မိမိကိုယ်မိမိ သေမိန့်ချမှတ်ခဲ့သော မကွေးမင်းကြီး ဦးကြာဥ

မိမိကိုယ်မိမိ သေမိန့်ချမှတ်ခဲ့သော မကွေးမင်းကြီး ဦးကြာဥ

 

 

ပုဂံကျောက်ဖြုန်း ဥတစ်လုံး ဟုဆိုသော ငယ်စဉ်က ကျောက်ရူးရောဂါရှိသော ကြက်တိုက်ငှက်တိုက် ချိုးထောင် ငှက်ထောင် ဝါသနာကြီးလှသော ပုဂံမင်းကြီးသည် ညီတော်မင်းတုန်းမင်း၏နန်းချခြင်းကို ခံရသော အခါ ညီတော်မင်းတုန်းမင်းအား ညီတော်ဘုရင် ကြာကြာလုပ်ချင်ရင် ဂွေးကိုလုံအောင် ထိန်းကွဲ့ ဟု မှာတော်မူရှာသည်။

ပုဂံမင်းကြီးမှာခဲ့သော ဂွေး လုံအောင်ထိန်းဆိုသည်မှာ(မကွေး) မင်းကြီးဦးကြာဥ(ယောမင်ကြီးဦးဘိုးလှိုင်၏ယောက္ခမတော်စပ်သူဝန်ရှင်တော်မင်းကြီးမဟာ မင်းလှသီဟသူဘွဲ့ခံ)ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်၏။မကွေးမင်းကြီးသည်သာယာဝတီမင်းကြီး စိတ်ဖောက် ပြန်သွားသောအခါ ပုဂံမင်းကို ထီးနန်းရစေရန် ကူညီ ခဲ့၏။

မင်းတုန်းမင်းက ပုဂံမင်းကို တိုက်ခိုက်ရာ အမရပူရမြို့ အတွင်းမှ မင်းတုန်းမင်းကို ကူညီပေးခဲ့၏။မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်း၌ မင်းသား ညီနောင်ဘက်မှ ကူညီပြန်၏။ဤဖြစ် ရပ်ကား မြင်ကွန်းမြင်းခုံတိုင်မင်းသားအရေးတော် ပုံနှင့်ဆက်စပ်နေလေသည်။

မြင်ကွန်းမင်းသား က ဘထွေးတော် အိမ်ရှေ့စံ ကနောင်မင်း သားကို လုပ်ကြံ သတ်ဖြတ်ပစ်လေသောအခါကနောင်မင်း၏ ရင်သွေးတော် ပတိမ်းမင်းသားမှာ မခံမရပ်နိုင်ဖြစ်ပြီး မင်းတုန်းမင်းတရားကြီးကိုပုန်ကန်လေတော့သည်။အကယ်၍အိမ်ရှေ့စံကနောင်မင်းလုပ်ကြံမခံရ၍ရှင်ဘုရင်ဖြစ်လျှင်ပတိန်းမင်းသားသည်အိမ်ရှေ့စံ(နောင်တွင်ရှင် ဘုရင်ဖြစ်မည့်သူ)အလောင်းအလျာဖြစ်နိုင်သည်။

 

သူ၏ဖခင်လုပ်ကြံခံလိုက်ရသည့်အခါသူ၏ရှင်ဘုရင်အိမ်မက်သည်လည်းပျောက်ကွယ်၍ သူ၏ရပ်တည်မှုပါ မသေချာမရေရာတော့ချေ။ဤသည့်ပုန်ကန်မှုကြီး၌ နန်းတွင်းမှနေ၍ မကွေးမင်းကြီး ဦးကြာဥက လျှို့ဝှက်စွာရိက္ခာများ ထောက်ပံ့ခြင်း ပြုသည်ဆို၏။

နောက် အရေးတော်ပြီးစီးသွားသောအခါ… “မကွေးမင်းကြီးက စားနပ်ရိက္ခာ” သူပုန်ပတိန်းမင်းသား တို့ဘက်ကို ထောက်ပံ့ကူညီခဲ့သည်ဟူ၍ အမှုကြီး ပေါ် လာလေ၏။သို့သော်လည်း မကွေးမင်းကြီးက ရွံ့ကြောက် တုန်လှုပ်ခြင်း အလျင်းပင်မရှိချေ။

မင်းတုန်းမင်းတရားသည်သူများပြောတိုင်း ယုံကြည် တော်မမူဘဲ အမှုမှန်ဖြစ်စေရန်အလို့ငှါ မကွေးမင်းကြီး ကို ရှေ့တော်ခေါ်စေလျက် မှူး မတ်ဗိုလ်ပုံစုံရာရှေ့မှောက်၌ ကိုယ် တိုင်စစ်ဆေးတော်မူလျှင် မကွေးမင်းကြီးက ကွယ်ဝှက်ခြင်း မရှိ။ ဟုတ်မှန်ကြောင်း ဝန်ခံသံတော်ဦး တင်လိုက်၏။

ထိုအခါမင်းတုန်းမင်းကြီးမှ…“ကောင်းပြီ၊ အမတ်ကြီးသည် လွှတ်တော်တရားသူကြီး လည်း ဖြစ်သည်။ အမတ်ကြီး၏အမှုကို အ မတ်ကြီး ကိုယ်တိုင် စီရင်ချက် ချရမည်”ဟုမိန့်တော်မူ၏။ထိုအခါ မကွေးမင်းကြီးက မိမိတရားအတွက် မိမိ ကိုယ်တိုင် တရားသူကြီးကောင်းတို့၏နေရာ၌ ရပ်တည် လျက် ဤ သို့စီရင်ချက် ချလေသည်။

သူပုန်ရန်သူအား စားနပ်ရိက္ခာများ ထောက်ပံ့သောသူ သည် မြို့ကိုကျော် သောအမှုဖြစ်သောကြောင့် သက်ရှိ သက် မဲ့ ဥစ္စာပစ္စည်းအားလုံးကို သိမ်းစေ၊ရာထူးစည်းစိမ်ကို နှုတ်သိမ်းစေ၊ တစ်ဆွေလုံး တစ်မျိုးလုံး ကိုလည်း မီးလောင်တိုက်သွင်းစေ၊ မိမိကိုယ်တိုင်ကိုလည်း သတ်စေ”ဟူ၍ စီရင်ချက် ချလေသတည်း။

ဤစီရင်ချက်ကြောင့် မင်းတုန်းမင်းတရားမှာ အံ့အား သင့်စွာဖြင့် ဤသို့မိန့်တော်မူ၏။“မင်းကြီးသည် မင်းအဆက်ဆက် အမှုတော်ကို ထမ်းဆောင်ခဲ့သောဂုဏ်ထူးရှိသည်။ မိမိကိုယ်၌ မှု ပြစ် ရှိသည်ကို မထိန်မချန် ဟုတ် မှန်သည့်အတိုင်း တင်လျှောက် သည်။

ရှေးထုံးရှေးစံ စာတမ်းစာလာရှိသည့်အတိုင်း စည်းစိမ် ရာထူးကို မငဲ့ ကွက် ၊ အသက်နှင့်တကွ ဆုံး ရှုံးစေရန် ရဲရဲဝံ့ဝံ့ မှန်ကန်ရာ တရားလမ်းရှိသည့်အတိုင်း စီရင်ချက် ပေးကြောင်း လျှောက်ဝံ့သော ဂုဏ်ထူးရှိပေ သည်။ယင်းသို့ ဖြောင့် မတ် သောမင်းကြီးကို၄င်း စီရင်ချက်ချ သည့်အတိုင်း မပြု မစီရင်ထိုက်ပေ။

မိမိအသက်စည်းစိမ်ကို စိုး ရိမ်သော ကြောင့်သာ ဓါး နီးရာ ကို ခိုရသောအရာ ဖြစ်ချေသည်။သို့ဖြစ်၍ သက်တော်ရှည်မင်းကြီးရာထူးကို ချီးမြောက် တော်မူလိုက်သည် ”ဟူ၍ မိန့်တော်မူပြီးလျှင် ကျောက်စီ တောင်ဝှေးကို သနားတော်မူလေသတည်း။

အမြော်အမြင်ရှိသောမင်းတုန်းမင်းကြီး ၏စိတ်ထား ပြည့်ဝသောကြောင့် အသတ်မခံရပေ။အမှု ၏အဖျားပိုင်းကို မရှုလေဘဲ ရင်းမြစ်ကိုလိုက်၍ “မှုပြစ်ထင်ရှားလေတိုင်းကိုလည်း အပြစ်မပေးအပ်” ဟူသော သာဓကတစ်ရပ်အဖြစ်ဖြင့် ရာဇဝင်တစ်နေရာ တွင် ဆီမီးတစ်ခွက် လင်းလက်စေခဲ့ပေသတည်း။

 

Credit

 

Zawgyi

 

မိမိကိုယ္မိမိ ေသမိန့္ခ်မွတ္ခဲ့ေသာ မေကြးမင္းႀကီး ဦးၾကာဥ

 

 

ပုဂံေက်ာက္ျဖဳန္း ဥတစ္လုံး ဟုဆိုေသာ ငယ္စဥ္က ေက်ာက္႐ူးေရာဂါရွိေသာ ၾကက္တိုက္ငွက္တိုက္ ခ်ိဳးေထာင္ ငွက္ေထာင္ ဝါသနာႀကီးလွေသာ ပုဂံမင္းႀကီးသည္ ညီေတာ္မင္းတုန္းမင္း၏နန္းခ်ျခင္းကို ခံရေသာ အခါ ညီေတာ္မင္းတုန္းမင္းအား ညီေတာ္ဘုရင္ ၾကာၾကာလုပ္ခ်င္ရင္ ေဂြးကိုလုံေအာင္ ထိန္းကြဲ႕ ဟု မွာေတာ္မူရွာသည္။

ပုဂံမင္းႀကီးမွာခဲ့ေသာ ေဂြး လုံေအာင္ထိန္းဆိုသည္မွာ(မေကြး) မင္းႀကီးဦးၾကာဥ(ေယာမင္ႀကီးဦးဘိုးလွိုင္၏ေယာကၡမေတာ္စပ္သူဝန္ရွင္ေတာ္မင္းႀကီးမဟာ မင္းလွသီဟသူဘြဲ႕ခံ)ကိုရည္ၫႊန္းေျပာဆိုျခင္းျဖစ္၏။မေကြးမင္းႀကီးသည္သာယာဝတီမင္းႀကီး စိတ္ေဖာက္ ျပန္သြားေသာအခါ ပုဂံမင္းကို ထီးနန္းရေစရန္ ကူညီ ခဲ့၏။

မင္းတုန္းမင္းက ပုဂံမင္းကို တိုက္ခိုက္ရာ အမရပူရၿမိဳ႕ အတြင္းမွ မင္းတုန္းမင္းကို ကူညီေပးခဲ့၏။ျမင္ကြန္းျမင္းခုန္တိုင္အေရးအခင္း၌ မင္းသား ညီေနာင္ဘက္မွ ကူညီျပန္၏။ဤျဖစ္ ရပ္ကား ျမင္ကြန္းျမင္းခုံတိုင္မင္းသားအေရးေတာ္ ပုံႏွင့္ဆက္စပ္ေနေလသည္။

ျမင္ကြန္းမင္းသား က ဘေထြးေတာ္ အိမ္ေရွ႕စံ ကေနာင္မင္း သားကို လုပ္ႀကံ သတ္ျဖတ္ပစ္ေလေသာအခါကေနာင္မင္း၏ ရင္ေသြးေတာ္ ပတိမ္းမင္းသားမွာ မခံမရပ္နိုင္ျဖစ္ၿပီး မင္းတုန္းမင္းတရားႀကီးကိုပုန္ကန္ေလေတာ့သည္။အကယ္၍အိမ္ေရွ႕စံကေနာင္မင္းလုပ္ႀကံမခံရ၍ရွင္ဘုရင္ျဖစ္လွ်င္ပတိန္းမင္းသားသည္အိမ္ေရွ႕စံ(ေနာင္တြင္ရွင္ ဘုရင္ျဖစ္မည့္သူ)အေလာင္းအလ်ာျဖစ္နိုင္သည္။

 

သူ၏ဖခင္လုပ္ႀကံခံလိုက္ရသည့္အခါသူ၏ရွင္ဘုရင္အိမ္မက္သည္လည္းေပ်ာက္ကြယ္၍ သူ၏ရပ္တည္မႈပါ မေသခ်ာမေရရာေတာ့ေခ်။ဤသည့္ပုန္ကန္မႈႀကီး၌ နန္းတြင္းမွေန၍ မေကြးမင္းႀကီး ဦးၾကာဥက လွ်ို႔ဝွက္စြာရိကၡာမ်ား ေထာက္ပံ့ျခင္း ျပဳသည္ဆို၏။

ေနာက္ အေရးေတာ္ၿပီးစီးသြားေသာအခါ… “မေကြးမင္းႀကီးက စားနပ္ရိကၡာ” သူပုန္ပတိန္းမင္းသား တို႔ဘက္ကို ေထာက္ပံ့ကူညီခဲ့သည္ဟူ၍ အမႈႀကီး ေပၚ လာေလ၏။သို႔ေသာ္လည္း မေကြးမင္းႀကီးက ႐ြံ႕ေၾကာက္ တုန္လႈပ္ျခင္း အလ်င္းပင္မရွိေခ်။

မင္းတုန္းမင္းတရားသည္သူမ်ားေျပာတိုင္း ယုံၾကည္ ေတာ္မမူဘဲ အမႈမွန္ျဖစ္ေစရန္အလို႔ငွါ မေကြးမင္းႀကီး ကို ေရွ႕ေတာ္ေခၚေစလ်က္ မႉး မတ္ဗိုလ္ပုံစုံရာေရွ႕ေမွာက္၌ ကိုယ္ တိုင္စစ္ေဆးေတာ္မူလွ်င္ မေကြးမင္းႀကီးက ကြယ္ဝွက္ျခင္း မရွိ။ ဟုတ္မွန္ေၾကာင္း ဝန္ခံသံေတာ္ဦး တင္လိုက္၏။

ထိုအခါမင္းတုန္းမင္းႀကီးမွ…“ေကာင္းၿပီ၊ အမတ္ႀကီးသည္ လႊတ္ေတာ္တရားသူႀကီး လည္း ျဖစ္သည္။ အမတ္ႀကီး၏အမႈကို အ မတ္ႀကီး ကိုယ္တိုင္ စီရင္ခ်က္ ခ်ရမည္”ဟုမိန႔္ေတာ္မူ၏။ထိုအခါ မေကြးမင္းႀကီးက မိမိတရားအတြက္ မိမိ ကိုယ္တိုင္ တရားသူႀကီးေကာင္းတို႔၏ေနရာ၌ ရပ္တည္ လ်က္ ဤ သို႔စီရင္ခ်က္ ခ်ေလသည္။

သူပုန္ရန္သူအား စားနပ္ရိကၡာမ်ား ေထာက္ပံ့ေသာသူ သည္ ၿမိဳ႕ကိုေက်ာ္ ေသာအမႈျဖစ္ေသာေၾကာင့္ သက္ရွိ သက္ မဲ့ ဥစၥာပစၥည္းအားလုံးကို သိမ္းေစ၊ရာထူးစည္းစိမ္ကို ႏႈတ္သိမ္းေစ၊ တစ္ေဆြလုံး တစ္မ်ိဳးလုံး ကိုလည္း မီးေလာင္တိုက္သြင္းေစ၊ မိမိကိုယ္တိုင္ကိုလည္း သတ္ေစ”ဟူ၍ စီရင္ခ်က္ ခ်ေလသတည္း။

ဤစီရင္ခ်က္ေၾကာင့္ မင္းတုန္းမင္းတရားမွာ အံ့အား သင့္စြာျဖင့္ ဤသို႔မိန႔္ေတာ္မူ၏။“မင္းႀကီးသည္ မင္းအဆက္ဆက္ အမႈေတာ္ကို ထမ္းေဆာင္ခဲ့ေသာဂုဏ္ထူးရွိသည္။ မိမိကိုယ္၌ မႈ ျပစ္ ရွိသည္ကို မထိန္မခ်န္ ဟုတ္ မွန္သည့္အတိုင္း တင္ေလွ်ာက္ သည္။

ေရွးထုံးေရွးစံ စာတမ္းစာလာရွိသည့္အတိုင္း စည္းစိမ္ ရာထူးကို မငဲ့ ကြက္ ၊ အသက္ႏွင့္တကြ ဆုံး ရႈံးေစရန္ ရဲရဲဝံ့ဝံ့ မွန္ကန္ရာ တရားလမ္းရွိသည့္အတိုင္း စီရင္ခ်က္ ေပးေၾကာင္း ေလွ်ာက္ဝံ့ေသာ ဂုဏ္ထူးရွိေပ သည္။ယင္းသို႔ ေျဖာင့္ မတ္ ေသာမင္းႀကီးကို၄င္း စီရင္ခ်က္ခ် သည့္အတိုင္း မျပဳ မစီရင္ထိုက္ေပ။

မိမိအသက္စည္းစိမ္ကို စိုး ရိမ္ေသာ ေၾကာင့္သာ ဓါး နီးရာ ကို ခိုရေသာအရာ ျဖစ္ေခ်သည္။သို႔ျဖစ္၍ သက္ေတာ္ရွည္မင္းႀကီးရာထူးကို ခ်ီးေျမာက္ ေတာ္မူလိုက္သည္ ”ဟူ၍ မိန႔္ေတာ္မူၿပီးလွ်င္ ေက်ာက္စီ ေတာင္ေဝွးကို သနားေတာ္မူေလသတည္း။

အေျမာ္အျမင္ရွိေသာမင္းတုန္းမင္းႀကီး ၏စိတ္ထား ျပည့္ဝေသာေၾကာင့္ အသတ္မခံရေပ။အမႈ ၏အဖ်ားပိုင္းကို မရႈေလဘဲ ရင္းျမစ္ကိုလိုက္၍ “မႈျပစ္ထင္ရွားေလတိုင္းကိုလည္း အျပစ္မေပးအပ္” ဟူေသာ သာဓကတစ္ရပ္အျဖစ္ျဖင့္ ရာဇဝင္တစ္ေနရာ တြင္ ဆီမီးတစ္ခြက္ လင္းလက္ေစခဲ့ေပသတည္း။

 

Credit

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *