယ်

မြန်မာ့သမိုင်းထဲက ဆယ့်သုံးနှစ်သား သူရဲကောင်းငထင်ငယ်

 

 

 

ဘုရင့်နောင်မင်းကြီးတည်ထောင်ခဲ့သော တောင်ငူဧကရာဇ်နိုင်ငံတော်ကြီး ပျက်သုဉ်းပြီးနောက် အစုစုကွဲသွားသော နိုင်ငံတော်ကြီးကို သားတော် ညောင်ရမ်းမင်း ရှင်သစ္စာက ပြန်လည် စုစည်းရန် ကြိုးစားခဲ့သည်။

သို့သော် ညောင်ရမ်းမင်းသည် အလိုတော်မပြည့်မီ နတ်ရွာစံ ခဲ့သဖြင့် သူ၏ တာဝန်များကို သားတော်မဟာဓမ္မရာဇာက ဆက်လက်ခံယူကာ အင်းဝကိုဗဟိုပြု၍မြေပြန့်လွင်ပြင် အညာတစ်ခွင်ကို ဆက်လက်စည်းရုံးခဲ့သည်။

အင်းဝဘုရင်သစ်မဟာဓမ္မရာဇာ(အနောက်ဘက်လွန်မင်းတရား)သည်အေဒီ ၁၆၀၈ တွင် ပြည်မြို့ကို တိုက်ခိုက်ရာ မြို့ပေါက်သော်လည်း ပြည်ဘုရင်ရန်နိုင်စားသည်အညံ့မခံသေးဘဲ ရာဇပလ္လင်ထက်မှနေ၍ခုခံလေ၏။ မကြာမီအားမတန်၍ပြည်ဘုရင်၏ မှူးမတ် ၊ ရဲမက်အများ လက်နက်ချ၍ အညံ့ခံကြသည်။

ထိုအခါ ဘယဂါမဏိ၏တူ ပြည်ဘုရင်၏ ကျွန် အသက် ၁၃ နှစ်သာရှိသေးသော ငထင် ဟူသည့် သူငယ်သည်ကား ကျေးဇူးသစ္စာသိစွာဖြင့် “သေရလျှင် ငါ့အရှင်ရာဇပလ္လင်ရင်းတွင် သေပေစေတော့ ၊ ငါ့အရှင်ကို ငါသေမှသာ ထိပါးရမည်” ဟူ၍ အင်းဝရဲမက်တို့ကို ဓားတစ်ဖက်တစ်စင်းနှင့် ဆက်လက် ခုခံနေလေသည်။

ထိုသို့ ခုခံနေရင်း ဦးရီးတော် ဘယဂါမဏိက “ဟယ် ငထင် ၊ လူပျိုလူရွယ် ပီလှပေသည်။ သို့ရာတွင် မြို့ပျက်၍ တစ်မြို့လုံး သူ့လက်တွင်း ရောက်နေလေပြီ ၊ နင် တစ်ယောက်တည်း ခုခံ၍ ဖြစ်နိုင်မည်လော ၊ လက်နက်ချ၍ အညံ့ခံပေတော့” ဟု အော်ဟစ်၍ဆိုမှ “သူ့ဆန်စား၍ ရဲရတော့သည်” ဟု ဆိုကာ လက်နက်ချလေသည်။ (“သူ့ဆန်စား ရဲမှ” ဆိုသော စကားပုံသည် ဤကစ၍ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်)

ဤသို့ဖြင့် ပြည်မြို့ကို ရပြီးနောက် မင်းနှင့်တကွ အလိုရှိသူတို့ကို အင်းဝသို့ ယူဆောင်လေသည်တွင် ငထင်လည်း ပါလာလေသည်။ မိမိ၏ အရှင် အပါးတွင်ပင် အသက်ပေး၍ ခစားခဲ့ဖူးသဖြင့် မဟာဓမ္မရာဇာမင်းက လူကောင်းလူမွန်ဟု ယုံကြည်တော်မူကာ အပါးတော်တွင်ခေါ်၍ ဆက်လက် ချီးမြှောက်ထားလေသည်။

အင်းဝနေပြည်တော်သို့ပြန်ရောက်လျှင် မဟာဓမ္မရာဇာမင်းက “ငါသည် ပြည်မြို့ကို သိမ်းရာတွင် ရှင်တစ်ဆူ ၊ လူတစ်ယောက်သာ ရတော်မူသည်” ဟု မိန့်တော်မူသည်။ ရှင်တစ်ဆူကား “တိပိဋကလင်္ကာရ တောင်ဖီလာအကျော်ဆရာတော်” ကို ဆိုလိုပြီး လူတစ်ယောက်ကား “ငထင်”ကို ဆိုလိုခြင်းဖြစ်သည်။

မဟာဓမ္မရာဇာမင်းနတ်ရွာစံပြီးနောက် ညီတော် သာလွန်မင်း လက်ထက်သို့ ရောက်သော် ၎င်းငထင်သည် ရာထူးအဆင့်ဆင့်ဖြင့် ချီးမြှောက်ခြင်းကိုခံရပြန်သည်။ ‘နန္ဒယော်ဓာ’ ဘွဲ့ကို ပေးပြီးနောက် ဝန်ကြီးပင် ခန့်တော်မူသည်။

သာလွန်မင်း နန်းတက်စက ” ငထင်မှာ ‘ မဟာတရဖျား ‘ ဘွဲ့ကို ခံစေ ” ဟု အမိန့်တော် ရှိသည်ကို ” ကျွန်တော်ထက် အမှုထမ်းသက် သာလွန်ရင့်မာသူတို့သည် ငထင်ငယ်ကို ဘွဲ့ကြီး ပေးလေသည်ဟု ဝမ်းနည်းရန် ရှိပါသည်။ ငယ်မည်နှင့်ပင် အမှုတော်ကို ထမ်းပါမည် ” ဟု မိမိကိုယ်ကို နှိမ့်ချ၍ လျှောက်လေသည်။

ရွှေနန်းတော်သို့ အခစားဝင်လျှင် အိမ်က တစ်ကြိမ် ၊ နန်းမြို့တံခါးတွင် တစ်ကြိမ် ၊ နန်းတော်လှေခါးဝတွင် တစ်ကြိမ် ဤသို့ သုံးကြိမ် မိမိ၏အရှင်ကို မပြတ် ရှိခိုးလေ့ရှိသည်ဟုလည်း မှတ်တမ်းများတွင် တွေ့ရသည်။ (အရှင်သခင်ကို လွန်စွာလေးစား မြတ်နိုးသူ ဖြစ်သည်။)

ထို့ပြင် အရည်အချင်းရှိသော်လည်း ရာထူးနိမ့်ပါးနေသူတို့ကို တံစိုးလက်ဆောင် ပဏ္ဏာကြေးငွေမယူဘဲ “သူကောင်းပြုတော်မူပါ” ဟု သာလွန်မင်းထံ လျှောက်တင်ပေးလေ့ရှိသည်။ ပညာရှိတို့ကို ခေါ်၍ နှီးနှောပြောဆိုပြီးလျှင် ဆုလာဘ်ကြေးငွေ အထည်အလိပ် ရက်ရက်ရောရော ပေးလေ့ရှိသည်။

ဤသို့ လေးစားဖွယ်မောင်ထင်အား ဝန်ကြီးခန့်တော်မူစဉ်က “နန္ဒယော်ဓာလည်းပြည်မြို့ကိုရလျှင်ပြည်စားပျက်သည်တိုင်အောင်အတူမြဲ သည်နှင့်နောင်တော်မင်းတရားသည်အတွင်းတွင် စေတော်မူသည်ဖြစ်၍အကြောင်းမျိုးကိုတွေ့မြင်သိမီအဝါးဝသည်။

ကျေးဇူးသစ္စာတော် စောင့်သည်။ ငါယုံမှတ်တော်မူ၍ ဝန်ကြီး ခန့်တော်မူသည်” ဟုသာလွန်မင်း၏အမိန့်တော်ပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။

သူ့ဆန်စားရဲမှ ဟူသောခံယူချက်ဖြင့် အမှုတော်ထမ်းခဲ့သော နန္ဒယော်ဓာသည် သာလွန်မင်းကို နန်းချ၍ အာဏာသိမ်းရန် ကြံစည်သော သားတော်ရှင်တရုတ်၏ ပုန်ကန်မှုတွင် နန်းမြို့တော်အတွင်း ပိတ်မိနေခဲ့သည်။ (သာလွန်မင်းကမူ မှူးမတ်စစ်သည်အနည်းငယ်ဖြင့် အနောက်တံခါးမှ ထွက်ပြေးလွတ်မြောက်သွားသည်။)

ရှင်တရုတ်သည် နန်းမြို့အတွင်းကျန်ရစ်နေသူများကို စုရုံးသစ္စာပေးသည်။ သစ္စာမခံသူများကို ရက်စက်စွာ သတ်ဖြတ်သည်။ ဤတွင် နန္ဒယော်ဓာသည် အသက်ရှင်နေမှ သာလွန်မင်း၏အမှုတော်ထမ်းနိုင်မည့် ဖြစ်သဖြင့် ရှင်တရုတ်အား ပရိယာယ်သုံးသည်။

ရှင်တရုတ်ကသာလွန်မင်း၏နောက်သို့ တပ်များ စေလွှတ်၍ လုပ်ကြံစေမည်ပြုရာနန္ဒယော်ဓာက “လိပ်ဟူသည် အခွံနှင့် ကင်း၍ မနေသကဲ့သို့ ပြည့်ရှင်မင်းသည်လည်းနန်းတော်ကိုစွန့်၍ အကြာကြီးမနေပါ။

လိုက်လံမတိုက်ခိုက်သင့်ဘဲနန်းတော်အနီးလာရောက်မှ တိုက်ခိုက်သော် အရေးတော် ပြီးလွယ်မည်” ဟုပရိယာယ်ဖြင့်လျှောက်တင်သည့်အခါရှင်တရုတ်သည်လွန်စွာအားရကျေနပ်ကာ နန္ဒယော်ဓာကို ဝန်ကြီးရာထူးမှ ဝန်ချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့သည်။

သို့သော် အရှင်သခင် သာလွန်မင်းကိုသာ သစ္စာစောင့်သိသူ နန္ဒယော်ဓာသည် ရှင်တရုတ်၏ အကြံအစည် စစ်ဗျူဟာများကို အဝေးရောက် သာလွန်မင်းထံ မပြတ်ပေးပို့သည်။ ဤအကြောင်းကို ရှင်တရုတ်သိလျှင် အမျက်ပြင်းစွာ ထွက်ပြီး “နန္ဒယော်ဓာကို ယခုပင် ဖမ်းချေ”ဟုဆိုကာ ရဲမက်များကို စေလွှတ်လေ၏။

နန္ဒယော်ဓာလည်း ရဲမက်တို့၏ အရိပ်အခြေကိုမြင်သည်နှင့်နီးရာမြင်းတစ်စီးပေါ်တက်ကာ ဇက်ကုန်ဖွင့်လျှက် ကျော်ဘုံတံခါးသို့ ထွက်ပြေးလေ၏။ နန်းမြို့ရိုးမှ ရင်တားကိုမြင်းဖြင့်ခုန်ကျော်စဉ်မကျော်နိုင်သဖြင့် လှံချက်ထိကာဆုံးရှာလေ၏။ (အခြားမှတ်တမ်းတွင်မူ အုတ်မြို့ရိုးကို မြင်းဖြင့် ခုန်ကျော်စဉ် ရန်သူ့ကျည်သင့်၍ဆုံးပါးရသည်ဟုဆိုသည်။)

ဤအကြောင်းကို သာလွန်မင်းသိလျှင် လွန်စွာနှမြောတော်မူသည်။ များမကြာမီ နန္ဒယော်ဓာ လျှို့ဝှက်ပေးပို့ထားသော သတင်းအချက် အလက်များ ကို အခြေခံ၍ ပုန်ကန်သူ ရှင်တရုတ်ကို ပြန်လည်တိုက်ခိုက်အောင်မြင်တော်မူသည်။

အသက် ၁၃ နှစ်သား အရွယ်ကပင် အစွမ်းပြခဲ့သူ။ အရှင်သခင်အပေါ်လွန်စွာသစ္စာကြီးမားသူ။ မိမိကိုယ်ကိုနှိမ့်ချကာ ပညာရှိသူများကို ချီးမြှောက်သူ နန္ဒယော်ဓာသည် ညောင်ရမ်းခေတ်၏ထင်ရှားသောသူရဲကောင်းတစ်ဦး ဖြစ်ပြီး သူ၏ “သူ့ဆန်စားရဲမှ” ဟူသော စကားသည် ယနေ့တိုင်အောင် ကျေးဇူးသစ္စာစောင့်သိခြင်း၏ ပြယုဂ်အဖြစ်ဆက်လက်တည်ရှိနေပေသည်။

ကျမ်းကိုး – တွင်းသင်းရာဇဝင် (ညောင်ရမ်းဆက်) မင်းယောကျာ်းတို့၏ စကားရာဇဝင် (ဒေါက်တာမတင်ဝင်း)

Credit

 

Zawgyi

 

ျမန္မာ့သမိုင္းထဲက ဆယ့္သုံးႏွစ္သား သူရဲေကာင္းငထင္ငယ္

 

 

 

ဘုရင့္ေနာင္မင္းႀကီးတည္ေထာင္ခဲ့ေသာ ေတာင္ငူဧကရာဇ္နိုင္ငံေတာ္ႀကီး ပ်က္သုဥ္းၿပီးေနာက္ အစုစုကြဲသြားေသာ နိုင္ငံေတာ္ႀကီးကို သားေတာ္ ေညာင္ရမ္းမင္း ရွင္သစၥာက ျပန္လည္ စုစည္းရန္ ႀကိဳးစားခဲ့သည္။

သို႔ေသာ္ ေညာင္ရမ္းမင္းသည္ အလိုေတာ္မျပည့္မီ နတ္႐ြာစံ ခဲ့သျဖင့္ သူ၏ တာဝန္မ်ားကို သားေတာ္မဟာဓမၼရာဇာက ဆက္လက္ခံယူကာ အင္းဝကိုဗဟိုျပဳ၍ေျမျပန႔္လြင္ျပင္ အညာတစ္ခြင္ကို ဆက္လက္စည္း႐ုံးခဲ့သည္။

အင္းဝဘုရင္သစ္မဟာဓမၼရာဇာ(အေနာက္ဘက္လြန္မင္းတရား)သည္ေအဒီ ၁၆၀၈ တြင္ ျပည္ၿမိဳ႕ကို တိုက္ခိုက္ရာ ၿမိဳ႕ေပါက္ေသာ္လည္း ျပည္ဘုရင္ရန္နိုင္စားသည္အညံ့မခံေသးဘဲ ရာဇပလႅင္ထက္မွေန၍ခုခံေလ၏။ မၾကာမီအားမတန္၍ျပည္ဘုရင္၏ မႉးမတ္ ၊ ရဲမက္အမ်ား လက္နက္ခ်၍ အညံ့ခံၾကသည္။

ထိုအခါ ဘယဂါမဏိ၏တူ ျပည္ဘုရင္၏ ကြၽန္ အသက္ ၁၃ ႏွစ္သာရွိေသးေသာ ငထင္ ဟူသည့္ သူငယ္သည္ကား ေက်းဇူးသစၥာသိစြာျဖင့္ “ေသရလွ်င္ ငါ့အရွင္ရာဇပလႅင္ရင္းတြင္ ေသေပေစေတာ့ ၊ ငါ့အရွင္ကို ငါေသမွသာ ထိပါးရမည္” ဟူ၍ အင္းဝရဲမက္တို႔ကို ဓားတစ္ဖက္တစ္စင္းႏွင့္ ဆက္လက္ ခုခံေနေလသည္။

ထိုသို႔ ခုခံေနရင္း ဦးရီးေတာ္ ဘယဂါမဏိက “ဟယ္ ငထင္ ၊ လူပ်ိဳလူ႐ြယ္ ပီလွေပသည္။ သို႔ရာတြင္ ၿမိဳ႕ပ်က္၍ တစ္ၿမိဳ႕လုံး သူ႕လက္တြင္း ေရာက္ေနေလၿပီ ၊ နင္ တစ္ေယာက္တည္း ခုခံ၍ ျဖစ္နိုင္မည္ေလာ ၊ လက္နက္ခ်၍ အညံ့ခံေပေတာ့” ဟု ေအာ္ဟစ္၍ဆိုမွ “သူ႕ဆန္စား၍ ရဲရေတာ့သည္” ဟု ဆိုကာ လက္နက္ခ်ေလသည္။ (“သူ႕ဆန္စား ရဲမွ” ဆိုေသာ စကားပုံသည္ ဤကစ၍ ျဖစ္ေပၚခဲ့ျခင္း ျဖစ္သည္)

ဤသို႔ျဖင့္ ျပည္ၿမိဳ႕ကို ရၿပီးေနာက္ မင္းႏွင့္တကြ အလိုရွိသူတို႔ကို အင္းဝသို႔ ယူေဆာင္ေလသည္တြင္ ငထင္လည္း ပါလာေလသည္။ မိမိ၏ အရွင္ အပါးတြင္ပင္ အသက္ေပး၍ ခစားခဲ့ဖူးသျဖင့္ မဟာဓမၼရာဇာမင္းက လူေကာင္းလူမြန္ဟု ယုံၾကည္ေတာ္မူကာ အပါးေတာ္တြင္ေခၚ၍ ဆက္လက္ ခ်ီးျမႇောက္ထားေလသည္။

အင္းဝေနျပည္ေတာ္သို႔ျပန္ေရာက္လွ်င္ မဟာဓမၼရာဇာမင္းက “ငါသည္ ျပည္ၿမိဳ႕ကို သိမ္းရာတြင္ ရွင္တစ္ဆူ ၊ လူတစ္ေယာက္သာ ရေတာ္မူသည္” ဟု မိန႔္ေတာ္မူသည္။ ရွင္တစ္ဆူကား “တိပိဋကလကၤာရ ေတာင္ဖီလာအေက်ာ္ဆရာေတာ္” ကို ဆိုလိုၿပီး လူတစ္ေယာက္ကား “ငထင္”ကို ဆိုလိုျခင္းျဖစ္သည္။

မဟာဓမၼရာဇာမင္းနတ္႐ြာစံၿပီးေနာက္ ညီေတာ္ သာလြန္မင္း လက္ထက္သို႔ ေရာက္ေသာ္ ၎ငထင္သည္ ရာထူးအဆင့္ဆင့္ျဖင့္ ခ်ီးျမႇောက္ျခင္းကိုခံရျပန္သည္။ ‘နႏၵေယာ္ဓာ’ ဘြဲ႕ကို ေပးၿပီးေနာက္ ဝန္ႀကီးပင္ ခန႔္ေတာ္မူသည္။

သာလြန္မင္း နန္းတက္စက ” ငထင္မွာ ‘ မဟာတရဖ်ား ‘ ဘြဲ႕ကို ခံေစ ” ဟု အမိန႔္ေတာ္ ရွိသည္ကို ” ကြၽန္ေတာ္ထက္ အမႈထမ္းသက္ သာလြန္ရင့္မာသူတို႔သည္ ငထင္ငယ္ကို ဘြဲ႕ႀကီး ေပးေလသည္ဟု ဝမ္းနည္းရန္ ရွိပါသည္။ ငယ္မည္ႏွင့္ပင္ အမႈေတာ္ကို ထမ္းပါမည္ ” ဟု မိမိကိုယ္ကို ႏွိမ့္ခ်၍ ေလွ်ာက္ေလသည္။

ေ႐ႊနန္းေတာ္သို႔ အခစားဝင္လွ်င္ အိမ္က တစ္ႀကိမ္ ၊ နန္းၿမိဳ႕တံခါးတြင္ တစ္ႀကိမ္ ၊ နန္းေတာ္ေလွခါးဝတြင္ တစ္ႀကိမ္ ဤသို႔ သုံးႀကိမ္ မိမိ၏အရွင္ကို မျပတ္ ရွိခိုးေလ့ရွိသည္ဟုလည္း မွတ္တမ္းမ်ားတြင္ ေတြ႕ရသည္။ (အရွင္သခင္ကို လြန္စြာေလးစား ျမတ္နိုးသူ ျဖစ္သည္။)

ထို႔ျပင္ အရည္အခ်င္းရွိေသာ္လည္း ရာထူးနိမ့္ပါးေနသူတို႔ကို တံစိုးလက္ေဆာင္ ပဏၰာေၾကးေငြမယူဘဲ “သူေကာင္းျပဳေတာ္မူပါ” ဟု သာလြန္မင္းထံ ေလွ်ာက္တင္ေပးေလ့ရွိသည္။ ပညာရွိတို႔ကို ေခၚ၍ ႏွီးေႏွာေျပာဆိုၿပီးလွ်င္ ဆုလာဘ္ေၾကးေငြ အထည္အလိပ္ ရက္ရက္ေရာေရာ ေပးေလ့ရွိသည္။

ဤသို႔ ေလးစားဖြယ္ေမာင္ထင္အား ဝန္ႀကီးခန႔္ေတာ္မူစဥ္က “နႏၵေယာ္ဓာလည္းျပည္ၿမိဳ႕ကိုရလွ်င္ျပည္စားပ်က္သည္တိုင္ေအာင္အတူၿမဲ သည္ႏွင့္ေနာင္ေတာ္မင္းတရားသည္အတြင္းတြင္ ေစေတာ္မူသည္ျဖစ္၍အေၾကာင္းမ်ိဳးကိုေတြ႕ျမင္သိမီအဝါးဝသည္။

ေက်းဇူးသစၥာေတာ္ ေစာင့္သည္။ ငါယုံမွတ္ေတာ္မူ၍ ဝန္ႀကီး ခန႔္ေတာ္မူသည္” ဟုသာလြန္မင္း၏အမိန႔္ေတာ္ျပန္တမ္းတြင္ မွတ္တမ္းတင္ထားသည္။

သူ႕ဆန္စားရဲမွ ဟူေသာခံယူခ်က္ျဖင့္ အမႈေတာ္ထမ္းခဲ့ေသာ နႏၵေယာ္ဓာသည္ သာလြန္မင္းကို နန္းခ်၍ အာဏာသိမ္းရန္ ႀကံစည္ေသာ သားေတာ္ရွင္တ႐ုတ္၏ ပုန္ကန္မႈတြင္ နန္းၿမိဳ႕ေတာ္အတြင္း ပိတ္မိေနခဲ့သည္။ (သာလြန္မင္းကမူ မႉးမတ္စစ္သည္အနည္းငယ္ျဖင့္ အေနာက္တံခါးမွ ထြက္ေျပးလြတ္ေျမာက္သြားသည္။)

ရွင္တ႐ုတ္သည္ နန္းၿမိဳ႕အတြင္းက်န္ရစ္ေနသူမ်ားကို စု႐ုံးသစၥာေပးသည္။ သစၥာမခံသူမ်ားကို ရက္စက္စြာ သတ္ျဖတ္သည္။ ဤတြင္ နႏၵေယာ္ဓာသည္ အသက္ရွင္ေနမွ သာလြန္မင္း၏အမႈေတာ္ထမ္းနိုင္မည့္ ျဖစ္သျဖင့္ ရွင္တ႐ုတ္အား ပရိယာယ္သုံးသည္။

ရွင္တ႐ုတ္ကသာလြန္မင္း၏ေနာက္သို႔ တပ္မ်ား ေစလႊတ္၍ လုပ္ႀကံေစမည္ျပဳရာနႏၵေယာ္ဓာက “လိပ္ဟူသည္ အခြံႏွင့္ ကင္း၍ မေနသကဲ့သို႔ ျပည့္ရွင္မင္းသည္လည္းနန္းေတာ္ကိုစြန႔္၍ အၾကာႀကီးမေနပါ။

လိုက္လံမတိုက္ခိုက္သင့္ဘဲနန္းေတာ္အနီးလာေရာက္မွ တိုက္ခိုက္ေသာ္ အေရးေတာ္ ၿပီးလြယ္မည္” ဟုပရိယာယ္ျဖင့္ေလွ်ာက္တင္သည့္အခါရွင္တ႐ုတ္သည္လြန္စြာအားရေက်နပ္ကာ နႏၵေယာ္ဓာကို ဝန္ႀကီးရာထူးမွ ဝန္ခ်ဳပ္ရာထူးသို႔ တိုးျမႇင့္ေပးခဲ့သည္။

သို႔ေသာ္ အရွင္သခင္ သာလြန္မင္းကိုသာ သစၥာေစာင့္သိသူ နႏၵေယာ္ဓာသည္ ရွင္တ႐ုတ္၏ အႀကံအစည္ စစ္ဗ်ဴဟာမ်ားကို အေဝးေရာက္ သာလြန္မင္းထံ မျပတ္ေပးပို႔သည္။ ဤအေၾကာင္းကို ရွင္တ႐ုတ္သိလွ်င္ အမ်က္ျပင္းစြာ ထြက္ၿပီး “နႏၵေယာ္ဓာကို ယခုပင္ ဖမ္းေခ်”ဟုဆိုကာ ရဲမက္မ်ားကို ေစလႊတ္ေလ၏။

နႏၵေယာ္ဓာလည္း ရဲမက္တို႔၏ အရိပ္အေျခကိုျမင္သည္ႏွင့္နီးရာျမင္းတစ္စီးေပၚတက္ကာ ဇက္ကုန္ဖြင့္လွ်က္ ေက်ာ္ဘုံတံခါးသို႔ ထြက္ေျပးေလ၏။ နန္းၿမိဳ႕ရိုးမွ ရင္တားကိုျမင္းျဖင့္ခုန္ေက်ာ္စဥ္မေက်ာ္နိုင္သျဖင့္ လွံခ်က္ထိကာဆုံးရွာေလ၏။ (အျခားမွတ္တမ္းတြင္မူ အုတ္ၿမိဳ႕ရိုးကို ျမင္းျဖင့္ ခုန္ေက်ာ္စဥ္ ရန္သူ႕က်ည္သင့္၍ဆုံးပါးရသည္ဟုဆိုသည္။)

ဤအေၾကာင္းကို သာလြန္မင္းသိလွ်င္ လြန္စြာႏွေျမာေတာ္မူသည္။ မ်ားမၾကာမီ နႏၵေယာ္ဓာ လွ်ို႔ဝွက္ေပးပို႔ထားေသာ သတင္းအခ်က္ အလက္မ်ား ကို အေျခခံ၍ ပုန္ကန္သူ ရွင္တ႐ုတ္ကို ျပန္လည္တိုက္ခိုက္ေအာင္ျမင္ေတာ္မူသည္။

အသက္ ၁၃ ႏွစ္သား အ႐ြယ္ကပင္ အစြမ္းျပခဲ့သူ။ အရွင္သခင္အေပၚလြန္စြာသစၥာႀကီးမားသူ။ မိမိကိုယ္ကိုႏွိမ့္ခ်ကာ ပညာရွိသူမ်ားကို ခ်ီးျမႇောက္သူ နႏၵေယာ္ဓာသည္ ေညာင္ရမ္းေခတ္၏ထင္ရွားေသာသူရဲေကာင္းတစ္ဦး ျဖစ္ၿပီး သူ၏ “သူ႕ဆန္စားရဲမွ” ဟူေသာ စကားသည္ ယေန႕တိုင္ေအာင္ ေက်းဇူးသစၥာေစာင့္သိျခင္း၏ ျပယုဂ္အျဖစ္ဆက္လက္တည္ရွိေနေပသည္။

က်မ္းကိုး – တြင္းသင္းရာဇဝင္ (ေညာင္ရမ္းဆက္) မင္းေယာက်ာ္းတို႔၏ စကားရာဇဝင္ (ေဒါက္တာမတင္ဝင္း)

Credit

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *