ဘုရင့်နောင်မင်းတရားကြီး၏သားတော်ဘုရင့်နောင်မင်းတရားကြီး၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင် အကြောင်း

ဘုရင့်နောင်မင်းတရားကြီး၏သားတော်ဘုရင့်နောင်မင်းတရားကြီး၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင် အကြောင်း

 

 

နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။

ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူ၊ အင်းဝ၊ ပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်း အလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲ အလှယ်လုပ်ခဲ့သည်။

သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ် သည်။

ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။

ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက် အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။

ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။

နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။

တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။

နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် လွန်လေသည်။

 

Credit

 

Zawgyi

 

ဘုရင့္ေနာင္မင္းတရားႀကီး၏သားေတာ္ဘုရင့္ေနာင္မင္းတရားႀကီး၏သားေတာ္ ငါးဆူဒါယကာ နႏၵဘုရင္ အေၾကာင္း

 

 

နႏၵဘုရင္ (ငါးဆူဒါယကာမင္း) (၁၅၈၁-၁၅၉၉) သည္ ဘုရင့္ေနာင္ ၏သားေတာ္အိမ္ေရွ႕မင္းျဖစ္သည္။ ဘုရင့္ေနာင္ လြန္လွ်င္ ဟံသာဝတီထီးနန္းကို စိုးစံအုပ္ခ်ဳပ္သည္။

ခမည္းေတာ္ လက္ထက္အတိုင္းပင္ ေတာင္ငူ၊ အင္းဝ၊ ျပည္၊ ဇင္းမယ္ မွ အေဆြအမ်ိဳးမ်ားကို အေျပာင္း အလဲမရွိ ဆက္လက္အုပ္ခ်ဳပ္ေစသည္။ ထို႔အျပင္ မိုးကုတ္ ေက်ာက္တြင္းမ်ားကို မိုးမိတ္ ေစာ္ဘြားထံမွ တေကာင္းေဒသ ကိုေပးၿပီး အလဲ အလွယ္လုပ္ခဲ့သည္။

သို႔ေသာ္ နႏၵဘုရင္သည္ မေအာင္ျမင္သည့္ ယိုးဒယားစစ္ကို အႀကိမ္ႀကိမ္ ခ်ီတက္ေစသျဖင့္ အင္အားကိုျဖဳန္းတီးေလသည္။ ထို စစ္ပြဲတြင္ သားေတာ္ႀကီး မဟာဥပရာဇ္ က်ဆဳံးေလေသာေၾကာင့္ လက္စားေခ်လိဳစိတ္ျဖင့္ အႀကိမ္ႀကိမ္ စစ္ျပဳျခင္းျဖစ္ သည္။

ထို႔အျပင္ လက္ေအာက္ခံ နိုင္ငံမ်ားကိုလည္း ပရိယာယ္ကင္းစြာအုပ္ခ်ဳပ္သျဖင့္ သကၠရာဇ္ ၉၅၆ တြင္ ယိုးဒယား၊ ျပည္၊ ေမာ္လၿမိဳင္၊ ေမွာ္ပီ စသည့္ေဒသမ်ားမွ ပုန္ကန္ေလသည္။

ထိုသို႔ေသာ္ ပုန္ကန္မႈမ်ားကို ႏွိမ္နင္းရန္အတြက္လည္းေကာင္း၊ မပုန္ကန္ေသးသည့္ လက္ ေအာက္ခံတို႔ကို မယုံၾကည္သည့္အတြက္လည္းေကာင္း နႏၵဘုရင္သည္ ေတာင္ငူအိမ္ေရွ႕မင္း နတ္သွ်င္ေနာင္အား ဆင္ေတာ္ ဥေပါသထ ႏွင့္တကြ လာေရာက္အမႈထမ္းရမည္ ဟုဆင့္ေခၚသည္။

ထို႔အတူပင္ ဇင္းမယ္ေနာ္ရထာအားလည္းေကာင္း၊ ေညာင္ရမ္း မင္းရဲနႏၵမိတ္အားလည္းေကာင္း အလားတူေတာင္းဆိုသျဖင့္ ဇင္းမယ္ႏွင့္ အတူ ေတာင္ငူလည္း ပုန္ကန္ေလသည္။

ေနာက္ဆုံးတြင္ ရခိုင္ဘုရင္ မင္းဗာႀကီး၊ ေတာင္ငူဘုရင္ မင္းရဲသီဟသူတို႔ ႏွစ္ဖက္ညွပ္တိုက္သည္ကို မခံနိုင္သည့္အတြက္လည္းေကာင္း သားေတာ္ အိမ္ေရွ႕မင္း မင္းရဲေက်ာ္စြာ ေတာင္ငူတပ္မွ နတ္သွ်င္ေနာင္ထံ လက္နက္ခ် အညံ့ခံလိုက္သည့္အတြက္ လည္းေကာင္း အလြန္စိတ္ဓာတ္က်ဆင္းၿပီး ကိုယ္တိုင္ အညံ့ခံလိုက္ေတာ့သည္။

ေတာင္ငူသို႔ နႏၵဘုရင္ပါလွ်င္ ယိုးဒယားမင္း ေတာင္ငူသို႔လာေရာက္ၿပီး နႏၵဘုရင္အား ေပးရန္ေတာင္းသည္။ မင္းရဲသီဟသူက မေပးသျဖင့္ ေတာင္ငူကိုတိုက္သည္။ နတ္သွ်င္ေနာင္ ထြက္တိုက္သျဖင့္ ယိုးဒယားတပ္ပ်က္ေလသည္။

ေနာက္တြင္ နတ္သွ်င္ေနာင္ သည္ နႏၵဘုရင္အား ဆက္လက္ထားလွ်င္ အေရးထပ္ေပၚမည္ကို ေတြးၿပီး မယ္ေတာ္ႏွင့္တိုင္ပင္ကာ နႏၵဘုရင္ကို အဆိပ္ခတ္လုပ္ႀကံသည္။ သို႔ျဖင့္ နႏၵဘုရင္သည္ သကၠရာဇ္ ၉၆၂ ၊တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္တြင္ လြန္ေလသည္။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *