တခေတ်တခါကအရေးပါခဲ့တဲ့ မန္တလေး ရွှေတချောင်းမြောင်းကြီးအကြောင်း

တခေတ်တခါကအရေးပါခဲ့တဲ့ မန္တလေး ရွှေတချောင်းမြောင်းကြီးအကြောင်

 

 

၁၈၅၉ မှာ မန္တလေးမြို့ကို မင်းတုန်းမင်းတည်ထောင်ချိန်က အနောက်ပြင်လို့ခေါ်တဲ့ ရပ်ကွက် အများအပြားဟာ ရွှံ့ညွန်ပေါတဲ့ အင်းအိုင်ချောင်းမြောင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရွှေတချောင်းအနောက်ဘက် ကနေ ဧရာဝတီ မြစ်ဆိပ်ထိ ကြားက နေရာတွေ ဖွံ့ဖြိုးအောင် မင်းတုန်းမင်းက ပြင်မြို့ရိုးကြီးလို့ ခေါ်တဲ့ ရေကာတာကြီးကို ၁၈၇၆ မှာ တည်ဆောက်ခဲ့ပါတယ်။

တာရိုးအောက်ခြေမှာ ပေတရာရှိပြီး ထိပ် ပေ ခြောက်ဆယ်နဲ့ (၁၅) ပေမြင့် ပါတယ်။ အီတလီအင်ဂျင်နီယာက ညွှန်ကြားပြီး အလုပ်သမား ခြောက်သောင်းနဲ့ ရှစ်လဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီတာရိုးဟာ ရေဘေးထက် မြစ်ကြောင်းက တက်လာနိုင်တဲ့ ဗြိတိသျှ တပ်တွေကို ခုခံဖို့ ဖြစ်တယ်ဆိုပြီး ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိက ပါတော်မူပြီး နောက်ပိုင်းမှာ ဗြိတိသျှအရာရှိတွေကို ပြောဆိုကြောင်း သိရပါတယ်။

ရေကာတာမှာ ခံတပ်တွေလိုပဲ အမြောက်သေနတ်ပစ်လို့ရတဲ့ အပေါက်တွေ ရှိတဲ့အပြင် မြစ်နဲ့ဝေးတဲ့ မြို့ရဲ့တခြား သုံးမျက်နှာကိုပါ မြေမြို့ရိုးကြီး ပြုလုပ် ကာရံခဲ့လို့ ဖြစ်ပါတယ်။

ဒီရေကာတာကြီးဟာ တည်ဆောက်ပြီး နောက်တနှစ်မှာပဲ မြေသားမသေလို့ အေလမ်းနဲ့ ဘီလမ်းလို့ ခေါ်တဲ့ (၃၅) လမ်းနဲ့ (၂၆) လမ်းကြား သင်္ဂဇာချောင်းစပ်မှာ ကျိုးပေါက် ခဲ့ဖူးကြောင်းသမိုင်းပညာရှင် ဒေါ်ကြန်က မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅-၁၈၈၆)စာအုပ်မှာ ရေးသားခဲ့ပါတယ်။

တကယ်အကြီးအကျယ် ရေကြီးတာကတော့ ၁၈၈၆ ပါတော်မူပြီးနောက်တနှစ်မှာ ဖြစ်ပါတယ်။ဧရာဝတီမြစ်မှာ အကြီးဆုံးရေကြီးမှုကို ပထမ အင်္ဂလိပ်မြန်မာစစ် ဖြစ်တဲ့ ၁၈၂၄ က ကြုံခဲ့ရပြီး ကုလားရေကြီးလို့ အမှတ်အသားပြုခဲ့ကြပါတယ်။

ခု ၁၈၈၆ ရေကြီးမှုဟာ အဲဒီ ကုလားရေကြီးစံချိန်ကို မီဖို့ တစ်ပေခွဲပဲ လိုခဲ့ပါတယ်။ ရေကာတာကျိုးချိန်မှာ မြစ်ရေဟာ (၁၅) ပေ မြင့်တဲ့ တာရိုးကို ကျော်သွားပြီး ဧရာဝတီမြစ်ဟာလည်း ငါးမိုင်လောက် ကျယ်သွားခဲ့ပါတယ်။

ဒီရေကြီးမှု ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေ ရှိပါတယ်။ ပါတော်မူပြီးစက ဗြိတိသျှကို တော်လှန်နေတဲ့ မျိုးချစ်အင်အားစုတွေကတာရိုးကို တမင်ချိုးပစ်တာလို့ ပြောကြသလို တာရိုးဟာ မြစ်နဲ့ အလျားလိုက် ရှိရမယ့် အစား ကျိုးတဲ့နေရာမှာဆည်ပေါင်ကန့်လန့်ခံသလို ဖြစ်နေလို့ ကျိုးတာလို့လည်း ရွှေဉာဏ်ဇော်ရဲ့ ရေကာတာရိုးကျိုးပေါက်ခြင်း စာတမ်းမှာ ပါရှိပါတယ်။

ဒီတာရိုးခိုင်မာရေးအတွက် ဗြိတိသျှအစိုးရက ၁၈၈၆ ဇွန်၊ဇူလိုင်လတွေကတည်းက အင်ဂျင်နီယာတွေ ချပြီး ပြုပြင်စေခဲ့သလို အင်ဂျင်နီယာချုပ်ကိုယ်တိုင် ဦးပေစိနဲ့ တာရိုး တစ်ခုလုံးကို လိုက်ကြည့်ခဲ့ပါတယ်။

လက်ထောက်အင်ဂျင်နီယာ တွေကို တာရိုးတစ်လျှောက် တာဝန်တွေ ခွဲချထားသလို တစ်မိုင်ကို အစောင့်နှစ်ယောက်စီထားပြီး
တာရိုးပေါ် တဲထိုးပြီး နေ့ညစောင့်ခိုင်းပါတယ်။ ငွေသုံးထောင်လောက် အကုန်ခံ ပြုပြင်ထားတဲ့ကြားက တာရိုးကျိုးခဲ့တာ ဖြစ်ပါတယ်။

လှည်းတွေနဲ့ပြေး

သြဂုတ်လမှာ မြစ်ရေတက်လာပြီး အရင်ပေါက်ခဲ့ဖူးတဲ့ အေလမ်းနဲ့ ဘီလမ်းကြားအပြင် အမရပူရ ရေလွှဲပေါက်နားမှာ စိုးရိမ်စရာ ဖြစ်လာလို့ ပြင်ကြရပြန်ပါတယ်။

ဒီလိုနေရင်း ၁၈၈၆ ခုနှစ် သြဂုတ်လ (၁၆) ရက် ညနေ (၇) နာရီမှာတော့ တာရိုးကျိုးပြီး မန္တလေး အနောက်မြောက်စွန်း ညောင်ကွဲရပ်ကနေ မြို့ထဲထိ အနောက်ပြင်တဝှမ်း ရေဘေး သင့်ပါတယ်။

ရေသံကြားတာနဲ့ လူတွေ လှည်းတွေပေါ် ကလေးနဲ့ ပစ္စည်းတင်ပြီး အသက်လု ပြေးကြရကြောင်း ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးက ၁၉၇ဝ မှာ ပြန်လည်မိန့်ကြားပါတယ်။

စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ အဘိုး ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း ဒီဖြစ်ရပ်ကို
ည ၄ ချက်တီးကျော် (၇) နာရီအချိန် နောံပြင်မြေ မြို့ရိုးကြီးတလျှောံများ အ္နက် သရက်တပင်ရွာအနီးက ရေပေါ ံသည် လို့မှတ်တမ်းပြုပါတယ်။

တာကျိုးတဲ့နေရာဟာ ပေ (၆ဝ) လောက် ကျိုးပေါက်သွားတာလို့ သမိုင်းမှတ်တမ်းတွေက ဆိုသလို ကိုက်သုံးရာလောက် ရှည်တယ်လို့လည်း ဗြိတိန်ထုတ် ညနေခင်းကြေးနန်း သတင်းစာက ရေးပါတယ်။

ရေဖောက်ထုတ်နိုင်ဖို့အတွက် မြို့တောင်ဘက်က တာရိုးကို အင်ဂျင်နီယာတွေ ချိုးပစ်ခဲ့ပေမဲ့ အခြေအနေက ကောင်းမလာခဲ့ပါဘူး။ မြို့ပေါ်က လူ ငါးသောင်း အိုးအိမ်မဲ့ပြီး လူနေအိမ်ခြေနဲ့ အစားအသောက်ဂိုဒေါင်တွေ ပျက်စီး ဆုံးရှုံးကုန်ပါတယ်။

ရေဘေးသင့်သေသူအရေအတွက်မှာလည်း အာဏာပိုင်တွေနဲ့ သတင်းစာတွေကြား ကွဲပြားမှုတွေ ရှိပါတယ်။

ဗြိတိသျှအစိုးရ၊ မြန်မာဗုဒ္ဓဘာသာသာသနာပိုင်နဲ့ ခရစ်ယာန် သာသနာပြုတွေအလိုအရ သေသူက (၁၃) ယောက်ကနေ (၂၅) ယောက်အတွင်းပဲ ရှိပြီး ပြည်တွင်းပြည်ပသတင်းစာတွေမှာတော့ တစ်ထောင်ကနေ နှစ်ထောင်ထိ သေတယ်လို့ ရေးကြပါတယ်။

ကမ်းပေါ်မှာ အလောင်းတွေ လာတင်တယ်လို့ ညနေခင်းကြေးနန်းက ရေးသလို ဂေါဝိန်တံခါးနဲ့ ရဟိုင်းဈေး တံတားတွေမှာ ဘုန်းကြီးအလောင်း၊ကလေးနဲ့ အမျိုးသမီးအလောင်းတွေ ရာနဲ့ချီရေမှာမျောနေကြတယ် ဆိုတဲ့သတင်းတွေ ထွက်ခဲ့ ကြောင်း ဒေါ်ကြန်က ရေးပါတယ်။

တာကျိုးတဲ့ညက လူတွေအများကြီး တာရိုးပေါ် တက်နေကြပြီး မနက်မိုးလင်းတော့ သူတို့အတွက် ကယ်ဆယ်ရေးလှေတွေ အစိုးရက လွှတ်ပေးပေမယ့် ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှေငှားပြီး ရွှေ့ ကြတယ်လို့ ဆိုပါတယ်။

အနောက်ပြင်ရပ်ကွက် တွေထဲက ဆန်စပါး၊ ပြောင်း၊ပဲ ၊ ဆေးနဲ့ သစ်ဝါးစတဲ့ ကုန်စည်တွေ မျောပါဆုံးရှုံးပေမယ့် စျေးချိုထဲက ကုန်တွေကိုတော့စစ်တပ်ချပြီး ရွှေ့ပေးတဲ့အတွက် အပျက်အစီးလွတ်တယ်လို့လည်း သိရပါတယ်။

မန္တလေးအရေးပိုင် ကာတာကိုယ်တိုင် ညလုံးပေါက် စောင့်ကြပ်ပြီး ရွှေ့တာ ဖြစ်ပါတယ်။တစ်ခါ တာရိုးကျိုးတဲ့နေရာဟာ မြစ်ရေအနက်ဆုံးနဲ့ တာရိုးအနိမ့်ဆုံးနေရာလို့လည်း ရွှေဉာဏ်ဇော် က ရေးပါတယ်။

မြို့အနောက်မြောက်ထောင့် ရဲထွတ်တံခါးနဲ့ ညောင်ကွဲကြား မှာ မြောက်ကနေ တောင်ကိုစီးတဲ့ မြစ်တိမ်ချောင်းရိုးနေရာက တာကျိုးတာလို့လည်း သူက ဆိုပါတယ်။အဲဒီ တာရိုးပေါက်ကို ကူးဖို့ တံတားထိုးထားတာကို တွေ့နိုင်တယ်လို့လည်း ရေးပါတယ်။

မြစ်ရေတိုးချိန်မှာ မြောက်ကနေ တောင်ကိုစီးတဲ့ ရေဖိအားကို မြောက်ဘက် မြေမြို့ရိုးက ကန့်လန့်ခံသလို ဖြစ်လို့ ကျိုးပေါက်တာလို့လည်း သိရပါတယ်။ ဗြိတိသျှအင်ဂျင်နီယာတွေနဲ့ မြန်မာအရာရှိတွေ သတိမမူမိတနေရာကနေ ကျိုးပေါက်တာ လို့လည်း ၁၈၈၇ ခုနှစ်ထုတ် စကော့ပထဝီဝင်မဂ္ဂဇင်းက ရေးပါတယ်။

ဖောင်ကျောင်းနဲ့ ထီးဖြူရုံ ကယ်ဆယ်ရေး

ရေကြီးတဲ့ညက သန်းခေါင်ကျော်ချိန်မှာ ရေလှိုင်းပုတ်သံတွေ ကြားပြီး ရေတွေ တက်လာကြောင်း၊ ရေပန်းတိုက်က ကျောင်းလှေကားကြီးလည်း ပြုတ်ထွက် ပါသွားပြီး ရဟိုင်းသင်္ချိုင်းနားထိ မျောသွားကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ စံကင်း ဆရာတော်ကြီးက သက်တော် တစ်ရာအရွယ်မှာ ပြန်လည်မိန့်ကြားခဲ့ပါတယ်။

ကျောင်းကြီး အထက်ထပ် ကြမ်းပြင်မှာ ကျိန်းစက်ရတဲ့ သံဃာတွေဟာ ကျောင်းပေါ်မှာ နေမဖြစ်တော့တဲ့အတွက်မျောလာတဲ့ တိုင်တွေကို စုပြီး ဖောင်ဖွဲ့နေကြရပြီး သူတို့အားလုံး အဲဒီဖောင်ကျောင်းပေါ်မှာ ဆယ်ရက်ကျော် သီတင်းသုံးခဲ့ရပါတယ်။

သီပေါမင်းနဲ့ စုဘုရားလတ်တို့ ပါတော်မမူမီ ဆောက်လုပ်လှူဒါန်းသွားတဲ့ မြတောင်ကျောင်းကြီးနားမှာ ရေဘေးပြေးလာသူတွေ စုရုံးနေကြပါတယ်။

ကုန်းမြင့်ရာအရပ်မှာ လူတွေ စုနေကြရတာလို့ စံကင်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို လူထုဦးလှက ဟံသာဝတီသတင်းစာမှာ ပြန်လည်ရေးသားခဲ့ပါတယ်။

အနိမ့်ပိုင်းကျတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ရေမြုပ်ပြီး တချို့ကျောင်းတွေ မှာတော့ အထက်ထပ်တွေမှာ သံဃာတွေ စုရုံးနေကြရတာ ဖြစ်ပါတယ်။

ရေကြီးချိန်က ဈေးချိုကို လှေနဲ့သွားရပြီး ဈေးထဲမှာ ရေက နှစ်တောင်သုံးတောင် နက်ပါတယ်။ မိုးကောင်းနဲ့ ခင်မကန်တိုက်တွေမှာတော့ ရေလေးတောင်လောက်ရှိတာပါ။

တာကျိုးလို့ အိမ်ခြေရှစ်ထောင်လောက် ရေနစ်ပြီး ကျပ်လေးသိန်းဖိုး လောက် ဆုံးရှုံးတယ်လို့လည်း ဒေါ်အုန်းကြည်ရဲ့ ဗြိတိသျှခေတ်ဦး မန္တလေးလူမှုရေး စာတမ်းမှာ ပါရှိပါတယ်။

သီရိဟေမာ၊ သီရိမာလာနဲ့ ပြည်ကြီးပျော်ဘွယ်စတဲ့ မန္တလေးဈေးချိုနားက ရပ်ကွက်တွေမှာ အိမ်ခြေ တစ်ထောင် ဝန်းကျင်စီလောက် ရေဘေးသင့်ခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ လူပိလို့သေရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးအတွက် ဗြိတိသျှအာဏာပိုင်တွေက ကြိုးစားပါတယ်။ လူ တစ်ယောက် တစ်ရက်ကို ဆန်နို့ဆီဘူးလေးဘူးနဲ့ ပိုက်ဆံနှစ်ပြား (ပဲဝက်) ဝေတာပါ။

လာယူသူက ငါးထောင်ထိ ရှိလာပြီးနောက် သြဂုတ်လ ကုန် ရောက်တဲ့ အခါမှာတော့ ပိုက်ဆံမဝေဘဲ ဆန်ပဲပေးပါတော့တယ်။ဒါတောင် မိသားစုထဲမှာ ခြောက်ပဲက ရှစ်ပဲထိ ဝင်ငွေရှိတဲ့သူရှိလို့ ဆိုပြီး ဝေတာ မရသူတွေလည်း ရှိပါတယ်။

စက်တင်ဘာလ (၂၂) ရက်မနက် ဆန်ဝေဖို့ အန္ဒြိနောဝင်းမှာ ရုံးတံခါးကို ဖွင့်တဲ့အခါ လူငါးထောင်ကျော် စုတိုးကြတဲ့အတွက် လူနင်းမိပြီး (၁၆) ယောက်သေဆုံးပါတယ်။

အပြင်မှာ လူတွေ စနစ်တကျ တန်းစီနိုင်အောင် စီစဉ်မထားတဲ့အပြင် မိုးရွာလို့ ချော်လဲရာကနေ လူတက်နင်းမိတာလို့လည်း ဆိုပါတယ်။ သေသူတွေအတွက် တစ်ဦးကို ငွေတရာစီ ပေးပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်မှာ ထပ်ဆောင်းပြီး စိတ်မကောင်းစရာကတော့ သေသူ ယောက်ျား သုံးဦးနဲ့ မိန်းမ ၁၃ ဦးမှာ ကလေးငယ် ရှစ်ယောက် ပါတာ ဖြစ်ပါတယ်။

အသက် (၇) နှစ်ကနေ (၆ဝ) အထိ ရှိတဲ့ သေဆုံးသူတွေရဲ့ အမည်တွေကတော့ မိအောင်၊ မိရွှေဥ၊ ဦးပြား၊ မိကြေးမုံ၊ ငဘိုးခင် ၊ မိရွှေချိတ် စတဲ့သူတွေ ဖြစ်ကြပါတယ်။ဒီဖြစ်ရပ်ကို သိမီခဲ့တဲ့ ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း သူ့ရဲ့နေ့စဉ်မှတ်သားချက်မှာ ခုလို ဖော်ပြခဲ့ ပါတယ်။

“၂၂ စက်တင်ပါ ၁၈၈၆ … ၎င်းနေ့နံက် အန္ဒြိနှောဝင်းတွင် နေ့စဉ်ဝေမြဲဆန်ဝေရာ ဝင်းအတွင်းသို့ မဝင်မီ ဝင်းပေါ ံ တွင် လူ ၅ဝဝဝ ကျော်ခန့် ဆို့ပိတ် ဝင်းတံခါးကိုဘွင့်၍ သူထက်ငါ ဝင်ကြ၍ မိမ္မ ယောံကျား ကြီးငယ်လူ ၁၆ သေသည်။ …”

ဒီဆန်ဝေတာကို အိန္ဒိယပို့ခံရတဲ့ သီပေါဘုရင်ဟောင်းက ဝေတာဆိုပြီး ကောလာဟလတွေ ထွက်ခဲ့တယ်လို့လည်း အဲဒီအချိန်က ဗြိတိသျှတပ်တွေအတွက် ဘုန်းတော်ကြီး ကိုးလ်ဘတ်က မှတ်တမ်းတင်ခဲ့ပါတယ်။နောက်ပိုင်းမှာ လူတွေကို အကူအညီအစား ကယ်ဆယ်ရေးလက်မှတ် ထုတ်ပေးတဲ့စနစ်ပြောင်းလဲကျင့်သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနှစ် ၁၂၄၈၊ ဝါခေါင်လဆုတ် (၂) ရက်က တာကျိုးတာဟာ တန်ဆောင်မုန်း လပြည့်ကျော်မှ ရေပြန်ကျ သွားတယ်လို့လည်း စံကင်းဆရာတော်က မှတ်သားခဲ့ပါတယ်။

၁၈၈၆ ရေကြီးချိန်က မွေးခဲ့တဲ့ ကလေးတွေကို ရေမိ၊ ရေကြီး၊ ရေကျ စတဲ့နာမည်တွေ မှည့်ခေါ်တတ်တယ်လို့ သိရပါတယ်။

တာရိုးသစ်နဲ့ အခွန်ကောက်ကျိုးသွားတဲ့တာရိုးကို ပြန်ပြင်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှအာဏာပိုင်တွေကြား အပြင်းအထန် သဘောကွဲခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ငွေနှစ်သိန်းခွဲ အကုန်ခံပြီး ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဘုရင်ဆောက်ခဲ့တဲ့ မူလမြေတာရိုးကြီး အပြင် ကျွဲစွန်းကနေ ညောင်ကွဲအထိ တာရိုးသစ် ထပ်ဖို့ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နောက်အစဉ်အလာအားဖြင့် ဘုရင့်မြို့တော်မှာ နေတဲ့ မင်းမှုထမ်းနဲ့ အသည်တွေဟာ အခွန်အတုပ်ကင်းလွတ်ခွင့်ရခဲ့ပေမဲ့ ဒီတာရိုးစရိတ်ကို ကျခံသင့်တယ်ဆိုပြီးဗြိတိသျှ အစိုးရက မန္တလေးကလူတွေကို အခွန်ကောက်တာတွေ စတင်ခဲ့ပါတယ်။
ဒီအခွန်ထဲက တစ်နှစ် နှစ်သောင်းစီနဲ့ ရေကာတာပြင်စရိတ်ကို (၁၅) နှစ် အတိုးမဲ့ ဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပါတော်မူပြီးစက ရေဘေးမျိုး ထပ်မဖြစ်တော့ပေမယ့် မန္တလေးမှာ ရေဘေးစိုးရိမ်မှုတွေက ကျန်နေခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်က အောက်တိုဘာလတစ်ညမှာတာကျိုးပြီ တာကျိုးပြီဆိုပြီး လူတွေအော်လို့ အနောက်ပိုင်း ရပ်ကွက်တွေမှာ ပြေးကြ လွှားကြတာတွေ ဖြစ်ခဲ့တယ် လို့လည်း စံကင်းဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အနှစ် ၁၅ဝ ပြည့်ခါနီးချိန်မှာတော့ ကျွဲစွန်းကနေ မရမ်းခြံ၊ ပိုက်ကျုံး၊ ဂေါဝိန်၊ စိန်ပန်းထိ ဖောက်လုပ်ခဲ့တဲ့ ဘုရင့်တာရိုးကြီးဟာ အမရပူရဘက်က ကမ်းနားလမ်း ဖောက်ထားတဲ့ နေရာတွေနဲ့ ဆက်သွားပြီး တာရိုးသစ်တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

တကယ်က မန္တလေးမြေမြို့ရိုးကြီးကို မြို့တည်ကတည်းက ဆောက်လုပ်ခဲ့ပြီး သုံးကြိမ် ချဲ့ထွင်ခဲ့တယ် လို့လည်း ယင်းခဲမောင်မောင် စာတမ်းအလိုအရ သိရပါတယ်။

တခြားသုံးမျက်နှာမှာ မြို့ရိုး ထင်ထင်ရှားရှားမရှိတော့ပေမယ့် အနောက်ဘက် မှာတော့ တာရိုးကြီးအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပန်းဆက်၊ တာရိန်၊ ဂေါဝိန်၊ ပိုက်ကျုံး၊ ရေကြည်၊ ရဲတပ် စတဲ့ မြို့တံခါးနာမည်တွေလည်း ရပ်ကွက်နဲ့ ဆိပ်ကမ်းနာမည်တွေ အဖြစ် ခုထိ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။ဘုရင်ခေတ် လက်ကျန် ရတနာပုံ သင်္ဘောကျင်းလည်း မန္တလေးမြစ်ဆိပ်မှာ ရှိဆဲ ဖြစ်ပါတယ်။ ။

 

Credit

 

Zawgyi

 

တေခတ္တခါကအေရးပါခဲ့တဲ့ မႏၲေလး ေ႐ႊတေခ်ာင္းေျမာင္းႀကီးအေၾကာင္း

၁၈၅၉ မွာ မႏၲေလးၿမိဳ႕ကို မင္းတုန္းမင္းတည္ေထာင္ခ်ိန္က အေနာက္ျပင္လို႔ေခၚတဲ့ ရပ္ကြက္ အမ်ားအျပားဟာ ႐ႊံ႕ၫြန္ေပါတဲ့ အင္းအိုင္ေခ်ာင္းေျမာင္းေတြနဲ႕ ဖုံးလႊမ္းေနတဲ့ ေနရာေတြ ျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ ေ႐ႊတေခ်ာင္းအေနာက္ဘက္ ကေန ဧရာဝတီ ျမစ္ဆိပ္ထိ ၾကားက ေနရာေတြ ဖြံ႕ၿဖိဳးေအာင္ မင္းတုန္းမင္းက ျပင္ၿမိဳ႕ရိုးႀကီးလို႔ ေခၚတဲ့ ေရကာတာႀကီးကို ၁၈၇၆ မွာ တည္ေဆာက္ခဲ့ပါတယ္။

တာရိုးေအာက္ေျခမွာ ေပတရာရွိၿပီး ထိပ္ ေပ ေျခာက္ဆယ္နဲ႕ (၁၅) ေပျမင့္ ပါတယ္။ အီတလီအင္ဂ်င္နီယာက ၫႊန္ၾကားၿပီး အလုပ္သမား ေျခာက္ေသာင္းနဲ႕ ရွစ္လေဆာက္ခဲ့ရတာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီတာရိုးဟာ ေရေဘးထက္ ျမစ္ေၾကာင္းက တက္လာနိုင္တဲ့ ၿဗိတိသွ် တပ္ေတြကို ခုခံဖို႔ ျဖစ္တယ္ဆိုၿပီး ေ႐ႊၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးေပစိက ပါေတာ္မူၿပီး ေနာက္ပိုင္းမွာ ၿဗိတိသွ်အရာရွိေတြကို ေျပာဆိုေၾကာင္း သိရပါတယ္။

ေရကာတာမွာ ခံတပ္ေတြလိုပဲ အေျမာက္ေသနတ္ပစ္လို႔ရတဲ့ အေပါက္ေတြ ရွိတဲ့အျပင္ ျမစ္နဲ႕ေဝးတဲ့ ၿမိဳ႕ရဲ႕တျခား သုံးမ်က္ႏွာကိုပါ ေျမၿမိဳ႕ရိုးႀကီး ျပဳလုပ္ ကာရံခဲ့လို႔ ျဖစ္ပါတယ္။

ဒီေရကာတာႀကီးဟာ တည္ေဆာက္ၿပီး ေနာက္တႏွစ္မွာပဲ ေျမသားမေသလို႔ ေအလမ္းနဲ႕ ဘီလမ္းလို႔ ေခၚတဲ့ (၃၅) လမ္းနဲ႕ (၂၆) လမ္းၾကား သဂၤဇာေခ်ာင္းစပ္မွာ က်ိဳးေပါက္ ခဲ့ဖူးေၾကာင္းသမိုင္းပညာရွင္ ေဒၚၾကန္က ျမန္မာနိုင္ငံ အေျခအေန (၁၈၈၅-၁၈၈၆)စာအုပ္မွာ ေရးသားခဲ့ပါတယ္။

တကယ္အႀကီးအက်ယ္ ေရႀကီးတာကေတာ့ ၁၈၈၆ ပါေတာ္မူၿပီးေနာက္တႏွစ္မွာ ျဖစ္ပါတယ္။ဧရာဝတီျမစ္မွာ အႀကီးဆုံးေရႀကီးမႈကို ပထမ အဂၤလိပ္ျမန္မာစစ္ ျဖစ္တဲ့ ၁၈၂၄ က ႀကဳံခဲ့ရၿပီး ကုလားေရႀကီးလို႔ အမွတ္အသားျပဳခဲ့ၾကပါတယ္။

ခု ၁၈၈၆ ေရႀကီးမႈဟာ အဲဒီ ကုလားေရႀကီးစံခ်ိန္ကို မီဖို႔ တစ္ေပခြဲပဲ လိုခဲ့ပါတယ္။ ေရကာတာက်ိဳးခ်ိန္မွာ ျမစ္ေရဟာ (၁၅) ေပ ျမင့္တဲ့ တာရိုးကို ေက်ာ္သြားၿပီး ဧရာဝတီျမစ္ဟာလည္း ငါးမိုင္ေလာက္ က်ယ္သြားခဲ့ပါတယ္။

ဒီေရႀကီးမႈ ျဖစ္ရျခင္းနဲ႕ ပတ္သက္ၿပီး ေျပာဆိုၾကတဲ့ အေၾကာင္းေတြ ရွိပါတယ္။ ပါေတာ္မူၿပီးစက ၿဗိတိသွ်ကို ေတာ္လွန္ေနတဲ့ မ်ိဳးခ်စ္အင္အားစုေတြကတာရိုးကို တမင္ခ်ိဳးပစ္တာလို႔ ေျပာၾကသလို တာရိုးဟာ ျမစ္နဲ႕ အလ်ားလိုက္ ရွိရမယ့္ အစား က်ိဳးတဲ့ေနရာမွာဆည္ေပါင္ကန႔္လန႔္ခံသလို ျဖစ္ေနလို႔ က်ိဳးတာလို႔လည္း ေ႐ႊဉာဏ္ေဇာ္ရဲ႕ ေရကာတာရိုးက်ိဳးေပါက္ျခင္း စာတမ္းမွာ ပါရွိပါတယ္။

ဒီတာရိုးခိုင္မာေရးအတြက္ ၿဗိတိသွ်အစိုးရက ၁၈၈၆ ဇြန္၊ဇူလိုင္လေတြကတည္းက အင္ဂ်င္နီယာေတြ ခ်ၿပီး ျပဳျပင္ေစခဲ့သလို အင္ဂ်င္နီယာခ်ဳပ္ကိုယ္တိုင္ ဦးေပစိနဲ႕ တာရိုး တစ္ခုလုံးကို လိုက္ၾကည့္ခဲ့ပါတယ္။

လက္ေထာက္အင္ဂ်င္နီယာ ေတြကို တာရိုးတစ္ေလွ်ာက္ တာဝန္ေတြ ခြဲခ်ထားသလို တစ္မိုင္ကို အေစာင့္ႏွစ္ေယာက္စီထားၿပီး
တာရိုးေပၚ တဲထိုးၿပီး ေန႕ညေစာင့္ခိုင္းပါတယ္။ ေငြသုံးေထာင္ေလာက္ အကုန္ခံ ျပဳျပင္ထားတဲ့ၾကားက တာရိုးက်ိဳးခဲ့တာ ျဖစ္ပါတယ္။

လွည္းေတြနဲ႕ေျပး

ၾသဂုတ္လမွာ ျမစ္ေရတက္လာၿပီး အရင္ေပါက္ခဲ့ဖူးတဲ့ ေအလမ္းနဲ႕ ဘီလမ္းၾကားအျပင္ အမရပူရ ေရလႊဲေပါက္နားမွာ စိုးရိမ္စရာ ျဖစ္လာလို႔ ျပင္ၾကရျပန္ပါတယ္။

ဒီလိုေနရင္း ၁၈၈၆ ခုႏွစ္ ၾသဂုတ္လ (၁၆) ရက္ ညေန (၇) နာရီမွာေတာ့ တာရိုးက်ိဳးၿပီး မႏၲေလး အေနာက္ေျမာက္စြန္း ေညာင္ကြဲရပ္ကေန ၿမိဳ႕ထဲထိ အေနာက္ျပင္တဝွမ္း ေရေဘး သင့္ပါတယ္။

ေရသံၾကားတာနဲ႕ လူေတြ လွည္းေတြေပၚ ကေလးနဲ႕ ပစၥည္းတင္ၿပီး အသက္လု ေျပးၾကရေၾကာင္း ဒီျဖစ္ရပ္ကို ကိုယ္ေတြ႕ ႀကဳံခဲ့တဲ့ ေ႐ႊက်င္သာသနာပိုင္ စံကင္းဆရာေတာ္ႀကီးက ၁၉၇ဝ မွာ ျပန္လည္မိန႔္ၾကားပါတယ္။

စာေရးဆရာမႀကီး ဒဂုန္ခင္ခင္ေလးရဲ႕ အဘိုး ဝက္မစြတ္ဝန္ေထာက္ေဟာင္း ဦးလတ္ကလည္း ဒီျဖစ္ရပ္ကို
ည ၄ ခ်က္တီးေက်ာ္ (၇) နာရီအခ်ိန္ ေနာံျပင္ေျမ ၿမိဳ႕ရိုးႀကီးတေလွ်ာံမ်ား အၷက္ သရက္တပင္႐ြာအနီးက ေရေပါ ံသည္ လို႔မွတ္တမ္းျပဳပါတယ္။

တာက်ိဳးတဲ့ေနရာဟာ ေပ (၆ဝ) ေလာက္ က်ိဳးေပါက္သြားတာလို႔ သမိုင္းမွတ္တမ္းေတြက ဆိုသလို ကိုက္သုံးရာေလာက္ ရွည္တယ္လို႔လည္း ၿဗိတိန္ထုတ္ ညေနခင္းေၾကးနန္း သတင္းစာက ေရးပါတယ္။

ေရေဖာက္ထုတ္နိုင္ဖို႔အတြက္ ၿမိဳ႕ေတာင္ဘက္က တာရိုးကို အင္ဂ်င္နီယာေတြ ခ်ိဳးပစ္ခဲ့ေပမဲ့ အေျခအေနက ေကာင္းမလာခဲ့ပါဘူး။ ၿမိဳ႕ေပၚက လူ ငါးေသာင္း အိုးအိမ္မဲ့ၿပီး လူေနအိမ္ေျခနဲ႕ အစားအေသာက္ဂိုေဒါင္ေတြ ပ်က္စီး ဆုံးရႈံးကုန္ပါတယ္။

ေရေဘးသင့္ေသသူအေရအတြက္မွာလည္း အာဏာပိုင္ေတြနဲ႕ သတင္းစာေတြၾကား ကြဲျပားမႈေတြ ရွိပါတယ္။

ၿဗိတိသွ်အစိုးရ၊ ျမန္မာဗုဒၶဘာသာသာသနာပိုင္နဲ႕ ခရစ္ယာန္ သာသနာျပဳေတြအလိုအရ ေသသူက (၁၃) ေယာက္ကေန (၂၅) ေယာက္အတြင္းပဲ ရွိၿပီး ျပည္တြင္းျပည္ပသတင္းစာေတြမွာေတာ့ တစ္ေထာင္ကေန ႏွစ္ေထာင္ထိ ေသတယ္လို႔ ေရးၾကပါတယ္။

ကမ္းေပၚမွာ အေလာင္းေတြ လာတင္တယ္လို႔ ညေနခင္းေၾကးနန္းက ေရးသလို ေဂါဝိန္တံခါးနဲ႕ ရဟိုင္းေဈး တံတားေတြမွာ ဘုန္းႀကီးအေလာင္း၊ကေလးနဲ႕ အမ်ိဳးသမီးအေလာင္းေတြ ရာနဲ႕ခ်ီေရမွာေမ်ာေနၾကတယ္ ဆိုတဲ့သတင္းေတြ ထြက္ခဲ့ ေၾကာင္း ေဒၚၾကန္က ေရးပါတယ္။

တာက်ိဳးတဲ့ညက လူေတြအမ်ားႀကီး တာရိုးေပၚ တက္ေနၾကၿပီး မနက္မိုးလင္းေတာ့ သူတို႔အတြက္ ကယ္ဆယ္ေရးေလွေတြ အစိုးရက လႊတ္ေပးေပမယ့္ ကိုယ့္အစီအစဥ္နဲ႕ ကိုယ္ ေလွငွားၿပီး ေ႐ႊ႕ ၾကတယ္လို႔ ဆိုပါတယ္။

အေနာက္ျပင္ရပ္ကြက္ ေတြထဲက ဆန္စပါး၊ ေျပာင္း၊ပဲ ၊ ေဆးနဲ႕ သစ္ဝါးစတဲ့ ကုန္စည္ေတြ ေမ်ာပါဆုံးရႈံးေပမယ့္ ေစ်းခ်ိဳထဲက ကုန္ေတြကိုေတာ့စစ္တပ္ခ်ၿပီး ေ႐ႊ႕ေပးတဲ့အတြက္ အပ်က္အစီးလြတ္တယ္လို႔လည္း သိရပါတယ္။

မႏၲေလးအေရးပိုင္ ကာတာကိုယ္တိုင္ ညလုံးေပါက္ ေစာင့္ၾကပ္ၿပီး ေ႐ႊ႕တာ ျဖစ္ပါတယ္။တစ္ခါ တာရိုးက်ိဳးတဲ့ေနရာဟာ ျမစ္ေရအနက္ဆုံးနဲ႕ တာရိုးအနိမ့္ဆုံးေနရာလို႔လည္း ေ႐ႊဉာဏ္ေဇာ္ က ေရးပါတယ္။

ၿမိဳ႕အေနာက္ေျမာက္ေထာင့္ ရဲထြတ္တံခါးနဲ႕ ေညာင္ကြဲၾကား မွာ ေျမာက္ကေန ေတာင္ကိုစီးတဲ့ ျမစ္တိမ္ေခ်ာင္းရိုးေနရာက တာက်ိဳးတာလို႔လည္း သူက ဆိုပါတယ္။အဲဒီ တာရိုးေပါက္ကို ကူးဖို႔ တံတားထိုးထားတာကို ေတြ႕နိုင္တယ္လို႔လည္း ေရးပါတယ္။

ျမစ္ေရတိုးခ်ိန္မွာ ေျမာက္ကေန ေတာင္ကိုစီးတဲ့ ေရဖိအားကို ေျမာက္ဘက္ ေျမၿမိဳ႕ရိုးက ကန႔္လန႔္ခံသလို ျဖစ္လို႔ က်ိဳးေပါက္တာလို႔လည္း သိရပါတယ္။ ၿဗိတိသွ်အင္ဂ်င္နီယာေတြနဲ႕ ျမန္မာအရာရွိေတြ သတိမမူမိတေနရာကေန က်ိဳးေပါက္တာ လို႔လည္း ၁၈၈၇ ခုႏွစ္ထုတ္ စေကာ့ပထဝီဝင္မဂၢဇင္းက ေရးပါတယ္။

ေဖာင္ေက်ာင္းနဲ႕ ထီးျဖဴ႐ုံ ကယ္ဆယ္ေရး

ေရႀကီးတဲ့ညက သန္းေခါင္ေက်ာ္ခ်ိန္မွာ ေရလွိုင္းပုတ္သံေတြ ၾကားၿပီး ေရေတြ တက္လာေၾကာင္း၊ ေရပန္းတိုက္က ေက်ာင္းေလွကားႀကီးလည္း ျပဳတ္ထြက္ ပါသြားၿပီး ရဟိုင္းသခၤ်ိဳင္းနားထိ ေမ်ာသြားေၾကာင္း ကိုယ္ေတြ႕ႀကဳံခဲ့တဲ့ စံကင္း ဆရာေတာ္ႀကီးက သက္ေတာ္ တစ္ရာအ႐ြယ္မွာ ျပန္လည္မိန႔္ၾကားခဲ့ပါတယ္။

ေက်ာင္းႀကီး အထက္ထပ္ ၾကမ္းျပင္မွာ က်ိန္းစက္ရတဲ့ သံဃာေတြဟာ ေက်ာင္းေပၚမွာ ေနမျဖစ္ေတာ့တဲ့အတြက္ေမ်ာလာတဲ့ တိုင္ေတြကို စုၿပီး ေဖာင္ဖြဲ႕ေနၾကရၿပီး သူတို႔အားလုံး အဲဒီေဖာင္ေက်ာင္းေပၚမွာ ဆယ္ရက္ေက်ာ္ သီတင္းသုံးခဲ့ရပါတယ္။

သီေပါမင္းနဲ႕ စုဘုရားလတ္တို႔ ပါေတာ္မမူမီ ေဆာက္လုပ္လႉဒါန္းသြားတဲ့ ျမေတာင္ေက်ာင္းႀကီးနားမွာ ေရေဘးေျပးလာသူေတြ စု႐ုံးေနၾကပါတယ္။

ကုန္းျမင့္ရာအရပ္မွာ လူေတြ စုေနၾကရတာလို႔ စံကင္းဆရာေတာ္ႀကီးရဲ႕ မိန႔္ၾကားခ်က္ကို လူထုဦးလွက ဟံသာဝတီသတင္းစာမွာ ျပန္လည္ေရးသားခဲ့ပါတယ္။

အနိမ့္ပိုင္းက်တဲ့ ဘုန္းႀကီးေက်ာင္းေတြ အကုန္ေရျမဳပ္ၿပီး တခ်ိဳ႕ေက်ာင္းေတြ မွာေတာ့ အထက္ထပ္ေတြမွာ သံဃာေတြ စု႐ုံးေနၾကရတာ ျဖစ္ပါတယ္။

ေရႀကီးခ်ိန္က ေဈးခ်ိဳကို ေလွနဲ႕သြားရၿပီး ေဈးထဲမွာ ေရက ႏွစ္ေတာင္သုံးေတာင္ နက္ပါတယ္။ မိုးေကာင္းနဲ႕ ခင္မကန္တိုက္ေတြမွာေတာ့ ေရေလးေတာင္ေလာက္ရွိတာပါ။

တာက်ိဳးလို႔ အိမ္ေျခရွစ္ေထာင္ေလာက္ ေရနစ္ၿပီး က်ပ္ေလးသိန္းဖိုး ေလာက္ ဆုံးရႈံးတယ္လို႔လည္း ေဒၚအုန္းၾကည္ရဲ႕ ၿဗိတိသွ်ေခတ္ဦး မႏၲေလးလူမႈေရး စာတမ္းမွာ ပါရွိပါတယ္။

သီရိေဟမာ၊ သီရိမာလာနဲ႕ ျပည္ႀကီးေပ်ာ္ဘြယ္စတဲ့ မႏၲေလးေဈးခ်ိဳနားက ရပ္ကြက္ေတြမွာ အိမ္ေျခ တစ္ေထာင္ ဝန္းက်င္စီေလာက္ ေရေဘးသင့္ခဲ့တာပါ။

ကယ္ဆယ္ေရးနဲ႕ လူပိလို႔ေသေရေဘးသင့္သူေတြကို ကယ္ဆယ္ေရးအတြက္ ၿဗိတိသွ်အာဏာပိုင္ေတြက ႀကိဳးစားပါတယ္။ လူ တစ္ေယာက္ တစ္ရက္ကို ဆန္နို႔ဆီဘူးေလးဘူးနဲ႕ ပိုက္ဆံႏွစ္ျပား (ပဲဝက္) ေဝတာပါ။

လာယူသူက ငါးေထာင္ထိ ရွိလာၿပီးေနာက္ ၾသဂုတ္လ ကုန္ ေရာက္တဲ့ အခါမွာေတာ့ ပိုက္ဆံမေဝဘဲ ဆန္ပဲေပးပါေတာ့တယ္။ဒါေတာင္ မိသားစုထဲမွာ ေျခာက္ပဲက ရွစ္ပဲထိ ဝင္ေငြရွိတဲ့သူရွိလို႔ ဆိုၿပီး ေဝတာ မရသူေတြလည္း ရွိပါတယ္။

စက္တင္ဘာလ (၂၂) ရက္မနက္ ဆန္ေဝဖို႔ အႏၵျိေနာဝင္းမွာ ႐ုံးတံခါးကို ဖြင့္တဲ့အခါ လူငါးေထာင္ေက်ာ္ စုတိုးၾကတဲ့အတြက္ လူနင္းမိၿပီး (၁၆) ေယာက္ေသဆုံးပါတယ္။

အျပင္မွာ လူေတြ စနစ္တက် တန္းစီနိုင္ေအာင္ စီစဥ္မထားတဲ့အျပင္ မိုး႐ြာလို႔ ေခ်ာ္လဲရာကေန လူတက္နင္းမိတာလို႔လည္း ဆိုပါတယ္။ ေသသူေတြအတြက္ တစ္ဦးကို ေငြတရာစီ ေပးပါတယ္။

ဒီေၾကကြဲဖြယ္ျဖစ္ရပ္မွာ ထပ္ေဆာင္းၿပီး စိတ္မေကာင္းစရာကေတာ့ ေသသူ ေယာက္်ား သုံးဦးနဲ႕ မိန္းမ ၁၃ ဦးမွာ ကေလးငယ္ ရွစ္ေယာက္ ပါတာ ျဖစ္ပါတယ္။

အသက္ (၇) ႏွစ္ကေန (၆ဝ) အထိ ရွိတဲ့ ေသဆုံးသူေတြရဲ႕ အမည္ေတြကေတာ့ မိေအာင္၊ မိေ႐ႊဥ၊ ဦးျပား၊ မိေၾကးမုံ၊ ငဘိုးခင္ ၊ မိေ႐ႊခ်ိတ္ စတဲ့သူေတြ ျဖစ္ၾကပါတယ္။ဒီျဖစ္ရပ္ကို သိမီခဲ့တဲ့ ဝက္မစြတ္ဝန္ေထာက္ေဟာင္း ဦးလတ္ကလည္း သူ႕ရဲ႕ေန႕စဥ္မွတ္သားခ်က္မွာ ခုလို ေဖာ္ျပခဲ့ ပါတယ္။

“၂၂ စက္တင္ပါ ၁၈၈၆ … ၎ေန႕နံက္ အႏၵျိေႏွာဝင္းတြင္ ေန႕စဥ္ေဝၿမဲဆန္ေဝရာ ဝင္းအတြင္းသို႔ မဝင္မီ ဝင္းေပါ ံ တြင္ လူ ၅ဝဝဝ ေက်ာ္ခန႔္ ဆို႔ပိတ္ ဝင္းတံခါးကိုဘြင့္၍ သူထက္ငါ ဝင္ၾက၍ မိမၼ ေယာံက်ား ႀကီးငယ္လူ ၁၆ ေသသည္။ …”

ဒီဆန္ေဝတာကို အိႏၵိယပို႔ခံရတဲ့ သီေပါဘုရင္ေဟာင္းက ေဝတာဆိုၿပီး ေကာလာဟလေတြ ထြက္ခဲ့တယ္လို႔လည္း အဲဒီအခ်ိန္က ၿဗိတိသွ်တပ္ေတြအတြက္ ဘုန္းေတာ္ႀကီး ကိုးလ္ဘတ္က မွတ္တမ္းတင္ခဲ့ပါတယ္။ေနာက္ပိုင္းမွာ လူေတြကို အကူအညီအစား ကယ္ဆယ္ေရးလက္မွတ္ ထုတ္ေပးတဲ့စနစ္ေျပာင္းလဲက်င့္သုံးခဲ့တယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏွစ္ ၁၂၄၈၊ ဝါေခါင္လဆုတ္ (၂) ရက္က တာက်ိဳးတာဟာ တန္ေဆာင္မုန္း လျပည့္ေက်ာ္မွ ေရျပန္က် သြားတယ္လို႔လည္း စံကင္းဆရာေတာ္က မွတ္သားခဲ့ပါတယ္။

၁၈၈၆ ေရႀကီးခ်ိန္က ေမြးခဲ့တဲ့ ကေလးေတြကို ေရမိ၊ ေရႀကီး၊ ေရက် စတဲ့နာမည္ေတြ မွည့္ေခၚတတ္တယ္လို႔ သိရပါတယ္။

တာရိုးသစ္နဲ႕ အခြန္ေကာက္က်ိဳးသြားတဲ့တာရိုးကို ျပန္ျပင္ေရးနဲ႕ ပတ္သက္ၿပီး ၿဗိတိသွ်အာဏာပိုင္ေတြၾကား အျပင္းအထန္ သေဘာကြဲခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ေငြႏွစ္သိန္းခြဲ အကုန္ခံၿပီး ျပန္ျပင္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ဘုရင္ေဆာက္ခဲ့တဲ့ မူလေျမတာရိုးႀကီး အျပင္ ကြၽဲစြန္းကေန ေညာင္ကြဲအထိ တာရိုးသစ္ ထပ္ဖို႔ဖို႔ ဆုံးျဖတ္ ခဲ့ပါတယ္။

ေနာက္အစဥ္အလာအားျဖင့္ ဘုရင့္ၿမိဳ႕ေတာ္မွာ ေနတဲ့ မင္းမႈထမ္းနဲ႕ အသည္ေတြဟာ အခြန္အတုပ္ကင္းလြတ္ခြင့္ရခဲ့ေပမဲ့ ဒီတာရိုးစရိတ္ကို က်ခံသင့္တယ္ဆိုၿပီးၿဗိတိသွ် အစိုးရက မႏၲေလးကလူေတြကို အခြန္ေကာက္တာေတြ စတင္ခဲ့ပါတယ္။
ဒီအခြန္ထဲက တစ္ႏွစ္ ႏွစ္ေသာင္းစီနဲ႕ ေရကာတာျပင္စရိတ္ကို (၁၅) ႏွစ္ အတိုးမဲ့ ဆပ္ခဲ့ရတာ ျဖစ္ပါတယ္။

ပါေတာ္မူၿပီးစက ေရေဘးမ်ိဳး ထပ္မျဖစ္ေတာ့ေပမယ့္ မႏၲေလးမွာ ေရေဘးစိုးရိမ္မႈေတြက က်န္ေနခဲ့ပါတယ္။ ၁၉၂၇ ခုႏွစ္က ေအာက္တိုဘာလတစ္ညမွာတာက်ိဳးၿပီ တာက်ိဳးၿပီဆိုၿပီး လူေတြေအာ္လို႔ အေနာက္ပိုင္း ရပ္ကြက္ေတြမွာ ေျပးၾက လႊားၾကတာေတြ ျဖစ္ခဲ့တယ္ လို႔လည္း စံကင္းဆရာေတာ္က မိန႔္ၾကားခဲ့ပါတယ္။

အႏွစ္ ၁၅ဝ ျပည့္ခါနီးခ်ိန္မွာေတာ့ ကြၽဲစြန္းကေန မရမ္းၿခံ၊ ပိုက္က်ဳံး၊ ေဂါဝိန္၊ စိန္ပန္းထိ ေဖာက္လုပ္ခဲ့တဲ့ ဘုရင့္တာရိုးႀကီးဟာ အမရပူရဘက္က ကမ္းနားလမ္း ေဖာက္ထားတဲ့ ေနရာေတြနဲ႕ ဆက္သြားၿပီး တာရိုးသစ္ေတြ ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

တကယ္က မႏၲေလးေျမၿမိဳ႕ရိုးႀကီးကို ၿမိဳ႕တည္ကတည္းက ေဆာက္လုပ္ခဲ့ၿပီး သုံးႀကိမ္ ခ်ဲ့ထြင္ခဲ့တယ္ လို႔လည္း ယင္းခဲေမာင္ေမာင္ စာတမ္းအလိုအရ သိရပါတယ္။

တျခားသုံးမ်က္ႏွာမွာ ၿမိဳ႕ရိုး ထင္ထင္ရွားရွားမရွိေတာ့ေပမယ့္ အေနာက္ဘက္ မွာေတာ့ တာရိုးႀကီးအျဖစ္ က်န္ရွိေနဆဲ ျဖစ္ပါတယ္။

ပန္းဆက္၊ တာရိန္၊ ေဂါဝိန္၊ ပိုက္က်ဳံး၊ ေရၾကည္၊ ရဲတပ္ စတဲ့ ၿမိဳ႕တံခါးနာမည္ေတြလည္း ရပ္ကြက္နဲ႕ ဆိပ္ကမ္းနာမည္ေတြ အျဖစ္ ခုထိ အထင္အရွား က်န္ရစ္ခဲ့ပါတယ္။ဘုရင္ေခတ္ လက္က်န္ ရတနာပုံ သေဘၤာက်င္းလည္း မႏၲေလးျမစ္ဆိပ္မွာ ရွိဆဲ ျဖစ္ပါတယ္။ ။

 

Credit

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *