ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ် အကြောင်း

ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ် အကြောင်း

 

 

သီပေါမင်းတရားခေတ်တွင် နန်းတွင်းရေးသည် အလွန် ရှုပ်ထွေးခဲ့သည်။ ထိုနန်းတွင်း အရှုပ်အထွေးများ အကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်းအတွင်းတော်၌ မီးထတောက်ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။

ဤအချစ်ရေးတွင် အရေးပါ အရာရောက်ခဲ့သူ တယောက်ကား “ရနောင်မောင်မောင်တုတ်” ပင် ဖြစ်သည်။ရနောင်မောင်မောင်တုတ်၏ ငယ်မည်သည် မောင်ညိုတုတ် ဖြစ်သည်။ မောင်ညိုတုတ်၏ ဖခင်မှာ ရေနံချောင်းမင်းကြီး ဦးပိန် ဖြစ်၍ မိခင်မှာ ရေနံချောင်း ဝန်ကြီးကတော် သခင်ကြီး ဖြစ်သည်။

မောင်ညိုတုတ် မိခင်သည် စုဘုရားလတ်၏ နို့ထိန်း ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးသည် ပုဂံမင်းကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်ခွာစဉ်အခါက မောင်ညိုတုတ်၏ ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်က ပါသည်ဟု ဆိုသည်။

လမ်းခရီးတွင် မောင်ညိုတုတ်၏ ဖခင် ဦးပိန်မှာ ကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ပြန်၍ ရွှေနန်းတော် သိမ်းတော်မူချိန်တွင် တိုင်းတာမင်းကြီး ဦးဖိုး၏ မ စ ပေးချက်အရ မောင်မောင်တုတ်သည် လက်သုံးတော်ကိုင်ကလေး ရာထူးတွင် ခစားရသည်ဟု ဆိုသည်။

မောင်ညိုတုတ်အောက်တွင် ညီမောင်ပြောင်းနှင့် ညီမ ယင်းမာချောင်း ခင်ခင်လေးတို့ ရှိသည်။ ယင်းမာချောင်း ခင်ခင်လေးသည် မောင်တုတ်၏ ဖခင် ဦးပိန်၏ ဒုတိယမယားမှ မွေးသော သမီး ဖြစ်သောကြောင့် မောင်မောင်တုတ်နှင့် ဖအေတူ မအေကွဲ မောင်နှမ တော်သည်။ ညီမောင်မောင်ပြောင်းသည် လှေသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့် လက်ထပ်ခဲ့သည်။

မောင်မောင်တုတ်၏ အရည်အသွေးနှင့် ဖျတ်လတ်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်း၊ ယောမင်းကြီးနှင့် တိုင်းတားမင်းတို့က သဘောကျသည်။မောင်မောင်တုတ်သည် အလုံးအရပ်လည်း ကောင်းသည်။ အသားညိုသည်။ ကျောက်ပေါက်မာ သက်သက် ရှိသည်။ ကျင်စွယ်လည်းရေးရေး ထားသည်။

မောင်မောင်တုတ်ကို အဝေးမှဖြစ်စေ၊ အနီးမှဖြစ်စေ မြင်ရလျှင် မောင်မောင်တုတ်၏ ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်း နှစ်ခြိုက်မည်ပင်ဖြစ်သည်။

မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘော ရှိသည်။ စူးရှသောမျက်လုံးရှိ၍ အသံသြဇာတို့နှင့် ပြည့်စုံသည်။ စင်စစ် လူချောလူလှဖြစ်၍ မိန်းမများကိုယ်တိုင်က မောင်မောင်တုတ်ကို ကြိုက်ကြသည်ဟု သိရသည်။

မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်က မယားများသည်။ လင်ရှိမယားပင် မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်အောင်ပြုပြီးမှသာ မောင်မောင်တုတ်၏ လက်ဝယ် ရောက်ကြပါသည်ဟု အချို့ မီလိုက်သူများက ပြောကြသည်။

ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည် မမလေးကို သူ၏လင်ကြီးကို ရွှေငါးပိဿာနှင့် မယား၂ယောက် အပြင် မြို့သူကြီးရာထူးပါ ပေးသဖြင့် လင်ကြီးက ကျေကျေနပ်နပ် ထည့်ပေးလိုက်ပါကြောင်း၊ ဆင်ခိုးမလေး ကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို သူချစ်ကြောင်း၊ သူ့လင်ကြီးမှာ မယားနှစ်ယောက်နှင့် သူ့ကို မေ့နေသည်မှာ အမှန်ဖြစ်ကြောင်း တို့ကို ဖွင့်ပြောကြောင်း ကြားသိရသည်။

မောင်မောင်တုတ်ကို တွေ့မြင် သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန် ကျက်သရေရှိကြောင်း၊ သူကမပိုးရဘဲ မိန်းမများကသာ သူ့ကိုပိုးကြောင်း၊ သူ့ကို အပျိုအအိုများက ငမ်းငမ်းတက် လိုချင်ကြကြောင်း သိရှိရသည်။

သီပေါမင်း နန်းတက်လာသောအခါတွင် အရည်အသွေးကို ကြည့်၍ သီပေါမင်းတရား များစွာ နှစ်သက်သောကြောင့် ရနောင်မြို့ကို အပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်း ခန့်တော်မူသည်။

 

သီပေါမင်း နန်းတက်၍ မင်းမှူးမတ်များအား ဘွဲ့မည်ရည် ပေးသောအခါ ရနောင်မောင်မောင်တုတ်အား “မဟာမင်းလှ မင်းထင်စည်သူ” ရွှေဘွဲ့ ချီးမြှင့်တော်မူသည်။ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စီရွှေဓားကို လွယ်၍ ခစားရသည်။ ရွှေနန်းတွင်း အတွင်းတော်၌ လက်သုံးတော်ကြီး လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။

ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် (၁၂) ယောက် ရှိသေးသည်။ ၎င်းတို့သည် မြောက်ထားဝယ်ဆောင်တွင် နေထိုင်၍ စောင့်ကြပ်ရသည်။ ထားဝယ်ဆောင် ဆိုသည်မှာ မှန်နန်းဆောင်နှင့် ကပ်လျက် ရှိသော အဆောင်ကို ဆိုလိုသည်။

ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်း ဒူးအထိအရှည်ကို ဝတ်သည်။ ဘောင်းဘီအနားကွပ် အောက်ခံနှင့် အပေါ်က လွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။ ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။

သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ် ပေါက်နေသည်။ မောင်မောင်တုတ်၏ လက်အောက်တွင် မြောက်ထားဝယ် အမှုထမ်းသား (၆၈၅)ယောက် ရှိသည်။ အမှုထမ်းသားများ၏ ယာလက်ဖမိုးတွင် ခြင်္သေ့ရုပ် ဆေးနီဖြင့် ထိုးမှတ်ထားသည်။

မောင်မောင်တုတ်သည် တိုင်းတာမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်း ခံရသည်သာမက ဆင်ဖြူမရှင် မိဘုရားကြီးကိုယ်တိုင်က အရေးပေးခြင်း ခံရသဖြင့် မောင်မောင်တုတ်သည် သြဇာကြီးသည်။အတွင်းရေး ကိစ္စများကို တိုင်ပင်သည့်အခါများ၌ပင် မောင်မောင်တုတ် မပါမပြီးသလောက် အရေးပေးခြင်း ခံရသည်။

မင်းတုန်းမင်းတရား နာမကျန်း ရှိတော်မူစဉ်အခါ မည်သူ့အား နန်းလျာထားမည်ဟု မှူးကြီးမတ်များနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာ တိုင်ပင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဘုရားတို့နှင့် အတူပါသည်။

ထို့နောက် သီပေါမင်းသားကို နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်း အကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကို မောင်မောင်တုတ်သည် ပုခုံးပေါ်တွင် ထမ်း၍ ထုတ်ယူလာသည်။

မင်းသားသည် ပဉ္စင်းဘဝမှ လူ့ဘောင် ထွက်လာသည်မှာ ရက်မျှပင် မလည်သေးပေ။ ဘုမသိ ဘမသိနှင့် အဖမ်းခံလိုက်ရသည်တွင် ယခုအခါ မောင်မောင်တုတ်က ပခုံးပေါ်တင်၍ ထုတ်လာသည်ကို ကြေးတိုက် အပြင်ဘက်ရောက်မှ မေးမိသည်။

မောင်မောင်တုတ်က “အရှင် မင်းသား ဘုရင် ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင် ဖြစ်လာသည့်အခါ အရှင့်ကို အသက်ပေး၍ အမှုတော်ကို ထမ်းပါမည်။ အမှုတော် ထမ်းရာ၌ အမှားရှိချင်သော်လည်း ရှိပေမည်။သို့သော် အရှင့်သား လက်နက်ဖြင့် ဒီတသက်တွင် အသက် မသေစေရ ဟူသော ကတိကို ပေးတော်မူပါဘုရား” ဟူ၍ လျှောက်ထားသည်။

ရနောင်မောင်မောင်တုတ်အား သီပေါမင်းသားက “မောင်တုတ် တသက်မှာ ငါ့လက်နှင့် မသေစေရ” ဟူ၍ ကတိ ထားတော်မူဖူးသည်။ ပေါ့ပေါ့ဆဆထားသော ကတိ မဟုတ်ပါပေ။ မောင်တုတ်အပေါ် ဘုရင်ကလည်း ကတိထားသည်နှင့် အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်၏ ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။

မောင်မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင် အသက်ပေးဝံ့သူလည်း ဖြစ်သည်။ သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်မောင်တုတ်အား ရနောင်မြို့ကို စားစေလျက် မင်းသား၏ အဆင့်အတန်းတွင် ထား၍ မင်းသား၏ အဆောင်ယောင်များနှင့်တကွ မြှောက်စားတော်မူသည်။

ရနောင်မောင်မောင်တုတ်ကို တနည်းအားဖြင့် ရနောင်မင်းသားဟု ခေါ်ရသည်။ အရှေ့တက်ပွဲတက် အခမ်းအနားတွင်လည်း မောင်မောင်တုတ်သည် မင်းသားများ၏ နေရာတွင် နေရသည်။ မင်း၏ သားတော်၊ ညီတော်ပင် စင်စစ် မဟုတ်သော်လည်း ဘုရင်မင်းမြတ် ချီးမြှင့်သူကောင်းပြုခြင်း ခံရသူဖြစ်၍ မင်းသားဟု ခေါ်ရသည်။

သီပေါမင်းတရား နန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာ တန်ခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ်၏သြဇာ ညောင်းကြသည်။

ထိုသို့ အရေးပေးခြင်း ခံရသည့်အထဲတွင် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်တကွ ဆင်ဖြူမရှင် မိဖုရားကြီးတို့ကပါ မောင်တုတ် မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကို တိုင်ပင်လေ့ ရှိသဖြင့် တိုင်းပြည်ရှိ ဥပဒေများကိုပင် မောင်တုတ်က လက်တလုံးခြား ကွေ့ရှောင်၍ မိမိထင်သလို ပြုတတ်လေသည်။

ဘုရင်မင်းမြတ် ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်အခန်းပေါင်း များစွာရှိသော အိမ်ကြီးတလုံးတွင် မောင်မောင်တုတ်သည် မယားပေါင်းမြောက်များစွာနှင့် ကြီးစွာသော စည်းစိမ်ကို ခံစားနေလေသည်။ မယားများ တိုးတက်များပြားလာတိုင်း အိမ်ကြီးကို ချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံ တိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏ အိမ်ကြီးမှာ အိမ်နှင့်ပင် မတူတော့ဘဲ အဝန်းအဝိုင်းကြီး ဖြစ်၍ မည်သည့်အဆောက်အဦကြီး ဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည်။

မောင်တုတ်သည် သီပေါမင်းကလေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည်ဆိုသည့်အတိုင်းလည်း သီပေါမင်း အလိုရှိပါက ဘာမဆို မရ ရအောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ ထို့ထက် သီပေါမင်းကိုမှီ၍ မိမိဘုန်းတန်ခိုး တက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။

သီပေါမင်းကလေး၏ ရိုးသားသောအမူအကျင့် စိတ်နေသ ဘောထားကို မောင်တုတ်သည် များစွာ နှစ်ခြိုက်သည်။ မိဘုရား အခြံအရံတို့၏ အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သော စည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်း ပျင်းရိစွာ တစ်လင်တစ်မယား စနစ်ဖြင့် ငြီးငွေ့ဖွယ်ရာ ခံစားနေသော သီပေါမင်းသားကို သူ ကိုယ်ချင်းစာမိသည်။

ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏ သမီး ခင်ခင်လေးခေါ် ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။ဒိုင်းခင်ခင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန်ကတော် တို့၏ သမီး အရင်း မဟုတ်ပေ။ ဒိုင်းဝန်ကတော်၏ မောင်မှ ဖွားမြင်သည့် သမီးရင်း ဖြစ်သောကြောင့် တူမတော် ဖြစ်သည်။

အစောင့်အရှောက်များစွာ ခြံရံထားသောကြားထဲကပင် မောင်မောင်တုတ်သည် သီပေါမင်းကလေး၏ စိတ်ကို ဖျောင်းဖျဖို့ ကြံကြသည်။ထိုအခါ မိဖုရားကြီးမှာ ထိပ်စုမြတ်ဖုရားကြီးကို မီးရှူး သန့်စင်တော်မူနေခိုက် ဖြစ်သည်။ဤအချက်သည် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက် ဆိုသလိုပင် မောင်တုတ်၏ ဘဝကံကြမ္မာကို ဖန်တီးလာသော အချက် ပင် ဖြစ်သည်။

မြို့ဝန် ရွှေလှံဗိုလ်ကလေး ဦးချုံ (ခြုံ) (ဒဂုန်ခင်ခင်လေး၏ စာဆိုတော်ဝထ္ထု၌ ဦးချစ်ဟု ဆိုသည်) နှင့် မောင်မောင်တုတ်သည် မသင့်မသင့် ဖြစ်နေသည်မှာ ကြာလေပြီ။ရွှေလှံဗိုလ်မင်း ဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင် မယားများသူ ဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမီကြသူများက မှတ်ချက်ချကြသည်။

အကြံတူ ရန်သူ ဟူသကဲ့သို့ပင် ဤအရေး၌ မောင်မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တို ဖြစ်သည်သာမက တစ်ခါတရံ မယားနှင့်ပတ်သက်၍ လုဖော်လုဖက်လည်း ဖြစ်သည်ဟု ဆိုကြသည်။

သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာ ငါမသာပင် ဖြစ်သည်။ သို့သော် ဘုရင်မစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်း ခံရသူမှာ မောင်တုတ်သာ ဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်း ရှိသည်။

ဤအချက်များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာ အခဲမကျေ ဖြစ်ခဲ့လေသည်။ ရွှေလှံဗိုလ် မျက်စိကျနေသော ခင်ဦးကိစ္စတွင်လည်း ရွှေလှံဗိုလ်သည် မိမိထက် သြဇာကြီးနေသော မောင်တုတ်၏ ထိပါး စော်ကားခြင်းကို ခံလိုက်ရသဖြင့် များစွာအခဲမကျေ ဖြစ်ခဲ့သည်။

 

များမကြာမီ ထောင်ထမှုတခု ဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင် တို့ကို ထောင်သွင်း အကျဉ်းချထားရာတွင် တစ်နေ့သော နေဝင်ဖြိုးဖျ အချိန်တွင် အမှတ်မထင်ထောင်ထ၍ ဆူညံစွာ သေနတ်မီးပေါက်များ ပစ်ခတ်ပြီး ရန်လင်း ရန်ကင်းတို့ ထောင်မှ လွတ်ထွက်သွားကြသည်။ (ထောင်ထ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ၉၉ – ဦး သေသည်။ ထောင်တဝိုက် သွေးချင်းချင်း နီသည်ဟု ဆိုသည်။)

ရွှေလှံဗိုလ်သည် ဤအရေးကိစ္စများတွင် များစွာ ကြိုးပမ်း၍ ဓားပြများကို ပြန်လည်ရမိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံ စာရေး၍ ခေါ်သည်ဟု ဆိုသည်။ ရန်လင်း ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီဖြစ်၍ မြို့ဝန်မင်းအိမ်သို့ ကြွခဲ့ပါ၊ တိုင်ပင်လိုပါသည်ဟု ခေါ်သည်။ ရွှေလှံဗိုလ်သည် အတော်အတန် စဉ်းစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ မသွားလျှင်လည်း ကြောက်ရွံ့ရာ ကျမည်။ သွားပြန်ကလည်း တနည်းနည်းဖြင့် မောင်မောင်တုတ်က ရန်စမည်ကို သူသိသည်။ သို့သော် ယောက်ျားကောင်း၏ သတ္တိကို ပြလို၍ မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

မောင်တုတ်၏အိမ်သို့ ရောက်သောအခါ မောင်တုတ်၏ ရဲဘော်ရဲဘက်များသည် လက်ပြန်ကြိုး တုတ်ထားသော ဓားပြ ဗိုလ်ရန်လင်းကို ဧည့်ခန်းဆောင်သို့ ထုတ်ယူလာသည်။ ရွှေလှံမြို့ဝန်သည် များစွာ အံအားသင့်နေခိုက် ရာဇဝတ်ကောင်ကို ကြမ်းပြင်သို့ပက်လက်ထား၍ ချုပ်ကိုင်စေပြီး ဝမ်းဗိုက်ကိုခွဲကာ အူကို ထုတ်သည်။ ထို့နောက် “ရေဆေးမနေနဲ့ ပြုတ်ပြီး ယူခဲ့” ဟု အဆောင်ကိုင်ကို မှာလိုက်သည်။

ထိုအတောအတွင်း အခြားစကား တစ်လုံးစ နှစ်လုံးစကို ပြောရင်း လူအူသုပ်သည် မည်သည့် အရသာနှင့်မျှ မတူကြောင်း ထို့ကြောင့် ယနေ့ည ရွှေလှံမြို့ဝန်မင်းအား လူအူသုပ်ဖြင့် ဧည့်ခံလို၍ ရာဇဝတ်ကောင်ကို ညနေကပင် ရှာထားရကြောင်း ပြောပြကာ သူကိုယ်တိုင် စားပြသည်။ ရွှေလှံမြို့ဝန်အားလည်း စားစေသည်။ ရွှေလှံမြို့ဝန်ကား မစားပေ။ အတန်ကြာ၍ စကားစမြည် ပြောပြီးမှ ရွှေလှံမြို့ဝန်သည် မောင်တုတ်အိမ်မှ ဆင်းသွားသည်။

ဤကား မောင်တုတ်သည် ရွှေလှံမြို့ဝန်ကို ဦးကျိုးအောင် ချိုးသည့် ပရိယာယ်တစ်မျိုး ဟူ၍ပင် ဆိုရပေမည်။ လူအူ အစစ် ဟုတ်မဟုတ်ကိုကား အမှန် မပြောနိုင်ပေ။ သို့သော် မိမိ၏ ရန်သူတစ်ယောက် ဖြစ်ပြီး မိမိအား အင်အားပြိုင်လိုသော လူတစ်ယောက်အား လှလှကြီး ဦးချိုးလိုက်သောကြောင့် ဤသို့ ပြုလေသလော မသိရပေ။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း ရွှေလှံမြို့ဝန်သည် မောင်တုတ်အပေါ်တွင် များစွာမှပင် မကျေနပ်လှချေ။ ဤသို့ အိမ်သို့ခေါ်၍ စော်ကားလိုက်ခြင်း၊ မိမိသိမ်းပိုက်မည့် မယားကို အတင်းလုယူခြင်း စသော မောင်တုတ်၏ အပြုအမူများကို မိမိထက် တန်ခိုးကြီးနေသူ ဖြစ်၍သာ ခံလိုက်ရပေသည်။

စိတ်ထဲ၌ကား အခဲမကျေလှဘဲ တစ်နေ့ အလှည့်ကြုံလျှင် ငါ့အကြောင်း သိစေရမည် ဟူ၍သာ ကြုံးဝါးနေရလေတော့သည်။

 

ရနောင်မောင်မောင်တုတ်နှင့် အတူ နန်းတော်က မြှောက်စားခြင်းခံရသူမှာ ရွှေတိုက်စိုး၊ စီးတော်မြင်းဝန်၊ တောင်သမန်လယ်စား မောင်ဖေငယ်ဖြစ်သည်။ မောင်ဖေငယ်နှင့် မောင်တုတ်တို့မှာ ရောင်းရင်းဘက်ဖြစ်သည့်အတိုင်း တဦးနှင့်တဦး များစွာ ရင်းနှီး ချစ်ခင်ကြသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်သည်။ တောင်သမန်လယ်စားသည် ကဗျာအဖွဲ့အနွဲ့၌လည်း ကျွမ်းကျင်သဖြင့် သီပေါဘုရင်ကလေး၏ စာဆိုတော်လည်းဖြစ်သည်။

ရနောင်မောင်မောင်တုတ် တန်ခိုးကြီးထွားလာချိန်တွင် မောင်ဖေငယ်သည်လည်း မောင်မောင်တုတ်ကို မှီခိုရတော့မလို ဖြစ်လာသည်။

ရနောင်၏ နောက်လိုက်များနှင့် ရနောင်ကို အားကိုးလိုသူများ၊ ရနောင်နှင့်ကျေးဇူး မကင်းသူများသည် ရနောင်ကို ပိုမိုအထင်ကြီးအောင် မြှောက်ပေးကြသည်။ ရနောင်မောင်မောင်တုတ်သည် သီပေါဘုရင်ထက် (၁၀)နှစ်ခန့်ကြီးသည်။
ထို့ကြောင့် ဘုရင်မင်းကလေးကလည်း အစစ အရာရာတွင် ရနောင်မပါလျှင် မပြီးသကဲ့သို့ အတွင်းရေးများကိုပါ တိုင်ပင်လေ့ရှိသဖြင့် တောင်ငူခေတ်က တပင်ရွှေထီး၏ အထိန်းတော်သား ဘုရင်နောင်နှင့် တူသည်ဟု ပြောကြသည်။ ဤကဲ့သို့ပင် ဘုရင်နောင်၏ အချိုးကို မောင်တုတ်က ချိုးနေသည်ဟု စွပ်စွဲသူများကလည်း စွပ်စွဲနေကြသည်။

တပင်ရွှေထီးအစ်မ ခင်ခင်ကြီးနှင့် ဘုရင့်နောင်တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး၏ ထီးနန်းကိုပင် ဘုရင့်နောင်က ဆက်ခံခဲ့သည့် အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ်သည် ဘုရင့်နောင် လုပ်ချင်သည်ဟု ဆိုကြသည်။ သီပေါဘုရင်ကလေးတွင် အစ်မတော် ပခန်းကြီး စုဘုရားနှင့် နှမတော် မိတ္ထီလာစုဘုရားတို့ ရှိနေသည်။ ဘုရင်ကလေးသည် မောင်တုတ်နှင့် တိုင်ပင်ရာ၌ သင့်သည်မသင့်သည် အရေး မဟုတ်။ မောင်တုတ်၏ ဆုံးဖြတ်ရာကိုသာ လုပ်လေ့ရှိသည်ဟုလည်း ဆိုကြသည်။

ထိုအခါ မောင်တုတ်သည် တောင်ငူခေတ်၏ တပင်ရွှေထီး ရာဇဝင်ကို စုဆောင်းလေ့လာသည်။ မောင်တုတ်၏ အိမ်တွင်ပွဲ လမ်းသဘင်များ ခံရာ၌ တောင်ငူရာဇဝင် တပင်ရွှေထီးနှင့် ဘုရင့်နော်တို့၏ ဇာတ်လမ်းကိုပင် ကပြစေခဲ့သည်။ မောင်တုတ်ကို အားပေးအားမြှောက်ပြုနေသော တောင်သမန်လယ်စား မောင်ဖေငယ်ကလည်း အောက်ပါဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ မောင်တုတ်၏ ဘဝကို မြင်စေသည်။

“ခပေါင်းရေစမ်းငဲ့ရယ်နှင့်၊ သန်းရွှေထုသခင်၊ နန်းကေတု ပလ္လင်ဝယ်၊ တဘုရင်ရွှေထီး။ ပင်တိုင်နတ်လှမနော်၊ အမတော်နန်းလုံဆီမီး၊ ရဲထွဋ်ဟု၍ တကိန်းပေါ်၊ တစိမ်းနော်မနီး၊ အထိန်းတော်ကြီးနှင့်၊ ဇနီးမြတ် လွန်သော်၊ ဖွားဘက်တော်လူကလေးရယ်သို့၊ ကောက်ယူမွေးနန်းထက်မှာပျော်။ လူရည်ဝ စန်းလဂ်ပေါ်လျှင်၊ ကွမ်းဆက်တော်ဝင်ပြီးမှ တပင်ရွှေထီးအမပျို၊ ရလိုကြောခို၊ ဆင်ဖြူရှင်ဆံထုံးဆိုလျှင်၊ ကံဘုန်းကိုသိဖူးဖျော့လေး။”

ညစဉ်ညတိုင်း ရနောင်မောင်မောင်တုတ်၏အိမ်မှ တခြိမ့်ခြိမ့်ခံနေသော အငြိမ့်ပွဲသံများကို ဆူညံစွာ ကြားရသည်။ တောင်တွင်းကြီးမှ ဆင်း၍ တင်ခိုးလာခဲ့သော အငြိမ့်မင်းသမီး၊ ရနောင်၏ မယားတစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးကလည်း ဤတေးထပ်ဖြင့် ရနောင်အား အဆိုတော် ဆက်ရသည်မှာ အကြိမ်ပေါင်း များလှချေပြီ။

ရနောင်နှင့် မောင်ဖေငယ်တို့သည် ဘုရင်မင်းလေးထံသို့လည်း အမြဲခစားဝင်၍ ဘုရင်ကလေး၏ အကြိုက်ကို အမြဲဆောင်ကျဉ်းပေးခြင်းဖြင့် မျက်နှာရအောင် ပြုသည်။ ဒိုင်းခင်ခင်နှင့် ဘုရင်ကလေးတို့ တွေ့ဆုံနိုင်ဖို့အရေးကိုလည်း အထောက်တော် အထပ်ထပ်၊ အစောင့်အရှောက် အယှက်ယှက်တို့၏ကြားမှ စွန့်စား၍ ပို့ဆောင်ပေးသည်။

သီပေါဘုရင်ကလေး၏ စိတ်ထဲတွင် လောကစည်းစိမ် ဟူသမျှကို အမျိုးသမီးချောကလေးများ၏ အကြောင်းကို အခွင့်ရပါက စီကာပတ်ကုံး တင်လျှောက်ကြသည်။ နန်းတော်၌ “ပန်းကြာဝတ်မှုံ” ပြဇာတ်ကိုပင် တင်ဆက်စေသည်။

သို့ဖြင့် မီးရှုးသန့်စင်တော်မူကပြီး၍ မိဘုရားခေါင်ကြီး ကျန်းမာတော်မူလာပြီးနောက် ညအခါ တောင်ဥယျာဉ်အတွင်း၌ ဒိုင်းခင်ခင်နှင့် သီပေါဘုရင်တို့ ပွေ့ဖက်နေကြသည်ကို ကိုယ်တိုင် ပက်ပင်း တွေ့ရလေသည်။

မိဘုရားကြီးသည် ရနောင်မောင်မောင်တုတ်အား ကိုယ်တိုင် အခဲမကြေ ဖြစ်လာသည်။ ဤလက်ချက်သည် ရနောင်မောင်မောင်တုတ်၏ လက်ချက် ဖြစ်သည်ကိုလည်း သိနေသည်။

ထို့ကြောင့် ရနောင်မောင်မောင်တုတ်၏ အကြောင်းကို အမြဲ စုံစမ်းစေသည်။ မကြာမီနန်းတော်တံခါး လေးပြင်လေးရပ် တို့၌လည်း တိုင်းသူပြည်သားများအဖို့ မင်းတရား စည်းတားသကဲ့သို့ တိုင်းပြည်ဆိုးသွမ်း ဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်ရအောင် ရွှေသေတ္တာကြီးများကိုချထားသည်။

ထိုသေတ္တာအတွင်းမှ ရနောင်မောင်မောင်တုတ်သည် တိုင်းပြည်၌ ဟော့ရမ်းဆိုးသွမ်းနေရုံမက ထီးနန်းကိုပင် လုယူရန် ကြံရွယ်နေကြောင်း လျှို့ဝှက်စာများ ရလာသည်ဟုဆိုသည်။ ထိုစာများအရ မိဘုရားခေါင်ကြီးနှင့် တိုင်းတာမင်းကြီး၊ ရွှေလှံဗိုလ်တို့ပူးပေါင်၍ ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလိုက်သည်။

ရနောင်မောင်မောင်တုတ်နှင့်အတူ တစ်ပြိုင်နက်အဖြစ် အဖမ်းခံရသူများမှာ လက်သုံတော်ငယ် ကိုမောင်မောင်လတ်၊ ငွေခွန်မှူးမောင်မောင်၊ ဘုန်းတော်တိုး ဗိုလ်ပေါ်ညွန့်၊ နတ်ရှင့်ရဲတင်းဗိုလ်မှန်၊ နတ်ရှင်ဗိုလ်ညို၊ သံတော်ဆင့်မောင်စော၊ မြို့စာရေး ကံကော်၊ ဗြဲတိုက်သံတော်ဆင့် မောင်တုတ်၊ ပန်းပဲစား ဘိုးအို စသော ရနောင်မောင်မောင်တုတ်၏ အပေါင်းအပါများ ဖြစ်သည်။

ရနောင်မောင်မောင်တုတ်နှင့် ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန် ဦးချုံသည် မောင်တုတ်ဤကဲ့သို့ဖြစ်သည်ကို ကြိတ်၍ ဝမ်းသာနေမိတော့သည်။ တစ်နေ့တွင် မောင်တုတ်သည် တစ်နည်းနည်းဖြင့် ငါ့၏လက်သို့ ရောက်ရမည်ဟု အခဲမကျေနိုင်သော ဦးချုံသည် လူအူသုပ်နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲတစေ သတိရနေမိသည်။

သို့သော် သီပေါမင်း ကိုယ်တိုင်က “မောင်တုတ်တသက် ငါ့လက်နှင့် မသေစေရ”ဟူသော ကတိစကား ထားရုံတွင်သာမက မှူးမတ်ပေါင်းစုံညီသည့် ဘွဲ့မည်ရည် အဆောင်အယောင် ပေးသည့်နေ့က မိန့်တော်မူချက်ကိုလည်း ပြန်လည် သတိရနေမိသည်။

 

ထိုစဉ် သီပေါဘုရင်သည် ရနောင်မောင်မောင်တုတ်၏ အိမ်သို့ မင်းချင်းများကို လွှတ်၍ ပြစ်မှုအတွက်သက်သေ အထောက်အထားများကို ရှာခိုင်းသည်။ ပစ္စည်းတခုတည်းနှင့်ပင် ရနော်မောင်မောင်တုတ်ကို သေဒဏ်ပေးနိုင်လေသည်။

သူ၏ အိပ်ခန်းအထဲ၌ ရွှေများဝင်းအောင် ခြယ်သထားသည့် ရွှေသလွန်တခုကို တွေ့ရသည်။ ယင်းရွှေသလွန်မှာ ရှင်ဘုရင်များသာ အသုံးပြုခွင့် ရှိသည့် ရွှေသလွန် ဖြစ်သည်။ ထို့နောက် မင်းတရားထံ သံတော်ဦး တင်လိုက်ကြသည်။ သူတို့ ဆင်ထားသည့် အကွက်များကလည်း ပိပိရိရိရှိလှသည်။ အလွယ်တကူပင် သီပေါဘုရင်က ယုံကြည်သွားဟန် တူသည်။

သီပေါဘုရင်သည် မိမိရဲ့နောင်တော်တမျှ ချစ်ခင်အားကိုးခဲ့သော ရနောင်မောင်မောင်တုတ်အား မည်သို့ အပြစ်ပေးရန် စဉ်းစားနေစဉ် မိဘုရားခေါင်ကြီး စုဖုရားလတ်သည် ဤအရေး၌ မိမိအား အားသွန်ခွန်စိုက်ကူညီခဲ့သော တိုင်းတာမင်းကြီး၏ အလို ဖြည့်ဆည်းသည့်အနေဖြင့် ၎င်း၏တူတော်သူ ဗိုလ်မင်းကျော်ကို တောင်ထားဝယ်ဗိုလ် လက်သုံးတော်ကိုင်ရ နောင်မောင်မောင်တုတ် အရာကျလျှင် ၎င်းနေရာ၌ ခန့်ထားရန် ကတိပေးခဲ့သည်။

လက်သုံးတော်ကိုင် အဖြစ်ကမူ မိဘုရားခေါင်ကြီး အထူး စိတ်ချတော်မူသော မင်းထင်ရာဇာဆိုသူအား ခန့်အပ်ရန် စီစဉ်ထားသည်။သည်လို ကတိပေးထားသည်ဆိုကတည်းကပင် ရနောင်မောင်မောင်တုတ်ကို စုဘုရားလတ်နှင့် တိုင်းတာမင်းကြီးတို့သည် နဂိုကကပင် အပြတ်ရှင်းဖို့ စီစဉ်ထားဟန် တူသည်။

ဤသို့ ရနောင်မောင်မောင်တုတ် အခမ်းခံရပြီးနောက် မကြာခင်မှာပင် ဗန်းမော်တွင် ရောက်နေပြီး အရာအချခံထားရသည့် တောင်သမန်လယ်စား မောင်ဖေငယ်ကို ဗန်းမော်၌ပင် အဆုံး စီရင်လိုက်ကြသည်။ထိုစဉ် အခြေအနေ အရပ်ရပ်ကို နားလည်ပြီးထားရှိဟန် တူသည့် တိုင်းတာမင်းကြီးက ရနောင်မောင်မောင်တုတ်၏ အခြေအနေကိုမေးမြန်း၍ ရွှေလှံမြို့ဝန်မင်းအား သတိပေးစကား ပြောလိုက်သည်။

“မောင်မင်း လုပ်ရမယ့် အလုပ်တွေ ဘာကြောင့် ဖင့်နှေးရသလဲ၊ ဟိုက မင်းတရားကြီး စိတ်ပြေလို့ လွှတ်စေဆိုရင် မင်း သေမယ်သာ ပြင်ပေတော့” ဟု ပြောလိုက်ရာ ရွှေလှံမြို့ဝန်သည် အထိတ်ထိတ် အလန့်လန့် ဖြစ်သွားသည်။ ထို့နောက် တိုင်းတာမင်းကြီးကို နှုတ်ဆက်ပြီး လက်မရွံ့ထောင်ကြီး အထဲသို့ ဝင်၍ လူအလစ်တွင် သူကိုယ်တိုင် မောင်တုတ်၏ လည်ပင်းသို့ လှံဖြင့် ထိုးသတ်လိုက်သည်။ ပြီးမှ မောင်မောင်တုတ်သည် အချုပ်ခန်းထဲ၌ သူ့ကိုယ်သူ ကပ်ကြေးဖြင့် သတ်လေဟန် အကွက် ဆင်ထားခဲ့သည်။

ဤသို့ဖြင့် ရနောင်မောင်မောင်တုတ်သည် ဘဝနိဂုံး ချုပ်သွားခဲ့ရလေသည်။ သို့သော် သူသည် ဆင်းရဲသော ပြည်သူများအပေါ်၌ မိမိတတ်နိုင်သမျှ ပေးခဲ့ ကမ်းခဲ့ ကျွေးမွေးခဲ့သည်။

ထင်ထင်ရှားရှား ပြစရာဟူ၍ ဘုရားကျောင်းကန်များ မလှူနိုင်ခဲ့ချေ။ သူ့ညီဖြစ်သူ ပင်းသာမြို့စား မောင်မောင်ပြောင်းကမူ မဟာမုနိဘုရားကြီးတိုက် အာနန္ဒာဘုရား အရှေ့ဘက်တွင် ပင်းသာကျောင်းဟူသော ကျောင်းကြီးတစ်ကျောင်း လှူဒါန်းခဲ့သေးသည်။ ဘုရားစေတီများလည်း အများအပြား လှူဒါန်းခဲ့သည်။

၁။ (က) မောင်ဖေငယ် ရနောင်မောင်မောင်တုတ် ရန်ကုန်၊ တင်ဆွေစာပေတိုက်၊ ပ -ကြိမ်၊ ၁၉၇၅ ခု။ခ) မြကေတု “ရနောင်မောင်မောင်တုတ်” မြဝတီမဂ္ဂဇင်း၊ စာ- ၅၆၊ ၆၃။ (ဂ) တက္ကသိုလ်နန္ဒမိတ် “ရနောင်မောင်မောင်တုတ်” မြဝတီမဂ္ဂဇင်း၊ စာ – ၉၇၊ ၁၀၂

Credit

 

Zawgyi

 

ပ်ိဳတိုင္းႀကိဳက္သည့္ ႏွင္းဆီခိုင္ (သို႔) ရေနာင္ေမာင္ေမာင္တုတ္ အေၾကာင္း

 

 

သီေပါမင္းတရားေခတ္တြင္ နန္းတြင္းေရးသည္ အလြန္ ရႈပ္ေထြးခဲ့သည္။ ထိုနန္းတြင္း အရႈပ္အေထြးမ်ား အၾကားတြင္ အရွင္သီေပါမင္း၏ အခ်စ္ေရးသည္လည္းအတြင္းေတာ္၌ မီးထေတာက္ရေလာက္ေအာင္ ႀကီးက်ယ္ခဲ့ေလသည္။

ဤအခ်စ္ေရးတြင္ အေရးပါ အရာေရာက္ခဲ့သူ တေယာက္ကား “ရေနာင္ေမာင္ေမာင္တုတ္” ပင္ ျဖစ္သည္။ရေနာင္ေမာင္ေမာင္တုတ္၏ ငယ္မည္သည္ ေမာင္ညိုတုတ္ ျဖစ္သည္။ ေမာင္ညိုတုတ္၏ ဖခင္မွာ ေရနံေခ်ာင္းမင္းႀကီး ဦးပိန္ ျဖစ္၍ မိခင္မွာ ေရနံေခ်ာင္း ဝန္ႀကီးကေတာ္ သခင္ႀကီး ျဖစ္သည္။

ေမာင္ညိုတုတ္ မိခင္သည္ စုဘုရားလတ္၏ နို႔ထိန္း ျဖစ္သည္။ မင္းတုန္းမင္းတရားႀကီးသည္ ပုဂံမင္းကို ပုန္ကန္၍ ေ႐ႊဘိုသို႔ ထြက္ခြာစဥ္အခါက ေမာင္ညိုတုတ္၏ ဖခင္ ဦးပိန္သည္ ေက်းကြၽန္ေတာ္ရင္း ျဖစ္သည့္အားေလ်ာ္စြာ ေနာက္ေတာ္က ပါသည္ဟု ဆိုသည္။

လမ္းခရီးတြင္ ေမာင္ညိုတုတ္၏ ဖခင္ ဦးပိန္မွာ က်ဆဳံးခဲ့သည္။ မင္းတုန္းမင္းတရား အမရပူရသို႔ျပန္၍ ေ႐ႊနန္းေတာ္ သိမ္းေတာ္မူခ်ိန္တြင္ တိုင္းတာမင္းႀကီး ဦးဖိုး၏ မ စ ေပးခ်က္အရ ေမာင္ေမာင္တုတ္သည္ လက္သုံးေတာ္ကိုင္ကေလး ရာထူးတြင္ ခစားရသည္ဟု ဆိုသည္။

ေမာင္ညိုတုတ္ေအာက္တြင္ ညီေမာင္ေျပာင္းႏွင့္ ညီမ ယင္းမာေခ်ာင္း ခင္ခင္ေလးတို႔ ရွိသည္။ ယင္းမာေခ်ာင္း ခင္ခင္ေလးသည္ ေမာင္တုတ္၏ ဖခင္ ဦးပိန္၏ ဒုတိယမယားမွ ေမြးေသာ သမီး ျဖစ္ေသာေၾကာင့္ ေမာင္ေမာင္တုတ္ႏွင့္ ဖေအတူ မေအကြဲ ေမာင္ႏွမ ေတာ္သည္။ ညီေမာင္ေမာင္ေျပာင္းသည္ ေလွသင္းအတြင္းဝန္၊ နတ္ေမာက္ၿမိဳ႕စား၏ ညီမျဖစ္သူ ပင္းသာခင္ဖူးႏွင့္ လက္ထပ္ခဲ့သည္။

ေမာင္ေမာင္တုတ္၏ အရည္အေသြးႏွင့္ ဖ်တ္လတ္မႈ၊ ရဲစြမ္းသတၱိရွိျခင္းတို႔ကို ကင္းဝန္မင္း၊ ေယာမင္းႀကီးႏွင့္ တိုင္းတားမင္းတို႔က သေဘာက်သည္။ေမာင္ေမာင္တုတ္သည္ အလုံးအရပ္လည္း ေကာင္းသည္။ အသားညိုသည္။ ေက်ာက္ေပါက္မာ သက္သက္ ရွိသည္။ က်င္စြယ္လည္းေရးေရး ထားသည္။

ေမာင္ေမာင္တုတ္ကို အေဝးမွျဖစ္ေစ၊ အနီးမွျဖစ္ေစ ျမင္ရလွ်င္ ေမာင္ေမာင္တုတ္၏ က်က္သေရရွိေသာ အဂၤါ႐ုပ္ကို လူတိုင္း ႏွစ္ၿခိဳက္မည္ပင္ျဖစ္သည္။

ေမာင္ေမာင္တုတ္၏ မ်က္ႏွာေပါက္မွာ ခန့္ညားထည္ဝါေသာ သေဘာ ရွိသည္။ စူးရွေသာမ်က္လုံးရွိ၍ အသံၾသဇာတို႔ႏွင့္ ျပည့္စုံသည္။ စင္စစ္ လူေခ်ာလူလွျဖစ္၍ မိန္းမမ်ားကိုယ္တိုင္က ေမာင္ေမာင္တုတ္ကို ႀကိဳက္ၾကသည္ဟု သိရသည္။

ေမာင္ေမာင္တုတ္ကလည္း သူကိုယ္တိုင္က မယားမ်ားသည္။ လင္ရွိမယားပင္ မေရွာင္ဟု ဆိုၾကေသာ္လည္း လင္ႀကီးေက်နပ္ေအာင္ျပဳၿပီးမွသာ ေမာင္ေမာင္တုတ္၏ လက္ဝယ္ ေရာက္ၾကပါသည္ဟု အခ်ိဳ႕ မီလိုက္သူမ်ားက ေျပာၾကသည္။

ဥပမာဆိုေသာ္ ေတာင္တြင္းႀကီးသူ သဘင္သည္ မမေလးကို သူ၏လင္ႀကီးကို ေ႐ႊငါးပိႆာႏွင့္ မယား၂ေယာက္ အျပင္ ၿမိဳ႕သူႀကီးရာထူးပါ ေပးသျဖင့္ လင္ႀကီးက ေက်ေက်နပ္နပ္ ထည့္ေပးလိုက္ပါေၾကာင္း၊ ဆင္ခိုးမေလး ကိုယ္တိုင္ကလည္း ေမာင္ေမာင္တုတ္ကို သူခ်စ္ေၾကာင္း၊ သူ႕လင္ႀကီးမွာ မယားႏွစ္ေယာက္ႏွင့္ သူ႕ကို ေမ့ေနသည္မွာ အမွန္ျဖစ္ေၾကာင္း တို႔ကို ဖြင့္ေျပာေၾကာင္း ၾကားသိရသည္။

ေမာင္ေမာင္တုတ္ကို ေတြ႕ျမင္ သိရွိဖူးသူမ်ားကမူ ေမာင္ေမာင္တုတ္သည္ အလြန္ က်က္သေရရွိေၾကာင္း၊ သူကမပိုးရဘဲ မိန္းမမ်ားကသာ သူ႕ကိုပိုးေၾကာင္း၊ သူ႕ကို အပ်ိဳအအိုမ်ားက ငမ္းငမ္းတက္ လိုခ်င္ၾကေၾကာင္း သိရွိရသည္။

သီေပါမင္း နန္းတက္လာေသာအခါတြင္ အရည္အေသြးကို ၾကည့္၍ သီေပါမင္းတရား မ်ားစြာ ႏွစ္သက္ေသာေၾကာင့္ ရေနာင္ၿမိဳ႕ကို အပိုင္စားေစ၍ လက္သုံးေတာ္ႀကီးကိုင္ ေျမာက္ထားဝယ္ဗိုလ္၊ ဝဲလွည့္ေခါင္း ခန့္ေတာ္မူသည္။

 

သီေပါမင္း နန္းတက္၍ မင္းမႉးမတ္မ်ားအား ဘြဲ႕မည္ရည္ ေပးေသာအခါ ရေနာင္ေမာင္ေမာင္တုတ္အား “မဟာမင္းလွ မင္းထင္စည္သူ” ေ႐ႊဘြဲ႕ ခ်ီးျမႇင့္ေတာ္မူသည္။ရေနာင္ေမာင္ေမာင္တုတ္သည္ ေ႐ႊနန္းေတာ္တြင္း၌ အခ်ိန္မေ႐ြး ေက်ာက္စီေ႐ႊဓားကို လြယ္၍ ခစားရသည္။ ေ႐ႊနန္းတြင္း အတြင္းေတာ္၌ လက္သုံးေတာ္ႀကီး လက္သုံးေတာ္ကေလးမ်ားသာလွ်င္ ေ႐ႊဓားကိုင္၍ ခစားနိုင္သည္။

ရေနာင္ေမာင္ေမာင္တုတ္၏ လက္ေအာက္တြင္ လက္သုံးေတာ္ႀကီးကိုင္ (၁၂) ေယာက္ ရွိေသးသည္။ ၎တို႔သည္ ေျမာက္ထားဝယ္ေဆာင္တြင္ ေနထိုင္၍ ေစာင့္ၾကပ္ရသည္။ ထားဝယ္ေဆာင္ ဆိုသည္မွာ မွန္နန္းေဆာင္ႏွင့္ ကပ္လ်က္ ရွိေသာ အေဆာင္ကို ဆိုလိုသည္။

ရေနာင္ေမာင္ေမာင္တုတ္သည္ အနားေ႐ႊၾကယ္ပြင့္ထိုး ကတၱီပါစိမ္း ဒူးအထိအရွည္ကို ဝတ္သည္။ ေဘာင္းဘီအနားကြပ္ ေအာက္ခံႏွင့္ အေပၚက လြန္းပုဆိုးကို ေအာက္ပိုးက်ိဳက္ထားသည္။ ေ႐ႊက်င္ခတ္ပဝါကိုလည္း ေပါင္းထားသည္။

သူ႕အဝတ္အစားႏွင့္ သူ႕႐ုပ္ရည္မွာ မင္းသား႐ုပ္ ေပါက္ေနသည္။ ေမာင္ေမာင္တုတ္၏ လက္ေအာက္တြင္ ေျမာက္ထားဝယ္ အမႈထမ္းသား (၆၈၅)ေယာက္ ရွိသည္။ အမႈထမ္းသားမ်ား၏ ယာလက္ဖမိုးတြင္ ျခေသၤ့႐ုပ္ ေဆးနီျဖင့္ ထိုးမွတ္ထားသည္။

ေမာင္ေမာင္တုတ္သည္ တိုင္းတာမင္းႀကီး၊ ကင္းဝန္မင္းႀကီးတို႔က အေရးေပးျခင္း ခံရသည္သာမက ဆင္ျဖဴမရွင္ မိဘုရားႀကီးကိုယ္တိုင္က အေရးေပးျခင္း ခံရသျဖင့္ ေမာင္ေမာင္တုတ္သည္ ၾသဇာႀကီးသည္။အတြင္းေရး ကိစၥမ်ားကို တိုင္ပင္သည့္အခါမ်ား၌ပင္ ေမာင္ေမာင္တုတ္ မပါမၿပီးသေလာက္ အေရးေပးျခင္း ခံရသည္။

မင္းတုန္းမင္းတရား နာမက်န္း ရွိေတာ္မူစဥ္အခါ မည္သူ႕အား နန္းလ်ာထားမည္ဟု မႉးႀကီးမတ္မ်ားႏွင့္ ဆင္ျဖဴမရွင္တို႔ လွ်ို႔ဝွက္စြာ တိုင္ပင္ၾကစဥ္အခါကလည္း ေမာင္ေမာင္တုတ္သည္ မိဘုရားတို႔ႏွင့္ အတူပါသည္။

ထို႔ေနာက္ သီေပါမင္းသားကို နန္းလ်ာအျဖစ္ ေ႐ြးၾကၿပီးသည့္ေနာက္တြင္ ေၾကးတိုက္အတြင္း အက်ဥ္းခ်ထားေသာ မင္းသားမ်ားအနက္ သီေပါမင္းသားကို ေမာင္ေမာင္တုတ္သည္ ပုခုံးေပၚတြင္ ထမ္း၍ ထုတ္ယူလာသည္။

မင္းသားသည္ ပၪၥင္းဘဝမွ လူ႕ေဘာင္ ထြက္လာသည္မွာ ရက္မွ်ပင္ မလည္ေသးေပ။ ဘုမသိ ဘမသိႏွင့္ အဖမ္းခံလိုက္ရသည္တြင္ ယခုအခါ ေမာင္ေမာင္တုတ္က ပခုံးေပၚတင္၍ ထုတ္လာသည္ကို ေၾကးတိုက္ အျပင္ဘက္ေရာက္မွ ေမးမိသည္။

ေမာင္ေမာင္တုတ္က “အရွင္ မင္းသား ဘုရင္ ျဖစ္ေတာ့မည္ အမွန္ပါပင္၊ ဘုရင္ ျဖစ္လာသည့္အခါ အရွင့္ကို အသက္ေပး၍ အမႈေတာ္ကို ထမ္းပါမည္။ အမႈေတာ္ ထမ္းရာ၌ အမွားရွိခ်င္ေသာ္လည္း ရွိေပမည္။သို႔ေသာ္ အရွင့္သား လက္နက္ျဖင့္ ဒီတသက္တြင္ အသက္ မေသေစရ ဟူေသာ ကတိကို ေပးေတာ္မူပါဘုရား” ဟူ၍ ေလွ်ာက္ထားသည္။

ရေနာင္ေမာင္ေမာင္တုတ္အား သီေပါမင္းသားက “ေမာင္တုတ္ တသက္မွာ ငါ့လက္ႏွင့္ မေသေစရ” ဟူ၍ ကတိ ထားေတာ္မူဖူးသည္။ ေပါ့ေပါ့ဆဆထားေသာ ကတိ မဟုတ္ပါေပ။ ေမာင္တုတ္အေပၚ ဘုရင္ကလည္း ကတိထားသည္ႏွင့္ အမွ်လည္း ေမာင္တုတ္က သီေပါဘုရင္ကေလးကို အသက္ေပး၍ ခ်စ္သည္။ သစၥာရွိသည္။ သီေပါဘုရင္၏ ရိုးသားစိတ္ကိုလည္း ၾကည္ညိုမိသည္။

ေမာင္ေမာင္တုတ္သည္ ဘုရင့္အတြက္ဆိုက အကယ္ပင္ အသက္ေပးဝံ့သူလည္း ျဖစ္သည္။ သီေပါမင္းတရားသည္ ထို႔ေၾကာင့္ပင္လွ်င္ ေမာင္ေမာင္တုတ္အား ရေနာင္ၿမိဳ႕ကို စားေစလ်က္ မင္းသား၏ အဆင့္အတန္းတြင္ ထား၍ မင္းသား၏ အေဆာင္ေယာင္မ်ားႏွင့္တကြ ျမႇောက္စားေတာ္မူသည္။

ရေနာင္ေမာင္ေမာင္တုတ္ကို တနည္းအားျဖင့္ ရေနာင္မင္းသားဟု ေခၚရသည္။ အေရွ႕တက္ပြဲတက္ အခမ္းအနားတြင္လည္း ေမာင္ေမာင္တုတ္သည္ မင္းသားမ်ား၏ ေနရာတြင္ ေနရသည္။ မင္း၏ သားေတာ္၊ ညီေတာ္ပင္ စင္စစ္ မဟုတ္ေသာ္လည္း ဘုရင္မင္းျမတ္ ခ်ီးျမႇင့္သူေကာင္းျပဳျခင္း ခံရသူျဖစ္၍ မင္းသားဟု ေခၚရသည္။

သီေပါမင္းတရား နန္းတက္ၿပီးသည့္ေနာက္တြင္ ရေနာင္ေမာင္ေမာင္တုတ္သည္ မ်ားစြာ တန္ခိုးႀကီးလာသည္။ နန္းတြင္းနန္းျပင္တြင္ ေမာင္ေမာင္တုတ္၏ၾသဇာ ေညာင္းၾကသည္။

ထိုသို႔ အေရးေပးျခင္း ခံရသည့္အထဲတြင္ မိဖုရားေခါင္ႀကီး စုဖုရားလတ္ႏွင့္တကြ ဆင္ျဖဴမရွင္ မိဖုရားႀကီးတို႔ကပါ ေမာင္တုတ္ မပါလွ်င္ မၿပီးသေလာက္ အမႈကိစၥတိုင္းတြင္ ေမာင္တုတ္ကို တိုင္ပင္ေလ့ ရွိသျဖင့္ တိုင္းျပည္ရွိ ဥပေဒမ်ားကိုပင္ ေမာင္တုတ္က လက္တလုံးျခား ေကြ႕ေရွာင္၍ မိမိထင္သလို ျပဳတတ္ေလသည္။

ဘုရင္မင္းျမတ္ ေပးသနားေတာ္မူထားေသာ ဝင္းၿခံႀကီးအတြင္း အေဆာင္အခန္းေပါင္း မ်ားစြာရွိေသာ အိမ္ႀကီးတလုံးတြင္ ေမာင္ေမာင္တုတ္သည္ မယားေပါင္းေျမာက္မ်ားစြာႏွင့္ ႀကီးစြာေသာ စည္းစိမ္ကို ခံစားေနေလသည္။ မယားမ်ား တိုးတက္မ်ားျပားလာတိုင္း အိမ္ႀကီးကို ခ်ဲ့ထြင္၍ ေဘးပတ္ပတ္လည္တြင္ အေဆာင္ခန္းမ်ားက ထပ္မံ တိုးခ်ဲ့ေဆာက္လုပ္ရသျဖင့္ ေမာင္တုတ္၏ အိမ္ႀကီးမွာ အိမ္ႏွင့္ပင္ မတူေတာ့ဘဲ အဝန္းအဝိုင္းႀကီး ျဖစ္၍ မည္သည့္အေဆာက္အဦႀကီး ျဖစ္သည္ကိုပင္ ႐ုတ္တရက္ မေျပာနိုင္ေအာင္ ရွိေတာ့သည္။

ေမာင္တုတ္သည္ သီေပါမင္းကေလးအား အလြန္ခ်စ္ခင္၍ အသက္ေပးကာ အမႈေတာ္ကို ထမ္းေဆာင္ပါမည္ဆိုသည့္အတိုင္းလည္း သီေပါမင္း အလိုရွိပါက ဘာမဆို မရ ရေအာင္ ေဆာင္႐ြက္ေပးမည္ဟု ဆုံးျဖတ္ထားသူ ျဖစ္သည္။ ထို႔ထက္ သီေပါမင္းကိုမွီ၍ မိမိဘုန္းတန္ခိုး တက္ေအာင္လည္း ႀကံေဆာင္လိုသည္။ သို႔ေသာ္ သီေပါမင္း၏ ထီးနန္းကိုကား မေမွ်ာ္မွန္းခဲ့ေခ်။

သီေပါမင္းကေလး၏ ရိုးသားေသာအမူအက်င့္ စိတ္ေနသ ေဘာထားကို ေမာင္တုတ္သည္ မ်ားစြာ ႏွစ္ၿခိဳက္သည္။ မိဘုရား အၿခံအရံတို႔၏ အလယ္တြင္ ဘုရင္မင္းျမတ္တို႔၏ ခံစားအပ္ေသာ စည္းစိမ္ျဖင့္ မခံစားရဘဲ တစ္ဦးတည္း ပ်င္းရိစြာ တစ္လင္တစ္မယား စနစ္ျဖင့္ ၿငီးေငြ႕ဖြယ္ရာ ခံစားေနေသာ သီေပါမင္းသားကို သူ ကိုယ္ခ်င္းစာမိသည္။

ထို႔ေၾကာင့္လည္း ဒိုင္းအတြင္းဝန္၏ သမီး ခင္ခင္ေလးေခၚ ဒိုင္းခင္ခင္ႏွင့္ နီးစပ္ေအာင္ ေမာင္တုတ္ႏွင့္ သူငယ္ခ်င္း ေမာင္ေဖငယ္တို႔က ႀကံေဆာင္ေပးသည္။ဒိုင္းခင္ခင္သည္ ဒိုင္းအတြင္းဝန္ ဦးဘိုးႀကီးႏွင့္ ဒိုင္းအတြင္းဝန္ကေတာ္ တို႔၏ သမီး အရင္း မဟုတ္ေပ။ ဒိုင္းဝန္ကေတာ္၏ ေမာင္မွ ဖြားျမင္သည့္ သမီးရင္း ျဖစ္ေသာေၾကာင့္ တူမေတာ္ ျဖစ္သည္။

အေစာင့္အေရွာက္မ်ားစြာ ၿခံရံထားေသာၾကားထဲကပင္ ေမာင္ေမာင္တုတ္သည္ သီေပါမင္းကေလး၏ စိတ္ကို ေဖ်ာင္းဖ်ဖိဳ႕ ႀကံၾကသည္။ထိုအခါ မိဖုရားႀကီးမွာ ထိပ္စုျမတ္ဖုရားႀကီးကို မီးရႉး သန့္စင္ေတာ္မူေနခိုက္ ျဖစ္သည္။ဤအခ်က္သည္ အပ်က္အပ်က္ႏွင့္ ႏွာေခါင္းေသြးထြက္ ဆိုသလိုပင္ ေမာင္တုတ္၏ ဘဝကံၾကမၼာကို ဖန္တီးလာေသာ အခ်က္ ပင္ ျဖစ္သည္။

ၿမိဳ႕ဝန္ ေ႐ႊလွံဗိုလ္ကေလး ဦးခ်ဳံ (ၿခဳံ) (ဒဂုန္ခင္ခင္ေလး၏ စာဆိုေတာ္ဝထၳဳ၌ ဦးခ်စ္ဟု ဆိုသည္) ႏွင့္ ေမာင္ေမာင္တုတ္သည္ မသင့္မသင့္ ျဖစ္ေနသည္မွာ ၾကာေလၿပီ။ေ႐ႊလွံဗိုလ္မင္း ဦးခ်ဳံသည္လည္း ေမာင္တုတ္ကဲ့သို႔ပင္ မယားမ်ားသူ ျဖစ္ၿပီး သူ႕မယား၊ ကိုယ့္မယား စည္းမေစာင့္ၾကဟု သိမီၾကသူမ်ားက မွတ္ခ်က္ခ်ၾကသည္။

အႀကံတူ ရန္သူ ဟူသကဲ့သို႔ပင္ ဤအေရး၌ ေမာင္ေမာင္တုတ္ႏွင့္ ေ႐ႊလွံဗိုလ္တို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ မနာလိုဝန္တို ျဖစ္သည္သာမက တစ္ခါတရံ မယားႏွင့္ပတ္သက္၍ လုေဖာ္လုဖက္လည္း ျဖစ္သည္ဟု ဆိုၾကသည္။

သူတို႔၏ သူရသတၱိခ်င္းမွာလည္း သူမသာ ငါမသာပင္ ျဖစ္သည္။ သို႔ေသာ္ ဘုရင္မစ၍ တစ္နန္းေတာ္လုံးက အေရးေပးျခင္း ခံရသူမွာ ေမာင္တုတ္သာ ျဖစ္သည့္အတြက္ ေ႐ႊလွံဗိုလ္က အေလွ်ာ့ေပးလိုက္ရသည့္ ကိစၥမ်ားလည္း ရွိသည္။

ဤအခ်က္မ်ားေၾကာင့္လည္း ေ႐ႊလွံဗိုလ္သည္ ေမာင္တုတ္၏အေပၚတြင္ မ်ားစြာ အခဲမေက် ျဖစ္ခဲ့ေလသည္။ ေ႐ႊလွံဗိုလ္ မ်က္စိက်ေနေသာ ခင္ဦးကိစၥတြင္လည္း ေ႐ႊလွံဗိုလ္သည္ မိမိထက္ ၾသဇာႀကီးေနေသာ ေမာင္တုတ္၏ ထိပါး ေစာ္ကားျခင္းကို ခံလိုက္ရသျဖင့္ မ်ားစြာအခဲမေက် ျဖစ္ခဲ့သည္။

 

မ်ားမၾကာမီ ေထာင္ထမႈတခု ျဖစ္ပြားသည္။ ရန္လင္း၊ ရန္ကင္း၊ ဓားျပညီေနာင္ တို႔ကို ေထာင္သြင္း အက်ဥ္းခ်ထားရာတြင္ တစ္ေန႕ေသာ ေနဝင္ၿဖိဳးဖ် အခ်ိန္တြင္ အမွတ္မထင္ေထာင္ထ၍ ဆူညံစြာ ေသနတ္မီးေပါက္မ်ား ပစ္ခတ္ၿပီး ရန္လင္း ရန္ကင္းတို႔ ေထာင္မွ လြတ္ထြက္သြားၾကသည္။ (ေထာင္ထ၍ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားရာတြင္ ၉၉ – ဦး ေသသည္။ ေထာင္တဝိုက္ ေသြးခ်င္းခ်င္း နီသည္ဟု ဆိုသည္။)

ေ႐ႊလွံဗိုလ္သည္ ဤအေရးကိစၥမ်ားတြင္ မ်ားစြာ ႀကိဳးပမ္း၍ ဓားျပမ်ားကို ျပန္လည္ရမိေအာင္ ႀကိဳးစားေသာ္လည္း မရလိုက္ေပ။ထို႔ေၾကာင့္ တစ္ေန႕ေသာအခါတြင္ ရေနာင္ေမာင္ေမာင္တုတ္က ေ႐ႊလွံဗိုလ္ထံ စာေရး၍ ေခၚသည္ဟု ဆိုသည္။ ရန္လင္း ရန္ကင္းတို႔ကို သူဖမ္းဆီးမိထားၿပီျဖစ္၍ ၿမိဳ႕ဝန္မင္းအိမ္သို႔ ႂကြခဲ့ပါ၊ တိုင္ပင္လိုပါသည္ဟု ေခၚသည္။ ေ႐ႊလွံဗိုလ္သည္ အေတာ္အတန္ စဥ္းစားၿပီးမွ သြားရန္ ဆုံးျဖတ္လိုက္သည္။

အကယ္၍ မသြားလွ်င္လည္း ေၾကာက္႐ြံ႕ရာ က်မည္။ သြားျပန္ကလည္း တနည္းနည္းျဖင့္ ေမာင္ေမာင္တုတ္က ရန္စမည္ကို သူသိသည္။ သို႔ေသာ္ ေယာက္်ားေကာင္း၏ သတၱိကို ျပလို၍ ေမာင္တုတ္၏ ဖိတ္ၾကားခ်က္ကို လက္ခံလိုက္သည္။

ေမာင္တုတ္၏အိမ္သို႔ ေရာက္ေသာအခါ ေမာင္တုတ္၏ ရဲေဘာ္ရဲဘက္မ်ားသည္ လက္ျပန္ႀကိဳး တုတ္ထားေသာ ဓားျပ ဗိုလ္ရန္လင္းကို ဧည့္ခန္းေဆာင္သို႔ ထုတ္ယူလာသည္။ ေ႐ႊလွံၿမိဳ႕ဝန္သည္ မ်ားစြာ အံအားသင့္ေနခိုက္ ရာဇဝတ္ေကာင္ကို ၾကမ္းျပင္သို႔ပက္လက္ထား၍ ခ်ဳပ္ကိုင္ေစၿပီး ဝမ္းဗိုက္ကိုခြဲကာ အူကို ထုတ္သည္။ ထို႔ေနာက္ “ေရေဆးမေနနဲ႕ ျပဳတ္ၿပီး ယူခဲ့” ဟု အေဆာင္ကိုင္ကို မွာလိုက္သည္။

ထိုအေတာအတြင္း အျခားစကား တစ္လုံးစ ႏွစ္လုံးစကို ေျပာရင္း လူအူသုပ္သည္ မည္သည့္ အရသာႏွင့္မွ် မတူေၾကာင္း ထို႔ေၾကာင့္ ယေန႕ည ေ႐ႊလွံၿမိဳ႕ဝန္မင္းအား လူအူသုပ္ျဖင့္ ဧည့္ခံလို၍ ရာဇဝတ္ေကာင္ကို ညေနကပင္ ရွာထားရေၾကာင္း ေျပာျပကာ သူကိုယ္တိုင္ စားျပသည္။ ေ႐ႊလွံၿမိဳ႕ဝန္အားလည္း စားေစသည္။ ေ႐ႊလွံၿမိဳ႕ဝန္ကား မစားေပ။ အတန္ၾကာ၍ စကားစျမည္ ေျပာၿပီးမွ ေ႐ႊလွံၿမိဳ႕ဝန္သည္ ေမာင္တုတ္အိမ္မွ ဆင္းသြားသည္။

ဤကား ေမာင္တုတ္သည္ ေ႐ႊလွံၿမိဳ႕ဝန္ကို ဦးက်ိဳးေအာင္ ခ်ိဳးသည့္ ပရိယာယ္တစ္မ်ိဳး ဟူ၍ပင္ ဆိုရေပမည္။ လူအူ အစစ္ ဟုတ္မဟုတ္ကိုကား အမွန္ မေျပာနိုင္ေပ။ သို႔ေသာ္ မိမိ၏ ရန္သူတစ္ေယာက္ ျဖစ္ၿပီး မိမိအား အင္အားၿပိဳင္လိုေသာ လူတစ္ေယာက္အား လွလွႀကီး ဦးခ်ိဳးလိုက္ေသာေၾကာင့္ ဤသို႔ ျပဳေလသေလာ မသိရေပ။

ယင္းကိစၥႏွင့္ ပတ္သက္၍လည္း ေ႐ႊလွံၿမိဳ႕ဝန္သည္ ေမာင္တုတ္အေပၚတြင္ မ်ားစြာမွပင္ မေက်နပ္လွေခ်။ ဤသို႔ အိမ္သို႔ေခၚ၍ ေစာ္ကားလိုက္ျခင္း၊ မိမိသိမ္းပိုက္မည့္ မယားကို အတင္းလုယူျခင္း စေသာ ေမာင္တုတ္၏ အျပဳအမူမ်ားကို မိမိထက္ တန္ခိုးႀကီးေနသူ ျဖစ္၍သာ ခံလိုက္ရေပသည္။

စိတ္ထဲ၌ကား အခဲမေက်လွဘဲ တစ္ေန႕ အလွည့္ႀကဳံလွ်င္ ငါ့အေၾကာင္း သိေစရမည္ ဟူ၍သာ ႀကဳံးဝါးေနရေလေတာ့သည္။

 

ရေနာင္ေမာင္ေမာင္တုတ္ႏွင့္ အတူ နန္းေတာ္က ျမႇောက္စားျခင္းခံရသူမွာ ေ႐ႊတိုက္စိုး၊ စီးေတာ္ျမင္းဝန္၊ ေတာင္သမန္လယ္စား ေမာင္ေဖငယ္ျဖစ္သည္။ ေမာင္ေဖငယ္ႏွင့္ ေမာင္တုတ္တို႔မွာ ေရာင္းရင္းဘက္ျဖစ္သည့္အတိုင္း တဦးႏွင့္တဦး မ်ားစြာ ရင္းႏွီး ခ်စ္ခင္ၾကသည္။ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္လည္း ျဖစ္သည္။ ေတာင္သမန္လယ္စားသည္ ကဗ်ာအဖြဲ႕အႏြဲ႕၌လည္း ကြၽမ္းက်င္သျဖင့္ သီေပါဘုရင္ကေလး၏ စာဆိုေတာ္လည္းျဖစ္သည္။

ရေနာင္ေမာင္ေမာင္တုတ္ တန္ခိုးႀကီးထြားလာခ်ိန္တြင္ ေမာင္ေဖငယ္သည္လည္း ေမာင္ေမာင္တုတ္ကို မွီခိုရေတာ့မလို ျဖစ္လာသည္။

ရေနာင္၏ ေနာက္လိုက္မ်ားႏွင့္ ရေနာင္ကို အားကိုးလိုသူမ်ား၊ ရေနာင္ႏွင့္ေက်းဇူး မကင္းသူမ်ားသည္ ရေနာင္ကို ပိုမိုအထင္ႀကီးေအာင္ ျမႇောက္ေပးၾကသည္။ ရေနာင္ေမာင္ေမာင္တုတ္သည္ သီေပါဘုရင္ထက္ (၁၀)ႏွစ္ခန့္ႀကီးသည္။
ထို႔ေၾကာင့္ ဘုရင္မင္းကေလးကလည္း အစစ အရာရာတြင္ ရေနာင္မပါလွ်င္ မၿပီးသကဲ့သို႔ အတြင္းေရးမ်ားကိုပါ တိုင္ပင္ေလ့ရွိသျဖင့္ ေတာင္ငူေခတ္က တပင္ေ႐ႊထီး၏ အထိန္းေတာ္သား ဘုရင္ေနာင္ႏွင့္ တူသည္ဟု ေျပာၾကသည္။ ဤကဲ့သို႔ပင္ ဘုရင္ေနာင္၏ အခ်ိဳးကို ေမာင္တုတ္က ခ်ိဳးေနသည္ဟု စြပ္စြဲသူမ်ားကလည္း စြပ္စြဲေနၾကသည္။

တပင္ေ႐ႊထီးအစ္မ ခင္ခင္ႀကီးႏွင့္ ဘုရင့္ေနာင္တို႔ လက္ဆက္ၿပီးေနာက္ တပင္ေ႐ႊထီး၏ ထီးနန္းကိုပင္ ဘုရင့္ေနာင္က ဆက္ခံခဲ့သည့္ အတိုင္း ယခုလည္း ရေနာင္ေမာင္ေမာင္တုတ္သည္ ဘုရင့္ေနာင္ လုပ္ခ်င္သည္ဟု ဆိုၾကသည္။ သီေပါဘုရင္ကေလးတြင္ အစ္မေတာ္ ပခန္းႀကီး စုဘုရားႏွင့္ ႏွမေတာ္ မိတၳီလာစုဘုရားတို႔ ရွိေနသည္။ ဘုရင္ကေလးသည္ ေမာင္တုတ္ႏွင့္ တိုင္ပင္ရာ၌ သင့္သည္မသင့္သည္ အေရး မဟုတ္။ ေမာင္တုတ္၏ ဆုံးျဖတ္ရာကိုသာ လုပ္ေလ့ရွိသည္ဟုလည္း ဆိုၾကသည္။

ထိုအခါ ေမာင္တုတ္သည္ ေတာင္ငူေခတ္၏ တပင္ေ႐ႊထီး ရာဇဝင္ကို စုေဆာင္းေလ့လာသည္။ ေမာင္တုတ္၏ အိမ္တြင္ပြဲ လမ္းသဘင္မ်ား ခံရာ၌ ေတာင္ငူရာဇဝင္ တပင္ေ႐ႊထီးႏွင့္ ဘုရင့္ေနာ္တို႔၏ ဇာတ္လမ္းကိုပင္ ကျပေစခဲ့သည္။ ေမာင္တုတ္ကို အားေပးအားျမႇောက္ျပဳေနေသာ ေတာင္သမန္လယ္စား ေမာင္ေဖငယ္ကလည္း ေအာက္ပါဘုရင့္ေနာင္၏ ေတးထပ္ကို ေရးစပ္၍ ေမာင္တုတ္၏ ဘဝကို ျမင္ေစသည္။

“ခေပါင္းေရစမ္းငဲ့ရယ္ႏွင့္၊ သန္းေ႐ႊထုသခင္၊ နန္းေကတု ပလႅင္ဝယ္၊ တဘုရင္ေ႐ႊထီး။ ပင္တိုင္နတ္လွမေနာ္၊ အမေတာ္နန္းလုံဆီမီး၊ ရဲထြဋ္ဟု၍ တကိန္းေပၚ၊ တစိမ္းေနာ္မနီး၊ အထိန္းေတာ္ႀကီးႏွင့္၊ ဇနီးျမတ္ လြန္ေသာ္၊ ဖြားဘက္ေတာ္လူကေလးရယ္သို႔၊ ေကာက္ယူေမြးနန္းထက္မွာေပ်ာ္။ လူရည္ဝ စန္းလဂ္ေပၚလွ်င္၊ ကြမ္းဆက္ေတာ္ဝင္ၿပီးမွ တပင္ေ႐ႊထီးအမပ်ိဳ၊ ရလိုေၾကာခို၊ ဆင္ျဖဴရွင္ဆံထုံးဆိုလွ်င္၊ ကံဘုန္းကိုသိဖူးေဖ်ာ့ေလး။”

ညစဥ္ညတိုင္း ရေနာင္ေမာင္ေမာင္တုတ္၏အိမ္မွ တၿခိမ့္ၿခိမ့္ခံေနေသာ အၿငိမ့္ပြဲသံမ်ားကို ဆူညံစြာ ၾကားရသည္။ ေတာင္တြင္းႀကီးမွ ဆင္း၍ တင္ခိုးလာခဲ့ေသာ အၿငိမ့္မင္းသမီး၊ ရေနာင္၏ မယားတစ္ေယာက္ျဖစ္သူ ဆင္ခိုးမေလးကလည္း ဤေတးထပ္ျဖင့္ ရေနာင္အား အဆိုေတာ္ ဆက္ရသည္မွာ အႀကိမ္ေပါင္း မ်ားလွေခ်ၿပီ။

ရေနာင္ႏွင့္ ေမာင္ေဖငယ္တို႔သည္ ဘုရင္မင္းေလးထံသို႔လည္း အၿမဲခစားဝင္၍ ဘုရင္ကေလး၏ အႀကိဳက္ကို အၿမဲေဆာင္က်ဥ္းေပးျခင္းျဖင့္ မ်က္ႏွာရေအာင္ ျပဳသည္။ ဒိုင္းခင္ခင္ႏွင့္ ဘုရင္ကေလးတို႔ ေတြ႕ဆုံနိုင္ဖို႔အေရးကိုလည္း အေထာက္ေတာ္ အထပ္ထပ္၊ အေစာင့္အေရွာက္ အယွက္ယွက္တို႔၏ၾကားမွ စြန့္စား၍ ပို႔ေဆာင္ေပးသည္။

သီေပါဘုရင္ကေလး၏ စိတ္ထဲတြင္ ေလာကစည္းစိမ္ ဟူသမွ်ကို အမ်ိဳးသမီးေခ်ာကေလးမ်ား၏ အေၾကာင္းကို အခြင့္ရပါက စီကာပတ္ကုံး တင္ေလွ်ာက္ၾကသည္။ နန္းေတာ္၌ “ပန္းၾကာဝတ္မႈံ” ျပဇာတ္ကိုပင္ တင္ဆက္ေစသည္။

သို႔ျဖင့္ မီးရႈးသန့္စင္ေတာ္မူကၿပီး၍ မိဘုရားေခါင္ႀကီး က်န္းမာေတာ္မူလာၿပီးေနာက္ ညအခါ ေတာင္ဥယ်ာဥ္အတြင္း၌ ဒိုင္းခင္ခင္ႏွင့္ သီေပါဘုရင္တို႔ ေပြ႕ဖက္ေနၾကသည္ကို ကိုယ္တိုင္ ပက္ပင္း ေတြ႕ရေလသည္။

မိဘုရားႀကီးသည္ ရေနာင္ေမာင္ေမာင္တုတ္အား ကိုယ္တိုင္ အခဲမေၾက ျဖစ္လာသည္။ ဤလက္ခ်က္သည္ ရေနာင္ေမာင္ေမာင္တုတ္၏ လက္ခ်က္ ျဖစ္သည္ကိုလည္း သိေနသည္။

ထို႔ေၾကာင့္ ရေနာင္ေမာင္ေမာင္တုတ္၏ အေၾကာင္းကို အၿမဲ စုံစမ္းေစသည္။ မၾကာမီနန္းေတာ္တံခါး ေလးျပင္ေလးရပ္ တို႔၌လည္း တိုင္းသူျပည္သားမ်ားအဖို႔ မင္းတရား စည္းတားသကဲ့သို႔ တိုင္းျပည္ဆိုးသြမ္း ေဟာ့ရမ္း အက်င့္တန္ေသာ မင္းမႉးမတ္တို႔အေၾကာင္း လွ်ို႔ဝွက္စာမ်ား ေပးလိုပါက ေပးနိုင္ရေအာင္ ေ႐ႊေသတၱာႀကီးမ်ားကိုခ်ထားသည္။

ထိုေသတၱာအတြင္းမွ ရေနာင္ေမာင္ေမာင္တုတ္သည္ တိုင္းျပည္၌ ေဟာ့ရမ္းဆိုးသြမ္းေန႐ုံမက ထီးနန္းကိုပင္ လုယူရန္ ႀကံ႐ြယ္ေနေၾကာင္း လွ်ို႔ဝွက္စာမ်ား ရလာသည္ဟုဆိုသည္။ ထိုစာမ်ားအရ မိဘုရားေခါင္ႀကီးႏွင့္ တိုင္းတာမင္းႀကီး၊ ေ႐ႊလွံဗိုလ္တို႔ပူးေပါင္၍ ရေနာင္ေမာင္ေမာင္တုတ္ကို ဖမ္းဆီး၍ ေထာင္သြင္း အက်ဥ္းခ်ထားလိုက္သည္။

ရေနာင္ေမာင္ေမာင္တုတ္ႏွင့္အတူ တစ္ၿပိဳင္နက္အျဖစ္ အဖမ္းခံရသူမ်ားမွာ လက္သုံေတာ္ငယ္ ကိုေမာင္ေမာင္လတ္၊ ေငြခြန္မႉးေမာင္ေမာင္၊ ဘုန္းေတာ္တိုး ဗိုလ္ေပၚၫြန့္၊ နတ္ရွင့္ရဲတင္းဗိုလ္မွန္၊ နတ္ရွင္ဗိုလ္ညို၊ သံေတာ္ဆင့္ေမာင္ေစာ၊ ၿမိဳ႕စာေရး ကံေကာ္၊ ၿဗဲတိုက္သံေတာ္ဆင့္ ေမာင္တုတ္၊ ပန္းပဲစား ဘိုးအို စေသာ ရေနာင္ေမာင္ေမာင္တုတ္၏ အေပါင္းအပါမ်ား ျဖစ္သည္။

ရေနာင္ေမာင္ေမာင္တုတ္ႏွင့္ ၿပိဳင္ဘက္ျဖစ္ေသာ ေ႐ႊလွံၿမိဳ႕ဝန္ ဦးခ်ဳံသည္ ေမာင္တုတ္ဤကဲ့သို႔ျဖစ္သည္ကို ႀကိတ္၍ ဝမ္းသာေနမိေတာ့သည္။ တစ္ေန႕တြင္ ေမာင္တုတ္သည္ တစ္နည္းနည္းျဖင့္ ငါ့၏လက္သို႔ ေရာက္ရမည္ဟု အခဲမေက်နိဳင္ေသာ ဦးခ်ဳံသည္ လူအူသုပ္ႏွင့္ လက္ဖက္ရည္ေသာက္ ဖိတ္သည္ကိုလည္း အၿမဲတေစ သတိရေနမိသည္။

သို႔ေသာ္ သီေပါမင္း ကိုယ္တိုင္က “ေမာင္တုတ္တသက္ ငါ့လက္ႏွင့္ မေသေစရ”ဟူေသာ ကတိစကား ထား႐ုံတြင္သာမက မႉးမတ္ေပါင္းစုံညီသည့္ ဘြဲ႕မည္ရည္ အေဆာင္အေယာင္ ေပးသည့္ေန႕က မိန့္ေတာ္မူခ်က္ကိုလည္း ျပန္လည္ သတိရေနမိသည္။

 

ထိုစဥ္ သီေပါဘုရင္သည္ ရေနာင္ေမာင္ေမာင္တုတ္၏ အိမ္သို႔ မင္းခ်င္းမ်ားကို လႊတ္၍ ျပစ္မႈအတြက္သက္ေသ အေထာက္အထားမ်ားကို ရွာခိုင္းသည္။ ပစၥည္းတခုတည္းႏွင့္ပင္ ရေနာ္ေမာင္ေမာင္တုတ္ကို ေသဒဏ္ေပးနိုင္ေလသည္။

သူ၏ အိပ္ခန္းအထဲ၌ ေ႐ႊမ်ားဝင္းေအာင္ ျခယ္သထားသည့္ ေ႐ႊသလြန္တခုကို ေတြ႕ရသည္။ ယင္းေ႐ႊသလြန္မွာ ရွင္ဘုရင္မ်ားသာ အသုံးျပဳခြင့္ ရွိသည့္ ေ႐ႊသလြန္ ျဖစ္သည္။ ထို႔ေနာက္ မင္းတရားထံ သံေတာ္ဦး တင္လိုက္ၾကသည္။ သူတို႔ ဆင္ထားသည့္ အကြက္မ်ားကလည္း ပိပိရိရိရွိလွသည္။ အလြယ္တကူပင္ သီေပါဘုရင္က ယုံၾကည္သြားဟန္ တူသည္။

သီေပါဘုရင္သည္ မိမိရဲ႕ေနာင္ေတာ္တမွ် ခ်စ္ခင္အားကိုးခဲ့ေသာ ရေနာင္ေမာင္ေမာင္တုတ္အား မည္သို႔ အျပစ္ေပးရန္ စဥ္းစားေနစဥ္ မိဘုရားေခါင္ႀကီး စုဖုရားလတ္သည္ ဤအေရး၌ မိမိအား အားသြန္ခြန္စိုက္ကူညီခဲ့ေသာ တိုင္းတာမင္းႀကီး၏ အလို ျဖည့္ဆည္းသည့္အေနျဖင့္ ၎၏တူေတာ္သူ ဗိုလ္မင္းေက်ာ္ကို ေတာင္ထားဝယ္ဗိုလ္ လက္သုံးေတာ္ကိုင္ရ ေနာင္ေမာင္ေမာင္တုတ္ အရာက်လွ်င္ ၎ေနရာ၌ ခန႔္ထားရန္ ကတိေပးခဲ့သည္။

လက္သုံးေတာ္ကိုင္ အျဖစ္ကမူ မိဘုရားေခါင္ႀကီး အထူး စိတ္ခ်ေတာ္မူေသာ မင္းထင္ရာဇာဆိုသူအား ခန့္အပ္ရန္ စီစဥ္ထားသည္။သည္လို ကတိေပးထားသည္ဆိုကတည္းကပင္ ရေနာင္ေမာင္ေမာင္တုတ္ကို စုဘုရားလတ္ႏွင့္ တိုင္းတာမင္းႀကီးတို႔သည္ နဂိုကကပင္ အျပတ္ရွင္းဖို႔ စီစဥ္ထားဟန္ တူသည္။

ဤသို႔ ရေနာင္ေမာင္ေမာင္တုတ္ အခမ္းခံရၿပီးေနာက္ မၾကာခင္မွာပင္ ဗန္းေမာ္တြင္ ေရာက္ေနၿပီး အရာအခ်ခံထားရသည့္ ေတာင္သမန္လယ္စား ေမာင္ေဖငယ္ကို ဗန္းေမာ္၌ပင္ အဆုံး စီရင္လိုက္ၾကသည္။ထိုစဥ္ အေျခအေန အရပ္ရပ္ကို နားလည္ၿပီးထားရွိဟန္ တူသည့္ တိုင္းတာမင္းႀကီးက ရေနာင္ေမာင္ေမာင္တုတ္၏ အေျခအေနကိုေမးျမန္း၍ ေ႐ႊလွံၿမိဳ႕ဝန္မင္းအား သတိေပးစကား ေျပာလိုက္သည္။

“ေမာင္မင္း လုပ္ရမယ့္ အလုပ္ေတြ ဘာေၾကာင့္ ဖင့္ေႏွးရသလဲ၊ ဟိုက မင္းတရားႀကီး စိတ္ေျပလို႔ လႊတ္ေစဆိုရင္ မင္း ေသမယ္သာ ျပင္ေပေတာ့” ဟု ေျပာလိုက္ရာ ေ႐ႊလွံၿမိဳ႕ဝန္သည္ အထိတ္ထိတ္ အလန့္လန့္ ျဖစ္သြားသည္။ ထို႔ေနာက္ တိုင္းတာမင္းႀကီးကို ႏႈတ္ဆက္ၿပီး လက္မ႐ြံ႕ေထာင္ႀကီး အထဲသို႔ ဝင္၍ လူအလစ္တြင္ သူကိုယ္တိုင္ ေမာင္တုတ္၏ လည္ပင္းသို႔ လွံျဖင့္ ထိုးသတ္လိုက္သည္။ ၿပီးမွ ေမာင္ေမာင္တုတ္သည္ အခ်ဳပ္ခန္းထဲ၌ သူ႕ကိုယ္သူ ကပ္ေၾကးျဖင့္ သတ္ေလဟန္ အကြက္ ဆင္ထားခဲ့သည္။

ဤသို႔ျဖင့္ ရေနာင္ေမာင္ေမာင္တုတ္သည္ ဘဝနိဂုံး ခ်ဳပ္သြားခဲ့ရေလသည္။ သို႔ေသာ္ သူသည္ ဆင္းရဲေသာ ျပည္သူမ်ားအေပၚ၌ မိမိတတ္နိုင္သမွ် ေပးခဲ့ ကမ္းခဲ့ ေကြၽးေမြးခဲ့သည္။

ထင္ထင္ရွားရွား ျပစရာဟူ၍ ဘုရားေက်ာင္းကန္မ်ား မလႉနိုင္ခဲ့ေခ်။ သူ႕ညီျဖစ္သူ ပင္းသာၿမိဳ႕စား ေမာင္ေမာင္ေျပာင္းကမူ မဟာမုနိဘုရားႀကီးတိုက္ အာနႏၵာဘုရား အေရွ႕ဘက္တြင္ ပင္းသာေက်ာင္းဟူေသာ ေက်ာင္းႀကီးတစ္ေက်ာင္း လႉဒါန္းခဲ့ေသးသည္။ ဘုရားေစတီမ်ားလည္း အမ်ားအျပား လႉဒါန္းခဲ့သည္။

၁။ (က) ေမာင္ေဖငယ္ ရေနာင္ေမာင္ေမာင္တုတ္ ရန္ကုန္၊ တင္ေဆြစာေပတိုက္၊ ပ -ႀကိမ္၊ ၁၉၇၅ ခု။ခ) ျမေကတု “ရေနာင္ေမာင္ေမာင္တုတ္” ျမဝတီမဂၢဇင္း၊ စာ- ၅၆၊ ၆၃။ (ဂ) တကၠသိုလ္နႏၵမိတ္ “ရေနာင္ေမာင္ေမာင္တုတ္” ျမဝတီမဂၢဇင္း၊ စာ – ၉၇၊ ၁၀၂

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *