မြန်မာနိုင်ငံ မှာ ရေနံ ကို စတင် တွေ့ရှိချိန်(သို့) မြန်မာ့ရေနံသမိုင်းအစ

မြန်မာနိုင်ငံ မှာ ရေနံ ကို စတင် တွေ့ရှိချိန်(သို့) မြန်မာ့ရေနံသမိုင်းအစ

 

 

 

မြန်မာနိုင်ငံမှာ ရေနံကို ပုဂံခေတ် စလေငခွေးမင်း လက်ထက်မှစတင် တွေ့ရှိတယ်လို့ ယူဆရတယ်။ မင်းရဲ့ မိဖုရား တိမ်းရှောင် ထွက်ပြေးရာကို ပါခဲ့တဲ့ မိဖုရားရဲ့ နောက်ပါ အဆွေအမျိုး အခြံအရံတို့ အနက်မှ ၁၂ ဦး က ရေနံထွက်ရာ အရပ်ကို စတင်တွေ့ခဲ့ကြတယ်။

ထို ၁၂ ဦးတို့က အဲ့ဒီအချိန်က “ဆိပ်သာကွန်းထောက်” လို့ ခေါ်တဲ့ ဒေသ ( နောင်အခါ ရေနံများ ချောင်းပေါက်အောင် ထွက်ရှိ၍ ရေနံချောင်းဟု ခေါ်တွင်လာသော ရေနံမြေဒေသ) ဆိုင်ရာ သူကြီးထံမှာ မြေတိုင်းစာ ခံယူ၍ ထိုအရပ်၌ပင် နေထိုင်ပြီးလျှင် ရေနံ ရောင်းချ အသက်မွေးခဲ့ကြတယ်။

ရေနံ မင်းသုံးစိုးသုံး ဖြစ်လာ

ရေနံ ကို မင်းသုံးစိုးသုံး ဖြစ်လာတဲ့ ကာလက အနော်ရထာမင်း လက်ထက်မှာ စတင်တယ်။ သထုံပြည်မှ အနော်ရထားမင်း စစ်ခင်း၍ ရရှိခဲ့တဲ့ ပိဋကတ် ကျမ်းတို့ကို ခြ၊ ပရွက်ဆိတ် စတဲ့ ပိုးမွှားတွေ မဖျက်ဆီးနိုင်အောင် ရှင်အရဟံ ရဲ့ အကြံပေးချက်အရ ရေနံဖြင့် သုတ်လိမ်းလာကြတယ်။

ရေနံ ဆက်သွင်းခဲ့တဲ့ မူလ ရေနံတွင်းရိုး အိမ်ထောင်စု တွေကို ဘွဲ့ထူး ဂုဏ်ထူး တွေ ချီးမြှင့်ခဲ့တယ်။ တွင်းရိုး အိမ်ထောင်စုတို့သည် အခြားတစ်ပါးသော မျိုးရိုးတို့နှင့် မဆက်နွှယ်ဘဲ သီးသန့် နေထိုင်ကြပြီး အနော်ရထာမင်း လက်ထက်မှာ တွင်းရိုး ၂၄ ဦး ရှိခဲ့တယ်။

အဲ့ဒီခေတ်က စပြီး မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင် မြန်မာနိုင်ငံမှာ ရေနံကို သစ်ဝါးစသည်တို့ဖြင့် ပြုလုပ်တဲ့ အဆောက်အအုံ နဲ့ လူသုံးပစ္စည်းများ မဆွေးမမြေ့စေရန်၊ ပိုးကိုက် ခြစားခြင်းမှ ကာကွယ်ရန် အတွက်သာလျှင် အသုံးပြုခဲ့ကြလေတယ်။ ဒါ့ကြောင့် ရေနံလုပ်ငန်းဟာ ရှေးပုဂံခေတ်ထိ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လှချေ။

ရေနံ အရောင်းအဝယ် စတင်

ရွှေဘိုမင်း ( သာယာဝတီမင်း ) လက်ထက် တွင်မူ ရေနံပိဿာချိန် တစ်ရာလျှင် ဒေါင်းဒင်္ဂါး တစ်ကျပ်ခွဲ နှုန်းဖြင့် ဘုရင်မင်းမြတ်ထံ သွင်းကြ၍၊ ရေနံအရောင်းအဝယ် ကို ဘုရင့်လွှတ်တော်က ကြပ်မတ်ဆောင်ရွက်မှု ခံရတယ်။ အဲ့ဒီအချိန် မှာ အနောက်နိုင်ငံသားတွေ မြန်မာနိုင်ငံ မှာ ကုန်စည် ဝင်ထွက်ရောင်းဝယ်မှု ရှိနေကြပြီဖြစ်လို့ ရေနံလုပ်ငန်း ကိုလည်း စူးစမ်းလေ့လာ လာကြပြီ။

ရွှေဘိုမင်း လက်ထက်မှာပဲ ရေနံချောင်းမှ တွင်းရိုး အနွယ်များကို သူကောင်းပြု ရာမှ ရွှေနန်းတော် ကို အဝင်အထွက် ရှိခဲ့ကြတယ်။ “တွင်းရိုးတွင်းစား” ဆိုတဲ့ အသုံးအနှုန်းက သားစဉ်မြေးဆက် ရေနံတွင်း တွေကို တစ်ဆင့်ဝယ်ယူ လုပ်ကိုင်သူများ ကို ခေါ်ပါတယ်။

တွင်းရိုးအနွယ် ကြေးမြင်မိဖုရား

မင်းတုန်းမင်း က ရေနံချောင်း မင်းကြီး၏ သမီး တွင်းရိုးအနွယ် ဖြစ်တဲ့ မှန်နန်းအပျိုတော် ကြေးမြင် တိုက်စားကို “သုသီရိပဘာ” ဘွဲ့ဖြင့် မိဖုရား မြောက်ခဲ့တယ်။ ပျဉ်းမနား မင်းသားကြီး ဟာ မင်းတုန်းမင်း နဲ့ ထိုမိဖုရားတို့ရဲ့ သားတော်ပဲ။

ကြေးမြင် မိဖုရား လို့ လူသိများတဲ့ မိဖုရားဟာ မိဘဘိုးဘွားပိုင် မြေကွက်တွေမှာ ရေနံတွင်း များ တူးဖော်စေရာ၊ တွင်းပေါင်း ၁၂ဝ ရှိ၍ ဘုရင်နှင့် မိဖုရားပိုင် ဖြစ်လို့ “တော်တွင်းများ” လို့ ခေါ်ဝေါ်ကြတယ်။

အောက်မြန်မာပြည် နိုင်ငံခြားသားများထံ ရောင်းချ

မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ် (၁၈၇၁) ခန့်ကစပြီး တွင်းရိုးတွင်းစားများ ပိုင်တဲ့ တွင်းကုန်း နဲ့ ဘေးမဲ့ ရှိ ရေနံတွင်းများမှ ထွက်တဲ့ ရေနံစိမ်း ကို အင်္ဂလိပ်ကုမ္ပဏီ ကိုယ်စားလှယ်တို့ထံ ဘုရင်မင်းမြတ်၏ အရာထမ်း အမှုထမ်းတို့၏ ကွပ်ကဲမှုဖြင့် ရောင်းချစေခဲ့တယ်။

အဲ့ဒီအချိန် ကာလမှာ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် အောက်မြန်မာပြည် တို့ဟာ အင်္ဂလိပ် လက်အောက် ကို ကျရောက်ပြီးလို့ အမေရိကန် ကုမ္ပဏီတစ်ခု က ရောင်းတဲ့ ရေနံဆီကို အသုံးပြုနေကြ ပြီ။

ဒါ့ကြောင့် ခရစ် ၁၈၇၁ ခုနှစ် ( မြန်မာ ၁၂၂၃ ခုနှစ် ) မှာ အောက်မြန်မာပြည်၊ ရန်ကုန်မြို့၊ သံလျက်စွန်း အနီး ဓနိတောအရပ် မှာ နိုင်ငံခြားသားပိုင် ရန်ကုန် ရေနံ ကုမ္ပဏီ ( အာအိုစီ ) က ရေနံချက် စက်ရုံတစ်ခုကို တည်ဆောက်ပြီး ရေနံမြေမှ ရေနံစိမ်းများ ကို ဝယ်ယူပြီးရေနံချက် လုပ်ခဲ့တယ်။

ရေနံစိမ်း အရောင်းအဝယ် သွက်လာလို့ တွင်းရိုးတွင်းစားများ နဲ့ ရေနံမြေရှိ အများပြည်သူတို့ လုပ်ငန်းကိုင်ငန်းတိုးတက် ပြီး စီးပွားရေး ဖွံ့ဖြိုးလာကြတယ်။

နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု

စီးပွားရေးသမား နိုင်ငံခြား သား တရုတ်ကုလား တို့ကလည်း ရေနံမြေသို့ ရောက်လာကြကာ၊ ရေနံလုပ်ငန်းမှာ မသိမသာ ဝင်ရောက် အရင်းအနှီး မြှုပ်နှံ လာကြတယ်။

သီပေါမင်း လက်ထက်မှာလည်း ရေနံ အရောင်းအဝယ် ကောင်းမွန်ပေမယ့် ဓနိတော ရေနံချက် စက်ရုံ ကို ရေနံချောင်းမှ ရေနံစိမ်း မှန်မှန်မပို့နိုင် လို့ ရေနံချက် လုပ်ငန်း ကို မှန်မှန် မလုပ်နိုင်ဘဲ ကုမ္ပဏီကို ဖျက်သိမ်းလိုက် ရာ အဲ့ဒီကုမ္ပဏီ အစုရှင်တစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဆိုင်းကာဂျီး က ကုမ္ပဏီရဲ့ လုပ်ငန်းကိစ္စ အဝဝကို ဝယ်ယူပြီး ရေနံလုပ်ငန်း ဆက်လက် လုပ်ဆောင်ခဲ့တာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုက်မီ ကာလ အထိပဲ။ ထိုသူ ကိုယ်တိုင်ပဲ နောင်မှာ နာမည်ကြီး BOC ကုမ္ပဏီ ထူထောင်သူ ဖြစ်လာတယ်။

အရင်းရှင် ကုမ္ပဏီများရဲ့ စားကျက်ဖြစ်လာခြင်း နဲ့ ဘီအိုစီ ကုမ္ပဏီ စတင်ခြင်း

 

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး ဗြိတိသျှ အစိုးရက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး နောက်မှာ ဒေးဗစ်ကာဂျီး က ၁၈၈၆ ခုနှစ် မှာ ဘီအိုစီ ကုမ္ပဏီကို ထူထောင်လိုက်ပြီး ရေနံလုပ်ငန်း အရပ်ရပ်ကို ချဲ့ထွင်တယ်။ တခြား အကြံတူတွေ လက်မဦးခင် အစိုးရထံ က ရေနံမြေ ရှာဖွေတူးဖော်ခွင့် ကိုလည်း အရယူလိုက်တယ်။

 

ဓနိတော ရေနံချက်စက်ရုံကို ဖြန့်ချိရေး ဌာနတစ်ခု အဖြစ်သုံးပြီး သံလျင်ဘက် ဗိုလ်ချုပ်ရွာ အနီးမှာ ရေနံချက် စက်သစ်တလုံးကို တည်ဆောက်၍ ရေနံ ချက်လုပ်စေတယ်။ ရေနံမြေမှာလည်း တွင်းတူး စက်ကိရိယာများကိုသုံး၍ ရေနံတူးဖော်စေပြီး ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ကမ္ဘာအရပ်ရပ်မှ ခေါ်ယူ အသုံးပြုခဲ့တယ်။

ဗြိတိသျှ အစိုးရ ဟာ မြန်မာနိုင်ငံ အချုပ်အချာ အာဏာကို သိမ်းယူပြီးနောက်မှာ မင်း၊ မိဖုရားပိုင် တော်တွင်း ၁ဝ၂ တွင်း နဲ့ တခြား ပိုင်ရှင်မပေါ်တဲ့ တွင်း ၂၇ တွင်း ကို သိမ်းယူပြီး ဘီအိုစီ သို့ အငှားစာချုပ် ပြုလုပ်၍ လွှဲအပ်လိုက်တယ်။ တွင်းရိုး တွင်းစားများ အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ တွင်းကုန်း နဲ့ ဘေးမဲ့ အရပ်ရှိ ရေနံမြေများကိုလည်း နယ်နိမိတ်သတ်မှတ် အတည်ပြု၍ ရေနံတွင်းရာများ ကိုပါ တပါတည်းဂဏန်း ချစေပြီး မှတ်တမ်းတင်စေတယ်။

မှတ်တမ်းများအရ တွင်းကုန်း ရေနံမြေ ရဲ့ ဧရိယာဟာ ၂၉၅ ဧက ဖြစ်ပြီး လက်တွင်းပေါင်း ၂ဝဝ ခန့် ရှိတယ်။ ဘေးမဲ့ ရေနံမြေ ဧရိယာ ၁၈၅ ဧက ဖြစ်ပြီး လက်တွင်း ၅ဝ ကျော် ရှိတယ်။ တွင်းရာ တစ်ခု နဲ့ တစ်ခု ပေ ၆ဝ ခန့် ခွာ၍ တူးဖော်နိုင်တယ်။ တော်တွင်းများ အပါအဝင် ဘီအိုစီက တူးဖော်ခွင့် ရရှိတဲ့ ရေနံမြေ ဧရိယာဟာ ၄၉၄၄ ဧက ဖြစ်ပြီး ၃ စတုရန်းမိုင် ခန့် ရှိတယ်။ “တွင်းရိုး တွင်းစား” တွေရဲ့ တွင်းတွေဟာ လက်တွင်းများ ဖြစ်ကြတယ်။

လူလည်ကျတဲ့ ဘီအိုစီ နဲ့ နိုင်ငံခြား ကုမ္ပဏီများ၁၈၈၈ ခုနှစ် ခန့်မှစ၍ ဘီအိုစီ က စက်ကိရိယာသုံး စက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းကို စတင်လုပ်ကိုင်ခဲ့တယ်။ ရေနံချောင်း၌ ဘီအိုစီဟာ အခြေတည်မိပြီး နောက်မှာ တွင်းရိုး တွင်းစားများ၏ တွင်းရာများကို လည်း အငှားယူ၍ တွင်းသစ်များ ဖောက်လုပ်ခဲ့တယ်။ အချို့တွင်းရာများ ကိုလည်း တိုက်ရိုက် ဝယ်ယူလိုက်တယ်။

အငှားယူရာ မှာလည်း အငှားစာချုပ်တွေကို တဖက်စောင်းနင်း ကျတဲ့ စည်းကမ်းချက်တွေနဲ့ ချုပ်ဆိုခဲ့ရာ၊ တွင်းရိုးတွင်းစား များမှာ တွင်းရာကို ငှားရလျှင်၊ ဆိုင်သာဆိုင် မပိုင် တဲ့ အဖြစ်ကို ရောက်ကြရတယ်။ ဘီအိုစီ သာမက နောင်ပေါ်ပေါက်လာတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး များကလည်း ထိုလမ်းအတိုင်း လိုက်၍ လျှောက်ကြတယ်။

ဘီအိုစီ ဟာ မြန်မာပြည်မှာ လုပ်ငန်း စတင်စက အရင်းအနှီး စတာလင်ပေါင် တစ်သန်းခွဲဖြင့် လုပ်ငန်းတည်ခဲ့တယ်။ နောင်အခါ စတာလင် ပေါင် ၁၈ သန်းအထိ တိုးတက် အရင်းအနှီး မြှုပ်နှံခဲ့တယ်။ ထိုကုမ္ပဏီ ဟာ အိန္ဒိယပြည် မှာသာမက ကမ္ဘာပေါ်မှာရှိတဲ့ အခြားရေနံလုပ်ငန်းကြီး များနဲ့လည်း အဆက်အသွယ်ရှိတယ်။

 

အထူးသဖြင့် ရွိုင်ယယ်ဒပ်ချ် ကုမ္ပဏီ၊ အင်္ဂလို-အီရေးနီးယန်း ရေနံ ကုမ္ပဏီကြီး တို့နှင့် ပို၍ နီးစပ်စွာ ဆက်ဆံခဲ့တယ်။ အင်္ဂလို-အီရေးနီးယန်း ရေနံ ကုမ္ပဏီမှာ ဗြိတိသျှအစိုးရက အစုရှယ်ယာ စတာလင်ပေါင် ၁၁ သန်း ပါဝင်ထားခဲ့တယ်။ ဘီအိုစီ ဟာ ၁၅ နှစ်ခန့် ရေနံမြေ မှာ တစ်ဦးတည်း ပြိုင်ဘက်ကင်းစွာ ရေနံထုတ်လုပ်ပြီး ကြီးပွားနေခဲ့တယ်။နောင်အခါ နိုင်ငံခြား ကုမ္ပဏီများ ရေနံလုပ်ငန်း သို့ အလျှို အလျှို ဝင်ရောက်လာခဲ့ရာမှ ရေနံကုမ္ပဏီပေါင်း ၃ဝ ခန့် ရှိလာခဲ့တယ်။

အိုင်ဘီပီ နဲ့ ဘီဘီပီ

ယင်းတို့အနက် (၁) အိုင်ဘီပီ ကုမ္ပဏီနှင့် (၂) ဘီဘီပီ ကုမ္ပဏီတို့သည် ထင်ရှားသော ကုမ္ပဏီကြီးများ ဖြစ်ကြတယ်။ အိုင်ဘီပီ ကုမ္ပဏီက ၁၉ဝရ ခုနှစ်ခန့်က မြန်မာ့ ရေနံလုပ်ငန်းလောကထဲသို့ ဝင်ရောက်လာပြီး စတီးဘရားသားကုမ္ပဏီက တည်ထောင်ပြီး အရင်းအနှီးငွေ တစ်ကုဋေဖြင့် စတင်ခဲ့တယ်။

 

ဒုတိယ ကမ္ဘာစစ်မဖြစ်မီ ကာလက ရေနံချက်စက်ရုံ တစ်ခုကို ဆိပ်ကြီး မှာ ဆောက်လုပ်ခဲ့သေးတယ်။ ရေနံတင် သင်္ဘောတစင်း ပိုင်၍ ဗဟို ရေနံသိုလှောင်ရေး နဲ့ ထုတ်ဝေရေး ဌာနကို အိန္ဒိယမှာ ဖွင့်လှစ် ဆောင်ရွက်တယ်။

ဘီဘီပီ ကုမ္ပဏီက ၁၉၁ဝ ပြည့်နှစ်မှ စတင်ပြီး မြန်မာ့ရေနံ လုပ်ငန်း မှာ ဝင်ရောက်ကျက်စားတယ်။ စတာလင်ပေါင် နှစ်သန်းခွဲဖြင့် အရင်းအနှီး စတည်ခဲ့သော်လည်း နောင်တစ်သန်းခွဲ သို့ လျော့ချခဲ့တယ်။ သီလဝါမှာ ရေနံချက် စက်ရုံတစ်ခု ဆောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီ ကာလအထိ ထိုကုမ္ပဏီမှ ထုတ်လုပ်တဲ့ ရေနံထွက် ပစ္စည်းများ ကို ဘီအိုစီကပင် နှစ်ပေါင်းများစွာ တာဝန်ယူ၍ ထုတ်ဝေရောင်းချခဲ့တယ်။

အထက်ဖော်ပြပါ ကုမ္ပဏီကြီများဟာ ရေနံထုတ်လုပ်မှုကို ဗြိတိသျှအစိုးရ၏ အရိပ်အာဝါသကို ခိုလှုံ၍ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အခြား ကုမ္ပဏီကလေးများမှာ ကုမ္ပဏီကြီးများရဲ့ အရှိန်အဟုန်ကို မခံနိုင်ဘဲ နောက်ဆုတ် သွားခဲ့ကြရတာလည်း ရှိခဲ့တယ်။

ကုမ္ပဏီလေးများရဲ့ အစုရှယ်ယာများကို ကုမ္ပဏီ ကြီးများက ဝယ်ယူ၍ လက်ဝါးကြီး အုပ်ခဲ့သည်လည်း ရှိတယ်။ တွင်းရိုးတွင်းစားများ ရဲ့ တွင်းရာများကိုလည်း နိုင်ငံခြား အရင်းရှင်များက ငှားယူ တဲ့အပြင် အပိုင်ဝယ်ယူခြင်းလည်း ပြုကြတယ်။ တွင်းရာများ ကို ကုမ္ပဏီများက အပြိုင်ဝယ်ယူ ကြရာ၊ မြန်မာမင်း လက်ထက်က ၁၅ ကျပ်သာ တန်ဖိုးရှိခဲ့သော တွင်းရာတစ်ခု ဟာ ကျပ်ငါးသောင်းအထိ စျေးတက်လာခဲ့တော့တယ်။

 

Credit

 

Zawgyi

 

ျမန္မာနိုင္ငံ မွာ ေရနံ ကို စတင္ ေတြ႕ရွိခ်ိန္(သို႔) ျမန္မာ့ေရနံသမိုင္းအစ

 

 

ျမန္မာနိုင္ငံမွာ ေရနံကို ပုဂံေခတ္ စေလငေခြးမင္း လက္ထက္မွစတင္ ေတြ႕ရွိတယ္လို႔ ယူဆရတယ္။ မင္းရဲ႕ မိဖုရား တိမ္းေရွာင္ ထြက္ေျပးရာကို ပါခဲ့တဲ့ မိဖုရားရဲ႕ ေနာက္ပါ အေဆြအမ်ိဳး အၿခံအရံတို႔ အနက္မွ ၁၂ ဦး က ေရနံထြက္ရာ အရပ္ကို စတင္ေတြ႕ခဲ့ၾကတယ္။

ထို ၁၂ ဦးတို႔က အဲ့ဒီအခ်ိန္က “ဆိပ္သာကြန္းေထာက္” လို႔ ေခၚတဲ့ ေဒသ ( ေနာင္အခါ ေရနံမ်ား ေခ်ာင္းေပါက္ေအာင္ ထြက္ရွိ၍ ေရနံေခ်ာင္းဟု ေခၚတြင္လာေသာ ေရနံေျမေဒသ) ဆိုင္ရာ သူႀကီးထံမွာ ေျမတိုင္းစာ ခံယူ၍ ထိုအရပ္၌ပင္ ေနထိုင္ၿပီးလွ်င္ ေရနံ ေရာင္းခ် အသက္ေမြးခဲ့ၾကတယ္။

ေရနံ မင္းသုံးစိုးသုံး ျဖစ္လာ

ေရနံ ကို မင္းသုံးစိုးသုံး ျဖစ္လာတဲ့ ကာလက အေနာ္ရထာမင္း လက္ထက္မွာ စတင္တယ္။ သထုံျပည္မွ အေနာ္ရထားမင္း စစ္ခင္း၍ ရရွိခဲ့တဲ့ ပိဋကတ္ က်မ္းတို႔ကို ျခ၊ ပ႐ြက္ဆိတ္ စတဲ့ ပိုးမႊားေတြ မဖ်က္ဆီးနိုင္ေအာင္ ရွင္အရဟံ ရဲ႕ အႀကံေပးခ်က္အရ ေရနံျဖင့္ သုတ္လိမ္းလာၾကတယ္။

ေရနံ ဆက္သြင္းခဲ့တဲ့ မူလ ေရနံတြင္းရိုး အိမ္ေထာင္စု ေတြကို ဘြဲ႕ထူး ဂုဏ္ထူး ေတြ ခ်ီးျမႇင့္ခဲ့တယ္။ တြင္းရိုး အိမ္ေထာင္စုတို႔သည္ အျခားတစ္ပါးေသာ မ်ိဳးရိုးတို႔ႏွင့္ မဆက္ႏႊယ္ဘဲ သီးသန႔္ ေနထိုင္ၾကၿပီး အေနာ္ရထာမင္း လက္ထက္မွာ တြင္းရိုး ၂၄ ဦး ရွိခဲ့တယ္။

အဲ့ဒီေခတ္က စၿပီး မင္းတုန္းမင္းတရားႀကီး လက္ထက္တိုင္ေအာင္ ျမန္မာနိုင္ငံမွာ ေရနံကို သစ္ဝါးစသည္တို႔ျဖင့္ ျပဳလုပ္တဲ့ အေဆာက္အအုံ နဲ႕ လူသုံးပစၥည္းမ်ား မေဆြးမေျမ့ေစရန္၊ ပိုးကိုက္ ျခစားျခင္းမွ ကာကြယ္ရန္ အတြက္သာလွ်င္ အသုံးျပဳခဲ့ၾကေလတယ္။ ဒါ့ေၾကာင့္ ေရနံလုပ္ငန္းဟာ ေရွးပုဂံေခတ္ထိ ဖြံ႕ၿဖိဳးတိုးတက္မႈ မရွိခဲ့လွေခ်။

ေရနံ အေရာင္းအဝယ္ စတင္

ေ႐ႊဘိုမင္း ( သာယာဝတီမင္း ) လက္ထက္ တြင္မူ ေရနံပိႆာခ်ိန္ တစ္ရာလွ်င္ ေဒါင္းဒဂၤါး တစ္က်ပ္ခြဲ ႏႈန္းျဖင့္ ဘုရင္မင္းျမတ္ထံ သြင္းၾက၍၊ ေရနံအေရာင္းအဝယ္ ကို ဘုရင့္လႊတ္ေတာ္က ၾကပ္မတ္ေဆာင္႐ြက္မႈ ခံရတယ္။ အဲ့ဒီအခ်ိန္ မွာ အေနာက္နိုင္ငံသားေတြ ျမန္မာနိုင္ငံ မွာ ကုန္စည္ ဝင္ထြက္ေရာင္းဝယ္မႈ ရွိေနၾကၿပီျဖစ္လို႔ ေရနံလုပ္ငန္း ကိုလည္း စူးစမ္းေလ့လာ လာၾကၿပီ။

ေ႐ႊဘိုမင္း လက္ထက္မွာပဲ ေရနံေခ်ာင္းမွ တြင္းရိုး အႏြယ္မ်ားကို သူေကာင္းျပဳ ရာမွ ေ႐ႊနန္းေတာ္ ကို အဝင္အထြက္ ရွိခဲ့ၾကတယ္။ “တြင္းရိုးတြင္းစား” ဆိုတဲ့ အသုံးအႏႈန္းက သားစဥ္ေျမးဆက္ ေရနံတြင္း ေတြကို တစ္ဆင့္ဝယ္ယူ လုပ္ကိုင္သူမ်ား ကို ေခၚပါတယ္။

တြင္းရိုးအႏြယ္ ေၾကးျမင္မိဖုရား

မင္းတုန္းမင္း က ေရနံေခ်ာင္း မင္းႀကီး၏ သမီး တြင္းရိုးအႏြယ္ ျဖစ္တဲ့ မွန္နန္းအပ်ိဳေတာ္ ေၾကးျမင္ တိုက္စားကို “သုသီရိပဘာ” ဘြဲ႕ျဖင့္ မိဖုရား ေျမာက္ခဲ့တယ္။ ပ်ဥ္းမနား မင္းသားႀကီး ဟာ မင္းတုန္းမင္း နဲ႕ ထိုမိဖုရားတို႔ရဲ႕ သားေတာ္ပဲ။

ေၾကးျမင္ မိဖုရား လို႔ လူသိမ်ားတဲ့ မိဖုရားဟာ မိဘဘိုးဘြားပိုင္ ေျမကြက္ေတြမွာ ေရနံတြင္း မ်ား တူးေဖာ္ေစရာ၊ တြင္းေပါင္း ၁၂ဝ ရွိ၍ ဘုရင္ႏွင့္ မိဖုရားပိုင္ ျဖစ္လို႔ “ေတာ္တြင္းမ်ား” လို႔ ေခၚေဝၚၾကတယ္။

ေအာက္ျမန္မာျပည္ နိုင္ငံျခားသားမ်ားထံ ေရာင္းခ်

ျမန္မာ သကၠရာဇ္ ၁၂၂၃ ခုႏွစ္ (၁၈၇၁) ခန႔္ကစၿပီး တြင္းရိုးတြင္းစားမ်ား ပိုင္တဲ့ တြင္းကုန္း နဲ႕ ေဘးမဲ့ ရွိ ေရနံတြင္းမ်ားမွ ထြက္တဲ့ ေရနံစိမ္း ကို အဂၤလိပ္ကုမၸဏီ ကိုယ္စားလွယ္တို႔ထံ ဘုရင္မင္းျမတ္၏ အရာထမ္း အမႈထမ္းတို႔၏ ကြပ္ကဲမႈျဖင့္ ေရာင္းခ်ေစခဲ့တယ္။

အဲ့ဒီအခ်ိန္ ကာလမွာ အာသံ၊ မဏိပူရ၊ ရခိုင္ႏွင့္ ေအာက္ျမန္မာျပည္ တို႔ဟာ အဂၤလိပ္ လက္ေအာက္ ကို က်ေရာက္ၿပီးလို႔ အေမရိကန္ ကုမၸဏီတစ္ခု က ေရာင္းတဲ့ ေရနံဆီကို အသုံးျပဳေနၾက ၿပီ။

ဒါ့ေၾကာင့္ ခရစ္ ၁၈၇၁ ခုႏွစ္ ( ျမန္မာ ၁၂၂၃ ခုႏွစ္ ) မွာ ေအာက္ျမန္မာျပည္၊ ရန္ကုန္ၿမိဳ႕၊ သံလ်က္စြန္း အနီး ဓနိေတာအရပ္ မွာ နိုင္ငံျခားသားပိုင္ ရန္ကုန္ ေရနံ ကုမၸဏီ ( အာအိုစီ ) က ေရနံခ်က္ စက္႐ုံတစ္ခုကို တည္ေဆာက္ၿပီး ေရနံေျမမွ ေရနံစိမ္းမ်ား ကို ဝယ္ယူၿပီးေရနံခ်က္ လုပ္ခဲ့တယ္။

ေရနံစိမ္း အေရာင္းအဝယ္ သြက္လာလို႔ တြင္းရိုးတြင္းစားမ်ား နဲ႕ ေရနံေျမရွိ အမ်ားျပည္သူတို႔ လုပ္ငန္းကိုင္ငန္းတိုးတက္ ၿပီး စီးပြားေရး ဖြံ႕ၿဖိဳးလာၾကတယ္။

နိုင္ငံျခားသား ရင္းႏွီးျမႇပ္ႏွံမႈ

စီးပြားေရးသမား နိုင္ငံျခား သား တ႐ုတ္ကုလား တို႔ကလည္း ေရနံေျမသို႔ ေရာက္လာၾကကာ၊ ေရနံလုပ္ငန္းမွာ မသိမသာ ဝင္ေရာက္ အရင္းအႏွီး ျမႇုပ္ႏွံ လာၾကတယ္။

သီေပါမင္း လက္ထက္မွာလည္း ေရနံ အေရာင္းအဝယ္ ေကာင္းမြန္ေပမယ့္ ဓနိေတာ ေရနံခ်က္ စက္႐ုံ ကို ေရနံေခ်ာင္းမွ ေရနံစိမ္း မွန္မွန္မပို႔နိုင္ လို႔ ေရနံခ်က္ လုပ္ငန္း ကို မွန္မွန္ မလုပ္နိုင္ဘဲ ကုမၸဏီကို ဖ်က္သိမ္းလိုက္ ရာ အဲ့ဒီကုမၸဏီ အစုရွင္တစ္ဦး ျဖစ္တဲ့ ေဒးဗစ္ဆိုင္းကာဂ်ီး က ကုမၸဏီရဲ႕ လုပ္ငန္းကိစၥ အဝဝကို ဝယ္ယူၿပီး ေရနံလုပ္ငန္း ဆက္လက္ လုပ္ေဆာင္ခဲ့တာ တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲ မတိုက္မီ ကာလ အထိပဲ။ ထိုသူ ကိုယ္တိုင္ပဲ ေနာင္မွာ နာမည္ႀကီး BOC ကုမၸဏီ ထူေထာင္သူ ျဖစ္လာတယ္။

အရင္းရွင္ ကုမၸဏီမ်ားရဲ႕ စားက်က္ျဖစ္လာျခင္း နဲ႕ ဘီအိုစီ ကုမၸဏီ စတင္ျခင္း

 

တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲ အၿပီး ၿဗိတိသွ် အစိုးရက ျမန္မာတစ္နိုင္ငံလုံးကို သိမ္းပိုက္ၿပီး ေနာက္မွာ ေဒးဗစ္ကာဂ်ီး က ၁၈၈၆ ခုႏွစ္ မွာ ဘီအိုစီ ကုမၸဏီကို ထူေထာင္လိုက္ၿပီး ေရနံလုပ္ငန္း အရပ္ရပ္ကို ခ်ဲ့ထြင္တယ္။ တျခား အႀကံတူေတြ လက္မဦးခင္ အစိုးရထံ က ေရနံေျမ ရွာေဖြတူးေဖာ္ခြင့္ ကိုလည္း အရယူလိုက္တယ္။

 

ဓနိေတာ ေရနံခ်က္စက္႐ုံကို ျဖန႔္ခ်ိေရး ဌာနတစ္ခု အျဖစ္သုံးၿပီး သံလ်င္ဘက္ ဗိုလ္ခ်ဳပ္႐ြာ အနီးမွာ ေရနံခ်က္ စက္သစ္တလုံးကို တည္ေဆာက္၍ ေရနံ ခ်က္လုပ္ေစတယ္။ ေရနံေျမမွာလည္း တြင္းတူး စက္ကိရိယာမ်ားကိုသုံး၍ ေရနံတူးေဖာ္ေစၿပီး ကြၽမ္းက်င္တဲ့ အလုပ္သမားေတြကို ကမာၻအရပ္ရပ္မွ ေခၚယူ အသုံးျပဳခဲ့တယ္။

ၿဗိတိသွ် အစိုးရ ဟာ ျမန္မာနိုင္ငံ အခ်ဳပ္အခ်ာ အာဏာကို သိမ္းယူၿပီးေနာက္မွာ မင္း၊ မိဖုရားပိုင္ ေတာ္တြင္း ၁ဝ၂ တြင္း နဲ႕ တျခား ပိုင္ရွင္မေပၚတဲ့ တြင္း ၂၇ တြင္း ကို သိမ္းယူၿပီး ဘီအိုစီ သို႔ အငွားစာခ်ဳပ္ ျပဳလုပ္၍ လႊဲအပ္လိုက္တယ္။ တြင္းရိုး တြင္းစားမ်ား အစဥ္အဆက္ ပိုင္ဆိုင္ခဲ့တဲ့ တြင္းကုန္း နဲ႕ ေဘးမဲ့ အရပ္ရွိ ေရနံေျမမ်ားကိုလည္း နယ္နိမိတ္သတ္မွတ္ အတည္ျပဳ၍ ေရနံတြင္းရာမ်ား ကိုပါ တပါတည္းဂဏန္း ခ်ေစၿပီး မွတ္တမ္းတင္ေစတယ္။

မွတ္တမ္းမ်ားအရ တြင္းကုန္း ေရနံေျမ ရဲ႕ ဧရိယာဟာ ၂၉၅ ဧက ျဖစ္ၿပီး လက္တြင္းေပါင္း ၂ဝဝ ခန႔္ ရွိတယ္။ ေဘးမဲ့ ေရနံေျမ ဧရိယာ ၁၈၅ ဧက ျဖစ္ၿပီး လက္တြင္း ၅ဝ ေက်ာ္ ရွိတယ္။ တြင္းရာ တစ္ခု နဲ႕ တစ္ခု ေပ ၆ဝ ခန႔္ ခြာ၍ တူးေဖာ္နိုင္တယ္။ ေတာ္တြင္းမ်ား အပါအဝင္ ဘီအိုစီက တူးေဖာ္ခြင့္ ရရွိတဲ့ ေရနံေျမ ဧရိယာဟာ ၄၉၄၄ ဧက ျဖစ္ၿပီး ၃ စတုရန္းမိုင္ ခန႔္ ရွိတယ္။ “တြင္းရိုး တြင္းစား” ေတြရဲ႕ တြင္းေတြဟာ လက္တြင္းမ်ား ျဖစ္ၾကတယ္။

လူလည္က်တဲ့ ဘီအိုစီ နဲ႕ နိုင္ငံျခား ကုမၸဏီမ်ား၁၈၈၈ ခုႏွစ္ ခန႔္မွစ၍ ဘီအိုစီ က စက္ကိရိယာသုံး စက္တြင္းမ်ားျဖင့္ ေရနံတူးေဖာ္ျခင္းကို စတင္လုပ္ကိုင္ခဲ့တယ္။ ေရနံေခ်ာင္း၌ ဘီအိုစီဟာ အေျခတည္မိၿပီး ေနာက္မွာ တြင္းရိုး တြင္းစားမ်ား၏ တြင္းရာမ်ားကို လည္း အငွားယူ၍ တြင္းသစ္မ်ား ေဖာက္လုပ္ခဲ့တယ္။ အခ်ိဳ႕တြင္းရာမ်ား ကိုလည္း တိုက္ရိုက္ ဝယ္ယူလိုက္တယ္။

အငွားယူရာ မွာလည္း အငွားစာခ်ဳပ္ေတြကို တဖက္ေစာင္းနင္း က်တဲ့ စည္းကမ္းခ်က္ေတြနဲ႕ ခ်ဳပ္ဆိုခဲ့ရာ၊ တြင္းရိုးတြင္းစား မ်ားမွာ တြင္းရာကို ငွားရလွ်င္၊ ဆိုင္သာဆိုင္ မပိုင္ တဲ့ အျဖစ္ကို ေရာက္ၾကရတယ္။ ဘီအိုစီ သာမက ေနာင္ေပၚေပါက္လာတဲ့ နိုင္ငံျခား ကုမၸဏီႀကီး မ်ားကလည္း ထိုလမ္းအတိုင္း လိုက္၍ ေလွ်ာက္ၾကတယ္။

ဘီအိုစီ ဟာ ျမန္မာျပည္မွာ လုပ္ငန္း စတင္စက အရင္းအႏွီး စတာလင္ေပါင္ တစ္သန္းခြဲျဖင့္ လုပ္ငန္းတည္ခဲ့တယ္။ ေနာင္အခါ စတာလင္ ေပါင္ ၁၈ သန္းအထိ တိုးတက္ အရင္းအႏွီး ျမႇုပ္ႏွံခဲ့တယ္။ ထိုကုမၸဏီ ဟာ အိႏၵိယျပည္ မွာသာမက ကမာၻေပၚမွာရွိတဲ့ အျခားေရနံလုပ္ငန္းႀကီး မ်ားနဲ႕လည္း အဆက္အသြယ္ရွိတယ္။

 

အထူးသျဖင့္ ႐ြိုင္ယယ္ဒပ္ခ်္ ကုမၸဏီ၊ အဂၤလို-အီေရးနီးယန္း ေရနံ ကုမၸဏီႀကီး တို႔ႏွင့္ ပို၍ နီးစပ္စြာ ဆက္ဆံခဲ့တယ္။ အဂၤလို-အီေရးနီးယန္း ေရနံ ကုမၸဏီမွာ ၿဗိတိသွ်အစိုးရက အစုရွယ္ယာ စတာလင္ေပါင္ ၁၁ သန္း ပါဝင္ထားခဲ့တယ္။ ဘီအိုစီ ဟာ ၁၅ ႏွစ္ခန႔္ ေရနံေျမ မွာ တစ္ဦးတည္း ၿပိဳင္ဘက္ကင္းစြာ ေရနံထုတ္လုပ္ၿပီး ႀကီးပြားေနခဲ့တယ္။ေနာင္အခါ နိုင္ငံျခား ကုမၸဏီမ်ား ေရနံလုပ္ငန္း သို႔ အလွ်ို အလွ်ို ဝင္ေရာက္လာခဲ့ရာမွ ေရနံကုမၸဏီေပါင္း ၃ဝ ခန႔္ ရွိလာခဲ့တယ္။

အိုင္ဘီပီ နဲ႕ ဘီဘီပီ

ယင္းတို႔အနက္ (၁) အိုင္ဘီပီ ကုမၸဏီႏွင့္ (၂) ဘီဘီပီ ကုမၸဏီတို႔သည္ ထင္ရွားေသာ ကုမၸဏီႀကီးမ်ား ျဖစ္ၾကတယ္။ အိုင္ဘီပီ ကုမၸဏီက ၁၉ဝရ ခုႏွစ္ခန႔္က ျမန္မာ့ ေရနံလုပ္ငန္းေလာကထဲသို႔ ဝင္ေရာက္လာၿပီး စတီးဘရားသားကုမၸဏီက တည္ေထာင္ၿပီး အရင္းအႏွီးေငြ တစ္ကုေဋျဖင့္ စတင္ခဲ့တယ္။

 

ဒုတိယ ကမာၻစစ္မျဖစ္မီ ကာလက ေရနံခ်က္စက္႐ုံ တစ္ခုကို ဆိပ္ႀကီး မွာ ေဆာက္လုပ္ခဲ့ေသးတယ္။ ေရနံတင္ သေဘၤာတစင္း ပိုင္၍ ဗဟို ေရနံသိုေလွာင္ေရး နဲ႕ ထုတ္ေဝေရး ဌာနကို အိႏၵိယမွာ ဖြင့္လွစ္ ေဆာင္႐ြက္တယ္။

ဘီဘီပီ ကုမၸဏီက ၁၉၁ဝ ျပည့္ႏွစ္မွ စတင္ၿပီး ျမန္မာ့ေရနံ လုပ္ငန္း မွာ ဝင္ေရာက္က်က္စားတယ္။ စတာလင္ေပါင္ ႏွစ္သန္းခြဲျဖင့္ အရင္းအႏွီး စတည္ခဲ့ေသာ္လည္း ေနာင္တစ္သန္းခြဲ သို႔ ေလ်ာ့ခ်ခဲ့တယ္။ သီလဝါမွာ ေရနံခ်က္ စက္႐ုံတစ္ခု ေဆာက္ခဲ့သည္။ ဒုတိယ ကမာၻစစ္မတိုင္မီ ကာလအထိ ထိုကုမၸဏီမွ ထုတ္လုပ္တဲ့ ေရနံထြက္ ပစၥည္းမ်ား ကို ဘီအိုစီကပင္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ယူ၍ ထုတ္ေဝေရာင္းခ်ခဲ့တယ္။

အထက္ေဖာ္ျပပါ ကုမၸဏီႀကီမ်ားဟာ ေရနံထုတ္လုပ္မႈကို ၿဗိတိသွ်အစိုးရ၏ အရိပ္အာဝါသကို ခိုလႈံ၍ တြင္တြင္ က်ယ္က်ယ္ ေဆာင္႐ြက္နိုင္ခဲ့ၾကတယ္။ အျခား ကုမၸဏီကေလးမ်ားမွာ ကုမၸဏီႀကီးမ်ားရဲ႕ အရွိန္အဟုန္ကို မခံနိုင္ဘဲ ေနာက္ဆုတ္ သြားခဲ့ၾကရတာလည္း ရွိခဲ့တယ္။

ကုမၸဏီေလးမ်ားရဲ႕ အစုရွယ္ယာမ်ားကို ကုမၸဏီ ႀကီးမ်ားက ဝယ္ယူ၍ လက္ဝါးႀကီး အုပ္ခဲ့သည္လည္း ရွိတယ္။ တြင္းရိုးတြင္းစားမ်ား ရဲ႕ တြင္းရာမ်ားကိုလည္း နိုင္ငံျခား အရင္းရွင္မ်ားက ငွားယူ တဲ့အျပင္ အပိုင္ဝယ္ယူျခင္းလည္း ျပဳၾကတယ္။ တြင္းရာမ်ား ကို ကုမၸဏီမ်ားက အၿပိဳင္ဝယ္ယူ ၾကရာ၊ ျမန္မာမင္း လက္ထက္က ၁၅ က်ပ္သာ တန္ဖိုးရွိခဲ့ေသာ တြင္းရာတစ္ခု ဟာ က်ပ္ငါးေသာင္းအထိ ေစ်းတက္လာခဲ့ေတာ့တယ္။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *