အားကောင်းသော ပေါက်လှ နှင့် စစ်သူကြီး ဘယဂါမဏိ အကြောင်း

အားကောင်းသော ပေါက်လှ နှင့် စစ်သူကြီး ဘယဂါမဏိ အကြောင်း

အင်းဝဘုရင် နရပတိသည် ၈၃၀ တွင် မြေးတော်က လုပ်ကြံသဖြင့် သားတော်ရှိရာ ပြည်မြို့သို့ ပြေးလာသောအခါ ရာဇသင်္ကြန်တို့ သားအဖလည်း ပါလာ၏။

ထိုအခါ ပြည်ဘုရင် မင်းကြီးစွာက ” အင်းဝတွင် မင်းတို့ ရာဇသင်္ကြန် သားအဖ ယောကျ်ားကောင်း လူကျော်များဟု ကြားရသည်။ ငါ့ဆင်တော် ငရာဟု နှင့် တိုက်သော် မြင်းနှင့် ခံဝံ့ပါမည်လော ” ဟု မေးတော်မူ၏။

ရာဇသင်္ကြန်လည်း တစ်ကြိမ် နှစ်ကြိမ် မေးတော်မူသည်ကို မည်သို့မျှ မလျှောက် ၊ ဦးချ၍သာ နေ၏။ ရာဇသင်္ကြန်သား ပေါက်လှကား ” ကြိုက်သည့်မြင်းကို ရလျှင် ကျွန်တော် ခံပါမည် ” ဟု လျှောက်လေ၏။ပြည်ဘုရင်သည် မိုးသောက်လျှင် ဆင်တော် ငရာဟုကို စီး၍ ကျုံးနဖူးတွင် နေလင့်၏။

ရာဇသင်္ကြန် သားအဖလည်း ဝန် ထုပ် စည်ထုပ် ပြင်ဆင်ပြီးမှ သား ပေါက်လှသည် မြင်းစီး၍ လှံတို ၊ လှံရှည် တို့နှင့် ထွက်လာလျှင် ပြည်ဘုရင်သည် ဆီး၍ တိုက်လေ၏။ပေါက်လှလည်း ဘယ်ပြောင်း ညာပြန် အတန်ကြာကစားပြီးမှ လယ်ပြင်သို့ သွေးခဲ့ပြီးလျှင် တဲပျက်တစ်ခုကို အမှီပြု၍ ခံလေ၏။

ပြည်ဘု ရင်သည် မိမိထင်သလောက် မလွယ်ကူ ၊ အရေးမသာသဖြင့် အမျက်ထွက်လေသောကြောင့် ဆင်တော်ကို ချွန်းဖွင့်၍ တိုက်လေ၏။ ထိုအခါ ပေါက်လှက ချောင်းအကူးတွင် ပြန်၍ လှံနှင့်ထိုးလိုက်ရာ ဆင်တော်၏ လက်ကို ထိုးမိသဖြင့် ထုတ်ချင်းခပ်၍ မြေသို့ တစ်တောင်မျှ စူးသေး ၏။

ငရာဟု လှံချက်နာသောကြောင့် မလိုက်နိုင် ရှိသည်ကို သိလျှင် သားအဖလည်း အင်းဝသို့ ပြေးကြလေ၏။ပြည်ဘုရင်လည်း အလုံးအ ရင်း ခန့်၍ လိုက်စေသည်။ လိုက်ကြောင်းသိလျှင် ပေါက်လှသည် ကညင်ပင် လက်တစ်ဖက်ခန့်ကို လှံနှင့် ထိုးခဲ့သည်မှာ ထုတ်ချင်းပေါက်လေ ၏။

လိုက်သူတို့သည် ထို ထိုးခဲ့သည့် လှံချက်ကို မြင်လျှင် မလိုက်ဝံ့၍ ပြန်ခဲ့ကြလေ၏။ပြည်ဘုရင်လည်း ရအောင် မဖမ်းကောင်းလောဟု အမျက်တော်ရှိ၍ အကြီး ခေါင်းဆောင်တို့ကို သတ်လေ၏ ဟူသတည်း။

ဘယဂါမဏိ ညီအစ်ကိုသုံးယောက် – အင်း၀ မိုးညှင်းမင်း (၇၈၈ – ၈၀၁) လက်ထက် စစ်သူကြီး ဘယဂါမဏိ ဟူ၍ရှိရာ ရှမ်းတို့ကို တိုက်စေ ၏။ ဘယဂါမဏိသည် သူရဲဆင်ခြေဖုံး တစ်ထောင်နှင့် ဆင်တံခွန် လှဲ၍ ထွက်သည်ကို ရှမ်းတို့က မိမိတို့ဘက် ဝင်မည်ထင်၍ အမှတ်မဲ့နေစဉ် ဘယဂါမဏိက တိုက်လေသောကြောင့် ရှမ်းတို့ ပျက်လေ၏။

မိုးညှင်းမင်းသည်လည်း အားရတော်မူ၍ ဘယဂါမဏိ အား ပုံထားသော ရွှေပုံမှ ခုနစ်ရက်လည်အောင် တစ်နေ့တစ်ကြိမ် ကျုံးရ၏။ အဆောင်အယောင်နှင့်တကွ ငစဉ့်ကူးမြို့ကိုလည်း ပေးတော်မူ၏။ ဤဘယဂါမဏိကား အောင်ပွဲသုံးဆယ် နှင်နှင် ရသော ဟူ၏။

အခါတစ်ပါး၌ စစ်ရှုံး၍အပြန်တွင် လင်မယားနှစ်ယောက် ရန်ဖြစ်၍ လင်ထွက်ပြေးသည်ကို မ ယားက ” မိန်းမကြောက် လာလေရဲ့ ” ဟု ဟစ်လျှင် ယောကျ်ားက ” ငါ့ကို မဆိုနှင့်ဦး ၊ စစ်သူကြီး ဘယဂါမဏိ ပင် အရပ်အနေ မသင့်သော် စစ်ရှုံးရသေး၏ ” ဟု ပြန်၍ဆိုသံကို ကြားသဖြင့် ရှက်သောကြောင့် ထိုနေ့မှစ၍ စစ်ပွဲတွင် မနိုင်သော် မပြန်ဟု အဓိဋ္ဌာန်ပြုလေသည်။

တစ် ကြိမ်လည်း စစ်ထွက်၍ နှစ်စခန်းရောက်မှ မယားကို မယုံသောကြောင့် ရုပ်ဖျက်လျက် ညဉ့်အခါ ပြန်ကြည့်သော် လင်ငယ်နှင့် အိပ်နေသည်ကို မြင်လျှင် ဓားနှင့်ခုတ်မည် ပြုပြီးမှ စိတ်ကိုချုပ်၍ မခုတ်ဘဲ တိတ်တဆိတ် ပြန်သွားလေ၏။ စစ်ပွဲက ပြန်လာသောအခါ စည်းစိမ်နှင့်တကွ မယားကို ထိုလင်ငယ်အား ပေးပေ၏။

အောင်သမျှသော ပွဲတို့တွင် ဤမယားပွဲသည်သာ အမွန်မြတ်ဆုံးပွဲကြီးဟု ပညာရှိ သူမြတ်တို့ ချီးမွမ်းကြကုန်၏။ဘယဂါမဏိတွင် ညီနှစ်ယောက် ရှိသေး၏။ အလတ် ရာဇသင်္ကြန် ၊ အငယ် ရန်လိုကျွဲ တို့ဖြစ်၏။

တစ်ခါသော် အိမ်ရှေ့ မင်းနှင့် ထိုညီအစ်ကို သုံးယောက် ဗိုလ်ပြုကြ၍ တောင်ငူကို ဝန်းရံစဉ် ကျုံးထိပ်၌ ထမင်းစားနေကြသောအခါ မြို့တွင်းက လှံလွှတ်၍ ထိုးလိုက်ရာ ထမင်းပွဲလယ်တွင် ကျလာ၏။ ထိုအခါ ဘယဂါမဏိက ယောင်၏။

ရာဇသင်္ကြန်ကား လက်ကိုရုပ်ယောင် ရှိ၏။ ရန်လိုကကျွဲကား ထမင်းစား မပျက်သော ဟူ၏။ ရာဇသင်္ကြန်မှာ အောင်ပွဲ သုံးဆယ့်ငါးပွဲ ရသူ ဖြစ်လေသည်။” ရာဇသင်္ကြန် ၊ အင်းဝခံ ၊ ကျော်လျှံ သုံးဆယ်ပွဲ “(ကဝိလ က္ခဏာသတ်ပုံ) ကိုးကား – မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ(ဦးဖိုးကျား)

Credit

Zawgyi

အားေကာင္းေသာ ေပါက္လွ ႏွင့္ စစ္သူႀကီး ဘယဂါမဏိ အေၾကာင္း

 

 

အင္းဝဘုရင္ နရပတိသည္ ၈၃၀ တြင္ ေျမးေတာ္က လုပ္ႀကံသျဖင့္ သားေတာ္ရွိရာ ျပည္ၿမိဳ႕သို႔ ေျပးလာေသာအခါ ရာဇသၾကၤန္တို႔ သားအဖလည္း ပါလာ၏။

ထိုအခါ ျပည္ဘုရင္ မင္းႀကီးစြာက ” အင္းဝတြင္ မင္းတို႔ ရာဇသၾကၤန္ သားအဖ ေယာက်္ားေကာင္း လူေက်ာ္မ်ားဟု ၾကားရသည္။ ငါ့ဆင္ေတာ္ ငရာဟု ႏွင့္ တိုက္ေသာ္ ျမင္းႏွင့္ ခံဝံ့ပါမည္ေလာ ” ဟု ေမးေတာ္မူ၏။

 

ရာဇသၾကၤန္လည္း တစ္ႀကိမ္ ႏွစ္ႀကိမ္ ေမးေတာ္မူသည္ကို မည္သို႔မွ် မေလွ်ာက္ ၊ ဦးခ်၍သာ ေန၏။ ရာဇသၾကၤန္သား ေပါက္လွကား ” ႀကိဳက္သည့္ျမင္းကို ရလွ်င္ ကြၽန္ေတာ္ ခံပါမည္ ” ဟု ေလွ်ာက္ေလ၏။ျပည္ဘုရင္သည္ မိုးေသာက္လွ်င္ ဆင္ေတာ္ ငရာဟုကို စီး၍ က်ဳံးနဖူးတြင္ ေနလင့္၏။

ရာဇသၾကၤန္ သားအဖလည္း ဝန္ ထုပ္ စည္ထုပ္ ျပင္ဆင္ၿပီးမွ သား ေပါက္လွသည္ ျမင္းစီး၍ လွံတို ၊ လွံရွည္ တို႔ႏွင့္ ထြက္လာလွ်င္ ျပည္ဘုရင္သည္ ဆီး၍ တိုက္ေလ၏။ေပါက္လွလည္း ဘယ္ေျပာင္း ညာျပန္ အတန္ၾကာကစားၿပီးမွ လယ္ျပင္သို႔ ေသြးခဲ့ၿပီးလွ်င္ တဲပ်က္တစ္ခုကို အမွီျပဳ၍ ခံေလ၏။

ျပည္ဘု ရင္သည္ မိမိထင္သေလာက္ မလြယ္ကူ ၊ အေရးမသာသျဖင့္ အမ်က္ထြက္ေလေသာေၾကာင့္ ဆင္ေတာ္ကို ခြၽန္းဖြင့္၍ တိုက္ေလ၏။ ထိုအခါ ေပါက္လွက ေခ်ာင္းအကူးတြင္ ျပန္၍ လွံႏွင့္ထိုးလိုက္ရာ ဆင္ေတာ္၏ လက္ကို ထိုးမိသျဖင့္ ထုတ္ခ်င္းခပ္၍ ေျမသို႔ တစ္ေတာင္မွ် စူးေသး ၏။

 

ငရာဟု လွံခ်က္နာေသာေၾကာင့္ မလိုက္နိုင္ ရွိသည္ကို သိလွ်င္ သားအဖလည္း အင္းဝသို႔ ေျပးၾကေလ၏။ျပည္ဘုရင္လည္း အလုံးအ ရင္း ခန႔္၍ လိုက္ေစသည္။ လိုက္ေၾကာင္းသိလွ်င္ ေပါက္လွသည္ ကညင္ပင္ လက္တစ္ဖက္ခန႔္ကို လွံႏွင့္ ထိုးခဲ့သည္မွာ ထုတ္ခ်င္းေပါက္ေလ ၏။

လိုက္သူတို႔သည္ ထို ထိုးခဲ့သည့္ လွံခ်က္ကို ျမင္လွ်င္ မလိုက္ဝံ့၍ ျပန္ခဲ့ၾကေလ၏။ျပည္ဘုရင္လည္း ရေအာင္ မဖမ္းေကာင္းေလာဟု အမ်က္ေတာ္ရွိ၍ အႀကီး ေခါင္းေဆာင္တို႔ကို သတ္ေလ၏ ဟူသတည္း။

ဘယဂါမဏိ ညီအစ္ကိုသုံးေယာက္ – အင္း၀ မိုးညွင္းမင္း (၇၈၈ – ၈၀၁) လက္ထက္ စစ္သူႀကီး ဘယဂါမဏိ ဟူ၍ရွိရာ ရွမ္းတို႔ကို တိုက္ေစ ၏။ ဘယဂါမဏိသည္ သူရဲဆင္ေျခဖုံး တစ္ေထာင္ႏွင့္ ဆင္တံခြန္ လွဲ၍ ထြက္သည္ကို ရွမ္းတို႔က မိမိတို႔ဘက္ ဝင္မည္ထင္၍ အမွတ္မဲ့ေနစဥ္ ဘယဂါမဏိက တိုက္ေလေသာေၾကာင့္ ရွမ္းတို႔ ပ်က္ေလ၏။

 

မိုးညွင္းမင္းသည္လည္း အားရေတာ္မူ၍ ဘယဂါမဏိ အား ပုံထားေသာ ေ႐ႊပုံမွ ခုနစ္ရက္လည္ေအာင္ တစ္ေန႕တစ္ႀကိမ္ က်ဳံးရ၏။ အေဆာင္အေယာင္ႏွင့္တကြ ငစဉ့္ကူးၿမိဳ႕ကိုလည္း ေပးေတာ္မူ၏။ ဤဘယဂါမဏိကား ေအာင္ပြဲသုံးဆယ္ ႏွင္ႏွင္ ရေသာ ဟူ၏။

 

အခါတစ္ပါး၌ စစ္ရႈံး၍အျပန္တြင္ လင္မယားႏွစ္ေယာက္ ရန္ျဖစ္၍ လင္ထြက္ေျပးသည္ကို မ ယားက ” မိန္းမေၾကာက္ လာေလရဲ႕ ” ဟု ဟစ္လွ်င္ ေယာက်္ားက ” ငါ့ကို မဆိုႏွင့္ဦး ၊ စစ္သူႀကီး ဘယဂါမဏိ ပင္ အရပ္အေန မသင့္ေသာ္ စစ္ရႈံးရေသး၏ ” ဟု ျပန္၍ဆိုသံကို ၾကားသျဖင့္ ရွက္ေသာေၾကာင့္ ထိုေန႕မွစ၍ စစ္ပြဲတြင္ မနိုင္ေသာ္ မျပန္ဟု အဓိ႒ာန္ျပဳေလသည္။

တစ္ ႀကိမ္လည္း စစ္ထြက္၍ ႏွစ္စခန္းေရာက္မွ မယားကို မယုံေသာေၾကာင့္ ႐ုပ္ဖ်က္လ်က္ ညဉ့္အခါ ျပန္ၾကည့္ေသာ္ လင္ငယ္ႏွင့္ အိပ္ေနသည္ကို ျမင္လွ်င္ ဓားႏွင့္ခုတ္မည္ ျပဳၿပီးမွ စိတ္ကိုခ်ဳပ္၍ မခုတ္ဘဲ တိတ္တဆိတ္ ျပန္သြားေလ၏။ စစ္ပြဲက ျပန္လာေသာအခါ စည္းစိမ္ႏွင့္တကြ မယားကို ထိုလင္ငယ္အား ေပးေပ၏။

ေအာင္သမွ်ေသာ ပြဲတို႔တြင္ ဤမယားပြဲသည္သာ အမြန္ျမတ္ဆုံးပြဲႀကီးဟု ပညာရွိ သူျမတ္တို႔ ခ်ီးမြမ္းၾကကုန္၏။ဘယဂါမဏိတြင္ ညီႏွစ္ေယာက္ ရွိေသး၏။ အလတ္ ရာဇသၾကၤန္ ၊ အငယ္ ရန္လိုကြၽဲ တို႔ျဖစ္၏။

တစ္ခါေသာ္ အိမ္ေရွ႕ မင္းႏွင့္ ထိုညီအစ္ကို သုံးေယာက္ ဗိုလ္ျပဳၾက၍ ေတာင္ငူကို ဝန္းရံစဥ္ က်ဳံးထိပ္၌ ထမင္းစားေနၾကေသာအခါ ၿမိဳ႕တြင္းက လွံလႊတ္၍ ထိုးလိုက္ရာ ထမင္းပြဲလယ္တြင္ က်လာ၏။ ထိုအခါ ဘယဂါမဏိက ေယာင္၏။

ရာဇသၾကၤန္ကား လက္ကို႐ုပ္ေယာင္ ရွိ၏။ ရန္လိုကကြၽဲကား ထမင္းစား မပ်က္ေသာ ဟူ၏။ ရာဇသၾကၤန္မွာ ေအာင္ပြဲ သုံးဆယ့္ငါးပြဲ ရသူ ျဖစ္ေလသည္။” ရာဇသၾကၤန္ ၊ အင္းဝခံ ၊ ေက်ာ္လွ်ံ သုံးဆယ္ပြဲ “(ကဝိလ ကၡဏာသတ္ပုံ) ကိုးကား – ျမန္မာ့ဂုဏ္ရည္ရာဇဝင္ဖတ္စာ(ဦးဖိုးက်ား)

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *